ကဏ္ဍများ

ရှန်းကျန့်ဒေသသည် နည်းပညာဆန်းသစ်တီထွင်မှု၏ နောက်ကွယ်တွင် စီးပွားရေးအရှိန်အဟုန်ဖြင့် မြင့်တက်လာမှုကို နမူနာပြသခြင်းလော

အထူးစီးပွားရေးဇုန်တစ်ခုနှင့် သိပ္ပံနှင့်နည်းပညာများ ထွန်းကားသောမြို့အဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏တောင်ပိုင်း ဂန်ဒေါင်း (Guangdong) ပြည်နယ်ရှိ ရှန်းကျန့် (Shenzhen) ဒေသသည် စီးပွားရေးရှေ့ပြေးသာလျှင်မဟုတ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နည်းပညာဆန်းသစ် တီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျင်မြန်သောအရှိန်အဟုန်ကို သရုပ်ဖော်သည့်  "မှန်" တစ်ချပ်လည်းဖြစ်ပါသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ရှန်းကျန့် (Shenzhen) ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို မကြာခဏ မေးခွန်းထုတ်စရာများ ရှိခဲ့သော်လည်း မြို့တော်သည် ၎င်း၏ စီးပွားရေးတွင် အကောင်းအဆိုးဒွန်တွဲလျက် လျှင်မြန်သော ဖွံ့ဖြိုးတိုးတက်လာမှုဖြင့် သံသယများကို ဖြေဖျောက် ပေးခဲ့သည်။

ရှန်းကျန့် (Shenzhen) ဒေသသည် အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအားသစ်များ၊ စနစ်သစ်များကို ကိုယ်စားပြုသကဲ့သို့  တီထွင်ဖန်တီးမှုဆိုင်ရာ မူဝါဒသစ်များမွေးဖွားခြင်းကိုလည်း ကိုယ်စားပြုပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အသွင်ကူးပြောင်းမှု ကိုစောင့်ကြည့်ရန် အကောင်းဆုံး ပြတင်းပေါက်တစ်ခုလည်းဖြစ်ပါသည်။ ရှန်းကျန့် (Shenzhen) ဒေသ၏ စီးပွားရေးတိုးတက်လာမှုကို ပိုမိုနက်ရှိုင်းစွာ စစ်ဆေးခြင်းသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ တည်ငြိမ်ပြီး အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို သက်သေပြနိုင်ပါသည်။

ရှန်းကျန့် (Shenzhen) ဒေသ၏ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာမှုများက ၎င်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရည်အသွေးပိုင်းဆိုင်ရာ အောင်မြင်မှုများရရှိရန် တရုတ်နိုင်ငံ၏ စွမ်းဆောင်နိုင်မှုကို ပြသနိုင်ခဲ့ပြီး နိုင်ငံ၏ စီးပွားရေးတီထွင်ဖန်တီးနိုင်စွမ်းနှင့် စွမ်းဆောင်ရည် အပေါ် ပြည်သူများ၏ ယုံကြည်မှုကို အားကောင်းစေပါသည်။

ကမ္ဘာ့စီးပွားရေးနှင့် ပိုမိုရှုပ်ထွေးပြီး မသေချာမရေရာသော ကမ္ဘာ့ပတ်ဝန်းကျင်ကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း တရုတ်နိုင်ငံ၏စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၅.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ အလားတူကာလအတွင်း ရှန်းကျန့် (Shenzhen) ဒေသ၏ ပြည်တွင်း GDP သည် ယွမ် ၃.၃၆ ထရီလီယံ (ဒေါ်လာ ၄၈၀ ဘီလီယံ) ရှိပြီး ဘေဂျင်း (Beijing)၊ ရှန်ဟိုင်း (Shanghai) နှင့် ကွမ်ကျိုး (Guangzhou) တို့ထက် တရုတ်နိုင်ငံ၏ ပထမအဆင့်မြို့ကြီးများ အကြားတွင် တစ်နှစ်ထက်တစ်နှစ် ၆ ရာခိုင်နှုန်း တိုးတက်လာပါသည်။

၂၀၂၃ ခုနှစ်တွင် ရှန်းကျန့် (Shenzhen) ဒေသ၏ အခိုင်အမာရှိပြီးဖြစ်သည့် လက်လီ အရောင်းကဏ္ဍသည် စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားအသစ် ဖြစ်လာသည်။  ပြီးခဲ့သည့်နှစ်တွင် လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှု စုစုပေါင်းသည် ယွမ် ၁.၀၅ ထရီလီယံ သို့ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၇.၈ ရာခိုင်နှုန်း တိုးလာကာ ယွမ်တစ်ထရီလီယံသုံးစွဲမှုဖြင့် တရုတ်နိုင်ငံ၏စီးပွားရေးမြို့တော်ကြီးများအဖွဲ့ထဲသို့ တရားဝင် ဝင်ရောက်ခြေချလာနိုင်ခဲ့သည်။

စက်မှုကဏ္ဍ ရှုထောင့်မှကြည့်လျှင် ရှန်းကျန့် (Shenzhen) ဒေသသည် မဟာဗျူဟာမြောက် ထွန်းသစ်စစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝသော ထုတ်လုပ်မှုစွမ်းအား အသစ်များဖွဲ့စည်းခြင်းကို အရှိန်မြှင့်ရန်အတွက် အရေးကြီးသော မောင်းနှင်တံများအဖြစ် အနာဂတ်စက်မှုလုပ်ငန်းများ ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်ငန်းများဖြင့် စက်မှုအစုအဖွဲ့များတည်ဆောက်ရေးကို ညှိနှိုင်းဆောင်ရွက်ပေးရာတွင် နောက်ခံကျောရိုးအဖြစ် ယူဆနိုင်ပါသည်။

၂၀၂၃ ခုနှစ်တွင် ရှန်းကျန့် (Shenzhen) ဒေသရှိ မဟာဗျူဟာမြောက် ထွန်းသစ်စ စက်မှု လုပ်ငန်းများသည် မြို့တော်၏ GDP ၏ ၄၁.၉ ရာခိုင်နှုန်းဖြင့် ကိန်းဂဏန်းတန်ဖိုး ၁.၄၅ ထရီလီယံ ယွမ် အောင်မြင်မှုရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုနှုန်း ၈.၈ ရာခိုင်နှုန်းရှိပါသည်။ ထွန်းသစ်စစက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှန်းကျန့် (Shenzhen) ဒေသသည် ခေတ်မီ နည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာကိစ္စရပ်များတွင် ရှေ့သို့မျှော်မြင်နိုင်သော အခင်းအကျင်း များကို ဖန်တီးနိုင်စွမ်းရှိသည်။

ရှန်းကျန့် (Shenzhen) ဒေသတွင် နည်းပညာသစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နေခြင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စက်မှုလုပ်ငန်းသစ်များ ထူထောင်ရန် ကူညီပေး နေခြင်းဖြစ်သည်။ ရှန်းကျန့်ဒေသအခြေစိုက် BGI Genomics ကုမ္ပဏီသည် ကမ္ဘာ့မျိုးရိုးဗီဇ နည်းပညာနယ်ပယ်တွင် ဦးဆောင်လျက်ရှိပြီး Fortune Global 500 ကုမ္ပဏီဖြစ်သော Tencent သည် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အရေးပါသော အခန်း ကဏ္ဍမှပါဝင်ခဲ့သည်။ DJI သည် တရုတ်နိုင်ငံ၏ ဒရုန်းစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ခြင်းဖြင့် ရှန်းကျန့်မှ ကမ္ဘာ့ဈေးကွက်သို့ ပေါက်ရောက်ခဲ့ပြီးဖြစ်သည်။

ရှန်းကျန့် (Shenzhen) ဒေသ၏ တည်တံ့ခိုင်မြဲနေသည့် စီးပွားရေးတိုးတက်မှုသည် တရုတ် နိုင်ငံစီးပွားရေးတိုးတက်မှု၏ သိသာထင်ရှားသော အလားအလာကို မီးမောင်းထိုးပြလျက်ရှိပြီး တရုတ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် စဉ်ဆက်မပြတ်တိုးတက်မှုအတွက် အလားအလာ ကောင်းများနှင့် ဆက်လက်တိုးတက်နေမှုများကို ရောင်ပြန်ဟပ်စေပါသည်။

ဆန်းသစ်တီထွင်မှုသည် ရှန်းကျန့်ဒေသ၏ တိုးတက်လာမှုနောက်ကွယ်တွင် အဓိက မောင်းနှင်အားဖြစ်ပြီး မြို့တော်၏ အသက်သွေးကြောလည်းဖြစ်ပါသည်။ ဆန်းသစ်တီထွင်မှုသည် ရှန်းကျန့်၏ ဝိသေသလက္ခဏာတစ်ရပ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ အလားတူပင် ဆန်းသစ်တီထွင်မှုသည် တရုတ်နိုင်ငံ၏ အလုံးစုံစီးပွားရေးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ အရည်အသွေးသစ် ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတော်အဆင့်တွင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု အပေါ် ပိုမိုအလေးပေးဆောင်ရွက်သင့်ပါသည်။

အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မျက်စိကျနေသည့် ရှန်းကျန့်သည် တရုတ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနိုင်ရေး တရုတ်နည်းပညာဆိုင်ရာ တိုးတက်မှုအတွက် ဦးဆောင်ဦးရွက်ပြုသည့် အခန်းကဏ္ဍမှ ပါဝင်ကာ စက်မှုနည်းပညာ ဆန်းသစ်တီထွင်မှုစင်တာ (Industrial Technology Innovation Center)  တည်ဆောက်နိုင်ရန်အတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ် ရှိ Dongguan၊ တရုတ်နိုင်ငံအရှေ့ဘက်ရှိ Jiangsu ပြည်နယ် Suzhou နှင့် Qingdao ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှု အားသာချက်များဖြင့် ထွန်းသစ်စနည်းပညာများပေါကြွယ်ဝသည့် မြို့ကြီးများ အများအပြားရှိသည်။ အဆိုပါမြို့ကြီးများသည် နည်းပညာဆန်းသစ်တီထွင်မှု၊ ပုဂ္ဂလိကကဏ္ဍ တိုးတက်မှုနှင့် အရည်အသွေးပြည့်ဝသော ထုတ်လုပ်မှုစွမ်းအားသစ်များ ပြုစုပျိုးထောင်ခြင်းတို့ကို တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ပိုမို လှုံ့ဆော်ပေးနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၎င်း၏ ဆက်လက်တိုးဖွံ့ဖြိုးတက်မှုအတွက် အခက်အခဲ ပြဿနာဖြစ်စေနိုင်မည့် ယန္တရားများကို တည်တည်ငြိမ်ငြိမ်နှင့်  စနစ်တကျ ‌ ရင်ဆိုင်ဖြေရှင်းနိုင်မည့် ကာလကို ရောက်ရှိနေပြီ ဖြစ်ပါသည်။ 

တရုတ်နိုင်ငံသည် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် ပြဿနာအားလုံးကို ဖြေရှင်းရန် အာရုံစိုက်နေသမျှ ကာလပတ်လုံး ပွင့်လင်းမြင်သာမှုနှင့် တန်ဖိုးမြင့်ဆန်းသစ်တီထွင်မှုကို လိုက်နာကာ အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအားများကို စဉ်ဆက်မပြတ် ဖော်ဆောင်နေသရွေ့ တရုတ်နိုင်ငံ၏ စီးပွားရေးသည် အချိန်မရွေး “အထွတ်အထိပ်သို့ ရောက်မည်” ဟူသည်မှာ ငြင်းဆို နိုင်မည့်အကြောင်းပြချက် မရှိပါ။

ကိုးကား - “Shenzhen Exemplifies Rapid Economic Rise on The Back of Tech Innovation”, China Development Institute

ရှန်းကျန့်ဒေသသည် နည်းပညာဆန်းသစ်တီထွင်မှု၏ နောက်ကွယ်တွင် စီးပွားရေးအရှိန်အဟုန်ဖြင့် မြင့်တက်လာမှုကို နမူနာပြသခြင်းလော

အထူးစီးပွားရေးဇုန်တစ်ခုနှင့် သိပ္ပံနှင့်နည်းပညာများ ထွန်းကားသောမြို့အဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏တောင်ပိုင်း ဂန်ဒေါင်း (Guangdong) ပြည်နယ်ရှိ ရှန်းကျန့် (Shenzhen) ဒေသသည် စီးပွားရေးရှေ့ပြေးသာလျှင်မဟုတ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နည်းပညာဆန်းသစ် တီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျင်မြန်သောအရှိန်အဟုန်ကို သရုပ်ဖော်သည့်  "မှန်" တစ်ချပ်လည်းဖြစ်ပါသည်။

လာအိုနိုင်ငံ၌ ငွေကြေးဖောင်းပွမှုကြောင့် လူနေမှုစရိတ်ကြီးမြင့်လာခြင်းကာမိရန် လုပ်ခနည်း အလုပ်သမားများကို လစာနှင့်ထောက်ပံ့စရိတ်ပိုပေး

လူနေမှုစရိတ်ကြီးမြင့်လာခြင်းကို ကာမိရန် လုပ်ခနည်းအလုပ်သမားများကို လစာနှင့် ထောက်ပံ့ စရိတ်ပိုမိုပေးရန် စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းရှင်များကို လာအိုအစိုးရက ညွှန်ကြားလိုက်သည်။

လာအိုအလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် စတင် အာဏာ သက်ရောက်ခဲ့သော အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ 

အဆိုပါကြေညာချက်တွင် အနည်းဆုံး လုပ်ခလစာအဖြစ် လာအိုကစ် ၂ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၁၁၄ ဒေါ်လာ)ခန့်ပေးရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှု လုပ်ငန်းရှင်များကို တိုက်တွန်းခဲ့သည်။

လတ်တလောတွင် ရရှိနေသော အနည်းဆုံး လုပ်ခလစာမှာ ကစ် ၁ ဒသမ ၆ သန်း( အမေရိကန် ဒေါ်လာ ၇၃ ဒေါ်လာ) ဖြစ်သည်။ သို့သော်လည်း ရုတ်တရက် လူနေမှုစရိတ်များ မြင့်တက် လာသည့်အတွက် အစိုးရသည် နိုင်ငံတစ်ဝန်းရှိ အလုပ်သမားများကို ပံ့ပိုးကူညီရန် လိုအပ်သည်ဟု ယူဆခဲ့သည်။

 လစာနှင့်ထောက်ပံ့ကြေးတိုးမြှင့်ခြင်းသည် လူနေမှုစရိတ်စက ကြီးမြင့်လာခြင်းနှင့် ‌ငွေကြေး ဖောင်းပွမှုမြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးဖိအားကို ရင်ဆိုင်ဖြေရှင်းရန် အစိုးရ၏ ကျယ်ပြန့်သော လုပ်ဆောင်မှုတစ်ခုဖြစ်သည်။

လာအိုနိုင်ငံ၏ ငွေကြေးဖောင်းပွခြင်းသည် ၂၀၂၄ခုနှစ် စက်တင်ဘာလတွင် ၂၁ ဒသမ ၇ ရာခိုင်နှုန်း အထိ အနည်းငယ် လျော့နည်းသွားသော်လည်း စိုးရိမ်စရာ အခြေအနေအဖြစ် ဆက်လက် ဖြစ်ပေါ်နေသည်။

ဗီယန်ကျင်း အောက်တိုဘာ ၃

ဆင်ဟွာ 