လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးသလဲထိုး အများအပြား တင်ပို့ရောင်းချနိုင်

News Image

  • လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးသလဲထိုး အများအပြား တင်ပို့ရောင်းချနိုင်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးသလဲထိုးအများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ    ဒေါ်ဆွေဆွေဦး၏ ပြောဆိုချက်အရ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလတစ်လတာ ကာလအတွင်း ငါးသလဲထိုးပိဿာ  ၆၀၀၀၀ သာ  တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်မှ  ၃၁ ရက်အထိ တစ်လတာကာလအတွင်း  ငါးသလဲထိုးပိဿာ ၇၂၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

"မေလအတွင်း ငါးသလဲထိုးအပါအဝင်  တခြားရေထွက်ကုန်တွေကို ရန်ကုန် ဈေးကွက်ကို   တင်ပို့ရောင်းချခဲ့ပါတယ်။ 

ဒေသထွက်ရေထွက်ကုန်တွေထဲက    ငါးသလဲထိုးကို  လက်ရှိမှာ ရန်ကုန်ဈေးကွက်က  မှာယူနေသလို   နောက်ထပ်လည်း မှာယူဖို့ရှိပါတယ်။   ကုန်ချိန်အများအပြား တင်ပို့ရတော့ ရေလုပ်သားတွေ အပါအဝင်  ကုန်တင်ယာဉ် အငှားလိုက်သူတွေလည်း အဆင်ပြေလာတယ်"ဟု ဒေါ်ဆွေဆွေဦးကပြောသည်။

လပွတ္တာမြို့နယ်မှ  ရန်ကုန်ဈေးကွက်သို့ ငါးသလဲထိုးအပါအဝင် ရေထွက်ကုန်များတင်ပို့အားကောင်းလာသည့်အတွက် ရေလုပ်သားများ၊ ကုန်တင်ကုန်ချ လုပ်သားများနှင့် ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလျက်ရှိကြောင်း သိရသည်။

MWD Web Portal