ဗြိတိန်သည် MI6 အတွင်း ‘ရုရှားသူလျှို’ ရှာဖွေရန် နှစ် ၂၀ အချိန်ကုန်ခဲ့သည်ဟု Guardian က ဖော်ပြ

News Image

ဗြိတိန်သည် MI6 အတွင်း ‘ရုရှားသူလျှို’ ရှာဖွေရန် နှစ် ၂၀ အချိန်ကုန်ခဲ့သည်ဟု Guardian က ဖော်ပြ

ဗြိတိန် ထောက်လှမ်းရေး အဖွဲ့အစည်းများသည် MI6 အတွင်း ရုရှား တန်ပြန်သူလျှိုတစ်ဦးဟု သံသယရှိသူကို ရှာဖွေရန် ဆယ်စုနှစ် နှစ်ခုကြာ အချိန်ကုန်ခဲ့ပြီး အထောက်အထား မတွေ့သဖြင့် အမှုကို ရုပ်သိမ်းခဲ့ကြောင်းThe Guardian သတင်းစာက အမည်မဖော်လိုသော သတင်းရင်းမြစ် များကို ကိုးကား၍ ဖော်ပြခဲ့သည်။ "Operation Wedlock" ဟု အမည် ပေးထားသော စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ခဲ့ပြီး အဖြေမရှိဟု သတ်မှတ်ကာ စုံစမ်းခံရသူကိုလည်း တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းစာက သောကြာနေ့ (ဇွန် ၂၇) တွင် ဖော်ပြခဲ့သည်။

ပါကစ္စတန်၏ အကြမ်းဖက်စွပ်စွဲချက်များကို အိန္ဒိယက ပြတ်ပြတ်သားသား ငြင်းဆို

News Image

ပါကစ္စတန်၏ အကြမ်းဖက်စွပ်စွဲချက်များကို အိန္ဒိယက ပြတ်ပြတ်သားသား ငြင်းဆို

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြောက်ပိုင်း Waziristan ခရိုင်တွင် ဇွန် ၂၉ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် သေနတ်ကိုင်အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုတွင် အိန္ဒိယက ပါဝင် ပတ်သက် နေကြောင်း ပါကစ္စတန်၏စွပ်စွဲချက်ကို “မဟုတ်မမှန်သော လုပ်ကြံ စွပ်စွဲချက်ဖြစ်သည်” ဟု အိန္ဒိယက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။ အဆိုပါဖြစ်စဉ်သည် ကားဗုံးခွဲ တိုက်ခိုက်မှုအပြီး ပါကစ္စတန်မှ အိန္ဒိယ အပေါ် အကြမ်းဖက်မှုအားအားပေးသည်ဟု စွပ်စွဲချက်နှင့် တိုက်ရိုက် ဆက်စပ်နေသည်။

အစ္စရေး-အီရန် ပဋိပက္ခက အခြားအာရပ်နိုင်ငံများ၏ မဟာဗျူဟာများကို ပြောင်းလဲစေခဲ့

အစ္စရေး - အီရန် ပဋိပက္ခနှင့်ဆက်စပ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင်း ပြောင်းလဲလာမှုများကို လိုက်လျောညီထွေဖြစ်စေရန် အာရပ်နိုင်ငံများက ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒချမှတ်မှုများကို ချိန်ညှိ လျက်ရှိသည်။

ရုရှားသည် ယူကရိန်း၏ နယ်မြေစိုးမိုးမှု မဟာဗျူဟာအရ အရေးပါသည့် မြို့တစ်မြို့အနီးတွင် စစ်သည်အင်အား ၁၁၀,၀၀၀ ခန့်ကို စုစည်းထားဟု ကိယက်ဗ်ဆို

News Image

ရုရှားသည် ယူကရိန်း၏ နယ်မြေစိုးမိုးမှု မဟာဗျူဟာအရ အရေးပါသည့် မြို့တစ်မြို့အနီးတွင် စစ်သည်အင်အား ၁၁၀,၀၀၀ ခန့်ကို စုစည်းထားဟု ကိယက်ဗ်ဆို

ယူကရိန်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး Oleksandr Syrskyi က သောကြာနေ့ (ဇွန် ၂၇) တွင် ရုရှားသည် မဟာဗျူဟာအရေးပါသော အရှေ့ပိုင်းမြို့ ဖြစ်သည့် ပိုခရိုဗ်စ်ခ်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း အဖြစ် ယင်းမြို့အနီးတွင် စစ်သည် ၁၁၀,၀၀၀ ခန့်ကို စုစည်းထားကြောင်း ပြောကြားခဲ့သည်။ 

ဆာစ်ကီးက ပိုခရိုဗ်စ်ခ်မြို့အနီးရှိ ဧရိယာသည် အရှေ့ဘက်တစ်လျှောက် မိုင် ၇၄၅ (ကီလိုမီတာ ၁,၂၀၀) ရှည်လျားသော ရှေ့တန်းတစ်လျှောက် အရေးအကြီးဆုံးနေရာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။