အီရတ်၌ ကုန်တိုက်အဆောက်အအုံမီးလောင် အနည်းဆုံး လူပေါင်း ၆၀ သေဆုံး

News Image

  • အီရတ်၌ ကုန်တိုက်အဆောက်အအုံမီးလောင် အနည်းဆုံး လူပေါင်း ၆၀ သေဆုံး

ဘဂ္ဂဒက် ဇူလိုင် ၁၇

အီရတ်နိုင်ငံ အရှေ့ပိုင်း အယ်လ် ကွတ်မြို့ရှိ အဆင့်မြင့် ဈေး၀ယ်ကုန်တိုက်တစ်ခု၌ ယနေ့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၆၀ ထိသေဆုံး ခဲ့ရကြောင်း အီရတ်တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

အထပ်ငါးထပ်ပါ ဈေးဝယ် ကုန်တိုက်အဆောက်အအုံ မီး လောင်မှုသည် ဇူလိုင် ၁၆ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ကုန်တိုက် အဆောက်အအုံ မီးလောင်မှုကြောင့် အနည်းဆုံး လူပေါင်း ၆ဝ သေဆုံး၍ ၁၁ ဦး ပျောက်ဆုံးနေကြောင်း အယ်လ်ကွတ်မြို့ တာဝန်ရှိသူများက  ပြော

ကြားထားသည်။

လက်ရှိအချိန်တွင် ဈေး၀ယ်ကုန်တိုက်အဆောက်အအုံ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုမှ ပေါ်ထွက်လာမည့် ပဏာမရလဒ်များကို ၄၈ နာရီအတွင်း ကြေညာပေးမည်ဖြစ်ကြောင်းအီရတ်တာဝန်ရှိသူများက ပြောကြားထားသည်။

လက်ရှိအချိန်တွင် ကုန်တိုက်အဆောက်အအုံပိုင်ရှင်ကို အီရတ်တာဝန်ရှိသူများက အမှုဖွင့်တရားစွဲဆိုမှုများ ပြုလုပ်ထားကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper