Starlink ဝန်ဆောင်မှုများ အိန္ဒိယတွင်စတင်မည်

News Image

Starlink ဝန်ဆောင်မှုများ အိန္ဒိယတွင်စတင်မည်

Elon Musk ၏ Starlink အင်တာနက်ဝန်ဆောင်မှုများကို အိန္ဒိယနိုင်ငံတွင် စတင်မိတ်ဆက်သွားမည်ဖြစ်ပြီး ထိုသို့စတင်ရာတွင် အိန္ဒိယ၏ ဒုတိယ အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် Bharti Airtel နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၁ ရက်နေ့က ကုမ္ပဏီ၏ စတော့အိတ်ချိန်းအချက်အလက်များတွင် ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံတွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကျင့်သုံးပြီးနောက် တရုတ်နှင့် အိန္ဒိယမှ ခရီးသွား သန်းပေါင်းများစွာ ရောက်ရှိ

News Image

မလေးရှားနိုင်ငံတွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကျင့်သုံးပြီးနောက် တရုတ်နှင့် အိန္ဒိယမှ ခရီးသွား သန်းပေါင်းများစွာ ရောက်ရှိ

အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် ရက် ၃၀ ဗီဇာ ကင်းလွတ်ခွင့်မူဝါဒကို ပထမဆုံးအကြိမ်ကျင့်သုံးပြီးနောက် တရုတ်နိုင်ငံမှ ခရီးသွား ၄ သန်းကျော်နှင့် အိန္ဒိယနိုင်ငံမှ ခရီးသွား ၁ သန်းကျော် လာရောက် လည်ပတ်ခဲ့သည်။

The Star သတင်းဌာန၏ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ တရုတ်နိုင်ငံသား ၄.၁ သန်း မလေးရှား နိုင်ငံသို့ဝင်ရောက်ခဲ့သည်။ ထိုကာလအတွင်း အိန္ဒိယနိုင်ငံမှ ခရီးသွား ၁.၄ သန်း ရောက်ရှိခဲ့သည်။

ကမ္ဘာ့လူဦးရေအများစုသည် ညစ်ညမ်းသောလေကို ရှူရှိုက်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြ

News Image

ကမ္ဘာ့လူဦးရေအများစုသည် ညစ်ညမ်းသောလေကို ရှူရှိုက်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြ

အစီရင်ခံစာတစ်ခုအရ ကမ္ဘာ့လူဦးရေအများစုသည် ညစ်ညမ်းသောလေထုကို ရှူရှိုက်နေရပြီး ယင်းသည် ကျန်းမာရေးအတွက် ကြီးမားသော အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိရသည်။ လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝှမ်းရှိ မြို့ပြဒေသများတွင် အထူးသဖြင့် ပြင်းထန်ပြီး လူသားများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် အမှုန်အမွှားများနှင့် အဆိပ်သင့်ဓာတ်ငွေ့များ ပါဝင်နေသည်။

ယူကရိန်းတိုက်ခိုက်မှုကြောင့်ကျေးလက်နေ ပြည်သူလေးဦး သေဆုံး

News Image

ယူကရိန်းတိုက်ခိုက်မှုကြောင့်ကျေးလက်နေ ပြည်သူလေးဦး သေဆုံး

ရုရှားအနောက်ပိုင်း Kursk ဒေသတွင် ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကြောင့် လူပုဂ္ဂိုလ်လေးဦး သေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Aleksandr Khinstein က ပြောကြား ခဲ့သည်။

မတ်လ ၁၂ ရက် နံနက်ပိုင်းက Kozyrevka ကျေးရွာရှိ စက်ရုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Khinstein က Telegram တွင် ရေးသားခဲ့သည်။

ပထမဆုံးသတင်းများအရ စက်ရုံဝန်ထမ်း လေးဦးသေဆုံးခဲ့ပြီး ၎င်းတို့ အထဲတွင် ယောက်ျား သုံးဦးနှင့် မိန်းမတစ်ဦး ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။