အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပါကစ္စတန်သို့ လာရောက်ဖွယ်ရှိ

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပါကစ္စတန်သို့ လာရောက်ဖွယ်ရှိ

အစ္စလာမ္မာဘတ် ဇူလိုင် ၁၇
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် ယခုနှစ်စက်တင်ဘာလအတွင်း ပါကစ္စတန်နိုင်ငံသို့ လာရောက်ဖွယ်ရှိကြောင်း ပါကစ္စတန် ပြည်တွင်းမီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပါကစ္စတန် မီဒီယာများ၏ သတင်းထုတ်ပြန်ချက် အတည်ဖြစ်ခဲ့ပါက အဆိုပါခရီးစဉ်သည် နှစ်ပေါင်း ၂ဝ နီးပါးကာလအတွင်း အမေရိကန်သမ္မတ တစ်ဦး၏ ပထမဆုံးပါကစ္စတန်ခရီးစဉ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ပါကစ္စတန်နိုင်ငံသို့ နောက်ဆုံး ရောက်ရှိခဲ့သော အမေရိကန် သမ္မတမှာ ဂျော့ဒဗလျူဘုရှ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ပါကစ္စတန်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ ပါကစ္စတန်ခရီးစဉ်နှင့်ပတ်သက်၍ မိမိတို့သည် မည်သည့်အချက်အလက်ကိုမျှ မသိရသေးကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

သို့ရာတွင် ပါကစ္စတန်ရုပ်သံ မီဒီယာများ၏အဆိုအရ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ယခု နှစ်စက်တင်ဘာလတွင် အစ္စလာမ္မာဘတ်မြို့သို့ လာရောက်မည် ဖြစ်ပြီး ခရီးစဉ်ပြီးဆုံးချိန်တွင် အိန္ဒိယနိုင်ငံသို့ ဆက်လက်သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပါကစ္စတန်စစ်ဦးစီးချုပ် ဖီးမာရှယ်လ်အက်ဆစ်မူနီရာကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံခဲ့ပြီးနောက် အမေရိကန်နှင့် ပါကစ္စတန်နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာခဲ့ကြောင်း သိရသည်။ 

Ref : RT

Trs: KKO

YDNB Newspaper

Photo - Time of India