တိုဂိုနိုင်ငံနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရန် ဥပဒေမူကြမ်းတစ်ရပ်ကို ရုရှားအတည်ပြု

News Image

  • တိုဂိုနိုင်ငံနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရန် ဥပဒေမူကြမ်းတစ်ရပ်ကို ရုရှားအတည်ပြု

ရုရှားနှင့်တိုဂိုနိုင်ငံတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန်အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ရုရှားအစိုးရက အတည်ပြုလိုက်ကြောင်း ရုရှားမီဒီယာကြီးတစ်ခုက ဖော်ပြသည်။

အဆိုပါဥပဒေမူကြမ်းသည် ရုရှားနိုင်ငံက အနောက်အာဖရိကဒေသနှင့် ကာကွယ်ရေးဆက်ဆံမှု တိုးမြှင့်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး      တိုဂိုနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ရုရှားနိုင်ငံက   တိုဂိုတပ်မတော်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပေးအပ်ခြင်း၊ စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်စေခြင်းနှင့် ဆေးဝါးကုသရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း ရုရှားအစိုးရကော်မရှင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ရုရှားရှေ့နေများဘုတ်အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဗလာဒီမာ ဂရက်ဒက်ဗ်ကပြောကြားသည်။

တိုဂိုနိုင်ငံသည်  အာဖရိကဒေသရှိ ရုရှားနိုင်ငံ၏      မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မကြာမီနှစ်များအတွင်း ၎င်းနိုင်ငံအတွင်းရှိ ပြင်သစ်နိုင်ငံ၏လွှမ်းမိုးမှုများ တဖြည်းဖြည်း လျော့ကျလာပြီးနောက်  ရုရှားနိုင်ငံက အဆိုပါအာဖရိကနိုင်ငံနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လာခြင်းဖြစ်သည်။

ထို့ပြင် တိုဂိုနိုင်ငံ၏ အနောက်အာဖရိကအိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘာကီနာဖာဆို၊ မာလီနှင့် နိုင်ဂျာ နိုင်ငံတို့သည် ယခုအခါ ပြင်သစ်နိုင်ငံနှင့် ကာကွယ်ရေးအရဆက်ဆံမှုများကို ဖြတ်တောက်ပစ်ပြီးနောက် လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတို့တွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။       

Ref: Rt