ဘင်္ဂလားဒေ့ရှ်၌ နိုင်ငံရေးပါတီလူထုအစည်းအဝေးပွဲကျင်းပစဉ် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား

News Image

  • ဘင်္ဂလားဒေ့ရှ်၌ နိုင်ငံရေးပါတီလူထုအစည်းအဝေးပွဲကျင်းပစဉ် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား

ဒါကာ ဇူလိုင် ၁၇

ဘင်္ဂလားဒေ့ရှိနိုင်ငံတောင်ပိုင်း ဂိုပယ်လ်ဂန်မြို့၌ အမျိုးသားနိုင်ငံ သားပါတီအမည်ရှိ လူငယ်များ ဦးဆောင်သော နိုင်ငံရေးပါတီတစ်ခု က လူထုအစည်းအဝေးပွဲ ကျင်းပ နေစဉ် အကြမ်းဖက်တိုက်ခိုက်မှု များဖြစ်ပွားခဲ့ရာ လူပေါင်း လေးဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဇူလိုင် ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အမျိုးသားနိုင်ငံသားပါတီက ငြိမ်းချမ်းစွာပြုလုပ်နေသည့် လူထု  

အစည်းအဝေးပွဲ၌ ပါတီဝင်များ ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းသမား များ တိုက်ခိုက်ခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရ ခေါင်းဆောင် မူဟာမက်ယူနွတ်က လူမှုမီဒီယာ စာမျက်နှာပေါ်၌ ရေးသားထားသည်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ဖြုတ်ချခံခဲ့ရပြီးနောက် ပေါ်ထွက်လာသည့် အမျိုးသား  နိုင်ငံသားပါတီသည် ဇူလိုင် ၁၆ ရက်တွင် ဂိုပယ်လ်ဂန်မြို့ လူထုအစည်းအဝေးပွဲကို ကျင်းပခြင်းဖြစ်သည်။

အမျိုးသားနိုင်ငံသားပါတီ၏ လူထုအစည်းအဝေးပွဲကိုဝန်ကြီးချုပ် ဟောင်း ရှိတ်ခ်ဟာစီနာ၏ အဝါ မီလိဂ်ပါတီဝင်များနှင့် အဝါမီလိဂ် ပါတီထောက်ခံသူများက တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရ ခေါင်းဆောင် မူဟာမက်ယူနွတ်က ပြောကြား ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းရှိတ်ခ်ဟာစီနာသည် ၂၀၂၄  ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

လက်ရှိအချိန်တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို အိမ်စောင့်အစိုးရ အဖွဲ့ ယာယီတာဝန်ယူထားသော် လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များနှောင့်နှေးနေမှုကြောင့် နိုင်ငံ ရေးအရ သဘောထားကွဲပြား မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။  

Ref: Xinhua

Trs: KKO

YDNB Newspaper