ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်၌ နှစ်ဖက်တပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဖြစ်ပွား
ဗန်ကောက် ဇူလိုင် ၂၄
ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ် ၌ ယနေ့တွင် နှစ်ဖက်တပ်ဖွဲ့ဝင် များကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်စပ်တိုက်ပွဲများ အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယား တပ်များသည် အမြောက်များ အပါအဝင် လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းတွင် အနည်းဆုံး အရပ်သားကိုးဦး၊ ထိုင်းနိုင်ငံဘက်အခြမ်းတွင် အနည်း ဆုံး အရပ်သားကိုးဦး သေဆုံး ခဲ့ရသည်။
ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ထိုင်းအစိုးရ က ဇူလိုင် ၂၃ ရက်တွင် ပြန်လည် ခေါ်ယူခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးကို လည်း နှင်ထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယနေ့ တိုက်ပွဲများအတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့ ဝင်များသည် နှစ်နိုင်ငံနယ်စပ်တစ် လျှောက် အနည်းဆုံးနေရာပေါင်း ခြောက်နေရာတို့၌ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
ပဋိပက္ခများ ဖြစ်ပွားနေစဉ် ထိုင်းလေတပ်မှ အက်ဖ်-၁၆ တိုက် လေယာဉ်တစ်စင်းက ကမ္ဘော ဒီးယား စစ်ရေးပစ်မှတ်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။
ယခုနှစ်မေလအတွင်း နှစ်နိုင်ငံ နယ်စပ်၌ ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရပြီးနောက် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံ ဆက်ဆံရေး စတင်တင်းမာခဲ့ ရသည်။
နယ်စပ်ချင်းမိုင်ပေါင်း ၅၀၀ ကျော် ဆက်စပ်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ရှေးယခင် ကလည်း နယ်စပ်ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများကြောင့် ပဋိပက္ခ များဖြစ်ပွားခဲ့ဖူးကြောင်းသိ ရသည်။
Ref: Xinhua
Trs: KKO