ထိုင်း-မြန်မာနယ်စပ်ဂိတ်တစ်ခုကို ထိုင်းနိုင်ငံဘက်က ပိတ်သိမ်း
News Image

ထိုင်း-မြန်မာနယ်စပ်က နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ဂိတ်အမှတ် (၄၈) ကို ထိုင်းနိုင်ငံဘက်က တရားဝင်ပိတ်လိုက်ကြောင်း သိရပါသည်။ နယ်စပ် မြစ်ဖြစ်သည့် သောင်ရင်းမြစ်ကူးဂိတ် (၅၉) ဂိတ် ရှိသည့်အနက်က မဲဆောက်ခရိုင်၊ မဲကုရပ်ကွက်မှာရှိသည့် ဂိတ်အမှတ် (၄၈) ကို ထိုင်း အာဏာပိုင်တွေက ပိတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါဂိတ်များကနေ ကူးသန်းရောင်းဝယ်မှုပြုလုပ်နေသူများက ပြောပါသည်။
ထိုင်းနိုင်ငံ၊ တာခ်ခရိုင်မြို့တော်ဝန်နှင့် နယ်စပ်ဒေသလုံခြုံရေးအဖွဲ့များက အဆိုပါဂိတ်ကိုပိတ်သိမ်းလိုက်ကြောင်း ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က ကြေညာခဲ့ကြောင်း သိရပါသည်။