သတင်းများ

အမေရိကန်သမ္မတ၏အမိန့်ကြောင့် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့ လုပ်ငန်းများ ရပ်ဆိုင်းရတော့မည်

သမ္မတထရမ့်၏အမိန့်သစ်တစ်ရပ်ကြောင့် အမေရိကန်အခြေစိုက် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့၏လုပ်ငန်းများကို ရပ်ဆိုင်းရဖွယ် ရှိနေပါသည်။ သမ္မတဒေါ်နယ်ထရမ့်သည် သတင်းဌာနများကို စီမံ ကိုင်တွယ်သည့် ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) နှင့် အခြား အစိုးရအေဂျင်စီ ၆ ခု၏ လှုပ်ရှားဆောင်ရွက်မှုများကို အနည်းဆုံး ဖြစ်စေရန်လုပ်ဆောင်ရမည်ဟူသော ညွှန်ကြားချက်ကို လွန်ခဲ့သော ရက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

VOA သတင်းဌာနသည် သတင်းထောက်၊ ထုတ်လုပ်ရေးမှူးနှင့် အထောက်အကူပြုဝန်ထမ်းပေါင်း ၁၃၀၀ နီးပါးအား လစာနှင့် ခွင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတ၏ အဆိုပါညွှန်ကြားချက်ကြောင့် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့ရှိ မြန်မာဘာသာစကား အစီအစဉ်များ အပါအဝင် ဘာသာစကား အမျိုးမျိုးဖြင့်တင်ဆက်နေသည့် သတင်း ထုတ်လွှင့်မှုများအပေါ်တိုက်ရိုက် ထိခိုက်သက်ရောက်လာခြင်းဖြစ်သည်။

VOA သတင်းဌာန ညွှန်ကြားရေးမှူးချုပ် မိုက်ခ်အေဘရာမိုဝစ်ဇ်က' “နှစ်ပေါင်း ၈၃ နှစ်အတွင်း အမေရိကန်အသံ ပထမဆုံးအကြိမ် အပိတ်ခံ လိုက်ရပြီ'” ဟု ၎င်း၏ ဆိုရှယ်မီဒီယာအကောင့်တွင် ရေးသားခဲ့ပြီး ခွင့်ပေးခံရသူများထဲတွင် ၎င်းကိုယ်တိုင်လည်း ပါဝင်သည်ဟုပြောသည်။

ထို့အပြင် “အမေရိကန်အစိုးရက RFA နှင့် မိတ်ဖက်သတင်း ဌာနများအတွက် နှစ်စဉ်ပေးအပ်နေသော ထောက်ပံ့ငွေများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်၊ (စနေနေ့) နံနက်ပိုင်းမှစတင်ရပ်ဆိုင်းလိုက်ပြီ” ဟူသည့် အကြောင်းကြားစာရရှိသည့်အကြောင်း လွတ်လပ်သည့်အာရှအသံ (RFA) က သတင်းထုတ်ပြန်ထားသည်။

USAGM အထူးအကြံပေး ကာရီလိတ်ခ်က RFA ဥက္ကဋ္ဌ ထံသို့ ပေးပို့သည့် စာတွင် RFA ကို ရန်ပုံငွေဖြတ်တောက် လိုက်ပြီဖြစ်ကြောင်းနှင့် အသုံးမပြု ရ သေးသည့်ရန်ပုံငွေများကိုလည်း အစိုးရထံ အချိန်မဆိုင်းဘဲ ပြန်လွှဲပေး ရန်လည်းပါဝင်သည်ဟု RFA က သတင်းထုတ်ပြန်ထားသည်။

ထရမ့်၏အမိန့်ကြောင့် သတင်းလုပ်ငန်းများ မည်သည့်အချိန်တွင် မည်ကဲ့သို့ ရပ်ဆိုင်းမည်ဆိုသည်ကို ယခုအချိန်၌ ရှင်းလင်းစွာ မသိရသေးဟုလည်း RFA က ပြောထားပါသည်။

ကိုးကား-NP News

ထရမ့်နှင့် ပူတင် ၏ အရှေ့အလယ်ပိုင်း အပစ်ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုအကြောင်း ရုရှား အစိုးရဘက်က ပြောသမျှ အကျဥ်းချုပ်

ထရမ့် ၏ အကြံပြုချက်ကို ထောက်ခံပြီး ယူကရိန်းနှင့် ရုရှားတို့သည် ရက် ၃၀ ကြာ စွမ်းအင်အခြေခံအဆောက်အဦများကို တိုက်ခိုက်မှုရပ်စဲရန် သဘောတူခဲ့ကြပါသည်။

ပင်လယ်နက်အတွင်း ရေကြောင်းသွားလာရေး လုံခြုံရေးနှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးမှုများ စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မတ်လ ၁၉ ရက်နေ့တွင် ရုရှားနှင့် ယူကရိန်းတို့သည် စစ်သုံ့ပန်း ၁၇၅ ဦး ကို လဲလှယ်မည်ဖြစ်ပြီး ရုရှားမှာ ကုသမှုခံယူနေသည့် အပြင်းအထန် ဒဏ်ရာ ရထားသော ယူကရိန်းတပ်ဖွဲ့ဝင် ၂၃ ဦးကိုလည်း ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယူကရိန်းအနေဖြင့် ရက် ၃၀ အပစ်ရပ်ကာလအတွင်း စစ်သားစုဆောင်းခြင်းနှင့် လက်နက်ပြန်လည် ဖြည့်တင်းခြင်းများ မပြုလုပ်ရန် ရုရှားဘက်က တောင်းဆိုထားပါသည်။

ကိုးကား-ကရင်မလင်

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကြား ဖုန်းဖြင့် စကားပြောဆိုနေပြီဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကြား ဖုန်းဖြင့် စကားပြောဆိုနေပြီဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့သည် ဖုန်းဖြင့် စကားပြောဆိုမှုကို မော်စကိုစံတော်ချိန် ၁၇:၀၀ (ဝါရှင်တန်စံတော် ချိန် ၁၀:၀၀) တွင် စတင်ခဲ့ပြီး ၂ နာရီနှင့် ၂၈ မိနစ် ကြာမြင့်ခဲ့ကြောင်း State Duma မှ သတင်းထုတ်ပြန်ခဲ့ပါသည်။

ကိုးကား- ရိုက်တာ ၊ State Duma

၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့သည် ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံသို့ လာရောက်ခိုလှုံသည့် ၁၁ နှစ်မြောက်နေ့ဖြစ်

၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့သည် ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံသို့ လာရောက်ခိုလှုံသည့် ၁၁ နှစ်မြောက် မွေးနေ့ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားအား စိန့်ပီတာစဘတ်ရှိလူငယ်များက ရုရှားနိုင်ငံတော် အလံနှင့် ခရိုင်းမီးယား ဟူသည့် စာလုံးများ ဖြင့် သရုပ်ဖော်ခဲ့ကြသည်။

ထိုနေ့တွင် သမ္မတ ပူတင်နှင့် ထရမ့် ဖုန်းဆက်စကားပြောရန်လည်း ရှိသေးပြီး ရုရှားဘက်က ယခုကဲ့သို့ နေ့မျိုးကို သေချာရွေးထားသည်ဟု ထင်မြင်ရပါသည်။

ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် လက်ရှိအချိန်အထိ အသိအမှတ် မပြုကြသေးဘဲရှိနေသေးသော်လည်း လက်ရှိ ယူကရိန်း ပဋိပက္ခ ညှိနှိုင်းရေး ပြီးဆုံးပါက (သို့) လက်ရှိ သမ္မတ ထရမ့်ဖြင့် ဖုန်းပြောပြီးချိန် အမေရိကန် က ရုရှားပိုင်နက်အဖြစ် အသိအမှတ် ပြုမည်လားဆိုတာကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။

ကိုးကား-ဒေသတွင်းမီဒီယာ

အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခြင်းသည် တရုတ်၏ အာတိတ် ရည်မှန်းချက်များပေါ်တွင် သက်ရောက်စေနိုင်

အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခြင်းသည် တရုတ်၏ အာတိတ် ရည်မှန်းချက်များပေါ်တွင် သက်ရောက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည် ဟု South China Morning Post က ရေးသားဖော်ပြသည်။ 

ပေကျင်းသည် မြောက်ဝင်ရိုးစွန်းလမ်းကြောင်းသို့ ဝင်ရောက်ရန် မော်စကိုအား မှီခိုအားထားနေရသောကြောင့် ပထဝီဝင်နိုင်ငံရေးအရ ပြန်လည်ချိန်ညှိမှုမှာ အခက်အခဲဖြစ်သွားနိုင်ကြောင်း မြင်တွေ့နေ ရပါသည်။

တရုတ်နိုင်ငံသည် မြောက်ဘက်ဝင်ရိုးစွန်းနိုင်ငံများနှင့် ဒေသတွင်းဖြစ်နိုင်ခြေရှိသော အမေရိကန်-ရုရှား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကြီးမားသော ဝင်ရိုးစွန်းပါဝါ ဖြစ်လာရန် ရည်မှန်းချက်အပါအဝင် ၎င်း၏အာတိတ်မူဝါဒကို ပြန်လည် သတ်မှတ်ရန် မျှော်လင့်ထားကြောင်း ကျွမ်းကျင်သူများနှင့် အတွင်းသိများထံမှ သိရသည်။

ပေကျင်းသည် ၎င်း၏ကြီးမားသော အခြေခံအဆောက်အဦ အစီအစဉ်ဖြစ်သည့် Belt and Road Initiative ကို ဖြည့်စွက်ရန်အတွက် “ဝင်ရိုးစွန်းပိုးလမ်းမ” စီမံကိန်းအစီအစဉ်ကို ၂၀၁၈ ခုနှစ် စက္ကူဖြူ စာတမ်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

၄င်းသည် အာတိတ်စက်ဝိုင်း၏တောင်ဘက် ၁၄၀၀ ကီလိုမီတာ (၈၇၀ မိုင်) အကွာတွင် တည်ရှိပြီး ဒေသတွင်းတွင် တရုတ်ပိုင်နက် နယ်မြေမရှိသော် လည်း၊ “အာတိတ်အနီးနိုင်ငံများ” အစီအစဉ်တွင် တရုတ်၏ ဖော်ပြချက်သည် ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုများ ပြင်းထန်လာသည့်ကြားတွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအား သံသယပွားစေခဲ့သည်။

ဒေသတွင်း ကမ်းရိုးတန်း၏ ထက်ဝက်ကျော်ကို ဖြတ်ကျော်ကာ ယင်းတွင် ၎င်း၏ အချုပ်အခြာအာဏာကို ကာလရှည်ကြာ ဦးစားပေး ထိန်းသိမ်းထားခဲ့သည့် ရုရှား အပါအဝင် အာတိတ်နိုင်ငံများ၏ တုံ့ပြန်မှုကိုလည်း လှုံ့ဆော်ခဲ့သည်ဟု ရေးသားဖော်ပြပါသည်။

ကိုးကား- South China Morning Post

ဗင်နီဇွဲလားနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်ကြားပေးရန် ပြည်ထောင်စု တရားသူကြီးက ထရမ့်အစိုးရအား တောင်းဆို

သမ္မတ၏လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်မှုတစ်ခုဖြစ်သည့် ပြည်နှင်ဒဏ်ပေးခြင်းခံရသော ဗင်နီဇွဲလားနိုင်ငံသားများ၏ လေယာဉ်တင်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များအား မတ်လ ၁၈ ရက် နောက်ဆုံးထား ပြန်ကြားပေးရန် ပြည်ထောင်စုတရားသူကြီးက ထရမ့်အစိုးရအား မတ်လ ၁၇ ရက်နေ့တွင် တောင်းဆိုခဲ့ပါသည်။

အဆိုပါပြည်နှင်ဒဏ်ပေးခံရသည့် ဗင်နီဇွဲလားနိုင်ငံသားများသည် ပြည်ပအကြမ်းဖက်အဖွဲ့အစည်းတစ်ခု အဖြစ် သတ်မှတ်ထားသည့် Tren de Aragua ဂိုဏ်းအဖွဲ့ဝင်များဖြစ်ကြောင်း ထရမ့်က အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပါအဖွဲ့အား အမေရိကန်အပေါ် သာမန်မဟုတ်သည့် စစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အဖြစ် ကြေညာရန်အတွက် ၁၇၉၈ ခုနှစ် နိုင်ငံခြားရန်သူများအက်ဥပဒေကို ကိုးကားထားသည့် အစိုးရအဖွဲ့၏ ကြေညာချက် တစ်ရပ်ကို အိမ်ဖြူတော်က မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း Reuters သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-Reuters

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)

အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားနှင့်အမေရိကန်တို့က မကြာမီ သဘောတူညီချက်ချမှတ်နိုင်မည်ဟု အမေရိကန်အထူးသံတမန်ပြော

ဝါရှင်တန်၊ အပစ်အခတ်ရပ်စဲရေး

ယူကရိန်းနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားနှင့်အမေရိကန်တို့က မကြာမီ သဘောတူညီချက်ချမှတ်နိုင်မည်ဟု အမေရိကန်အထူးသံတမန် စတိဝှစ်တော့က ပြောကြားလိုက်ကြောင်း  သိရသည်။

ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်တို့ကြား တယ်လီဖုန်းမှတစ်ဆင့်   ပြောဆိုဆွေးနွေးမှုများကိုမတ်လ ၁၈ ရက်တွင် လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု သမ္မတဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဝှစ်တော့က အမေရိကန် မီဒီယာတစ်ခုသို့ မတ်လ   ၁၆ ရက်တွင် ပြောကြားခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့်စပ်လျဉ်း၍ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မားကို့ရူဘီယိုတို့၏ ဆော်ဒီအာရေဗျနိုင်ငံအတွင်း ကျင်းပသည့် စေ့စပ်ဆွေးနွေးပွဲများမှလည်း  အပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်လာခဲ့ကြောင်း ၎င်းက  ဆက်လက်ပြောကြားသည်။

ထို့ပြင် စတိဝှစ်တော့၏  ရုရှားနိုင်ငံခရီးစဉ်တွင်လည်း ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံ၍ အမေရိကန်နှင့် ယူကရိန်းအစိုးရတို့က သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေးအဆိုပြုချက် အသေးစိတ်ကို ပူတင်ထံသို့ပေးအပ်ခဲ့သည်။

အဆိုပါခရီးစဉ်တွင် စတိဝှစ်တော့နှင့် သမ္မတပူတင်တို့ကြားဆွေးနွေးမှုသည် ၃ နာရီခွဲ ခန့် ကြာမြင့်ခဲ့ပြီး ၎င်းဆွေးနွေးမှုသည် အပြုသဘောဆောင်သည့် အကျိုးဆက်များကို ထွက်ပေါ်လာစေခဲ့သည်ဟု စတိဝှစ်တော့က ပြောကြားခဲ့ကြောင်း   သိရသည်။                                  

Ref: RT

Source: https://myawady.net.mm/
 
ထိပ်တန်းအဆင့် ဆက်သွယ်မှုများပြုလုပ်ရန် အစီအစဉ်ကို ရုရှားနှင့် မြောက်ကိုရီးယား ဆွေးနွေး

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနှင့်မြောက်ကိုရီးယားတို့အကြား ထိပ်တန်းအဆင့် ဆက်သွယ်မှုဆောင်ရွက်မှုများ လုပ်ဆောင်ရန် အစီအစဉ်နှင့်ပတ်သက်၍ ရုရှားကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ကိုရီးယား ထိပ်တန်းသံတမန်အဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrey Rudenko သည် မတ်လ ၁၅ ရက်နေ့က ပြုံယမ်း၌ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son-hui နှင့် တွေ့ဆုံချိန်တွင် နှစ်နိုင်ငံထိပ်တန်းအဆင့် ဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်ရန်ကိစ္စနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၇ ရက်နေ့က ပြောကြားခဲ့ ပါသည်။

ရုရှားသမ္မတ Vladimir Putin နှင့် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ မကြာမီကာလအတွင်း ပြုလုပ်နိုင်ခြေရှိသည့် ထိပ်သီး ဆွေးနွေးပွဲအတွက် အစီအစဉ်များကို နှစ်ဦးနှစ်ဖက်ဆွေးနွေးခဲ့သည်ဟု ယူဆရသည်။ ခေါင်းဆောင်နှစ်ဦးသည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် Putin ၏ ပြုံယမ်းခရီးစဉ်အတွင်း နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုစဉ်က Putin သည် နောက်တစ်ကြိမ်ထိပ်သီးဆွေးနွေးပွဲကို မော်စကို၌ ကျင်းပနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံစလုံးမှ အကြီးတန်းအရာရှိများသည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ၌ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လာခဲ့ကြသည်။

မြောက်ကိုရီးယားအစိုးရ၏ ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၇ ရက်နေ့တွင် ရုရှားနိုင်ငံသို့ သွားရောက်ရန် ပြုံယမ်းမှထွက်ခွာခဲ့ကြပြီး ယင်း ကိုယ်စားလှယ်အဖွဲ့ကို ပြင်ပစီးပွားရေးဆိုင်ရာ ဆက်ဆံရေးတာဝန်ယူထားသည့် ဝန်ကြီး Yun Jong Ho က ဦးဆောင်သည်ဟု သိရှိရပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးရရှိရန် လွန်စွာနီးစပ်လာဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူဆို

ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ငြိမ်းချမ်းရေး သဘောတူညီချက်သည် "လွန်စွာနီးစပ်လာပြီ" ဟု အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က မတ်လ ၁၇ ရက်နေ့တွင် ပြောကြား ခဲ့သည်။ ၎င်းသည် အမေရိကန်သမ္မတ Donald Trump နှင့် ရုရှားသမ္မတ Vladimir Putin တို့အကြား ဖုန်းဆက်သွယ်မည့် အစီအစဉ်မတိုင်မီ ပြောကြားခြင်းဖြစ်သည်။

သတင်းထောက်များအား ပြောကြားရာတွင် Leavitt က ယူကရိန်း ပဋိပက္ခငြိမ်းချမ်းရေးညှိနှိုင်းမှုများကို အမေရိကန်ဘောလုံးကစားပွဲနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ကာ “ကျွန်မတို့သည် ငြိမ်းချမ်းရေး၏ ၁၀ ကွင်းမြောက်မှာရောက်နေပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယခုလောက်နီးစပ်ဖူးခြင်း မရှိကြောင်း၊ ထို့ကြောင့် သမ္မတကြီးက အဆိုပါကိစ္စကို အောင်မြင်အောင်လုပ်ရန် စိတ်ပိုင်းဖြတ်ထားပါကြောင်း" ၎င်းက ပြောကြားခဲ့သည်။

Trump က လွန်ခဲ့သောရက်ပိုင်းက ရုရှားသမ္မတ Putin နှင့် နယ်မြေထိန်းချုပ်မှုနှင့် အချို့သောနယ်မြေပိုင်ဆိုင်မှုများကိုခွဲဝေခြင်းကိစ္စများကို မတ်လ ၁၈ ရက်(အင်္ဂါ)နေ့တွင် ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ခေါင်းဆောင်နှစ်ဦးသည် အမေရိကန်က အဆိုပြုထားသော ၃၀ ရက်ကြာစစ်ပြေငြိမ်းရေးကိုလည်း ဆွေးနွေးမည်ဟုမျှော်လင့်ရသည်။

သမ္မတ Trump ၏ ကိုယ်စားလှယ် Steve Witkoff သည် လွန်ခဲ့သော သီတင်းပတ်က မော်စကိုတွင် Putin နှင့် တွေ့ဆုံခဲ့ပြီး "ယနေ့အချိန်တွင် နှစ်ဖက်သည် သဘောတူညီချက်ရရန် ပိုမိုနီးစပ်လာပြီ" ဟု CNN ၏ Jake Tapper အား ပြောကြားခဲ့သည်။ ၎င်းက အမေရိကန်သည် မော်စကိုနှင့် ကိယက်ဗ်အကြားကွာဟချက်များကို လျှော့ချနိုင်ခဲ့ပြီဟု ဆိုသည်။

ကိုးကား-RT

ဒူတာတေးကိုဖမ်းဆီးမှု လက်ရှိဖိလစ်ပိုင်အစိုးရပူးပေါင်းပါ၀င်ခဲ့ဟု ICC ဖွင့်ဟမှုအပေါ် ဖိလစ်ပိုင်အစိုးရ ငြင်းဆို

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို နိူင်ငံတကာရာဇဝတ်ခုံရုံး ICC ဖမ်းဆီးမှုတွင် လက်ရှိအစိုးရအနေဖြင့် ကြိုတင်သိရှိထားပြီး ညှိုနှိုင်းဆောင်ရွက်တောင်းဆိုထားမှုများရှိကြောင်း ICCမှ ထုတ်ပြန်သည့် စာရွက် စာတမ်းများတွင်ဖော်ပြထားသည်။

အဆိုပါ စာရွက်စာတမ်းများတွင် ဖိလစ်ပိုင်အာဏာပိုင်များနှင့် နိုင်ငံတကာ အေဂျင်စီများအကြား ကြိုတင်ညှိနှိုင်းမှုများ အသေးစိတ်ဖော်ပြထားပြီး အစိုးရအနေဖြင့် ဖမ်းဆီးရန်တောင်းဆိုမှုကို အကြောင်းကြားရုံသာမက လိုက်နာရန်လည်း သဘောတူထားကြောင်း ဖော်ပြသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးသည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ က ဟောင်ကောင်မှ ရောက်ရှိလာပြီး မကြာမီ နာရီပိုင်းအကြာတွင် The Hague ရှိ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ဌာနချုပ်သို့ လေယာဉ် ဖြင့် ပို့ဆောင်ခဲ့ပြီး ၎င်း၏ သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါး စစ်ပွဲနှင့်ဆက်နွှယ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု များနှင့် ဆက်နွှယ်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည်။

ဖိလစ်ပိုင်လက်ရှိအစိုးရဘက်မှ ဖမ်းဝရမ်းကို ကြိုတင်သိရှိထားခြင်း မရှိကြောင်း တာဝန်ရှိသူများက ငြင်းဆိုထားသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC မှဖမ်းဆီးခဲ့သည့်အတွက် ဖိလစ်ပိုင်နိုင်ငံအနှံ့အပြားတွင် ပြည်သူများမှ လက်ရှိအာဏာပိုင်ဖိလစ်ပိုင် အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်။

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးမှ စာရွက်စာတမ်းများသည် သမ္မတဟောင်း Rodrigo Duterte အဖမ်းခံရတော့မည့်အကြောင်း အစိုးရက ကြိုတင် သိရှိ ထားကြောင်း ဖော်ပြခဲ့ပြီး ဖမ်းဝရမ်းကို ကြိုတင်သိရှိထားခြင်းမရှိဟု အစိုးရတာဝန်ရှိသူများက ငြင်းဆိုထားသည်။

အဆိုပါ စာရွက်စာတမ်းများတွင် ဖိလစ်ပိုင်အာဏာပိုင်များနှင့် နိုင်ငံတကာ အေဂျင်စီများအကြား ကြိုတင်ညှိနှိုင်းမှုများ အသေးစိတ်ဖော်ပြထားပြီး အစိုးရအနေဖြင့် ဖမ်းဆီးရန်တောင်းဆိုမှုကို အကြောင်းကြားရုံသာမက လိုက်နာရန်လည်း သဘောတူထားကြောင်း ဖော်ပြခဲ့သည်။

ကိုးကား-MHT