ကျောက်ဆည်မြို့နယ်၌ အလားအလာကောင်း၊ အထွက်နှုန်းကောင်း ၊ ဈေးကွက်ဝင်စပါးမျိုးသစ် (အောင်နိုင်တိုး) နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

News Image

  • ကျောက်ဆည်မြို့နယ်၌  အလားအလာကောင်း၊ အထွက်နှုန်းကောင်း ၊ ဈေးကွက်ဝင်စပါးမျိုးသစ် (အောင်နိုင်တိုး) နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
  • ကျောက်ဆည်မြို့နယ်၌  အလားအလာကောင်း၊ အထွက်နှုန်းကောင်း ၊ ဈေးကွက်ဝင်စပါးမျိုးသစ် (အောင်နိုင်တိုး) နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကျောက်ဆည်၊ ဇွန်-၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးသုတေသနခြံတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးခဲ့သည့် အလားအလာကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်စပါးမျိုးသစ် (အောင်နိုင်တိုး) နွေစပါးမျိုးသစ်အား ယနေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

စံကွက်ရိတ်သိမ်းပွဲတွင် စိုက်ပျိုးရေးသုတေသနခြံတာဝန်ခံ ဦးတင့်လွင်က အောင်နိုင်တိုးစပါးမျိုးသစ် ရရှိရေး သုတေသနအဆင့်ဆင့် ပြုလုပ်ထားရှိမှုများအကြောင်းနှင့် အရည်အချင်းလက္ခဏာများ၊ စပါးမျိုး ဝယ်ယူနိုင်သည့် နေရာများ၊ သုတေသနခြံ၌ လက်တွေ့စိုက်ပျိုးထားရှိသော စပါးမျိုးများနှင့် စိုက်နည်းစနစ်များ အကြောင်း ရှင်းလင်းပြောကြားခဲ့ရာ စံကွက်ရိတ်သိမ်းပွဲသို့တက်ရောက်လာသည့် တောင်သူများမှ သိရှိလိုသည်များကို ပြန်လည် မေးမြန်းခဲ့ပြီး စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် တစ်ဧကအထွက်နှုန်းမှာ စပါးအစို (၁၆၀) တင်း ထွက်ရှိကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းပွဲသို့ ကျောက်ဆည်ခရိုင်/မြို့နယ်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်း ဦးစီးဌာနမှဝန်ထမ်းများ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ တောင်သူများ တက်ရောက် ခဲ့ပြီး ကျောက်ဆည်ခရိုင်တွင် မနော်သုခ၊ ရွှေမနော်၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ GW-11နှင့်GW-18 စပါးမျိုးများ အဓိကထား စိုက်ပျိုးကြောင်း သိရသည်။

 ပေးပို့သူ- သက်မောင်၊ကျောက်ဆည်