Thai King’s Cup ၂၀၂၅ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများစာရင်း ထုတ်ပြန်
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၈) ကြိမ်မြောက် Thai King’s Cup ၂၀၂၅ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမား (၂၅)ဦး၏ စာရင်းကို ဇူလိုင် (၁၇)ရက်တွင် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ပြိုင်ပွဲကို ဇူလိုင်လ (၂၂)ရက်မှ (၂၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲ၌ လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်း ကစားသမား (၁၂) ဦး၊ အမျိုးသမီး ကစားသမား (၁၃)ဦးကို ရွေးချယ်ထားကြောင်း သိရသည်။
ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အားကစားသမားများအတွက် စုစုပေါင်း ကျပ်(၇,၃၇၃,၀၀၀)တန်ဖိုးရှိ အားကစားဝတ်စုံများကို Glory Sport အားကစားဝတ်စုံ လုပ်ငန်းက Main Sponsor အဖြစ် ပံ့ပိုးကူညီပေးထားကြောင်းလည်း သိရသည်။
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ(၁)ရက်မှ (၄)ရက်အထိ ကျင်းပခဲ့သည့် China – A sean Cup 2025 ပြိုင်ပွဲ၌ ရွှေတံဆိပ်(၂)ခု ကြေးတံဆိပ် (၂) ခုတို့ကို ဆွတ်ခူးပေးထားခဲ့သေးသည်။
Popular Myanmar