ဆွေးနွေးချက်များ

-

ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 ငြိမ်းချမ်းရေးရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့ သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဇွန် ၂၅ ရက်မှ စတင်၍ သုံးရက်တာကျင်းပခဲ့သည်။

ထိုကဲ့သို့ ဆွေးနွေးပွဲသုံးရက်တာကာလအတွင်း ဆွေးနွေးခဲ့သည်များနှင့်စပ်လျဉ်း၍ တက်ရောက် လာကြသူအချို့၏ စကားသံများမှာ ​အောက်ပါအတိုင်းဖြစ်ပါသည်-

ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း) ပြည်ထောင်စုဝန်ကြီး(ငြိမ်း)

ဒီဖိုရမ်မှာပညာရှင်တွေက အကြံပြုချက်တွေကို လွတ်လွတ်လပ်လပ်ပေးကြပါတယ်။ ပညာရှင်တွေရဲ့အမြင်က ပညာရပ်ဆိုင်ရာဖြစ်တဲ့အတွက် အမှားမရှိဘူးလို့ပြောလို့ရတယ်။ တစ်ကမ္ဘာလုံးက ပညာရပ်တွေနဲ့ ပညာရှင်တွေရဲ့လုပ်ပုံလုပ်နည်းတွေ၊ အတွေးအခေါ်တွေ ဒါတွေကို ကိုယ့်နိုင်ငံအတွက် ပြန်ပြီးမျှဝေပေးကြတာပါ။ ကျွန်တော်တို့လုပ်လို့ရတယ်၊ မရဘူးဆိုတာကတော့ အခြေအနေအပေါ် မူတည်ပါတယ်။ နိုင်ငံတကာနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့အခြေအနေက မတူညီတာမျိုးလည်းရှိနိုင်တယ်။ သို့သော်လည်း တူတာတွေကိုအတုယူပြီး ဖွံ့ဖြိုးအောင်တိုးတက်အောင်လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက် အများကြီးအကျိုးရှိမှာဖြစ်ပါတယ်။ ဒီဖိုရမ်ရဲ့ရည်ရွယ်ချက်ကလည်း အဲဒါပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက လွတ်လပ်ရေးရပြီးကတည်းက ပဋိပက္ခတွေရှိနေခဲ့တယ်။ အဲဒီကနေ ကျော်လွန်နိုင်အောင်၊ ဖောက်ထွက်နိုင်အောင် ပညာရှင်တွေရဲ့အားတွေလိုတယ်။ ဆွေးနွေးမှုတွေကို နားထောင်ကြည့်တဲ့အခါ ဆွေးနွေးကြတဲ့သူတွေက စိတ်ရင်းစေတနာနဲ့ ပြောဆိုဆွေးနွေးကြတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဆွေးနွေးချက်တွေက ကိုယ်ကျိုးအတွက်ပြောတာမဟုတ်ဘူး၊ နိုင်ငံအတွက်ပြောတယ်ဆိုတာ ပေါ်လွင်သိရှိနိုင်ပါတယ်။ ကျွန်တော်တို့လိုချင်တာလည်း အဲဒါပဲဖြစ်ပါတယ်။ အဲဒီအချက်တွေအထဲကမှ လုပ်ဆောင်သွားနိုင်မယ့်အရာတွေ၊ ကိုယ့်နိုင်ငံနဲ့သင့်တော်မယ့်အရာတွေကို နိုင်ငံ့အကြီးအကဲတွေဆီ တင်ပြရမှာဖြစ်ပါတယ်။ နိုင်ငံ့အကြီးအကဲတွေက နိုင်ငံတော်အတွက်၊ နိုင်ငံကောင်းကျိုးအတွက်လုပ်ချင်ကြတာပါ။ အခက်အခဲအကျပ်အတည်းတွေရှိနေလို့ ဒီအခြေအနေကနေ ဖောက်ထွက်နိုင်မယ့်နည်းလမ်း၊ အဆင်ပြေမယ့်နည်းလမ်းတွေကို လက်ခံကျင့်သုံးရပါမယ်။ အဓိကကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဒီဖိုရမ်တွေလုပ်တာဖြစ်ပါတယ်။

ဒေါက်တာဝါဝါမောင် ဒုတိယဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကတော့ အမြဲတမ်းထိတွေ့ဆောင်ရွက်နေဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကြားထဲမှာ ယုံကြည်မှုရင်းနှီးမှုတည်ဆောက်တာပါ၊ နားလည် မှုရယူနိုင်ဖို့ဆိုတာ ဒီလိုပလက်ဖောင်းတွေက လိုအပ်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကျွန်မတို့အားလုံးကကြိုဆိုရမယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆောင်ရွက်တာက ကဏ္ဍသုံးခုပါ၊ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနဲ့ဖွံ့ဖြိုးမှုပါ။ ဒီသုံးခုစလုံး အောင်အောင်မြင်မြင်ဖြစ်ဖို့ အားလုံးပါဝင်ကြရမယ်။ ဆောင်ရွက်တဲ့နေရာမှာ ဘုံသဘောတူညီချက်ဆိုတာ ရှိဖို့လိုတယ်။ ဘုံသဘောတူညီချက်ကို ဘယ်အပေါ်အခြေခံမလဲဆိုရင် ဒို့တာဝန်အရေးသုံးပါးနဲ့ သွေဖည်သွားလို့မရဘူး။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတဲ့အခါထားရှိရမယ့် စည်းမျဉ်းစည်းကမ်းတွေကတော့ အပြန်အလှန်လေးစားမှု၊ တစ်ဦးရဲ့အခက်အခဲကိုတစ်ဦးက နားလည်လက်ခံနားထောင်ပေးနိုင်ဖို့၊ အားလုံးဟာအလွှာစုံကို ကိုယ်စားပြုလာတဲ့သဘောထားအမြင်တွေဖြစ်တဲ့အတွက် ခွဲခြားဆက်ဆံတာမရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ထူးခြားတဲ့ရလဒ်တွေရရှိလာနိုင်မှာဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာလည်း အားလုံးကိုယ်စားပြု ပါဝင်မှုများတယ်။ အားလုံးပါဝင်ကြပြီး ပါဝင်ဆွေးနွေးမှုတွေကို နားထောင်တဲ့အခါမှာလည်း နိုင်ငံအတွက် စိတ်စေတနာထက်သန်မှုရှိကြတယ်။ ငြိမ်းချမ်းစေချင်ကြတယ်၊ တိုးတက်စေချင်ကြတယ်။ တိုင်းရင်းသားတွေအားလုံး စည်းစည်းလုံးလုံးနဲ့နေထိုင်ချင်တဲ့ စိတ်ဓာတ်ကိုအခြေခံပြီး ဆွေးနွေးနေတဲ့အတွက် ရေရှည်ငြိမ်းချမ်းရေး ဖြစ်ပေါ်မယ်လို့ ယုံကြည်ပါတယ်။

မန်းအောင်ပြည်စိုး ဥက္ကဋ္ဌ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ငြိမ်းချမ်းရေးဖိုရမ်ဖြစ်လို့ အားလုံးအတွက်ကောင်းပါတယ်။ ရွေးကောက်ပွဲအေးအေးချမ်းချမ်း၊ ပြေပြေလည်လည်၊ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကအရေးကြီးပါတယ်။ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ပြည်နယ်ရဲ့ အနေအထား၊ အခက်အခဲ၊ ပါတီကိစ္စစတာတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တွေ့ကြုံလာနိုင်တာတွေကို ဘယ်လိုဖြေရှင်းရင်ကောင်းမလဲဆိုတဲ့ အကြံပြုချက်တွေကို ကျွန်တော့်အနေနဲ့ဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးပွဲကျင်းပတာကို အားရကျေနပ်မှုရှိပါတယ်။ ဒီလိုမျိုး မကြာမကြာလုပ်ဖို့လိုအပ်တယ်ဆိုတာကိုလည်း ကျွန်တော့်အနေနဲ့ အကြံပြုခဲ့တာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တွေ့ကြုံနေရတာတွေကို စေ့စပ်ညှိနှိုင်းနိုင်ဖို့အတွက် ဒီလိုဆွေးနွေးပွဲတွေ မကြာခဏလုပ်ဆောင်နေမှသာ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်လာမယ်လို့ ခံယူထားပါတယ်။

စောမြရာဇာလင်း ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)

ကျွန်မတို့ဆွေးနွေးပွဲမှာ အဓိကဆွေးနွေးတာကရွေးကောက်ပွဲကို အကောင်းဆုံးကျင်းပနိုင်ရေး၊ လွှတ်တော်ကောင်းမွန်စွာဖွဲ့စည်းနိုင်ရေးနဲ့ ဖွဲ့စည်းပြီးတဲ့နောက် အဆင့်ဆင့်ထိန်းသိမ်းရမယ့်တာဝန်တွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ စီးပွားရေးနဲ့လူမှုဘဝဖွံ့ဖြိုးရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းအရာတွေကိုလည်း ဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးပွဲကနေ အကျိုးကျေးဇူးတွေအများကြီးရမယ်လို့ထင်ပါတယ်။ အရင်က ဆွေးနွေးရင် နိုင်ငံရေးကိစ္စသက်သက်ကိုပဲ ဆွေးနွေးကြတာများတယ်။ အခုက နိုင်ငံရေးအပြင် လူမှုရေးနဲ့ စီးပွားရေး စတဲ့ဘက်စုံဆွေးနွေးမှုတွေကို ဒီဆွေးနွေးပွဲသုံးရက်အတွင်း ဆွေးနွေးကြတာဖြစ်တဲ့အတွက် နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အင်မတန်အကျိုးကျေးဇူးရှိပါတယ်။ ပါနိုင်သလောက် ပါဝင်သင့်တဲ့သူတွေပါဝင်ပြီး ရှေ့ကိုသွားနိုင်တဲ့အရွေ့တစ်ခုအတွက် တတ်နိုင်သလောက်ကြိုးပမ်းကြတာဖြစ်ပါတယ်။ ရှေ့ဆက်ပြီး အားလုံးပါဝင်နိုင်ဖို့အတွက် အခုကစဆွေးနွေးနေကြရမှာဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကျော်လွန်နိုင်ဖို့၊ ပဋိပက္ခလွန်ကာလမှာ အရှိန်အဟုန်နဲ့အလုပ်လုပ်နိုင်ဖို့ ကြိုတင်စဉ်းစားပြီးတော့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

ဒေါက်တာနိုင်ဆွေဦး အမှုဆောင်ဒါရိုက်တာ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

ကျွန်တော့်အနေနဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေးအပြောင်းအလဲအပေါ် မူတည်ပြီးတော့ မြန်မာ့နိုင်ငံရေးနဲ့ မြန်မာနိုင်ငံမှာ ကျင့်သုံးသင့်တဲ့ နည်းဗျူဟာ၊ မြန်မာနိုင်ငံရဲ့အနာဂတ်ပြောင်းလဲမှုတွေနဲ့ ဆက်စပ်ပြီးတော့ ကျင့်သုံးသင့်တဲ့ နည်းဗျူဟာဖော်ထုတ်ခြင်းဆိုတဲ့ အခန်းကဏ္ဍမှာ ပါဝင်ဆွေးနွေးတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိဘာတွေတွေ့ကြုံနေရတယ်၊ အနာဂတ်အတွက် ဘယ်လိုမဟာဗျူဟာမျိုးတွေ ချမှတ်သွားသင့်တယ်၊ အမျိုးသားလုံခြုံရေးအတွက် မဟာဗျူဟာတစ်ရပ်ဘယ်လိုချမှတ်သွား သင့်သလဲဆိုတာ အဓိကဆွေးနွေးခဲ့ပါတယ်။ သုံးရက်တာမှာ ကဏ္ဍစုံဆွေးနွေးခဲ့ကြတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဘယ်လိုရှေ့ ဆက်သွားကြမလဲ၊ ပဋိပက္ခတွေချုပ်ငြိမ်းအောင် ဘယ်လိုကြိုးပမ်းညှိနှိုင်းကြမလဲဆိုတာတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲအတွက် ဝိုင်းဝန်းဆွေးနွေးကြတာက အားရကျေနပ်စရာကောင်းပါတယ်။ လက်နက်ကိုင်နည်းလမ်းကို စွန့်ခွာပြီးစားပွဲ ဝိုင်းပေါ်ဆွေးနွေးကြမှ ထာဝရငြိမ်းချမ်းရေးအတွက် နီးကပ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီလိုငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတွေက ထာဝရငြိမ်းချမ်းရေးရရှိဖို့ အကောင်းဆုံးပြင်ဆင်မှုလို့ ယူဆပါတယ်။

ဦးကိုကိုကြီး ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ 

ကျွန်တော်အနေနဲ့ နိုင်ငံတော်ရဲ့ပကတိအခြေအနေနဲ့ ရွေးကောက်ပွဲရဲ့အရေးပါပုံကို အဓိကထားပြီး ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးတဲ့အခါ ဥပဒေနဲ့အညီ လွှတ်တော်တွေ အကောင်အထည် ဖော်ဖို့ပါ။ နိုင်ငံတော်ရဲ့ ပကတိအခြေအနေအပေါ် ပွင့်ပွင့်လင်းလင်းဆွေးနွေးဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေ ရဲ့မြေပြင်မှာနေရာရွှေ့ပြောင်းနေမှုတွေ၊ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေပမာဏခန့်မှန်းမှုတွေ၊ ရွှေ့ပြောင်းလုပ်သားအရေးကိစ္စတွေ အစရှိတာတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲရဲ့ အရေးပါမှုကို သိရှိရမယ်။ ရွေးကောက်ပွဲဟာ အကူးအပြောင်းကာလအဆင့်တစ်ခုဖြစ်ဖို့အတွက် အရေးပါပါတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲအလွန်ကာလအတွက်လည်း စဉ်းစားထားရမယ်။ ဒီရွေးကောက်ပွဲဟာ ယခင့်ယခင် ရွေးကောက်ပွဲတွေနဲ့မတူဘူး။ ရွေးကောက်ပွဲအလွန် သင့်တော်တဲ့အချိန်မှာ ဖွဲ့စည်းပုံပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ညီလာခံတစ်ခု ကျယ်ကျယ်ပြန့်ပြန့်ကျင်းပဖို့ အကြံပြုဆွေးနွေးခဲ့တာတွေရှိပါတယ်။ ဒီလိုဆွေးနွေးတဲ့အဝန်းအဝိုင်းကို စတင်တည်ဆောက်ပြီး တဖြည်းဖြည်းနဲ့ တိုးချဲ့သွားခြင်းအားဖြင့် ပို၍ပို၍ပြည့်စုံတဲ့ ဆွေးနွေးပွဲတွေဖြစ်လာမှာဖြစ်ပါတယ်။ လက်တွေ့အရ အားလုံးပါဝင်ဖို့ တစ်နေရာတည်း တစ်ချိန်တည်း လူတွေအများကြီး စုစည်းဆွေးနွေးဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိပါတယ်။

ပြည်သူတွေအနေနဲ့ နိုင်ငံရေးကိုကြောက်နေတာတို့၊ မပတ်သက်တာတို့ စတာတွေလုပ်နေလို့မရဘူး။ နိုင်ငံရေးက ကိုယ့်ကိုစီမံသွားတာမျိုးခံရနိုင်တယ်။ နိုင်ငံရေးဆိုတာ မပတ်သက်ဘဲနေလို့မရဘူး။ အနည်းဆုံးတော့သိနေရမယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ပြုပြင်ပြောင်းလဲဖို့အတွက် ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး တက်တက်ကြွကြွနဲ့ ဝင်ရောက်ဆောင်ရွက်ကြရမယ်။ အထူးသဖြင့် နိုင်ငံသားတွေ ဖြစ်တဲ့အတွက် အနည်းဆုံးတော့ မဲပေးပိုင်ခွင့်ကို ကျင့်သုံးဖို့အရေးကြီးပါတယ်။ ဒီဟာတွေကို ပြည်သူတွေ သိရှိလာတာနဲ့အမျှ ပိုပြီးတော့ မျှော်လင့်ချက်အားကောင်းလာမယ်။ စိတ်ဝင်စားမှုအားကောင်းလာမယ်။

Peace Forum (2025)

ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 ငြိမ်းချမ်းရေးရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့ သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်၌ ဇွန် ၂၅ ရက်မှစတင်၍ သုံးရက်တာ ကျင်းပခဲ့သည်။

ထိုကဲ့သို့ဆွေးနွေးပွဲသုံးရက်တာကာလအတွင်း ဆွေးနွေးခဲ့သည်များနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူအချို့၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။

ဗိုလ်မှူးကြီး ဝဏ္ဏအောင် အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ

Peace Forum ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိပကတိအခြေအနေ၊ နိုင်ငံငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအတွက်ကဏ္ဍအသီးသီးက တက်ရောက်လာကြသူတွေက အမြင်သဘောထားတွေ၊ အတွေ့အကြုံတွေ မျှဝေဖလှယ်ကြတယ်၊ အလွတ်သဘော ကျယ်ပြန့်စွာဆွေးနွေးကြတယ်၊ ရရှိလာတဲ့အကြံပြုချက်တွေ၊ ဆောင်ရွက်သင့်တာတွေကို ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

သုံးရက်တာမှာ ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲနောက်ပိုင်း ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ပဋိပက္ခအပြီး ပြန်လည်တည်ဆောက်ရေးနဲ့ သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးဆိုင်ရာတွေ စတာတွေကို ဆွေးနွေးကြတယ်။

ပြည်တွင်းပညာရှင်တွေက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့်နည်းလမ်းတွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မယ့် နိုင်ငံတကာအသိုက်အဝန်းရဲ့အခန်းကဏ္ဍ၊ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာလိုအပ်ချက်တွေ၊ လူမှုစီးပွားဘဝစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့၊ ပထဝီနိုင်ငံရေးဆိုင်ရာ ရှုထောင့်အမျိုးမျိုးနဲ့ လေ့လာဆန်းစစ်ပြီးတော့ အသွင်ကူးပြောင်းရေးအတွက် ကျင့်သုံးသင့်တဲ့ နည်းဗျူဟာတွေကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေနဲ့ ငြိမ်းချမ်းရေးမရရှိနိုင်ပါဘူး။ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်ဆိုတာကို လူထုအကြားအသိအမြင်တိုးမြှင့်ရရှိလာစေချင်တယ်။ ဒီလိုဆွေးနွေးပွဲတွေကပဲ နိုင်ငံရေး၊ စီးပွားရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရေရှည်လုပ်ငန်းစဉ်တွေကို ရေတို၊ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

ဦးအောင်နိုင်ဦး ပြည်ထောင်စုဝန်ကြီး(ငြိမ်း)

လူသားချင်း အထောက်အကူပြုကိစ္စတွေ၊ လူမှုစီးပွားစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒီနေ့ဆွေးနွေးခဲ့ကြတယ်။ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်တွေက အခြေအနေတစ်ခုမှာ လုပ်ရတာဖြစ်ပေမယ့် လူမှုစီးပွားစိန်ခေါ်မှုတွေက တစိုက်မတ်မတ်ကိုလုပ်နေရမှာဖြစ်ပါတယ်။ အဲဒီနှစ်ခုကို ပေါင်းစပ်ပြီးရွေးကောက်ပွဲပြီးတဲ့အခါ တက်လာမယ့်လွှတ်တော်နဲ့အစိုးရ တက်ညီလက်ညီ စဉ်းစားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဒီအတွက် ဆွေးနွေးခဲ့ကြပါတယ်။ တခြားကိစ္စရပ်တွေအနေနဲ့ ဆွေးနွေးတာကတော့ လယ်ယာကဏ္ဍက အကြောင်းအရာ တွေလည်းပါပါတယ်။ လယ်ယာကဏ္ဍ အတွက် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သင့်တယ်ဆိုတာ၊ သဘာဝတွင်းထွက်တွေနဲ့ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာ၊ လူသားချင်းစာနာမှုအထောက်အကူ ပေးအပ်တဲ့အခါထိရောက်မှုရှိအောင် ဘယ်လိုလုပ်သင့် တယ်ဆိုတာမျိုးဆွေးနွေးကြပါတယ်။ ဒီလိုဆွေးနွေးကြတာတွေက အလွှာစုံ ပါဝင်တဲ့အတွက် ကွဲပြားတဲ့အမြင်တွေ ဆုံချက်လာဖြစ်စေပါတယ်။ ကွဲပြားတဲ့ အတွေ့အကြုံတွေဟာလည်း ဆုံချက်လာဖြစ်တယ်။ အသိအမြင်ချင်းဖလှယ်လို့ရတယ်၊ အသိအမြင်ချင်းဖလှယ်ရင်း နားလည်မှုတည်ဆောက်ကြတယ်၊ နားလည်မှုတည်ဆောက်ရင်း ငြိမ်းချမ်းရေးအတွက်၊ အနာဂတ်နိုင်ငံတော်အတွက်အထောက်အကူဖြစ်တယ်။

ဦးကိုကိုကြီး ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ

ကျွန်တော့်အနေနဲ့ နိုင်ငံတော်ရဲ့ပကတိအခြေအနေနဲ့ ရွေးကောက်ပွဲရဲ့ အရေးပါပုံကိုအဓိကထားပြီး ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးတဲ့အခါ ဥပဒေနဲ့အညီ လွှတ်တော်တွေ အကောင်အထည်ဖော်ဖို့ပါ။ နိုင်ငံတော်ရဲ့ ပကတိအခြေအနေအပေါ်ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ မြေပြင်မှာနေရာရွှေ့ပြောင်းနေမှုတွေ၊ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ပမာဏခန့်မှန်းမှုတွေ၊ ရွှေ့ပြောင်းလုပ်သား အရေးကိစ္စတွေအစရှိတာတွေကိုဆွေးနွေး ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲရဲ့ အရေးပါမှုကို သိရှိရမယ်။ ရွေးကောက်ပွဲဟာ အကူးအပြောင်းကာလအဆင့်တစ်ခု ဖြစ်ဖို့အတွက်အရေးပါပါတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲအလွန်ကာလအတွက်လည်း စဉ်းစားထားရမယ်။

ဒီရွေးကောက်ပွဲဟာ ယခင့်ယခင် ရွေးကောက်ပွဲတွေနဲ့မတူဘူး။ ရွေးကောက်ပွဲအလွန် သင့်တော်တဲ့အချိန်မှာ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ညီလာခံတစ်ခု ကျယ်ကျယ်ပြန့်ပြန့်ကျင်းပဖို့ အကြံပြုဆွေးနွေးခဲ့တာတွေရှိပါတယ်။ ဒီလိုဆွေးနွေးတဲ့ အဝန်းအဝိုင်းကို စတင်တည်ဆောက်ပြီး တဖြည်းဖြည်းနဲ့ တိုးချဲ့သွားခြင်းအားဖြင့် ပို၍ပို၍ ပြည့်စုံတဲ့ဆွေးနွေးပွဲတွေဖြစ်လာမှာ ဖြစ်ပါတယ်။ လက်တွေ့အရ အားလုံးပါဝင်ဖို့ တစ်နေရာတည်း တစ်ချိန်တည်း လူတွေအများကြီး စုစည်းဆွေးနွေးဖို့ဆိုတာ အခက်အခဲတွေ အများကြီး ရှိပါတယ်။

ပြည်သူတွေအနေနဲ့ နိုင်ငံရေးကို ကြောက်နေတာတို့၊ မပတ်သက်တာတို့ စတာတွေလုပ်နေလို့မရဘူး။ နိုင်ငံရေးက ကိုယ့်ကိုစီမံသွားတာမျိုးခံရနိုင်တယ်။ နိုင်ငံရေးဆိုတာမပတ်သက်ဘဲ နေလို့မရဘူး။ အနည်းဆုံးတော့သိနေရမယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ပြုပြင်ပြောင်းလဲဖို့အတွက် ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး တက်တက်ကြွကြွနဲ့ ဝင်ရောက်ဆောင်ရွက်ကြရမယ်။ အထူးသဖြင့် နိုင်ငံသားတွေဖြစ်တဲ့အတွက် အနည်းဆုံးတော့ မဲပေးပိုင်ခွင့်ကိုကျင့်သုံးဖို့အရေးကြီးပါတယ်။ ဒီဟာတွေကို ပြည်သူတွေ သိရှိလာတာနဲ့အမျှ ပိုပြီးတော့မျှော်လင့်ချက်အားကောင်းလာမယ်။ စိတ်ဝင်စားမှု အားကောင်းလာမယ်။

ဒေါ်ချိုချိုကျော်ငြိမ်း ဥက္ကဋ္ဌ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ

နိုင်ငံရေးသမားတစ်ဦးအနေနဲ့ နိုင်ငံရေးအဆက်ဆက် အတွေ့အကြုံတွေအများကြီးရှိခဲ့ပါတယ်။ လက်ရှိနိုင်ငံတော် ဝန်ကြီးချုပ်နဲ့တွေ့ဆုံတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ နိုင်ငံရေးသဘောထားအမြင်တွေ သိရှိခွင့်ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံအတွက် ဖြစ်စေချင်တာတွေ အများကြီးရှိပါတယ်။ နိုင်ငံတော်အပေါ်မှာ စေတနာအများကြီးထားတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မူဝါဒတွေအပေါ်မှာ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ကဖက်ဒရယ်ကို လက်ခံတယ်။ ဒီနေရာမှာ ဖက်ဒရယ်ဆိုတာ ခွဲထွက်တာမဟုတ်ဘူး။ ကိုယ့်ပြည်နယ် ကိုယ့်နေရာမှာ ကိုယ့်ဝန်ကြီးချုပ်၊ ကိုယ့်ဒေသက လူတွေနဲ့၊ အခွန်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေတာကို ပြောတာပါ။ ကျွန်မတို့နိုင်ငံက တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိကြပေမယ့် ဘယ်နေရာ မှာပဲရှိရှိ ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှာပဲ ရှိရှိ အခုကလူမျိုးစုတစ်စုတည်း မဟုတ်တော့ဘဲအားလုံးစုစည်းတည်ရှိနေထိုင်ကြတာများပါတယ်။ အားလုံးက တိုင်းပြည်ချစ်စိတ်ရှိတာ တူညီကြတယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးစုတစ်ခုအနေနဲ့ မဟုတ်ဘဲ အားလုံးစုစည်းလုပ်ဆောင်ရမယ်။ လူမျိုးစွဲတွေ လျှော့ရမယ်။ အားလုံးအတွက်စဉ်းစားရမယ်။

ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) ဥက္ကဋ္ဌ ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့

ငြိမ်းချမ်းရေးဖိုရမ် ပထမတစ်ရက်ကတော့ ကျွန်တော်တို့နိုင်ငံကိုအပြင်ကကြည့်တဲ့ နိုင်ငံတကာရဲ့အမြင်၊ ဒုတိယနှစ်ရက်ကတော့ ကျွန်တော်တို့အချင်းချင်းပြန်ကြည့်တဲ့ အတွင်းကအမြင်တွေအားလုံးကို ပေါင်းစပ်ကြတာပါ။ ဖိုရမ်ဆိုတဲ့အတိုင်း ကဏ္ဍအသီးသီးပညာရှင်အသီးသီးက အလွှာပေါင်းစုံအမြင်ပေါင်းစုံ ရှုထောင့်ပေါင်းစုံပါတယ်။ အခုသုံးရက်တာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်က မကြာသေးခင်ကကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းရဲ့ အဆက်လို့ပြောရမယ်။ ဒီဖိုရမ်တွေ၊ စကားဝိုင်းတွေအားလုံးက ငြိမ်းချမ်းရေးလမ်းပြမြေပုံကြီးရဲ့ ပွိုင့်လေးတွေလို့ဆိုရမယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် ငြိမ်းချမ်းအောင်ဘယ်လိုလုပ်မလဲ၊ အားလုံးလက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်တွေကို ရှာပြီးသွားရင် အားလုံးသဘောတူလက်ခံနိုင်တဲ့ လက်တွေ့ကျတဲ့အဖြေထွက်မယ်။ နောက်ထပ်သွားရမယ့် ခရီးရှည်အတွက် အင်အားတွေဖြစ်တယ်။ ဆင့်ကဲဆင့်ကဲတိုးတက်ဆွေးနွေးသွားကြရင် ကျွန်တော်တို့လိုလားတဲ့ ငြိမ်းချမ်းရေးကို ကျိန်းသေပေါက်ရဖို့သေချာပါတယ်။

ဦးစောသန်းမြင့် တွဲဖက်အတွင်းရေးမှူး၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

အခုကျင်းပတဲ့ဖိုရမ်က ပထမအကြိမ် Peace Talk တုန်းက ဘက်စုံဆွေးနွေးခဲ့တဲ့ အခြေအနေအပေါ် သုံးသပ်ပြီး Peace Talk ကနေ ဖိုရမ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ လူဦးရေလည်း ပိုများလာတယ်။ နိုင်ငံတကာက သံတမန်တွေ၊ ကျွမ်းကျင်သူတွေပါလာတဲ့အတွက် သူတို့ရဲ့အကြံဉာဏ်တွေလည်း သိရှိရသလို သူတို့ကိုလည်း နိုင်ငံတော်အစိုးရနဲ့ အဖွဲ့အစည်းတွေပူးပေါင်းပြီး ဘယ်လိုတက်တက်ကြွကြွ နဲ့ စုပေါင်းလုပ်ဆောင်နေတယ်ဆိုတာ ပြသလိုက်နိုင်တယ်လို့မြင်ပါတယ်။

ပထမဆုံးအနေနဲ့ပြောရရင် ရွေးကောက်ပွဲအတွက်ပြင်ဆင်နေကြတဲ့ အခုလိုအချိန်မှာ နိုင်ငံတော်အစိုးရနဲ့ ဒေသအသီးသီးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ တော်တော်လေး အရေးကြီးပါတယ်။

နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပပေးဖို့ လိုအပ်သလို ဒေသအသီးသီးက EAOs တွေကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်။ ဒုတိယကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ ဒေသတိုင်းမှာမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်၊ တချို့အငြင်းပွားမှုတွေကို ဥပဒေနဲ့အညီ အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေရှင်းညှိနှိုင်းပေးနိုင်အောင်၊ မြို့နယ်၊ ဒေသတွေက ကော်မရှင်အဖွဲ့ခွဲတွေအထိ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ကျေညက်အောင်၊ လုပ်ထုံးလုပ်နည်းတွေ နားလည်အောင် လေ့ကျင့်ပေးထားဖို့လိုတယ်။

နောက်ဆုံးကတော့ ပြည်သူလူထုပေါ့။ ဒီမိုကရေစီကို အမှန်တကယ်ချစ်မြတ်နိုးရင် ဆန္ဒမဲပေးဖို့လိုတယ်။ ပြည်သူရဲ့ဆန္ဒနဲ့အစိုးရသစ်ကို ဖွဲ့စည်းကြရမှာဖြစ်တယ်။ လက်ရှိနိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်မှာလည်း ဒါကိုအဓိကထားတယ်ဆိုတာကို သတိချပ်ဖို့လိုတယ်။ တစ်ဖက်မှာလည်း ရွေးကောက်ပွဲ ကအရေးကြီးတာနဲ့ ထပ်တူငြိမ်းချမ်းရေးကလည်း အထူးအရေးကြီးတယ်။ ထူးခြားတာက အခုအားလုံး စုရုံးပြီးမြင်တွေ့ကြရတယ်။ အားရစရာကောင်းတယ်။ နောက်ထပ်နောက်ထပ်အဖွဲ့တွေလည်း ပူးပေါင်းဆွေးနွေးကြဖို့ လိုအပ်တဲ့အတွက် ဖိတ်ခေါ်ပါတယ်။ အခုလိုဆွေးနွေးပွဲတွေကနေ မတူညီတဲ့ အမြင်တွေ၊ အတွေ့အကြုံတွေကိုရရှိလာပြီး ငြိမ်းချမ်းရေးဖော်ဆောင် နိုင်မယ့်နည်းလမ်းတွေထွက်ပေါ်လာနိုင်မယ်။

MOI

Peace Forum 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ရယူပြီးသည့်နောက်ပိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး လမ်းကြောင်းကို ဦးတည်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက် နေသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေးကိစ္စကိုအကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက် နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့အနေဖြင့် ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေး ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကြပ်ကိုင် တောင်းဆိုခဲ့ သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးအမြတ်မရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက် ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကို Union Accord အဖြစ် မှတ်တမ်းတင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဆက်လက်၍လည်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး ဘာတွေလုပ်ဆောင်နေသလဲ။