GLP-1 အုပ်စုဝင်ဆေး သုံးစွဲသူများ၌ GEAD ရောဂါဖြစ်နိုင်ခြေ မြင့်မားလာနိုင်
အော့တဝါ ဇူလိုင် ၁၇
Ozempic ကဲ့သို့ GLP-1 အုပ်စုဝင်ဆေးများကို သုံးစွဲသူများ၌ အစာပြွန်လမ်းကြောင်း အက်စစ် မြန်ဆန်လာမှုပြဿနာနှင့် ရင်ဆိုင်ရနိုင်ခြေ မြင့်မားနေနိုင်ကြောင်း ဇူလိုင် ၁၆ ရက် သတင်းများအရ သိရသည်။
အထူးသဖြင့် GLP- 1 ဆေးများ သုံးစွဲနေသူများမှာ ပုံစံ-၂ ဆီးချို ရောဂါလူနာများဖြစ်ကြပါက အစာပြွန်လမ်းကြောင်းတစ်လျှောက် အက်စစ်မြန်ဆန်မှုရောဂါ (GERD) ဖြစ်နိုင်ခြေ ပို၍မြင့်မားနေနိုင်ကြောင်း သိရသည်။
ကနေဒါ သုတေသနပညာရှင်များသည် GLP -1ဆေးများသုံးစွဲနေသည့် ပုံစံ-၁ ဆီးချိုလူနာ ၂၄၇၀၀ နှင့် SGLT-1 အုပ်စုဝင်ဆေးများသုံးစွဲနေရသည့် ပုံစံ-၂ ဆီးချိုလူနာ ၈၉၀၀၀ ကျော်တို့ကို နှိုင်းယှဥ် လေ့လာခဲ့ကြသည်။
လေ့လာချက်မှပေါ်ထွက်လာသည့် ရလဒ်များအရ GLP-1 သုံးစွဲသူလူနာများသည် SGLT -1 ဆေးသုံးစွဲသူ လူနာများထက် GERD ရောဂါဖြစ်နိုင်ခြေ ပို၍မြင့် မားနေတတ်ကြောင်း သိရသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက် အရ GLP- 1 ဆေးများသုံးစွဲနေသည့် ပုံစံ-၂ ဆီးချိုလူနာများ၌ GERD ရောဂါပေါ်လာနိုင်ခြေ ပုံမှန်ထက်၂၇ ရာခိုင်နှုန်း ပိုမြင့်မားနေတတ်သည်ကို တွေ့ရကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။
Ref: Russia Today
Trs: KKO
YDNB Newspaper
Photo -MDPI