ကာ့ဒ်လူမျိုးလက်နက်ကိုင်အဖွဲ့ လက်နက် မဖျက်သိမ်းပါက လက်နက်နှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံ ရဖွယ်ရှိနေ ဟု တူရကီသမ္မတ သတိပေး

News Image

  • ကာ့ဒ်လူမျိုးလက်နက်ကိုင်အဖွဲ့ လက်နက် မဖျက်သိမ်း ပါက လက်နက်နှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံ ရဖွယ်ရှိနေ ဟု တူရကီသမ္မတ သတိပေး

ကာ့ဒ်လူမျိုး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကာ့ဒ် YPG အဖွဲ့အနေဖြင့် လက်နက်ဖျက်သိမ်းခြင်းမပြုပါက လက်နက်များနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံရမည်ဟု တူရကီသမ္မတ အာဒိုဂမ်က သတိပေးလိုက်ပါသည်။

တူရကီသမ္မတက ခွဲထွက်ရေးလက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် Kurdish YPG အဖွဲ့အနေဖြင့် လက်နက် ဖျက်သိမ်းမည် သို့မဟုတ် လက်နက်များနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံမည်လားဆိုသည်ကို စဉ်းစားရမည် ဖြစ်ကြောင်း၊ တူရကီနှင့်ကာ့ဒ်လူမျိုးများအကြား သွေးထွက်သံယိုမှုများဖြစ်ရန်ဖန်တီးနေသည့် Kurdish YPG အကြမ်းဖက်အဖွဲ့ကို ဖြိုခွင်းသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီအစိုးရက အမေရိကန်အစိုးရသည်လည်း Kurdish YPG အဖွဲ့အား ကူညီထောက်ပံ့ပေးနေခြင်း များကိုရပ်တန့်စေလိုသည်ဟု ထပ်မံတောင်းဆိုခဲ့ပါသည်။ ကာ့ဒ်လူမျိုး Kurdish YPG အဖွဲ့သည် ဆီးရီးယား နိုင်ငံတွင် အမေရိကန်အစိုးရက အဓိကကူညီ ထောက်ပံ့ ပေးနေသည့် (SDF) အမည်ရှိ လက်နက်ကိုင်အဖွဲ့၏ အဓိကမဟာမိတ်အဖွဲ့အစည်းဖြစ်ကြောင်း သိရပါသည်။ Kurdish YPG အဖွဲ့သည် ဆီးရီးယားနယ်စပ်ဒေသတွင် အခြေစိုက်ပြီး ဆီးရီးယားအစိုးရကို လက်နက်ကိုင် ဆန့်ကျင့်တိုက်ခိုက်ခဲ့သကဲ့သို့ တူရကီအစိုးရကိုလည်း တိုက်ခိုက်နေကြောင်း သိရှိရသည်။ ဆီးရီးယားနိုင်ငံ သမ္မတ အာဆတ်စစ်ရှုံးကာ ပြည်ပထွက်ပြေးခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာပင် ဆီးရီးယားနိုင်ငံ အတွင်းရှိ တူရကီအစိုးရက ကူညီထောက်ပံ့ပေးနေသော လက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့ များအကြား ရန်လိုမှုများမြင့်တက်လာနေကြောင်း သိရ သည်။ Kurdish YPG အဖွဲ့သည် တူရကီနိုင်ငံမှ ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ရရန် လက်နက်ကိုင် ဆန့်ကျင်နေသောအဖွဲ့စည်းဖြစ်ကာ တူရကီအစိုးရက အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။

ကိုးကား-NP News