အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတွင် ‘တစ်ဖက်သတ်ဂိမ်း’ ပြီးဆုံးသွားပြီဟု ပူတင်ဆို

News Image

  • အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတွင် ‘တစ်ဖက်သတ်ဂိမ်း’ ပြီးဆုံးသွားပြီဟု ပူတင်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင် က အနောက်နိုင်ငံများနှင့် တစ်ဖက်သတ်ဂိမ်းများ ဆက်လက်ကစားတော့မည် မဟုတ်ကြောင်း မိန့်ကြားခဲ့သည်။ ယခုသီတင်းပတ်အတွင်း မင့်စ်မြို့တွင် ကျင်းပသည့် ယူရေးရှန်း စီးပွားရေး အသိုက်အဝန်း (EAEU) ထိပ်သီးအစည်းအဝေးအပြီး သတင်းထောက် များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

NATO ချဲ့ထွင်ရေးနှင့် ယူကရိန်းပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကတိကဝတ်များကို မလိုက်နာခြင်းဖြင့် အနောက်နိုင်ငံများက ရုရှားကို ထပ်ခါ တလဲလဲ သစ္စာဖောက်ခဲ့ကြောင်း သောကြာနေ့ (ဇွန် ၂၇) က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ဆိုသည်။

NATO သည် ယခုအခါ ၎င်း၏အဖွဲ့ဝင်နိုင်ငံများ၏ GDP ၏ ၅% အထိ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန်နှင့် ဥရောပတွင် စစ်အင်အား တည်ဆောက်ရန် အစီအစဉ်ကို ရုရှား၏ “ရန်လိုမှု” ကို ညွှန်ပြ၍အကြောင်းပြချက်ထုတ်နေကြောင်း ပူတင်က ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါအဖွဲ့၏ အဖွဲ့ဝင်များသည် ထိုကဲ့သို့သော ထုတ်ပြန်ချက်များ ပြုလုပ်သည့်အခါ “အရာအားလုံးကို ပြောင်းပြန်လှန်နေကြသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ရုရှားသည် အထူးစစ်ဆင်ရေးဆီသို့ မည်သည့်အတွက် ရောက်ရှိ လာခဲ့ သည်ကို မည်သူမျှ ပြောဆိုခြင်းမရှိပါ” ဟု သမ္မတက ပြောကြားခဲ့ပြီး ယူကရိန်း ပဋိပက္ခ၏ အရင်းအမြစ်များသည် NATO ချဲ့ထွင်ရေးနှင့် ပတ်သက်၍ မော်စကိုအား “သိသာထင်ရှားစွာ လိမ်လည်ခဲ့သည့်” ဆယ်စုနှစ်များမှ ဖြစ်ရပ်များအထိ ပြန်လည်ရောက်ရှိသွားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပြီး “နောက်ဆက်တွဲ ချဲ့ထွင်မှုလှိုင်းများ တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်” ဟု ၎င်းက ဆိုသည်။

အဆိုပါအဖွဲ့၏ လှုပ်ရှားမှုများသည် ရုရှား၏ လုံခြုံရေးဆိုင်ရာ စိုးရိမ် ပူပန်မှုများကို အစဉ်အမြဲ လျစ်လျူရှုထားခဲ့ပြီး နှုတ်ဆိတ်နေခဲ့ကြသည်ဟု ပူတင်က ဆိုသည်။ “ထိုအချက်သည် စော်ကားသည့် အပြုအမူ ဖြစ်ကြောင်း၊ အနောက်နိုင်ငံများအနေဖြင့် ထိုအချက်ကို အာရုံမစိုက်ချင်ကြပါ” ဟု ၎င်းက ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂