နယ်စပ်အရေးဆွေးနွေးရန် ထိုင်းနိုင်ငံ၏ကမ်းလှမ်းမှု ကမ္ဘောဒီးယားကြိုဆို

News Image

  • နယ်စပ်အရေးဆွေးနွေးရန် ထိုင်းနိုင်ငံ၏ကမ်းလှမ်းမှု ကမ္ဘောဒီးယားကြိုဆို

လာမည့်သီတင်းပတ်တွင် မလေးရှားနိုင်ငံ၌ နှစ်နိုင်ငံနယ်စပ်အရေးဆွေးနွေးရန် ထိုင်းနိုင်ငံ၏ ကမ်းလှမ်းမှုကို ကမ္ဘောဒီးယား နိုင်ငံကကြိုဆိုကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဩဂုတ်လ ၁ ရက်တွင်ပြောသည်။

နှစ်နိုင်ငံကြား အထွေထွေနယ်စပ်ရေးရာ ကော်မတီအစည်းအဝေးကို  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပရန် ထိုင်းနိုင်ငံက အဆိုပြုလာမှုအပေါ် ကမ္ဘောဒီးယား အစိုးရက ကြိုဆိုကြောင်း၊ အဆိုပါအစည်း အဝေးသည် များစွာအပြုသဘောဆောင် ပြီး အကျိုးများသော ရလဒ်များထွက်ပေါ်လာစေမည်ဟု ယုံကြည်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီးမာလီဆို ချီတာက သတင်းစာရှင်းလင်းပွဲတွင်ပြော သည်။

ယင်းအစည်းအဝေးသို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးနှင့် ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီးတို့ တက်ရောက်သွားမည် ဖြစ်ကြောင်း မာလီဆိုချီတာက ဆက်ပြောသည်။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ဇူလိုင်လ ၂၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားကြောင်း သိရသည်။      

 Ref: Xinhua