အာကာသနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးစနစ် ထုတ်လုပ်မှုတို့အတွက် အမေရိကန်အနေဖြင့် အသုံးစရိတ်တိုးမြှင့်
အမေရိကန်ပြည်ထောင်စုသည် အာကာသနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးစနစ် ထုတ်လုပ်မှုတို့အတွက် အသုံးစရိတ်အဖြစ် ဒေါ်လာ ၄၉ ဒသမ ၆ ဘီလီယံအထိ တိုးမြှင့်အသုံးပြုခဲ့သည်။
အသုံးစရိတ်တိုးမြှင့်မှုကြောင့် ပြီးခဲ့သည့်နှစ်ကထက် ၇ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာကြောင်း Bloom-berg က ဇူလိုင်လ ၂၂ ရက်တွင်ဖော်ပြသည်။
အမေရိကန်အစိုးရသည် လက်ရှိတွင် အာကာသနယ်ပယ်ကာကွယ်ရေးနှင့် Golden Dome ဒုံးကျည် ကာကွယ်ရေးစနစ် ထုတ်လုပ်ရေးကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် အသုံးစရိတ်မှာ ဆက်လက်မြင့်တက်လာဖွယ်ရှိသည်။
ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် အခြားနိုင်ငံများမှ ပြုလုပ်လာနိုင်ဖွယ်ရှိသည့်တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်မည့် အာကာသလက်နက်များထုတ်လုပ်ရန်အတွက် ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၁၆ ဘီလီယံနှင့် နိုင်ငံပိုင်နက်အတွင်းသို့ ပြိုင်ဘက်နိုင်ငံများ၏ဒရုန်းများ၊ ဒုံးကျည်များနှင့် အသံထက်မြန် သည့်ယာဉ်များ ဝင်ရောက်လာခြင်းကို ရှာဖွေဖော်ထုတ်နိုင်သည့် ဂြိုဟ်တုအသစ်တစ်စင်း တည်ဆောက်ရန်အတွက် အနည်းဆုံးဒေါ်လာ ၇ ဒသမ ၂ ဘီလီယံတို့ကို အသုံးပြုမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု၏ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်သည် မရှိမဖြစ်လိုအပ်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယခုနှစ် မေလအတွင်းက ပြောကြားထားပြီး အစိုးရက အဆိုပါအစီအစဉ်အတွက် ဒေါ်လာ ၁၇၅ ဘီလီယံကို လျာထားကြောင်း Bloomberg တွင် ဆက်လက်ဖော်ပြထားသည်။
Ref: Iv
MWD Web Portal