အဆင့်မြင့်စစ်မြေပြင် အသုံးချနည်းပညာများ ရရှိလာမယ့် အမေရိကန် စစ်သည်များ
News Image

စစ်မြေပြင်နည်းပညာကို ပြန်လည်ပုံဖော်နိုင်စေဖို့အတွက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ Anduril နဲ့ နည်းပညာဂုရုကြီးဖြစ်တဲ့ Meta တို့က မဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုတစ်ခုကို လုပ်ဆောင် လိုက်ပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်မှုကနေရရှိလာမယ့် အရာက Extended Reality (XR) လို့ခေါ်တဲ့ စနစ်ပဲဖြစ်ပါတယ်။
တရုတ်က တီထွင်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး နျူကလီးယား ဒုံးကျည်စုံထောက်
News Image

တရုတ်က တီထွင်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး နျူကလီးယား ဒုံးကျည်စုံထောက် နျူကလီးယားဒုံးကျည်များဟာ ခေတ်သစ် စစ်ပွဲမှာသိပ်ကိုအရေးပါလှတဲ့ လက်နက် တစ်ခုဖြစ်လာပါတယ်။ ဒီလက်နက်မျိုးဆိုတာ မဟာဗျူဟာအရအရေးကြီးသလို ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကောင်းကောင်း ကြီးခြိမ်းခြောက်နိုင်တဲ့ လက်နက်တစ်မျိုးပါ။ ဘာကြောင့်လဲဆိုရင် ခေတ်သစ်စစ်ပွဲမှာ နျူကလီးယားဒုံးကျည်များကို တိုက်ရိုက်အသုံးပြုလာခြင်းမျိုးမဟုတ်ဘဲ တချို့သောအခြေအနေတွေမှာ တည်ကြက် လုပ်ထားတဲ့ ဒုံးကျည်အတုများကို သုံးပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်များကို လှည့်စားလာတဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် လေပိုင်နက်ထဲ ဝင်လာတဲ့ဒုံးကျည်က အစစ်လား၊ တည်ကြက်လုပ်ထားတဲ့ အတုလားဆိုတာက
မက် (Musk) ထရမ့်အစိုးရအဖွဲ့၏ အထူးဝန်ထမ်းအဖြစ်မှ နုတ်ထွက်
News Image

အမေရိကန်အစိုးရ၏ အစိုးရစွမ်းဆောင်ရည်စစ်ဆေးရေးအဖွဲ့ (DOGE) ၏ ဥက္ကဋ္ဌနှင့် နည်းပညာ ဘီလီယံနာ အီလွန်မက်က အစိုးရဝန်ထမ်းအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်တော့မည်မဟုတ်ဟု ကြေညာခဲ့သည်။Musk နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား သဘောထားကွဲလွဲမှုများမြင့်တက်လာနေသည့် သတင်းများထွက်ပေါ်ခဲ့ပြီး မကြာမီ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။