ပါကစ္စတန်သို့ တရုတ်က ပဉ္စမမြောက် မျိုးဆက်သစ် J-35A အမျိုးအစား တိုက်လေယာဉ်များ ပေးပို့

News Image

  • ပါကစ္စတန်သို့ တရုတ်က ပဉ္စမမြောက် မျိုးဆက်သစ် J-35A အမျိုးအစား တိုက်လေယာဉ်များ ပေးပို့

အိန္ဒိယနှင့်ပါကစ္စတန် နယ်စပ်အငြင်းပွားမှု လက်ရှိဆက်လက် ဖြစ်ပွားနေစဉ်အတွင်း တရုတ်နိုင်ငံက ၎င်းတို့၏ ပဉ္စမမြောက်မျိုးဆက်သစ် J-35A အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်များကို ပါကစ္စတန် နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ ကိုယ်ပျောက်တိုက်လေယာဉ်များကို ပါကစ္စတန်နိုင်ငံသို့ ပေးပို့လိုက်ခြင်းသည် အိန္ဒိယလေတပ်မတော်အတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့ကြောင်း Army Recognition Group. က ဇွန်လ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ပါကစ္စတန်လေတပ်မတော် အနေဖြင့် အဆိုပါကိုယ်ပျောက် တိုက်လေယာဉ်များအား အကန့်အသတ်ဖြင့်သာ လက်ခံရရှိခဲ့သော်လည်း ယင်းနိုင်ငံ၏ လေကြောင်းစစ်ပွဲ ဆင်နွှဲမှုတွင် အိန္ဒိယနိုင်ငံအား သာလွန်သွားဖွယ်ရှိကြောင်း Army Recognition Group. ကဖော်ပြထားသည်။

ပါကစ္စတန်လေတပ်မတော်သည် အဆိုပါ J-35A တိုက်လေယာဉ်များကို အသုံးပြု၍ နက်ရှိုင်းသည့် လေကြောင်း တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်သည့်အပြင် ၎င်းတိုက်လေယာဉ်သည် တရုတ်နိုင်ငံလုပ် နောက်ဆုံး မျိုးဆက်ဖြစ်သည့် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များကိုပါ  ပေါင်းစပ် အသုံးပြုနိုင်သည်။

အိန္ဒိယနိုင်ငံသည် လက်ရှိတွင် အဓိကအားဖြင့် Su-30MKနှင့် MiG-29UPG လေယာဉ်များကိုသာ အသုံးပြုလျက်ရှိပြီး ပါကစ္စတန် လေတပ်မတော်၏ လေကြောင်းစွမ်းရည်ကို အမီလိုက်ရန်အတွက် ပြင်သစ် နိုင်ငံလုပ် အဆင့်မြင့်နည်းပညာသုံး နောက်ဆုံးမျိုးဆက်  Rafale  F3R  ဘက်စုံသုံး တိုက်လေယာဉ် လိုအပ်လျက်ရှိသည်။

MWD Web Portal