ပြည်သူများ၏ လူမှုဖူလုံရေး အသုံးစရိတ်များကို စစ်ရေးအတွက်အသုံးချနေဟု အစိုးရအား ဗြိတိန်ပြည်သူ ထောင်ပေါင်းများစွာက ဆန္ဒပြ
ဗြိတိန်နိုင်ငံရှိ လေဘာအစိုးရသည် ပြည်သူများ၏ လူမှုဖူလုံရေး အသုံးစရိတ်များကို စစ်ရေးအတွက်အသုံးချနေသည်ဟု ယင်းနိုင်ငံပြည်သူ ထောင်ပေါင်းများစွာက လန်ဒန်မြို့လယ်သို့ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဗြိတိန်ပြည်သူများသည် အဆိုပါချီတက် ဆန္ဒပြမှုကို ဇွန်လ ၇ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများတွင် ကုန်သွယ်ရေး သမဂ္ဂအဖွဲ့များ၊ စည်းရုံးလှုံ့ဆော်သူများ၊ နိုင်ငံတစ်ဝန်းမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သည်။
အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်နေစဉ် ကာလအတွင်း လူမှုဖူလုံရေး ဝန်ဆောင်မှုများအတွက် အသုံးစရိတ်ဖြတ်တောက်မှုများအား စွန့်လွှတ်ရန် ဆန္ဒပြသူများက အစိုးရအား တောင်းဆိုခဲ့သည်။
ထို့ပြင် ဆန္ဒပြသူများက ဝန်ကြီးချုပ် ကီယာစတားမား၏ မူဝါဒများကို ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်း၏စစ်လိုလားသည့် ပြောဆိုမှုများနှင့် ခြိမ်းခြောက်မှုဟူသော ပြောဆိုမှုများသည် နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဖူလုံရေး အသုံးစရိတ်လျှော့ချမှုအတွက် အကြောင်းပြချက်များသာဖြစ်ကြောင်း စွပ်စွဲခဲ့ကြောင်း သိရသည်။
MWD Web Portal