သတင်းများ

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၁၆

တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

နေပြည်တော် ဒီဇင်ဘာ ၁၆

တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ China Texmatech Co. Ltd. မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မိတ္ထီလာမြို့နယ်မှ ရပ်မိရပ်ဖများ၊ စက်ရုံမှူး၊ စက်ရုံဝန်ထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းမြတ်က စက်ရုံတည်ဆောက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)၊ ၂/၈၀ ချည်ချောစက်ရုံခွဲ မှတ်တမ်းရုပ်သံကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူတို့အနေဖြင့် စတင်ဖြစ်တည်စဉ်ကတည်းပင် စားရေး၊ ဝတ်ရေး၊ နေရေးဟူသည့် ကိစ္စရပ်ကြီး ၃ ခုကို နေ့စဉ် မလွဲမသွေရင်ဆိုင်နေကြရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ယင်းအရေးကိစ္စကို အဆင်ပြေစွာဖြေရှင်းနိုင်ရေး နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ချိန်ကတည်းက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိလာသည့် ကုန်ကြမ်းများကို ခိုင်မာသည့်ကုန်ထုတ်လုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ခဲ့ကြောင်း၊ စား၊ ဝတ်၊ နေရေးတွင် ဝတ်ရေးဟူသည့် အဝတ်အထည်သည် လူသားများမွေးဖွားချိန်မှ သေဆုံးချိန်အထိ ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ကြောင်း၊ အဝတ်အထည် အသုံးအဆောင်ဖူလုံရန်မှာ လူ့ဘဝတစ်လျှောက် အရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်တွင်းအဝတ်အထည် ဖူလုံစေရေးအတွက် ပြည်တွင်း၌စိုက်ပျိုးနေသည့် ဝါမှတန်ဖိုးမြင့် ကုန်ပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ကြောင်း။

ဝါစိုက်ပျိုးရေးနှင့်ပတ်သက်ပါကလည်း ၂၀၁၆ ခုနှစ်ကစ၍ ဝါစိုက်ပျိုးမှုနှုန်း လျော့ကျလာသည့်အခြေအနေကို သုံးသပ်ပြီး ဝါစိုက်ပျိုးနိုင်သည့်ဒေသများတွင် အထွက်နှုန်းကောင်းပြီး အဆင့်မီချည်ထုတ်လုပ်နိုင်သည့် ချည်မျှင်ရှည်ဝါမျိုးများ စိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေးအောင်မြင်ရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ်ချည်နှင့် ပိတ်ထည်များကို ပမာဏများစွာတင်သွင်းနေရကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ချည်ထည်များကို အထည်ချုပ်လုပ်ငန်းများ၌ဖြစ်စေ၊ ပြည်ပကိုပြန် လည်တင်ပို့ခြင်းဖြစ်စေ ဆောင်ရွက်နိုင်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေများရရှိနိုင်မည်ဖြစ်ကြောင်း။

ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ဖွင့်လှစ်နိုင်သည့်အတွက် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် ပြည်တွင်း၌ လိုအပ်နေဆဲဖြစ်သည့် အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီ ချည်ချောများကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်ကို ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုကြောင်း။

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ကို ဝတ်ရေးဆိုင်ရာ အထည်အလိပ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်ပမှ မှာယူတင်သွင်းမှု လျော့နည်းစေရန်အတွက် တရုတ်-မြန်မာ အစိုးရတို့အကြား သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ကို ၁၉၆၆-၁၉၆၇ တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စက်ရုံကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း။

မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်လည်း တပ်မတော်အတွက် လိုအပ်သည့်စစ်ဝတ်ပစ္စည်းများ ဆက်လက်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်စက်ပစ္စည်းများကို ဝယ်ယူပေးခဲ့ပြီး နိုင်ငံတကာတပ်မတော်များနည်းတူ စစ်ဝတ်ပစ္စည်းများ အဆင့်မီစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့အချိန်တွင် တပ်မတော်သားများအတွက် လိုအပ်သည့်ဝတ်စုံအမျိုးမျိုးအပြင် တပ်မတော်သားများနှင့် ပြည်သူများအတွက် လိုအပ်သည့်အခြားသော အထည်အလိပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း။

ယခုကဲ့သို့ စက်ရုံအဆင့်မြှင့်တင်ခြင်းများ၊ စက်အသစ်ပြောင်းလဲ တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အဆင့်မြင့် ၂/၈၀ ချည်များ မထုတ်လုပ်နိုင်သေးသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ၂/၈၀ ချည်များကို ပြည်တွင်းကထွက်သည့် ဝါများနှင့်ထုတ်လုပ်နိုင်ရေးစက်ပစ္စည်းများကို ဖြည့်ဆည်းပေးခဲ့သည်မှာ ယခုဆိုပါက စတင်လည်ပတ်နိုင်ပြီဖြစ်ကြောင်း၊ ယခုတည်ဆောက်တပ်ဆင်ပြီးစီးသည့် စက်ရုံသည် စက်စွမ်းအားပြည့် လည်ပတ်မည်ဆိုပါက တစ်ရက်ချည်ပေါင်ချိန် ၄၈၄၀၊ တန်အားဖြင့် ၂ တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့်လုံချည်နှင့်ပိတ်များအဖြစ် ရက်လုပ်မည်ဖြစ်ပြီး ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်ကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း။

ယခု ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ချည်ထည်ခေတ်တစ်ခေတ်ပြောင်းလဲမှု၏ အစဖြစ်သည်ဟုပြောလိုကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မြင့်ချည်ထည်များထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပြီး ဝါအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန်လို လိုကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့်အထည်စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံသည့်စက်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသည့် စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများကို အသုံးချပြီးနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် နိုင်ငံတော်၏ ဝါစိုက်ပျိုးမှု၊ ဝါထွက်ရှိမှုများတိုးတက်အောင် ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) က တပ်မတော်တစ်ရပ်လုံးအတွက် လိုအပ်သည့်စစ်ဝတ်ထည်ပစ္စည်းများကို ဝါဂွမ်းကုန်ကြမ်းမှ စစ်ဝတ်ကုန်ချောအထိ ထုတ်လုပ်ပေးနေသကဲ့သို့ ယနေ့ဖွင့်လှစ်လိုက်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏အဝတ်အထည်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အဆင့်မီအဝတ်အထည်နှင့် အထည်အလိပ်များကို ထုတ်လုပ်ပေးနိုင်မည့်၊ မြန်မာ့အဝတ်အထည်လောကကို တစ်ခေတ်ဆန်းစေမည့် ဆောင်ရွက်ချက်များကို ယခုစက်ရုံကအစပြုပြီး တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၊ အထည်အလိပ်အထောက်အကူပြု MSME လုပ်ငန်းစဉ်များတစ်ခုလုံးက ဦးတည်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် China Texmatech Co. Ltd. မှတာဝန်ရှိသူတစ်ဦးက စက်ပစ္စည်းတပ်ဆင်မှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို စက်ရုံမှူးထံသို့လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက ဖွင့်ပွဲအထိမ်းလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံတည်ဆောက်ရာတွင်ပါဝင်ခဲ့သည့် CTMTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးအား သစ်သီးခြင်းနှင့် အမှတ်တရလက်ဆောင်ပေးအပ်ပြီး၊ CTMTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဂါရဝပြုလက်ဆောင် ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်တပ်ဆင်ရေးလုပ်ငန်းများကို ဦးစီးကြပ်မတ်ဆောင်ရွက်ခဲ့သည့် Project Chief Engineer အား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်ထုတ်လုပ်မှုအဆင့်ဆင့်ပြကွက်များနှင့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)၊ ၂/၈၀ ချည်ချော စက်ရုံခွဲမှ ထုတ်လုပ်ထားသည့် ချည်ထည်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ကောင်စီဝင်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစောတို့က ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံကမ္ပည်းမော်ကွန်းအားအမွှေး နံ့သာရည်များပက်ဖျန်းပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စက်ရုံအတွင်းရှိ ချည်ငင်အလုပ်ရုံ၊ ချည်ကျစ်အလုပ်ရုံနှင့် ချည်ဆေးဆိုးအလုပ်ရုံများအတွင်းချည်များအဆင့်ဆင့် ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှတာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

အဆိုပါတပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့် ဝတ်စုံများကိုချုပ်လုပ်ပေးလျက်ရှိ သကဲ့သို့ကျောင်းဝတ်စုံများ၊ အခြားနေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ဝတ်ရေးကို ပိုမိုအထောက် အကူပြုစေရန်နှင့် ပြည်တွင်းချည်ချောထုတ်လုပ်မှုများ တိုးတက်စေရေးဆောင်ရွက် လျက်ရှိချိန်တွင် ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ထပ်မံတိုးချဲ့တည်ဆောက် နိုင်ခဲ့ခြင်းဖြင့် ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်ရှိနေသည့် ချည်မျှင်နှင့်အထည်အလိပ်များကို အတိုင်းအတာတစ်ခု အထိထုတ်လုပ်ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများအတိုင်း ပြည့်မီစွာထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၁၆

တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

နေပြည်တော် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စီးပွားရေးပညာဘွဲ့ရသူများ၊ မြန်မာနိုင်ငံစီးပွားရေးပညာနှစ် (၁၀၀) ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးဦးဆောင်ကော်မတီနှင့် ဆပ်ကော်မတီဝင်များ၊ စီးပွားရေးနှင့်သက်ဆိုင်သော ဝန်ကြီးဌာနများမှကိုယ်စားလှယ်များ၊ စီးပွားရေးပညာရပ်ဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့်ညီနောင်အသင်းများ၊ စီးပွားရေးတက္ကသိုလ်နှင့် စီးပွားရေးဆိုင်ရာတက္ကသိုလ်များမှ ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားဟောင်းများ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ်အခမ်းအနား Video Clip ကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့သည် ခေတ်ကာလ အဆက်ဆက် နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် စီးပွားရေးပညာကို စတင်သင်ယူခွင့်ရရှိခဲ့ပြီး နိုင်ငံအတွက် အထောက်အကူပြုနိုင်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးပညာနှင့်ပတ်သက်ပြီး ထူးခြားသည့်နှစ်တစ်နှစ်ဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာ့ပညာရေးသမိုင်းတွင် စီးပွားရေးပညာရပ်အနေဖြင့် စတင်ပါဝင်လာခဲ့သည်မှာ ၁၉၂၄ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာန စတင်ဖွင့်လှစ်သင်ကြားခဲ့ချိန်ကဖြစ်ကြောင်း၊ ထို့ကြောင့် “စီးပွားရေးပညာနှစ် ၁ဝဝ သက်တမ်း” ကာလအတွင်း ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများ၊ စီးပွားရေးပညာဘွဲ့ရများ၊ လက်ရှိစီးပွားရေးပညာသင်ယူနေဆဲ ကျောင်းသား၊ ကျောင်းသူများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအသီးသီး၌ စီးပွားရေးပညာဖြင့် နိုင်ငံ့အကျိုးသယ်ပိုးနေကြသူများအားလုံး၏ ဂုဏ်ယူဖွယ်နေ့တစ်နေ့ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း။

စီးပွားရေးပညာ နှစ် ၁၀၀ ခရီးကို ပြန်ကြည့်မည်ဆိုပါက ကိုလိုနီခေတ်ကစတင်ပြီး ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်အထိ ခေတ်အဆက်ဆက်တွင် စီးပွားရေးပညာအနေဖြင့် မူဝါဒဆိုင်ရာပံ့ပိုးဆောင်ရွက်ပေးခြင်း၊ အကြံပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကကျသည့် စီးပွားရေးကဏ္ဍကို ကောင်းစွာအကျိုးပြုခဲ့သည့် ဘာသာရပ်ကြီးလည်းဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် စီးပွားရေးပညာရပ် သင်ကြားမှုနှင့်ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် လူမှုသိပ္ပံမဟာဌာနအောက်၌ ဘောဂဗေဒဌာန (စီးပွားရေးပညာဌာန) ကို၁၉၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဘောဂဗေဒဘွဲ့အတွက် သင်ကြားခဲ့ကြောင်း၊ ယခုနှစ်တွင် “စီးပွားပညာနှစ် ၁ဝဝ” နှင့် “ရန်ကုန်စီးပွားရေးတက္ကသိုလ်အဖြစ် ထူထောင်သည့် နှစ်(၆ဝ) ပြည့်သည့်နှစ်” တိုက်ဆိုင်နေခြင်းသည်လည်း “ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်တစ်ရပ်” ဖြစ်ကြောင်း။

ယနေ့ကာလ ကမ္ဘာ့စီးပွားရေးကိုကြည့်မည်ဆိုပါက ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး အားပြိုင်မှုများ၊ ရောဂါကပ်ဘေးသက်ရောက်မှု၊ သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်ထိခိုက်မှု၊ ကုန်သွယ်ရေးနှင့်ငွေကြေးဆိုင်ရာပြဿနာ၊ နည်းပညာပြိုင်ဆိုင်မှုများ၊ စွမ်းအင်လုံခြုံရေး အခက်အခဲ စသည်တို့ကြောင့် ပထဝီစီးပွားရေးအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒ ကျင့်သုံးမှုများ ပိုမိုတိုးပွားလာသည်ကိုလည်းတွေ့ရကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးရောစပ်ပေါင်းယှက် ဖြစ်ပေါ်လာသည့် စီးပွားရေးအကျပ်အတည်း ပြဿနာအသစ်များကို မေခရိုစီးပွားရေးပညာရပ်နှင့် နိုင်ငံရေးဘောဂဗေဒရှုထောင့်တို့ပေါင်းစပ်ပြီး နည်းလမ်းသစ်နှင့် လေ့လာသုံးသပ်ဆောင်ရွက်ကြရန် လိုအပ်လာသည်ကို တွေ့ရှိရကြောင်း။

ကမ္ဘာ့ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့၏ အားပြိုင်မှုများကို မိမိတို့နိုင်ငံအနေဖြင့်လည်း အနည်းနှင့်အများ သက်ရောက်ခံစားကြရကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ယူကတည်းက စီးပွားရေးနှင့်ပတ်သက်ပြီး အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုများစွာနှင့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတွင်းရှိ ဒေသအားလုံးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတိုင်းရင်းသားအားလုံး၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့သာမက အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ တန်းတူညီမျှရှိစေရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးတို့အတွက် အလေးထားအကောင်အထည်ဖော်ပေးနေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စီးပွားရေးပညာကို စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝဖြင့် လက်တွေ့အသုံးချတတ်မှုသည်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁)၊ ပုဒ်မ ၃၅ တွင် “နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် ဈေးကွက်အားနည်းချက် (Market Failure) များစွာရှိသည့်အတွက် အစိုးရကပါဝင်လုပ်ဆောင်နေရသည့် အခန်းကဏ္ဍများစွာရှိနေကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများ ရှိနေသေးသည့်အတွက်လည်း ထည့်သွင်းစဉ်းစားရသည့် စီးပွားရေးကိန်းရှင်များစွာရှိနေကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဈေးကွက်နှင့် ပုဂ္ဂလိကအခန်းကဏ္ဍသည် ပိုမိုများပြားအရေးပါလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်ချမှတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေကြောင်း၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ စီးပွားရေးပညာရှင်များ၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံးက ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ၊ ခံနိုင်ရည်ရှိစွာ ပါဝင်အကောင်အထည်ဖော်ပေးကြရန်လည်း တိုက်တွန်းလိုကြောင်း၊ နိုင်ငံ၏အခြေခံအချက်အလက်များပေါ်တွင်မူတည်ပြီး စီးပွားရေးပညာရှင်များ အနေဖြင့် နိုင်ငံ့စီးပွားရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်သည်၊ မတူညီသည့် ဒေသအခြေအနေများပေါ်မူတည်ပြီး ဒေသအလိုက် စီးပွားရေးကို ရေတို၊ ရေရှည်အတွက် မည်သို့ဆောင်ရွက်သင့်သည် ဆိုသည်ကို ဖော်ထုတ်ကြရန်လိုကြောင်း။

ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုသည် ဈေးကွက်ဝင်သည့် ကုန်ထုတ်လုပ်မှုမြင့်မားရန် အလွန်အရေးကြီးကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသည့် မိမိတို့နိုင်ငံသည် လက်ရှိပြည်ပပို့ကုန်ကို ၂ ဆ တိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အထောက်အကူရမည်ဖြစ်ကြောင်း၊ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍများတွင် လုပ်ကိုင်နေသူများဖြစ်သည်ဟု သန်းခေါင်စာရင်း အစီရင်ခံစာတွင် တွေ့ရှိရကြောင်း၊ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ်ယာထုတ်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များသာဖြစ်ပြီး ပြည်နယ်၊ တိုင်းဒေသကြီးအားလုံး အခြေခံအားဖြင့် တူညီကြကြောင်း၊ အသက် ၂၅ နှစ် အထက်လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ပညာရေးအသင့်အတင့်သာရှိသောကြောင့် မိမိတို့အနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အလေးထားဆောင်ရွက် သင့်သည်ဆိုသည်မှာ ပေါ်လွင်နေကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အဓိကမောင်းနှင်အားသည် စီးပွားရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ယခုလက်ရှိအခြေအနေထက်တိုးတက်အောင် ဆောင်ကြဉ်းပေးရန် လိုကြောင်း၊ ထို့အပြင် ပြန်လည်ရရှိနိုင်သည့် သဘာဝကုန်ကြမ်းကိုအခြေခံသောကုန် ထုတ်လုပ်မှုများကို အားပေးကြရမည်၊ ဝါ၊ ဝါး၊ ရာဘာကုန်ကြမ်းတို့ကို အခြေခံသည့် စက်မှုလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ရမည်၊ ကိန်းဂဏန်းများအရ တိုးတက်မှုသာမက လက်တွေ့ကျကျတိုးတက်အောင် ဆောင်ရွက်ကြရမည်၊ အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် အထွက်နှုန်းကောင်းမွန်ရေး တစ်နည်းအားဖြင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ရေးမူ (၃) ရပ်ကိုအခြေခံပြီး ဆောင်ရွက်ပေးနိုင်ကြရန် တိုက်တွန်းလိုကြောင်း။

မိမိတို့နိုင်ငံ GDP ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိကကဏ္ဍ၏ ထုတ်လုပ်မှုများဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးလုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းသည်လည်း အသေးစား၊ အငယ်စား၊ အလတ်စားကုန်ထုတ်လုပ်ငန်းများသာဖြစ်ကြကြောင်း၊ ထို့ကြောင့် ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုနှင့် Agro-based Industry ကို အဓိကထားပြီး MSME များ ဖွံ့ဖြိုးတိုးတက်မှုတို့ကို တွဲဖက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိကြောင်း။

ဒစ်ဂျစ်တယ်ဆိုင်ရာ နားလည်တတ်မြောက်မှု၊ စာရင်းနှင့်ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုမှအစ တီထွင်ဆန်းသစ်မှု၊ ထုတ်ကုန်ဖွံ့ဖြိုးမှု၊ ဈေးကွက်ချဲ့ထွင်မှုနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်းစသည့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး Business Idea များကိုလည်း ဖြန့်ဝေဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်" ဟူသည့်အတိုင်း မိမိတို့နိုင်ငံ၏ တိုင်းပြည်ဝင်ငွေတိုးတက်ရေးအတွက် မိမိတို့ပြည်တွင်း၌ ထုတ်လုပ်နိုင်စွမ်း (Productivity) တိုးတက်ရေး၊ အရည်အသွေးစံချိန်မီ၊ ဈေးကွက်ရရှိရေး မိမိတို့ပြည်တွင်းအားဖြင့် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးမြင့်မားလာအောင် ရိုးရိုးသားသား ကြိုးစားဆောင်ရွက်သူများကို Incentive ပေးခြင်း၊ ချီးမြှင့်ခြင်းများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး သဘာဝဘေးအန္တရာယ်ကြောင့်သာမက လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်ပါ ကြုံတွေ့နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်ကစပြီး ဖွံ့ဖြိုးမှုလုပ်ငန်းများကို စီမံကိန်းများ စနစ်တကျချမှတ်အကောင်အထည်ဖော်ခဲ့ကြောင်း၊ သို့သော်လည်း သဘာဝဘေးနှင့် အခြားအနှောင့်အယှက်အမျိုးမျိုးကြောင့် ပျက်စီးခဲ့သည့် လူမှုစီးပွားရေး အခြေခံအဆောက်အအုံများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများပါ လုပ်ဆောင်နေရသောကြောင့် ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်သားများ၏ ကြိုးပမ်းမှုများသည် ခရီးရောက် သင့်သလောက် မရောက်ခဲ့သည်ကိုလည်းတွေ့ရကြောင်း။

လက်ရှိကာလတွင်လည်း ပြန်လည်တည်ဆောက်ရေး၊ ထူထောင်ရေးနှင့် နေရာချထားရေးလုပ်ငန်းများဖြစ်သည့် Reconstruction ၊ Relief ၊ Rehabilitation ၊ Resilience စသည်တို့ကိုလုပ်ဆောင်နေရသည်မှာ အားလုံးအသိဖြစ်ကြောင်း၊ အနာဂတ်သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိအောင် ကြိုတင်ကာကွယ်ရေးများကိုလည်း ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေး (Nation Building) အတွက် အဓိကငွေကြေးလိုအပ်ချက်များကိုလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများက ဖြည့်ဆည်းပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ရာဂီမုန်တိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း အင်တိုက်အားတိုက် ပါဝင်လှူဒါန်းခဲ့ကြသောကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏စေတနာကို ထင်ရှားစွာမြင်တွေ့ရသည့်အတွက် ဂရုတစိုက်နှင့် မျှဝေခံစားတတ်သည့် လူ့အဖွဲ့အစည်း (Caring and Sharing Society) ဆိုသည်ကို သက်သေပြရာ ရောက်ခဲ့ကြောင်း။

အနာဂတ်တွင်တွေ့ကြုံရမည့် စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲများကို ကမ္ဘာ့နိုင်ငံများအနေဖြင့် လေ့လာသုတေသနပြုပြီး သုံးသပ်တွက်ချက် ပြင်ဆင်လာကြသည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့ပြင်ဆင်ကြရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းစီးပွားရေးအခြေအနေ၊ လူ့အရင်းအမြစ်၊ သယံဇာတအရင်းအမြစ်နှင့် ငွေကြေးဓနအင်အား အခြေအနေအလိုက် ဆီလျော်သည့်နည်းလမ်းအမျိုးမျိုးကို ရှာဖွေချဉ်းကပ်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးက စီးပွားရေးစိန်ခေါ်မှုများ သက်သာလျော့ပါးစေရေး ချဉ်းကပ်ကြိုးပမ်းဆောင်ရွက်ကြရာတွင် နိုင်ငံများအလိုက် ချဉ်းကပ်ပုံများ ကွဲပြားခြားနားကြကြောင်း၊ အထူးသဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပင်ဖြစ်စေ ပုဂ္ဂလိကကဏ္ဍ၌ပင်ဖြစ်စေ အကျပ်အတည်းပြဿနာဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ရလဒ်ကွာခြားနိုင်သည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း။

စွမ်းဆောင်ရည် အခြေခံလိုအပ်ချက်များကို ပြင်ဆင်တည်ဆောက်နိုင်မှသာ နိုင်ငံအတွက် မျက်မှောက်ကာလသာမက အနာဂတ်ကာလတွင်ပါ ဖြစ်ပေါ်လာနိုင်သည့် ဖွံ့ဖြိုးမှုအလားအလာတို့ကို ချဉ်းကပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံအနာဂတ်အတွက် “မေခရိုစီးပွားရေးမူဝါဒများ” နှင့် “အမျိုးသား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ” ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး တိုက်တွန်းပြောကြားလိုကြောင်း၊ ယင်းလုပ်ငန်းစဉ်တွင် စီးပွားရေးပညာ၏ ဉာဏစွမ်းအားများပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် နိုင်ငံရေးဘောဂဗေဒ (Political Economy) အမြင်နှင့် လေ့လာသုတေသနပြုပြီး နိုင်ငံ၏အနာဂတ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဝိုင်းဝန်းကြိုးပမ်းကြပါဟု တိုက်တွန်းလိုကြောင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လူသားအရင်းအမြစ်များစွာလိုအပ်ပြီး အခြေခံမှစ၍ ဦးဆောင်မှုအဆင့်အထိ လုပ်တတ်၊ ကိုင်တတ်၊ မြင်တတ်ကြရန်လိုကြောင်း၊ ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးပညာရှင်များဖြစ်ကြသည့် ဆရာကြီးဒေါက်တာလှမြင့်၊ ဒေါက်တာအေးလှိုင်၊ ဒေါက်တာမောင်ရှိန်၊ ဒေါက်တာ သန်းညွန့်တို့၏ ဦးဆောင်မှုနှင့် ယခုနှစ် ၁၀၀ ကာလအတွင်း စီးပွားရေးတက္ကသိုလ် အသီးသီးမှ ဘွဲ့ရ ၉၆,၆၉၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုတက်ရောက်နေဆဲ ၁၉,၀၄၂ ဦးရှိကြောင်း၊ အဝေးသင်တက္ကသိုလ်အသီးသီးကလည်း ၁၇၀,၉၃၁ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဒေသအလိုက် စီးပွားရေးအမြင်ရှိမည့် လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်ရည်ရွယ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တက္ကသိုလ်အသီးသီးတွင် ဝိဇ္ဇာဘွဲ့ (စီးပွားရေး) သင်တန်းများကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းတက်ရောက်နေသူ ၁,၇၈၆ ဦးရှိကြောင်း၊ စီးပွားရေးပညာအခြေခံ၊ စီးပွားရေး အမြင်ရှိမှသာ နိုင်ငံစီးပွားရေးကို ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင်ကြမည်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးနယ်ပယ်မြင့်မားလာအောင် အဘက်ဘက်ကဦးဆောင်မှုပေးခဲ့ကြသည့် ဆရာကြီးများနှင့် စီးပွားရေးပညာရပ်နယ်ပယ်အသီးသီးမှ ဆရာကြီး၊ ဆရာမကြီးများအားလုံးကို ဂုဏ်ပြုပါကြောင်း။

နယ်ပယ်စုံကဏ္ဍစုံတွင် လက်တွေ့အသုံးချနိုင်သည့် စီးပွားရေးပညာရပ်ကို “စီးပွားရေးပညာ နှစ် ၁ဝဝ၊ ပြည်သူ့အကျိုးတို့သယ်ပိုး” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မိမိအကျိုးစီးပွား၊ မိသားစုအကျိုးစီးပွား၊ လုပ်ငန်းအကျိုးစီးပွားများမှသည် နိုင်ငံနှင့်ပြည်သူများ၏ အကျိုးစီးပွားများကိုပါ မြှင့်တင်ပေးနိုင်မည့် အတ္တ-ပရမျှတသည့် အနာဂတ်မျိုးဆက်သစ်များ၏ စီးပွားရေးဝန်းကျင်တစ်ရပ်ဖြစ်ပေါ်လာစေရေး၊ စီးပွားရေးပညာကို လက်တွေ့ကျင့်သုံးနိုင်သူများဖြစ်အောင် ကျွမ်းကျင်သူများကို မွေးထုတ်ပေးပြီး နောင်နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်တည်တံ့စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အခမ်းအနားကျင်းပရေးကော်မတီနာယက ဒေါက်တာသန်းညွန့်က ဂုဏ်ပြုစကားပြောကြားပြီး အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။

ထို့နောက် “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ်အခမ်းအနား ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ဝင်တစားလှည့်လည် ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

ဂျပန်မှ မြန်မာလုပ်သား (၁၀၀၀)ကျော် ထပ်မံခေါ်ယူထား

နိုဝင်ဘာ ၁၅ ရက်

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၁၀၀၀) ကျော် ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို မြန်မာသံရုံးအနေဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။

နိုဝင်ဘာ ၁၅ ရက်

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၁၀၀၀) ကျော် ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို မြန်မာသံရုံးအနေဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိစာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ် သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၄၁)ခုနှင့်ပတ်သက်၍ အလုပ်သမား (၁၀၄၈) ခေါ်ယူထားကြောင်း သိရသည်။

Source- Popular Journal

ဂျပန်မှ မြန်မာလုပ်သား (၁၀၀၀)ကျော် ထပ်မံခေါ်ယူထား

နိုဝင်ဘာ ၁၅ ရက်

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၁၀၀၀) ကျော် ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို မြန်မာသံရုံးအနေဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။

တောင်ကြီး ကန်စွန်းဥဈေးကွက်တွင် ငချိတ်ကန်စွန်းဥများ အရောင်းသွက်

ရန်ကုန် နိုဝင်ဘာ ၂၇

တောင်ကြီး ကန်စွန်းဥဈေးကွက်အတွင် ရွှေဝါကန်စွန်းဥထက် ငချိတ်ကန်စွန်းဥက ပိုမိုအရောင်းသွက်နေကြောင်း၊ ရွှေဝါကန်စွန်းဥနှင့် ငချိတ်ကန်စွန်းဥနှစ်မျိုးအနက် ငချိတ်ကန်စွန်းဥများကို မုန့်လုပ်ရာတွင် မိုမိုအသုံးပြုကြသဖြင့် ရောင်းအားပိုကောင်းနေကြောင်း သိရသည်။

ရန်ကုန် နိုဝင်ဘာ ၂၇

တောင်ကြီး ကန်စွန်းဥဈေးကွက်အတွင် ရွှေဝါကန်စွန်းဥထက် ငချိတ်ကန်စွန်းဥက ပိုမိုအရောင်းသွက်နေကြောင်း၊ ရွှေဝါကန်စွန်းဥနှင့် ငချိတ်ကန်စွန်းဥနှစ်မျိုးအနက် ငချိတ်ကန်စွန်းဥများကို မုန့်လုပ်ရာတွင် မိုမိုအသုံးပြုကြသဖြင့် ရောင်းအားပိုကောင်းနေကြောင်း သိရသည်။

“ကန်စွန်းဥက ရွှေဝါနဲ့ ငချိတ်ဆိုပြီး နှစ်မျိုးရှိတယ်။ ရွှေဝါထက် ငချိတ်က အရောင်းပိုလိုက်တယ်။ တာချီလိတ်တို့၊ မြိတ်တို့ဘက်ဆို အမှာတော်တော်များတယ်။ အဓိက တာချီလိတ်ဘက်က ပိုပြီး အမှာများတယ်။ နယ်စပ်ဖြစ်တဲ့အတွက် သူက ရှယ်အလှတွေသုံးတာများတယ်။ ဆိုဒ်အသေးတွေကျ ပဲခူးဘက်က အမှာများတယ်။ မြိတ်ဘက်ကလည်း ဆိုဒ်အသေးတွေ မှာယူတာများတယ်။ ငချိတ်ကို ပိုမှာကြတယ်။ ငချိတ်က ပိုပျော့တယ်၊ ရွှေဝါကျတော့ ခဲခဲလေးနေတယ်။ ငချိတ်ကို မုန့်တွေပြန်လုပ်ကြတယ်။ ကန်စွန်းဥကို ဆနွင်းမကင်းတို့၊ သာကူတို့ထဲမှာလည်း အတုံးလေးတွေ ထည့်ပြီး အသုံးပြုကြတယ်” ဟု တောင်ကြီးမြို့နယ်ရှိ အသီးအနှံလက်လီလက်ကားရောင်းဝယ်ရေးလုပ်ကိုင်သည့် မစန္ဒီတာရာက ပြောသည်။ 

ငချိတ်ကန်စွန်းဥတွင် ရှမ်းငချိတ်နှင့် ဂျပန်ငချိတ်ဟူ၍ နှစ်မျိုးရှိရာ တောင်ကြီးဒေသတွင် ဂျပန်ငချိတ်ကို ပိုမို စိုက်မျိုး‌ကြောင်းသိရသည်။

“ရှမ်းငချိတ်ကျတော့ ညီမတို့က ဒေသငချိတ်လို့ခေါ်ကြတယ်။ ဂျပန်ငချိတ်ကတော့ အဖြူရောင်မရောဘူး၊ လုံးဝ ခရမ်းရောင်သန်းတယ်။ ဈေးကလည်း နည်းနည်းပိုတယ်။ ဒေသက နည်းနည်းလျော့တယ်။ အခုအချိန်က ကန်စွန်းဥ နည်းနည်းပေါနေတော့ ဈေးတော့သင့်တင့်တယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

Thit Taw

Source- ကြေးမုံသတင်းစာ

တောင်ကြီး ကန်စွန်းဥဈေးကွက်တွင် ငချိတ်ကန်စွန်းဥများ အရောင်းသွက်

ရန်ကုန် နိုဝင်ဘာ ၂၇

တောင်ကြီး ကန်စွန်းဥဈေးကွက်အတွင် ရွှေဝါကန်စွန်းဥထက် ငချိတ်ကန်စွန်းဥက ပိုမိုအရောင်းသွက်နေကြောင်း၊ ရွှေဝါကန်စွန်းဥနှင့် ငချိတ်ကန်စွန်းဥနှစ်မျိုးအနက် ငချိတ်ကန်စွန်းဥများကို မုန့်လုပ်ရာတွင် မိုမိုအသုံးပြုကြသဖြင့် ရောင်းအားပိုကောင်းနေကြောင်း သိရသည်။

(၇) လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်း ခွင့်ပြုခဲ့

နိုဝင်ဘာ ၁၇ ရက်

ယခုဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကဏ္ဍ (၁၂)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းပေါင်း (၃၃) ခု၏ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၇ ရက်

ယခုဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကဏ္ဍ (၁၂)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းပေါင်း (၃၃) ခု၏ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသို့ အမေရိကန်ဒေါ်လာ (၈၇.၇၁၅) သန်း၊ ကုန်ထုတ်လုပ်ရေးကဏ္ဍသို့ အမေရိကန်ဒေါ်လာ (၈၄.၂၅၂) သန်း၊ စိုက်ပျိုးရေးကဏ္ဍသို့ အမေရိကန်ဒေါ်လာ (ဝ.၅၂၅) သန်း၊ မွေးမြူရေးကဏ္ဍသို့ အမေရိကန်ဒေါ်လာ (၁.၀၈၈) သန်း ဝင်ရောက်ထားကြောင်း သိရသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံမှ ပထမနေရာတွင်ရှိနေပြီး တရုတ်နိုင်ငံမှ ဒုတိယ၊ ထိုင်းနိုင်ငံမှ တတိယနေရာတွင် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

Source- Popular Journal

(၇) လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်း ခွင့်ပြုခဲ့

နိုဝင်ဘာ ၁၇ ရက်

ယခုဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကဏ္ဍ (၁၂)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းပေါင်း (၃၃) ခု၏ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု

နိုဝင်ဘာ ၁၆ ရက်

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

မကြာသေးမီက ” မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက်” ကို တရုတ်နိုင်ငံအ‌ကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ ရက်

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

မကြာသေးမီက ” မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက်” ကို တရုတ်နိုင်ငံအ‌ကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံမှ နာနတ်သီးများနှင့်မတူဘဲ တမူထူးခြားသော သစ်သီးမွှေးရနံ့ရှိပြီး အသီးအရသာမှာလည်း ချိုချဉ် လတ်ဆတ်ပြီး အရည်ရွှမ်းသောကြောင့် စားသုံးသူများစွာကို အလွယ်တကူဆွဲဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့နာနတ်သီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အများဆုံးစိုက်ပျိုးခြင်းဖြစ်ပြီး ပြည်ပစျေးကွက်များသို့ တင်ပို့နိုင်ရန်အတွက် စီစဉ်လုပ်ဆောင်မှုများရှိနေကြောင်းလည်း မြန်မာနာ နတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှပြောပြချက်အရ သိရသည်။

ထို့ပြင် နာနတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ မက်မွန်းမွန်းရွာ၊ တွံ့တီးရွာ၊ လွယ်ဆိုင်ရွာတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး ဇူလိုင်လမှ စက်တင်ဘာလအထိထွက်ရှိကြောင်း သိရသည်။

Source- Popular Journal

မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု

နိုဝင်ဘာ ၁၆ ရက်

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

မကြာသေးမီက ” မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက်” ကို တရုတ်နိုင်ငံအ‌ကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၂၇

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

နေပြည်တော် နိုဝင်ဘာ ၂၇

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြုပေးရန်ဖြစ်ကြောင်း၊ အတည်ပြုပြီးပါက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက်ပေးပို့တင်ပြ အတည်ပြု ပြဋ္ဌာန်းသွားရမည်ဖြစ်ကြောင်း။

ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆက်လက်ဆောင်ရွက် ရမည့်စီမံကိန်းများ၊ လုပ်ငန်းများအတွက် အသုံးစရိတ်များ ကိုကျခံသုံးစွဲရန် မူလခွင့်ပြုငွေဖြင့် မလုံလောက်ခြင်း၊ မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲရန် မလုံလောက်ခြင်း၊ အထွေထွေ ပိုလျှံရန်ပုံငွေမှ လွှဲပြောင်းကျခံသုံးစွဲမှု မပြုနိုင်ခြင်းစသည့်အခြေအနေများကြောင့် ထပ်မံလိုအပ်လာ သည့်ငွေကိုသာ တောင်းခံရမည်ဖြစ်ကြောင်း၊ ဌာန၊ အဖွဲ့အစည်းများမှတောင်းခံလာသည့် ဖြည့်စွက် ခွင့်ပြုငွေများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေဖြင့် အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲရမည်ဖြစ်သည့်အတွက် သုံးစွဲနိုင်မည့်ကာလသည် (၄) လခန့်သာ ကျန်ရှိကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှစ်မကုန်မီ လုပ်ငန်းများပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်အသုံးစရိတ်များကိုသာ တောင်းခံကြရမည်ဖြစ်ပြီး အချိန်မီပြီးစီးအောင်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

အသုံးစရိတ်များ ပိုမိုသုံးစွဲနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ခြင်း၊ ပြည်တွင်းစားသုံးမှုအတွက် အထောက်အကူပြုခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ခြင်း၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ တိုးတက်စေခြင်းစသည့်အကျိုးကျေးဇူးများရရှိမည့်အပြင် ပုဂ္ဂလိကကဏ္ဍ၏ ဝယ်လိုအား တိုးတက်စေနိုင်ခြင်းကြောင့် နိုင်ငံ့စီးပွားပြန်လည်တိုးတက်လာစေရေးအတွက် အစိုးရ၏ဦးဆောင်မှုနှင့် စီးပွားရေးအခြေအနေ ပြန်လည်နိုးထလာစေရန် ဆောင်ရွက်ခြင်းဟုလည်း ဆိုနိုင်ကြောင်း။

အချို့သောကိစ္စများကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန် နိုင်ငံတော်၏ အဓိက ကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာဆက်စပ်နေသည့် ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်လာပြီး နိုင်ငံတော်၏စီးပွားရေးလည်း ပြန်လည်ဦးမော့လာစေမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုး တိုးတက် လာမှသာ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများ လျှော့ချနိုင်ပြီး နိုင်ငံခြားသုံးငွေသုံးစွဲမှုလည်း လျော့ကျလာမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်တွင်းငွေကြေးလည်ပတ်မှုများ တိုးတက်ကောင်းမွန်လာပြီး နိုင်ငံတော်၏ ငွေကြေးကဏ္ဍတည်ငြိမ်မှုကို အထောက်အကူဖြစ် စေမည်ဖြစ်ကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ထပ်မံခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုမည့်လုပ်ငန်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့်လုပ်ငန်းများတွင် ထိထိရောက်ရောက်ဖြစ်စေရေး ကြပ်မတ်စိစစ်သုံးစွဲကြစေလိုကြောင်း။

ထို့ပြင် နိုင်ငံ၏ဂျီဒီပီတိုးတက်ရန်အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန် ထားပြီးလည်းဖြစ်ကြောင်း၊ အသုံးစရိတ်နှင့် ဆက်စပ်နေသည့် GDP ရည်မှန်းချက်များကို ပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက ကြိုးပမ်းဆောင်ရွက်ရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်သို့တင်ပြခြင်းဖြစ်ကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို စိစစ်ရာမှာ သာမန်အသုံးစရိတ်အပိုင်းလိုအပ်ချက်များနှင့် မူလခွင့်ပြုငွေတွင် ပါဝင်ခြင်းမရှိသော်လည်း နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်ချိမှုကို အထောက်အကူဖြစ်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ငွေများ တိုးမြှင့်ပေးခဲ့ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေနှင့် အခွန်ဝေစုတို့ကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း။

ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ်များကြောင့် ကာကွယ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် နေရပ်စွန့်ခွာ ပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ထပ်မံထောက်ပံ့ပေးရမည်ဖြစ်သည့်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းရှိ ထောက်ပံ့ငွေစာရင်းတွင် ကျပ် ၂၇၅ ဘီလီယံ ခွင့်ပြုပေးခဲ့ကြောင်း၊ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြုထောက်ခံပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ဥပဒေကြမ်းများနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာ အကြံအကြံပြုချက်များကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့်အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။

၎င်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အသီးသီး တင်ပြကြသည်။

နိုင်ငံ့ GDP တိုးတက်ရေး

တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏ GDP တိုးတက်လာမည်ဆိုပါက ဘတ်ဂျက်ပိုမိုအသုံးပြု၍ ရနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ GDP သည် အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် နည်းပါးလျက်ရှိသည်ကိုတွေ့ရ၍ GDP တိုးတက်လာရေး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း။

နိုင်ငံ့ GDP တိုးတက်စေရန်အတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုဆိုရာ၌ နိုင်ငံ အတွက်အခြေခံကျသော လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတွင် စိုက်ပျိုးရေးထွက်ကုန် စိုက်ပျိုးသီးနှံများ ပိုမိုထွက်ရှိတိုးတက်လာမည်ဆိုပါက ၎င်းကိုအခြေခံသည့် စက်မှုကဏ္ဍကြီးသည်လည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍကြီးတိုးတက်လာပြီး ကုန်ထုတ်လုပ်မှုများ တိုးမြင့်လာမည်ဆိုပါက ဝန်ဆောင်မှုကဏ္ဍကြီးသည်လည်း ဖွံ့ဖြိုး တိုးတက်လာမည်ပင်ဖြစ်သကဲ့သို့ ငွေကြေးစီးဆင်းမှုများပြားလာပြီး ဘဏ္ဍာရေးကဏ္ဍကလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ကဏ္ဍများသည် တစ်ခုနှင့် တစ်ခု ဆက်စပ်ချိတ်ဆက် တိုးတက်လာမည်ဖြစ်၍ အခြေခံကျသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို တိုးတက်စေရေး အားသွန်ခွန်စိုက်ဆောင်ရွက်ရန်လိုကြောင်း။

ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ခြင်း၊ သွင်းအားစုများဈေး နှုန်းမြင့်တက်ခြင်းတို့ကို အကြောင်းပြ၍ အခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ အဓိကစားသုံးသည့် အသားများဖြစ်သည့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးတွင် အများစုကို ဒေသအလိုက်၊ နေရာအလိုက် အောင်မြင်စွာ မွေးမြူနိုင်သည့် အခြေအနေများ ပိုင်ဆိုင်ပြီးဖြစ်ကြောင်း၊ အမှန်တစ်ကယ်အလုပ်လုပ်ကြမည်ဆိုပါက ဒေသတွင်းစားရေးဖူလုံမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကာ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း၊ ဒေသမျိုးများကိုပင် လှောင်မွေးစနစ်ဖြင့် စနစ်တကျမွေးမြူပါက တိုးတက်မှုများပြားလာမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ ထွက်ရှိသည့်ကုန်ကြမ်းများကို အသုံးပြု၍ အစာကျွေးမွေးမည်ဆိုပါက အောင်မြင်သည့် မွေးမြူရေးလုပ်ငန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အခြေခံလူတန်းစားများ၏ သက်သာချောင်ချိရေးကို အထူးအလေးထား ဆောင်ရွက်ပေးရန်လိုကြောင်း။

အလားတူ စိုက်ပျိုးရေးလုပ်ငန်းများ၌လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအားတိုးမြှင့်ခြင်း၊ စိုက်ဧကတိုးချဲ့ခြင်းဟူသည့် နည်းလမ်း ၃ သွယ်ဖြင့် အထွက်နှုန်းတိုးမြင့်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းနှင့် သီးထပ်စွမ်းအားတိုးမြှင့်ခြင်းသည် မူလရှိပြီးအခြေခံအပေါ် တိုးတက်အောင်ဆောင်ရွက်ရခြင်းဖြစ်ပြီး ဖြစ်နိုင်ခြေမြင့်မားသဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများ ပြည့်ပြည့်ဝဝရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ တာဝန်ရှိသူများအနေဖြင့် ကြံဆဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး၌ စိုက်ပျိုးရေရရှိရေးသည် အရေးကြီးသဖြင့် ရေရရှိရေးနည်းလမ်း ၄ ခုဖြစ်သည့် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြစ်ချောင်းရေ၊ မြေအောက်ရေစသည်တို့ကို ဒေသအလိုက် ပေါင်းစပ်အသုံးပြုရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက GDP တိုးတက်လာပြီး နိုင်ငံ၏ဘဏ္ဍာငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီအောင်ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး ပြည်ပပို့ကုန်များ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း။

GDP တိုးတက်ရေးနှင့်ပတ်သက်၍ သစ်တောထွက်ကုန်တစ်ခုဖြစ်သည့် ဝါးကိုလည်း အဆင့်မြင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍ ဆောင်ရွက်နိုင်မည်ဆိုပါက တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် လေယာဉ်ကွင်းများ အဆင့်မြှင့်တင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မီးရထားလမ်းများ ပြန်လည်ပြုပြင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ အလားတူ နိုင်ငံတော်တည်ငြိမ်း အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်၊ ကျဆုံးခဲ့ရသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ သား၊ သမီးများ၊ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်စဉ် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်၊ ကျဆုံးခဲ့ရသည့် အငြိမ်းစားဝန်ထမ်းများ၏ သား၊ သမီးများ ပညာသင်ကြားခွင့်ရရှိရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားနိုင်ရေးတို့အတွက်လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ တက္ကသိုလ်များနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း။

ပဒေသာပင်မြေကြီးမပေါက်နိုင်၊ ပြည်သူနှင့်သက်ဆိုင်သော အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်

သဘာဝဘေးအန္တရာယ်နှင့် လူတို့ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက်လည်း ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ လိုအပ်သည့် ဘတ်ဂျက်ငွေများကိုလည်း ချထားပေးသွားမည်ဖြစ်သဖြင့် ထည့်သွင်းတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ ဘတ်ဂျက်သုံးစွဲရာ၌ငွေရှိမှသာ သုံးစွဲနိုင်မည်ဖြစ်သဖြင့် အခွန်အခများ ပြည့်ပြည့်ဝဝရရှိရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာလျင် အခွန်အခများလည်း ရရှိမည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်မှုရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေနှင့် အခြားလိုအပ်ချက်များရှိပါက နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားသွန်ခွန်စိုက်ဆောင်ရွက်ရန်လိုကြောင်း၊ ယခုဘဏ္ဍာနှစ်နှင့် နောင်လာမည့်ဘဏ္ဍာနှစ်များ၌ ပြည်သူလူထုနှင့် သက်ဆိုင်သော အများပြည်သူ အသုံးပြုနိုင်သည့် အခြေခံလိုအပ်ချက်များကို နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဒေသာပင်မြေကြီးမှ မပေါက်နိုင်ကြောင်း၊ ကြိုးစားလုပ်ကိုင်ခြင်းဖြင့်သာ ပဒေသာပင်ပေါက်နိုင်သဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးအနက်ထား၍ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များအတိုင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အခြေခံထားသည့်အတွက် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူလူထု၏ စားရေရိက္ခာဖူလုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေး၊ နိုင်ငံ့စီးပွားရေးကို ပုံမှန်လည်ပတ်နိုင်ရေးမှတစ်ဆင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး တစ်ဦးလျှင် တစ်လကျပ် ၃၀,၀၀၀ အပြင် ထပ်မံပြီးကျပ် ၃၀,၀၀၀ ကို အပို ထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ထပ်မံတိုးမြှင့်ခံစားခွင့်ပြုခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀,၀၀၀ ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ လစဉ်ခံစားခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့တိုးပေးခဲ့သည့်အတွက် ထပ်မံလိုအပ်လာသည့် အပိုထောက်ပံ့ကြေးများကိုလည်း ဖြည့်စွက်ခွင့်ပြုငွေခွင့်ပြုပေးခဲ့ကြောင်း။

နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည်လည်း အဓိကကျသည့်အတွက် ပြည်သူလူထုကို တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သည့်အခါတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်များ မြင့်မားလာခဲ့ကြောင်း၊ ထို့ကြောင့်လည်း လျှပ်စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအသုံးစရိတ်များကိုလည်း တိုးမြှင့်လျာထားပေးခဲ့ကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ အသုံးစရိတ်များ သုံးစွဲရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲကြရန်၊ လျာထားသည့် ရငွေများကိုလည်း ပြည့်မီရုံသာမက ကျော်လွန်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၂၇

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းကျန့်မြို့သို့ ရောက်ရှိ၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Sub-region(GMS) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ချုံချင့်မြို့၊ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှန်းကျန့်မြို့သို့ ထွက်ခွာရာ ချုံချင့်မြို့၊ ဒုတိယမြို့တော်ဝန် Mr.

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Sub-region(GMS) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ချုံချင့်မြို့၊ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှန်းကျန့်မြို့သို့ ထွက်ခွာရာ ချုံချင့်မြို့၊ ဒုတိယမြို့တော်ဝန် Mr. Shang Kui နှင့် အဖွဲ့ဝင်များ၊ ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရှန်းကျန့်မြို့၊ ဘောင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရှန်းကျန့် မြို့ ဒုတိယမြို့တော်ဝန် Mr. Dai Jin Tao ၊ နန်နင်းမြို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့်တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုပန်းစည်းဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

Hytera Communications Corporation Limited

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှန်းကျန့်မြို့ရှိ Hytera Communications Corporation Limited သို့သွားရောက်လေ့လာကြရာ Founder and Chairman ဖြစ်သူ Mr. Chen Qingzhou နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ကုမ္ပဏီပြခန်းမအတွင်း၌ ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းကို ဖွင့်လှစ်ပြသပြီး သမိုင်းအကျဉ်း၊ ကမ္ဘာတစ်ဝန်းလုံး၌ အသုံးပြုလျက်ရှိသည့် ကုမ္ပဏီမှ ထုတ်လုပ်သော ဆက်သွယ်ရေးနည်းပညာရပ်ဆိုင်ရာ ပစ္စည်းများနှင့် အသုံးဝင်မှုများ၊ အရေးပေါ်အခြေအနေများ၌ ဆက်သွယ်မှု မပြတ်တောက်စေရေး၊ ကဏ္ဍအလိုက် အခမ်းအနားကြီးများ ပြုလုပ်ရာတွင် ဆက်သွယ်မှုစနစ် လွယ်ကူမြန်ဆန်ချောမွေ့စေရေး ဆောင်ရွက်နိုင်ခဲ့မှုများအတွက် ဆုတံဆိပ်များရရှိခဲ့မှုများ၊ ခေတ်အလိုက် ပြောင်းလဲတိုးတက်လာသည့် နည်းပညာနှင့်အတူ ဆန်းသစ်တီထွင်ထုတ်လုပ်ထားရှိပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးပေးလျက်ရှိသည့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ စသည်တို့ကို လိုက်လံ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များနှင့် အကြံပြုချက်များကို ပြန်လည်ဆွေးနွေးခဲ့သည်။

The Tide Rises in the Pearl River Exhibition Center

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကွမ်တုံပြည်နယ်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်စီးပွားရေး ဆောင်ရွက်မှုများ အကောင်အထည်ဖော်ခဲ့သည့် နှစ် ၄၀ မြောက် အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထားသည့် "The Tide Rises in the Pearl River Exhibition Center" သို့ သွားရောက် လေ့လာကြည့်ရှုကြရာ ပြတိုက်မှူး Mr. Huang Chen နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရှန်းကျန့်မြို့၏ ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲတိုးတက်လာမှု သမိုင်းမှတ်တမ်းကို ဖွင့်လှစ်ပြသသည်။ ထို့နောက် နှစ်အလိုက်ပြောင်းလဲလာသည့် ကွမ်ကျိုးလူနေမှုဘဝ၊ ပညာရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ ကွမ်တုံပြည်နယ်၏ သင်္ကေတ၊ ၁၉၈၀ နောက်ပိုင်း ပြည်တွင်း၊ ပြည်ပတင်ပို့ရောင်းချလျက်ရှိသည့် ချည်ထည်ပြခန်းအပါအဝင် ကဏ္ဍစုံ၌ ဖွံ့ဖြိုးတိုးတက်လာသည့် မှတ်တမ်းဓာတ်ပုံများ၊ သရုပ်ပြပုံများ၊ အထူးစီးပွားရေးဇုန် စတင်ထူထောင်ခဲ့မှု မှတ်တမ်းများ၊ အခြေခံအဆောက်အဦ စတင်ဆောက်လုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများနှင့် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် ပြုပြင်ပြောင်းလဲမှုကာလတစ်လျှောက် ပါတီဗဟိုကော်မတီက ချမှတ်ပေးခဲ့သော ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်ဆင့်ပြောင်းလဲတိုးတက်လာမှုပြခန်းများကို လေ့လာကြည့်ရှုခဲ့ပြီး ပြတိုက်မှူးနှင့် ပြကွက်များ အလိုက် တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ထို့နောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Civic Center သို့ ရောက်ရှိကြပြီး LED Light Show ရောင်စုံမီးအလှများအား နည်းပညာအသုံးပြု၍ လူအများစိတ်ဝင်စားစေရန် ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ် (UMFCCI) မှ တည်ခင်းဧည့်ခံသည့် ခရီးစဉ်ဂုဏ်ပြုညစာစားပွဲကို အတူတကွတက်ရောက်သုံးဆောင်ခဲ့ကြပြီး ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

BYD မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ

ယင်းနောက် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှန်းကျန့်မြို့ရှိ BYD မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီသို့ ရောက်ရှိလေ့လာကြရာ ကုမ္ပဏီမှ Asia-Pacific Auto Sales Division Country Head of BYD Myanmar ဖြစ်သူ Mrs. Gillian Li နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် BYD-U9 မော်ဒယ်ဖြင့် သရုပ်ပြသသည်။ ထို့နောက် ကုမ္ပဏီပြခန်းအတွင်း၌ ထုတ်လုပ်ထားသည့် ကားအမျိုးအစားများအား တစ်စီးချင်းစီ အလိုက် ရှင်းလင်းပြသပြီး ကုမ္ပဏီသမိုင်းအကျဉ်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုမှတ်တမ်းကို ဖွင့်လှစ်ပြသည်။

ယင်းနောက် မော်တော်ယာဉ်ဖွဲ့စည်းတည်ဆောက်မှု အစိတ်အပိုင်းများကို အပိုင်းလိုက် ခင်းကျင်းပြသထားမှု၊ နှစ်အလိုက်ဖွံ့ဖြိုးတိုးတက်လာမှုများ၊ ထုတ်လုပ်နေမှု အဆင့်ဆင့်အား ပုံစံငယ်ဖြင့် ပြသထားမှု၊ EV ရထားနှင့် ရထားတွင် ပါဝင်သည့် အစိတ်အပိုင်းများ၊ ပြည်တွင်း၊ ပြည်ပ၌ ပြေးဆွဲလျက်ရှိမှုများ၊ ကုမ္ပဏီမှ ထုတ်လုပ်သုံးစွဲထားသည့် ဘတ္ထရီနှင့် ရိုးရိုးဘတ္ထရီ တို့၏ ခံနိုင်ရည်စွမ်းရည်အား လက်တွေ့နှိုင်းယှဉ် သရုပ်ပြသမှုတို့ကို လိုက်လံကြည့်ရှု လေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Mrs. Gillian Li တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

ရှန်းကျန့်မြို့၏ ဒေသဆိုင်ရာအချက်အလက်အကြောင်း 

ဆက်လက်ဖတ်ရှုရန် https://sacministry.gov.mm/my/subjects/1064

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းကျန့်မြို့သို့ ရောက်ရှိ၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Sub-region(GMS) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ချုံချင့်မြို့၊ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှန်းကျန့်မြို့သို့ ထွက်ခွာရာ ချုံချင့်မြို့၊ ဒုတိယမြို့တော်ဝန် Mr.

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ချုံချင့်မြို့ရှိ စက်ရုံအလုပ်ရုံများသို့ သွားရောက် လေ့လာသည်။

Zhongyue Aviation UAV Firefighting-Drone Co.,Ltd.

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ချုံချင့်မြို့ရှိ စက်ရုံအလုပ်ရုံများသို့ သွားရောက် လေ့လာသည်။

Zhongyue Aviation UAV Firefighting-Drone Co.,Ltd.

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Zhongyue Aviation UAV Firefighting-Drone Co.,Ltd. သို့ ရောက်ရှိကြရာ ကုမ္ပဏီမှ Founder & Chairman ဖြစ်သူ Mr. CAO, Bing နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကုမ္ပဏီပြခန်းအတွင်း ကုမ္ပဏီ၏သမိုင်းအကျဉ်းနှင့် နှစ်အလိုက်ဖွံ့ဖြိုးတိုးတက်မှုများ၊ သုတေသနပြုလုပ်ဆောင်ရွက်ခဲ့မှုများနှင့် လူသားအကျိုးပြုဆောင်ရွက်ချက်များကြောင့် ပြည်တွင်းပြည်ပမှ ချီးမြှင့်ခြင်းခံခဲ့ရသည့် ဆုတံဆိပ်များကို လိုက်လံရှင်းလင်းပြသပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အဆင့်မြင့်ဒရုန်းများ အသုံးပြု၍ ကူညီ ဆောင်ရွက်ခဲ့သည့်မှတ်တမ်း Video ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှထုတ်လုပ်ထားသော လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် အဆင့်မြင့်ဒရုန်းများ ခင်းကျင်းပြသထားရှိမှုကို လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက အထပ်မြင့် အဆောက်အဦများ၊ တောမီးလောင်ကျွမ်းမှုများနှင့် အခြားသော သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းတို့တွင် ဒရုန်းများအသုံးပြု၍ ပြုလုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြကြပြီး ဒရုန်းဖြင့် မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကုမ္ပဏီတာဝန်ခံအား ယခုကဲ့သို့ အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ လူသားအကျိုးပြုဒရုန်းများ တီထွင်ထုတ်လုပ်မှုနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအား ချီးကျူးဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

SERES မော်တော်ကားကုမ္ပဏီ

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် SERES မော်တော်ကားကုမ္ပဏီသို့ သွားရောက်လေ့လာကြရာ ကုမ္ပဏီမှ Chairman ဖြစ်သူ Mr. Li Bo နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကားစက်ရုံ၏ သမိုင်းအကျဉ်း၊ ကုမ္ပဏီမှ ထုတ်လုပ်လျက်ရှိသည့် ကားအမျိုးအစားများကို ပြကွက်တစ်ခုချင်းစီအလိုက်၊ ကားအမျိုးအစားအလိုက် အချက်အလက်များနှင့် စက်ရုံအတွင်း ကားထုတ်လုပ်နေမှုအဆင့်ဆင့်ကို အသေးစိတ်လိုက်လံရှင်းလင်းပြသကြရာ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အား ကုမ္ပဏီမှထုတ်လုပ်သည့် မော်တော်ကားပုံစံငယ်ကို ဂါရဝပြုပေးအပ်ရာ အမှတ်တရ လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခဲ့သည်။

Chongqing International Logistics Hub Park

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Chongqing International Logistics Hub Park သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တရုတ်-ဥရောပ-အနောက်နိုင်ငံတို့အကြား ကုန်စည်စီးဆင်းလျက်ရှိသည့် ကုန်းလမ်း၊ ရေလမ်း လမ်းပြမြေပုံ၊ ချုံချင့်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၊ ယန်စီမြစ်ပေါ်ရှိ ကုန်စည် စီးဆင်းမှုဆိပ်ကမ်းများနှင့် လမ်းပန်းဆက်သွယ်ရေးနှင့် မြို့ပြပုံစံငယ်တို့ကို လိုက်လံရှင်းလင်း ပြသကြသည်။

ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီ

ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီသို့ သွားရောက်လေ့လာကြရာ ဥက္ကဋ္ဌဖြစ်သူ Mr. Yan Hua နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကုမ္ပဏီ၏ သမိုင်းအကျဉ်းနှင့် အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ လယ်ယာထုတ်ကုန်စက်ပစ္စည်းများ၊ ရေစုပ်စက်၊ မီးစက်၊ နှင်းရှင်းစက်နှင့် လမ်းရှင်းစက်များ တင်ပို့ရောင်းချရလျက်ရှိမှု၊ ကုမ္ပဏီမှ ထုတ်လုပ်ထားရှိသည့် စက်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် အဆင့်ဆင့်ထုတ်လုပ်နေမှုတို့ကို လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

Chongqing Planning Exhibition Goo

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Chongqing Planning Exhibition ပြတိုက်သို့ ရောက်ရှိကြရာ ချုံချင့်မြို့ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြတိုက်မှ တာဝန်ရှိသူများက ချုံချင့်မြို့၏ ခေတ်အဆက်ဆက် ဖြစ်ပေါ် ပြောင်းလဲတိုးတက်ခဲ့မှုများ၊ ဒေသနေပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်း မြင့်မားတိုးတက်လာမှုနှင့် ရိုးရာယဉ်ကျေးမှုပုံစံများ၊ မြို့ပြပုံစံငယ်များ၊ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်နေမှုကို ဖော်ပြထားသည့် အထူးပြုလုပ်ချက်ဗီဒီယိုများစသည်ဖြင့် ပြကွက်တစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသကြရာ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြတိုက်ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ပြတိုက်တာဝန်ခံများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ချုံချင့်မြို့ရှိ Yuantongsi သင်္ဘောဆိပ်သို့ ရောက်ရှိပြီး ယန်စီမြစ်အတွင်း သင်္ဘောစီး၍ လေ့လာခဲ့ကြ ကြောင်းနှင့် သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ အားတွေ့ဆုံကာ တရုတ် - မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ချုံချင့်မြို့ရှိ စက်ရုံအလုပ်ရုံများသို့ သွားရောက် လေ့လာသည်။

Zhongyue Aviation UAV Firefighting-Drone Co.,Ltd.

တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား

တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ၏ ဆက်နွှယ်မှုသည် မိမိတို့သွားလိုသည့် အနာဂတ်ကိုလျှောက်လှမ်းနိုင်ရန် မဟာဗျူဟာကျသည့် မောင်းနှင်အား တစ်ရပ်ပင်ဖြစ်ကြောင်း။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ မိမိအနေဖြင့် ယခုလိုပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် မကြာခင်ကာလတွင် စိန်ရတုမှတ်တိုင်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများအကြား၊ စီးပွားရေး လုပ်ငန်းများအကြား၊ အစိုးရဌာနများအကြား ကောင်းမွန်သည့်ဆက်ဆံရေးများကို လက်တွေ့ဖော်ဆောင်ရင်း အပြန်အလှန်ယုံကြည်မှုများ ပိုမိုတိုးတက်ခိုင်မြဲလာသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၏ ဆက်နွှယ်မှုကလည်း မိမိတို့သွားလိုသည့် အနာဂတ်ကိုလျှောက်လှမ်းနိုင်ရန် မဟာဗျူဟာကျသည့် မောင်းနှင်အားတစ်ရပ်ကို ဖြစ်စေကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ သဘာဝအရတည်ရှိနေသည့် တည်နေရာကြောင့် ကမ္ဘာ့လူဦးရေအများဆုံးတရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကြီးမားသည့် ဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသော အာဆီယံဒေသတွင်း၏ အချက်အချာကျသည့် နေရာတွင်ရှိနေကြောင်း။

ယင်းနှင့်ဆက်စပ်ပြီး ပြောရမည်ဆိုပါက မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်း ကောင်းစွာဆောင်ရွက် နိုင်သည့် ရာသီဥတုနှင့်မြေအကျယ်အဝန်းရှိပါကြောင်း၊ အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေ ဟက်တာ ၆၅ သန်းကျော်ရှိပြီး လယ်ယာမြေအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် စိုက်ပျိုးမြေ ၏ ၂၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးနိုင်ပါသေးကြောင်း၊ ယင်းသည် မြေဆီဩဇာကြွယ်ဝကောင်းမွန်ပြီး ဓာတုပစ္စည်းများသက်ရောက်မှုမရှိသေးသည့် စိုက်ပျိုးမြေနေရာများစွာ ကို ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခွင့်အလမ်းကောင်းများပင်ဖြစ်ကြောင်း၊ အလားတူစိုက်ပျိုးရေးကိုအခြေခံသည့် မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် အခွင့်အလမ်းများလည်းရှိကြောင်း။

တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာများနှင့် ဇီဝနည်းပညာသုံး စိုက်ပျိုးနည်းစနစ်ကို အောင်မြင်စွာအသုံးပြုနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် နည်းပညာလွှဲပြောင်းရယူရေး၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အစားအစာဘေးကင်းလုံခြုံမှုရှိပြီး ဂေဟစနစ်ကို ရေရှည်ထိန်းသိမ်းထားနိုင်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး မိမိတို့၏မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များနှင့် ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်သွားရန်ဖိတ်ခေါ်လိုကြောင်း။

မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲသဘာဝကပေးသည့် စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကိုအသုံးချပြီး ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာအဓိကထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်စေရေး ဆောင်ရွက်နေကြောင်း၊ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းထုတ်ကုန်များ တိုးတက်မြင့်မားလာစေရန်အတွက် စိုက်ပျိုးရေးနည်းစနစ်များနှင့်အတူ အခြေခံလိုအပ်ချက်ဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်ရေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေးလိုအပ်ချက်များလည်းရှိနေပါကြောင်း၊ ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဆက်သွယ်ဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့အစည်းများလည်းရှိကြောင်း၊ ပိုမိုတိုးတက်လုပ်ဆောင်နိုင်ရန် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ကူညီပေးရန်အသင့်ရှိကြောင်း၊ စက်မှုလယ်ယာကဏ္ဍကို အရှိန်အဟုန်မြှင့်တင်နိုင်မည့်ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်းတို့အတွက် ခေတ်မီစက်ကိရိယာများ၊ သိုလှောင်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်လိုကြောင်း။

လက်ရှိဆောင်ရွက်နေသည့် ကြက်၊ ဝက်၊ နွားမွေးမြူရေးလုပ်ငန်းများတွင် ခေတ်မီနည်းစနစ်များဖြင့် မွေးမြူပြီး အေးခဲအသားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အနောက်ဘက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သည် လူဦးရေများပြားသည့်နိုင်ငံများဖြစ်ပြီး စားနပ်ရိက္ခာ ဈေးကွက်ကြီးမားလှကြောင်း၊ စိုက်ပျိုးရေးကဏ္ဍကို စက်မှုလယ်ယာအဖြစ်မြှင့်တင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန် သီးခြားကူညီထောက်ပံ့မှုများ ပံ့ပိုးပေးလျက်ရှိသည်ကို အလေးထားပြောကြားလိုကြောင်း။

စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အပြင် အခြေခံစက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါနှင့် ရာဘာစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်နေကြောင်း၊ ဝါမှတစ်ဆင့် ချည်မျှင်၊ ၎င်းမှ အထည်အလိပ်များ ထုတ်လုပ်နိုင်ရန်အထိ ရည်ရွယ်ချက်ထား လုပ်ဆောင်နေခြင်းဖြစ်ပြီး ဝါစိုက်ပျိုးနိုင်သည့် မြေနေရာများစွာရှိကြောင်း၊ ရာဘာစိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ ရာဘာကုန်ကြမ်းမှ ဖိနပ်၊ ရာဘာလက်အိတ်နှင့် တာယာအမျိုးမျိုးတို့ကို ထုတ်လုပ်နိုင်ရေး ရည်ရွယ်ထားကြောင်း၊ မိမိအနေဖြင့် သစ်အခြေခံ ပရိဘောဂလုပ်ငန်းများ၊ သစ်ပါးလွှာ၊ အထပ်သား၊ သစ်ကြိတ်သား၊ သစ်ခွဲသားထုတ်လုပ်ခြင်း လုပ်ငန်းများအပြင် အဆင့်မြင့်ချည်ထုတ်လုပ်ခြင်း၊ အဆင့်မြင့် ရာဘာထုတ်လုပ်ခြင်း၊ ရာဘာအခြေခံပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးဆောင်ရွက်လျက်ရှိသည်ကို သတင်းကောင်းပါးလိုကြောင်း။

မြန်မာနိုင်ငံ၏ဒေသအများစုတွင် ဝါးနှင့်ကြိမ်တို့ ပေါက်ရောက်ကြောင်း၊ ယင်းဝါးနှင့် ကြိမ်ကုန်ကြမ်းမှ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်တွင် ယခုထက်ပိုပြီး ဖြန့်ချိနိုင်ရန် လိုအပ်နေကြောင်း၊ ထိုသို့ နိုင်ငံတော်၏ ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ဖြစ်ပေါ်လာသည့် ပုဂ္ဂလိက သစ်အခြေခံ စက်မှုလုပ်ငန်းများကို စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသည့်နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဦးတည်ချက်ထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် လိုအပ်သည့် ဘိလပ်မြေများကို ပြည်တွင်းတွင် လုံလောက်အောင် မထုတ်လုပ်နိုင်သေးသည့်အတွက် ဘိလပ်မြေထုတ်လုပ်ရေးကဏ္ဍကလည်း အခွင့်အလမ်းများစွာရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ်ရန် အခြေခံကုန်ကြမ်းများဖြစ်သည့် ထုံးကျောက်၊ ဂျစ်ပဆန်နှင့် ဂေါ်ဒန်ကျောက်များ ပေါကြွယ်ဝကြောင်း၊ ထို့ပြင် နေ့စဉ်မဖြစ်မနေအသုံးပြုနေရသည့် လျှပ်စစ်ဓာတ်အားအတွက်လည်း တရုတ်နိုင်ငံတွင် အောင်မြင်ပြီးဖြစ်သည့် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများကို လာရောက်ရင်းနှီးလုပ်ကိုင်စေလိုကြောင်း၊ တရုတ်နိုင်ငံသည် လျှပ်စစ်ကားကဏ္ဍတွင် ကမ္ဘာ့ဦးဆောင်နေရာကိုရရှိပြီး ဖြစ်သောကြောင့် လျှပ်စစ်ကားလုပ်ငန်းကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလျှပ်စစ်သုံးယာဉ် ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စားသုံးဆီထုတ်လုပ်ခြင်းစသည့် ကဏ္ဍများတွင် မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါက ဦးစားပေးပြီး ဝန်ဆောင်မှုများ အထူးပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ၁၉၈၈ ခုနှစ် မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကဏ္ဍ ၁၂ ခုတွင် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၃၈ ဘီလီယံရှိခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို သုံးသပ်ကြည့်သည့်အခါ စိုက်ပျိုးရေးကဏ္ဍတွင် ဝ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၁ ဒသမ ဝ၄ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၁ဝ၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း၊ လူကြီမင်းတို့အနေဖြင့် မိမိတို့ နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အောင်မြင်နိုင်သည့်အခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ရန်အတွက် အခုထက်ပိုမိုပြီး ရင်းနှီးမြှုပ်နှံကြရန်ဖိတ်ခေါ်လိုကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သွင်းကုန်/ပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်ရှိသောကြောင့် နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် ခိုင်မာအားကောင်းနေသည်ကို ပေါ်လွင်နေကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်ရပ်တည်နေသောကြောင့် စားနပ်ရိက္ခာ၊ အခြားကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး အဆင့်မီတိုးမြှင့်ထုတ်လုပ်ရန် အခွင့်အလမ်းရှိသည့်နိုင်ငံဖြစ်ကြောင်း။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည်မှာ ဆန်၊ ပဲမျိုးစုံနဲ့ နှမ်း စသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်း၊ သစ်မာ ကုန်ကြမ်းများနှင့် သစ်အခြေခံအချောထည်ထုတ်ကုန်များဖြစ်ကြောင်း၊ မိမိအနေဖြင့် ယခုလို ပို့ကုန်များကို တန်ဖိုးမြင့်သစ်အခြေခံထုတ်ကုန်များ(Value-added Wood-based Products) ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များကို ဖြန့်ဖြူးတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်မက တိုးမြှင့်သွားလိုကြောင်း၊ ယင်းအတွက်လည်း မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ်သက်သာခွင့်များကို သိသာစွာ ပံ့ပိုးပေးထားကြောင်း။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍများနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံရာနေရာ၌ အချက်အချာကျကျ တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်မှု လမ်းဆုံနေရာတွင်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အဦကဏ္ဍသည်လည်း လူကြီးမင်းတို့အတွက် အလားအလာကောင်းများရှိသည့်အတွက် အသိပေးလိုကြောင်း။

ဒေသတွင်းဆောင်ရွက်ချက်များကို ပြောရမည်ဆိုပါက မြန်မာနိုင်ငံကဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) သဘောတူစာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများထဲတွင်ပါဝင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်မှစပြီး အသက်ဝင်ခဲ့ကြောင်းကို အတည်ပြုပေးခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း RCEP သဘောတူစာချုပ်အရ RCEP ဖောင်ပုံစံများနှင့် ဆက်စပ်အာမခံချက် စာရွက်စာတမ်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှစတင်ပြီး ထုတ်ပေးလျက်ရှိကြောင်း၊ လူကြီးမင်းတို့အနေဖြင့် စီးပွားရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ RCEP သဘောတူစာချုပ်အပြင် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု ဒေသဆိုင်ရာသဘောတူစာချုပ်(ACFTA)နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပါ အကာအကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေးအစီအမံများကြောင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာနှင့် တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ဆက်လက်ပြီး မိမိတို့၏မိတ်ဖက် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် မိမိတို့၏ဆောင်ရွက်ချက်အချို့ကို ထပ်မံမျှဝေလိုကြောင်း၊ ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်းပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ယွမ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ယွမ်နှင့် ရင်းနှီးမြှုပ်နှံမှုများ အပြည့်အဝပြုလုပ်နိုင်ကြောင်း။

တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု (Global Development Initiatives-GDI) တွင်ပါဝင်သည့် ဦးစားပေးနယ်ပယ်(၈)ခုတွင်လည်း မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအရ တီထွင်ဆန်းသစ်မှုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားတို့ကို အဓိကမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် တက်ရောက်လာသည့် လူကြီးမင်းတို့အနေဖြင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးမှုနှင့်နည်းပညာဖြန့်ဖြူးခြင်းပိုင်းတွင် ဝင်ရောက်လက်တွဲလုပ်ကိုင်ကြရန်လည်း အလေးထားဖိတ်ခေါ်လိုကြောင်း။

မိမိတို့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြုပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် ပြုလုပ်ပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းသည် နှစ်နိုင်ငံအစိုးရများနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဒေသတည်ငြိမ်ရေးအတွက် အန္တရာယ်များကြောင်း၊ လက်နက်ကိုင်သောင်းကျန်းမှု၊ တရားမဝင်လုပ်ငန်းများလုပ်ဆောင်မှုများသည် ကူးစက်တတ်သည့်သဘောရှိကြောင်း၊ ယင်းသောင်းကျန်းသူများသည် ယခင်အတိတ်ကာလကလည်း နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးလုပ်ငန်းများ၊ မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများလုပ်ဆောင်ပြီး စစ်ဘုရင်ဝါဒကို အသက်သွင်းခဲ့သည့်သူများဖြစ်ကြောင်း၊ ယခုချိန်တွင်လည်း ဒီမိုကရေစီအရေး၊ လူမျိုးစုအရေး စသည့်အရေးများကို ရုပ်ပြအဖြစ်အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်းနေသည်ကို တွေ့မြင်ရကြောင်း၊ “ကျားသေကို အသက်ပြန်မသွင်းမိကြစေဖို့" ပြောလိုကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုသောကြောင့် နယ်စပ်ဒေသတည်ငြိမ်ပြီး ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း။

ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ယခုနေရာမှမျှဝေခွင့်ရခဲ့ကြောင်း၊ ယခုအခမ်းအနားမှတစ်ဆင့် မိမိတို့နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များနှင့် လိုအပ်ချက်များအား အသီးသီးဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းများဆောင်ရွက်ရာတွင် အစိမ်းရောင်ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်မည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင်ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် မြန်မာနိုင်ငံ အစိုးရမှဖြေရှင်းပေးနိုင်မည့်အခြေအနေများ၊ ကုမ္ပဏီများအလိုက်မှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် မြန်မာနိုင်ငံမှ ချမှတ်ထားသည့် ပို့ကုန်သွင်းကုန်မူဝါဒများအားသိရှိလိုမှု၊ နှစ်နိုင်ငံစီးပွားဆက်သွယ်မှု လမ်းကြောင်းများအား ယခုထက်ပိုမိုပွင့်လန်းလာစေရေး ဆောင်ရွက်နိုင်ရန်လိုအပ်မှု၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်ယူမှုလုပ်ငန်းစဉ်အား မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုနှင့် ၎င်းစီမံကိန်းမှတဆင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင်ပေးနိုင်မည့်အခြေအနေများ၊ ယခုကဲ့သို့ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် အချိန်ပေး၍ လက်ခံဖြေကြားဆွေးနွေးပေးသည့်အတွက် မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား အထူးပင်ကျေးဇူးတင်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာမေးမြန်းဆွေးနွေးကြသည်။

ဆက်လက်၍ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက အသီးသီးပြန်လည် ဆွေးနွေးပြောကြားသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏ မေးမြန်းဆွေးနွေးမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်မှ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကံဇော်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က မြန်မာနိုင်ငံ၏ လျှပ်စစ်မီးသုံးစွဲမှု စနစ်များနှင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုနှင့်ပတ်သက်၍ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ကို အသုံးပြုမှုအပေါ် နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အား ပြည့်မီစွာထုတ်ယူသုံးစွဲနိုင်ရေးအတွက်လည်း ရေရှည်စီမံချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအပါအဝင် အခြားနယ်ပယ်စုံ၌ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအား ဖိတ်ခေါ်လျက်ရှိမှုနှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများနှင့် သွင်းကုန်၊ ပို့ကုန်မူဝါဒများအား တတ်နိုင်သရွေ့ ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံခြားငွေလဲလှယ်မှုများအဆင်ပြေစေရေးနှင့် ပြည်တွင်းကုန်ဈေးနှုန်းများ ထိန်းသိမ်းနိုင်ရေးတို့အတွက် ကော်မတီများဖွဲ့စည်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံခြားငွေလဲလှယ်မှုနှင့်ပတ်သက်၍ အနောက်အုပ်စု၏ ငွေကြေးပိတ်ဆို့မှုများကြောင့် ငွေကြေးလဲလှယ်မှုနှုန်းထားများ ဖောင်းပွမှုများဖြစ်ပေါ်ခဲ့မှုနှင့် နိုင်ငံတော်အစိုးရအနေဖြင့် စနစ်တကျထိန်းချုပ်ဆောင်ရွက်ခဲ့ပြီး ငွေကြေးတည်ငြိမ်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့မှု၊ နိုင်ငံအချင်းချင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်မှုရှိစေရေးအတွက် ကျပ်-ယွမ်၊ ကျပ်-ဘတ်၊ ကျပ်-ရူပီး တို့ကဲ့သို့ တိုက်ရိုက်ငွေကြေးသုံးစွဲမှု ပုံစံများဖြင့်ပေးချေနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းစဉ်အား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုအပေါ် နိုင်ငံတော်အဆင့် စီမံကိန်းအဖြစ်သတ်မှတ်၍ လိုအပ်သည့် ကွင်းဆင်းလေ့လာခြင်းနှင့် လုပ်ငန်းစဉ်များအဆင့်ဆင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားကြသည်။

ဆွေးနွေးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏မေးမြန်းဆွေးနွေးမှုများနှင့် ပြည်ထောင်စုဝန်ကြီးများ၏ ပြန်လည်ဆွေးနွေးမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွင် ရေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ်၊ လေအားလျှပ်စစ်ဟူ၍ရှိပြီး တရုတ်နိုင်ငံအနေဖြင့် ရေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ် ဓာတ်အားတို့ကို အောင်မြင်စွာဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပူပြင်းသည့်ရာသီ ဥတုရှိသည့်အတွက် နေရောင်ခြည်သုံးဆိုလာ စွမ်းအင်ကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါရာသီဥတုပူပြင်းသည့် ဒေသများ၌ လာရောက်ရင်းနှီး မြှုပ်နှံမည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ပြီး ဆောင်ရွက်မည်ဆိုပါက ဆိုလာစွမ်းအင် မှရရှိသည့် လျှပ်စစ်ဓာတ်အားဖြင် ရေရရှိအောင်ဆောင်ရွက်၍ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်မည်ဆိုပါကလည်း ၎င်းကြောင့် ထိခိုက်နိုင်မည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများဆောင်ရွက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးလုပ်ငန်းများကိုလည်း မဖြစ်မနေ ထည့်သွင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို ဝမ်းမြောက်စွာကြိုဆိုပါကြောင်း။ ငွေကြေးဖောင်းပွမှုများနှင့်ပတ်သက်၍လည်း တိုက်ရိုက်ငွေပေးချေမှုနည်းလမ်း ဖြင့်အဖြေရှာဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုများမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ အခက်အခဲများ ကြုံတွေ့ခဲ့ပါကလည်း တင်ပြဆောင်ရွက်သွားနိုင်ပြီး နိုင်ငံတော်အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေရှိပြီး နိုင်ငံတော်မှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ကုန်ချောအဆင့်ထိ ထုတ်လုပ်ဆောင်ရွက်ခြင်းကို မိမိတို့အနေဖြင့် ပိုမိုအားပေးဆောင်ရွက်လိုပါကြောင်း၊ နယ်စပ်ဒေသကုန်သွယ်မှုလုပ်ငန်းများ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေးအတွက်လည်း အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သဖြင့် ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်သည့်စီမံကိန်းအောင်မြင်စွာဖြစ်မြောက်စေရေး မိမိအနေဖြင့် အားပေးပါကြောင်း၊ လိုအပ်သည့်လုပ်ငန်းစဉ်များအဆင့်အလိုက် ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်ရေးစီမံကိန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုမှုနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့်ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်ပါကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အနေဖြင့် ဆွေးနွေးပြောကြားရာ၌ ယခုကဲ့သို့ ရင်းရင်းနှီးနှီး ဆွေးနွေးပြောကြားရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ပါကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်(UMFCCI)မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား

တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။