နေတန်ယာဟု၏ဇနီးအား စုံစမ်းစစ်ဆေးရန် အစ္စရေး ထိပ်တန်းအစိုးရရှေ့နေများကအမိန့်ပေးခဲ့
အစ္စရေးအာဏာပိုင်များသည် ခင်ပွန်းဖြစ်သူ ဝန်ကြီးချုပ် Benjamin Netanyahu ၏ အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားခွင်တွင် သက်သေတစ်ဦးကို သြဇာလွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ၎င်း၏ဇနီး Sara Netanyahu အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ရှေ့နေချုပ် Gali Baharav-Miara သည် ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေး Channel 12 မှ ထုတ်လွှင့် ပြသခဲ့သည့် ဖော်ထုတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် စုံစမ်းစစ်ဆေးမှုကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကြေညာ ခဲ့သည်။ သက်သေများအား နှောင့်ယှက်မှုနှင့် တရား မျှတမှုကို အဟန့်အတားဖြစ်စေသည်ဟု သံသယဖြင့် စုံစမ်းစစ်ဆေးမှု တစ်ခုပြုလုပ်သင့်ကြောင်း သူမ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Sara Netanyahu သည် နိုင်ငံရေး အတိုက်အခံများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ စုစည်းရန်နှင့် အဓိက သက်သေတစ်ဦးကို ခြိမ်းခြောက်ရန် လက်ထောက် ဟောင်းတစ်ဦးကို ညွှန်ကြားခဲ့သည်ဟု Channel 12 က Sara ၏ WhatsApp မက်ဆေ့ချ်ကို ပြသခဲ့ကြောင်း AP က ဖော်ပြခဲ့သည်။
ကိုးကား-RT