ဟက်ကာများက Microsoft ကုမ္ပဏီ၏ Share Point Software အားနည်းချက်ကိုအသုံးချ၍ ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာတိုက်ခိုက်

News Image

  • ဟက်ကာများက Microsoft ကုမ္ပဏီ၏ Share Point Software အားနည်းချက်ကိုအသုံးချ၍ ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာတိုက်ခိုက်

ဟက်ကာများသည်   ကမ္ဘာကျော် Microsoft ကုမ္ပဏီ၏  အရေးပါသည့် လုံခြုံရေး Share Point Software ၏ အားနည်းချက်ကိုအသုံးချ၍   ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း Washington Post သတင်းစာကြီးက ဇူလိုင်လ၂၁ ရက်တွင် ဖော်ပြသည်။

ဆိုက်ဘာတိုက်ခိုက်မှုများသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခြင်းဖြစ်ပြီး ဟက်ကာများသည် Share  Point Software ၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ အစိုးရအဖွဲ့များနှင့်   တစ်ကမ္ဘာလုံးရှိ စီးပွားရေး လုပ်ငန်းများက အသုံးပြုနေသည့် အချက်အလက်ဝေမျှရေးစနစ်အတွင်းသို့ ထိုးဖောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း    အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်      သုတေသီများ၏ ပြောကြားချက်ကိုကိုးကား၍ သတင်းစာကဖော်ပြခြင်း ဖြစ်သည်။

ဟက်ကာများသည်    အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ ဘရာဇီး၊ ဥရောပသမဂ္ဂအဖွဲ့၊  တရုတ်နိုင်ငံ အတွင်းရှိ အဖွဲ့အစည်းများကို    အဓိကထားတိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါဆိုက်ဘာတိုက်ခိုက်မှုသည်   မည်သည့်နိုင်ငံ၊  မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို လက်ရှိတွင် မသိရသေးသော်လည်း Microsoft ကုမ္ပဏီအနေဖြင့် လောလောဆယ်တွင် ဆိုက်ဘာတိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာန၊  ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆိုက်ဘာတိုက်ခိုက်ခံရသည့် အမေရိကန်အဖွဲ့အစည်းများတွင်     နျူကလီးယားလက်နက်ဆိုင်ရာ   အေဂျင်စီအဖွဲ့လည်းပါဝင်သည်။

ထို့ကြောင့်   နိုင်ငံအများအပြားသည် ယခုအခါ အနောက်နိုင်ငံများမှ နည်းပညာဝန်ဆောင်မှု ကုမ္ပဏီများအပေါ် အမှီသဟဲပြုခြင်းအား  တဖြည်းဖြည်းလျှော့ချ၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက်     ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးပမ်းလာကြပြီဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် လာမည့် ၂၀၂၇ ခုနှစ်မှစ၍  ပြည်ပမှထုတ်လုပ်ထားသည့် Hardware နှင့် Software များ၏နေရာတွင် ပြည်တွင်းဖြစ် နည်းပညာများဖြင့် အစားထိုးနိုင်ရန်  ကြိုးပမ်းလျက်ရှိသည်။                                   

Ref: Rt

MWD Web Portal