အသက် ၁၆ နှစ်နှင့် ၁၇ နှစ်လူငယ်များကို မဲပေးခွင့်ပြုရန် ဗြိတိန်စီစဉ်

News Image

  • အသက် ၁၆ နှစ်နှင့် ၁၇ နှစ်လူငယ်များကို မဲပေးခွင့်ပြုရန် ဗြိတိန်စီစဉ်

လန်ဒန် ဇူလိုင် ၁၇

အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ်လူငယ်များကို ရွေးကောက်ပွဲများ၌ မဲပေးခွင့်ပြုရန် စီစဉ်ထားကြောင်း ဗြိတိန်အစိုးရက ယနေ့ တွင် သတင်းထုတ်ပြန်ထားသည်။ ဗြိတိန်၏ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲသည့် အနေဖြင့် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် လူငယ်များကို မဲပေးခွင့်ပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဗြိတိန် အစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်ရွေးကောက်ပွဲအားလုံး၌ အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ်လူငယ်များအား မဲပေးခွင့်ပေးမည့်အစီအစဉ်သည် ဗြိတိန် ပါလီမန်၏ အတည်ပြုချက် ရယူရန်လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

ဗြိတိန်၏ရွေးကောက်ပွဲများ၌ ပါဝင်မည့်သူဦးရေမြင့်မားလာရေးအတွက် စည်းမျဉ်းစည်းကမ်း အကန့်အသတ်များကို မိမိတို့ ဖယ်ရှားရလိမ့်မည် ဖြစ်ကြောင်း ဗြိတိန်ဒုတိယဝန်ကြီးချုပ် အင်ဂျလာရေနာက ပြောကြားထားသည်။ ဗြိတိန်၌ ၂၀၂၄ ခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲများတွင် ပါဝင်ဆန္ဒ မဲပေးသူ ရာခိုင်နှုန်းမှာ ၅၉ ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့ရာ ၂၀၀ ၁ခုနှစ် နောက်ပိုင်း အနည်းဆုံးနှုန်းဖြစ်ခဲ့ ရသည်။

မဲပေးခွင့်ရှိသူများ၏ အသက်အရွယ်ကို ၁၆ နှစ်ထိ လျှော့ချပေးမှုကြောင့် ရွေးကောက်ပွဲရလဒ်များကို ထိခိုက်နိုင်မှုမရှိကြောင်း သုတေသန စစ်တမ်းများအရ သိရသည်။

Ref: Xinhua

Trs : KKO

YDNB Newspaper