သတင်းများ

အင်္ဂလန်၌ နေ့အပူချိန်များ မြင့်တက်လာသည့်အတွက် ကျန်းမာရေး သတိပေးချက် ထုတ်ပြန်ထား

အင်္ဂလန်နိုင်ငံတစ်ဝန်း၌ နေ့အပူချိန်များ မြင့်တက်လာသည့်အတွက် ကျန်းမာရေး တာဝန်ရှိသူများက အပူနှင့်သက်ဆိုင်သော ကျန်းမာရေးသတိပေးချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း လေးကြိမ်မြောက်အပူလှိုင်းဖြစ်ပေါ်မှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပြီး ဩဂုတ်လ ၁၂ ရက်တွင် ဒေသအချို့၌ အပူချိန်မှာ ၃၄ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာသည်ကို တွေ့ရကြောင်း      မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့်    ပယင်းရောင်အဆင့် ကျန်းမာရေးသတိပေးချက်ကို အင်္ဂလန်နိုင်ငံရှိ ဒေသငါးခုအတွက် လည်းကောင်း၊ အဝါရောင်အဆင့် ကျန်းမာရေး သတိပေးချက်ကို တစ်နိုင်ငံလုံးအတွက်လည်းကောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ အချိန်ကာလမှာ ဩဂုတ်လ ၁၂ ရက်မှ ၁၃ ရက် ညအထိဖြစ်သည်။

လေဖိအားများရပ်ဝန်းဖြစ်ပေါ်မှုကြောင့်သာမက    တောင်လေတိုက်ခတ်မှုတို့ပေါင်းဆုံခြင်းကြောင့်   အင်္ဂလန်နိုင်ငံနှင့်ဝေးပြည်နယ်တို့တွင် အပူချိန်များမြင့်တက်နေမည်ဖြစ်ကြောင်း၊ နေရာဒေသအများစု၌ အပူချိန်သည် ၃၀ ဒီဂရီစင်တီဂရိတ်အထက်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ အပူချိန်များမြင့်တက်လာသည့်အတွက် ကျန်းမာရေးအခြေအနေနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများအပေါ် သက်ရောက်မှုများရှိလာ နိုင်သောကြောင့် ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။      

 Ref: Xinhua

MWD

ရုရှားတပ်မတော်အတွက် ပြည်ပမှအဝတ်အထည်များတင်သွင်းမှုကို ရုရှားအစိုးရတားမြစ်

ရုရှားတပ်မတော်တွင် အသုံးပြုနေသော ယူနီဖောင်းများနှင့် အခြားဆက်စပ်အဝတ် အထည်များ ပြည်ပမှတင်သွင်းမှုကို ရုရှားအစိုးရက တားမြစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရုရှားသမ္မတဗလာဒီမာပူတင်က အဆိုပါ တားမြစ်မိန့်ကို  ဩဂုတ်လ ၁၁ ရက်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး ယင်းအမိန့်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှစ၍ အသက်ဝင်မည်ဖြစ်သည်။

အဆိုပါအမိန့်တွင်ဖော်ပြထားချက်များ အရ ရုရှားတပ်မတော်အတွက် လိုအပ်နေသော ယူနီဖောင်းများနှင့် ဆက်စပ်အဝတ် အထည်များအားလုံးကို နိုင်ငံအတွင်းရှိ ရုရှားနိုင်ငံပိုင် ကုမ္ပဏီများကသာ ချုပ်လုပ်ပေးရမည်ဖြစ်ကြောင်း၊ ၂၀၂၇ ခုနှစ်မှစ၍ အဝတ်အထည်များ ထုတ်လုပ်ရာ၌ အသုံးပြုသော ချည်မျှင်များနှင့်ကုန်ကြမ်းပစ္စည်းများကိုပါ ရုရှားနိုင်ငံ၌သာ ထုတ်လုပ်ရမည် ဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ပြည်ပမှ တင်သွင်းမှုများအားလုံးကို ရပ်တန့်ရမည် ဖြစ်ကြောင်း သိရသည်။     

ထင်ထားတာထက် လူဦးရေပိုများခဲ့တဲ့ မာယာလူမျိုးများ

မိမိတို့ လူသားမျိုးနွယ်စုထဲမှာ ရှေးအကျဆုံးသော လူနေမှုစနစ်ကို ဖန်တီးခဲ့သူများက မာယာလူမျိုး များဖြစ်တယ်လို့ သိရှိခဲ့ကြပါတယ်။  သူတို့ ရဲ့ဖြစ်တည်မှုက ရှေးဟောင်းသုတေသန ပညာရှင်များနဲ့ သမိုင်းပညာရှင်များကို အမြဲတမ်းအံ့အားသင့်စေခဲ့တာပါ။ အခုဆိုရင် သူတို့ရဲ့မြို့ဟောင်းနေရာက ယူကာ

တန်ကျွန်းဆွယ်ရဲ့ အပူပိုင်းသစ်တောထဲမှာ တည်ငြိမ်စွာတည်ရှိနေပါပြီ။ ဒါပေမဲ့ သုတေသန ပညာရှင်များရဲ့ လေ့လာစူးစမ်း မှုကတော့ မရပ်တန့်သွားသေးပါဘူး။

အရင်တုန်းက မာယာလူမျိုးများဟာ အရေအတွက်အားဖြင့် အနည်းအကျဉ်းမျှသာရှိမယ်လို့ ပညာရှင်များက ယူဆခဲ့ ကြပါတယ်။ ဒါပေမဲ့ အဲဒီယူဆချက်က မှန်ကန်ရဲ့လားဆိုတာ အခုတွေ့ရှိချက်ကြောင့် မှေးမှိန်သွားရပါတယ်။

ယခုသုတေသနပညာရှင်များရဲ့ တွေ့ရှိချက်အရဆိုရင် မာယာဒေသကြီးတစ်ခု လုံးဟာ ဟိုတစ်စုဒီတစ်စုဖြစ်နေတဲ့ မြို့ပြ နိုင်ငံငယ်လေးတွေနဲ့ တည်ရှိနေတာမျိုးမဟုတ်ဘဲ မြို့ပြနဲ့ ကျေးလက်ဒေသတို့ကို ချိတ်ဆက်ထားတဲ့ လူနေမှုစနစ်ပုံစံတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်ထိကိုပဲ လူမနေတော့တာ  နှစ်ပေါင်းထောင်ချီ ကြာမြင့်နေပြီဆိုပေမယ့်လည်း မတူးဖော် မဖော်ထုတ်ရသေးတဲ့ နေရာတွေအများ ကြီးကျန်ရှိနေပါသေးတယ်။

ဒါကြောင့် အရင်တုန်းကထုတ်ပြန်ခဲ့ဖူးတဲ့ မာယာလူမျိုးအရေအတွက်ဟာ ဒီကနေ့အချိန်အခါမှာ ယခင်ယူဆခဲ့ဖူးတာ ထက်များစွာပိုနေတယ်ဆိုတာကို ‌အရင်ကထက်ပိုမိုအဆင့်မြင့်မားတဲ့ နည်းပညာ ကိရိယာတွေသုံးပြီး တိုင်းတာမှုများ ပြုလုပ်ခြင်းအားဖြင့် သိလာရတာ ဖြစ်ပါတယ်။

လက်ရှိတွေ့ရှိချက်အပေါ်ယူဆချက်အရ တိုးမြင့်လာတဲ့ မာယာလူဦးရေပမာဏဟာ ၁၆ သန်းလောက်အထိကိုရှိမယ်လို့ ဆိုပါတယ်။ ဒါဟာ ယခင်ယူဆချက်ထက် ၄၆ ရာခိုင်နှုန်း ပိုမိုမြင့်မားလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်အချိန်တွေတုန်းကသတ်မှတ်ထားတဲ့ မာယာလူမျိုးများရဲ့ နယ်မြေထက် အခုတွေ့ရှိတဲ့နယ်မြေက ပိုမိုကြီးမားတာကိုလည်း တွေ့ရှိရပါတယ်။

သုတေသနပညာရှင်များရဲ့တွေ့ရှိချက်အရ မာယာလူမျိုးများနေထိုင်ခဲ့တဲ့ ဒေသတစ်ခုလုံးဟာ စတုရန်းမိုင် ၃၆၀၀၀ အထိရှိတယ်လို့ဆိုပါတယ်။ အခုစူးစမ်းလေ့လာမှုမှာ အသုံးပြုတဲ့နည်းပညာက အဆင့်မြင့်လှတဲ့ LiDar နည်းပညာဖြစ်ပြီး မာယာလူမျိုးတို့နဲ့ပတ်သက်တဲ့ အသစ်အသစ်သော တွေ့ရှိချက်တွေကိုလည်း ထပ်မံတွေ့ရှိဖို့ ရှိနေပါတယ်။

Ref: IE

ကိုထက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum Seeder)၊ ဓာတ်မြေဩဇာများနှင့်မျိုးစေ့များ  ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ကျောက်ဆည်၊ ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အဓိကသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လက်ဆွဲမျိုးစေ့ချ ကိရိယာ (DrumSeeder) များ၊ ဓာတ်မြေဩဇာများ နှင့် မျိုးစေ့များ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အဓိကသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် မျိုးစေ့ကုန်ကျစရိတ်နှင့် လုပ်ခကုန်ကျစရိတ် သက်သာခြင်း၊ ကြဲခင်းထက်တစ်ဧက အထွက်နှုန်း ပိုမိုရရှိစေသည့်အကျိုးအမြတ်များ ရရှိခံစားရခြင်းတို့တွင် များစွာပံ့ပိုးမှုအားဖြစ်စေသည့် လက်ဆွဲ မျိုးစေ့ချကိရိယာ (Drum Seeder)  (၁၀၀)လက်ကို တောင်သူများ လက်ဝယ်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် အခြေခံကျသည့် မျိုး၊ မြေ၊ ရေ နှင့် နည်းပညာတို့ကို ခေတ်စနစ်နှင့်အညီ စနစ်တကျ လိုက်နာကျင့်သုံးခြင်းအား ပိုမိုလုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ အထွက်ကောင်းမျိုးစေ့များ ဖြန့်ဝေမှု၊ ခေတ်မီစိုက်နည်းစနစ်များဖြန့်ဝေမှုတို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ (Drum Seeder) များ၊ စပါးမျိုးစေ့အိတ် (၁၀၀) ၊ နေကြာမျိုးစေ့အိတ် (၁၀၀) ၊ ဝါမျိုးစေ့အိတ် (၁၀၀) နှင့် ယူရီးယားဓာတ်မြေဩဇာအိတ် (၁၀၀) တို့ကို ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများထံသို့ ပေးအပ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည် နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ အင်ဒိုင်း ကျေးရွာ၊ ကွင်းအမှတ်(၁၄၉)၌ GW 11 နှင့် အောင်နိုင်တိုး မျိုးစပါးစိုက်ဧက (၂)ဧကတွင် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများနှင့် ရင်းနှီးစွာတွေ့ဆုံ၍  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များနှင့် တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် တောင်သူ များအား စိုက်ကွင်းအတွင်း လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် လက်တွေ့သရုပ်ပြသနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 

ကျောက်ဆည်ခရိုင်(ပြန်/ဆက်)

ဂျယ်လီငါးများကြောင့် ပြင်သစ်နျူကလီးယားစက်ရုံ ရပ်ဆိုင်းခဲ့ရ

ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ နျူကလီးယားစွမ်းအင်စက်ရုံတစ်ခု၏ ရေ လည်ပတ်မှုစနစ်အတွင်းသို့ ဂျယ်လီငါးအုပ်ကြီးဝင်ရောက်မှုကြောင့် ယာယီပိတ်သိမ်းခဲ့ရကြောင်း စက်ရုံက တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ထုတ်ပြန်ခဲ့သည်။

EDF စွမ်းအင်အုပ်စု၏ အဆိုအရ Gravelines ရှိ နျူကလီးယားစက်ရုံ၏ အအေးခံစနစ်တွင် ဂျယ်လီငါးများ စုပြုံဝင်ရောက်ကာ စွန့်ထုတ်စနစ်များ ပိတ်ဆို့ခဲ့သည်။ များပြားသော ဂျယ်လီငါးအုပ်ကြီး အမှတ်မထင် ဝင်ရောက် မှုကြောင့် စက်ရုံ၏ ဓာတ်အားထုတ်လုပ်သည့် ယူနစ် ၄ ခု အလိုအလျောက်ရပ်ဆိုင်းသွားခဲ့သည်။ အခြားယူနစ် ၂ ခုမှာလည်း ပြုပြင် ထိန်းသိမ်းမှုကြောင့် လည်ပတ်နိုင်ခြင်းမရှိသဖြင့် စက်ရုံတစ်ခုလုံး လည်ပတ်မှု ရပ်နားခဲ့ရသည်။

တနင်္ဂနွေနေ့ (ဩဂုတ် ၁၀) ညနက်ပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်ရပ် သည် "စက်ရုံ၏လုံခြုံရေး၊ ဝန်ထမ်းများ၏ဘေးကင်းရေး သို့မဟုတ် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုမရှိကြောင်း" EDF က ပြောကြားခဲ့ပြီး ဂျယ်လီငါးများသည် "နျူကလီးယားနှင့်မသက်ဆိုင်သော အစိတ်အပိုင်း သို့သာ ရောက်ရှိခဲ့သည်" ဟု ဖြည့်စွက်ခဲ့သည်။

စွမ်းအင်အုပ်စု EDF မှ ဖြည့်စွက်ပြောကြားရာတွင် "စက်ရုံအဖွဲ့များက လုံခြုံစွာပြန်လည်စတင်နိုင်ရန် လိုအပ်သော စစ်ဆေးမှုများနှင့် ပြုပြင်မှု များကို အလျင်အမြန်လုပ်ဆောင်နေပါသည်" ဟု ဖော်ပြခဲ့သည်။

ထိုနျူကလီးယားစက်ရုံသည် မြောက်ပင်လယ်နှင့်ဆက်သွယ်ထားသော ရေလမ်းကြောင်းမှ အအေးခံရေကို စုပ်ယူသုံးစွဲကာ လည်ပတ်လျက်ရှိပြီး ထိုနေရာတွင် ဂျယ်လီငါးမျိုးစိတ်များစွာ နေထိုင်လျက်ရှိသည်။ အဆိုပါ ဖြစ်ရပ်တွင် ပါဝင်နေသော ဂျယ်လီငါးအမျိုးအစားနှင့်ပတ်သက်၍ စက်ရုံက အသေးစိတ်မဖော်ပြခဲ့ပေ။

ကမ္ဘာတစ်ဝှမ်းရှိ နျူကလီးယားနှင့် သာမန်စွမ်းအင်စက်ရုံများ၏ အအေးခံ စနစ်များအတွင်း ဂျယ်လီငါးများ ဝင်ရောက်ခြင်း သို့မဟုတ် ရေစွန့်ထုတ် ပိုက်များ ပိတ်ဆို့ခြင်းများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။

Gravelines စွမ်းအင်စက်ရုံသည် ပြင်သစ်နိုင်ငံ၏ အကြီးဆုံး နျူကလီးယား စက်ရုံများထဲမှ တစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၇၀% ကို နျူကလီးယားစက်ရုံများမှ ထုတ်လုပ်ပေးလျက်ရှိသည်။ ထိုစက်ရုံရှိ ယူနစ် ၆ ခုတွင် တစ်ခုစီအတွက် အမြင့်ဆုံးဓာတ်အား ထုတ်လုပ်နိုင်မှု စွမ်းရည်မှာ ၉၀၀ မဂ္ဂါဝပ်ရှိပြီး ထိုစက်ရုံတစ်ခုတည်းဖြင့် အိမ်ထောင်စု ပေါင်း ၅ သန်းခန့်အား လျှပ်စစ်ဓာတ်အားပေးနိုင်စွမ်းရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ထိုင်းအစိုးရက နယ်စပ်နေပြည်သူများအတွက် အိမ်အသစ်များထောက်ပံ့

ထိုင်းအစိုးရသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပျက်စီးခဲ့ရသည့် အိမ်များအတွက် ယူဘွန်ရာဇဌာနီပြည်နယ်၊ နမ်ယွမ်ခရိုင်ရှိ နေထိုင်သူများအား အသင့်နေ အိမ်များကို စတင်ဖြန့်ဖြူးပေးလျက်ရှိသည်။ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ Phumtham Wechayachai က တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် နယ်စပ်တစ်လျှောက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များနှင့် ဒေသခံများ၏ အခက်အခဲများကို ဖြည့်ဆည်းရန် တရားရေး ဝန်ကြီး Tawee Sodsong နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theerarat Samrejvanich တို့အား တာဝန်ပေးအပ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ နမ်ယွမ်ခရိုင်တွင် ပြု

ထိုင်းအစိုးရသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပျက်စီးခဲ့ရသည့် အိမ်များအတွက် ယူဘွန်ရာဇဌာနီပြည်နယ်၊ နမ်ယွမ်ခရိုင်ရှိ နေထိုင်သူများအား အသင့်နေ အိမ်များကို စတင်ဖြန့်ဖြူးပေးလျက်ရှိသည်။ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ Phumtham Wechayachai က တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် နယ်စပ်တစ်လျှောက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များနှင့် ဒေသခံများ၏ အခက်အခဲများကို ဖြည့်ဆည်းရန် တရားရေး ဝန်ကြီး Tawee Sodsong နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theerarat Samrejvanich တို့အား တာဝန်ပေးအပ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ နမ်ယွမ်ခရိုင်တွင် ပြုလုပ်ခဲ့သည့် အစောပိုင်းစစ်တမ်းအရ ပဋိပက္ခ ကာလအတွင်း နေအိမ်ပေါင်း ၈၀ ကျော် ပျက်စီးခဲ့ကြောင်း တွေ့ရှိ ရသည်။

အဆိုပါလုပ်ငန်း၏ ပထမအဆင့်အနေဖြင့် အစိုးရသည် Moo 5 ကျေးရွာရှိ နေထိုင်သူများအတွက် အဆောက်အဦအစိတ်အပိုင်းများဖြင့် ပြုလုပ်ထား သော အိမ် ၁၁ လုံး တည်ဆောက်ပေးခဲ့ပြီး ၎င်းတို့အနက် ၄ လုံးကို ထိခိုက် ခံစားခဲ့ရသည့် ကျေးရွာသားများထံ ပေးအပ်ခဲ့ကြောင်း Phumtham က ပြောကြားခဲ့သည်။ အိမ်တစ်လုံးစီသည် လူ ၂ ဦးမှ ၅ ဦးအထိ နေထိုင် နိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 

ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ကူညီရန် ယူဘွန်ရာဇဌာနီ ဗဟိုအကျဉ်းထောင်မှ စည်းကမ်းလိုက်နာသူ အကျဉ်းသားများအား ပျက်စီး နေသော အိမ်များကို ပြုပြင်ရန်နှင့် ဖျက်သိမ်းရန် အကူအညီတောင်းခံ ခဲ့ပြီး ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွက် ပံ့ပိုးကူညီနိုင်စေရန် အခွင့် အလမ်းဖန်တီးပေးခဲ့သည်။

အဆိုပါကြေညာချက်သည် Phumtham ၏ စနေနေ့ (ဩဂုတ် ၉) က Surin သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်းသည် Rajamangal University of Technology ရှိ ရွှေ့ပြောင်း နေထိုင်ရသူ များအတွက် ခိုလှုံရာနေရာကို သွားရောက်လည်ပတ်ခဲ့ပြီး Surin ၊ Si Sa Ket ၊ Buri Ram နှင့် Ubon Ratchathani တို့မှ အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။

Phumtham သည် အုပ်ချုပ်ရေးမှူးများအား ရွှေ့ပြောင်းနေထိုင်ရသူများ ပြန်လည်နေထိုင်နိုင်ရေး၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုများကို အကဲဖြတ်ရေး၊ ထိခိုက် ခံစားရသူများအတွက် လျော်ကြေးငွေများ အမြန်ဆုံးပေးအပ်ရေး နှင့် လုံခြုံရေးလုပ်အားပေးသူများအတွက် ထောက်ပံ့ကြေးများ ပေးအပ်ရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် ၎င်းသည် စစ်ဒေသ ၂ အား Si Sa Ket တွင် မြေမြှုပ်မိုင်းများကြောင့် ဒဏ်ရာရခဲ့သည့် စစ်သားများ၏ အခြေအနေကို နီးကပ်စွာ စောင့်ကြည့်ရန် အမိန့်ပေးခဲ့သည်။

ယာယီဝန်ကြီးချုပ်ဖြစ်သူက နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယား ထံ ကန့်ကွက်စာပေးပို့ခဲ့ပြီး ဖနွမ်းပင်အား မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်း တွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

သီးသန့်အနေဖြင့် ထိုင်းလေကြောင်းလိုင်းအာဏာပိုင်အဖွဲ့သည် ဒရုန်း များ အသုံးပြုမှုဆိုင်ရာ ယာယီတားမြစ်ချက်များကို လျှော့ချပေးခဲ့သည်။ တနင်္လာနေ့ (ဩဂုတ် ၁၁) မှစတင်၍ လယ်သမားများနှင့် စိုက်ပျိုးရေး လုပ်ငန်းများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စစ်ဆေးရန်အတွက် ဒရုန်း များကို တင်းကျပ်သော စည်းမျဉ်းများအောက်တွင် ပြန်လည်အသုံးပြုနိုင် မည်ဖြစ်သည်။

ကိုးကား- Bangkok Post

weather forecast

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ၁၃-၈-၂၀၂၅ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကခ

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ၁၃-၈-၂၀၂၅ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ လက်မှတ်ရေးထိုး

နေပြည်တော် ဩဂုတ် ၁၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေသည် ဩဂုတ် ၇ ရက် တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဩဂုတ် ၈ ရက်မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာသံရုံးအကြီးအကဲများဖြစ်သည့် ဗီယက်နမ်နိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Nguyen Cong Son ၊ အီဂျစ်နိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Dr. Ahmed Abdallah Mahmoud Atiya Eltahlawy နှင့် တောင်အာဖရိက နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးမြင့်ဌေးတို့က ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးသော သံတမန်များနှင့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

သံတမန်များနှင့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်တို့က ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ ကျန်ရစ်သူမိသားစုသို့ ဝမ်းနည်းကြောင်း နှင့် စာနာထောက်ထားပါကြောင်း သတင်းစကားများပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈၀) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၁၁

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၀) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးသည် အခြေခံလိုအပ်ချက်ဖြစ်၍ ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှုပြီး ကဏ္ဍအလိုက်၊ အဆင့်အလိုက် မိမိတို့၏ပညာရေး လုပ်ငန်းတာဝန်များကို စွမ်းရည်ထက်မြက်စွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့် ပေါင်းစပ်ပြီး နိုင်ငံတော်အတွက် ဗလငါးတန်နှင့်ပြည့်စုံသည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်စေရန် လေ့ကျင့်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်နှင့် ယုံကြည်ချက် ခိုင်မာအားကောင်းပြီး နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ ဆရာမများဖြစ်အောင် ပြုမူနေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။ အဆိုပါ သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၆ ဦး၊ သင်တန်းသူ ၃၈၇ ဦး၊ စုစုပေါင်း ၄၈၃ ဦး တက်ရောက် မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်မည်ဖြစ်သည်။

ဆက်လက်၍ အဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်စစ်ရေးပြကွင်း၌ အရာထမ်းငယ် သင်တန်းအမှတ်စဉ် (၁၀၃) နှင့် စာရေးဝန်ထမ်း အမှတ်စဉ် (၁၁၃) တို့မှ သင်တန်းသား သင်တန်းသူများ၏ သင်တန်းဆင်း စစ်ရေးပြလေ့ကျင့်နေမှုကိုလည်းကောင်း၊ တက္ကသိုလ်ရှိ အသားစားကြက်ခြံတွင် သင်တန်းရိက္ခာအတွက် အသားစားကြက်များ မွေးမြူထားရှိမှုကိုလည်းကောင်း၊ သင်တန်းရိက္ခာအတွက် တက္ကသိုလ်မှ စိုက်ပျိုးထားရှိသော ရာသီသီးနှံများနှင့် သင်တန်းအိပ်ဆောင်အလိုက် သင်တန်းသူ သင်တန်းသားများ စိုက်ပျိုးထားရှိသည့် ရာသီသီးနှံ စိုက်ခင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်းတွင် အရာထမ်းငယ် သင်တန်းအမှတ်စဉ် (၁၀၃)မှ သင်တန်းသူများထားရှိသည့် စံပယ်ဆောင်သို့သွားရောက်၍ သင်တန်းသူများနှင့်အတူညနေစာ သုံးဆောင်ခဲ့ကြောင်းသိရသည်။

MOI