နေပြည်တော် သြဂုတ် ၁၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

သြဂုတ် ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ MAI Airlines လေယာဉ်ခရီးစဉ်အမှတ် 8M-234 /SF – 7501 ဖြင့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ခုနစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃၈၇၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် သာယာကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၄၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Isuzu Giga Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ခြောက်လက်မ သံပိုက်လုံး ၄၅ လုံး အပါအဝင် ဆက်စပ်ပစ္စည်းအမျိုး ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၉၀၀၀၀၀၀) ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း၊ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ်စားသောက် ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ ကလေးမြို့ တာဟန်းရပ်ကွက်၌ တရားမဝင်စက်သုံးဆီ၊ ဒီဇယ်ဆီ ဂါလန် ၅၀၊ ဓာတ်ဆီ ၈၅ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၈၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၄၂၈၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ဖြူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၁၁၆၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၁၁၁၆၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟိုပုံးတပ်နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့သော မော်တော်ယာဉ်များတွင် တင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၅၇ မျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၇၁၅၈၅၄၅)ကိုလည်းကောင်း၊ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့လူသုံးကုန်ပစ္စည်း ၁၀၂ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၅၀၇၅၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၀၆၆၆၀၄၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၁၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှု စာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ငါးစီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၉ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သြဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၂၉၉၃၄၄၅)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
MOI

ထိုင်းဘုရင့်တပ်မတော်က အင်္ဂါနေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းက ထိုင်းနိုင်ငံ Surin နယ်စပ်ဒေသ Ta Muen Thom ဘုရားဟောင်းအနီးတွင်ကမ္ဘောဒီးယား တို့ထောင်ထားသော မြေမြှုပ်မိုင်းပေါက်ကွဲမှုအပေါ် ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အရေးကို အသုံးပြုနိုင်ကြောင်း ပြောကြားလိုက်သည်။ ထိုင်းတပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suvaree က "အဆိုပါမိုင်းပေါက်ကွဲမှုသည် Surin နယ်စပ်ဒေသ Ta Muen Thom ဘုရားဟောင်းနေရာမှ ၁ ကီလိုမီတာအကွာတွင်ရှိသည့် တပ်သားများ၏ ပုံမှန်စောင့်ကြည့် လှည့်လည်ရာ လမ်းကြောင်း၌ ယနေ့(ဩဂုတ်၁၂) နံနက် ၉ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပ
ထိုင်းဘုရင့်တပ်မတော်က အင်္ဂါနေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းက ထိုင်းနိုင်ငံ Surin နယ်စပ်ဒေသ Ta Muen Thom ဘုရားဟောင်းအနီးတွင်ကမ္ဘောဒီးယား တို့ထောင်ထားသော မြေမြှုပ်မိုင်းပေါက်ကွဲမှုအပေါ် ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အရေးကို အသုံးပြုနိုင်ကြောင်း ပြောကြားလိုက်သည်။ ထိုင်းတပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suvaree က "အဆိုပါမိုင်းပေါက်ကွဲမှုသည် Surin နယ်စပ်ဒေသ Ta Muen Thom ဘုရားဟောင်းနေရာမှ ၁ ကီလိုမီတာအကွာတွင်ရှိသည့် တပ်သားများ၏ ပုံမှန်စောင့်ကြည့် လှည့်လည်ရာ လမ်းကြောင်း၌ ယနေ့(ဩဂုတ်၁၂) နံနက် ၉ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်" ဟု ရှင်းပြခဲ့သည်။
ဖြစ်စဉ်တွင် အမှတ် ၂၆၁၀ ပြည်သူ့စစ်တပ်ဖွဲ့မှ ပြည်သူ့စစ် ၇ ဦးသည် တာဝန်ထမ်းဆောင်နေစဉ် Sgt Theerapol Piakhanthee သည် မိုင်းနင်း မိခဲ့ပြီး ၎င်း၏ဘယ်ဘက်ဖနောင့်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ Phanom Dong Rak ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ဗိုလ်ချုပ် Winthai က ပြောကြားခဲ့သည်။ ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူက "အဆိုပါ ဖြစ်စဉ်သည် ကမ္ဘောဒီးယားဘက်မှ စစ်ရေးရပ်စဲရေး သဘောတူညီချက် နှင့် အထူးသဖြင့် လူသတ်မိုင်းအားလုံး အသုံးပြုခြင်းနှင့် တပ်ဆင်ခြင်းကို တားမြစ်ထားသည့် အော့တဝါစာချုပ်အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားရေး ဥပဒေများကို ချိုးဖောက်နေကြောင်း ထင်ရှားသော သက်သေပင် ဖြစ်သည်။ ၎င်းသည် ထိုင်းနယ်မြေအတွင်းရှိ ထိုင်းတပ်ဖွဲ့များအပေါ် တိုက်ရိုက်တိုက်ခိုက်မှုတစ်ခုပင် ဖြစ်သည်" ဟု ပြောကြားခဲ့သည်။
ဗိုလ်ချုပ် Winthai Suvaree က "ထိုကဲ့သို့ဖြစ်ရပ်များသည် နယ်စပ် ဒေသများတွင် မကြာခဏဖြစ်ပွားလျက်ရှိပြီး ကမ္ဘောဒီးယား၏ မကောင်းသော ရည်ရွယ်ချက်နှင့် ထိုင်းနိုင်ငံအပေါ် အဆက်မပြတ်ခြိမ်းခြောက်မှုများကို ထင်ဟပ်နေစေပါသည်။ ၎င်းသည် ထိုင်းနိုင်ငံ၏ နယ်မြေ အချုပ်အခြာ အာဏာကို ချိုးဖောက်ရာရောက်ပြီး မကြာသေးမီက ကျင်းပခဲ့သောအထွေထွေနယ်စပ်ကော်မတီအစည်းအဝေးတွင် သဘောတူညီခဲ့သည့်စစ်ရပ်စဲရေးသဘောတူညီချက်ကိုလည်း ဆန့်ကျင်နေခြင်းဖြစ်သည်။အဆိုပါအချက်က ကမ္ဘောဒီးယားသည် စစ်ရပ်စဲရေးသဘောတူညီချက် အကောင်အထည်ဖော်ဆောင်နေစဉ်အတွင်း လက်နက်များကို အသုံးပြု နေဆဲဖြစ်ကြောင်း ဖော်ပြနေပါသည်" ဟု ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ဘက်မှ စနစ်တကျစီစဉ်ကာ မြေမြှုပ်မိုင်းများကို အသုံးပြုပြီး ထိုင်းနိုင်ငံ ကို တိုက်ခိုက်နေသည်ဟု ၎င်းက ယုံကြည်နေသည်။
"ထိုင်းတပ်မတော်သည် ငြိမ်းချမ်းစွာ ဆောင်ရွက်လျက်ရှိပြီး နယ်စပ် ပဋိပက္ခကို စတင်ဖန်တီးခဲ့ခြင်း မရှိပါ ၊ သို့သော် ဖိအားများ ဆက်လက် တိုးမြင့်လာပါက ကမ္ဘောဒီးယား၏ စစ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုနှင့် ထိုင်းနိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးမှုတို့ကြောင့် ထိုင်းတပ်ဖွဲ့ဝင်များခံစားရသော ဆုံးရှုံးမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာဥပဒေအရ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို အသုံးပြုရန် မိမိတို့အနေဖြင့် မလွဲမသွေ ဖိအားပေးခံရနိုင်ပါသည်" ဟု ဗိုလ်ချုပ် Winthai က ပြောကြားခဲ့သည်။ ဇူလိုင်လ ၁၆ ရက်နေ့မှစတင်၍ ကမ္ဘောဒီးယားဘက်မှ ထိုင်းနယ်မြေကို ကျူးကျော်ဝင်ရောက်ပြီးနောက် မြေမြှုပ်မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာတွင် ကမ္ဘောဒီးယားဘက်မှ ထိုင်း နယ်မြေတွင် ထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် ထိုင်းတပ်ဖွဲ့ဝင် ၅ ဦး ၏ ခြေထောက်များ ထိခိုက်ဆုံးရှုံးခဲ့ရသည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော Si Sa Ket ၊ Surin နှင့် Ubon Ratchathani ဒေသများတွင် မြေမြှုပ်မိုင်း ၅ လုံး ပေါက်ကွဲမှုများကြောင့် ဒဏ်ရာရခဲ့သည့် ထိုင်းတပ်ဖွဲ့ဝင် ၁၃ ဦးတွင် အဆိုပါ တပ်ဖွဲ့ဝင် ၅ ဦး ပါဝင်ခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အစ္စရေးသည် ဟိုလိုကော့စ်သင်ခန်းစာများကို လျစ်လျူရှုကာ ဂါဇာမြို့ကို သိမ်းပိုက်ရန် အစီအစဉ်ဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေသည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား၏ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky က သတိပေးခဲ့သည်။ အနောက်ဂျေရုဆလင်က သိမ်းပိုက်ရန် အတည်ပြုချက်ကို ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက်ကျင်းပခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ် အစည်းအဝေး တွင် သံတမန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Polyansky က အဆိုပါဆုံးဖြတ်ချက်သည် ဂါဇာ၏ လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံဖြေရှင်းရေး အလားအလာကို ဟန့်တားကာ သိမ်းပိုက်အုပ်ချုပ်မှုစနစ်ကို တရားဝင်အသိအမှတ်ပြုခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ဆိုသည်။
"ဂါဇာကို သိမ်းပိုက်ရန် Netanyahu အစိုးရ၏ ရည်ရွယ်ချက်ကို မိမိတို့ အနေဖြင့် အပြင်းအထန် ရှုတ်ချပါသည်" ဟု ၎င်းက ပြောကြားခဲ့ပြီး အစ္စရေး နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တောင်းဆိုမှုများနှင့် Hamas ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးထားသော အစ္စရေးအကျဉ်းသားများ၏ မိသားစု များ၏ တောင်းပန်မှုများကို နောက်တစ်ကြိမ် လျစ်လျူရှုခဲ့သည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
Hamas ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးကို တိုက်ခိုက်မှု တွင် အများစုမှာ အစ္စရေးနိုင်ငံသားများဖြစ်သည့် လူ ၁,၂၀၀ ခန့် သေဆုံးပြီး ၂၅၁ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ဂါဇာတွင် အကျဉ်းသား ၅၀ ခန့် ပျောက်ဆုံး နေဆဲဖြစ်ကာ ၎င်းတို့အနက် ၂၀ ခန့်သာ အသက်ရှင်နေသည်ဟု ယူဆ ရသည်။Polyansky က အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa'ar အား အစိုးရ လုံခြုံရေးကောင်စီက စစ်ဆင်ရေးအတည်ပြုရန် ပြင်ဆင်နေသည် ကို သိသော်လည်း အကျဉ်းသားများအပေါ် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဟု စွပ်စွဲခဲ့သည်။ ၎င်းက အဆိုပါဆုံးဖြတ်ချက်သည် အကျဉ်းသားများအား အသက်ရှင်လျက် အိမ်ပြန်ပို့ရန် အခွင့်အလမ်းများကို အဆုံးသတ်စေခဲ့ သည်ဟု ဆိုသည်။
၎င်းက ဒုတိယကမ္ဘာစစ်အတွင်း ဟိုလိုကော့စ်အရေးအခင်း၏ ပြင်းထန်သော အတွေ့အကြုံရှိခဲ့သည့် ဂျူးလူမျိုးများပင် ယခုအခါ ပါလက်စတိုင်း လူမျိုး များကို "Ghettos" (မြိုနယ်တစ်ခု၏ ဧရိယာ၊ အထူးသဖြင့် အလွန် ဆင်းရဲသော ဒေသတစ်ခု၊ လူမျိုးတစ်မျိုး သို့မဟုတ် ဘာသာတစ်ခုမှ လူများသည် အခြားလူများနှင့် ကင်းကွာ၍ ကျဉ်းကျပ်စွာ နေထိုင်ကြရသည်) တွင် ပိတ်ဆို့ ထားပြီး ၎င်းတို့အား အပြီးတိုင် ချေမှုန်းရန် ကြိုးပမ်းနေသည်ကို နားလည်ရန် ခဲယဉ်းကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ Polyansky က အဆိုပါ အချက်သည် သမိုင်း၏သင်ခန်းစာများကို လူသားများ မည်မျှမြန်မြန် မေ့လျော့ တတ်ကြောင်း၏ သက်သေသာဓကတစ်ရပ်ပင် ဖြစ်သည်ဟု မှတ်ချက်ပြု ခဲ့သည်။
ဝန်ကြီးချုပ် Benjamin Netanyahu ၏ အစိုးရ လုံခြုံရေးကောင်စီသည် အဆိုပါအစီအစဉ်ကို Hamas နှင့် "စစ်ပွဲအဆုံးသတ်ဆင်နွှဲခြင်း"၏အစိတ်အပိုင်းအဖြစ် သောကြာနေ့ (ဩဂုတ် ၈) က အတည်ပြုခဲ့သည်။အမေရိကန်နိုင်ငံမှလွဲ၍ အနောက်နိုင်ငံများစွာက အဆိုပါအစီအစဉ်ကို ရှုတ်ချခဲ့ပြီး အစ္စရေးတွင် အကြီးမားဆုံးစစ်ဆန့်ကျင်ရေးဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Hamas ကို တိုက်ခိုက်သည့် အစ္စရေး၏ စစ်ဆင်ရေးတွင် ပါလက်စတိုင်းလူမျိုး ၆၀,၀၀၀ ကျော် သေဆုံးခဲ့သည်။
ကိုးကား- RT

တောင်ကိုရီးယားတပ်မတော်ရှိ စစ်သားအရေအတွက်သည် ပြီးခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ၂၀% ကျဆင်းသွားကြောင်း အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါသည်။ ထိုသို့ကျဆင်းရသည့် အဓိကအချက်မှာကမ္ဘာ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားတွင် မဖြစ်မနေစစ်မှုထမ်းရမည့် အရွယ်ရောက်ယောက်ျားလူဦးရေ သိသိသာသာ ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း ထိုအစီရင်ခံစာက ဖော်ပြထား ပါသည်။

တောင်ကိုရီးယားတပ်မတော်၏ အရွယ်အစားသည် ၂၀၀၀ ပြည့်လွန်နှစ် များအစောပိုင်းက တပ်သား ၆၉၀,၀၀၀ ခန့်ရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်း လာကာ ၂၀၁၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွင် ပိုမိုကျဆင်းလာပြီး ယခု အခါ တပ်သား ၄၅၀,၀၀၀ ခန့်သာရှိတော့သည်။ မြောက်ကိုရီးယားတွင် တပ်မတော်သား ၁.၂ သန်းခန့်ရှိသည်ဟု ၂၀၂၂ ခုနှစ်က ကာကွယ်ရေး ဝန်ကြီးဌာန၏ နောက်ဆုံးခန့်မှန်းချက်အရ သိရှိထားရပါသည်။
တောင်ကိုရီးယားသည် ကမ္ဘာ့ပေါ်တွင် အိုမင်းရင့်ရော်မှု အမြန်ဆုံး လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်နေပြီး ၂၀၂၄ ခုနှစ်တွင် အနိမ့်ဆုံး ကလေး မွေးဖွားနှုန်း ၀.၇၅ သာရှိပါသည်။ ၎င်းမှာ အမျိုးသမီးတစ်ဦး၏ မျိုးပွား နိုင်သောဘဝတွင် မျှော်မှန်းထားသည့် ပျမ်းမျှကလေးမွေးဖွားနှုန်းကို ညွှန်ပြ နေပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ၅၁.၈ သန်းအထိ ရှိခဲ့သော နိုင်ငံ၏ လူဦးရေသည် ၂၀၇၂ ခုနှစ်အရောက်တွင် ၃၆.၂ သန်းသို့ ကျဆင်းလာမည် ဟု အစိုးရ၏ခန့်မှန်းချက်အရ သိရပါသည်။
၂၀၂၅ ခုနှစ်တွင် တောင်ကိုရီးယား၏ ကာကွယ်ရေးအသုံးစရိတ်မှာ ဝမ် ၆၁ ထရီလီယံ (ပေါင် ၃၃ ဘီလီယံ) ကျော်ရှိပြီး မြောက်ကိုရီးယား၏ ခန့်မှန်း စီးပွားရေးအရွယ်အစားထက် ပိုမိုကြီးမားပါသည်။ သို့သော် နိုင်ငံ့ စစ်တပ် သည် ကာကွယ်ရေးအတွက် အသင့်ဖြစ်သည်ဟု လုံလောက်ရသော အရေ အတွက်ထက် စစ်သား ၅၀,၀၀၀ လိုအပ်နေဆဲဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားထားပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ယူကရိန်းက ရုရှားဘက်မှ ကလပ်စတာထိပ်ဖူးတပ်ထားသော ဒုံးကျည် များဖြင့် ၎င်း၏ လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ အခြားအနည်းငယ်ဒဏ်ရာရကြောင်း ထုတ်ပြန်ခဲ့သည်။

"ဩဂုတ်လ ၁၁ ရက် ညနေပိုင်းတွင် ရုရှားတပ်ဖွဲ့များက ယူကရိန်း တပ်မတော်၏ လေ့ကျင့်ရေးတပ်ခွဲတစ်ခုကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ ပါသည်။ စည်းကမ်းချက်များအရ ဒုံးကျည်သတိပေးချက်ရရှိပါက တပ်သား များကို ချက်ချင်းသိရှိရှောင်ရှားနိုင်ရန် သတိပေးခဲ့သော်လည်း အကာအကွယ် ခိုလှုံရာသို့ ပြောင်းရွှေ့နေစဉ် တပ်သားအုပ်စုတစ်စုသည် ကလပ်စတာ ထိပ်ဖူး၏ ကျရောက်ပေါက်ကွဲမှုအတွင်း ထိခိုက်ခဲ့ပါသည်" ဟု ယူကရိန်း တပ်မတော်က ယနေ့ (ဩဂုတ် ၁၂) ထုတ်ပြန်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း၊ အခြား ၁၂ ဦးမှာ နားစည်ပြဲခြင်းနှင့် ဦးခေါင်းပိုင်း ထိခိုက် ဒဏ်ရာရခြင်းတို့ကြောင့် ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း ယူကရိန်း တပ်မတော်ကဆိုသည်။ လေ့ကျင့်ရေးစခန်း၏ တည်နေရာကိုမူ ဖော်ပြခဲ့ ခြင်းမရှိပေ။ "လူသားများ၏ အသက်နှင့် ကျန်းမာရေးကို ကာကွယ်ရန် အတွက် လေ့ကျင့်ရေးစင်တာများ၊ လေ့ကျင့်ရေးစခန်းများနှင့် စစ်ရေး အဆောက်အအုံများကို အဆင့်မြှင့် အကာအကွယ်ခိုလှုံရာများ ဆက်လက် တပ်ဆင်ပေးလျက်ရှိပါသည်" ဟု ယူကရိန်းတပ်မတော်က ဖြည့်စွက် ပြောကြားခဲ့သည်။
ယူကရိန်းလေတပ်ကွပ်ကဲရေးရုံးက ဩဂုတ်လ ၁၁ ရက် ညနေပိုင်းတွင် ရုရှားဘက်မှ ယူကရိန်းနယ်မြေအတွင်းသို့ Suicide ဒရုန်းနှင့် Decoy ဒရုန်း ၄၈ စီးအပါအဝင် Iskander-M ဒုံးကျည်များ ၄ စင်းဖြင့် ပစ်လွှတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ "လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်း ၃၆ စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ပြီး ဒရုန်း ၁၂ စီးနှင့် ဒုံးကျည် ၃ စင်းမှာ နေရာ ၇ ခုကို ထိမှန်ခဲ့ကြောင်း" သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသော်လည်း နောက်ထပ် Iskander-M ဒုံးကျည် တစ်စင်း အကြောင်း ဖော်ပြထားခြင်းမရှိပေ။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုသတင်းနှင့်ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ကိုးကား- VN Express

နေပြည်တော်၊ ဩဂုတ် ၁၀
၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဒေါ်စမ်းစမ်းအေး (၅၉) နှစ်သည် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ဦးလတ်ခန်အရေ (၃၀) နှစ်နှင့်အတူ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာမှ နေအိမ်သို့ပြန်ရန် မြန်မာပလာဇာအောက်ထပ်ကားပါကင်၌ ရပ်ထားသည့် ကားအနီးသို့ ရောက်ရှိစဉ် အမျိုးသားနှစ်ဦး (စိစစ်ဆဲ) မှ ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စမ်းစမ်းအေးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးလတ်ခန်အရေတွင် ဓားဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဗဟန်းမြို့ မရဲစခန်း၌ (ပ) ၁၉၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တရားခံ ၂ ဦးမှာ မြန်မာပလာဇာသို့ YGN-43 11/1190 Toyota Vitz အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၇ မိနစ်အချိန်တွင် ရောက်ရှိလာပြီး B2 ကားပါကင်တွင် ရပ်ထားခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် YGN-13 4M-8749 Toyota Harrier အဖြူရောင်ယာဉ်သည် မွန်းလွဲ ၂ နာရီ ၂ မိနစ်အချိန်တွင်ရောက်ရှိလာပြီး B2 ကားပါကင် A ဇုံအနီးတွင် ရပ်တန့်၍ ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မော်တော်ယာဉ်ပေါ်မှဆင်းပြီး မြန်မာပလာဇာပေါ်သို့ တက်သွားခဲ့ကြောင်း၊ တရားခံ ၂ ဦး စီးနင်းလာသည့် မော်တော်ယာဉ်သည် ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် မော်တော်ယာဉ်အနီးသို့ ပြောင်းလဲရပ်တန့်ခဲ့ပြီးနောက် ညနေ ၄ နာရီ ၂၇ မိနစ်အချိန်တွင် ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မြန်မာပလာဇာပေါ်မှ ဆင်းလာပြီး ၎င်းတို့ ကားရပ်ထားသည့်နေရာသို့ သွားရောက်စဉ် တရားခံ ၂ ဦးမှ ကားပေါ်မှဆင်းပြီး ဒေါ်စမ်းစမ်းအေးအား ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဦးလတ်ခန်အရေမှ ပြန်လည်ခုခံသဖြင့် တရားခံ ၁ ဦးမှ ဝင်ရောက်ထိုးကြိတ်ခဲ့ကြောင်း၊ တရားခံ ၂ ဦးသည် အခင်းဖြစ်နေရာမှ မြန်မာပလာဇာရှေ့ ကမ္ဘာအေး YGN-33 FF-1233 Toyota Caldina အဖြူရောင်ယာဉ်အား ငှားရမ်းပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်သွားကြောင်း၊ YGN-33 FF-1233 Toyota Caldina ယာဉ်မောင်းအား စစ်ဆေးခဲ့ရာ အဆိုပါတရားခံ ၂ ဦးအား အင်းစိန်မြို့နယ်၊ ပြည်လမ်း ၁၀ မိုင်ကုန်းကားမှတ်တိုင်အနီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ တရားခံ ၂ ဦး၏ CCTV မှတ်တမ်းအား ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်အား ပြသမေးမြန်းခဲ့ရာ တစ်ဦးမှာ မိခင်ဖြစ်သူနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းအတူ လုပ်ကိုင်ပြီး မိခင်ဖြစ်သူအား အကြွေးပေးရန်ရှိသူ တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ INNO City တွင် တည်းခိုနေထိုင်သူ မြတ်သူရကျော် (၃၁) နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးစုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂုတ်လ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲမြို့မအဝင်ဂိတ်တွင် ၎င်း၏ဇနီးဖြစ်သူ မအေးစုအိစံ (ခ) ဘေဘီ (၂၆) နှစ် (ဘ) ဦးဝင်းချို အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ သိပ္ပံ (၉) လမ်း၊ Royal Thiri ကွန်ဒို၊ အမှတ် (၆၀၈) နေသူနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံမြတ်သူရကျော်အား စစ်ဆေးချက်အရ ၎င်းသည် သေဆုံးသူ ဒေါ်စမ်းစမ်းအေးအားပေးရန် အကြွေးများရှိသဖြင့် ငွေကြေးလိုအပ်ချက်များကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦး (စိစစ်ဆဲ) အား ဖမ်းဆီးရမိနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

10 August 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက် ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ လုံးကြီးကျေးရွာနှင့် ဘူးကျေးရွာတို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများမှာ ၎င်းတို့၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေ ၁၇ ရက်တွင် လုံးကြီး ကျေးရွာမှ ဒေါ်ခင်ဌေးဝင်း(၆၀)နှစ်အားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီတွင် ဘူးကျေးရွာနေသူများဖြစ်ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းမြင့်(၆၉)နှစ်နှင့် ၎င်း၏သား ဦးဝင်းကိုမြင့်(၄၂)နှစ်တို့အားလည်းကောင်း၊ ဘူးကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်း ပြဆရာမ ဒေါ်စန္ဒာမြင့် (၅၃)နှစ်၊ မြေတိုင်းစာရေး အငြိမ်းစား ဦးမျိုးလွင်(၅၅)နှစ်တို့အားလည်းကောင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အဆိုပါကျေးရွာများသို့ လာရောက်၍ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ရာမှ ဩဂုတ် ၉ ရက်တွင် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MOHA

ယူကရိန်း၏ ဥရောပထောက်ခံသူများပါဝင်သည့် "Coalition of the Willing" အဖွဲ့ဝင်များသည် ယခင်က ယူကရိန်းသို့ တပ်ဖွဲ့များ စေလွှတ်ရန်အဆိုပြုခဲ့သော်လည်း ယခုအခါ ထိုအစီစဉ်ကို ဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ထားကြောင်း The Sunday Times သတင်းစာက အမည်မဖော် လိုသော သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

မတ်လက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက လန်ဒန်သည် အခြား နိုင်ငံများနှင့်အတူ "ခြေလျင်တပ်ဖွဲ့များနှင့် လေယာဉ်များကို စေလွှတ်ရန် အဆင်သင့်ဖြစ်ကြောင်း" ကြေညာခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း အလားတူ ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ သို့သော် ယူကရိန်းနှင့် ရုရှားတို့ စစ်ပြေငြိမ်းရန် သဘော တူပါက အဆိုပါတပ်ဖွဲ့များကို "ငြိမ်းချမ်းရေးထိန်းသိမ်းရေး" အဖွဲ့အဖြစ် သာ အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် ဂျာမနီ၊ ပိုလန်၊ စပိန်နှင့် အီတလီ နိုင်ငံတို့က အဆိုပါအစီအစဉ်တွင် တပ်ဖွဲ့များပါဝင်ရန် မလိုလားကြောင်း ငြင်းဆိုခဲ့ကြသည်။ ရုရှားဘက်မှလည်း မည်သည့်အကြောင်းပြချက်ဖြင့် မဆို နေတိုးတပ်ဖွဲ့ဝင်များ ယူကရိန်းတွင် တပ်စွဲထားရန် အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။
The Sunday Times ၏ စနေနေ့ (ဩဂုတ် ၉)ထုတ် သတင်းစာ ဆောင်းပါး တစ်ပုဒ်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ လာမည့်တွေ့ဆုံမှုတွင် ယူကရိန်းစစ်ပွဲ ရပ်စဲရန် သဘော တူပါက ယူကရိန်းဘက်က "နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ များ" ကို လိုအပ်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ဗြိတိန် သတင်းစာ က ၎င်းအစီအစဉ်မှာ မဖြစ်နိုင်ဟု ဖော်ပြခဲ့ပြီး ဗြိတိန် ကာကွယ်ရေး အရာရှိ တစ်ဦး၏ "မည်သူမျှ မိမိတို့၏စစ်သည်များကို ယူကရိန်းတွင် အသက် စွန့်ရန် မစေလွှတ်လိုကြ" ဟူသော ထုတ်ဖော်ပြောဆိုချက်ကိုလည်း ကိုးကား ဖော်ပြခဲ့သည်။
မေလက Financial Times သတင်းစာကလည်း အမေရိကန်က ပံ့ပိုးမှု မပေးတော့သည့်အတွက် ယခုအခါ အဆိုပါ ပူးပေါင်းအဖွဲ့၏ ယူကရိန်းတွင်တပ်စွဲမှုအစီအစဉ်မှာ ပြီးဆုံးသွားပြီဟု ဖော်ပြခဲ့သည်။ The Times သတင်းစာကလည်း ဥရောပစစ်တပ်များ လူအင်အားချို့တဲ့နေမှုကြောင့် ယင်းအစီအစဉ်မှာ လက်တွေ့မကျဟု ဖော်ပြခဲ့ဖူးသည်။
လွန်ခဲ့သည့်လက ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများသည် စစ်ပွဲများ ဖန်တီးရန်နှင့် ရန်လို သော သဘောထားများကို ကျင့်သုံးနေသည်ဟု စွပ်စွဲခဲ့သည်။ ဧပြီလက ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း အမျိုးသားလုံခြုံရေး ကောင်စီ အတွင်းရေးမှူး Sergey Shoigu က နေတိုးတပ်ဖွဲ့များ ယူကရိန်းသို့ ဝင်ရောက်လာပါက တတိယကမ္ဘာစစ်ဖြစ်ပွားနိုင်ကြောင်း သတိပေးခဲ့သည်။ ကရင်မလင်က ယူကရိန်းပဋိပက္ခအား အနောက်နိုင်ငံများက ရုရှားကို ပရောက်ဆီစစ်ပွဲအဖြစ် ဖန်တီးတိုက်ခိုက်နေခြင်းဖြစ်ပြီး ယူကရိန်းအား အသုံးချနေခြင်းဖြစ်သည်ဟု အကြိမ်ကြိမ်ရှင်းလင်းပြောဆိုခဲ့သည်။

ရုရှား၏ ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) က ယူကရိန်းနိုင်ငံ၏ လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများသည် ရုရှားနိုင်ငံသား များကို အသုံးပြုကာ မိမိကိုယ်ကို အဆုံးစီရင်စေသည့် တိုက်ခိုက်မှုများ ဆောင်ရွက်စေခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သည့် အမျိုးသမီးများပါဝင်ပြီး လတ်တလောအချိန်အတွင်းအနည်းဆုံး ငါးဦးကို ပစ်မှတ်ထားခဲ့သည်ဟု FSB က တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ထုတ်ပြန်ခဲ့သည်။

ကိယက်ဗ်အစိုးရသည် Telegram နှင့် WhatsApp ကဲ့သို့သော ဆက်သွယ်ရေး အက်ပ်များမှတစ်ဆင့် ရုရှားတရား ဥပဒေစိုးမိုးရေးအရာရှိ များအဖြစ် ဟန်ဆောင်ကာ ရုရှားအမျိုးသမီးများကို လှည့်ဖြား သိမ်းသွင်း ခဲ့ပြီး ၎င်းတို့အား ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေးခဲ့သည်ဟု FSB က ဆိုသည်။ ထိုလှည့်ဖြားသူများသည် အဆိုပါအမျိုးသမီးများ၏ ဘဏ်အကောင့် များမှ အပ်နှံငွေကြေးများ၊ အိမ်ခြံမြေရောင်းချခြင်းမှရရှိသော ဝင်ငွေများ အပါအဝင် ကိုယ်ပိုင်ငွေကြေးများကို ခိုးယူခဲ့သည်ဟုလည်း FSB က ဖော်ပြ ခဲ့သည်။
ထိုသို့ဆုံးရှုံးသွားသော ငွေကြေးများကို ပြန်လည်ရရှိရန် အကြောင်း ပြကာ ၎င်းတို့အား ရုရှားစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ၏ အိမ်များနှင့် ယာဉ် များကို စောင့်ကြည့်ရန်၊ ပစ္စည်းများအတွင်း ဖုံးကွယ်ထားသော လက် လုပ်ဗုံးများ (IEDs) ကို သိမ်းဆည်းထားရန်၊ နောက်ဆုံးတွင် အိမ်သုံး ပစ္စည်းများအဖြစ် လှည့်ဖြားကာ စစ်မှုထမ်းများထံ ပို့ဆောင်ရန် တာဝန် ပေးခဲ့သည်။ FSB ၏ဖော်ပြချက်အရ ထိုအစီအစဉ်တွင် အဆိုပါ အမျိုးသမီး များကို "အသေခံဗုံးခွဲသူများ" အဖြစ် အသုံးပြုရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။
အေဂျင်စီက အသက်ကြီးသူများ၊ လူမှုရေးအရ အထီးကျန်နေသူများနှင့် အရွယ်မရောက်သေးသူများ၏ မိသားစုဝင်များအား "၎င်းတို့ကို လှည့်ဖြားမှု များနှင့် ရာဇဝတ်မှု (သို့) အစွန်းရောက်လှုပ်ရှားမှုများဆီသို့ ဆွဲဆောင် ခံရနိုင်ခြေအကြောင်း ပညာပေးရန်" တိုက်တွန်းခဲ့သည်။ ထို့အပြင် ရုရှား အစိုးရအရာရှိများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် "Safe account" အဖြစ် သတ်မှတ်ထားသော နေရာများသို့ ငွေလွှဲရန် (သို့) ငွေသားများကို တစ်ဆင့်လွှဲပြောင်းပေးပို့သူများထံ အပ်နှံရန် မည်သည့်အခါမျှ တောင်းဆို လေ့မရှိကြောင်း ထပ်လောင်းရှင်းလင်းခဲ့သည်။
လွန်ခဲ့သည့်လက ရုရှားပြည်သူ့လွှတ်တော်၏ သတင်းအချက်အလက် မူဝါဒကော်မတီဥက္ကဋ္ဌ Sergey Boyarsky က Telegram သည် ရုရှား၏ ဒေတာသိမ်းဆည်းမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန် ပျက်ကွက်ပါက ရုရှား၌ တားမြစ်ခံရနိုင်ကြောင်း သတိပေးခဲ့သည်။ "Telegram သည် ကိုယ်ရေးကိုယ်တာအချက်အလက်များ သိုလှောင်မှုနှင့်ပတ်သက်၍ လက်ရှိ ဥပဒေများနှင့် မကိုက်ညီပါ ၊ ၎င်းအနေဖြင့် ပိုမိုပြင်းထန်သော အရေးယူမှု များကို ရင်ဆိုင်ရနိုင်သည်" ဟု TASS သို့ ပြောကြားခဲ့သည်။
ရုရှားအာဏာပိုင်များသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများနှင့်အတူ မက်ဆေ့ဂျ်ပလက်ဖောင်းများမှတစ်ဆင့်အစွန်းရောက်အကြောင်းအရာများ ဖြန့်ဝေမှုကို စိုးရိမ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မော်စကိုသည် ယခုအခါ "digital sovereignty" ကို မြှင့်တင်လျက်ရှိပြီး လုံခြုံပြီးအစိုးရကထိန်းချုပ်သော ပလက်ဖောင်းများ ဖန်တီးရေးဆွဲရန် ပြည်တွင်းကုမ္ပဏီများကို အားပေးလျက်ရှိသည်။ ရုရှား၏ အကြီးဆုံးလူမှုကွန်ရက်ကုမ္ပဏီ VK သည် တရုတ်၏ WeChat နှင့်တူညီသော "Max" အမည်ရှိ အမျိုးသားအဆင့် စာတိုပေးပို့ခြင်း (Messaging) ဝန်ဆောင်မှုတစ်ခုကို ဖန်တီးရေးဆွဲလျက်ရှိသည်။

အစ္စရေး လေတပ်၏ ဂါဇာရှိ သတင်းထောက်များရှိနေသည့် စခန်းကို ဗုံးကြဲတိုက်ခိုက်မှုတွင် Al Jazeera သတင်းဌာနမှ သတင်းထောက် အနည်းဆုံး ၅ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် ဒေသတွင်း လူသားချင်းစာနာမှု အကျပ်အတည်းဆိုင်ရာ သတင်းများဖြင့် ကျော်ကြား ခဲ့သော အမည်ကျော် သတင်းထောက် Anas al-Sharif လည်း ပါဝင် ခဲ့သည်။

တနင်္ဂနွေ (ဩဂုတ် ၁၀) ညနေက အစ္စရေးကာကွယ်ရေးတပ်များ (IDF) မှ ဂါဇာရှိ အလ်ရှီဖာဆေးရုံး၏ အဓိကဝင်ပေါက်အပြင်ဘက်ရှိ စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကာတာအခြေစိုက် Al Jazeera သတင်း ဌာနမှ ချက်ချင်းပင် ၎င်းတို့၏ သတင်းထောက် ၄ ဦး (al-Sharif, Mohammed Qreiqeh, Ibrahim Zaher နှင့် Mohammed Noufal) သေဆုံးကြောင်း အတည်ပြုခဲ့သည်။ နောက်ပိုင်းတွင် ရုပ်သံရိုက်ကူးရေး သမား Moamen Aliwa အပါအဝင် အခြား ၂ ဦးပါ ထပ်မံသေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း ၇ ဦးအထိ ရှိလာသည်။
al-Sharif ၏ X တွင် နောက်ဆုံးတင်ခဲ့သော ပို့စ်သည် အစ္စရေး၏ ဂါဇာ မြို့ကို ဗုံးကြဲနေသည့် ဗီဒီယိုဖြစ်ပြီး၊ ၎င်းသေဆုံးခါနီးအချိန်တွင် တင်ခဲ့ ခြင်းဖြစ်သည်။ ယင်းပို့စ်တွင် အစ္စရေး စစ်လေယာဉ်များ၏ မရပ်မနား ဗုံးကြဲတိုက်ခိုက်မှု အခြေအနေများကို ဖော်ပြထားသည်။
အစ္စရေးစစ်တပ်က al-Sharif ကို ပစ်မှတ်ထားခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၎င်းသည် သတင်းထောက်အဖြစ် အယောင်ဆောင်နေသည့် ဟားမက်၏ အကြမ်းဖက် ခေါင်းဆောင် ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ Al Jazeera က အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုကာ ၎င်း၏သတင်းထောက်များကို ရည်ရွယ်သည့် အာဃာတဖြစ်စေရေး လှုံ့ဆော်မှု၏ အစိတ်အပိုင်းဟု ရှုမြင်ကြောင်း ဖော်ပြခဲ့သည်။
သတင်းထောက်များ ကာကွယ်ရေးကော်မတီ (CPJ) က အစ္စရေးဘက်မှ al-Sharif သည် ဟားမက်အဖွဲ့ဝင်ဖြစ်ကြောင်း သက်သေပြရန် အထောက် အထား လုံးဝမရှိဟု ပြောကြားခဲ့သည်။ "ဤသည်မှာ အစ္စရေး၏ ဆယ်စုနှစ် များစွာကတည်းက သတင်းထောက်များကို သတ်ဖြတ်နေသည့် အလေ့အထ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်" ဟု CPJ ၏ CEO ဖြစ်သူ Jodie Ginsberg က ဆိုသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်သည့် အစ္စရေး-ဟားမက် စစ်ပွဲ အတွင်း သတင်းထောက်အနည်းဆုံး ၂၃၇ ဦး သေဆုံးခဲ့ပြီး Al Jazeera သတင်းဌာနတစ်ခုတည်းမှပင် ဝန်ထမ်း ၁၀ ဦး ဆုံးရှုံးခဲ့ရသည်။