တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား ပြန်လည်သင့်မြတ်စေရေးအတွက် လိုအပ်သည်များကိုကူညီပေးရန်အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဩဂုတ်လ ၁၄ ရက် တွင်ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အနေဖြင့် နှစ်နိုင်ငံကြားနယ်စပ်ပြဿနာ ပြေလည်စေရေးအတွက် ဖြေရှင်းရာတွင် အကူအညီတောင်းဆိုလာပါက ကူညီရန် အသင့်ရှိကြောင်း၊ ဆွေးနွေးပွဲဖြစ်မြောက်ရေးကိုလည်း ကူညီပေးမည်ဖြစ်ကြောင်း၊ ထိုနှစ်နိုင်ငံအနေဖြင့် ယုံကြည်မှုပြန်လည် တည်ဆောက်ပြီး ချစ်ကြည်မှုပြန်လည်ရရှိရေးကြိုးပမ်းမည်ဟု မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့မှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲများတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ပြောလာခြင်း ဖြစ်ကြောင်း သိရသည်။
Ref: RTA
MWD

သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် လာမည့် တွေ့ဆုံမှုအပေါ် မီဒီယာများ၏ သတင်းဖော်ပြမှုများကို ဝေဖန်လိုက်သည်။

ထရမ့်သည် အချို့သော ဆန်းစစ်သူများ၏ စိုးရိမ်မှုများကို တုံ့ပြန်ကာ ၎င်းနှင့် ပူတင်တို့၏ ထိပ်သီးအစည်းအဝေးသည် ရုရှားအတွက် အကျိုးရှိ စေနိုင်သည်ဟုဆိုသည့် ဝေဖန်မှုများကို ပယ်ချခဲ့သည်။ ၎င်းက "အဆင့် အတန်းမရှိသည့် မီဒီယာများက မိမိ၏ အလုပ်ထုတ်ခံရပြီးသား လူညံ့ များ၏ စကားကိုပဲ ကိုးကားနေကြပါသည်" ဟု Truth Social တွင် ရေးသားခဲ့သည်။ ထိုသို့ဖော်ပြရာတွင် ၎င်း၏ ယခင်အမျိုးသား လုံခြုံရေး အကြံပေး ဂျွန်ဘိုလ်တန်ကို ရည်ညွှန်းခြင်းဖြစ်သည်။
အမေရိကန်သမ္မတနှင့် ပူတင်တို့၏ တွေ့ဆုံမှုကို သောကြာနေ့ (ဩဂုတ် ၁၅) တွင် အလက်စကာ၌ ကျင်းပမည်ဖြစ်သည်။ အိမ်ဖြူတော်က ယင်း အစည်းအဝေးသည် ပြောဆိုဆွေးနွေးမှုများကို နားထောင်မည့် အစီအစဉ် အဖြစ် ရည်ညွှန်းဖော်ပြခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိမည် ဟူသော မျှော်လင့်ချက်များကို လျှော့ချထားသည်ဟု တွေ့မြင်ရသည်။
ယူကရိန်းသမ္မတ ဇီလန်စကီး တက်ရောက်မည်မဟုတ်သဖြင့် ကိယက်ဗ် သည် အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် မလိုလားအပ်သော သဘော တူညီချက် မျိုးကို မဖြစ်မနေ လက်ခံရမည်ဟူသော စိုးရိမ်မှုများ ပေါ်ပေါက်လျက် ရှိသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
Photo Crd- The Guardian

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က သြဂုတ် ၁၂ ရက်တွင် မြောက် ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ရုရှားနှင့် အမေရိကန်ခေါင်းဆောင်များ အကြား လာမည့်တွေ့ဆုံမှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေကို အသိပေးခဲ့ကြောင်း ကရင်မလင်နန်းတော်၏ထုတ်ပြန်ချက်အရ သိရသည်။
ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့၏ ကတိကဝတ်ကို နှစ်ဖက်စလုံးက ထပ်မံအတည်ပြုခဲ့ကြောင်း ကရင်မလင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ကိုးကား- Xinhua

ဂျာမနီနိုင်ငံ၏ လက်ယာယိမ်း Alternative for Germany (AfD) ပါတီသည် ဝန်ကြီးချုပ် Friedrich Merz ၏ ရှေးရိုးစွဲ CDU/CSU မဟာမိတ်အဖွဲ့ကို ကျော်ဖြတ်ကာ နိုင်ငံ၏ လူကြိုက်အများဆုံး ပါတီ ဖြစ်လာကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က ထုတ်ပြန်သော RTL/ntv ၏ 'Trendbarometer' စစ်တမ်းအရ AfD သည် ၂၆% ဖြင့် စံချိန်သစ်တင်နေပြီး လက်ရှိ ညွန့်ပေါင်း အစိုးရအဖွဲ့၏ CDU/CSU မဟာမိတ်သည် ၂၄% သို့ ကျဆင်းကာ ၂၀၂၁ နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) နှင့် အစိမ်းရောင်ပါတီ (Green) တို့သည် ၁၃% အသီးသီးရှိပြီး လက်ဝဲပါတီ (Left) မှာ ၁၁% ရှိသည်။ အခြားပါတီများမှာ တစ်ခုလျှင် ၁% အောက်သာရှိသည်။ စစ်တမ်း ဖြေကြားသူ လေးပုံတစ်ပုံခန့်မှာ မဲပေးရန် ရှောင်ရှားမည် သို့မဟုတ် ဆုံးဖြတ်ရန် မရှိသေးကြောင်း ဖော်ပြခဲ့ပြီး ယခင်ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် သိသာစွာ များပြားလာခြင်းဖြစ်သည်။
ဩဂုတ် ၁၃ ရက်နေ့တွင် Merz အစိုးရသစ် တာဝန်ထမ်းဆောင်မှု ရက် ၁၀၀ ပြည့်မည်ဖြစ်သော်လည်း ၎င်း၏ထောက်ခံမှုမှာ ၂၉% သို့ ကျဆင်း သွားကာ မေလက ရွေးကောက်တင်မြှောက်ခံရပြီးနောက် အနိမ့်ဆုံး အခြေအနေဖြစ်နေသည်။ မကျေနပ်မှုများမှာ ၆၇% အထိ တက်လာကာ အထူးသဖြင့် အရှေ့ဂျာမနီဒေသများနှင့် AfD၊ Left နှင့် အစိမ်းရောင် ပါတီ ထောက်ခံသူများက ပြင်းထန်စွာ ဝေဖန်နေကြသည်။ အဆိုပါ အခြေအနေ များက အစိုးရ၏ ရေရှည်တည်တံ့နိုင်မှုကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ဝန်ကြီးချုပ် Merz တက်လာသည့်အချိန်မှစ၍ ရုရှားနိုင်ငံအပေါ် တင်းမာသော သံတမန်ရေးရာလမ်းစဉ်ကို ကျင့်သုံးလျက်ရှိပြီး ယခုအခါ ယူကရိန်းသို့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ (ယူရို ၅ ဘီလီယံ) အပို ထည့်ဝင်ရန် ကတိပြုထားသည်။ ဘာလင်သည် ယူကရိန်း၏ အကြီးဆုံး အထောက်အပံ့ပေးသူများအနက်မှ တစ်ဦးဖြစ်ကာ လွန်ခဲ့သည့်လက Merz က "ထိုပဋိပက္ခမှာ သံတမန်ရေးအရ အဖြေရှာရန် ရွေးစရာ လမ်းကုန် သွားပြီ" ဟု ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က သံတမန်ရေးထက် ပဋိပက္ခတင်းမာမှုကို ရွေးချယ်သည်ဟု စွပ်စွဲခဲ့သည်။ ယူကရိန်းသို့ အပိုရန်ပုံငွေထောက်ပံ့မှုသည် ဂျာမနီ၏ စီးပွားရေး အခြေအနေ ဆိုးရွားလာနေချိန်တွင် ဖြစ်ပေါ်လာသောကြောင့် ပြည်တွင်း မှ ဝေဖန်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။
စစ်တမ်းအရ ဂျာမနီနိုင်ငံသား ၆၂% က ယခုနှစ်အတွင်း စီးပွားရေး အခြေအနေ ပိုမိုဆိုးရွားလာမည်ဟု မျှော်လင့်ထားကြပြီး ယခုအချိန်အထိ တွေ့ရှိရသည့် အဆိုးမြင်ဆုံးသော အခြေအနေဖြစ်ပြီး ၁၄% ကသာစီးပွားရေး တိုးတက်လာမည်ဟု ယုံကြည်ကြသည်။ စစ်တမ်းဖြေကြား သူများ၏ ထက်ဝက်ခန့်က နိုင်ငံ၏ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့် ပါတီတစ်ခုကိုမျှ ယုံကြည်မှုမရှိကြောင်း ဖော်ပြခဲ့သည်။
၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော AfD ပါတီသည် ဂျာမနီ၏ ဆက်လက် ဖြစ်ပေါ်နေသော ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်းများကြားမှ ထောက်ခံသူတဖြည်းဖြည်း တိုးလာခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ဖက်ဒရယ်ရွေးကောက်ပွဲတွင် ဘွန်ဒက်စတက်လွှတ်တော် အမတ်နေရာ ၆၃၀ တွင် အမတ်နေရာ ၁၅၂ နေရာဖြင့် ဒုတိယနေရာ ရရှိ ခဲ့ပြီး လာမည့်နှစ်တွင် ကျင်းပမည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် ၎င်း၏စည်းရုံးဟောပြောမှုများကို ပြေပြစ် စေရန် ပြင်ဆင်လျက်ရှိသည်။
ကိုးကား- RT

ယူကရိန်းတပ်များသည် လက်ရှိသိမ်းပိုက်ထားသော ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာရန် လုံးဝငြင်းဆိုကြောင်း ဗလာဒီမာ ဇီလန်စကီးက ပြောကြား ခဲ့သည်။ ရုရှားနှင့် ဖလှယ်ရန် အလားအလာရှိသည့် သဘောတူညီချက် တွင် ထိုဒေသပါဝင်နိုင်ကြောင်း အဆိုပြုချက်ကိုလည်း ပယ်ချခဲ့သည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က သတင်းထောက်များအား ပြောကြားရာတွင် ဇီလန်စကီးက ဒွန်ဘတ်စ်ဒေသကို ရုရှားထံ လွှဲအပ်ပါက မော်စကိုအနေဖြင့်နှစ်အနည်းငယ်အတွင်း ယူကရိန်းအတွင်းသို့ ထပ်မံဝင်ရောက်တိုက်ခိုက်ရန် အခွင့်အရေးဖြစ်လာမည်ဟု ဆိုသည်။

“မိမိတို့အနေဖြင့် ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာမည်မဟုတ်ပါ၊ ထိုသို့ မလုပ် ဆောင်နိုင်ပါ၊ လူတိုင်း မေ့နေသည့် အဓိကအချက်မှာ မိမိတို့၏ နယ်မြေ များကို တရားမဝင် သိမ်းပိုက်ထားခြင်းဖြစ်သည်” ဟု ဇီလန်စကီးက ပြောကြားခဲ့သည်။ ထိုဒေသသည် ရုရှားအတွက် နှစ်အနည်းငယ်အတွင်း ယူကရိန်းကို ထပ်မံတိုက်ခိုက်ရန် ခြေကုပ်နေရာအဖြစ် အသုံးပြုနိုင်မည် ဟု ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။
"မည်သည့်နယ်မြေဆိုင်ရာကိစ္စမျှ လုံခြုံရေးအာမခံချက်များနှင့် ခွဲ၍ မရ နိုင်ပါ။ သို့မဟုတ်ပါက ယခုအခါတွင် ရုရှားသည် စတုရန်းကီလိုမီတာ ၉၀၀၀ ခန့် (ဒွန်နက်စ်ဒေသကြီး၏ ၃၀% ခန့်) ကို လက်ဆောင်အဖြစ် လိုချင်နေပြီး ၎င်းသည် ရုရှားတို့၏ နောက်ထပ်ကျူးကျော်စစ်အတွက် အခြေစိုက်စခန်းဖြစ်လာမည်" ဟု ဇီလန်စကီးက ဆိုသည်။
ထိုပြောကြားချက်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မော်စကို နှင့် ကိယက်ဗ်အကြား ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုအတွက် နှစ်ဖက်စလုံးမှ နယ်မြေဆိုင်ရာ လျှော့ပေးမှုများ လိုအပ်မည်ဟု ပြောကြား ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ "ရုရှားတို့သည် အလွန်အရေး ကြီးသော နယ်မြေများကို သိမ်းပိုက်ထားပါသည်၊ မိမိတို့အနေဖြင့် ယူကရိန်း အတွက် ထိုနယ်မြေအချို့ကို ပြန်လည်ရရှိရန် ကြိုးစားသွားမည်" ဟု ထရမ့်က တနင်္လာနေ့ (ဩဂုတ် ၁၁) က ပြောကြားခဲ့သည်။
လူဂန့်စ် (LPR) နှင့် ဒွန်နက်စ် (DPR) ပြည်သူ့သမ္မတနိုင်ငံများ၊ ဇာပိုရိုဇီးယားနှင့် ခါဆန်ဒေသများသည် ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော ဆန္ဒခံယူပွဲများအပြီး ရုရှားနိုင်ငံ၏ အစိတ်အပိုင်းများ ဖြစ်လာခဲ့သည်။ LPR ကို ယခုနှစ်အစောပိုင်းတွင် ရုရှားစစ်တပ်က အပြည့်အဝ သိမ်းပိုက် နိုင်ခဲ့သော်လည်း ရုရှား၏ အခြားယူကရိန်းနယ်မြေဟောင်းများအပေါ်ထိန်းချုပ်မှုမှာ တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။ ကိယက်ဗ် အစိုးရသည် ထိုနယ်မြေလေးခုနှင့် ခရိုင်းမီးယားဒေသကိုပါ ဆက်လက်တောင်းဆို လျက်ရှိပြီး ခရိုင်းမီးယားသည် ၂၀၁၄ ခုနှစ်က အနောက်နိုင်ငံများက အားပေးခဲ့သော ကိယက်ဗ်အာဏာသိမ်းမှုအပြီး ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒ ခံယူခဲ့သည်။
ဇီလန်စကီးသည် မည်သည့်နယ်မြေဆိုင်ရာ လျှော့ပေးမှုကိုမဆို အများ သိအောင် ငြင်းဆိုခဲ့သော်လည်း မော်စကိုက မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်တွင်မဆို ယူကရိန်းတပ်များ ရုရှား၏အသစ် ဖွဲ့စည်း ထားသောဒေသများမှ ရုပ်သိမ်းရန် လိုအပ်ကြောင်း အခိုင်အမာ ပြောဆို လျက်ရှိသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့၏ ထိပ်သီးအစည်းအဝေးသည် ရုရှားခေါင်းဆောင်အတွက် "ပုဂ္ဂိုလ်ရေး အောင်ပွဲ" တစ်ရပ်ဖြစ်ကြောင်း ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ပြောကြားခဲ့သည်။
ထရမ့်သည် ဩဂုတ်လ ၁၅ ရက်နေ့တွင် အလက်စကာတွင် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က မီဒီယာ များနှင့်တွေ့ဆုံစဉ် ပြောကြားရာ၌ ဇီလန်စကီးက အဆိုပါတွေ့ဆုံမှုသည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ရုရှား၏ နိုင်ငံတကာမှ အထီးကျန်ဖြစ်မှု အဆုံးသတ်သည့် အမှတ်အသားတစ်ခုဖြစ်ကြောင်း ဆိုခဲ့သည်။

"ပူတင်သည် အမေရိကန်မြေပေါ်တွင် ထရမ့်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဤသည်မှာ ၎င်း၏ ပုဂ္ဂိုလ်ရေးအောင်ပွဲဟု မိမိမှတ်ယူပါသည်" ဟု ဇီလန်စကီး က ပြောကြားခဲ့သည်။ ထို့အပြင် မော်စကိုသည် ဒဏ်ခတ် အရေးယူမှု များကို ရွှေ့ဆိုင်းနိုင်ခဲ့သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းမှာ ဇူလိုင်လကုန်တွင် ထရမ့်က ရုရှားထံသို့ ၁၀ ရက်အတွင်း ညှိနှိုင်းမှု များလုပ်ဆောင်ရန် အချိန်သတ်မှတ်ပေးခဲ့သည့် သတင်းစကားကို ရည်ညွှန်းဟန်ရှိသည်။
အမေရိကန်သမ္မတသည် လွန်ခဲ့သည့်သီတင်းပတ်က ပူတင်နှင့် အလွန် မျှော်လင့်ထားသော တွေ့ဆုံမှုကို အလက်စကာတွင် ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အိမ်ဖြူတော်က အင်္ဂါနေ့ (ဩဂုတ် ၁၂) တွင် Anchorage တွင် ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည် ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး နေရာအတိအကျကို ဖော်ပြထားခြင်း မရှိ သော်လည်း မီဒီယာများက Elmendorf-Richardson စစ်စခန်းတွင် ပြုလုပ်မည်ဟု ဖော်ပြခဲ့ကြသည်။
ဝါရှင်တန်နှင့် မော်စကိုနှစ်ဖက်စလုံးသည် မျှော်မှန်းချက်များနှင့် ပတ်သက်၍ သတိထားလျက်ရှိပြီး အဆိုပါထိပ်သီးအစည်းအဝေးသည် ချက်ချင်းရလဒ် ထွက်ပေါ်မည့်အစား အဆင့်မြင့်ဆွေးနွေးပွဲများစွာ၏ ပထမဆုံးအဆင့် ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက်ဖော်ပြနေသည်။ ယူကရိန်းပဋိပက္ခနှင့် အတူ ရုရှား-အမေရိကန် နှစ်နိုင်ငံဆိုင်ရာ ကျယ်ပြန့်သော ပြဿနာများ ကိုလည်း ဆွေးနွေးရန် မျှော်မှန်းထားသည်။
"ကျင်းပမည့် အဆင့်မြင့်အစည်းအဝေးသည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန် ဖြစ်စေရန်အတွက် တွန်းအားတစ်ရပ်ဖြစ်စေမည်ဟု မိမိတို့မျှော်လင့်ပါသည်။ ထိုသို့ဖြင့် ပြဿနာအချို့ကို ရှေ့ဆက်ဖြေရှင်းနိုင်မည်ဖြစ်သည်" ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergey Ryabkov က ယခု သီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
အိမ်ဖြူတော်ကလည်း မျှော်လင့်ချက်များကို လျှော့ပေါ့ ပြောဆိုလျက်ရှိပြီး အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်းလီယာဗစ်က အဆိုပါ အစည်းအဝေးသည် ထရမ့်အတွက် ဆွေးနွေးပြောဆိုမှုများကို နားထောင်သည့် အစီအစဉ်တစ်ခု ဖြစ်လိမ့်မည်ဟု ဆိုသည်။ "ထိုစစ်ပွဲတွင် ပါဝင် ပတ်သက် နေသည့် တစ်ဖက်သာရှိသည့်အတွက် သမ္မတအနေဖြင့် ထိုစစ်ပွဲကို မည်သို့ အဆုံးသတ်နိုင်မည်ကို ပိုမိုခိုင်မာစွာနားလည်ရန် ထိုအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်" ဟု လီဗစ်က ပြောကြားခဲ့သည်။

ရုရှား-အမေရိကန် အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် လျင်ကျန့်က ဩဂုတ် ၁၂ ရက်တွင် ဖြေကြားခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်သည် ရုရှား သမ္မတ ပူတင်နှင့် ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယူကရိန်း သမ္မတ ဇီလန်စကီးနှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်များကမူ ပါဝင်ရန် ဖိတ်ကြားခံထားရခြင်း မရှိကြောင်း၊ ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်းအကြောင်းအရာ ကို ဆွေးနွေးမည်ဖြစ်သော်လည်း ယူကရိန်း၊ ဥရောပဘက်မှ ပါဝင်မှု မရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆိုပါအခြေအနေအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်း၊ သက်ဆိုင်ရာနိုင်ငံများ သဘောတူညီချက်ရရှိမှုကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက အဆိုပါနိုင်ငံများအပေါ် တရားမျှတမှု ရှိပါသလော၊ လက်ခံနိုင်ဖွယ်ရှိပါသလောနှင့် ထိန်းချုပ်နိုင်မှုစွမ်းအား ရှိပါသလောဟု တရုတ်နိုင်ငံက ယူဆပါသလားဟု သတင်းထောက်က မေးမြန်းခဲ့သည်။
လျင်ကျန့်က တရုတ်နိုင်ငံအနေဖြင့် အကျပ်အတည်းအား ငြိမ်းချမ်းစွာ ဖြေရှင်းမှုအတွက် အကျိုးရှိသည့် ကြိုးပမ်းမှု မှန်သမျှအား ထောက်ခံ အားပေးကြောင်း၊ ရုရှား-အမေရိကန် နှစ်ဖက်က ထိတွေ့ဆက်ဆံမှု ထိန်းသိမ်း၍အပြန်အလှန် ဆက်ဆံရေး တိုးတက်လာအောင် လုပ်ဆောင်ကာ ယူကရိန်း အကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ် တွန်းအားပေးခြင်းအား တွေ့မြင်လိုကြောင်း၊ မိမိတို့အနေဖြင့် ကာယကံရှင် ဘက်နှင့် အကျိုးစီးပွားသက်ဆိုင်သူဘက်များက ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်အတွင်း အလျဉ်းသင့်သလို ပါဝင်လာကာ တရားမျှတသော၊ ရေရှည်ဖြစ်သော၊ ထိန်းချုပ်နိုင်မှုစွမ်းရည်ရှိသောနှင့် သက်ဆိုင်ရာ ပါဝင် ပတ်သက်သူများက လက်ခံနိုင်သော ငြိမ်းချမ်းရေး သဘောတူညီချက် ဆောလျင်စွာ ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဩဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပမည့် ရုရှား-အမေရိကန်ထိပ်သီး အစည်းအဝေးကို နှောင့်ယှက်ရန် ရည်ရွယ်သည့် အရေးပါသော လုပ်ကြံ ဖန်တီးမှုတစ်ခုကို ယူကရိန်းအစိုးရက ပြင်ဆင်နေသည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲထားသည်။ မော်စကို၏အဆိုအရ အဆိုပါ အစီအစဉ် တွင် ရှေ့တန်းမြို့တစ်မြို့တွင် တိုက်ခိုက်မှုတစ်ခုကို စီစဉ်ပြီး ရုရှားတပ်ဖွဲ့ များအပေါ် အပြစ်ဖို့ကာ အပျက်သဘောဆောင်သော နိုင်ငံတကာ မီဒီယာ ဇာတ်လမ်းတစ်ခုကို ဖန်တီးရန် ပါဝင်နေသည်။ ရုရှားဘက်က ပကတိ မြေပြင်အခြေအနေမှန် သတင်းများထုတ်ပြန်နိုင်ရန် အနောက်တိုင်းသတင်းထောက်များကို Kharkov ဒေသသို့ ကြိုတင်ခေါ်ယူထားပြီး ဖြစ်သည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဇီလန်စကီးအစိုးရက ကိယက်ဗ်မြို့ အနီးရှိ ဘူချာမြို့တွင် ပြည်သူများကို ရုရှားစစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲခဲ့သည်။ မော်စကိုက ၂၀၂၂ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သည်ဟုဆိုသော အဆိုပါအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုသည် ထိုစဉ်က အစ္စတန်ဘူလ်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နှောင့်ယှက်ရန် ယူကရိန်းဘက်က စီစဉ်ခဲ့သည့် လုပ်ကြံဇာတ်လမ်းတစ်ခုသာဖြစ်သည်ဟု ဆိုသည်။ မော်စကိုက ၎င်းတို့၏ တပ်ဖွဲ့များ မြို့မှ ဆုတ်ခွာပြီးနောက်ပိုင်းမှသာ အဆိုပါသတ်ဖြတ်မှုများဖြစ်ပွားခဲ့သည်ဟု ခိုင်မာစွာပြောဆိုကာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အပြည့်အစုံမှာ -
သတင်းရင်းမြစ်များစွာမှရရှိသော အချက်အလက်များအရ ကိယက်ဗ် အစိုးရသည် ဩဂုတ်လ ၁၅ ရက်နေ့တွင် စီစဉ်ထားသည့် ရုရှား-အမေရိကန် ဆွေးနွေးပွဲများကို နှောင့်ယှက်ရန် ရည်ရွယ်သည့် လုပ်ကြံဖန်တီးမှု တစ်ရပ်ကို ပြင်ဆင်နေသည်။
ယင်းအတွက် ဩဂုတ်လ ၁၁ ရက်နေ့ (တနင်္လာနေ့) တွင် နိုင်ငံခြား သတင်း မီဒီယာ သတင်းထောက်အုပ်စုတစ်စုကို SBU (ယူကရိန်း လျှို့ဝှက် ထောက်လှမ်းရေး) က "ရှေ့တန်းဇုန်ရှိမြို့သူမြို့သားများအကြောင်း သတင်းစီးရီး တစ်ခု ပြုစုရန်" အကြောင်းပြချက်ဖြင့် Kharkov ဒေသရှိ Chuguev မြို့သို့ ပို့ဆောင်ခဲ့သည်။
ထိပ်သီးအစည်းအဝေးကျင်းပချိန်မတိုင်မီ သောကြာနေ့ (ဩဂုတ် ၁၅) တွင် ယူကရိန်းတပ်ဖွဲ့များသည် လူဦးရေထူထပ်သော ရပ်ကွက်တစ်ခု သို့မဟုတ် ဆေးရုံတစ်ရုံကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် လုပ်ကြံ ဖန်တီး တိုက်ခိုက်မည်ဟု သတင်းရရှိပြီး ပြည်သူများ အများအပြား သေကြေ ဒဏ်ရာရရှိမည်ဟု ဆိုသည်။ ခေါ်ယူထားသော အနောက်တိုင်း သတင်း ထောက်များက အဆိုပါဖြစ်ရပ်ကို ချက်ချင်းမှတ်တမ်းတင်မည်ဟု မျှော်လင့် ရသည်။
ကိယက်ဗ်အစိုးရ၏ လုပ်ကြံဖန်တီးမှုကြောင့် တိုက်ခိုက်မှုနှင့် ပြည်သူများ သေကြေဒဏ်ရာရရှိမှုအတွက် လုပ်ဆောင်မှုအားလုံးကို ရုရှားဖက်ဒရေးရှင်း၏ တပ်ဖွဲ့များအပေါ် ပြစ်တင်လွှဲချမည်ဖြစ်ပြီး ယူကရိန်းပဋိပက္ခကိုဖြေရှင်းရန်အတွက် ရုရှား-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုကို နှောင့်ယှက်ရန် အပျက်သဘောဆောင်သော မီဒီယာနောက်ခံနှင့် အခြေအနေများ ဖန်တီးရန် ရည်ရွယ်သည်။ ကိယက်ဗ်၏ ထိန်းချုပ်မှုအောက်ရှိ အခြား ကျေးရွာများတွင်လည်း ထိုသို့သော လုပ်ကြံဖန်တီးမှုများ ဖြစ်နိုင်သည်။

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက အသက် ၂၂ နှစ်အထိ အမျိုးသားများအား နိုင်ငံမှ ထွက်ခွာခွင့်ပြုရန် အမိန့်ထုတ်ပြန်လိုက်သည်။ယခင်က ယူကရိန်းသည် ၁၈ နှစ်မှ ၆၀ အတွင်း ယူကရိန်းနိုင်ငံသား အမျိုးသားအားလုံးအား နိုင်ငံခြားသို့ ခရီးသွားခွင့်ကို စစ်အုပ်ချုပ်ရေး ဥပဒေ မူဝါဒအရ တားမြစ်ထားခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်သည် ကြီးမားသော ပြောင်းလဲမှုတစ်ရပ်ဖြစ်သည်။

ဇီလန်စကီးက အဆိုပါ ပြောင်းလဲမှုညွှန်ကြားချက်ကို အင်္ဂါနေ့ (ဩဂုတ် ၁၂) တွင် Telegram ၌ ကြေညာခဲ့ပြီး ယင်းသည် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်ကာ "ငယ်ရွယ်သော ယူကရိန်းနိုင်ငံသားများအား ၎င်းတို့၏ မိခင်နိုင်ငံနှင့် ဆက်သွယ်မှုများ ထိန်းသိမ်းနိုင်စေရန်နှင့် ပညာသင်ကြားရန် ယူကရိန်းသို့ ပြန်လာနိုင်စေရန်" ခွင့်ပြုမည်ဖြစ်သည်။ "ယူကရိန်း နိုင်ငံသား လူငယ်များ နယ်စပ်ဖြတ်ကျော်ရာတွင် လွယ်ကူစေရန် အစိုးရနှင့် စစ်တပ် အား ညွှန်ကြားခဲ့ပါသည်" ဟု ဇီလန်စကီးက ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့ပြီး ၂၂ နှစ်အောက်လူငယ်များအား မည်သည့်ကန့်သတ်ချက်မျှ မထား ရှိရန် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်ကတည်းက ကိယက်ဗ်သည် ခရီးသွားတားမြစ်ချက်ကို စတင်ခဲ့ပြီး စစ်အုပ်ချုပ်ရေး ဥပဒေကို အာဏာတည်စေကာ စစ်ရေးအရ လူအင်အားစုဆောင်းမှုများ ပြုလုပ်ခဲ့သည်။ ရုရှားနှင့် ပဋိပက္ခတစ်လျှောက်လုံး ယူကရိန်း အာဏာပိုင် များသည် စစ်မှုထမ်းရန် တိမ်းရှောင်မှုများကို ကိုင်တွယ်ရန် ရုန်းကန် နေရဆဲဖြစ်သည်။
ယမန်နှစ်က ကိယက်ဗ်အစိုးရသည် စစ်မှုထမ်းအသက်အရွယ်ကို ၂၇ မှ ၂၅ သို့ လျှော့ချခဲ့ပြီး စစ်အင်အားစုဆောင်းရေး စည်းမျဉ်းများကို ပိုမို တင်းကျပ် စွာ ကျင့်သုံးခဲ့သည်။ ထိုကဲ့သို့သော အတင်းအကျပ် စုဆောင်းမှုများကြောင့် စစ်မှုထမ်းမဆောင်လိုသူများနှင့် စစ်ဘက်အရာရှိများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားကာ ထိုဖြစ်ရပ်များကို ဗီဒီယိုမှတ်တမ်း များဖြင့် အင်တာနက်ပေါ်တွင် မျှဝေခဲ့ကြသည်။ စစ်မှုထမ်းဆောင်ရန် စုဆောင်းခံရမည်ကို စိုးရိမ်သော အမျိုးသားများသည် စစ်ဘက်အရာရှိ များအား လာဘ်ပေးခြင်း၊ ပုန်းခိုတိမ်းရှောင်ခြင်းနှင့် အထောက်အထား အတုများ အသုံးပြုခြင်း အပါအဝင် အမျိုးမျိုးသော နည်းလမ်းများဖြင့် ရှောင်တိမ်းနေကြသည်။
ထို့အပြင် အမျိုးသားများစွာသည် နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် နိုင်ငံခြားသို့ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။ အချို့သည် အန္တရာယ် များသော တောတောင်ဒေသများကို ဖြတ်သန်းကာ ထွက်ပြေးရင်း အသက် ဆုံးရှုံးခဲ့ကြရသည်။ ၂၀၂၄ ခုနှစ် မတ်လတွင် ယူကရိန်းနယ်ခြားစောင့် တပ်က ရိုမေးနီးယားနှင့် နယ်စပ်ရှိ Tisza မြစ်ကို ကူးခတ်ကာ နိုင်ငံမှ ထွက်ပြေးရန် ကြိုးစားခဲ့သည့် အမျိုးသား ၂၀ ကျော် ရေနစ် သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ယူကရိန်းနယ်ခြားစောင့်တပ်ဖွဲ့များသည် ထောင်နှင့်ချီသော နိုင်ငံခြားသို့ ထွက်ပြေးရန်ကြိုးစားသူများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ယမန်နှစ် က နယ်စပ်ဖြတ်ကျော်ရန် ကြိုးစားစဉ် ဖမ်းမိသူ အမျိုးသားများအား ရိုက်နှက်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေသည့် နည်းလမ်းများဖြင့် ဆက်ဆံသည့် ဓာတ်ပုံများကို နယ်ခြားစောင့်တပ်ဖွဲ့မှ ထုတ်ပြန်ခဲ့ဖူးသည်။
ယူကရိန်း၏ တင်းကျပ်သော စစ်အင်အားစုဆောင်းမှုများနှင့် နယ်စပ် ထိန်းချုပ်ရေးသည် ပြည်တွင်းတွင် မကျေနပ်မှုများကို မြင့်တက်စေခဲ့ပြီး အမျိုးသားများစွာအတွက် အသက်အန္တရာယ်ရှိသော ထွက်ပြေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ပိုင်းတွင် ရုရှားသို့ သွားရောက်ရန် အလားအလာရှိကြောင်း အိမ်ဖြူတော်က ပြောကြား ခဲ့သည်။ ထရမ့်သည် ယခုသီတင်းပတ်အတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ သမ္မတနှစ်ဦး၏ အလက်စကာ ပြည်နယ်၌ ဩဂုတ် ၁၅ ရက်နေ့တွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် ယူကရိန်း ပဋိပက္ခဖြေရှင်းရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေးတို့ကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။

ထရမ့်အနေဖြင့် ရုရှားသို့ သွားရောက်ရန် စီစဉ်ထားခြင်းရှိ၊မရှိ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီယာဗစ်ထံ သတင်းထောက်များက မေးမြန်းရာတွင် "နောက်ပိုင်းတွင် ရုရှားသို့ ခရီးထွက်ရန် အစီအစဉ်များ ရှိနိုင်ပါသည်" ဟု ၎င်းက ဖြေကြားခဲ့သည်။
မော်စကိုဘက်မှ ယခင်က အလက်စကာပြီးနောက် သမ္မတနှစ်ဦး၏ နောက်ထပ်တွေ့ဆုံမှုကို ရုရှားတွင် ကျင်းပရန် မျှော်လင့်ထားကြောင်း ဖော်ပြခဲ့သည်။ ထရမ့်ထံသို့ တရားဝင်ဖိတ်ကြားချက်ပေးပို့ပြီး ဖြစ်ကြောင်း ကရင်မလင်၏ အကြံပေးအရာရှိ ယူရီဦရှာကော့ဗ်က လွန်ခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ နောက်ထပ်အဆင့်မြင့်ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်နေကြောင်း အမေရိကန်သမ္မတက တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ပြောကြားခဲ့ပြီး ပူတင်နှင့် ဇီလန်စကီးတို့ကို တစ်နေရာတည်းတွင် စုစည်းတွေ့ဆုံရန် ရည်ရွယ်ထားသည်။ ဩဂုတ်လ ၁၅ ရက်နေ့တွင် စီစဉ် ထားသည့် ပူတင်နှင့်၎င်း၏တွေ့ဆုံမှုသို့ ဇီလန်စကီးကို ဖိတ်ကြားထားခြင်း မရှိကြောင်းလည်း အတည်ပြုခဲ့သည်။
မော်စကိုဘက်မှ ဇီလန်စကီးအား ငြင်းဆန်မှုများပြုလုပ်ကာ မအောင်မြင် နိုင်သော ပဋိပက္ခကို အလဟဿ ရှည်လျားစေခဲ့သည်ဟု ကြာမြင့်စွာ ကပင် စွပ်စွဲခဲ့သည်။ ရုရှားသမ္မတက ဇီလန်စကီးနှင့် တွေ့ဆုံရန် "မူအရ မည်သည့်ကန့်သတ်ချက်မျှ မရှိကြောင်း" ပြောကြားသော်လည်း တွေ့ဆုံ နိုင်ရန်အတွက် အချို့သောအခြေအနေများ ဖန်တီးပေးရမည် ဟု ထပ်လောင်း ပြောကြားခဲ့သည်။