သတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနား တက်ရောက်

ရန်ကုန် ဩဂုတ် ၁၂

အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ဇနီး၊ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီး၊ အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဆီမီးထွန်းညှိပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ယင်းနောက် အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ဒုတိယသံအမတ်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုအဖွဲ့အား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်းပေးအပ်ကြသည်။

ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ အား အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီးတို့က ညစာဖြင့် တည်ခင်းဧည့်ခံကြသည်။

အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များ၊ အိန္ဒိယနွယ်ဖွားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

MOI

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေး ကျင်းပ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၁၂

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ တက်ရောက်ကြသည်။

အောင်မြင်အောင် ဆောင်ရွက်

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ ထွက်ပေါ်လာသည့် အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်အောင်ဆောင်ရွက်ပေးရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး မဲစာရင်းများ မှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် ပါဝင်သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းကိုလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်သကဲ့သို့ မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူခြင်းနှင့် နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များရယူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း။

ဥပဒေနှင့်ညီညွတ်ရန်အရေးကြီး

ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ရန်ဖြစ်ကြောင်း၊ လွှတ်တော်မှနေ၍ သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတမှ တာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ပြီး အစိုးရအဖွဲ့တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးကြောင်း။

ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ အခြားနိုင်ငံများတွင်လည်း ထိုသို့သတ်မှတ်ထားခြင်းမရှိဟု လေ့လာသိရှိရကြောင်း၊ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ ရွေးကောက်ပွဲကျင်းပရာတွင် ၅၀ ရာခိုင်နှုန်းအောက် မဲပေးခဲ့သည့်နိုင်ငံများလည်း ရှိသကဲ့သို့ အများစုမှာ ၅၀ ရာခိုင်နှုန်းအထက် ဆန္ဒမဲပေးကြသည်ကို လေ့လာတွေ့ရှိရကြောင်း။

လွှတ်တော်အစည်းအဝေးအထမြောက်ရန်အတွက် လိုအပ်သည့်ကိုယ်စားလှယ်များရရှိရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၈၅) တွင် ပထမဆုံးလွှတ်တော်အစည်းအဝေးကျင်းပရာ၌ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်ပါက အစည်းအဝေးအထမြောက်မည်ဟုဖော်ပြပါရှိကြောင်း၊ အထမမြောက်ပါက ဒုတိယအကြိမ်အစည်းအဝေး၌ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များအနက် အနည်းဆုံး သုံးပုံတစ်ပုံတက်ရောက်ပါက ဒုတိယအကြိမ်အစည်းအဝေးအထမြောက်သည်ဟု ဖော်ပြ ပါရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်အစည်းအဝေးကျင်းပချိန်တွင် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေး မိမိတို့အနေဖြင့် ရွေးကောက်ပွဲဆောင်ရွက်နိုင်သည့် မြို့နယ်များအားလုံး၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မဲပေးခွင့်ရှိသူပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်နေရသည့် မဲဆန္ဒရှင်များလည်း ကြိုတင်မဲများဖြင့် ဆန္ဒမဲများပေးအပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့်နေရာတွင် ရောက်ရှိနေသည့် ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်များ မဆုံးရှုံးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

စိစစ်ကြပ်မတ်သွားရန်လို

ရွေးကောက်ပွဲကျင်းပချိန်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကိုလည်း မဲစည်းရုံးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပါတီရုံးဖွင့်ခွင့်များ ရရှိရေး၊ ပါတီဝင်ခွင့်ရှိသူများ ပါတီဝင်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန်လိုသကဲ့သို့ ပါတီ ၂ ပါတီ၊ ၃ ပါတီထပ်၍ ပါတီဝင်များ ဖောင်းပွမှုမရှိစေရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက စိစစ်ကြပ်မတ် သွားရန်လိုကြောင်း။

လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍လည်း စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ချိန်တွင် ၎င်းတို့၏လုံခြုံရေးအတွက် မိမိတို့အနေဖြင့် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်များအလိုက် ဆန္ဒမဲပေးနိုင်ရေး လုံခြုံရေးအရ အာမခံချက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ရွေးကောက်ပွဲဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှု မရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်အပေါ် ထောက်ခံအားပေးသည့်၊ အပြုသဘောဆောင်သည့်နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲအပေါ် စောဒကတက်သည့်နိုင်ငံများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲမသမာမှု မရှိစေရေးအတွက်လည်း မြန်မာအီလက်ထရောနစ်မဲပေးစက်များကို ငွေကြေးအကုန်အကျခံ၍ ဆောင်ရွက်ထားခြင်းဖြစ်ပြီး မည်ကဲ့သို့သော မသမာမှုမျိုးမျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲတွင်ပါဝင်မည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့်ကာလအထိ လုံခြုံစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ကာကွယ်ပေးမှုများကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။

သုတေသနပြုလုပ်အဖြေရှာ

နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်နေမှုများနှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့်ဟန့်တားကာကွယ်မှုများ ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ကျူးလွန်သူများကိုလည်း ဝိုင်းဝန်းပူးပေါင်းဖော်ထုတ်ရမည်ဖြစ်ပြီး တရားစီရင်ရေးကဏ္ဍအနေဖြင့်လည်း အမြန်ဆုံးတရားစီရင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သာမန်အမှုအခင်းမျိုးမဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ၏ လုံခြုံရေးကို ထိခိုက်စေမည့် ကျူးလွန်မှုဖြစ်သဖြင့် ထိရောက်သည့် တရားစီရင်မှုများဖြင့် အမြန်ဆုံးတရားစီရင်နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း။

ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ စာရင်းများအရ တစ်နိုင်ငံလုံးတွင် လက်ရှိကျောင်းတက်ရောက်နေသူ ဦးရေ ၇ သန်းကျော်ခန့်ရှိသည်ဟုသိရှိရကြောင်း၊ ယခင်နှစ်က ဖွင့်လှစ်သင်ကြားခဲ့သည့် စာသင်ကျောင်းများအနက် ယခုနှစ်တွင် မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိသကဲ့သို့ ယခင်နှစ်တွင် ဖွင့်လှစ်နိုင်မှုမရှိခဲ့သည့် ကျောင်းများအနေဖြင့် ယခုနှစ်တွင် ဖွင့်လှစ်နိုင်သည်များလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိဖွင့်လှစ်သင်ကြားနေသည့် ကျောင်းများအား သဘာဝဘေးအန္တရာယ်ကြောင့် မဖြစ်မနေပိတ်ရသည်မှအပ ကျောင်းပိတ်ရခြင်းများမရှိစေရေး အလေးထားအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့်အတိုင်း ပညာရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် စာရင်းဇယားများကို ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးအနေဖြင့် ကျောင်းတက်ရောက်သူဦးရေမပြည့်မီခြင်း၊ တန်းစဉ်ကူးပြောင်းမှုအားနည်းခြင်းများကို တွေ့မြင်ရကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပညာရေးအားနည်းလာမှုအပေါ် သုတေသနပြုလုပ်အဖြေရှာသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့်လည်း ပညာရေးအားကောင်းလာစေရန် အထူးအလေးပေးဆောင်ရွက်သွားရန် လိုအပ်မည်ဟု ပြောကြားလိုကြောင်း။

တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည်

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ လတ်တလောကာလအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှုများ ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများရှိ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများမှ ကောက်ခံရရှိနေသည့် ဆက်ကြေးများဖြင့် ၎င်းတို့အင်အားကို ပိုမိုတည်ဆောက်လာမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက်တိုက်ဖျက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်နေမှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါကလည်း တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများကြောင့် နိုင်ငံတော်၏ စီးပွားရေးပျက်ခဲ့ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ရှိ အဖိုးတန်သယံဇာတများကို မှောင်ခိုလမ်းကြောင်းများမှ ခိုးထုတ်ပြီး တရားမဝင်ကုန်စည်များကို ခိုးသွင်းခြင်းများ ဆောင်ရွက်ခဲ့ကြသဖြင့် စီးပွားရေးအားကောင်းလာမှုမရှိခြင်းဖြစ်ကြောင်း၊ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကုန်ထုတ်လုပ်မှုရှိမှသာလျှင် နိုင်ငံ့စီးပွားရေးသည်လည်း အစဉ်အားကောင်းနေနိုင်မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ

ထို့နောက် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြိုနယ်များ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပနိုင်မည့်အခြေအနေသုံးသပ်ချက်၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ဖြန့်ခွဲအသုံးပြုနိုင်မှု၊ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နှစ်အလိုက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ နှိုင်းယှဉ်ချက်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့များဖွဲ့စည်းထားရှိမှု၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သွားမည့်အစီအမံများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) က တိုင်းစစ်ဌာနချုပ်များနှင့် နယ်မြေအလိုက် စစ်ဆင်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မြို့နယ်များအလိုက် ရွေးကောက်ပွဲများ ပိုမိုတိုးချဲ့ကျင်းပနိုင်ရေး နယ်မြေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ပမဲဆန္ဒရှင်များအတွက် ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ လေ့လာဆန်းစစ်ချက်များအရ ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံတွင် ကြိုတင်မဲပေးခွင့်ပြဋ္ဌာန်းချက်မရှိသည့်နိုင်ငံ ၁၂၃ နိုင်ငံရှိပြီး နိုင်ငံပေါင်း ၇၀ တွင် ကြိုတင်မဲပေးခြင်းစနစ် လက်ခံကျင့်သုံးလျက်ရှိမှု၊ ထိုနိုင်ငံ ၇၀ အနက် ၅၄ နိုင်ငံတွင် ပြည်တွင်းနှင့် ပြည်ပ ကြိုတင်မဲနှစ်မျိုးလုံးခွင့်ပြုပြီး ၁၆ နိုင်ငံတွင် ပြည်တွင်းကြိုတင်မဲသာခွင့်ပြုထားမှု၊ ထိုသို့ကြိုတင်မဲပေးခွင့်ပြုရာတွင်လည်း နိုင်ငံ ၁၅ နိုင်ငံကသာ မဲဆန္ဒရှင်များအားလုံးကို လွတ်လပ်စွာ ကြိုတင်မဲပေးခွင့်ပြုထားပြီး ကျန်နိုင်ငံ ၅၅ နိုင်ငံတွင် ကြိုတင်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်အမျိုးအစားများကို သီးခြားသတ်မှတ်ထားမှုများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ EAO များ၏ လှုပ်ရှားမှုများ၊ တပ်မတော်အနေဖြင့် စစ်ဆင်ရေးနှင့်လုံခြုံရေးဆိုင်ရာများတွင် တိုးတက်မှုများရရှိအောင် ဆောင်ရွက်နိုင်မှုများ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းများ၊ တရားမဝင်လုပ်ငန်းများ နှိမ်နင်းရေး ဆောင်ရွက်မှုများကို တပ်မတော်နှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အထွေထွေဆွေးနွေး

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အစိုးရအဖွဲ့ဝန်ကြီးဌာနများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ပညာရည်မြှင့်တင်ရေးဆောင်ရွက်သွားမည့်အခြေအနေများ၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ပို့ဆောင်နေမှုအခြေအနေများ၊ ရွေးကောက်ပွဲနည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အသုံးပြုမှုနှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်စေရေး မီဒီယာများမှ အသိပညာ ပေးလျက်ရှိမှု၊ ဆန္ဒမဲပေးခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲပေးကြစေရေး၊ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်မှသာ ပြည်သူများ လိုလားတောင့်တလျက်ရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်မည့်အခြေအနေများအား အများပြည်သူသိရှိအောင် ဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဖြည့်စွက်မှာကြား

တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့နယ်များ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ရမည့်စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည့်အခြေအနေများနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှု၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံရေးပါတီများ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ပါတီရုံးများလုံခြုံရေး၊ ရပ်ကွက်အလိုက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အရည်အချင်းရှိသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး ဆောင်ရွက်သွားရန်ကိစ္စရပ်များ၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မီဒီယာများမှ စည်းရုံးလှုံ့ဆော်ခြင်းနှင့် ပညာပေးမှုများဆောင်ရွက်သွားရမည့်အခြေအနေများ၊ ဒီမိုကရေစီစနစ်ကို လိုလားသူများအနေဖြင့် ရွေးကောက်ပွဲဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အားပေးထောက်ခံမှုများကို မြှင့်တင်ဆောင်ရွက်ပေးသွားရမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဖြည့်စွက်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့် အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေး အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လာနိုင်မည်ဖြစ်သကဲ့သို့ ထိုးနှက်မှုများကိုလည်း လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှုစသည်တို့ဖြင့် တစ်ဖက်လှည့်ထိုးနှက်မှုများ လုပ်ဆောင်လာနိုင်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့်အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုထက်ပိုမို၍ ထိထိရောက်ရောက် တိုက်ဖျက်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။

အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန်လိုကြောင်း၊ ပိုက်စိပ်တိုက်သတင်းရယူဖော်ထုတ်၍ တရားဥပဒေနှင့်အညီ နှိမ်နင်းသွားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မြေပြင်အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများနှင့် အတူတကွပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတို့နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အလေးထားကိုင်တွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မိမိတို့ကော်မရှင်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုနိုင်ရန်၊ ထိရောက်စွာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်များအားလုံးအနေဖြင့် လုပ်ငန်းရပ်များအားလုံး အောင်မြင်စေရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးမှ အစဉ်တစိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၁၀၀ နှင့် အမျိုးသမီးလေးဦး စုစုပေါင်း ၁၀၄ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများ ကျူးလွန်ခြင်း၊ အနေအစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ် ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား ၉၀ နှင့် အမျိုးသမီးနှစ်ဦး၊ NH PDF အဖွဲ့ဝင် အမျိုးသားသုံးဦး၊ KIA အဖွဲ့ဝင် အမျိုးသားတစ်ဦး၊ ကျောက်ဆည် PDF အဖွဲ့ဝင် အမျိုးသားတစ်ဦး၊ မိုးကုတ် PDF အဖွဲ့ဝင် အမျိုးသားတစ်ဦး၊ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၊ ပင်းတယမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသားနှစ်ဦး၊ နမ့်ဆန်မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသားတစ်ဦးနှင့် မိုးမိတ်မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသားတစ်ဦး၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်းမှ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၁၀၄ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။

ဦးစွာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် Type-81 အမျိုးအစား သေနတ် တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည်တောင့် ၃၀၊ Type-82 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၎င်းကျည်တောင့် ၂၁၀ ၊ MA-3 တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး တာဝန်ရှိသူများက သေနတ်တစ်လက်လျှင် ဆုကြေးငွေကျပ် သိန်း ၅၀ နှုန်းဖြင့် သေနတ်သုံးလက်အတွက် ငွေကျပ်သိန်း ၁၅၀ နှင့် လက်ပစ်ဗုံးတစ်လုံးလျှင် ဆုကြေးငွေကျပ် ၃ သိန်းနှုန်းဖြင့် လက်ပစ်ဗုံး ၁၂ လုံးအတွက် ငွေကျပ် ၃၆ သိန်း စုစုပေါင်းငွေကျပ် ၁၈၆ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။

ယင်းနောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေး ကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း အခုကဲ့သို့ ကြားသိရပါသည်-

အမျိုးသမီး

ကျွန်မက ခရီးသွားရင်းနဲ့ ကျွန်မဦးလေးက စစ်သားဆိုတော့မှ ကျွန်မကို ဖမ်းတာပေါ့။ ဖမ်းပြီးတော့မှ နင့်ဦးလေးက စစ်သား နင် PDF ထဲဝင်မှာလား။ မဝင်ရင် နင့်မိသားစုကို တစ်ခုခုလုပ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာပေါ့။ ခြိမ်းခြောက်ပြီးတဲ့အခါကျတော့ မိသားစုကိုတော့ မလုပ်ပါနဲ့။ ကျွန်မပဲ အဲဒီအထဲ ဝင်မယ်ဆိုပြီးတော့မှ အနစ်နာခံပြီးတော့ အဲဒီအထဲဝင်သွားခဲ့တယ်။ ဝင်ပြီးတော့ အဲဒီမှာ သင်တန်းတွေ အတင်းတက်ခိုင်းတယ်။ တက်ခိုင်းပြီးတော့မှ သင်တန်းမှာ သင်တန်းဆင်းရင်းနဲ့ မူးလဲတာတောင်မှ ဘာမှမလုပ်ပေးဘူး။ မထူနဲ့ဘာညာ အဲဒီလိုမျိုးပြောတယ်။ ပြီးတော့ ထမင်းစားရတာကျတော့လည်း အဆင်မပြေဘူး။ တစ်နေ့ကိုမှ နှစ်နပ်ပဲ ကျွေးတယ်။ ပြီးတော့ ထမင်းက လည်း အချိန်နဲ့စားရတာဆိုတော့ စားရတာ အဆင်မပြေဘူး။   ပြီးတော့ တစ်ခါတလေကြရင် ထမင်းသိုးတွေဘာတွေ စားရတာ။ သင်တန်းဆင်းပြီးတဲ့အခါကြတော့လည်း အဲဒီမှာနေပြီးတော့မှ ထမင်းတွေဘာတွေ ချက်ခိုင်းတယ်။ အလုပ်တွေ ဘာတွေ လုပ်ခိုင်းတယ်။ ပြီးတော့ တခြား နယ်တွေမှာ သူတို့ ရန်ပုံငွေရဖို့အတွက် မဲတွေဘာတွေ လိုက်ရောင်းခိုင်းတယ်။ တစ်နေကုန်လိုက်ရောင်းပြီး ပြန်လာတယ်။ ပြီးလို့ရှိရင် အဲဒီမဲကို သူတို့က ဖောက်ပေးလားဆို မဲလည်း မဖောက်ပေးဘူး။ အဲဒီရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်တယ်။ အဲဒီလုပ်ရပ်တွေကိုလည်း ကျွန်မတို့က မကြိုက်ဘူး။ ပြီးတဲ့အခါကျတော့ ကင်းတွေ ဘာတွေလည်း စောင့်ရတယ်။ ကင်းတွေဘာတွေ စောင့်လို့ရှိရင်လည်း အရမ်းအေးတယ်။ အရမ်းအေးလို့ရှိရင် သူတို့က စောင်တွေဆိုလည်း လုံလုံလောက်လောက် မပေးဘူး။ ကျွန်မတို့ အဝတ်အစားတွေ၊ အနွေးထည်တွေမရှိဘူး။ အဲဒီလို မျိုးထားတယ်။ ပြီးလို့ရှိရင် ထမင်းစားရင်လည်း ဟင်းက မကောင်းဘူး။ အဲလိုမျိုးထားတယ်။ ပြီးတော့ အဲဒီလိုပဲ ဟင်းပေါ့ အဲလိုမျိုးတွေနဲ့ စားရတယ်။ အဲလို သူတို့ရဲ့လုပ်ရပ်တွေပေါ့။ သူတို့ရဲ့ အခုပိုက်ဆံ အလွဲသုံးစားလုပ်နေမှုတွေ၊ တခြားလုပ်ရပ်တွေပေါ့။ သူများဟာတွေကို အနိုင်ကျင့်နေမှုတွေ၊ သူများပိုက်ဆံတွေကို လိမ်ပြီးတော့မှ ပြည်သူ့အတွက် လုပ်နေပါတယ်ဆိုပြီးတော့မှ အဲလိုမျိုးတွေ ပြောနေတာပေါ့။ အဲဒီလိုမျိုးတွေကိုလည်း ကျွန်မတို့မကြိုက်တဲ့အတွက် အဲ့ထဲကနေ ထွက်ပြေးပြီးတော့ ဒီဘက်ကို အလင်းလာဝင်ခြင်းဖြစ်ပါတယ်။ အခုကျန်ရှိနေတဲ့ အဖွဲ့သားတွေ၊ ကျန်တဲ့သူတွေရော ကျွန်မတို့လို အနိုင်ကျင့်ခံရတာကို ပြီးတော့ အတင်းအဓမ္မ ခေါ်ခံရတာမျိုးတို့ ရှိတဲ့သူတွေလည်း ရှိကြတယ်။ အဲ့လိုရှိတဲ့သူတွေလည်း တပ်မတော်ဘက်က အလင်းဝင်တဲ့သူတွေကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ ကျွန်မကိုလည်း တပ်မတော်က အလင်းဝင်တဲ့အတွက် ဘာမှမလုပ်ဘူး။ ကောင်းကောင်းမွန်မွန်ပဲထားတယ်။ ကောင်းကောင်းမွန်မွန်ပဲ မိဘလက်ထဲပြန်အပ်တယ်။ အဲတာကြောင့်မို့ ကျန်ရှိနေတဲ့သူတွေကိုလည်း တပ်မတော်ထဲမှာ အမှားကိုသိပြီး အမှန်ကို ပြန်ပြင်နိုင်အောင်လို့ တပ်မတော်ထဲကို အလင်းဝင်ပါလို့ ကျွန်မက ပြောချင်ပါတယ်။

အမျိုးသား

အကြမ်းဖက် TNLA ထဲ ရောက်လာတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ရွာကို လာပြီးတော့ အဓမ္မအတင်းဆွဲခေါ်တာပေါ့။ တချို့က မင်းတို့မလိုက်ရင် မင်းတို့မိဘကို ခေါ်သွားမယ်၊ အိမ်တွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပါတယ်။ ဒါကြောင့် မိသားစုကို ငဲ့ပြီးတော့ ကျွန်တော် အဲဒီအဖွဲ့ထဲကို ရောက်သွားပါတယ်။ အဲဒီမှာ အစားလည်း ဆင်းရဲတယ်။ အနေလည်း ဆင်းရဲတယ်။ ဆေးဝါးလည်း မပြည့်စုံဘူး။ လေ့ကျင့်ခန်းလည်း ကြမ်းကြမ်းတမ်းတမ်းလည်း လုပ်ရတယ်။ အသက်ကြီးပိုင်းတွေဆိုရင် လေ့ကျင့်ခန်းမလုပ်နိုင်ရင် ရိုက်တယ်။ ဆူတယ်၊ ကန်တယ်၊ ရေထဲစိမ်တယ်။ တချို့ဆို မူးလဲတယ်။ ပြန်မထူခိုင်းဘူး ဒီအတိုင်းပဲ ထားခိုင်းတယ်။ တချို့ဆိုရင် နေပူလှန်းလို့ လှုပ်ရင် သေနတ်တွေနဲ့ ခြိမ်းခြောက်တာပေါ့။ မင်းတို့ကို ပစ်သတ်လို့ရတယ်။ ငါတို့အဖွဲ့အစည်းမှာ လူသတ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ တချို့ထွက်ပြေးတဲ့ ရဲဘော်တွေလည်းရှိတယ်။ သင်တန်းကွင်းမှာ စိတ်ပင်ပန်းလို့ ပြန်မိရင် ရိုက်တယ်၊ နှက်တယ်၊ ထုတယ်။ မင်းတို့ဘာကြောင့်ထွက်ပြေးတာလည်းလို့ မေးတယ်။ မင်းတို့အာဏာရှင်တိုက်ထုတ်ဖို့ ဝင်လာတာမဟုတ်ဘူးလားလို့ မေးတယ်။ ကျွန်တော်တို့အမြင်မှာတော့ ဒီသင်တန်းကွင်းမှာ လေ့ကျင့်ခန်းလုပ်ခိုင်းတာ အာဏာရှင်ထက် ဆိုးနေတာပေါ့။ ရိုက်တယ်၊ ကြမ်းတယ်ပြောတော့ အာဏာရှင် မကြိုက်ဘူးလေး ဘာလေးနဲ့ တကယ်တမ်းအာဏာရှင်က သူတို့ဖြစ်နေတယ်။ TNLA အဖွဲ့နဲ့ DPLA အဖွဲ့မှာဆိုရင် ဒီအဖွဲ့အစည်း လည်း သိပ်မရှိတော့ဘူးပေါ့နော်။ အလင်းဝင်ချင်တဲ့သူတွေလည်း ရှိတယ်။ ထွက်ပြေးလွတ်မြောက်တဲ့ ရဲဘော်တွေလည်း ရှိတယ်။ တပ်မတော်ထဲ အလင်းဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ တပ်မတော်က ညှဉ်းပန်းနှိပ်စက်တာတွေမရှိဘူး။ သူတို့ပြောခဲ့သမျှဟာတွေ ဘာမှမဟုတ်ဘူး။ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ရှေ့ဆက်ပြီး အလင်းဝင်ပြီးတော့ ကျွန်တော်တို့ ကျောင်းတက်ချင်တဲ့ ရဲဘော်တွေလည်း ကျောင်းနေလို့ရတယ်။ မိဘနဲ့ လွတ်လွတ်လပ်လပ် နေအိမ်မှာ တောင်ယာလုပ်စားချင်လည်း ရတယ်။ ဘာမှကြောက်စရာ မလိုဘူး။ အေးအေးဆေးဆေး ဖော်ဖော်ရွေရွေပဲ အစားအသောက်ကောင်းလည်း ကျွေးတယ်။ ဒါကြောင့်မို့ အလင်းဝင်ရောက်ဖို့ရာ ဖိတ်ခေါ်ပါတယ်။

EU က ရုရှားကို (၁၉) ကြိမ်မြောက် ဒဏ်ခတ်မှုအစီအစဉ် စတင်ရန် ပြင်ဆင်

EU ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Kaja Kallas က EU သည် ရုရှား အပေါ် (၁၉) ကြိမ်မြောက် ဒဏ်ခတ်မှု အစီအစဉ်ကို စတင် ဆောင်ရွက် မည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယူကရိန်းပဋိပက္ခနှင့် ပတ်သက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မော်စကိုအား မည်သည့်လျှော့ပေါ့မှုမျှ မပြုလုပ်သင့်ကြောင်း သတိပေးခဲ့သည်။ 

Kallas သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ အလက်စကာတွင် ဩဂုတ် ၁၅ ရက်နေ့၌ ကျင်းပ မည့် ဆွေးနွေးပွဲမတိုင်မီ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် အရေးပေါ်ညီလာခံခေါ်ယူပြီးနောက် ဩဂုတ် ၁၁ ရက်နေ့က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "ရုရှားက အပြည့်အဝ ကန့်သတ်ချက် မရှိသော စစ်ပြေငြိမ်းရေးကို သဘောတူညီချက်မချမှတ်သရွေ့ မိမိတို့အနေဖြင့် မည်သည့်လျှော့ပေါ့မှုကိုမျှ ဆွေးနွေးစရာပင် မလိုအပ်ပါ" ဟု Kallas က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး “Transatlantic unity” ကို ဖော်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

"အဆင့်ဆင့်လုပ်ဆောင်ရန် အရေးကြီးပါသည်။ ပထမဦးစွာ ကန့်သတ်ချက် မရှိသော စစ်ပြေငြိမ်းရေး၊ သေချာသည့် စောင့်ကြည့်စနစ်နှင့် ခိုင်မာသည့် လုံခြုံရေးအာမခံချက်များရရှိရန် လိုအပ်သည်" ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ပြီး EU အနေဖြင့် (၁၉) ကြိမ်မြောက် ဒဏ်ခတ်မှု အစီအစဉ် ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားဆန့်ကျင်ရေး ခက်ထန်သည့်သဘောထားနှင့် လူသိများသော အက်စတိုးနီးယားဝန်ကြီးချုပ်ဟောင်း Kaja Kallas ၏ ထုတ်ပြန်ချက် သည် EU အဖွဲ့ဝင်နိုင်ငံများအကြား သီတင်းပတ်များစွာ အပြန်အလှန် ဆွေးနွေး ပြီးနောက် ရုရှားကို (၁၈) ကြိမ်မြောက် ဒဏ်ခတ်မှု သဘောတူညီချက် ရရှိပြီးနောက် တစ်လအတွင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ 

Kallas က ယခင်ဒဏ်ခတ်မှုများကို ရုရှားအပေါ် အပြင်းထန်ဆုံး ဒဏ်ခတ်မှု အစီအစဉ်များထဲမှ တစ်ခုအဖြစ်ဖော်ပြခဲ့ပြီး ၎င်းတွင် ရုရှား၏ဘဏ် လုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများကို ပစ်မှတ်ထားခဲ့သည်။ ထို့အပြင် EU သည် Shadow fleet ဟုခေါ်သော ရုရှားရေနံကို EU ၏ ပိတ်ဆို့မှုများကို ရှောင်ရှားရန် သယ်ယူသည်ဟုဆိုသည့် သင်္ဘောများစာရင်းတွင် နောက်ထပ် သင်္ဘော (၁၀၅) စီးကို ထည့်သွင်းခဲ့သည်။

ထိုပိတ်ဆို့မှုများကို မော်စကိုက ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က "ထိုကဲ့သို့သော တစ်ဖက်သတ် ပိတ်ဆို့မှုများကို တရားမဝင်ဟု မိမိတို့ မကြာခဏ ပြောခဲ့ပါသည်" ဟု ပြောကြားခဲ့သည်။ Peskov က ရုရှားသည် "အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိပြီး" ဒဏ်ခတ်မှုများအောက်တွင် လုပ်ငန်းလည်ပတ်နိုင်ရန် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားပြီဖြစ်ကြောင်း၊ တစ်ဖက်သတ် ပိတ်ဆို့မှုများသည် နှစ်ဘက်စလုံးကိုထိခိုက်နိုင်သည့် လုပ်ရပ်များဖြစ်ပြီး မော်စကိုအတွက်သာမက ဒဏ်ခတ်သူများအတွက်ပါ ဆိုးကျိုး သက်ရောက်မှု များ ဖြစ်စေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

နယ်မြေလွှဲပေးရေးအပေါ် ဇီလန်စကီး၏ သဘောထားပျော့ပျောင်းလာ

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် ရုရှားနှင့် ဖြစ်နိုင်ခြေ ရှိသော ပဋိပက္ခဖြေရှင်းရေးတစ်စိတ်တစ်ပိုင်းအနေဖြင့် နယ်မြေ လွှဲပေးရန် နှင့် လက်ရှိရှေ့တန်းစစ်မျက်နှာများကို ရပ်တန့်ရန် သဘောတူ နိုင်ကြောင်း Daily Telegraph သတင်းစာက တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် အရင်း အမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ ၎င်းသည် ယခင်သီတင်းပတ် များအတွင်းက နယ်မြေစွန့်လွှတ်ရေးနှင့်ပတ်သက်၍ အတိအလင်း ငြင်းဆို ခဲ့သည်။

အဆိုပြုထားသော သဘောတူညီချက်အရ ယူကရိန်းသည် Luhansk People's Republic (LPR)၊ Crimea နှင့် ရုရှားထိန်းချုပ်ထားသော Donetsk People's Republic (DPR) ၏ အစိတ်အပိုင်းများနှင့် Zaporozhye နှင့် Kherson ဒေသများကို ထိန်းချုပ်မှုလွှဲပေးရန် ဖြစ်သည်။ အဆိုပါ ဒေသများသည် ၂၀၁၄ နှင့် ၂၀၂၂ ခုနှစ်များတွင် ကျင်းပခဲ့သော ဆန္ဒခံ ယူပွဲများတွင် ရုရှားနှင့်ပူးပေါင်းရန် သတ်မှတ်ချက် အတိုင်းအတာ ကျော်လွန်စွာ မဲပေးခဲ့ကြသည်။

သို့သော် သဘောထားပျော့ပျောင်းလာဟန်ရှိသော်လည်း ယူကရိန်းသည် ရုရှားတပ်များက လက်ရှိထိန်းချုပ်ထားသည်ထက် နယ်မြေပိုမို စွန့်လွှတ် ရမည့် မည်သည့်ဖြေရှင်းချက်ကိုမဆို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေဆဲ ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ သို့သော် အလဲအလှယ်အဖြစ် ယူကရိန်းသည် အနောက်နိုင်ငံများထံမှ လက်နက်ထောက်ပံ့မှုများ ရယူခြင်းနှင့် NATO အဖွဲ့ဝင်ဖြစ်ရန် ရှင်းလင်းသော လမ်းကြောင်း အပါ အဝင် "ခိုင်မာသော လုံခြုံရေးအာမခံချက်များ" ကို တောင်းဆိုမည် ဖြစ်သည်။

ဇီလန်စကီး၏ သဘောထား ပျော့ပျောင်းလာမှုသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ သောကြာနေ့ (ဩဂုတ် ၁၅) တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးမတိုင်မီ ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသော အနောက်နိုင်ငံအရာရှိတစ်ဦးက British Daily သို့ "အဆိုပါအစီအစဉ်သည် လက်ရှိစစ်တပ်များထိန်းချုပ်ထားသော နယ်မြေ အနေအထားနှင့်သာ သက်ဆိုင်နိုင်သည်" ဟု ပြောကြားခဲ့ပြီး လွန်ခဲ့သော သီတင်းပတ်အတွင်း ကိယက်ဗ်နှင့်အနောက်နိုင်ငံများအကြား အရေးပေါ် သံတမန်ဆက်ဆံရေး လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း ဖြည့်စွက် ပြောကြား ခဲ့သည်။ အစီရင်ခံစာတွင် EU သည် ထရမ့်နှင့် ရုရှားနှစ်ဦးစလုံးနှင့် သံတမန်ဆက်ဆံရာတွင် ယူကရိန်း၏ အနေအထားကို မြှင့်တင်ရန် ကြိုးပမ်းမှုအဖြစ် ယူကရိန်း၏ ငြိမ်းချမ်းရေးအမြင်ကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ထရမ့်က ၎င်းနှင့် ပူတင်တို့သည် ရုရှားနှင့် ယူကရိန်းအကြား နယ်မြေလဲလှယ်မှုပါဝင်သည့် ဖြစ်နိုင်ခြေရှိသော သဘော တူညီချက်ကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ ၎င်းသည် "နှစ်နိုင်ငံစလုံး အတွက် ပိုမိုကောင်းမွန်စေရန်" ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ အထက် ဖော်ပြပါ နယ်မြေများအပြင် မော်စကိုသည် လက်ရှိတွင် Kharkov ၊ Sumy နှင့် Dnepropetrovsk ဒေသများရှိ နယ်မြေအချို့ကိုလည်း ထိန်းချုပ်ထားသည်။

ဇီလန်စကီးသည် ရုရှားသို့ မည်သည့်နယ်မြေလွှဲပေးမှုကိုမဆို လူသိရှင်ကြား အတိအလင်း ငြင်းဆိုခဲ့သည်။ မော်စကိုက မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်တွင်မဆို ယူကရိန်း၏ Donbass၊ Zaporozhye နှင့် Kherson ဒေသများမှ တပ်များရုပ်သိမ်းရေး၊ ကိယက်ဗ်၏ NATO မှ အဖွဲ့မဝင်ရောက်ရေး ကတိကဝတ်၊ နိုင်ငံ၏ စစ်အင်အားလျှော့ချရေး (demilitarization) နှင့် နာဇီဆန့်ကျင်ရေး (denazification) လုပ်ငန်းစဉ် များ ပါဝင်ရမည်ဟု ခိုင်ခိုင်မာမာ ပြောဆိုထားသည်။

ဆိုဗီယက်ယူနီယံအဖွဲ့ဝင်ဟောင်းနိုင်ငံများက နယ်မြေဆိုင်ရာ အငြင်းပွားမှုများကို စွန့်လွှတ်

အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် သောကြာနေ့ (ဩဂုတ် ၈) က လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တစ်ဦး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို တစ်ဦးက အပြန်အလှန် လေးစားရန်သဘောတူညီခဲ့ကြကြောင်း နှစ်နိုင်ငံမှထုတ်ပြန်သည့် စာတမ်း တွင် ဖော်ပြထားသည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ထိုနှစ်နိုင်ငံသည် နာဂေါ်နို ကိုရာဘက်ဒေသ (Nagorno-Karabakh) အား ပိုင်ဆိုင်မှုအရ နှစ်ဆယ်စုနှစ် များစွာ အငြင်းပွားလာခဲ့ကြသည်။ အထူးသဖြင့် ၁၉၈၀ နှောင်းပိုင်းမှစ၍ အာမေးနီးယားလူမျိုးအများစုနေထိုင်သော ထိုဒေသသည် အဇာဘိုင်ဂျန် ထံမှ အကြမ်းဖက်ခွဲထွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အဇာဘိုင်ဂျန်က ပြန်လည် သိမ်းပိုက်ခဲ့သည်။

သဘောတူညီချက်တွင် "အချုပ်အခြာအာဏာနှင့် နယ်မြေအချုပ်အခြာ အာဏာကို အပြန်အလှန်လေးစားရန်" ဟူသော အချက်ပါဝင်ကာ "နိုင်ငံ နှစ်နိုင်ငံသည် တစ်ဦးအပေါ် တစ်ဦးက နယ်မြေဆိုင်ရာ တောင်းဆိုမှုများ မရှိကြောင်း အတည်ပြုပြီး အနာဂတ်တွင်လည်း ထိုသို့သော တောင်းဆိုမှု များမပြုလုပ်ရ" ဟု ဖော်ပြထားသည်။

အချက် (၁၇) ချက်ပါ အဆိုပါသဘောတူညီချက်သည် လွတ်လပ်ရေး ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် ကြား ငြိမ်းချမ်းရေးနှင့် ပြည့်ဝသော သံတမန်ဆက်ဆံရေး တည်ဆောက်ရန်ရည်ရွယ်သည်။ ထို့အပြင် နှစ်နိုင်ငံသည် အင်အားသုံးခြင်း (သို့) ခြိမ်းခြောက် မှုများကို ရှောင်ကြဉ်ရန်၊ တတိယပါတီများအား မိမိနယ်မြေများမှ တစ်ဖက်နိုင်ငံအား တိုက်ခိုက်ရန် အသုံးမချစေရန်နှင့် နယ်နိမိတ် တစ်လျှောက် မည်သည့် ပြင်ပအင်အားစုကိုမျှ ချထားခြင်းမပြုရန် သဘော တူညီထားသည်။

သဘောတူညီချက် အတည်ပြုပြီးနောက် အဇာဘိုင်ဂျန်နှင့် အာမေးနီးယား တို့သည် တရားဝင် သံအမတ်ကြီးများ ထားရှိရန်နှင့် "အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ နယ်ပယ်များ" တွင် နောက်ထပ် သဘောတူညီချက် များအတွက် လမ်းဖွင့်ပေးရန် စီစဉ်ထားသည်။ ထို့အပြင် သဘော တူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ရန် နှစ်နိုင်ငံကော်မရှင် တစ်ရပ် ဖွဲ့စည်းကာ နောင်တွင်ဖြစ်ပွားမည့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူညီထားသည်။

အဆိုပါသဘောတူညီချက်ကို အာမေးနီးယား၏ ဝန်ကြီးချုပ် Nikol Pashinyan၊ အဇာဘိုင်ဂျန်၏ သမ္မတ Ilham Aliyev နှင့် အမေရိကန်သမ္မတ Donald Trump တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများက ဝါရှင်တန်၌ လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်သမ္မတက "သမိုင်းဝင် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး" ဟု ခေါ်ဆိုခဲ့သည့် အဆိုပါ အခမ်းအနားတွင် ခေါင်းဆောင်သုံးဦးသည် ပူးတွဲကြေညာချက်တစ်ရပ်ကိုလည်း လက်မှတ် ရေးထိုးခဲ့သည်။

ထိုကြေညာချက်တွင် နှစ်နိုင်ငံသည် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး အတည်ပြုရန်၊ ဒွန်တွဲဆက်ဆံရေးကို ဆက်လက် တိုးတက်စေရန် တိုက်တွန်းထားသည်။ ခေါင်းဆောင်များ လက်မှတ် ရေးထိုးထားသော စာတမ်းတွင် Zangezur corridor အပါအဝင် ဒေသတွင်း အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖွင့်လှစ်ရန် ပါဝင်ကြောင်း ဖော်ပြ ထားသည်။ အာမေးနီးယားနှင့် အမေရိကန်တို့သည် အဆိုပါစီမံကိန်း အတွက် မူဘောင်ရေးဆွဲရန် နှစ်ဖက်သဘောတူညီထားသော တတိယ ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။ ထိုသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းသည် အဇာဘိုင်ဂျန်နိုင်ငံကို ၎င်း၏ Nakhichevan နယ်မြေ သို့ အာမေးနီးယား၏ တောင်ပိုင်း (အီရန်နှင့် နယ်နိမိတ်ချင်း ထိစပ် နေသော) နယ်စပ်တစ်လျှောက်မှတစ်ဆင့် ချိတ်ဆက်ပေးမည်ဖြစ်သည်။

ထရမ့်၏ Big, Beautiful Bill ဥပဒေကြောင့် အမေရိကန် ဆင်းရဲသားများ ပိုမိုဆင်းရဲလာမည်

အမေရိကန်ကွန်ဂရက်ဘတ်ဂျက်ရုံး (CBO) ၏ အဆိုအရ ထရမ့်၏ ဥပဒေကြမ်းသည် အမေရိကန်၏ အဆင်းရဲဆုံးလူတန်းစားများအား ဝင်ငွေလျော့နည်းစေပြီး အချမ်းသာဆုံးများမှာမူ ပိုမိုချမ်းသာလာမည် ဖြစ်သည်။ အမေရိကန်ကွန်ဂရက်ဘတ်ဂျက်ရုံး (CBO) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အမေရိကန်လူဦးရေ၏ ၁၀% ရှိသည့် အဆင်းရဲဆုံးအုပ်စုသည် သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ် ရေးထိုး ခဲ့သော "Big and beautiful act" (OBBBA) အောက်တွင် Medicaid နှင့် အစားအစာအထောက်အပံ့ကဲ့သို့သော အစိုးရထောက်ပံ့မှု အစီအစဉ်များ ကို ကန့်သတ်ခံရခြင်းကြောင့် တစ်နှစ်လျှင် ဒေါ်လာ ၁,၂၀၀ ခန့် ဆုံးရှုံးမည် ဖြစ်သည်။

ထို့အတူ အမေရိကန်၏ အချမ်းသာဆုံး ၁၀% သော လူတန်းစားသည် အဆိုပါဥပဒေပါ အခွန်လျှော့ချမှုများကြောင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှ ဝင်ငွေ ဒေါ်လာ ၁၃,၆၀၀ အထိ တိုးပွားလာမည်ဖြစ်သည်။ CBO ၏ အဆို အရ အလယ်အလတ်ဝင်ငွေရှိသော အိမ်ထောင်စုများအပါအဝင် အမေရိကန် အိမ်ထောင်စုများ၏ ဝင်ငွေများ တိုးတက်လာမည်ဖြစ်သော်လည်း အကြီး မားဆုံးသော အကျိုးကျေးဇူးများကို အချမ်းသာဆုံးအုပ်စုက ရရှိမည် ဖြစ်သည်။

CBO သည် အမေရိကန်ကွန်ဂရက်၏ ပါတီများအပေါ် ဘက်လိုက်မှု မရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် တည်ထောင် ခဲ့သည်။ အဆိုပါအဖွဲ့အစည်းသည် မူဝါဒအ ကြံပြုချက်များမပေးဘဲ ဥပဒေ များ၏ ဘဏ္ဍာရေးအပေါ် အကျိုးသက်ရောက်မှု၊ ဖက်ဒရယ်ဘတ်ဂျက်၊ စီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် အများပြည်သူကြွေးမြီ များကို ခန့်မှန်းရန် အာရုံစိုက်သည်။ CBO ၏ ဆန်းစစ်ချက်များကို နိုင်ငံရေး ပါတီနှစ်ခုစလုံးမှ ဥပဒေပြုသူများက အငြင်းပွားမှုများနှင့် မူဝါဒချမှတ်ရာ တွင် အခြေခံအနေဖြင့် အသုံးပြုလေ့ရှိသည်။

ကွန်ဂရက် အားလပ်ရက်အတွက် လွှတ်တော်အမတ်များ ဝါရှင်တန်မှ ထွက်ခွာချိန်တွင် CBO က ခန့်မှန်းချက်အသစ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ဇူလိုင်လတွင် ရီပတ်ပလီကန်များသည် ကွန်ဂရက်အား မစ္စတာ ထရမ့်၏ အဆိုပြုချက်အရ အခွန်လျှော့ချသည့် ငွေကြေးသုံးစွဲမှုဥပဒေကြမ်း(OBBBA) ကို အတည်ပြုရန် တွန်းအားပေးခဲ့သည်။ ဒီမိုကရက်များက ယင်း ဥပဒေကြမ်းကို အပြင်းအထန်ဆန့်ကျင်ခဲ့ပြီး အခွန်လျှော့ချမှုနှင့် အသုံးစရိတ် ဦးစားပေးမှုများသည် အစိုးရ၏ အရေးကြီးသော အစီအစဉ်များကို ထိခိုက် စေကာ အမျိုးသားကြွေးမြီကို တိုးပွားစေမည်ဟု သတိပေးခဲ့သည်။

CBO ၏ အဆိုအရ ယင်းဥပဒေအသစ်အောက်တွင် အစိုးရ၏ အစားအစာ အထောက်အပံ့ ခံစားခွင့်စည်းမျဉ်းများ ပြောင်းလဲခြင်းသည် သန်းနှင့် ချီသော အမေရိကန်များကို ထိခိုက်စေမည်ဖြစ်သည်။ အမေရိကန်တွင် Supplemental Nutrition Assistance Program (SNAP) ခံစားခွင့်ရှိ သူများအတွက် အလုပ်လုပ်ရန် စည်းကမ်းချက်အသစ်များ ထည့်သွင်း ခြင်းကြောင့် လူ ၂.၄ သန်းခန့် အစီအစဉ်မှ အလိုအလျောက် ဖယ်ထုတ် ခံရမည်ဖြစ်သည်။ ၎င်းသည် မကျန်းမာသူ၊ မသန်စွမ်းသူ သို့မဟုတ် အလုပ် ရှာမရသူများကို အစားအစာအထောက်အပံ့မရှိဘဲ ဒုက္ခရောက်စေ နိုင်သည်။

CBO ၏ အခြားခန့်မှန်းချက်အရ Medicaid ကဲ့သို့သော ကျန်းမာရေး အထောက်အပံ့အစီအစဉ်များ ပြောင်းလဲခြင်းကြောင့် ၂၀၃၄ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ၁၀ သန်းကျော် ကျန်းမာရေးအာမခံဆုံးရှုံးမည် ဖြစ်သည်။

CBO ၏ ခန့်မှန်းချက်ထုတ်ပြန်ပြီးနောက် ရီပတ်ပလီကန်ပါတီဝင် အောက် လွှတ်တော် ဘဏ္ဍာရေးနှင့်အခွန်ကော်မတီဥက္ကဋ္ဌ ဂျေဆန်စမစ်က CBO ၏ တွက်ချက်မှုနည်းလမ်းများကို သဘောမတူကြောင်း၊ ၎င်း၏ ယခင် အပြစ်တင်မှုများကို ပြန်လည်ထပ်လောင်းပြောကြားခဲ့သည်။ ဂျေဆန်စမစ် သည် ထရမ့်၏ အခွန်လျှော့ချရေးမူဝါဒများကို ထောက်ခံသူဖြစ်ပြီး CBO ၏ ခန့်မှန်းချက်များကို မကြာခဏ ဝေဖန်လေ့ရှိသည်။ ၎င်း၏ ထုတ်ပြန်ချက် အရ CBO ၏ ခန့်မှန်းချက်များသည် "ဖက်ဒရယ်အသုံးစရိတ်တိုးမြှင့်ရန် နှင့် အခွန်မြှင့်တင်ရန် ဘက်လိုက်မှု" ရှိသည်ဟု ဆိုသည်။ ထရမ့်က CBO ၏ အစီရင်ခံစာအား မည်သည့်မှတ်ချက်မျှ မပြုသေးပေ။

ကိုးကား- VN Express

ပူတင်-ထရမ့် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်သည့် မျှော်မှန်းချက်များကို ရုရှားက ထုတ်ဖော်

ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က သမ္မတ Vladimir Putin နှင့် အမေရိကန်သမ္မတ Donald Trump တို့၏ အလက်စကာထိပ်သီးအစည်းအဝေးကို ဆက်ဆံရေးတင်းမာမှုများ ပြေလျော့ရန်နှင့် ရှည်ကြာနေသော အငြင်းပွားမှုများကို ဖြေရှင်းရန် အခွင့် အရေးတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က Izvestia သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် Ryabkov က ဩဂုတ်လ ၁၅ ရက်နေ့တွင် အမေရိကန်၏ အကြီးဆုံး      ပြည်နယ်ဖြစ်သော အလက်စကာတွင် ကျင်းပမည့် ထိုအစည်းအဝေးသည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်သာမက အမေရိကန်သမ္မတဟောင်း Joe Biden ၏ အုပ်ချုပ်မှုကာလအတွင်း

ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က သမ္မတ Vladimir Putin နှင့် အမေရိကန်သမ္မတ Donald Trump တို့၏ အလက်စကာထိပ်သီးအစည်းအဝေးကို ဆက်ဆံရေးတင်းမာမှုများ ပြေလျော့ရန်နှင့် ရှည်ကြာနေသော အငြင်းပွားမှုများကို ဖြေရှင်းရန် အခွင့် အရေးတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က Izvestia သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် Ryabkov က ဩဂုတ်လ ၁၅ ရက်နေ့တွင် အမေရိကန်၏ အကြီးဆုံး      ပြည်နယ်ဖြစ်သော အလက်စကာတွင် ကျင်းပမည့် ထိုအစည်းအဝေးသည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်သာမက အမေရိကန်သမ္မတဟောင်း Joe Biden ၏ အုပ်ချုပ်မှုကာလအတွင်း အဆိုးရွားဆုံးသော အခြေအနေ သို့ ရောက်ရှိခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကိုပါ အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"မိမိတို့အနေဖြင့် ဤအဆင့်မြင့်အစည်းအဝေးက နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးအတွက် အရှိန်အဟုန်တစ်ရပ် ဖြစ်စေမည်ဟု မျှော်လင့် ပါသည်။ ၎င်းသည် ပြဿနာအချို့ကို ရှေ့ဆက်လုပ်ဆောင်နိုင်စေရန် အထောက်အကူပြုမည်ဖြစ်သည်" ဟု ၎င်းက ပြောကြားကာ လေကြောင်း ခရီးစဉ်များ ပြန်လည်စတင်ရေးသည်လည်း ဆွေးနွေးမည့် အကြောင်းအရာ များထဲမှ တစ်ခုဖြစ်နိုင်ကြောင်း အတည်ပြုခဲ့သည်။ ရုရှားနှင့် အမေရိကန် အကြား ခရီးသည်တင်လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ ဝါရှင်တန်က စီးပွားရေးအရ ပြင်းထန်စွာ အရေးယူအပြစ်ပေးမှုများ ချမှတ်ပြီးနောက် ရပ်ဆိုင်းခဲ့သည်။ Ryabkov က ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းပဋိပက္ခ အပါအဝင် အခြား အရေးကြီး သောအကြောင်းအရာများကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ 

တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ထရမ့်က ဆွေးနွေးပွဲအတွက် လွန်စွာ စိတ်အားထက်သန်နေကြောင်းဖော်ပြခဲ့ပြီး ရုရှားနှင့် ယူကရိန်းအကြား နယ်မြေလဲလှယ်မှုပါဝင်သည့် ဖြေရှင်းနည်းတစ်ရပ်အဖြစ် သဘောတူညီမှု တစ်ခုကို စူးစမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် Ryabkov က "လက်ရှိအဆင့်တွင် အမေရိကန်ရှိ ရုရှားသံတမန်ဆိုင်ရာ ပိုင်ဆိုင်မှု များ ပြန်လည်ရရှိရေးနှင့်ပတ်သက်၍ မည်သည့်တိုးတက်မှုမျှ မတွေ့ရ သေးပါ" ဟု ဝန်ခံခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်က အမေရိကန် အာဏာပိုင် များက ပိတ်သိမ်းခဲ့သော ဆန်ဖရန်စစ္စကိုရှိ ရုရှားကောင်စစ်ဝန်ရုံး အပါ အဝင် အဆောက်အအုံများကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုစဉ်က ဝါရှင်တန် က ယင်းအဆောက်အအုံများပိတ်သိမ်းခြင်းနှင့် ရုရှားသံတမန်များစွာကို နှင်ထုတ်ခြင်းများသည် ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှုများအတွက် တုံ့ပြန်ချက်ဖြစ်သည်ဟု ဆိုခဲ့သည်။ သို့သော် အမေရိကန် အမျိုးသား  ထောက်လှမ်းရေးညွှန်ကြားရေးမှူး Tulsi Gabbard က လတ်တလော ထုတ်ပြန်ခဲ့သော လျှို့ဝှက်ဖိုင်များက ယခင်အဆိုပြုချက်များကို အားနည်း သွားစေခဲ့သည်။ မော်စကိုက အမေရိကန်အား သံတမန်ရေးရာ ပြဋ္ဌာန်းချက်များဖြင့် ကာကွယ်ထားသော ပိုင်ဆိုင်မှုများကို မတရား သိမ်းပိုက်မှု ပြုလုပ်သည်ဟု စွပ်စွဲခဲ့သည်။

ဇန်နဝါရီလတွင် ထရမ့် သမ္မတဖြစ်လာပြီးနောက် မော်စကိုက Aleksandr Darchiev အား ဝါရှင်တန်ဆိုင်ရာ ရုရှားသံအမတ်အသစ်အဖြစ် ခန့်အပ် ခဲ့သည်။ ဇွန်လတွင် ၎င်းသည် အမေရိကန်သမ္မတနှင့်တွေ့ဆုံကာ "ရုရှား-အမေရိကန်ဆက်ဆံရေးကို ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်စေရန်နှင့် ကျိုးကြောင်းဆီလျော်သောအခြေအနေသို့ ရောက်ရှိစေရန် ကြိုးစား လုပ်ဆောင်မည်" ဟု ကတိပြုခဲ့သည်။ ထို့အပြင် ရုရှားနှင့် အမေရိကန် တို့သည် ထိပ်တိုက်ရင်ဆိုင်မှုမရှိသော ငြိမ်းချမ်းသောတည်ရှိမှုကိုရရှိရန် ရည်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပူတင်နှင့် အာမေးနီးယားဝန်ကြီးချုပ်တို့ ဖုန်းပြောဆိုခဲ့ကြောင်း ကရင်မလင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan နှင့် ဖုန်းဆက်စကားပြောခဲ့ကြောင်း ကရင်မလင်က သတင်း ထုတ်ပြန်ထားပါသည်။ ကရင်မလင် အဆိုအရ အဆိုပါဖုန်းခေါ်ဆိုမှုကို အာမေးနီးယား ဝန်ကြီးချုပ်ဘက်မှ စတင်ခေါ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ထိုဖုန်းခေါ်ဆိုမှုအတွင်း အာမေးနီးယားဝန်ကြီးချုပ်က ပူတင်အား သြဂုတ် ၈ ရက်က ဝါရှင်တန်တွင် ကျင်းပသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev တို့နှင့် တွေ့ဆုံမှုရလဒ်များကို အကျဉ်းချုပ်တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သြဂုတ် ၈ ရက်က ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သုံးပြည်ထောင်ဆွေးနွေးပွဲအပြီး အဇာဘိုင်ဂျန်သမ္မတ နှင့် အာမေးနီးယား ဝန်ကြီးချုပ်တို့သည် ငြိမ်းချမ်းရေးပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ 

ထိုကြေညာချက်တွင် နိုင်ငံနှစ်ခုကြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခု ဖွင့်လှစ်ရန် ပါဝင်ပြီး ယင်းကို "အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးအတွက် ထရမ့်လမ်းကြောင်း" အဖြစ် အမည်ပေး ထားပါသည်။ အာမေးနီးယားသည် ထိုလမ်းကြောင်းဖွံ့ဖြိုးရေးအတွက် ၉၉ နှစ်ကြာ အမေရိကန်သို့ အထူးအခွင့်အရေးများ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

အမေရိကန်နှင့် ရုရှားကြား သဘောတူညီချက်တွင် ယူကရိန်းနှင့် ဥရောပသမဂ္ဂ မဖြစ်မနေ ပါဝင် ရမည်ဟု ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် ဆို

အမေရိကန်နှင့် ရုရှားကြား ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးဆိုင်ရာ မည်သည့်သဘော တူညီချက်တွင်မဆို ယူကရိန်းနှင့် ဥရောပသမဂ္ဂအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kallas က ဩဂုတ် ၁၀ ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားကြား မည်သည့်သဘောတူညီချက်တွင်မဆို ယူကရိန်းနှင့် ဥရောပသမဂ္ဂအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ ဤကိစ္စရပ်သည် ယူကရိန်း အပါအဝင် ဥရောပတိုက်တစ်ခုလုံး၏ လုံခြုံရေးနှင့် သက်ဆိုင်သောကြောင့်ဖြစ်ကြောင်း Kallas က ပြောကြားခဲ့သည်။ ဩဂုတ် ၁၁ ရက်တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပပြီး နောက်တစ်ဆင့်လှုပ်ရှားမှုများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း Kallas က ပြောကြားခဲ့သည်။

စစ်ပွဲကို မဖြစ်မနေ တရားမျှတစွာ အဆုံးသတ်ရမည်ဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ ဩဂုတ် ၉ ရက် ညပိုင်းတွင် ထုတ်ပြန်သော ယူကရိန်း ငြိမ်းချမ်းရေး ဆိုင်ရာ ပူးတွဲကြေညာချက်ကို အပြည့်အဝထောက်ခံအားပေးကြောင်း ယူကရိန်းသမ္မတ ဇီလန် စကီးက ဩဂုတ် ၁၀ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

တက်ကြွစွာ သံတမန်ရေးအရ ကြားဝင်ဖျန်ဖြေခြင်း၊ ယူကရိန်းအား ဆက်လက်အားပေးထောက်ခံ၍ ရုရှားအား ဖိအားပေးခြင်းသာလျှင် ယူကရိန်းအတွက် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ဖော်ဆောင်နိုင်ဖွယ် ရှိကြောင်း၊ သက်ဆိုင်ရာ ဥရောပနိုင်ငံများသည် “ဆန္ဒအလျောက် မဟာမိတ်အဖွဲ့” မှ တစ်ဆင့် ယူကရိန်းအား “လက်တွေ့ကျသော စစ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ” ဆက်လက် ပံ့ပိုးပေးမည်ဖြစ်ပြီး ရုရှားအပေါ် အကန့်အသတ်ဖြစ်စေသော အစီအမံများကို ထိန်းသိမ်းဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ ဩဂုတ် ၉ ရက် ညပိုင်းတွင် ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း ဆွေးနွေးရန် အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံကြမည်ဖြစ်သည်။ ယူကရိန်း၏ ငြိမ်းချမ်းရေးလမ်းကြောင်းသည် “မဖြစ်မနေ ယူကရိန်းနှင့်အတူတကွ အတည်ပြုရမည် ဖြစ်ပြီး၊ ယင်းကသာ အခြေခံအကျဆုံးပါ” ဟူ၍ ဇီလန်စကီးက ဩဂုတ် ၉ ရက်တွင် ပြောခဲ့သည်။

ထရမ့်နှင့် ဥရောပခေါင်းဆောင်များသည် ဩဂုတ် ၆ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ်တွင် ရုရှား၊ ယူကရိန်း ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့ဖူး သော်လည်း တက်ရောက်မည့်သူများတွင် မည်သည့်ဥရောပခေါင်းဆောင်မျှ မပါဝင်ကြောင်း မီဒီယာ များ၏ သတင်းဖော်ပြချက်အရ သိရသည်။ ထရမ့်သည် ဥရောပအား “ယုံကြည်၍ မရသူ အဖြစ်” ရှုမြင်ကြောင်း အမေရိကန် “The New York Times” က သတင်းဖော်ပြခဲ့သည်။

ကိုးကား- Xinhua