လွန်ခဲ့သည့် နှစ်တစ်သန်းခွဲခန့်က ရာသီဥတုဆိုင်ရာမှတ်တမ်းများကို ဖော်ထုတ်ရန်အတွက် ကမ္ဘာ့အကြီးဆုံး ရေခဲတုံးကြီး၏ ဗဟိုချက်ကို သိပ္ပံပညာရှင်များက အရည်ဖျော်၍ စစ်ဆေးမည်

News Image

  • လွန်ခဲ့သည့် နှစ်တစ်သန်းခွဲခန့်က ရာသီဥတုဆိုင်ရာမှတ်တမ်းများကို ဖော်ထုတ်ရန်အတွက် ကမ္ဘာ့အကြီးဆုံး ရေခဲတုံးကြီး၏ ဗဟိုချက်ကို သိပ္ပံပညာရှင်များက အရည်ဖျော်၍ စစ်ဆေးမည်

ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် လွန်ခဲ့သည့်နှစ်တစ်သန်းခွဲခန့်က  ရာသီဥတုဆိုင်ရာ မှတ်တမ်းများကို   ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် ကမ္ဘာ့အကြီးဆုံးရေခဲတုံးကြီး၏      ဗဟိုချက်ကို အရည်ဖျော်၍ လေ့လာစစ်ဆေးမည်ဖြစ်သည်။

အဆိုပါ ကမ္ဘာ့အကြီးဆုံးရေခဲတုံးကြီးကို သိပ္ပံပညာရှင်များက အန္တာတိကတိုက် ကုန်းပြင်မြင့် အတွင်းပိုင်းမှ ယခုနှစ်အစောပိုင်းတွင် တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းရေခဲပြင်ကြီးအား ဗြိတိန်နိုင်ငံရှိ အထူးပြုလုပ်စီမံထားသည့်ရေခဲခန်းအတွင်း၌ သိုလှောင်ထားခြင်းဖြစ်သည်။

အရှည် ၂၈၀၀ မီတာ(ပေ ၉၀၀၀ ကျော်)ရှိ အဆိုပါရေခဲပြင် သို့မဟုတ် ရေခဲတုံးကြီးအတွင်း၌ လွန်ခဲ့သည့်နှစ်တစ်သန်းခွဲခန့်က ရာသီဥတုဆိုင်ရာမှတ်တမ်းများကို ရှာဖွေတွေ့ရှိနိုင်မည်ဟု   သိပ္ပံပညာရှင်များက မျှော်မှန်းထားသည်။

ယခုလုပ်ဆောင်မည့်   စီမံကိန်းကြီးသည် မိမိတို့သိရှိခဲ့ခြင်းမရှိသည့် အချက်အလက်များကို  ရှာဖွေဖော်ထုတ်ရမည် ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့်   စီမံကိန်းတစ်ခုပင်ဖြစ် ကြောင်း သိပ္ပံပညာရှင်အဖွဲ့မှခေါင်းဆောင်ဖြစ်သူ လစ်ဇ်သောမတ်စ်က ပြောကြားသည်။

လစ်ဇ်သောမတ်စ်နှင့် သိပ္ပံပညာရှင်များသည် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း၌    အဆိုပါ ရေခဲတုံးကြီးအား တဖြည်းဖြည်းအရည်ဖျော်၍   ရေခဲပြင်အတွင်း ပါဝင်သည့်အမှုန်များကို တိုင်းတာစစ်ဆေးမည်ဖြစ်ပြီး အထူးစီမံထားသည့် နည်းပညာများကို အသုံးပြု၍ သမိုင်းမတိုင်မီခေတ်က ကမ္ဘာကြီး၏ ပုံစံကိုရေးဆွဲခြင်းအားဖြင့် လေ့လာမည်ဖြစ်သည်။

Ref: Smst M

MWD Web Portal