ဖိလစ်ပိုင်နိုင်ငံ ပါလာဝန်ပြည်နယ်၌ သင်္ဘောပြင်ဆင်ရေးအလုပ်ရုံများ အမေရိကန်ရေတပ်တည်ဆောက်မည်

News Image

  • ဖိလစ်ပိုင်နိုင်ငံ ပါလာဝန်ပြည်နယ်၌ သင်္ဘောပြင်ဆင်ရေးအလုပ်ရုံများ အမေရိကန်ရေတပ်တည်ဆောက်မည်

မနီလာ ဇူလိုင် ၁၇

တောင်တရုတ်ပင်လယ်ဒေသနှင့် မျက်နှာချင်းဆိုင် တည်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံ ပါလာဝန် ပြည်နယ်၌ ဖိလစ်ပိုင်ရေတပ်အတွက် စစ်သင်္ဘောပြင်ဆင် ထိန်းသိမ်းရေး အလုပ်ရုံများကို တည်ဆောက်ရန် အမေရိကန် ရေတပ်က စီစဉ်ထားကြောင်း ယနေ့တွင် ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်ဒေသသည် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့ကြား နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုပြဿနာများဖြစ်ပွား နေသည့် ရေပြင်ဒေသဖြစ်ကြောင်း သိရသည်။

အမေရိကန်ရေတပ်အနေဖြင့် ပါလာဝန်ပြည်နယ် ရှိုင်းစတား ပင်လယ်အော်နှင့် ကွီဇွန်မြို့တို့၌ ဖိလစ်ပိုင်စစ်သင်္ဘောများအတွက် ပြင်ဆင်ရေးအလုပ်ရုံများ တည် ဆောက်ရန် စီစဉ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ဒေသ တစ်ခုလုံး နီးပါးကို ပိုင်ဆိုင်ခွင့်တောင်းဆိုထားပြီး ဖိလစ်ပိုင်နှင့်ဗီယက်နမ် အပါအဝင် အခြားဒေသတွင်းနိုင်ငံ အချို့ကလည်း ယင်းပင်လယ်ဒေသကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်တောင်းဆိုထားကြောင်း သိရသည်။

ပါလာဝန် ပြည်နယ်သည် တောင်တရုတ် ပင်လယ်ဒေသရှိဖိလစ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရသည့် အနောက်ဘက် ဒေသ စစ်ဌာနချုပ်တည်ရှိရာ ပြည်နယ်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် အမေ ရိကန်နိုင်ငံ၏သက်တမ်းအရှည်ဆုံး အာရှမဟာမိတ်နိုင်ငံဖြစ်ကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper