“၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ ကစားရမည့်စာရင်းတွင် ရုရှားဘောလုံးအသင်းကို ချန်လှပ်ထားခြင်းကို စိတ်ပျက်မိကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ကတည်းက FIFA က ရုရှားကို မည်သည့် နိုင်ငံတကာပွဲများတွင်မဆို ပါဝင်ထည့်သွင်းခြင်းမရှိတော့ကြောင်း” ရုရှားဘောလုံးအသင်းဥက္ကဌ Alexander Dyukov က ပြောကြားလိုက်သည်။

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က ကနေဒါမှ တင်သွင်းလာမည့် ကုန်စည်များအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ခြိမ်းခြောက်လိုက်သောကြောင့် ကနေဒါနိုင်ငံ၏ ရေနံ အဓိကထွက်သည့်ဒေသတစ်ခုဖြစ်သည့် Alberta မှ မကျေနပ်သံများ ထွက်ပေါ်လာခဲ့ပါသည်။

Novaya Zemlya ကျွန်းစုရှိ ရုရှားနိုင်ငံ၏ စမ်းသပ်မှုများ ပြုလုပ်သည့်နေရာသည် နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁၂ အဓိက ညွှန်ကြားရေးမှူးရုံး အကြီးအကဲဟောင်း ဗိုလ်မှူးကြီး ဗလာဒီမာ ဗာခို့ဗ်က TASS သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကိုးကား - TASS သတင်းဌာန

ရှားတပ်မတော်သည် ယူကရိန်းစစ်တပ်၏ စစ်လေယာဉ်ကွင်းများရှိ အဆောက်အအုံများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း နိုဝင်ဘာလ ၃၀ ရက်နေ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အထူးစစ်ဆင်ရေး ဆိုင်ရာတိုးတက်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် ရုရှားတပ်ဖွဲ့များသည် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ယူကရိန်းလက်နက်ကိုင် စစ်သွေးကြွ ၁,၅၁၀ ဦး အထိချေမှုန်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါပြီး လူပေါင်း ၁၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခဲ့ရကြောင်း Sputnik သတင်းဌာနမှ ဖော်ပြထားသည်။
၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဒဏ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်ဝန်ထမ်း ၈၂,၀၀၀ ကျော်ကို စေလွှတ်ထားကြောင်း ဖော်ပြထား သည်။
ရွှေ့ပြောင်းနေထိုင်သူများအတွက် ယာယီခိုလှုံရာ စင်တာ ၃၀၀ ကျော်ရှိကြောင်း ၀န်ကြီးချုပ် အန်ဝါအီ ဘရာဟင်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

အမေရိကန်သည် အထူးစစ်ဆင်ရေး၏ ရည်မှန်းချက်များကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းမှ ရုရှားကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြား ရေးဒုတိယဝန်ကြီး Sergey Ryabkov က ပြောကြား ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ရုရှားကို ထိခိုက်စေရန် အခွင့်အလမ်းအားလုံးကိုအသုံးပြုရန်ကြိုးပမ်းသော်လည်း အထူးစစ်ဆင်ရေး၏ တာဝန်များကိုပြီးမြောက်အောင်ဆောင်ရွက်မည့် ရုရှားနိုင်ငံကို တားဆီးနိုင်မည်မဟုတ်ကြောင်း Sergei Ryabkov က ပြောကြားခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားသည်။

က်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားနိုင်ငံအတွင်းသို့ ထိုးစစ်ဆင်ရန်အတွက် အနောက်နိုင်ငံများ၏ ယူကရိန်းအပေါ်ခွင့်ပြုချက်ကို ရှုတ်ချခဲ့ကြောင်း RIA Novosti သတင်းဌာနကဖော်ပြထားသည်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည်ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီဗျဲလူးဆော့ဗ်နှင့် တွေ့ဆုံစဉ်ရုရှားနယ်မြေအတွင်းသို့ အနောက်နိုင်ငံများက တာဝေးပစ်လက်နက်များဖြင့် တိုက်ခိုက်ရန် ယူကရိန်းအား ပေးထားသော ခွင့်ပြုချက်ကို ရှုတ်ချခဲ့ကြောင်း Korean Central News Agency (KCNA) က ဖော်ပြခဲ့သည်။

ရုရှားတပ်မတော်သည် ဒွန်နက်စ်ခ်ပြည်သူ့သမ္မတနိုင်ငံရှိ Razdolnoye နှင့် Vorovskoye ကျေးရွာများကိုထိန်းချုပ်ထားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကနိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။

ယူကရိန်းနိုင်ငံသည် လာမည့်သီတင်းပတ်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပပြုလုပ်မည့် နေတိုးမဟာမိတ် အစည်းအဝေးတွင် နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင် ဖိတ်ကြားရန် နေတိုးနိုင်ငံများအား တောင်းဆိုထား ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြထားပါသည်။

ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ယူကရိန်းနိုင်ငံအား NATO အဖွဲ့ဝင် အဖြစ်တရားဝင်ဖိတ်ကြားခြင်းဖြင့် ရုရှား ထိန်းချုပ်မှုအောက်ရှိနယ်မြေများကို ပြန်လည် သိမ်းယူ ခြင်းမပြုဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် အသင့် ရှိကြောင်း SkyNews သတင်းဌာန၏ သတင်းထောက်ချုပ် Stuart Ramsay နှင့်တွေဆုံမေးမြန်းခန်းတွင် ပြောကြား ခဲ့သည်။
ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ရုရှားထိန်းချုပ်မှု အောက်ရှိ နယ်မြေသစ်များပါ၀င်သည့် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဖော်ပြခဲ့သည်။