ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း ဘီလိုခရိုင်တွင် ဘီလိုခရိုင်တွင် မိုးရွာသွန်းပြီး မြေပြိုမှုကြောင့် လူရှစ်ဦးသေဆုံး ငါးဦးဒဏ်ရာရရှိ

News Image

  • ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း ဘီလိုခရိုင်တွင် ဘီလိုခရိုင်တွင် မိုးရွာသွန်းပြီး မြေပြိုမှုကြောင့် လူရှစ်ဦးသေဆုံး ငါးဦးဒဏ်ရာရရှိ

ဘိုဂိုတာ ဇွန် ၂၅ 
ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း ဂရန်နီဇယ်ဒေသ ဘီလိုခရိုင်တွင် မြေပြိုမှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်ဟု ယနေ့သတင်းများအရ သိရသည်။

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဇွန် ၂၄ရက်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် လာနီဂရာချောင်းရေလျှံကာ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း၊ မြေပြိုမှုကြောင့် အယ်ပီနာရပ်ကွက်ရှိလူနေအိမ် ၁၀ လုံး ပျက်စီးကာ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု များရှိခဲ့ကြောင်း သိရသည်။

"ဇွန် ၂၄ မနက် ၃ နာရီ ၂၅ မိနစ်လောက်က ဂရန်နီဇယ်ဒေသ လာနီဂရာချောင်းရေလျှံကာ မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။ အခုထိတော့ သေဆုံးသူ ရှစ်ဦးနဲ့ ဒဏ်ရာ ရရှိသူ ငါးဦးကို အတည်ပြုခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် များစွာစိတ်မကောင်း ဖြစ်ရပါတယ်”ဟု ဘီလိုခရိုင် မြို့တော်ဝန် လော်ရန် က ပြောကြားခဲ့သည်။

ထို့ပြင် မြေပြိုမှုဖြစ်ပွားခဲ့သည့် ဒေသအတွက် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးများ ရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးများဆောင်ရွက်ရန်ကယ်ဆယ် ရေးအဖွဲ့များ စေလွှတ်ထားကြောင်း၊ အဆိုပါနေရာမှ ဒေသခံများကိုလည်း ဘေးလွှတ်ရာ နေရာများသို့ ရွှေ့ပြောင်းကာ ယာယီစခန်းများတွင် နေထိုင်ခွင့်ပြုထားသည်ဟု ၎င်း ဆက်လက်ပြောကြားခဲ့ ကြောင်း သိရသည်။

Ref: Sputnik News

Trs: KZ

YDNB Newspaper