လွန်ခဲ့သည့် နှစ်ပေါင်း ၃၂၀၀ ခန့် ထရိုဂျင်စစ်ပွဲကာလ အတွင်းက အသုံးပြုခဲ့သည့် သံချပ်ကာအင်္ကျီတစ်ထည်အား ပညာရှင်များက ချက်သမ္မတနိုင်ငံတွင် တူးဖော်တွေ့ရှိ

News Image

  • လွန်ခဲ့သည့် နှစ်ပေါင်း ၃၂၀၀ ခန့် ထရိုဂျင်စစ်ပွဲကာလ အတွင်းက အသုံးပြုခဲ့သည့် သံချပ်ကာအင်္ကျီတစ်ထည်အား ပညာရှင်များက ချက်သမ္မတနိုင်ငံတွင် တူးဖော်တွေ့ရှိ

ရှေးဟောင်းသုတေသနပညာရှင်များသည် လွန်ခဲ့သည့်နှစ်ပေါင်း  ၃၂၀၀  ခန့် ကြေးခေတ်နှောင်းပိုင်း     ထရိုဂျင်စစ်ပွဲကာလအတွင်းက     အသုံးပြုခဲ့သည့် သံချပ်ကာအင်္ကျီတစ်ထည်အား ချက်သမ္မတနိုင်ငံတွင် တူးဖော်တွေ့ရှိခဲ့သည်။

အဆိုပါ  ကြေးခေတ်သံချပ်ကာအင်္ကျီအား ပညာရှင်များက ဘော်နိုမြို့အနီးရှိ မိုရာဗီးယားဒေသ    တောင်ပိုင်းတွင် နှစ်နှစ်ကြာတူးဖော်ခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သုတေသီများသည် အဆိုပါသံချပ်ကာအင်္ကျီနှင့်အတူ လှံခေါင်း၊ တံစဉ်၊ အပ်ချောင်း၊ မှိန်းနှင့် ကြေးဖြင့် ပြုလုပ်ထား သည့် အခြားပစ္စည်းအစိတ်အပိုင်းများကိုပါ တူးဖော်တွေ့ရှိခဲ့ကြသည်။

ယခုရှာဖွေတွေ့ရှိခဲ့သည့် ပစ္စည်းများကို ရှေးရိုးရာဓလေ့အရ     မြှုပ်နှံသင်္ဂြိုဟ်မှုမပြုလုပ်မီ အဆိုပါ လက်နက်ပစ္စည်းများအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များက ယူဆထားသည်။

သုတေသီများ  တူးဖော်တွေ့ရှိခဲ့သည့် ကြေးခေတ်သံချပ်ကာအင်္ကျီသည်  ဘီစီ ၁၆၀၀ မှ  ဘီစီ ၁၂၀၀ အတွင်းဖြစ်ပွားခဲ့သည့် ထရိုဂျင်စစ်ပွဲနှင့် ဆက်စပ်နေပြီး ထိုစဉ်က ရာထူးအဆင့်အတန်းအားဖြင့်   မြင့်မားသည့်  သူရဲကောင်းအချို့ကသာ  ထိုသို့သော သံချပ်ကာအင်္ကျီမျိုးကို   ဝတ်ဆင်လေ့ရှိကြောင်း၊ ထို့ကြောင့် ထရိုဂျင်စစ်ပွဲကာလအတွင်းအသုံးပြုခဲ့သည့် သံချပ်ကာအင်္ကျီ ကဲ့သို့သော    ရှားပါးအမွေအနှစ်မျိုးကို တူးဖော်တွေ့ရှိခဲ့ခြင်းသည် ထူးခြားမှုပင်ဖြစ်ကြောင်း      ဘော်နိုမြို့ပြတိုက်မှ ညွှန်ကြားရေးမှူး     ဇစ်ဘ်နက်ဆော့က ပြောကြားထားသည်။         

Ref: Ao

MWD Web Portal