သတင်းများ

အမေရိကန်သမ္မတ၏အမိန့်ကြောင့် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့ လုပ်ငန်းများ ရပ်ဆိုင်းရတော့မည်

သမ္မတထရမ့်၏အမိန့်သစ်တစ်ရပ်ကြောင့် အမေရိကန်အခြေစိုက် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့၏လုပ်ငန်းများကို ရပ်ဆိုင်းရဖွယ် ရှိနေပါသည်။ သမ္မတဒေါ်နယ်ထရမ့်သည် သတင်းဌာနများကို စီမံ ကိုင်တွယ်သည့် ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) နှင့် အခြား အစိုးရအေဂျင်စီ ၆ ခု၏ လှုပ်ရှားဆောင်ရွက်မှုများကို အနည်းဆုံး ဖြစ်စေရန်လုပ်ဆောင်ရမည်ဟူသော ညွှန်ကြားချက်ကို လွန်ခဲ့သော ရက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

VOA သတင်းဌာနသည် သတင်းထောက်၊ ထုတ်လုပ်ရေးမှူးနှင့် အထောက်အကူပြုဝန်ထမ်းပေါင်း ၁၃၀၀ နီးပါးအား လစာနှင့် ခွင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတ၏ အဆိုပါညွှန်ကြားချက်ကြောင့် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့ရှိ မြန်မာဘာသာစကား အစီအစဉ်များ အပါအဝင် ဘာသာစကား အမျိုးမျိုးဖြင့်တင်ဆက်နေသည့် သတင်း ထုတ်လွှင့်မှုများအပေါ်တိုက်ရိုက် ထိခိုက်သက်ရောက်လာခြင်းဖြစ်သည်။

VOA သတင်းဌာန ညွှန်ကြားရေးမှူးချုပ် မိုက်ခ်အေဘရာမိုဝစ်ဇ်က' “နှစ်ပေါင်း ၈၃ နှစ်အတွင်း အမေရိကန်အသံ ပထမဆုံးအကြိမ် အပိတ်ခံ လိုက်ရပြီ'” ဟု ၎င်း၏ ဆိုရှယ်မီဒီယာအကောင့်တွင် ရေးသားခဲ့ပြီး ခွင့်ပေးခံရသူများထဲတွင် ၎င်းကိုယ်တိုင်လည်း ပါဝင်သည်ဟုပြောသည်။

ထို့အပြင် “အမေရိကန်အစိုးရက RFA နှင့် မိတ်ဖက်သတင်း ဌာနများအတွက် နှစ်စဉ်ပေးအပ်နေသော ထောက်ပံ့ငွေများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်၊ (စနေနေ့) နံနက်ပိုင်းမှစတင်ရပ်ဆိုင်းလိုက်ပြီ” ဟူသည့် အကြောင်းကြားစာရရှိသည့်အကြောင်း လွတ်လပ်သည့်အာရှအသံ (RFA) က သတင်းထုတ်ပြန်ထားသည်။

USAGM အထူးအကြံပေး ကာရီလိတ်ခ်က RFA ဥက္ကဋ္ဌ ထံသို့ ပေးပို့သည့် စာတွင် RFA ကို ရန်ပုံငွေဖြတ်တောက် လိုက်ပြီဖြစ်ကြောင်းနှင့် အသုံးမပြု ရ သေးသည့်ရန်ပုံငွေများကိုလည်း အစိုးရထံ အချိန်မဆိုင်းဘဲ ပြန်လွှဲပေး ရန်လည်းပါဝင်သည်ဟု RFA က သတင်းထုတ်ပြန်ထားသည်။

ထရမ့်၏အမိန့်ကြောင့် သတင်းလုပ်ငန်းများ မည်သည့်အချိန်တွင် မည်ကဲ့သို့ ရပ်ဆိုင်းမည်ဆိုသည်ကို ယခုအချိန်၌ ရှင်းလင်းစွာ မသိရသေးဟုလည်း RFA က ပြောထားပါသည်။

ကိုးကား-NP News

ထရမ့်နှင့် ပူတင် ၏ အရှေ့အလယ်ပိုင်း အပစ်ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုအကြောင်း ရုရှား အစိုးရဘက်က ပြောသမျှ အကျဥ်းချုပ်

ထရမ့် ၏ အကြံပြုချက်ကို ထောက်ခံပြီး ယူကရိန်းနှင့် ရုရှားတို့သည် ရက် ၃၀ ကြာ စွမ်းအင်အခြေခံအဆောက်အဦများကို တိုက်ခိုက်မှုရပ်စဲရန် သဘောတူခဲ့ကြပါသည်။

ပင်လယ်နက်အတွင်း ရေကြောင်းသွားလာရေး လုံခြုံရေးနှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးမှုများ စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မတ်လ ၁၉ ရက်နေ့တွင် ရုရှားနှင့် ယူကရိန်းတို့သည် စစ်သုံ့ပန်း ၁၇၅ ဦး ကို လဲလှယ်မည်ဖြစ်ပြီး ရုရှားမှာ ကုသမှုခံယူနေသည့် အပြင်းအထန် ဒဏ်ရာ ရထားသော ယူကရိန်းတပ်ဖွဲ့ဝင် ၂၃ ဦးကိုလည်း ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယူကရိန်းအနေဖြင့် ရက် ၃၀ အပစ်ရပ်ကာလအတွင်း စစ်သားစုဆောင်းခြင်းနှင့် လက်နက်ပြန်လည် ဖြည့်တင်းခြင်းများ မပြုလုပ်ရန် ရုရှားဘက်က တောင်းဆိုထားပါသည်။

ကိုးကား-ကရင်မလင်

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကြား ဖုန်းဖြင့် စကားပြောဆိုနေပြီဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကြား ဖုန်းဖြင့် စကားပြောဆိုနေပြီဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့သည် ဖုန်းဖြင့် စကားပြောဆိုမှုကို မော်စကိုစံတော်ချိန် ၁၇:၀၀ (ဝါရှင်တန်စံတော် ချိန် ၁၀:၀၀) တွင် စတင်ခဲ့ပြီး ၂ နာရီနှင့် ၂၈ မိနစ် ကြာမြင့်ခဲ့ကြောင်း State Duma မှ သတင်းထုတ်ပြန်ခဲ့ပါသည်။

ကိုးကား- ရိုက်တာ ၊ State Duma

ယူကရိန်းစစ်တပ် အကြီးအကဲရာထူး အပြောင်းအလဲလုပ်

ယူကရိန်းသမ္မတ ဇီလန်စကီးသည် ယူကရိန်းစစ်တပ်ဦးစီးချုပ် (Chief of General Staff) ဖြစ်သူ Anatoly Bargilevich ၏ ရာထူးနေရာတွင် ဒုတိယဦးစီးချုပ် Andrey Gnatov အား မတ်လ ၁၆ ရက်တွင် အစားထိုး ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ပါသည်။

ဦးစီးချုပ်ဟောင်း Bargilevich ကို ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေးအရာရှိချုပ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်ပြီး အဆိုပါ ရာထူးအပြောင်းအလဲအတွက် အကြောင်းအရင်းကို ကြေညာချက်၌ ဖော်ပြ ထားခြင်းမရှိပါ။

ထိုသို့ ယူကရိန်းစစ်တပ် အကြီးအကဲရာထူးအပြောင်းအလဲမှာ ကာ့ဒ်ဒေသ၌ ယူကရိန်းတပ်ဖွဲ့ဝင်များ ပိတ်ဆို့ဝန်းရံထားခံရသည့်အချိန်တွင် လုပ်ဆောင် လိုက်ခြင်းဖြစ်ပါသည်။

“ကာ့ဒ်ဒေသရှိ ပိတ်မိနေသော ယူကရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချလိုက်ပါက လူသားချင်းစာနာထောက်ထားမည်ဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှုနှင့် လုံခြုံမှု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားထားပြီးဖြစ်ပါသည်။ သို့ရာတွင် အဆိုပါတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဘက်နှင့်နိုင်ငံ့ခေါင်းဆောင်များ၏ တရားဝင်အမိန့်မရရှိဘဲ လက်နက်ချပေးရန် အခက်အခဲရှိနိုင်ကြောင်း ပူတင်က ထပ်မံ သတိပေးပြောကြားထားပါသည်။ 

ကိုးကား- TASS

Photo: 24 News HD

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

Trump က Putin နှင့် ဖုန်းဖြင့်ထပ်မံဆွေးနွေးမည့်ရက်အား ကြေညာ

အမေရိကန်သမ္မတ Donald Trump က ရုရှားသမ္မတ Vladimir Putin နှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ယူကရိန်းပဋိပက္ခတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေး အလားအလာများကို မတ်လ ၁၈ ရက်(အင်္ဂါ)နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမည်ဟု ပြောကြားခဲ့ပါသည်။

Reuters သတင်းထောက် Jeff Mason ၏အဆိုအရ Trump က မတ်လ ၁၆ ရက်နေ့က Air Force One ပေါ်၌ သတင်းထောက်များကို ပြောကြားရာတွင် မတ်လ ၁၈ ရက်တွင် Putin နှင့် စကားပြောရန် စီစဉ်ထားပြီး ယူကရိန်းနှင့်ပဋိပက္ခ အဆုံးသတ်နိုင်ရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် ဓာတ်အားပေးစက်ရုံကိစ္စရပ်များအား ဆွေးနွေးကြမည်ဟု ဆိုသည်။

အဆိုပါ သတင်းအပေါ် ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကလည်း အတည်ပြုခဲ့သည်။

အမေရိကန်အထူးကိုယ်စားလှယ် Steve Witkoff က မော်စကို၌ Putin နှင့် တွေ့ဆုံဆွေးနွေးမှုများသည် အပြုသဘောဆောင်ကြောင်း ဖော်ပြခဲ့ပြီး ရုရှားနှင့် ယူကရိန်းနှစ်ဖက်စလုံးအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများတွင် ပိုမိုနီးစပ်လာသည်ဟု ဖော်ပြခဲ့ပါသည်။ မတ်လ ၁၅ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြားသံတမန်လုပ်ငန်းများ ပြန်လည်ထူထောင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးတွင်အခြားအငြင်းပွားဖွယ်ရာကိစ္စရပ်များကိုဖြေရှင်းနိုင်ရေးဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဥရောပသမဂ္ဂကောင်စီက ယူကရိန်းကို ယူရို ၃.၅ ဘီလီယံ ပေးချေရန် အတည်ပြု

မတ်လ ၁၇ ရက်တွင် ဘယ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်၌ ကျင်းပလျက်ရှိသည့် ဥရောပသမဂ္ဂအစည်းအဝေးတွင် ဥရောပသမဂ္ဂကောင်စီသည် (Macro-Financial Assistance- MFA) အစီအစဉ်အရ ယူကရိန်းကို ယူရို ၃.၅ ဘီလီယံ ပေးချေရန် အတည်ပြုလိုက်ပါသည်။

ယခုတတိယအကြိမ်ငွေပေးချေမှုအပါအဝင်   ဥရောပသမဂ္ဂသည် ယူကရိန်းကို Ukraine Facility ခေါင်းစဉ်အောက်မှ ယူရို ၂၀ ဘီလီယံနီးပါး ပေးဆောင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။ 

Ukraine Facility ဆိုသည်မှာ ယူကရိန်းနိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှုရှိစေရန်နှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အထောက်အကူပြုစေရန် ဥရောပသမဂ္ဂ၏ ထောက်ပံ့သည့် အကူအညီအစီအစဉ်တစ်ခု ဖြစ်ပါသည်။ 

ရုရှားနှင့်ငြိမ်းချမ်းရေးရယူနိုင်ရန် ယူကရိန်းအနေဖြင့် ပိုင်နက်နယ်မြေများ ကိုစွန့်လွှတ်နိုင်ရေး ပြင်ဆင်ရမည်ဟု အမေရိကန်အစိုးရပြော

ယူကရိန်းအနေဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေးရယူနိုင်ရေး ဆွေးနွေးရာတွင် ပိုင်နက်နယ်မြေအချို့ကို စွန့်လွှတ်နိုင်ရေး ပြင်ဆင်ထားရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လုံခြုံရေးအကြံပေး မိုက်ဝေါ့က ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

အမေရိကန်အစိုးရသည် လက်ရှိအချိန်တွင် ရုရှားနှင့်ယူကရိန်းနိုင်ငံကြား ရက် ၃ဝ ကြာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ရုရှားကိုဖိအားပေးမှု ဆက်လက် လုပ်ဆောင်ရန် အဆင်သင့်ရှိနေသည်ဟု ၎င်းကပြောသည်။ ယူကရိန်းက ခရိုင်းမီးယားဒေသအပြင် ဒွန်းညက်စ်၊ လူဟန့်၊ ခါဆွန်၊ ဇာပိုရိုဟီ ဒေသ များသည် ၎င်းတို့ပိုင်နက်များဖြစ်ကြောင်း ပြောဆိုထားပြီး လက်ရှိအချိန်တွင် အဆိုပါဒေသများသည် ရုရှားထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည်။ ခရိုင်းမီးယားဒေသသည် ၂၀၁၄ ခုနှစ် စစ်ပွဲဖြစ်လာခဲ့ပြီးနောက် ရုရှား ပိုင်နက်ဖြစ်ခဲ့ကာ ဒွန်းညက်စ်၊ လူဟန့်၊ ခါဆွန်၊ ဇာပိုရိုဟီ ဒေသများသည်လည်း ၂၀၂၂ ခုနှစ် စစ်ပွဲများအတွင်း ရုရှားထိန်းချုပ်မှုအောက် ထပ်မံ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူက “ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးရယူနိုင်မည့် အလားလာများတွင် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ပေးရမည့်အချက်များလည်းပါဝင်မည်ဖြစ်ပြီး ယူကရိန်း အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်ရေးအစီအစဉ်ကို လက်လျှော့ရမည် ဖြစ်ကြောင်း၊ ခရိုင်းမီးယားအပါအဝင် ယူကရိန်းပိုင်နက်များကို ပြန်ပေးရန် ကြိုးပမ်းမှုများသည် လက်တွေ့မဆန်ကြောင်းနှင့် အမေရိကန်အစိုးရသည် ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရန် မြေပြင်အခြေနေမှန်ကို အဓိကထားကာ ကြိုးပမ်းမည်” ဟု ပြောဆိုခဲ့သည်။

ရုရှားနှင့်ပတ်သက်သည့် EU ဦးဆောင်စုံစမ်းစစ်ဆေးမှုအဖွဲ့မှ အမေရိကန် နုတ်ထွက်မည်

အမေရိကန်သမ္မတ Donald Trump ၏ အစိုးရအဖွဲ့သည် ယူကရိန်း ပဋိပက္ခနှင့် ဆက်စပ်နေသော ရုရှားရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် ရည်ရွယ်၍ဖွဲ့စည်းထားခဲ့သော ICPA မှ နုတ်ထွက်ရန် စီစဉ်နေကြောင်း New York Times က မတ်လ ၁၇ ရက်(တနင်္လာ)နေ့တွင်ဖော်ပြခဲ့သည်။

အမေရိကန်တရားမျှတရေးဌာန (DOJ) သည် ရုရှား၊ ဘယ်လာရုစ်၊ မြောက်ကိုရီးယားနှင့် အီရန်တို့ကို စွပ်စွဲထားသော ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသော EU ကြီးမှူးသည့် (ICPA) မှ နုတ်ထွက်မည်ဟု ဆိုသည်။

အမေရိကန်သည် ၂၀၂၃ ခုနှစ်တွင် ICPA ၌ ဥရောပမဟုတ်သော တစ်ခုတည်းသော အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ NYT ၏ သတင်းရင်းမြစ်များအရ ဝါရှင်တန်သည် တရားဝင်ကြေညာချက်မထုတ်ပြန်မီ ဥရောပ မိတ်ဖက်များအား ၎င်း၏နုတ်ထွက်မည့်အစီအစဉ်ကို အသိပေးထားကြောင်း ဆိုသည်။

Trump ၏ အစိုးရအဖွဲ့ဝင်များက အစိုးရအသုံးစရိတ်များ ပိုမို လျှော့ချခြင်း အစီအစဉ်ကို ကိုးကား၍ နုတ်ထွက်ခြင်းကို မှန်ကန်ကြောင်း ပြောကြားခဲ့သည်။ DOJ သည် အမေရိကန်ပါဝင်မှုကို ကနဦးကြေညာစဉ်က ICPA ကို ဒေါ်လာ ၁ သန်း ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။

ထို့အပြင် NYT သတင်းရင်းမြစ်များအရ ဝါရှင်တန်သည် စစ်ရာဇဝတ်မှုများအတွက် ရုရှားကိုတရားစွဲဆိုမှုများနှင့်ပတ်သက်၍ လေ့ကျင့်ပေးရန် ၂၀၂၂ ခုနှစ်တွင်ဖွဲ့စည်းထားသော WarCAT အဖွဲ့၏ လုပ်ငန်းတာဝန်များကို လျှော့ချနေသည်ဟုဆိုသည်။

အမေရိကန်နှင့် ရုရှားတို့ကြား ဆက်ဆံရေးနောက်တစ်ဆင့် ထပ်မံတက်လှမ်းရန် ရူဘီယိုနှင့် လက်ရော့ဆွေးနွေး

ဝါရှင်တန်၊ နိုင်ငံရေး

အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးပြန်လည်တည်ထောင်ရန်အတွက်နောက်တစ်ဆင့်ထပ်မံတက်လှမ်းရေးနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မားကို့ရူဘီယိုက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့နှင့် ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရူဘီယိုသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့နှင့် မတ်လ ၁၅  ရက်တွင် ဖုန်းမှတစ်ဆင့် ဆက်သွယ်၍   နှစ်နိုင်ငံကြားတိုက်ရိုက်ဆက်သွယ်ရေး    ပြန်လည်တည်ဆောက်ရန် ဆွေးနွေးခြင်းဖြစ်ပြီးအဆိုပါဆွေးနွေးမှုအတွင်း နှစ်နိုင်ငံကြားဆက်ဆံရေးပြန်လည်တည်ထောင်ရန်နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြောင်း  ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

နှစ်နိုင်ငံစလုံးမှ   နိုင်ငံခြားရေးဝန်ကြီးများ၏ဆွေးနွေးမှုသည်   အမေရိကန်နှင့် ရုရှားနိုင်ငံတို့က နှစ်နိုင်ငံကြားဆက်ဆံရေးကိုပြန်လည်တည်ထောင်ရေးနှင့် ယူကရိန်းနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရေး ကြိုးပမ်းနေစဉ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ရူဘီယိုနှင့်လက်ရော့တို့ကြား ဆွေးနွေးမှုအတွင်းပြောကြားခဲ့သည့် အခြားအသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

သို့သော် အဆိုပါဆွေးနွေးမှုအတွင်း ယီမင်နိုင်ငံအတွင်းရှိ    ဟူသီသူပုန်များအပေါ် အမေရိကန်က လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများနှင့် အဆိုပါသူပုန်အဖွဲ့အား ပင်လယ်နီအတွင်းအမေရိကန်က ဆက်လက်တိုက်ခိုက်မည့်အစီအစဉ်များကိုလည်း ရူဘီယိုက လက်ရော့အား အကျဉ်းချုပ်ပြောကြားခဲ့ကြောင်းသိရသည်။                                   

Ref:RT

Source: https://myawady.net.mm/

တရုတ်-ဥရောပသမဂ္ဂ သံတမန်ထူထောင်ခြင်း နှစ် ၅၀ ပြည့် အခမ်းအနားတက်ရန် ရှီကျင့်ဖျင် ငြင်းပယ်

ဘရပ်ဆဲလ်တွင် ကျင်းပမည့် တရုတ်-ဥရောပသမဂ္ဂ သံတမန် ထူထောင်ခြင်း နှစ် ၅၀ ပြည့်အခမ်းအနား တက်ရောက်ရန် ဥရောပသမဂ္ဂ၏ ဖိတ်ကြား ချက်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းပယ်လိုက်ပါသည်။

ထိုအခမ်းအနားသို့ ၎င်းအစား တရုတ်ဝန်ကြီးချုပ် Li Qiang တက်ရောက် သွားမည် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ထိုအခမ်းအနားမျိုးကို ဝန်ကြီးချုပ် အဆင့်သာ တက်ရောက်လေ့ရှိသော်လည်း နှစ် ၅၀ (ရွှေရတု) ပြည့် ဖြစ်သည့်အတွက် သမ္မတကိုယ်တိုင် လာရောက်တက်စေလိုသဖြင့် ဥရောပသမဂ္ဂက ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲစတင်ကတည်းက ဥရောပက တရုတ် အပေါ် ရုရှားဘက်ကို ထောက်ခံသည်ဟု စွပ်စွဲလာခဲ့ပြီး တရုတ်ထုတ် လျှပ်စစ်ကားများအတွက် အခွန်များတိုးမြှင့်ခဲ့သော်လည်း ယခုအခါ ဥရောပ က အမေရိကန် အစားထိုးရေး ပြင်ဆင်နေချိန်တွင် တရုတ်- ဥရောပ ဆက်ဆံရေး ရှုပ်ထွေးနေမှုကို ထင်ရှားစွာ ပြသနေပါသည်။

ကိုးကား- Reuters