USAID ၏ အကြီးတန်းအရာရှိတစ်ဦးက လျှို့ဝှက်စာရွက်စာတမ်းများကို ဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟု သတင်းထွက်

News Image

USAID ၏ အကြီးတန်းအရာရှိတစ်ဦးက လျှို့ဝှက်စာရွက်စာတမ်းများကို ဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟု သတင်းထွက်

Politico သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ (USAID) မှ အကြီးတန်းအရာရှိ တစ်ဦးက ကျန်ရှိနေသော ဝန်ထမ်းများအား အဖွဲ့၏ယခင်ဌာနချုပ်ဟောင်းတွင် သိမ်းဆည်းထားသည့် လျှို့ဝှက်စာရွက်စာတမ်းများကို ဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟုဆိုသည်။ ထိုညွှန်ကြားချက်ကို USAID အတွင်း ပေးပို့ ခဲ့သည့် အီးမေးလ်တစ်စောင်ကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Musk က Tesla ကုမ္ပဏီထုတ်လုပ်မှုကို နှစ်နှစ်အတွင်း နှစ်ဆတိုးမည် ဟုဆို

News Image

Musk က Tesla ကုမ္ပဏီထုတ်လုပ်မှုကို နှစ်နှစ်အတွင်း နှစ်ဆတိုးမည် ဟုဆို

Tesla ကုမ္ပဏီ၏ စီအီးအို Elon Musk က အမေရိကန်ပြည်ထောင်စု၌ လာမည့်နှစ်နှစ်အတွင်း ကားထုတ်လုပ်မှုကို နှစ်ဆတိုးမည်ဟု ပြောကြား လိုက်သည်။

ပါကစ္စတန်တွင် ရထားတစ်စီးပေါ်မှ ခရီးသည် (၄၅၀) ကျော်ကို စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီး

News Image

ပါကစ္စတန်တွင် ရထားတစ်စီးပေါ်မှ ခရီးသည် (၄၅၀) ကျော်ကို စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၌ အကြမ်းဖက်မှုများ မြင့်တက်လာစေမှု၏နောက်ကွယ်တွင် လက်နက်ကိုင်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့သည် မတ်လ ၁၁ ရက်တွင် ရထားတစ်စီးပေါ်၌ လိုက်ပါလာသော ရာနှင့်ချီသော ခရီးသည်များကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရ ပါသည်။

အာဖဂန်နစ္စတန်၊ အီရန်တို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ဘလိုချီစတန် ပြည်နယ်မှ တောင်တန်းဒေသတစ်ခုတွင် စစ်သွေးကြွများသည် ရထားကို သိမ်းပိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်အတွင်း ရထား ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါသည်။

ဂါဇာမှ ပါလက်စတိုင်းသားများကို ရွှေ့ပြောင်းပေးမည့် ဒေါ်နယ်ထရမ့်၏ စီမံချက်ကို ပုံဖော်နေပြီဟု အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ပြောကြား

News Image

ဂါဇာမှ ပါလက်စတိုင်းသားများကို ရွှေ့ပြောင်းပေးမည့် ဒေါ်နယ်ထရမ့်၏ စီမံချက်ကို ပုံဖော်နေပြီဟု အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ပါလက်စတိုင်းသားများကို ဂါဇာကမ်းမြောင်ဒေသမှ ရွှေ့ပြောင်းပေးမည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ စီမံချက်ကို ပုံဖော်နေပြီဟု အစ္စရေး လက်ယာစွန်းဘဏ္ဍာရေးဝန်ကြီး ဘတ်ဇာလယ် စမော့ထရစ်ခ်က မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။

“အဆိုပါစီမံချက်ကို အမေရိကန်အစိုးရနှင့် ပူးပေါင်းပြီးပုံဖော်နေပြီ ဖြစ်ပါကြောင်း၊ ယင်းစီမံချက်က အရှေ့အလယ်ပိုင်းမှာရော၊ အစ္စရေး အတွက်ပါ သမိုင်းဝင်အပြောင်းအလဲတစ်ခု ဖန်တီးပေးနိုင်သည့် အလား အလာရှိပါကြောင်း” ဘဏ္ဍာရေးဝန်ကြီး စမော့ထရစ်ခ်က အစ္စရေး လွှတ်တော်အစည်းအဝေးတွင် ပြောသွားခဲ့သည်။