၂၀၂၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်ကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် လာမည့် မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း BFA အထွေထွေအတွင်းရေးမှူး Zhang Jun က ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ နှစ်ပတ်လည် ကွန်ဖရင့်သို့ တက်ရောက်ရန် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဝန်ကြီးအဆင့် တာဝန်ရှိသူများ၊ Fortune Global 500 စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ နာမည်ကျော် ကျွမ်းကျင်သူများနှင့် ပညာရှင်များတက်ရောက်မည်ဟု အတည်ပြုထားပြီးဖြစ်ကြောင်း Zhang က ဆိုသည်။&nbs

၂၀၂၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်ကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် လာမည့် မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း BFA အထွေထွေအတွင်းရေးမှူး Zhang Jun က ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ နှစ်ပတ်လည် ကွန်ဖရင့်သို့ တက်ရောက်ရန် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဝန်ကြီးအဆင့် တာဝန်ရှိသူများ၊ Fortune Global 500 စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ နာမည်ကျော် ကျွမ်းကျင်သူများနှင့် ပညာရှင်များတက်ရောက်မည်ဟု အတည်ပြုထားပြီးဖြစ်ကြောင်း Zhang က ဆိုသည်။
ကိုးကား - ဆင်ဟွာ
Photo: www.bastillepost.com

လက်ဘနွန်နိုင်ငံ၏ ၁၄ ယောက်မြောက် သမ္မတအဖြစ် စစ်တပ်ကာကွယ်ရေးဦးစီးချုပ် Joseph Aoun ကို ဇန်နဝါရီလ ၉ ရက်နေ့က ရွေးချယ်ခန့်အပ်လိုက်ပြီ ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက သမ္မတ ဟောင်း Michel Aoun ၏ သမ္မတသက်တမ်းကုန်ဆုံးပြီး လစ်လပ်လျက်ရှိသည့် သမ္မတရာထူးနေရာတွင် ၂ နှစ် အကြာတွင်မှ Joseph Aoun ကို သမ္မတရာထူးကို ခန့်အပ်လိုက်ခြင်း ဖြစ်ပါသည်။

Joseph Aoun သည် လက်ဘနွန်ပါလီမန်က သမ္မတ ရွေးချယ်မှုအတွက် ပထမအကျော့ မဲခွဲဆုံးဖြတ်မှုတွင် ၁၂၈ မဲအနက် ၈၆ မဲရရှိပြီး ဒုတိယအကျော့တွင် ၁၂၈ မဲအနက် ၉၉ မဲရရှိပြီး ရွေးကောက်တင်မြောက်ခံရခြင်း ဖြစ်ပါသည်။
Joseph Aoun က လက်ဘနွန်နိုင်ငံ၏ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးယိုယွင်းပျက်စီးနေမှုများအား ပြန်လည်ကုစားရေးအတွက် ဦးဆောင်တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါသည်။
ကိုးကား-ဆင်ဟွာ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်မည့် အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်နိုင်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ်၏ အကြီးတန်းအရာရှိတစ်ဦး၏ အဆိုကိုကိုးကားပြီး The Times of Israel သတင်းဌာနက ဇန်နဝါရီ ၉ ရက်နေ့ တွင် ဖော်ပြခဲ့ပါသည်။

လာမည့်ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က မြို့တော်ဝါရှင်တန်ဒီစီ၏ လွှတ်တော်အဆောက်အုံတွင် အမေရိကန်နိုင်ငံ၏ ၄၇ ယောက်မြောက်သမ္မတရာထူးအတွက် တရားဝင်ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်သည်။ အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲသို့ အစ္စရေးကဲ့သို့ အမေရိကန်အထောက်အပံ့ခံ နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များ မဖြစ်မနေ တက်ရောက်ကြပါသည်။ သို့သော် နေတန်ယာဟုက အဆိုပါပွဲကို တက်ရောက်နိုင်ခြင်းမရှိကြောင်း ပြောကြားထားပြီး နေတန်ယာဟု၏ အကြီးတန်းလက်ထောက်က ဝန်ကြီးချုပ်၏ ခရီးစဉ်ကို အဘယ်ကြောင့် ဖျက်သိမ်းခဲ့ရသည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း အချို့သော မီဒီယာများက အစ္စရေးဝန်ကြီးချုပ်၏ ဆီးကျိတ် ခွဲစိတ် ကုသမှုခံယူထားရသဖြင့် ကျန်းမာရေးအရ အနားယူရန် အတွက် ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ဖော်ပြကြသည်။
ယခု ဖျက်သိမ်းလိုက်သည့် နေတန်ယာဟု၏ ဝါရှင်တန် ခရီးစဉ်သည် ၎င်းအား နိုင်ငံတကာရာဇဝတ်မှု ရုံး ICC က ဖမ်းဝရမ်းထုတ်ပြီးနောက် ပထမဆုံးပြည်ပ ခရီးစဉ် ဖြစ်ပါသည်။ ၎င်းနှင့်ကာကွယ်ရေးဝန်ကြီးဟောင်း ဂေါ်လန်တို့အား လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာမှုနှင့် တရားစွဲဆိုထားပြီး နိုဝင်ဘာလတွင် ဖမ်းဝရမ်းထုတ်ခံထားရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအပြင် အဖွဲ့ဝင်နိုင်ငံများအချင်းအချင်းတွင်ပင် သဘောထား ကွဲလွဲမှုများဖြစ်နေပါသည်။ ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဟန်ဂေရီက ဖမ်းဝရမ်းကို လိုက်နာဆောင်ရွက်မည် မဟုတ်ကြောင်း ကြေညာခဲ့ပါသည်။
ထရမ့်နှင့် နေတန်ယာဟုအကြား ဆက်ဆံရေးသည် အထူးကောင်းမွန်ကြောင်း သိရှိရပြီး ထရမ့်က အစ္စရေးနှင့်အမေရိကန် ဓားစားခံများကို ဟားမတ်စ် လက်နက်ကိုင်အကြမ်းဖက်သမားများက ပြန်လည်လွှတ်ပေးခြင်းမရှိပါက အရှေ့အလယ်ပိုင်းဒေသအား ငရဲကျသွားစေမည်ဖြစ်ကြောင်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက ကြိမ်းဝါးထားသည်။
ကိုးကား-Myanmar National Post

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နှင့် ၎င်း၏ ကာကွယ်ရေးဝန်ကြီးဟောင်း Yoav Gallant တို့ကို တရားစီရင်ရေးအဖွဲ့၏ ဖမ်းဝရမ်းထုတ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) အား ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

တရားမဝင်တရားရုံး တန်ပြန်ရေးအက်ဥပဒေသည် တရားရုံး၏ စုံစမ်းစစ်ဆေးမှုများ၊ ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးခြင်းများကို ပံ့ပိုးပေးသည့် ICC အရာရှိများနှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ် မည်ဖြစ်သည်။ ဇန်နဝါရီ ၉ ရက်နေ့တွင် ဥပဒေပြဋ္ဌာန်းချက် ၂၄၃ မှ ၁၄၀ ထိ အတည်ပြုခဲ့သည်။
မဲမခွဲမီထုတ်ပြန်ချက်တွင် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီကို ဦးဆောင်သည့် ကိုယ်စားလှယ် Brian Mast က The Hague အခြေစိုက် တရားစီရင်ရေးအား “သားပိုက်ကောင်တရားရုံး” (ရာဇ၀တ်မှု သို့မဟုတ် ရာဇဝတ်မှုတွင် အပြစ်ရှိကြောင်း သက်သေအထောက်အထား ခိုင်လုံမှုမရှိဘဲ လူအုပ်စုတစ်ခုမှ ချုပ်ကိုင်ထားသော တရားမ၀င်တရားရုံး) ဟု ခေါ်တွင်ခဲ့သည်။
ယခုဥပဒေမူကြမ်းသည် ရီပတ်ဘလစ်ကန်အများစုရှိသည့် အထက်လွှတ်တော်သို့ ဆက်လက်တင်သွင်းမည်ဖြစ်သည်။ ၂၀၂၄ ဇွန်လက ဒီမိုကရက်များ အထက်လွှတ်တော်ကို ထိန်းချုပ်ထားချိန်တွင် အလားတူဥပဒေကြမ်းကို ပိတ်ပင်ခဲ့သည်။
၂၀၂၄ နိုဝင်ဘာလတွင် ICC သည် ဂါဇာတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် နေတန်ယာဟုနှင့် ဂါလန်တို့အပြင် ဟားမတ်စ်အဖွဲ့ဝင်သုံးဦးကို ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း အစ္စရေးက အဆိုပါ စွပ်စွဲချက်များကို တရားမျှတမှုမရှိဟု ပယ်ချခဲ့သည်။
ကိုးကား-RT

(အရေးတကြီးကိစ္စရပ်များကို ဖြေရှင်းရာတွင် အရည်အချင်းမပြည့်မီခြင်းကြောင့် ဥရောပသမဂ္ဂအဖွဲ့သည် ခန့်မှန်းထားသည်ထက်စောပြီး ပြိုလဲသွားနိုင်ကြောင်း ရောဘတ်ဖီကိုက အကြံပြုထားပါသည်)
အီးယူအဖွဲ့ခေါင်းဆောင်များအနေဖြင့် အီးယူအား ထိန်းကျောင်းရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို မကြည့်ဘဲ ဆုံးဖြတ်ချက်များ အလွယ်တကူချနေခြင်း ကြောင့်အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကျဆင်းလာပြီး ၎င်းပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိဟု စလိုဗက်ကီးယားနိုင်ငံဝန်ကြီးချုပ် ရောဘတ်ဖီကိုက ပြစ်တင် ရှုတ်ချခဲ့ပါသည်။

ယူကရိန်းနိုင်ငံကိုဖြတ်သန်း၍ ပေးပို့နေသော ရုရှားဓာတ်ငွေ့များကို ယူကရိန်းက စာချုပ်သက်တမ်းပြည့်သွားခြင်းကြောင့် ဖြတ်သန်းခွင့်မပေးတော့ခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇယ်လင်စကီးအား "စလိုဗက်ကီးယားနှင့် EU ၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို ပျက်ပြားစေတယ်" ဟု စွပ်စွဲလိုက်ပါသည်။
ဟန်ဂေရီ၊ သြစတြီးယားနှင့် စလိုဗက်ကီးယားသို့ ရုရှား သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းများမှ ယူကရိန်းကို ဖြတ်ပြီး ပို့နေခြင်းဖြစ်ကာ ယူကရိန်းနှင့် ရုရှား Gazprom အကြား သဘောတူစာချုပ်သည် ၂၀၂၄ ဒီဇင်ဘာတွင် သက်တမ်းပြည့်သွားခြင်းအား စာချုပ်အသစ်ချုပ်ဆိုရန် ယူကရိန်းက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါ ငြင်းဆိုမှုကြောင့် အီးယူအနှံ့ စွမ်းအင်အကျပ်အတည်းကိုဖြစ်စေနိုင်ပြီး ယူရို ၇၀ ဘီလီယံ (ဒေါ်လာ ၇၂ ဘီလီယံ) ဖိုး ပျက်စီးစေသည်ဟုလည်း ဆိုလိုက်ပါသည်။
“လက်ရှိဖြစ်နေတဲ့စစ်ထဲကို စလိုဗက်ကီးယားရော အီးယူနိုင်ငံတွေ ဝင်ပါမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ယူကရိန်းကို ထောက်ပံ့ပေးနေတာကတော့ ဇလန်စကီးရဲ့ လုပ်ရပ်နဲ့ပဲ ဆိုင်တယ်။ အီးယူနိုင်ငံတွေ အကျပ်အတည်းနဲ့ ရင်ဆိုင် ရရင်တော့ ယူကရိန်း အထောက်အပံ့ မရနိုင်တော့ဘူး ဆိုတာ သေချာပါတယ်” ဟု ၎င်းကဆိုပါသည်။
“ကျွန်တော် ဘရပ်ဆဲလ်ကိုသွားပြီး အီးယူစွမ်းအင် ကော်မရှင်နာနဲ့ သွားတွေ့တယ်။ ကျွန်တော်တို့မှာ ပြဿနာကြီးကြီး ရင်ဆိုင်နေရပြီ။ အဲ့ဒါနဲ့ပတ်သက်ပြီး လုပ်နိုင်သလောက်အကုန်လုပ်သင့်ပါပြီလို့ အိပ်မောကျ နေတဲ့ တာဝန်ရှိသူတွေကို သွားနိုးပြီးပြောရတဲ့အထိ ဖြစ်နေ ပါတယ်။ အဲ့လောက်ထိ အီးယူရဲ့ အရေးယူ ဆောင်ရွက်မှု ကင်းတာနဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်ဗျာ” ဟု ဆိုပါ သည်။
ဝန်ကြီးချုပ် ရောဘတ်ဖီကိုက EU ၏ စွမ်းအင် အကြီးအကဲ ဒန်ဂျော်ဂျန်ဆင်နှင့် ဇန်နဝါရီ ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။

ဂါဇာစီးတီး ဇန်နဝါရီ ၉
ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လည်လွှတ်ပေးရေးညှိနှိုင်းမှုများကို ကာတာနိုင်ငံတွင် ဆွေးနွေးချက်ရှိစဉ် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်လျက်ရှိရာ သေဆုံးသည့် ကလေးငယ်အရေအတွက် ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် ပထမခုနစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ကလေး ၇၄ ဦး အနည်းဆုံး သေဆုံးခဲ့ကြောင်း ကုလုသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများပြန်လွှတ်ပေးရေးဆိုင်ရာဆွေးနွေးပွဲများကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် ကာတာနိုင်ငံ၌ ယခုလအစောပိုင်းတွင် ပြန်လည်စတင်ခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်၌ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုချိန်တွင် အဆိုပါ ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး သတင်းကောင်းများ ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်း သံတမန်တစ်ဦးက ပြောကြားသည်။
စေ့စပ်ညှိနှိုင်းသူများသည် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေးအတွက် သဘောတူညီရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ဇန်နဝါရီ ၈ ရက်တွင် ပြင်သစ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ပြောကြားသည်။
ဓားစာခံများ၏ မိသားစုဝင်များသည် ဓားစာခံအားလုံးကို အမြန်ဆုံးလွှတ်ပေးရေးအတွက် အစ္စရေးအစိုးရအား ကြိုးပမ်းလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ

ဒိန်းမတ်ပိုင်နက် ဂရင်းလန်းကို စစ်အင်အားဖြင့် ရယူမည်မဟုတ်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပြီးနောက်တွင် ရုရှားက ဂရင်းလန်းကိစ္စအပေါ် အနီးကပ် စောင့်ကြည့်နေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားလိုက်ပါသည်။
“ကျွန်တော်တို့ ဒီကိစ္စတိုးတက်မှုအခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်၊ ကြေညာချက်ထုတ်ပြန်ဖို့ အဆင့်ပဲ ကျန်နေပါတယ်” လို့ သူက ကြာသပတေးနေ့တွင် မော်စကို၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် အင်္ဂါနေ့တွင်လည်း ဒေါ်နယ်ထရမ့်က ဂရင်းလန်းကို ထိန်းချုပ်လိုကြောင်း ၎င်း၏ဆန္ဒအား ထပ်ခါတလဲလဲ ပြောကြားထားပါသည်။ ဂရင်းလန်းကို ပိုင်ဆိုင်ရန် စီးပွားရေး သို့မဟုတ် စစ်ရေးအင်အား သုံးမည်လားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ၎င်းအနေဖြင့် ဤကိစ္စကို ကတိကဝတ် မပေးနိုင်ကြောင်း ပြန်လည် ဖြေကြားထားပါသည်။ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းဒေသကို လိုအပ်သည်ဟု ထရန့်က နောက်ပိုင်းတွင် ခပ်စိပ်စိပ် ပြောကြားလာပါသည်။
အာတိတ်ဒေသတွင် တည်ရှိပြီး သတ္တုပေါကြွယ်ဝသည့် ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကို လွှမ်းမိုးထိန်းချုပ်နိုင်ရန် မကြာသေးမီနှစ်များအတွင်း ရုရှား၊ တရုတ်နှင့် အမေရိကန်တို့အနေဖြင့် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိနေပါသည်။ အာတိတ်ဒေသက ရုရှားအတွက် မဟာဗျူဟာမြောက် အရေးပါကြောင်း Dmitry Peskov က ထပ်လောင်းပြောကြားထားပါသည်။
ကိုးကား(ALJAZEERA)

တရုတ်နှင့်အမေရိကန်တို့အကြား ပွတ်တိုက်မှုများ လျော့ကျစေရန် ရည်ရွယ်လုပ်ဆောင်သည့်အနေဖြင့် တရုတ်သမ္မတ Xi Jinping သည် Donald Trump ၏ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အဆင့်မြင့် သံတမန်တစ်ဦး စေလွှတ်မည်ဖြစ်ကြောင်း Financial Times သတင်းစာတွင် ဖော်ပြထားပါသည်။
မစ္စတာ Xi အစား ထိပ်တန်းအရာရှိတစ်ဦး တက်ရောက်မည်ဖြစ်ကြောင်း တရုတ်အစိုးရက Trump ၏ အသွင်ကူးပြောင်းရေးဆိုင်ရာအဖွဲ့ကို အကြောင်းကြားခဲ့သည်ဟု ၎င်းသတင်းစာက ဆိုပါသည်။

မစ္စတာ Trump က ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာ ကျိန်ဆိုပွဲတက်ရောက်ရန် တရုတ်သမ္မတကို ဖိတ်ကြားခဲ့ကြောင်းသိရှိရသည်။
မစ္စတာ Xi သည် ဒုတိယသမ္မတ Han Zheng သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို စေလွှတ်နိုင်ကြောင်း Financial Times က ဖော်ပြခဲ့ပါသည်။
မစ္စတာ Trump ၏ အကြံပေးအချို့က မစ္စတာ Cai Qi ကို တက်ရောက်စေလိုသည်ဟု ၎င်းသတင်းစာက ဖော်ပြပါ သည်။ မစ္စတာ Cai သည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်ဖြစ်ပြီး မစ္စတာ Xi ၏ အနီးကပ်ဆုံး လက်ထောက်တစ်ဦးဖြစ်ပါသည်။
အမေရိကန်နှင့်တရုတ်အကြား ကုန်သွယ်ရေးတွင် တင်းမာမှုများ ဆိုးဆိုးရွားရွားမြင့်တက်လာနိုင်ခြေကို ကြုံနေရခြင်းအတွက် တရုတ်အစိုးရအနေဖြင့် ပွတ်တိုက်မှုများကို လျော့ကျစေရန် လွန်စွာလိုလားနေသည်ဟုလည်း ဖော်ပြထားပါသည်။ မစ္စတာ Trump က ၎င်းသမ္မတဖြစ်လာသည်နှင့် တရုတ်သွင်းကုန်များအပေါ် အခွန်တိုးကောက်မည်ဟု အရိပ်အမြွက်ပြောထားပါသည်။
ကိုးကား-NHK World

နယူးဒေလီသည် နိုင်ငံရေးအကျပ်အတည်းများနှင့် ဆန္ဒပြမှုများကြောင့် ယမန်နှစ် ဩဂုတ်လက ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်း India Today ကဖော်ပြခဲ့သည်။
နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ် ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရသည် ဒီဇင်ဘာ ၂၃ ရက်တွင် တရားဝင်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။
ဟာဆီနာသည် နယူးဒေလီရှိ လုံခြုံစိတ်ချရသော နေအိမ်တစ်လုံး၌ နေထိုင်လျက်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

ဟာဆီနာအနေဖြင့် ၂၀၂၄ ခုနှစ် ဆန္ဒပြပွဲများအတွင်း လူပေါင်းရာနှင့်ချီသေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိစေခဲ့သည့် အကြမ်းဖက်မှုနှင့် ပျောက်ဆုံးမှု ဖြစ်စဉ်များတွင် သူမပါဝင်ပတ်သက်သည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဒါကာရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးဌာနက ၂၀၂၄ ခုနှစ် ဆန္ဒပြပွဲများအတွင်း ပျောက်ဆုံးမှုနှင့်သတ်ဖြတ်မှုများတွင် ပါ၀င်ပတ်သက်မှုဖြင့် ဟာဆီနာအပါအဝင် လူပေါင်း ၉၇ ဦး၏ နိုင်ငံကူးလက်မှတ်များကို ရုတ်သိမ်းပြီးနောက် နာရီအနည်းငယ်အကြာတွင် အဆိုပါ နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အစိုးရနှင့် နီးကပ်သောဆက်ဆံရေးရှိခဲ့သည့် ဟာဆီနာကိုဖြုတ်ချပြီးနောက် နယူးဒေလီနှင့်ဒါကာကြား ဆက်ဆံရေးတင်းမာလာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဟိန္ဒူအသိုက်အဝန်းနှင့် အခြားလူနည်းစုများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ အိန္ဒိယက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဒါကာရှိ ကြားဖြတ်အစိုးရသည် ၎င်းတို့အား အကာအကွယ်ပေးရန်တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။
မိုဟာမက်ယူနွတ်က ဒီဇင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ် ပြည်သူများသို့ ပြောကြားခဲ့သည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် ရွေးကောက်ပွဲများကို ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ကျင်းပနိုင်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ထရမ့်၏ Greenland ကျွန်းကိုဝယ်ယူမည်ဟူသော ပြောကြားချက်အပေါ် အမေရိကန်အနေနှင့်ရုရှားအား စစ်ရေးအရ ခြိမ်းခြောက် ရန်အတွက်အသုံးပြုရန်ဖြစ်နိုင်ကြောင်း State Duma Defense Committee ဥက္ကဌ Andrey Kartapolov က ပြောကြားခဲ့သည်။
Greenland သည် အာတိတ်ဒေသ၏ ကျယ်ပြန့်သောဧရိယာကို စိုးမိုးထားပြီး ဥရောပသို့ တိုက်ရိုက်ဝင်ရောက် နိုင်သည့် အခွင့်အလမ်းရှိရာနေရာဖြစ်နေခြင်းကြောင့် ရုရှားနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ငြိမ်းချမ်းရေးနှင့်ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး သမ္မတ ဗလာဒီမာပူတင်၏ အကြီးတန်းလက်ထောက် Nikolay Patrushev က အာတိတ်ဒေသတွင် နေတိုးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်ခြင်းကြောင့် ပဋိပက္ခများ တိုးမြင့်လာနိုင်စေကြောင်းပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သည့် Greenland ကို ဒိန်းမတ်က ၁၉၇၉ ခုနှစ်တွင် အုပ်ချုပ်ခွင့်ရခဲ့ပြီး ၎င်းကျွန်းသည် ရေနံနှင့်ဓာတ်သတ္ထုများကြွယ်ဝရာ နေရာ တစ်ခု ဖြစ်သည်။
ကျွန်းပေါ်တွင်အမေရိကန်စစ်ခြေစိုက်စခန်း Pituffik နှင့် နေတိုး၏ စစ်ဘက်ဆိုင်ရာ အဆောက်အဦများ တည်ရှိနေသည်။