ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ရေဘက်ဆိုင်ရာ နိုဘယ်လ်ဆုရှင်
-

ဆွီဒင်နိုင်ငံ  စတော့ဟုမ်း နိုင်ငံတကာ ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းလုံးမှ ရေဘက်ဆိုင်ရာ၌  ထူးချွန်စွာဆောင်ရွက်သူများအား “စတော့ဟုမ်းရေဘက်ဆိုင်ရာဆု”ကို လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ နှစ်စဉ်ရွေးချယ် ချီးမြှင့်ခဲ့သည်။ ယင်းဆုသည် ရေဘက်ဆိုင်ရာလုပ်ငန်း နယ်ပယ်၌ ကျော်ကြားလှပြီး  “ရေဘက်ဆိုင်ရာနိုဘယ်လ်ဆု”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။၂၀၁၅ ခုနှစ် “ရေဘက်ဆိုင်ရာနိုဘယ်လ်ဆု”ကို အိန္ဒိယလူမျိုး ရာဂျင်ဒရာဆင်းအား ပေးအပ်ခဲ့သည်။ ဆုချီးမြှင့်ရေးကော်မတီ၏ မှတ်ချက်တွင် ရာဂျင်ဒရာဆင်းသည် ဒေသတွင်း ရေအခက်အခဲကို  လူမှုရေး စွမ်းဆောင်ရည် တည်ဆောက်ပြီး ဒေသခံတို့၏ပ

ဆွီဒင်နိုင်ငံ  စတော့ဟုမ်း နိုင်ငံတကာ ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းလုံးမှ ရေဘက်ဆိုင်ရာ၌  ထူးချွန်စွာဆောင်ရွက်သူများအား “စတော့ဟုမ်းရေဘက်ဆိုင်ရာဆု”ကို လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ နှစ်စဉ်ရွေးချယ် ချီးမြှင့်ခဲ့သည်။ ယင်းဆုသည် ရေဘက်ဆိုင်ရာလုပ်ငန်း နယ်ပယ်၌ ကျော်ကြားလှပြီး  “ရေဘက်ဆိုင်ရာနိုဘယ်လ်ဆု”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။၂၀၁၅ ခုနှစ် “ရေဘက်ဆိုင်ရာနိုဘယ်လ်ဆု”ကို အိန္ဒိယလူမျိုး ရာဂျင်ဒရာဆင်းအား ပေးအပ်ခဲ့သည်။ ဆုချီးမြှင့်ရေးကော်မတီ၏ မှတ်ချက်တွင် ရာဂျင်ဒရာဆင်းသည် ဒေသတွင်း ရေအခက်အခဲကို  လူမှုရေး စွမ်းဆောင်ရည် တည်ဆောက်ပြီး ဒေသခံတို့၏ပူးပေါင်းပါဝင်မှု၊ အမျိုးသမီးတို့ကို အားကိုးတာဝန်ပေးအသုံးချမှု၊  ရှေးရိုးနည်းပညာကို ခေတ်မီသိပ္ပံနည်းများနှင့် ပေါင်းစပ်ပေးနိုင်မှုတို့ကြောင့် ဆုပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သူသည် ကျေးရွာများကို ရေလွှမ်းမိုးမှုမှ    ကာကွယ်ပေးခြင်း၊  မြေဆီလွှာထိန်းသိမ်းပေးခြင်း၊ မြစ်ချောင်းများကို ကောင်းမွန်စွာစီးဆင်းစေခြင်း၊   ဇီဝမျိုးစုံမျိုးကွဲများကို  ထိန်းသိမ်းခြင်း  စသည့် အကျိုးကျေးဇူးများကိုလည်း ဖန်တီးပေးခဲ့သည်။ ရာဂျင်ဒရာဆင်း၏ ဆောင်ရွက်ချက်များသည် လိုက်နာအကောင်အထည်ဖော်ရန် ကုန်ကျစရိတ်မများခြင်း၊ လွယ်ကူရိုးရှင်းခြင်း စသည်တို့ကြောင့် တစ်ကမ္ဘာလုံး နမူနာယူသင့်သည်ဟု   ဆုချီးမြှင့်ရေးကော်မတီက   ဆိုသည်။    ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်ထိခိုက်မှုကို ခံနေရသော ရေရရှိမှု အခြေအနေကိုဖြေရှင်းရာ၌  ခေတ်မီသိပ္ပံနှင့် နည်းပညာများ သက်သက်ကိုသာ   အားကိုးနေ၍မရဘဲ   ကောင်းမွန်သောစီမံခန့်ခွဲမှု၊ မှန်ကန်သောမူဝါဒ၊ ခေါင်းဆောင်ကောင်းရှိမှုနှင့် အခြေအနေနှင့် လိုက်လျောညီထွေအောင်   လုပ်ဆောင်တတ်မှုတို့အပေါ်တွင်လည်း   မူတည်နေရာ ရာဂျင်ဒရာဆင်း၏    ဆောင်ရွက်ချက်များသည် အထက်ပါအချက်တို့နှင့် ကိုက်ညီနေသည်။

ဆုရှင်ရာဂျင်ဒရာဆင်းသည် ရေပညာရှင်တစ်ဦး မဟုတ်သည့်အပြင် ယင်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်ရန်လည်း မူလက မရည်ရွယ်ခဲ့ပေ။ သူသည် အသက် ၂၈ နှစ်အရွယ်၌ အစိုးရဝန်ထမ်း အာယုဗေဒဆေးပညာရှင် အဖြစ်မှ နုတ်ထွက်ပြီး  ရာဂျက်စတန်ပြည်နယ် အာလ်ဝါခရိုင် ဂိုပါးလ်ပူရာရွာသို့ ရောက်ရှိခဲ့သည်။ ယင်းရွာတွင် ဆေးခန်းဖွင့်ရန် လက်ထောက်လေးဦးနှင့်အတူ လာခဲ့ခြင်းဖြစ်သည်။

ရာဂျင်ဒရာဆင်းနှင့်သူ၏ လက်ထောက်များ  ရွာသို့ရောက်လာသောအခါ  အစီအစဉ်က တစ်မျိုးဖြစ်သွားသည်။ ဒေသခံတို့သည်  ဆေးခန်းအစား  ရေကိုလိုချင်ကြသည်။ ရာဂျက်စတန်ပြည်နယ်သည် ခြောက်သွေ့သော ရာသီဥတုရှိပြီး တစ်နှစ်လျှင် မိုးရေချိန် ပျမ်းမျှ ၁၆ လက်မသာရွာသည်။ မိုးအားလုံးလိုလိုမှာ ဇွန်လမှ စက်တင်ဘာလအတွင်း၌သာဖြစ်၍  ကျန်လများတွင် မြေကြီးသည်ခြောက်သယောင်းနေသည်။ မြေအောက်ရေလည်းကောင်းစွာမရ၍ ရွာတွင်ကြုံတွေ့နေရသောရေအခက်အခဲက အတော်ကြီးမားသည်။ သောက်ရေအတွက် အမျိုးသမီးများ၊   ကလေးငယ်များ  ဝေးလံသောအရပ်သို့   သွားရောက်သယ်ယူနေကြရသည်။ ရေမရှိ၍ အသီးအနှံများကောင်းစွာမဖြစ်ထွန်း။

ရှေးကရေရခဲ့

 ဒေသခံသက်ကြီးဝါကြီးတို့၏  အဆိုအရ အာလ်ဝါခရိုင်တွင် ရှေးအခါမှစ၍ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်အထိ ရေကိုလုံလောက်စွာ သုံးနိုင်ခဲ့ဖူးသည်ဟုဆိုသည်။ ဒေသတွင်း၌ သစ်ပင်သစ်တောများနှင့် စိမ်းစိမ်းစိုစိုရှိခဲ့သည်။ မြစ်ချောင်းများတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်နှင့်ချီ၍ရှိခဲ့သော  “ဂျိုဟတ်”များကြောင့် ရေအတွက်မပူပင်ခဲ့ရဟု သက်ကြီးရွယ်အိုတို့ကပြောသည်။

“ဂျိုဟတ်”ဆိုသည်မှာ မြစ်ငယ်ချောင်းငယ်များကိုပိတ်၍    မြေသား၊  အုတ်၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားသော တမံနိမ့်များဖြစ်သည်။ ဂျိုဟတ်များကို တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ  မိုးရေကိုအလဟဿစီးဆင်းမသွားစေဘဲ တတ်နိုင်သမျှထိန်းသိမ်းသိုလှောင်၍ အသုံးချရန်ဖြစ်သည်။

ဂျိုဟတ်များသည်  ရှားရှားပါးပါး ရွာကျလာသောမိုးရေများကို  တားဆီးသိုလှောင်ထားနိုင်၍    မသုံးရမစွဲရဘဲ မြစ်ချောင်းများ ထိုမှတစ်ဆင့် နောက်ဆုံး ပင်လယ်ထဲ   ပြန်ရောက်သွားခြင်းကို ကာကွယ်ခဲ့သည်။ မိုးမရွာသောလများတွင် ဂျိုဟတ်မှရေကို ရယူသုံးစွဲနိုင်ကြသည်။ ထို့ပြင်  ဂျိုဟတ်က  တားဆီးသိုလှောင်ထားသော   ရေတို့သည် မြေအောက်သို့ဖြည်းဖြည်းချင်း စိမ့်ဝင်ကာ မြေအောက်ရေကြောကို ဖြည့်တင်း

ပေးသည်။ ခြောက်သွေ့သောဒေသဖြစ်သော်ငြား မြေအောက်ရေရသောကြောင့် ဂျိုဟတ်တို့ပတ်ဝန်းကျင်တွင်   သစ်ပင်ဝါးပင်များကိုတွေ့နိုင်သည်။ မြေအောက်ရေကြောင့် စိုက်ခင်းများရှင်သန်သည်။

ဇီဝမျိုးစုံမျိုးကွဲများ အထိုက်အလျောက်ပေါများသည်။ နှစ်ပေါင်းထောင်နှင့်ချီ၍ တည်ခဲ့သော ယင်းအခြေအနေသည်   လွန်ခဲ့သောနှစ်ပေါင်း  ၆၀ ကျော်မှစ၍  သစ်ပင်သစ်တောများကို ထင်းအတွက် အဆင်အခြင်မဲ့ခုတ်ယူကြခြင်းကြောင့် ပြောင်းလဲသွားသည်။ သစ်ပင်ခုတ်၍ ယင်းသစ်ပင်များကို မှီခိုရှင်သန်နေသော တိရစ္ဆာန်များဘုံပျောက်သည်။ မိုးရေသည်  သစ်ပင်နည်းပါးသောမြေပြင်ပေါ် အရှိန်ဖြင့်စီးဆင်းလာပြီး မြေဆီလွှာကိုတိုက်စားသည်။

ဂျိုဟတ်များတွင်  မြေမှုန်များ၊  သဲနုန်းများဖြင့်ပြည့်လာကာ တဖြည်းဖြည်းကောသွားသည်။ ဂျိုဟတ်ကောသွား၍ မြေပေါ်မှရေစိမ့်ဝင်ခြင်း မရှိတော့သဖြင့် မြေအောက်ရေပြင်နိမ့်ကျသွားသည်။ ရေတွင်းများ ခန်းသွားသည်။

သက်ကြီးစကား

ဒေသခံသက်ကြီးရွာသားအချို့က ယခုကောနေပြီဖြစ်သော ဂျိုဟတ်များကို ပြန်လည်တူးဖော်ပေးလျှင်  ဒေသတွင်း ရေအခက်အခဲပြေလည်မည်ဖြစ်ကြောင်း ရာဂျင်ဒရာဆင်းကို  ဝိုင်းပြောကြသည်။

ရာဂျင်ဒရာဆင်းသည်   ရွာပတ်လည် လှည့်လည်ကြည့်ရှုရင်း  ဂျိုဟတ်များကိုလေ့လာသည်။  သူသည်  ဂျိုဟတ်တို့ ပြန်လည်အသက်ဝင်လာလျှင်   ရရှိမည့်အကျိုးကျေးဇူးကိုမြင်သွားသည်။ ကောနေသည့်ဂျိုဟတ်များကို ပြန်လည်တူးဖော်ကြရန်  ဒေသခံလူငယ်တို့ကိုစည်းရုံးသည်။ အချို့က စိတ်မပါကြသော်လည်း ရာဂျင်ဒရာဆင်း၏   ကြိုးစားမှုကြောင့် စိတ်မပါ့တပါဖြင့် တူးဖော်ကြသည်။

ရသမျှလူအင်အားဖြင့် ဖြည်းဖြည်းချင်းတူးကြရာ  ခုနစ်လခန့်ကြာသောအခါ ၁၅ ပေနက်သော   ဂျိုဟတ်တစ်ခုကို ပြန်တူးဖော်နိုင်ခဲ့ကြသည်။

တူးပြီး မကြာမီမှာပင် မုတ်သုံမိုးရွာသည်။ ဂျိုဟတ်တစ်ခုလုံး ရေပြည့်သွားသည်။ ဂျိုဟတ်ရေပြည့်ပြီး မကြာမီမှာပင်အနီးရှိ ရေခန်းနေသော  အဝီစိတွင်းတစ်တွင်း၌ ရေများပြန်ရောက်နေသည်ကို တွေ့လိုက်ကြသည်။   ပတ်ဝန်းကျင်၌ သစ်ပင်များပြန်လည် ပေါက်ရောက်လာသည်။ စိုက်ပင်ပျိုးပင်များ ပို၍ဖြစ်ထွန်းလာသည်။ ဂေဟစနစ်ပြန်လည်ရှင်သန်လာသည်။ ရွာသားလူငယ်တို့သည် ဂျိုဟတ်ဖြင့်  ရေကိုထိန်းသိမ်းနိုင်ခြင်းကြောင့် ရသောအကျိုးကို လက်တွေ့သိသွားကြသည်။  ကောနေသော  အခြားဂျိုဟတ်များကို  ဆက်လက်တူးဖော်ကြသည်။ ဂျိုဟတ်အသစ်များကို တည်ဆောက်သည်။  ရွာပတ်လည်တွင် သစ်တောများကို စိုက်ပျိုးခြင်းဖြင့် ရေကိုထိန်းသိမ်းကာ ဂျိုဟတ်တို့၏ စွမ်းဆောင်ချက်ကို  ပို၍မြှင့်တင်ပေးကြသည်။ ရေပိုရရန်သစ်တောများကိုထိန်းသိမ်းဖို့   လိုအပ်ကြောင်းသိသော ရွာသားတို့သည်  သစ်ပင်များကို မခုတ်မိအောင် တတ်နိုင်သမျှ စောင့်ထိန်းကြသည်။

ရေပြန်ရောက်လာ

၁၉၉၆  ခုနှစ်တွင်    ဂိုပါးလ်ပူရာဒေသခံတို့ ပြန်လည်တူးဖော်  အသစ်တည်ဆောက်သော ဂျိုဟတ်များသည် ရေဂါလန် သန်း ၁၆၀ ကျော်ကို သိုလှောင်ထားနိုင်သည်။ ဂျိုဟတ်ရေများက ပြန်လည်ဖြည့်တင်းပေးမှုကြောင့်  မြေအောက်ရေမျက်နှာပြင်သည်  ၄၅ ပေအနက်မှ  ၂၂ ပေ အနက်သို့ မြင့်တက်လာသည်။

မြေအောက်ရေမြင့်လာသဖြင့် မြေဆီလွှာ ပြန်လည်စိုစွတ်လာသည်။ သီးနှံစိုက်ခင်းများ   ပြန်၍စိုက်ပျိုးအောင်မြင်လာသည်။ တစ်သီးစားစိုက်ရာမှ နှစ်သီးစားစိုက်လာနိုင်သည်။  ရွာသားတို့ ဝင်ငွေပိုကောင်းလာသည်။ သိုး၊  ဆိတ်၊ နွားမွေးမြူရေးလုပ်ငန်းများ  ပို၍ဖြစ်ထွန်းလာသည်။

သစ်တောရှိ သစ်ပင်များကို စနစ်တကျ သင့်သလောက်သာခုတ်ခြင်းဖြင့် ရွာအတွက်လောင်စာလည်းရ တိရစ္ဆာန်အစာများလည်း ရကြသည်။ စီးပွားရေးအခွင့်အလမ်းများ  ကောင်းလာသဖြင့် မြို့တက်၍ အလုပ်လုပ်နေကြသူအချို့ ရွာပြန်လာသည်။ ရေနှင့်ထင်းအတွက် အမျိုးသမီးတို့  ဝေးလံသောအရပ်သို့ အချိန်ကုန်ခံထွက်မရှာရတော့သဖြင့် အိမ်အလုပ်ပိုလုပ်လာနိုင်သည်။ ဆပ်ပြာချက်ခြင်း၊  ရက်ကန်းရက်ခြင်း စသည့် အိမ်တွင်းလက်မှုစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးလာသည်။   အမျိုးသမီးငယ်တို့ ကျောင်းတက်လာနိုင်သည်။

ရာဂျက်စတန်ပြည်နယ်တွင် ၁၉၉၉ ခုနှစ်နှင့် ၂၀ဝ၂ ခုနှစ်များက မိုးခေါင်သောအခါ ဂျိုဟတ်များက ရေဖြည့်ထားသဖြင့် အဝီစိတွင်းအားလုံး ရေမခန်းဘဲ အသက်ဆက်နိုင်ခဲ့သည်။ ဂျိုဟတ်များကောနေခဲ့ချိန် ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အကြား ရာဂျက်စတန်၌ အကြီးအကျယ်မိုးခေါင်ခဲ့စဉ်ကမူ အဝီစိတွင်းအများစု ရေခန်းသွားခဲ့ဖူးသည်။

ရာဂျင်ဒရာဆင်း၏ဦးဆောင်စည်းရုံး သိမ်းသွင်းမှုသည် လက်တွေ့ကျ၍ အခြားကျေးရွာ၊ မြို့နယ်များကပါ လိုက်လုပ်လာကြခြင်းကြောင့်  နှစ် ၂၀ ကြာပြီးနောက် ရာဂျက်စတန်ပြည်နယ်တစ်ဝန်း၌ ဂျိုဟတ်ပေါင်း ၉၀ဝ၀ နီးပါးမျှတည်ဆောက်ပြီး ရွာ ၁၀ဝ၀ ခန့်၌  ရေရရှိရန်ဖန်တီးပေးနိုင်ခဲ့သည်။

သူ၏   စွမ်းဆောင်ချက်များကြောင့် ရာဂျင်ဒရာဆင်းကို အိန္ဒိယနိုင်ငံတစ်ဝန်း၌ လူသိများလာကာ “ရေလူကြီး”ဟု ဂုဏ်ပြုခေါ်ဝေါ်ကြသည်။ “စတော့ဟုမ်း ရေဘက်ဆိုင်ရာဆု”  သို့မဟုတ် “ရေဘက်ဆိုင်ရာ နိုဘယ်လ်ဆု” အတွက် ရွေးချယ်ခံရသောအခါ ရာဂျင်ဒရာဆင်းကို အိန္ဒိယတွင်သာမက ကမ္ဘာကပင် သိသွားသည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်း၌  ဆွီဒင်ဘုရင်က ရာဂျင်ဒရာဆင်းအား ရေဘက်ဆိုင်ရာ နိုဘယ်လ်ဆုကို အခမ်းအနားဖြင့် ချီးမြှင့်ခဲ့သည်။    ။

MWD Web Portal
 
ကျော်ဦး

ထရမ့်အစိုးရ၏ ဘတ်ဂျက်ဖြတ်တောက်မှုများနှင့် တက္ကဆက် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရေဘေးအန္တရာယ်
-

သမ္မတ ဒေါ်နယ်ထရမ့်၏ ဖက်ဒရယ်အစိုးရကို ကိုင်တွယ်ပုံသည် ဘတ်ဂျက်ဖြတ်တောက်မှုများ ကိုသာ အလေးပေးခဲ့ခြင်းကြောင့် အစိုးရကဏ္ဍက ပါဝင်သည့် ဘေးအန္တရာယ်တစ်ခု ကြုံလာသော အခါ ၎င်းအနေဖြင့် အဆိုပါလျှော့ချမှုများနှင့်ပတ်သက်သည့် မေးခွန်းများကို ရှောင်လွှဲ၍မရနိုင်တော့ပေ။

၎င်း၏ ဒုတိယသက်တမ်း စတင်ပြီးစ အချိန်တွင် လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့သည့်အခါ လေကြောင်းထိန်းသိမ်းရေးဝန်ထမ်း လိုအပ်ချက်ကို ပြစ်တင်ဝေဖန်ခံခဲ့ရသည်။

အစိုးရသည် အရေးပါသည့် ရာထူးများကို ပြန်လည်ဖြည့်တင်းရန် ရုန်းကန်နေရပြီး အလုပ်ဖြုတ်ချမှု တချို့ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းရသည့်အခါတွင် ယင်းကဲ့သို့ ဘတ်ဂျက်ဖြတ်တောက်မှုများ သည် လိုအပ်သည်ထက်ပိုနေပြီဟူသော စိုးရိမ်မှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်သည်။

မျှော်လင့်မထားသည့် ရေဘေးကြီး တစ်ခုကြုံလာရသည့်အခါတွင် ထရမ့်၏ ဘတ်ဂျက်ဖြတ်တောက် မှုများသည် အမျိုးသားမိုးလေဝသဌာနနှင့် FEMA အပေါ် သက်ရောက်ခဲ့မှုအတိုင်းအတာသည် ထောက်ပြ ဝေဖန်စရာ အချက်တစ်ခု ဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။

ဇူလိုင်လ ၄ ရက်နေ့ အားလပ်ရက်အတွင်း တက္ကဆက်တွင် ရုတ်တရက် ရေကြီးမှုကြောင့် လူပေါင်း ၉၅ ဦးအထိ သေဆုံးခဲ့ပြီး အခြားများစွာသောသူများ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသေးသောကြောင့် အမျိုးသားမိုးလေဝသဌာန (National Weather Service) တွင် ဝန်ထမ်းအင်အား လျှော့ချ ခံရမှုများ သို့မဟုတ် တက္ကဆက်ရှိ မိုးလေဝသ ခန့်မှန်းရေးရုံးများတွင် လစ်လပ်နေသော ရာထူးများ က အဆိုပါ ရေဘေး၏အကျိုးဆက်ကို ပိုမိုဆိုးရွားစေခဲ့သည်ဟု အတိအကျပြောဆိုရန် အချိန်မတန် သေးပေ။

ရှာဖွေရမည့် အချက်အလက်များ အများအပြားရှိနေပြီး ပြည့်စုံသော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်မည်မှာ အသေအချာပင်ဖြစ်သည်။

အေဂျင်စီအတွင်း ဝန်ထမ်းခန့်ထားမှုနှင့် ဘတ်ဂျက်ဖြတ်တောက်မှုများသည် မိုးလေဝသ ခန့်မှန်းရေး လုပ်ငန်းများကို မည်သို့ထိခိုက်နေစေသည်ဆိုသည့် မကြာသေးမီက အစီရင်ခံစာများကို စောစီးစွာ သတိပေးချက်တစ်ခုဟု မြင်လာရနိုင်ပါသည်။

CNN သတင်းထောက် Andrew Freedman က မေလအတွင်းတွင် “လက်ရှိနှင့် ယခင်က မိုးလေဝသပညာရှင်တွေနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွေအရ အမျိုးသား မိုးလေဝသ ဝန်ဆောင်မှုသည် ယခင်ကထက် ပိုဆိုးနေပြီဖြစ်ကြောင်း သိရပါသည်၊ အကြောင်းက လူအင်အား လျှော့ချမှု၊ အစောပိုင်း အငြိမ်းစား ယူမှုနှင့် ရှိပြီးသား လစ်နေသည့် ရာထူးတွေကြောင့်ပါ” ဟု ပြောဆိုခဲ့ပြီး အစီရင်ခံစာ၌ အမျိုးသားမိုးလေဝသ ခန့်မှန်းရေးဌာနချုပ်များ၏ သုံးပုံတစ်ပုံတွင် အကြီးတန်း မိုးလေဝသပညာရှင် မရှိကြောင်းလည်း ဖော်ပြထားပါသည်။

CNN က ဧပြီလအတွင်း ထုတ်ပြန်ခဲ့သော သတင်းတွင် ထရမ့်အုပ်ချုပ်ရေးက ရာသီဥတုဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းများနှင့် သုတေသနလုပ်ငန်းများကိုပိတ်ရန် အစီအစဉ်ရှိသည်ဟု ဖော်ပြခဲ့ ပါသည်။ အဆိုပါလုပ်ငန်းများသည် ကမ္ဘာကြီး ပူနွေးလာသည်နှင့်အမျှ မိုးလေဝသ ခန့်မှန်းနိုင်စွမ်း ကို မြှင့်တင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းဘတ်ဂျက် အဆိုပြုချက်ကို မကြာသေးမီက ကွန်ဂရက် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

Project 2025 ဟုခေါ်သည့် အစိုးရအလှည့်အပြောင်းအတွက် အခြေခံကျသည့် အစီအစဉ်တွင် မိုးလေဝသ ခန့်မှန်းရေးအတွက် ဖက်ဒရယ်အစိုးရ၏ ငွေကြေးသုံးစွဲမှုကို လျှော့ချပြီး ပုဂ္ဂလိက ကုမ္ပဏီများကို ပိုမှီခိုရန် တောင်းဆိုထားပါသည်။

တက္ကဆက်တွင် ဖြစ်ပေါ်ခဲ့သည့် ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးကို ထရမ့်၏ လက်လွတ် စပယ် စီမံခန့်ခွဲမှုပုံစံက မည်သို့သက်ရောက်မည်ဆိုသည်ကို ယခုအချိန်၌ အတိအကျ ပြောဆို၍မရ သေးဘဲ ထရမ့်က ရေဘေးသင့်ဒေသကို အဓိက ဘေးအန္တရာယ်ဇုန်အဖြစ် အမြန်ဆုံး ကြေညာခဲ့ပါ သည်။

သို့သော် ၎င်းက ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (FEMA) ကို ပိတ်သိမ်းလိုနေပြီး ၊ ဖက်ဒရယ် အစိုးရ၏ အခန်းကဏ္ဍကို များစွာလျှော့ချလိုကြောင်း ပြောဆိုခဲ့ဖူးပါသည်။

တက္ကဆက်တွင် ဆိုးရွားသည့် ရေဘေးအန္တရာယ်ကြီး ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ထရမ့်အနေဖြင့် အဆိုပါသဘောထားကို ပြန်လည်သုံးသပ်ရန် ရှိ၊မရှိ မေးမြန်းမှုကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က “ထရမ့်သမ္မတကြီးအနေဖြင့် အရေးပေါ်အခြေအနေတွေမှာ ပြည်နယ်တွေကို ပံ့ပိုးပေးဖို့ အပြည့်အဝ ကတိကဝတ်ပြုထားပါသည်” ဟုသာ ပြန်လည်ဖြေကြားခဲ့ပါသည်။

CNN ၏ Gabe Cohen မှ မကြာသေးမီက တင်ပြချက်အရ ဘေးအန္တရာယ်ဆိုင်ရာ ဆုံးဖြတ်ချက် များအား FEMA နှင့် ပြည်နယ်များ၏ အကူအညီတောင်းခံမှုလုပ်ငန်းစဉ်များကို ကျော်ဖြတ်၍ အိမ်ဖြူတော်တွင် တိုက်ရိုက်ချမှတ်နေကြောင်း ဖော်ပြခဲ့သည်။ 

ဖက်ဒရယ်အစိုးရ၏ လုပ်ဆောင်မှုများကို လျှော့ချလိုသည့် အလားအလာများသည် ထရမ့်အစိုးရ၏ အဓိကအချက်ဖြစ်နေဆဲဖြစ်သည်။ ၎င်း လက်မှတ်ရေးထိုးခဲ့သော မူဝါဒအသစ်ကြောင့် Medicaid နှင့် အစားအသောက်အကူအညီများအတွက် ပြည်နယ်များသည် ကိုယ်ပိုင်ဘဏ္ဍာငွေများ ပိုမို အကုန် အကျခံရန် သို့မဟုတ် ၎င်းတို့၏ နိုင်ငံသားများ အကူအညီများ ဆုံးရှုံးသွားမည့် အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဒေသခံများနှင့် တာဝန်ရှိသူများသည် ရုပ်မြင်သံကြားအင်တာဗျူးများတွင် အလွန်အမင်း တုန်လှုပ် နေကြပြီး ရေဘေးအတွက် လုံးဝမျှော်လင့်မထားခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

Biden အုပ်ချုပ်ရေးလက်ထက်က National Oceanic and Atmospheric Administration ၏ အုပ်ချုပ်ရေးမှူး Rick Spinrad က CNN ၏ Boris Sanchez အား “မိုးလေဝသဌာနက ၎င်းတို့၏ တာဝန်ကို ပြည့်ပြည့်ဝဝထမ်းဆောင်ခဲ့သည်” ဟု ပြောကြားခဲ့သော်လည်း မိုးလေဝသ ခန့်မှန်းသူများနှင့် အရေးပေါ်ဝန်ဆောင်မှုများအကြား ဆက်သွယ်ရေးပြတ်တောက်မှုရှိနိုင်ကြောင်း ဝန်ခံခဲ့သည်။

San Antonio မိုးလေဝသရုံးတွင် အရေးပါသော ညှိနှိုင်းရေးမှူးတစ်ဦး မရှိခဲ့ခြင်းသည် အဆိုပါ ပြဿနာ၏ အဓိကအချက်ဖြစ်နိုင်ကြောင်း Spinrad က ဆိုသည်။ ထိုရာထူးသည် လွန်ခဲ့သော ဧပြီလ ကတည်းက လစ်လပ်နေခဲ့ပြီး ထရမ့်အစိုးရ၏ လျှော့ချရေးအစီအစဉ်ကြောင့် ဝန်ထမ်းဟောင်း တစ်ဦး ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

“ဤသည်မှာ တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့ရနိုင်သော ရေဘေးကြီးဖြစ်သည်” ဟု Texas မှ သတင်းတင်ဆက်ခဲ့သူ CNN ၏ Pamela Brown က ဖြည့်စွက်ပြောကြားခဲ့သည်။ ဒေသခံများသည် မြစ်ရေကြီးနိုင်သည်ကို သိထားကြသော်လည်း သူမနှင့်တွေ့ဆုံစကားပြောခဲ့သူများက အဆိုပါ ဖြစ်ရပ်ကို “ဘုရားသခင်၏ အလိုတော်” အဖြစ်သာ ရည်ညွှန်းနေကြသည်။

ကိုးကား- CNN

CNN တွင် Zachary B.Wolf ရေးသားထားသည့် “Trump’s government cuts and the catastrophe in Texas: Here’s what we know” ကို ဦးဝင်းဇော်ထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးက ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

https://edition.cnn.com/2025/07/07/politics/noaa-nws-fema-layoffs-cuts-texas-floods?iid=cnn_buildContentRecirc_end_recirc

Zachary B.Wolf

ငွေရောင် ဆူနာမီ လှိုင်းတံပိုးများ သို့မဟုတ် သက်ကြီးစောင့်ရှောက်မှု ခရီးသွားလုပ်ငန်း
-

ယနေ့ကမ္ဘာပေါ်၌ သက်ကြီးရွယ်အိုလူဦးရေ ပမာဏသည် တိုးမြင့်လာသည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းထုတ်ပြန်ချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ လူခြောက်ဦးလျှင် တစ်ဦးသည် အသက် ၆၀ အထက်နှုန်း ဖြစ်လာမည်ဖြစ်သည်။ အရေအတွက်အားဖြင့် ၁ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားကောင်းမွန်သော နိုင်ငံများဖြစ်သည့် ဂျပန်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုစသည့်နိုင်ငံများတွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရှိရသည်။ ယင်းသို့သော အခြေအနေများကြောင့် ၎င်းသက်ကြီးရွယ်အိုများကို

ယနေ့ကမ္ဘာပေါ်၌ သက်ကြီးရွယ်အိုလူဦးရေ ပမာဏသည် တိုးမြင့်လာသည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းထုတ်ပြန်ချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ လူခြောက်ဦးလျှင် တစ်ဦးသည် အသက် ၆၀ အထက်နှုန်း ဖြစ်လာမည်ဖြစ်သည်။ အရေအတွက်အားဖြင့် ၁ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားကောင်းမွန်သော နိုင်ငံများဖြစ်သည့် ဂျပန်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုစသည့်နိုင်ငံများတွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရှိရသည်။ ယင်းသို့သော အခြေအနေများကြောင့် ၎င်းသက်ကြီးရွယ်အိုများကို ငွေရောင်ဆူနာမီလှိုင်းများ (Silver Tsunami) ဟု ရည်ညွှန်းခေါ်ဆိုလာခြင်း ဖြစ်ပါသည်။

ယင်းအသက်အရွယ်အပိုင်းအခြား ပမာဏကြီးထွားပြောင်းလဲလာမှုသည် ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်လာခဲ့သည်။ သက်ကြီးရွယ်အို လူဦးရေပမာဏတိုးတက်လာသည်နှင့်အတူ ၎င်းတို့ကို ပြုစုစောင့်ရှောက်မှုပေးသည့် ဝန်ဆောင်မှုလုပ်ငန်းသည်လည်း အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်လာသည်။ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ ဘဝနေဝင်ချိန်ကို သက်သောင့်သက်သာစိတ်ချမ်းမြေ့စွာဖြင့် အပူအပင်ကင်းကင်းကုန်ဆုံးနိုင်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မား၍ ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်သည့်နေရာများသို့ ပြောင်းရွှေ့ခြင်း၊ ရာသီဥတုကောင်းမွန်သည့် ကာလတစ်ခုအတွင်း ပြောင်းရွှေ့နေထိုင်ခြင်း (ဥပမာ- နွေရာသီအပူရှောင်ခြင်း၊ ဆောင်းရာသီတွင် နွေးထွေး၍ နေရောက်ခြည်ရရှိသော နေရာများတွင် သွားရောက်နေထိုင်ခြင်း) တို့ကို ပြုလုပ်လာကြသည်။

တည်ငြိမ်အေးချမ်းမှုမရှိသောဒေသများ၊ သဘာဝဘေးအပါအဝင် ဘေးအန္တရာယ်ကျရောက်တတ်သည့် ဒေသများမှ သက်ကြီးရွယ်အိုများသည်လည်း ၎င်းတို့၏ ကျန်းမာရေးနှင့် လူမှုဘဝလုံခြုံမှုတို့ကိုပေးစွမ်းနိုင်သည့် နေရာများ၊ ဂေဟာများကို ပြောင်းရွှေ့နေထိုင်မှုများ ပြုလုပ်လာကြသည်။ သို့ဖြစ်ရာ Elderly Care Tourism ဟုခေါ်သော သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းသည် တဖြည်းဖြည်းတွင် ကျယ်လာခဲ့ပြီး ပီပြင်သော ခရီးသွားလုပ်ငန်းပုံစံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ခရီးသွားလုပ်ငန်းဈေးကွက်ရှာဖွေသူများကလည်း သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို စိတ်ဝင်တစား ဦးတည်ဖော်ဆောင်လာကြသည်ကို တွေ့ရှိရသည်။

သက်ကြီးရွယ်အို စောင့်ရှောက်မှုခရီးသွားလုပ်ငန်း (Elderly Care Tourism - ECT) သည် ဆေးပညာရပ်နှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူသည့် ခရီးသွားလုပ်ငန်း (Medical Tourism) နောက်တွင် နောက်ဆက်တွဲ အဖြစ်ပေါ်ထွက်လာသည့် ခရီးသွားလုပ်ငန်းဟု ဆိုရမည်ဖြစ်သည်။ ၎င်းခရီးသွားလုပ်ငန်း ပုံစံနှစ်ရပ်သည်လည်း အခြားသော ခရီးသွားလုပ်ငန်းများနှင့် နှိုင်းစာပါက တစ်နည်းတစ်ဖုံအားဖြင့် ဆက်နွှယ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

စာရင်းဇယားများအရ ၂၀၂၆ ခုနှစ်တွင် သက်ကြီးစောင့်ရှောက်မှုလုပ်ငန်းသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားကြပြီး သက်ကြီးလူဦးရေပမာဏ တိုးတက်များပြားလာခြင်း (Silver Tsunami ဖြစ်လာခြင်း) နှင့်အတူ ဆက်လက်၍လည်း ယင်းလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ခန့်မှန်းထားကြပါသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ရှေ့တန်းသို့ ရောက်ရှိနေသော နိုင်ငံများသာမက ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံများကပါ အလားအလာရှိသော သက်ကြီးစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းကို အာရုံစိုက်ဖော်ဆောင်လာကြသည်ကို တွေ့ရှိရသည်။

ထိုနိုင်ငံများအနက် သီရိလင်္ကာနိုင်ငံသည်လည်း သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို အာရုံစိုက်လာသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သီရိ လင်္ကာနိုင်ငံသည် စာရင်းဇယားများအရ နှစ်စဉ်သူနာပြုဦးရေ ၆၀၀၀ ကျော် လေ့ကျင့်သင်ကြားမွေးထုတ်ပေးလျက်ရှိသည်။ သီရိလင်္ကာသူနာပြုများသည် ဗြိတိန်၊ အီတလီ စသည့်ဥရောပနိုင်ငံများနှင့် ဩစတြေးလျ၊ အာရှအရှေ့အလယ်ပိုင်းနိုင်ငံများတွင် ငှားရမ်းခေါ်ယူမှုအများဆုံး စာရင်းဝင်သူနာပြုများ ဖြစ်ကြသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဧည့်ဝန်ဆောင်မှုအတွက် လူသားအရင်းအမြစ်ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းအချက်သည် သက်ကြီးစောင့်ရှောက်မှုခရီးသွား လုပ်ငန်းဖော်ဆောင်ရန်အတွက် အရေးပါသော အချက်တစ်ချက်ဖြစ်ပါသည်။ သက်ကြီးစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းဖော်ဆောင်ရန်အတွက် သီရိလင်္ကာနိုင်ငံ၌ လူသားအရင်းအမြစ်ကြွယ်ဝမှုအပြင် အခြားသော အားသာချက်များရှိကြောင်းကိုလည်း ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ပြထားသည်များလည်း ရှိပါသည်။

ခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များ၏ သုံးသပ်ချက်အရ သီရိလင်္ကာနိုင်ငံသည် မပူလွန်း၊ မအေးလွန်းသော သမမျှတသည့် ရာသီဥတုရှိသဖြင့် သက်ကြီးရွယ်အိုများအတွက် နေထိုင်ရန် သင့်တော်မှုရှိခြင်း၊ ကိုလိုနီခေတ်လက်ရာ အငွေ့အသက်ရှိသည့် အဆောက်အအုံ၊ ဘန်ဂလိုများ တည်ရှိနေခြင်း၊ လုပ်သားနှင့်မြေယာပေါများခြင်း၊ ရိုးရာကုထုံးများနှင့် ခေတ်မီကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် အဆင့်အတန်းရှိခြင်း၊ တည်ငြိမ်အေးချမ်းပြီး ဧည့်ဝတ်ပျူငှာသောနိုင်ငံအဖြစ် ပုံဖော်မြှင့်တင်လာနိုင်ခြင်း၊ ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်သော နိုင်ငံဖြစ်သဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်နိုင်ခြင်း (ဤတွင်သက်ကြီးရွယ်အိုများအတွက် ဘာသာရေးခရီးသွားလုပ်ငန်း Religious Tourism, Meditation Tourism အဖြစ်လည်း ပေါင်းစပ်မြှင့်တင်ဆောင်ရွက်နိုင်ပါသည်။)၊ စိမ်းလန်းသော လက်ဖက်စိုက်ခင်းများနှင့် သာယာလှပသော တောင်ကုန်းများရှိခြင်းတို့ကြောင့် အပန်းဖြေခရီးသွားလုပ်ငန်း (Leisure Tourism) ကိုသာမက သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အားသာချက်များ ရှိနေပါသည်။

ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက ဖော်ပြပါအားသာချက်များ သက်သက်ဖြင့်သာ သက်ကြီး စောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ရန် တွန်းအားပေးနေသည်မဟုတ်။ အခြားသော အလားအလာနှင့် အခွင့်အလမ်းများလည်းရှိနေသည်ကို လေ့လာဖော်ထုတ်တင်ပြကြသည်။ ၎င်းလေ့လာချက်များတွင် သီရိလင်္ကာနိုင်ငံသို့ လာရောက်လည်ပတ်မှုများပြားသော ခရီးသွား ဧည့်သည်များတွင်ပါဝင်သည့် ဗြိတိန်နိုင်ငံ၌ ကြည့်ရှု စောင့်ရှောက်ရန် လိုအပ်လျက်ရှိသည့် သက်ကြီးဘိုးဘွားအရေအတွက်သည် ငါးသိန်းခန့်ရှိ၍ ပြည်ပနိုင်ငံများသို့ သွားရောက်နေထိုင်လည်ပတ်လိုသော ဆန္ဒရှိခြင်း၊ အခြားဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဂျာမနီနိုင်ငံတွင် ၂၀၃၅ ခုနှစ်၌ အသက် ၆၇ နှစ်အထက် လူဦးရေသည် ငါးသန်းခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားခြင်း၊ ဂျပန်နိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်၌ လူသုံးဦးတွင် တစ်ဦးသည် ၆၅ နှစ် အထက်ရှိလာမည်ဖြစ်ခြင်း၊ အရှေ့အလယ်ပိုင်းဒေသများမှ ကြွယ်ဝသော သက်ကြီးရွယ်အိုများ၊ ပင်စင်စားများသည် ရာသီဥတုကောင်းမွန်၍ စိမ်းလန်းစိုပြည်သော ဒေသများတွင် ကာလရှည်နေထိုင်လိုခြင်း၊ သီရိလင်္ကာနိုင်ငံအတွင်း၌ပင် လက်ရှိတွင် အသက် ၆၀ အထက် လူဦးရေသည် နိုင်ငံလူဦးရေ၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ဆက်လက်တိုးတက်လျက်ရှိခြင်းကြောင့် ကျန်းမာရေးနှင့် သက်ကြီးစောင့်ရှောက်မှုပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ချဲ့ထွင်ရန် လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းသည် သီရိလင်္ကာနိုင်ငံတွင် အကောင်အထည်ဖော်မြှင့်တင်ရန် အခြေအနေကောင်းများ ရှိနေသည်။

သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားသာချက်၊ အခွင့်အလမ်းများရှိသကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ရမည့် လိုအပ်ချက်များလည်းရှိပါသည်။ ၎င်းလိုအပ်ချက်များတွင် ခရီးသွားလုပ်ငန်း၌ အဓိကလိုအပ်သော လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ သက်ကြီးခရီးသွားများ နေထိုင်မည့်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ သွားရောက်နေထိုင်နိုင်ရေးအတွက် အရေးကြီးသော လုပ်ငန်းရပ်တစ်ခုလည်းဖြစ်သည့် ဗီဇာထုတ်ပေးခြင်းလုပ်ငန်းဖြစ်ပါသည်။ သွားရောက်မည့်နိုင်ငံသို့ အဆင်ပြေလွယ်ကူချောမွေ့စွာဝင်ရောက်၍ လိုအပ်သော ကာလအတိုင်းအတာတစ်ခုအထိ နေထိုင်ခွင့်ရနိုင်မှသာ သက်ကြီးရွယ်အိုခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် ပင်စင်စားခရီးသွားများ လာရောက်ရေးအတွက် ဆွဲဆောင်ခေါ်ယူသည့်အနေဖြင့် အငြိမ်းစားဗီဇာ (Retirement Visa) ကို စည်းကမ်းသတ်မှတ်ချက်များ ရေးဆွဲပြဋ္ဌာန်း၍ ထုတ်ပေးလျက်ရှိသည်ကို တွေ့ရှိရသည်။

အငြိမ်းစားဗီဇာထုတ်ပေးရာတွင် အသက် ၅၀ နှင့်အထက် ပုဂ္ဂိုလ်များကို ထုတ်ပေးပြီး အငြိမ်းစားဗီဇာလျှောက်ထားနိုင်ရန်အတွက် သတ်မှတ်ငွေကြေးပမာဏတစ်ရပ် (အနိမ့်ဆုံး ထိုင်းဘတ်ရှစ်သိန်း) ကို ထိုင်းဘဏ်တစ်ခုခုတွင် ဗီဇာမလျှောက်ထားမီနှစ်လကြိုတင်၍ အပ်နှံထားရမည်ဖြစ်ပြီး လစဉ်ဝင်ငွေအဖြစ် အနည်းဆုံး ဘတ် ၆၅၀၀၀ ရှိရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အငြိမ်းစားခရီးသွားများ ဝင်ရောက်နေထိုင်မှုမှ ထိုင်းနိုင်ငံအတွင်းသို့ ငွေကြေးစီးဝင်မှုတိုးပွားလာမည်ဖြစ်သည်။ ဗီဇာသက်တမ်းမှာ ဗီဇာအမျိုးအစားနှင့် လျှောက်ထားသည့် နိုင်ငံသားများအပေါ် မူတည်၍ ဗီဇာသက်တမ်း (ခွင့်ပြုကာလ) ကွဲပြားသွားမည်ဖြစ်သည်။ သို့ရာတွင် အငြိမ်းစားဗီဇာသည် ကာလရှည် (Long Stay) ဗီဇာအမျိုးအစားတစ်ခုဖြစ်ပါသည်။

သီရိလင်္ကာနိုင်ငံသည်လည်း သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်နိုင်ရန်အတွက် အကြံပြုချက်များတွင် ငါးနှစ်မှ ၁၀ နှစ်အထိ ခွင့်ပြုပေးနိုင်သည့် အကြိမ်ကြိမ်ပြည်ပြန်ဝင်ခွင့်ဗီဇာ (Multientry Visa)ကို သက်ကြီးခရီးသွားများသို့ ထုတ်ပေးနိုင်ရေးနှင့် ၎င်းတွင် နိုင်ငံအတွင်း ကာလရှည်နေထိုင်မှုအတွက် ကျန်းမာရေးအာမခံထားရှိရေး ဝင်ငွေအထောက်အထားတို့ကို ခိုင်ခိုင်မာမာတင်ပြနိုင်ရန် ထည့်သွင်းအကြံပြုတင်ပြထားသည်ကို တွေ့ရှိရပါသည်။

ထို့အပြင် ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့သည် လူသားအရင်းအမြစ် ကိုအခြေခံသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သောကြောင့် သက်ကြီးစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်မည်ဆိုပါက စွမ်းဆောင်ရည်မြင့်မားသော လူသားအရင်းအမြစ်များ မွေးထုတ်ပျိုးထောင်ပေးရန်မှာ အရေးပါသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ယင်းလုပ်ငန်းစဉ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးသာမက ဧည့်ဝန်ဆောင်မှု နှင့်ပတ်သက်သောခံယူချက်နှင့် အလေ့အကျင့်တို့ကိုပါ မွေးမြူထားရှိရေးကို ပြုစုပျိုးထောင်ရန်လိုအပ်မည်ဖြစ်ပါသည်။ အခြားအရေးပါသော အချက်များမှာ ယဉ်ကျေးမှုဆိုင်ရာ အပြုအမူများကို နားလည်ခြင်း၊ နိုင်ငံခြားဘာသာစကားများ ကျွမ်းကျင်လိမ္မာခြင်းနှင့် မသန်စွမ်းသူများအတွက် ဝန်ဆောင်မှုပေးခြင်းတို့ကို လေ့ကျင့်သင်ကြားတတ်မြောက်ပြီးဖြစ်ရန် လိုအပ်မည် ဖြစ်ပါသည်။

အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှုကို အားပေး

ဖော်ပြပါအချက်များအပြင် ခရီးသွားလုပ်ငန်း စီမံကိန်း/မဟာဗျူဟာကဲ့သို့သော အမျိုးသားအဆင့် သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်း စီမံကိန်း သို့မဟုတ် မဟာဗျူဟာ National Elderly Tourism Strategy (NETS) ကို စနစ်တကျရေးဆွဲထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက တိုက်တွန်းထားသည်။ ၎င်းမဟာဗျူဟာတွင် သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို ဦးဆောင်အကောင်အထည်ဖော်မည့် အာဏာပိုင်အဖွဲ့အစည်း၊ ပူးပေါင်းဆောင်ရွက်မည့် ဌာန/အဖွဲ့အစည်းတို့ကို သတ်မှတ်ထားရှိရန်နှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှုကို အားပေးကြောင်း ဖော်ပြတိုက်တွန်းထားသည်ကို တွေ့ရှိရသည်။

ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုအရေအတွက် ပမာဏတိုးတက်များပြားလာမှုကို သက်ဆိုင်ရာနိုင်ငံများက သတိထားတွက်ဆနေကြသည်ကို တွေ့ရှိရသည်။ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်နှင့် ပင်စင်၊ လူမှုဖူလုံရေးဆိုင်ရာကိစ္စရပ်များ၊ သက်ကြီးများ၏ ဘဝလုံခြုံစိတ်ချရရေးနှင့် အေးချမ်းစွာ နေထိုင်ဖြတ်သန်းနိုင်ရေးတို့ကို ပြင်ဆင်ဆောင်ရွက်နေကြသည်။ သို့သော် Silver Tsunami ဟု တင်စားခေါ်ဝေါ်သည့် သက်ကြီးရွယ်အိုအရေအတွက် တိုးပွားလာမှုသည် စိုးရိမ်ဖွယ်ရာမဟုတ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖြင့် စီးပွားရေးမြှင့်တင်ရန် ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံအသီးသီးတို့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

MOI

စည်သူကျော်

အရှေ့တောင်အာရှနိုင်ငံသားများ၏ ခန္ဓာကိုယ်ထဲ၌ မိုက်ခရိုပလတ်စတစ် အမှုန်များ အများဆုံးရှိနေ
-

ထိုင်ဝမ်ငါးသလောက် (milkfish) ကို မီးကင်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ၊ အနံ့အရသာပြည့်စုံသော ဟင်းချို ထဲတွင်ဖြစ်စေ စီမံ ထားသော ဟင်းလျာသည် အင်ဒိုနီးရှားစားပွဲများတွင် အဓိက မပါမဖြစ် စားသုံးလေ့ရှိသော အစားအစာ တစ်ခု ဖြစ်သည်။ ၎င်း၏အသားမှာ နူးညံ့ပြီး အရသာမှာ ချိုမြိန်ပါသည်။ သို့သော် အရသာလုံးဝမရှိသည်မှာ ၎င်းငါး၏ ခန္ဓာကိုယ်အတွင်းရှိ မိုက်ခရိုပလတ်စတစ်အမှုန်များ ဖြစ်ပါသည်။

လွန်ခဲ့သောနှစ်က ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ ဂျကာတာ ပင်လယ်အော်မှ နမူနာယူထားသော ငါးများ၏ ၉၄% နီးပါးတွင် ခန္ဓာကိုယ်အတွင်းရှိ ပါးဟက်နှင့် အူများထဲ၌ အဆိပ်ဖြစ်စေသော မိုက်ခရိုပလတ်စတစ်အမှုန် အစအနများ ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။ ထိုအမှုန်အမွှားတစ်ခုစီသည် ၅ မီလီမီတာထက် မပိုကြပေ။

“မိုက်ခရိုပလတ်စတစ်အမှုန်တွေကို ငါးတွေက စုပ်ယူပြီး လူတွေက စားသုံးမိပြီဆိုပါက ဒါဟာ လူ့ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်း စုပုံလာမည်ဆိုသည့်သဘောပါ” ဟု အင်ဒိုနီးရှား အမျိုးသားသုတေသနနှင့် ဆန်းသစ်တီထွင်မှု အေဂျင်စီ (BRIN) ၏ အကြီးတန်းသုတေသီ Widodo Setiyo Pranowo က သတိပေးပြောကြားခဲ့သည်။ 

ပလတ်စတစ်အကြီးစားများ ပြိုကွဲပျက်စီးရာမှ မိုက်ခရိုပလတ်စတစ်အမှုန်များ ဖြစ်ပေါ်လာပြီး သဘာဝပတ်ဝန်းကျင်အနှံ့ ကုန်းမြေ၊ ပင်လယ်နှင့် မိမိတို့ရှူရှိုက်နေရသော လေထုထဲအထိ ထိုမမြင်ရသောအမှုန်ငယ်များ စိမ့်ဝင်နေပါသည်။

အင်ဒိုနီးရှားနိုင်ငံသားများသည် မိုက်ခရိုပလတ်စတစ် အမှုန်ကို အများဆုံးထိတွေ့နေရသူများဖြစ်နေပြီး၂၀၂၃ ခုနှစ်က Cornell တက္ကသိုလ်၏ လေ့လာမှုတစ်ခုအရ အင်ဒိုနီးရှားနိုင်ငံသားများသည် တစ်လလျှင် ၁၅ ဂရမ် (ခရက်ဒစ်ကတ် သုံးချပ်စာ) မိုက်ခရိုပလတ်စတစ် အမှုန်များစားသုံးနေကြောင်း တွေ့ရှိခဲ့သည်။ မလေးရှားနိုင်ငံသားများသည် တစ်လလျှင် ၁၂ ဂရမ်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံသားများမှာ ၁၁ ဂရမ် စီ စားသုံး နေကြသည်။

အရှေ့တောင်အာရှဒေသသည် ပလတ်စတစ်ညစ်ညမ်းမှု အဆိုးရွားဆုံးဖြစ်နေပြီး ၂၀၂၁ ခုနှစ် လေ့လာမှုတစ်ခုအရ သမုဒ္ဒရာထဲသို့ ပလတ်စတစ်ညစ်ညမ်းမှု အများဆုံးထုတ်လွှတ်နေသော နိုင်ငံ ၁၀ နိုင်ငံအနက် ၆ နိုင်ငံမှာ အဆိုပါ ဒေသတွင်ပါဝင်နေသည်။

“အရှေ့တောင်အာရှနိုင်ငံများစွာတွင် ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသော အစားအစာများကို အလွန်အမင်း မှီခိုနေရပါသည်” ဟု ဖိလစ်ပိုင် တက္ကသိုလ် (Diliman) မှ ရေနက်ပိုင်းသိပ္ပံပညာရှင် Deo Florence L Onda က ရှင်းပြသည်။ “ပလတ်စတစ် အစ အကြီးများ ပျက်စီးသွားပါက မိုက်ခရို ပလတ်စတစ် အမှုန်များ အစားအစာနှင့် အချိုရည်များထဲ သို့ ရောနှောဝင်ရောက်သွားနိုင်သည်”

သို့သော် အဆိုပါပြဿနာသည် ထုပ်ပိုးမှုထက် ပိုမိုကျယ်ပြန့်နေပြီး Insight အစီအစဉ်က မိုက်ခရို ပလတ်စတစ်အမှုန်များ၏ နေ့စဉ်ဘဝအတွင်းသို့ စိမ့်ဝင်လာပုံ၊ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ကာကွယ်နည်းများကို စုံလင်စွာ ဆန်းစစ်ထားပါသည်။

လွန်ခဲ့သည့်နှစ်က အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုတွင် ဝက်၊ အမဲ၊ ကြက်နှင့် ပင်လယ်စာ ကဲ့သို့သော လူသုံးများသည့် အသားဓာတ် ၁၆ မျိုးတွင် မိုက်ခရိုပလတ်စတစ်များ တွေ့ရှိခဲ့သည်။

သုတေသနပြုချက်များအရ ပင်လယ်စာနမူနာများတွင် အများဆုံးပမာဏ (ပျမ်းမျှနမူနာတစ်ခုလျှင် မိုက်ခရို ပလတ် စတစ် ၁၁.၆ မှုန်) တွေ့ရှိရပြီး၊ အမဲသားနှင့် ကြက်သားတို့တွင် အနည်းဆုံး (ပျမ်းမျှ ၂.၉ မှုန်) သာ တွေ့ရသည်ဟု ဖော်ပြထားသည်။

သိပ္ပံပညာရှင်များက အဆိုပါ တွေ့ရှိချက်သည် မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုသည် မိမိတို့၏ အစားအစာ ကွင်းဆက်တစ်လျှောက် မည်မျှကျယ်ပြန့်စွာ ပျံ့နှံ့နေကြောင်း သက်သေပြနေသည်ဟု သတိပေးထားသည်။

ပင်လယ်စာနှင့်ပတ်သက်လျှင် ငါးများသည် ဘက်တီးရီးယားများ ဖုံးလွှမ်းနေသော မိုက်ခရိုပလတ်စတစ်များကို အစာနှင့်မှားပြီး မျိုချမိကြသည်။

“ငါးသေးသေးလေးတွေကို ကြော်စားသည့်အခါ ငါးတစ်ကောင်လုံး စားမိတတ်ပါသည်” ဟု အင်ဒိုနီးရှား တက္ကသိုလ် မှ ရေနက်ပိုင်း ဇီဝဗေဒပါမောက္ခ Mufti Petala Patria က ရှင်းပြသည်။ “ထိုအချက်က ငါး၏ပါးဟက်၊ အစာခြေလမ်းကြောင်းစသည့် ကိုယ်တွင်းအင်္ဂါတွေထဲက မိုက်ခရိုပလတ်စတစ်အမှုန်များပါ မိမိတို့အနေဖြင့် စားမိသွားသည်ဆိုသည့်သဘောပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါအမှုန်အများစုသည် ပုံမှန်စားသုံးကုန်ပစ္စည်းများမှ ဆင်းသက်လာပြီး PET (Polyethylene Terephthalate) ဘူးများ နှင့် ပလတ်စတစ်အိတ်များ အဓိကပါဝင်သည်။

ဥပမာအားဖြင့် PET ပလတ်စတစ်သည် နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးယိုယွင်းပြီး သမုဒ္ဒရာလှိုင်းများ၊ ရေအက်စစ်ဓာတ်တို့နှင့် ထိတွေ့ကာ ပိုမိုသေးငယ်သောအမှုန်များအဖြစ် ကွဲထွက်သွားသည်။

ကုလသမဂ္ဂ၏ ပတ်ဝန်းကျင်အစီအစဉ် (UNEP) အရ သမုဒ္ဒရာ ပလတ်စတစ်ညစ်ညမ်းမှု၏ ၈၀% ခန့်သည် ကုန်းမြေ မှ စတင်ဖြစ်ပေါ်ပြီး တစ်ခါသုံး ပြန်လည်မသုံးစွဲနိုင်သော ပလတ်စတစ် အိတ်ငယ်များ (sachets) သည် အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် Greenpeace ၏ အစီရင်ခံစာအရ တစ်ကမ္ဘာလုံးတွင် ပလတ်စတစ်အိတ်ငယ်ပေါင်း ဘီလီယံ ၈၅၅ ခန့် ရောင်းချခဲ့ရပြီး ၎င်းတို့၏ ထက်ဝက်ခန့်မှာ အရှေ့တောင်အာရှတွင် သုံးစွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။

Ecological Observation and Wetlands Conservation (Ecoton) အဖွဲ့မှ Mohammad Alaika Rahmatullah က “အင်ဒိုနီးရှားနိုင်ငံသားအများအပြားသည် တစ်ခါသုံးပလတ်စတစ်ကို ဦးစားပေး သုံးစွဲကြသည်မှာ ပထမ အချက် က စျေးပေါခြင်း ဒုတိယအချက်က သယ်ဆောင်ရလွယ်ကူခြင်း ကြောင့်ဖြစ်သည်” ဟု ရှင်းပြသည်။ ဖိလစ်ပိုင်နိုင်ငံတွင်လည်း နေ့စဉ် ပလတ်စတစ် အိတ်ငယ်ပေါင်း ၁၆၄ သန်း သုံးစွဲနေပြီး ၎င်းသည် နိုင်ငံ၏ ပလတ်စတစ် အမှိုက်၏ ၅၂% ခန့်ရှိသည်။

အမှိုက်စွန့်ပစ်မှုဆိုင်ရာ ယဉ်ကျေးမှု အားနည်းခြင်းကလည်း အဆိုပါပြဿနာကို ပိုမိုဆိုးရွားစေပါသည်။ ဂျကာတာ မြို့ရှိ မြစ်ငယ်တစ်ခုအနီးတွင် နေထိုင်သူ အသက် ၅၄ နှစ်အရွယ် Edi က “လူတွေက မြစ်ထဲကို အမှိုက်တွေ အလွယ်တကူ ချပစ်ကြသည်။ တခြားသူက အလွယ်တကူ အမှိုက်ပစ်လိုက်သည်ကို မြင်ပြီး မိမိလည်း အတုယူကာ အဝေးကို သွားမပစ်ချင်တော့သဖြင့် အမှိုက်များကို မြစ်ထဲပဲ ပစ်လိုက်ပါသည်” ဟု ဝန်ခံပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်က Ecoton အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ ၎င်းတို့စစ်ဆေးခဲ့သော အင်ဒိုနီးရှားနိုင်ငံရှိ မြစ် ၆၈ စင်း၏ အနီးတစ်ဝိုက်တွင် မိုက်ခရိုပလတ်စတစ်အမှုန် ညစ်ညမ်းမှုများ ပျံ့နှံ့နေကြောင်း တွေ့ရှိခဲ့သည်။

အထူးသဖြင့် ဘရန်တတ်မြစ်တွင် မိုက်ခရိုပလတ်စတစ် ၁ လီတာလျှင် အမှုန် ၁၀၀ ကျော် ၊  ဘန်ဂါဝမ်ဆန်မြစ်တွင် ၁ လီတာလျှင် အမှုန် ၈၀၀ နီးပါး ၊ မြစ်ကျင်းမြစ်တွင် ၁ လီတာလျှင် အမှုန် ၅၀၀  ခန့် တွေ့ရှိခဲ့ပြီး အဆိုပါ အချက် များသည် အင်ဒိုနီးရှား၏ ပလတ်စတစ်ညစ်ညမ်းမှု အခြေအနေမည်မျှ ဆိုးရွားနေကြောင်း သက်သေပြနေသည်။

Ecoton ၏ အကြီးတန်းသုတေသီ Daru Setyorini က “မြစ်များထဲရှိ မိုက်ခရိုပလတ်စတစ်အမှုန်များသည် နောက်ဆုံးတွင် ပင်လယ်ထဲရောက်ရှိသွားပြီး ရေနေသတ္တဝါများနှင့် လူသားများအတွက် ကြီးမားသော ကျန်းမာရေး အန္တရာယ် ဖြစ်စေနိုင်သည်” ဟု သတိပေးပြောကြားခဲ့သည်။

ဖိလစ်ပိုင်တွင် ကုမ္ပဏီများ သို့မဟုတ် ရေသန့်စင်စက်ရုံများအား မိုက်ခရိုပလတ်စတစ်အမှုန်များကို ဖယ်ရှားရန် ဥပဒေအရ ပြဋ္ဌာန်းထားခြင်းမရှိကြောင်း Deo Florence L Onda က ရှင်းပြသည်။ “ရေသန့်စက်ရုံများ၏ စွမ်းဆောင်ရည်ကို မိမိတို့မသိရပါ။ အဓိကအကြောင်းမှာ ၎င်းတို့လိုက်နာရမည့် မူဝါဒမရှိသောကြောင့်ဖြစ်သည်” ဟု ၎င်းက ဆိုသည်။

မြို့ပြဖွံ့ဖြိုးမှုနှင့် ကျယ်ပြန့်လာမှုသည် အမှိုက်စီမံခန့်ခွဲမှု ဝန်ဆောင်မှုများထက် ပိုမိုမြန်ဆန်စွာ တိုးတက်နေသည်။

Greenpeace Philippines မှ ပညာရှင် Marian Frances Ledesma က “တစ်ခါတရံတွင် မိမိတို့၏ ကျေးရွာများတွင် အမှိုက်ပုံးများ၊ အမှိုက်ပြန်လည်အသုံးပြုရေးစင်တာများ မရှိပါ။ ထို့ကြောင့် ကျေးရွာသားများအတွက် အမှိုက် အမျိုးအစားအလိုက် သင့်လျော်စွာ စွန့်ပစ်နိုင်မည့် နည်းလမ်း မရှိပါ” ဟု ရှင်းပြသည်။

ဂျကာတာမြို့၏ အချို့နေရာများသို့ အမှိုက်ကားများ လွယ်ကူစွာမရောက်ရှိနိုင်ခြင်းကြောင့် ဒေသခံများက အမှိုက်များကို ပတ်ဝန်းကျင်အနီးစွန့်ပစ်ကြသည်ဟု ဆိုသည်။ အင်ဒိုနီးရှား တက္ကသိုလ်မှ ရေနက်ပိုင်းဇီဝဗေဒ ပါမောက္ခ Mufti က သတိပေးသည်မှာ “အမှိုက်ပုံအဖြစ်သတ်မှတ်ထားသော နေရာများတွင် ပလတ်စတစ်အမှိုက်များ စုပုံလာခြင်းသည် အလွန်အန္တရာယ်များပါသည်။ အဆိုပါ ပလတ်စတစ်များမှ ထွက်ပေါ်လာသော အဆိပ်အတောက် ဓာတ်ငွေ့ များနှင့် မိုက်ခရိုပလတ်စတစ်အမှုန်များသည် မြေအောက်ရေထဲသို့ စိမ့်ဝင်ကာ ပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နိုင်ပါသည်” ဟု ဆိုသည်။

အချိန်ကြာလာသည်နှင့်အမျှ ပလတ်စတစ်များသည် အမှုန်အမွှားငယ်များအဖြစ် ပြိုကွဲပျက်စီးကာ ပလတ်စတစ် အမှိုက်များသည် တဖြည်းဖြည်းပျက်စီးလာပြီး မိုက်ခရိုပလတ်စတစ်အမှုန်များအဖြစ် မြောင်းများ၊ ချောင်းများ၊ မြစ်များ၊ ပင်လယ်ထဲသို့ စီးဝင်ခြင်း သို့မဟုတ် မြေအောက်ရေထဲသို့ စိမ့်ဝင်နိုင်ကြောင်း မုဖ်တီက ရှင်းပြသည်။

ဂျကာတာ၏ Bantar Gebang အမှိုက်ပုံဧရိယာ၌ လက်ရှိတွင် အမှိုက်ပေါင်း တန်ချိန် ၄၅ သန်း စုပုံနေပြီး မကြာမီ ကာလအတွင်း ပြည့်လျှံလာမည် ဖြစ်သည်။

ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ အမှိုက်တင်သွင်းမှုများသည် ၎င်းတို့၏ ပြန်လည်အသုံးပြုရေးလုပ်ငန်းများကို ထောက်ပံ့ပေးနေသည်။ သို့သော် အမှိုက်အားလုံးကို ဒုတိယအကြိမ်ပြန်လည် အသုံးမပြုနိုင်ပေ။ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည် ယခုနှစ်မှစ၍ ထိုကဲ့သို့သော အမှိုက်တင်သွင်းမှု များကို တားမြစ်ထားသည်။ အင်ဒိုနီးရှား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဖိုရမ်၏ လှုပ်ရှားမှုမန်နေဂျာ Abdul Gofar က “တင်သွင်းလာသော အမှိုက်များသည် အသုံးမကျတော့သည့် အကြွင်းအကျန်များဖြစ်ပြီး နေရာတကာတွင် စွန့်ပစ် ခံနေရသည်။ ၎င်းတို့သည် မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ရိုက်ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်” ဟု ရှင်းပြသည်။

ကလာရီဇာ ဘာကူဂန်း (၃၅ နှစ်)သည် မိသားစုအတွက် မနီလာမြို့ရှိ “ဟက်ပီလန်း” (ဘီဆာယာ ဘာသာဖြင့် “အမှိုက်ပုံ” ဟု အဓိပ္ပာယ်ရသော ဆင်းရဲနွမ်းပါးရပ်ကွက်) တွင် နေထိုင်လုပ်ကိုင်နေပြီး မိသားစုအတွက် ပြန်လည် အသုံးပြုရေးလုပ်ငန်းများသို့ ရောင်းချရန် ပလတ်စတစ် အမှိုက်များ ကောက်ယူခြင်းသည် အန္တရာယ်များလှသော အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်နေသည်ကို သူမ သိရှိသည်။ “ရုပ်မြင်သံကြားများတွင် ပလတ်စတစ်နှင့် ကစားတာ၊ ကလေးတွေစားသည့် အစားအစာထဲ ပလတ်စတစ်ပါသွားရင် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ မကြာခဏပြကြသည်” ဟု သူမက ရှင်းပြသည်။ “မိမိလည်း စိုးရိမ်မိတာပေါ့။ အဆိပ်သင့်ပစ္စည်းတစ်ခုဆိုရင် ဆေးရုံတက်ရသည်အထိဖြစ်သွားနိုင်သည်”ဟု သူမကဆိုသည်။ ထိုနေရာသည် မနီလာမြို့၏အကြီးမား ဆုံး အမှိုက်စွန့်ပစ်ရာ နေရာတစ်ခုဖြစ်သည်။

နောက်ဆုံးတွေ့ရှိချက်များအရ မိုက်ခရိုပလတ်စတစ်အမှုန်များ နေရာတကာတွင် ရှိနေကြောင်း သိပ္ပံပညာရှင်များ သိရှိ ထားသော်လည်း၊ ယခုအခါမှသာ ၎င်းတို့၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများကို စတင်နားလည်လာကြသည်။

ဖိလစ်ပိုင် အဆိပ်သင့်မှုဆိုင်ရာ ကျွမ်းကျင်သူ John Paul Ner ကသွေးကြောထဲသို့ ဝင်ရောက်သော အလွန် သေးငယ်သည့် မိုက်ခရိုပလတ်စတစ်အမှုန်များကို ကျောက်ကပ်မှ စစ်ထုတ်နိုင်သော်လည်း ကိုယ်ခံအားစနစ်က ထိုအမှုန်များကို စားသုံးမှုကို အပြည့်အဝမဖယ်ရှားနိုင်ဘဲ ကျန်ရှိနေသောအမှုန်များက အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။

၂၀၂၂ ခုနှစ်က Toxicology ဂျာနယ်တွင် ပါဝင်သော လေ့လာမှုတစ်ခုအရ DNA နှင့် ဗိုင်းရပ်စ်များနှင့် အရွယ်အစား တူသော နာနိုပလတ်စတစ် များသည် ဦးနှောက်ကို အဆိပ်အတောက်များမှ ကာကွယ်ပေးသော အာရုံကြောစနစ် ကို ကာကွယ်ပေးနေသည့် သွေးဦးနှောက်စစ်ထုတ်ခြင်း (blood-brain barrier) ကို ဖြတ်ကျော်နိုင်ကြောင်း၊ အဆိုပါ အတားအဆီးသည် အာဟာရဓာတ်များကိုသာ ဖြတ်သန်းခွင့်ပြုပြီး အဆိပ်အတောက်များကို တားဆီးပေးသည့် ဆဲလ်အမြှေးပါးဖြစ်သည်။

အဆိုပါ တွေ့ရှိချက်များက နာနိုပလတ်စတစ်များ၏ အန္တရာယ်သည် ယခင်ထင်မှတ်ထားသည်ထက် ပိုမို ကြီးမားနိုင်ကြောင်း ဦးနှောက်နှင့် အာရုံကြောစနစ်ကို ရေရှည်တွင် ထိခိုက်စေနိုင်ကြောင်း ပိုမိုနက်ရှိုင်းသော သုတေသနများ လိုအပ်နေကြောင်း ညွှန်းဆိုနေသည်။

တိရစ္ဆာန်များနှင့်ပြုလုပ်သော လေ့လာမှုများကလည်း အလားတူသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် က သုတေသီများသည် မိုက်ခရိုပလတ်စတစ်အမှုန်များနှင့် သုံးပတ်ကြာထိတွေ့ခံရသည့် ကြွက်များတွင် လူသားတို့၏ မှတ်ဉာဏ်ချို့ယွင်းရောဂါ (dementia) နှင့်ဆင်တူသော ဉာဏ်ရည်ကျဆင်းမှုလက္ခဏာများ စတင်ပေါ်လာကြောင်း လေ့လာတွေ့ရှိခဲ့သည်။

နှလုံးနှင့်သွေးကြောစနစ်လည်း အန္တရာယ်မှ ကင်းလွတ်ခြင်းမရှိပေ။ လွန်ခဲ့သောနှစ်က နှလုံးရောဂါ ရှိသူများ၏ သွေးကြောအတွင်း အဆီခဲများကို လေ့လာခဲ့သော သုတေသနတစ်ခုတွင် လူနာ တစ်ဝက်ကျော်၏ အဆီခဲများထဲ၌ မိုက်ခရိုပလတ်စတစ်အမှုန်များ တွေ့ရှိခဲ့သည်။ ထိုလူနာများသည် သွေးကြောထဲတွင် ပလတ်စတစ် ညစ်ညမ်းမှု မရှိသူများထက် နှလုံးရုတ်တရက်ဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်း ဖြစ်နိုင်ခြေ ငါးဆနီးပါးပိုများကြောင်း တွေ့ရှိရသည်။

ဘာကူဂန်း၏ ကလေးငယ် ငါးဦးအပါအဝင် (ခန့်မှန်းခြေ လူဦးရေ ၂၀,၀၀၀ မှ ၄၀,၀၀၀ အထိ နေထိုင်သည့် Happyland ရပ်ကွက်တွင်) မိုက်ခရိုပလတ်စတစ်အမှုန်များမှ စိမ့်ထွက်လာသည့် ဓာတု ပစ္စည်းအချို့သည် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သုတေသနများက ဖော်ပြထားသည့် အန္တရာယ်နှင့် ရင်ဆိုင် နေရသည်။

လီဒီစမာက ရှင်းပြသည်မှာ ပလတ်စတစ်အမျိုးမျိုးတွင် အသုံးပြုသည့် ဓာတုပစ္စည်း ၁၆,၀၀၀ ခန့်ရှိပြီး ၎င်းတို့ အနက် ၄,၀၀၀ ကျော်မှာ လူသားများအတွက် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားကြောင်း ထောက်ပြသည်။

အန္တရာယ်ရှိသော်လည်း ဘာကူဂန်းက သူမ၏မိသားစုအတွက် လက်ရှိလုပ်ကိုင်နေသည့် အမှိုက်ကောက်ခြင်းသည်သာ ကလေးများ၏ မုန့်ဖိုးအပါအဝင် နေထိုင်စားသောက်စရိတ်များအတွက် တစ်ခုတည်းသော အသက်မွေး ဝမ်းကျောင်း လုပ်ငန်းဖြစ်ကြောင်း ပြောကြားသည်။ 

သို့သော်လည်း သူမသည် မိမိ၏ကလေးများအတွက် ပိုမိုကောင်းမွန်သော ဘဝကို မျှော်လင့်နေဆဲဖြစ်ပြီး မက်ထရို မနီလာမှ နေ့စဉ်စွန့်ပစ်သည့် တန် ၁၀,၀၀၀ ကျော်သော အမှိုက်များထဲမှ ပိုမိုရရှိနိုင်မည့် ၎င်းတို့၏လက်ရှိနေရပ်မှ ဝေးဝေးသို့ ရောက်ရှိမည့် ဘဝတစ်ခုကို မျှော်မှန်းထားသည်။ “သူတို့(၎င်း၏သားသမီးများ) ပညာတတ်မြောက်ပြီး ဘဝတိုးတက်လာရင် ဒီကနေထွက်သွားကြမည်ဟု မျှော်လင့်မိပါသည်” ဟု သူမက ဆိုသည်။

ထိုပိုမိုကောင်းမွန်သောဘဝသည် မဝေးတော့ပေ။ ဖိလစ်ပိုင်နိုင်ငံရှိ မြို့များစွာတွင် “အမှိုက်မှ ငွေပြန်အမ်းသည့် အစီအစဉ်” (Trash to Cashback) များ ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်လျက်ရှိပြီး၊ နေထိုင်သူများ အနေဖြင့် ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်များကို အစားအစာနှင့် အခြားလိုအပ်ချက်များအတွက် အသုံး ပြုနိုင်သည့် ငွေအဖြစ် လဲလှယ်နိုင်သည်။

၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော အဆိုပါ အစီအစဉ်သည် အမှိုက်ပုံများတွင် စုပုံနေသည့် တစ်ခါသုံး ပလတ်စတစ် ပမာဏကို လျှော့ချရန် ရည်ရွယ်သည်။ ယခုအခါတွင် ပလတ်စတစ်အမှိုက် ကီလိုဂရမ် ၃၀၀,၀၀၀ ကျော်ကို စုဆောင်းမိပြီဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံကလည်း ၎င်း၏ပြန်လည်အသုံးပြုရေးစနစ်ကို ချဲ့ထွင်လျက်ရှိပြီး ပလတ်စတစ် အမှိုက်များကို ကျေးရွာအဆင့်စုဆောင်းရေးစင်တာများတွင် အမျိုးအစားခွဲပြီး၊ စက်မှုလုပ်ငန်းများ သို့မဟုတ် ပြန်လည် အသုံးပြု နိုင်ရေးလုပ်ငန်းများက လာရောက်ကောက်ယူမည်ဖြစ်သည်။

“အဆိုပါ စနစ်ကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ပါသည်။ လမ်းညွှန်ချက်များ ပြီးမြောက် ပါက ကျေးရွာ ၇၅,၀၀၀ တွင် အသုံးပြုနိုင်မည်” ဟု အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမှိုက်စီမံခန့်ခွဲမှုဒါရိုက်တာ နိုဗရီဇယ်တာဟာ က ရှင်းပြခဲ့သည်။

“ပလတ်စတစ်ကို ထုတ်လုပ်ပုံ သဘောသဘာဝအရ နှစ်ကြိမ်မှ သုံးကြိမ်အထိသာ ပြန်လည်အသုံးပြုနိုင်သည်” ဟု လီဒီစမာက ရှင်းပြသည်။ 

ပြဿနာရင်းမြစ်ကို ဖြေရှင်းရန်အာဏာပိုင်များသည် အရင်းအမြစ်ဘက်သို့ အာရုံစိုက်လာကြပြီး ပလတ်စတစ် ထုတ်လုပ်ပုံနှင့် သုံးစွဲမှုပုံစံကို ပြန်လည်သုံးသပ်လာကြသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၉ နှစ်ကုန်တွင် တစ်ခါသုံး ပလတ်စတစ်များကို အဆင့်ဆင့်ရပ်စဲနိုင်ရေးဆောင်ရွက်ရန် ကတိပြုထားသည်။ အပြုအမူ ပြောင်းလဲမှုများလည်း စတင်အရှိန်ရလာပြီး ၂၀၂၀ ပြည့်နှစ်တွင် ဂျကာတာမြို့ရှိ စျေးဝယ်စင်တာများ၊ အလွယ်တကူ ဝယ်ယူနိုင်သော ဆိုင်များနှင့် ဈေးများတွင် တစ်ခါသုံးပလတ်စတစ်အိတ်များကို တားမြစ်ပြီးနောက် တစ်နှစ်အတွင်း အိမ်ထောင်စု အဆင့် ပလတ်စတစ်အိတ်သုံးစွဲမှု ၄၂% ကျဆင်းသွားခဲ့သည်။

ထိုဥပဒေများက ထုတ်ကုန်တစ်ခု၏ သက်တမ်းတစ်လျှောက် (စားသုံးသူအသုံးပြုပြီးနောက် အမှိုက်ဖြစ်သည်အထိ) ကုန်ကျစရိတ်အား ထုတ်လုပ်သူများက ကျခံရန် ပြဋ္ဌာန်းထားသည်။

အွန်ဒါ၏ အဆိုအရ ပလတ်စတစ်ပြဿနာသည် ပိုမိုနက်ရှိုင်းစွာ အမြစ်တွယ်နေပြီး “လူများ ပလတ်စတစ် သုံးစွဲရခြင်းမှာ အစားအစာလိုအပ်ချက်ကြောင့်ဖြစ်ပြီး ၎င်းတို့ဝယ်ယူနိုင်သည့် အစားအစာများမှာ ပလတ်စတစ် အိတ်ငယ်များဖြင့် ထုပ်ပိုးထားသော အစားအစာများသာ ဖြစ်နေသည်” ဟု ၎င်းက ဆိုသည်။

“ထို့ကြောင့် လူမှုစီးပွားရေးဆိုင်ရာ အခြေခံပြဿနာကို မဖြေရှင်းနိုင်ပါက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာကို ဖြေရှင်းရန် အလွန်ခက်ခဲမည် ဖြစ်ပါသည်” ဟု ၎င်းက ထပ်လောင်း ရှင်းပြခဲ့သည်။

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

https://www.channelnewsasia.com/cna-insider/southeast-asia-ingesting-microplastic-health-risks-pollution-indonesia-philippines-5221946

CNA Insider

ကမ္ဘာကြီးက ဆက်ကွဲနေမယ်
-

ကမ္ဘာကြီးမှာ ဆူဆူညံညံဖြစ်နေတာ ကြာပါပြီ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး နောက်ပိုင်း အဲဒီအသံတွေ ပိုကျယ်လာတာပါ။ ပြောမယ်ဆို ကမ္ဘာကြီးက အတော်ကိုကွဲနေတာပေါ့။ ညှိနှိုင်းလို့မရနိုင်လောက်အောင် ကွဲနေတာပါ။ လူတွေက ဘာတွေများဖြစ်လာဦးမလဲဆိုပြီး စိုးရိမ်ကြတယ်။

အကိုင်အတွယ်မတတ်ရင် တတိယကမ္ဘာစစ်အထိ ဖြစ်သွားနိုင်တယ်လို့ ထရမ့်ကိုယ်တိုင်က တစ်ကြိမ်မကပြောထားတော့ လူတွေက ပိုစိုးရိမ်ကြတယ်။ အခုက အမေရိကန်ကော ဥရောပမှာပါ နိုင်ငံရေးအခြေအနေက တော်တော်ရှုပ်ရှုပ်ထွေးထွေးဖြစ်လာနေတယ်။ ရုရှား - ယူကရိန်းစစ်က ကြာရှည်နေသလို ပိုပြီးတင်းမာလာနေတယ်။ တရုတ်နဲ့ အမေရိကန်၊ အီးယူတို့လို အနောက်နိုင်ငံတွေအကြား တင်းမာမှုကတိုးလာနေတယ်။ ဘာမှ မှန်းဆလို့မရအောင်ဖြစ်လာတယ်။ နိုင်ငံရေးသီအိုရီတွေ ဘေးရောက်ကုန်တယ်။ ကမ္ဘာ့စနစ်ကြီးကို ထိန်းကျောင်းတယ်ဆိုတဲ့ အမေရိကန်တို့၊ ဥရောပတို့ကိုယ်တိုင် သူတို့အတွင်းထဲမှာ အကွဲအပြဲတွေ ကြီးမားနေတယ်။ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာလည်း သူတို့ကိုယ်သူတို့ အနိုင်နိုင်လိုဖြစ်နေတယ်။ တစ်ခုခုကြီးကြီးမားမားဖြစ်လာရင် ကြားဝင်မယ့်သူကလည်းမရှိဘူး။ အထိန်းအကွပ်တွေ ပြုတ်ထွက်သလို ဖြစ်နေတယ်။

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေ

အကွဲအပြဲတွေဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ အာဏာရှင်နိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိသလို ဒီမိုကရေစီနိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိတယ်။ အာဏာရှင်နိုင်ငံတွေနဲ့ ဒီမိုကရေစီနိုင်ငံတွေဆိုတာ အရင်ကတည်းက စည်းခြားပြီးသား၊ ကွဲနှင့်ပြီးသားဖြစ်တယ်။ အာဏာပိုင်နိုင်ငံတွေမှာ အကွဲအပြဲကမသိသာပေမယ့် အမေရိကန်၊ ဥ‌‌ရောပလို ဒီမိုကရေစီနိုင်ငံတွေမှာ အကွဲအပြဲက သိသာတယ်။ အခုကဒီမိုကရေစီနိုင်ငံတွေထဲမှာကို သူတို့အချင်းချင်း အကွဲအပြဲက ကြီးမားနေတာဖြစ်တယ်။ အာဏာရှင်နိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေထဲက ထရမ့်တို့လို အာဏာရှင်ဆန်သူတွေရယ် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေတယ်။

ဒီကြားထဲ ဘာသာရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်၊ အကြမ်းဖက်သမားအုပ်စုတွေနဲ့ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူသူများအခွင့်အရေး၊ တက်ကြွလှုပ်ရှားသူဆိုတာတွေကလည်း ရှိသေးတယ်။ အားလုံးကသူတို့အခွင့်အရေး တောင်းဆိုနေကြတယ်။ အားလုံးဟာ အစွန်းတွေဆီသွားနေကြတယ်။ လူတွေဟာ ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာကြပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ တိုးတက်မလာဘူး။ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို အထိအခိုက်မခံနိုင်ကြဘူး။ စေ့စပ်ညှိနှိုင်းဖို့ထက် လက်ဦးမှုရဖို့ပဲ အားသန်လာနေကြတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာ

သမိုင်းကိုပြန်ကြည့်ရင် ကမ္ဘာကြီးမှာ ကွဲပြားမှုတွေ သိပ်များလာရာ၊ သိပ်ကြီးလာရာကနေစစ်ကြီး တွေဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ပြီးတော့ အဲဒီကွဲပြားမှုတွေ လျော့နည်းဖို့၊ အပြန်အလှန်နားလည်ဖို့ဆိုပြီး နိုင်ငံတကာဥပဒေမူဘောင်တွေ ထုတ်ပြန်တယ်၊ လူ့အခွင့်အရေး မူဘောင်တွေချမှတ်တယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေဖွဲ့စည်းတယ်၊ ကုလသမဂ္ဂဆိုတာရှိလာတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးဆိုတာတွေမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာတယ်။

ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက လူသားရင်းမြစ်များစွာ မွေးထုတ်ပေးတယ်။ နိုင်ငံတကာ သုတေသနဌာနတွေက စာတမ်းပေါင်းများစွာ ရေးသားတယ်။ ဝိုင်းဝန်းချိတ်ဆက်လုပ်ဆောင်ကြတယ်။ ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ တရားမျှတဖို့ ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်လိုက်ကြတဲ့ ပရောဂျက်တွေ၊ ပရိုဂရမ်တွေဆိုတာထောင်နဲ့ သောင်းနဲ့ချီပြီးရှိတယ်။ သုံးလိုက်တဲ့ပိုက်ဆံတွေဆိုတာ ဒေါ်လာ ဘီလီယံ‌ထောင်သောင်းချီရှိတယ်။ အခု ၂၀၂၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးတာ နှစ် ၈၀ ပြည့်ပြီ။ နောက်အနှစ် ၂၀ ဆို စစ်ကြီး ပြီးတာ နှစ် ၁၀၀ ပြည့်လိမ့်မယ်။ အဲဒီနှစ် ၁၀၀ မပြည့်ခင် ကမ္ဘာကြီးက ပိုပြီးငြိမ်းချမ်းလာဖို့လိုတယ်။ သဘောထားကွဲပြားမှုတွေ လျော့နည်းလာဖို့ လိုတယ်။ နောက်ထပ် နှစ် ၂၀ ပဲ အချိန်ရတော့တယ်။ မဟုတ်ရင် ဒီကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်ကြီး ဒါမှမဟုတ်လည်း ကြီးမားတဲ့စစ်ပွဲကြီးတွေ လာမယ့်နှစ် ၂၀ အတွင်း ထပ်ပြီးရင်ဆိုင်ရလိမ့်မယ်။

လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရ

အခုဆို အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကြီးဟာ သူ့သမိုင်းမှာ လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရတယ်။ နိုင်ငံရေးလည်း နိုင်ငံရေးမို့၊ စီးပွားရေးလည်း စီးပွားရေးမို့၊ လူမှုရေးလည်း လူမှုရေးမို့အကုန်ရှုပ်ထွေးနေတယ်။ သံသယတွေကြီးနေတယ်။ ယုံကြည်မှုတွေပျောက်ဆုံးနေတယ်။ ဒီလိုအခြေအနေတွေမှာ ကမ္ဘာကြီးကို ထိန်းကျောင်းဖို့ အာဏာရှိတဲ့အစိုးရတွေ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တာဝန်ရှိတယ်ဆိုပေမယ့် အခုကအဲဒီအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်က အနိုင်နိုင်ဖြစ်လာနေတယ်။

အစိုးရတွေဟာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးအကူအညီတွေဆိုတာထက် လုံခြုံရေး၊ စစ်ရေးစတဲ့ နေရာတွေမှာ သူတို့ငွေကြေးတွေကို ပိုမိုသုံးစွဲဖို့ ဖြစ်လာတယ်။ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥရောပဆက်ဆံရေးအခြေအနေ ရုတ်ခြည်းဆိုးရွားလာတာကြောင့် ဥရောပကသူ့ကာကွယ်ရေးအတွက် အသုံးစရိတ်တွေ ပိုတိုးသုံးစွဲဖို့ စီစဉ်လာနေရတယ်။ စစ်ရေးအသုံးစရိတ်တွေ တိုးသုံးရတဲ့အတွက် အခြားနေရာက ဥပမာ-နိုင်ငံတကာဖွံ့ဖြိုးရေး၊ လူသားချင်းစာနာမှု အကူအညီတွေ လျှော့ချဖြတ်တောက်ဖို့ဖြစ်လာတယ်။ လူတွေဟာ ဘယ်သူ့ဘယ်သူမှ မယုံကြတော့ဘူး။ ဘယ်သူ့ဘယ်သူကို အားကိုးရမှန်း မသိကြတော့ဘူး။ သဘောထားကွဲလွဲမှုတွေကို စေ့စပ်ဖြေရှင်းဖို့ထက် အားလုံးက ခံစစ်ပြင်နေကြပြီ။

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ဖြစ်တည်လာတဲ့ ကမ္ဘာ့စနစ်ကြီးဟာ အခုဆိုရင် အကြီးမားဆုံး စိန်ခေါ်ခံနေရတယ်။ နိုင်ငံတကာဥပဒေမူဘောင်တွေ၊ နိုင်ငံတကာလူ့အခွင့်အရေး စည်းမျဉ်းတွေဆိုတာ ဘေးရောက်သလို ဖြစ်လာနေတယ်။ နိုင်ငံတကာ ဥ‌ပဒေမူဘောင်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အဓိကထိန်းကျောင်းတာ အနောက်နိုင်ငံတွေ ဖြစ်တယ်။ အခုဆိုအဲဒီအနောက်နိုင်ငံတွေကိုယ်တိုင် သူတို့အတွင်းမှာတင် သဘောထားကွဲပြားမှုတွေက ညှိနှိုင်းလို့မရအောင်ဖြစ်လာနေတယ်။ အရင်ကအမေရိကန်၊ ဥရောပဆိုတာ ညီညွတ်တယ်။

အမေရိကန်နဲ့ ဥ‌ရောပ စည်းလုံးညီညွတ်မှုက သိသိသာသာ ယိုယွင်းလာ

အမေရိကန်မှာ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥ‌ရောပစည်းလုံးညီညွတ်မှုက သိသိသာသာယိုယွင်းလာတယ်။ လူသိရှင်ကြားကတောက်ကဆတ်ဖြစ်ကြတယ်။ အမေရိကန်နဲ့ ဥရောပအကြားမှာတင်မဟုတ်ဘူး။ အမေရိကန်အတွင်းနဲ့ ဥရောပအတွင်းမှာလည်း အကွဲအပြဲတွေက နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်။ အမေရိကန်နိုင်ငံမှာ အာဏာရရီပတ်ဘလစ်ကင်ပါတီနဲ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီအကြား အားပြိုင်မှုက အရှိန်မြင့်လာနေသလို ဥရောပမှာလည်း အာဏာရလက်ဝဲယိမ်းလစ်ဘရယ်အစိုးရတွေနဲ့ အတိုက်အခံအမျိုးသားရေး လက်ယာစွန်းပါတီတွေအကြား ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာနေတယ်။ အမေရိကန်မှာ ဒီမိုကရက်တွေက ထရမ့်ကို အတော်မုန်းကြတယ်။ တေးထား၊ ကြိမ်းထားတာပေါ့။ မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့။ ထရမ့်ဆိုတဲ့သူကလည်း မိုးရွာရုံတင်မဟုတ်ဘူး။ လေပါတိုက်တာ၊ လေပါတိုက်ရင်းမိုးကြိုးပါပစ်တာ၊ လိုအပ်ရင် လေဆင်နှာမောင်းပါ ထည့်သုံးတာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အပြီး တည်ရှိခဲ့တဲ့ နိုင်ငံတကာအထိုင်ကြီးတစ်ခုလုံးကို ဆွဲဖြုတ်ဖို့အထိ ကြိုးစားလာတယ်။

ဥရောပမှာလည်း လစ်ဘရယ်တွေက လက်ယာစွန်းတွေကို အတော်သတိထားကြတယ်။ တစ်ချိန်က ဂျာမနီက ဟစ်တလာတို့၊ အီတလီက မူဆိုလီနီတို့ဆိုတာ လက်ယာစွန်းဖက်ဆစ်တွေဖြစ်တယ်။ ဒါကြောင့် ဥရောပအစိုးရတွေဟာ လက်ယာစွန်းပါတီတွေ ဘယ်‌လောက်အားကောင်းပါစေ၊ သူတို့ကိုဖယ်ချန်ပြီး အခြားပါတီတွေနဲ့သာ ညွန့်ပေါင်းအစိုးရဖွဲ့လေ့ရှိတယ်။ အခုက ဥရောပမှာ လယ်ယာစွန်းတွေ အားကောင်းလာနေတာကို အသိအမှတ်မပြုလို့မရနိုင်လောက် အောင်ဖြစ်လာနေတယ်။ သူတို့ဆီမှာက ရွေးကောက်ပွဲတွေက လေးနှစ်၊ ငါးနှစ်တစ်ကြိမ်မို့ အပြောင်းအလဲတွေ၊ သဘောထားကွဲမှုတွေက မဆန်းပါဘူးဆိုပေမယ့် အခုက အရင်နဲ့မတူတော့ပါဘူး။ ကမ္ဘာ့ နိုင်ငံ‌ရေးက ပြောင်းနေပါပြီ။ အချိန်တွေကို အများကြီးစောင့်မနေကြတော့ပါဘူး။ အရင်က တစ်ပါတီကနိုင်ရင် သူ့အရင်ပါတီလုပ်ခဲ့ တာတွေဖျက်ပစ်တယ်။ နောက်တစ်ပါတီက ပြန်နိုင်ရင် သူ့အရင်ပါတီလုပ်တာ ဖျက်ပစ်တယ်။ ဘတစ်ပြန်ကျားတစ်ပြန်ပဲ။ အခုကဖျက်ရုံတင်မဟုတ်ဘူး။ အမြစ်ပါလှန်၊ အစပါဖျောက်နေတဲ့သဘောတွေ မြင်နေရပါတယ်။

ဥပဒေတွေကို လိုရာစွဲသုံးလာနေကြပါတယ်။ ကြိုတင်လက်ဦးမှုရယူ၊ အငြိုးတကြီးလုပ်ဆောင်မှုတွေပါ တွေ့လာနေရပါတယ်။ ပေဖြစ်တုန်းခံကြပြီးတူဖြစ်ရင် ထုကြတဲ့သဘောပါပဲ။ ထရမ့်က သူ့အရင် ဘိုင်ဒင်အစိုးရခန့်ထားခဲ့တဲ့ ဖက်ဒရယ်အစိုးရ တာဝန်ရှိသူတွေကို ဖယ်ရှားရှင်းလင်းနေသလို ဂျာမနီမှာလည်း အာဏာရအလယ်အလတ်ဝါဒီ အစိုးရက ရွေးကောက်ပွဲမှာ ဒုတိယအများဆုံးနေရာရခဲ့တဲ့ လက်ယာစွန်း Afd ပါတီကို အစွန်းရောက်တံဆိပ်ကပ်ပြီး တားဆီးပိတ်ပင်ဖို့ ကြိုးစားနေတယ်။ နောက်ဆုံးအားလုံးပျက်သုဉ်းခြင်းဆီအထိ ရောက်သွားနိုင်တာပေါ့။ နောက်ဆုံးနိုင်ငံတွေဟာ စကားတွေသာ လှလှလေးပြောပြီး ကိုယ့်အကျိုး စီးပွားပဲကြည့်ကြတော့မှာပဲ။ ကိုယ်ရှင်သန်အောင်ပဲ ကြိုးစားကြတော့မှာပဲ။ လျင်သူနိုင်စတမ်း၊ လည်သူစားစတမ်းဖြစ်သွားတော့မှာပဲ။ လူ့အခွင့်အရေးတွေပြောရင် ထိုင်ရယ်နေကြလိမ့်မယ်။ မကွဲပြားအောင်လုပ်ရင်းကပဲ ကမ္ဘာကြီးက ပိုပြီးကွဲပြားသွားတယ်။ ဆက်လည်းကွဲပြားနေဦးမယ်။

တစ်ချိန်တုန်းက စစ်အေးတိုက်ပွဲ (Cold War) ဆိုတာ ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်ကနေ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတဲ့ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ မြင့်ခဲ့တယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေဟာ ပြိုင်ဘက်ဆိုဗီယက်ကွန်မြူနစ်တစ္ဆေကြောင့် ညီညွတ်ခဲ့ကြတယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေမှာလည်း သူ့ပြဿနာသူရှိနေပေမယ့် အချိန်ကြာတာနဲ့အမျှ တစ်ဖက်ပြိုင်ဘက် ဆိုဗီယက်ဟာ သူ့ပြဿနာနဲ့သူ လုံးချာလည်လိုက်ပြီး အားနည်းပြိုကွဲသွားခဲ့တယ်။ အခုအချိန်က အရင်လိုမဟုတ်တော့ပါဘူး။

ဆိုဗီယက်ကိုဆက်ခံတဲ့ ရုရှားတို့၊ အာရှကတရုတ်တို့က အချိန်ကြာတာနဲ့အမျှ အားအင်ပြည့်ဖြိုးလာနေပြီး လစ်ဘရယ်ကမ္ဘာဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပက အားနည်းသလိုဖြစ်လာနေပါတယ်။ အင်အားကြီးနိုင်ငံတွေအကြား ပြဿနာတစ်ခုခုဖြစ်လာရင် ကြားဝင်ပေးနိုင်မယ့် အဖွဲ့အစည်းမရှိသလောက်ဖြစ်နေပါတယ်။

UN ဆိုတာလည်း အသံလောက်ပဲရှိပါတော့တယ်။ တုတ်စု၊ ဓားစု၊ လက်နက်စုနေကြတဲ့အချိန် ဖြစ်လာပါတယ်။ တုတ်ကိုင်၊ ဓားကိုင်၊ လက်နက်ကိုင်ပြီး စကားပြောကြတဲ့အခြေအနေ ဖြစ်လာနေပါတယ်။ စကားမပြောခင်ကတည်းက မင်းအဆင့်ကဘာ၊ ငါ့အဆင့်ကဘာဆိုတာ တင်ကြိုသတ်မှတ်တဲ့ သဘောတွေ မြင်တွေ့လာနေရပါတယ်။ ကမ္ဘာကြီးဟာ ကွဲသည်ထက်ကွဲလာနေပါတယ်။ နောင်လည်း ဆက်ကွဲဖို့သာရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။

MOI

နိုင်ငံတကာရေးရာ သုတေသီတစ်ဦး

ပညာရှင်များစောင့်ကြည့်နေကြတဲ့ တရုတ်ရဲ့မျိုးဆက်သစ်တိုက်လေယာဉ်များ
-

hengdu J-36 နဲ့ Shenyang J-50 တို့ဆိုတာက တရုတ်နိုင်ငံရဲ့  နောက်ထပ်မျိုးဆက်သစ်ကိုယ်ပျောက် တိုက်လေယာဉ်များဖြစ်ပါတယ်။ သူတို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ အတိအကျ ဖော်ပြထားခြင်းမရှိတဲ့ နေရာတစ်ခုကနေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီအချိန်မှာပဲ တရုတ်နိုင်ငံရဲ့မျိုးဆက်သစ် တိုက်လေယာဉ်များကို စောင့်ကြည့်နေကြတဲ့လေ့လာသူများက မထင်ထားလောက်အောင် အံ့အားသင့်ခဲ့ရပါတယ်။

သို့ပေမယ့် ဘယ်လိုမျိုးနည်းပညာတွေကိုအသုံးပြုထားတယ်။ ဘယ်လိုစွမ်းဆောင်ရည်တွေရှိတယ်ဆိုတာကိုတော့ ဘယ်သူမှမသိခဲ့ကြပါဘူး။   ခန့်မှန်းပြီးတော့သာတစ်ယောက်တစ်မျိုး ထင်ကြေးပေးခဲ့ ကြတာပါ။

အခုဆိုရင် အဲဒီလေယာဉ်တွေထွက်ပေါ်လာတာ  အချိန်အားဖြင့်  ခြောက်လထဲကိုရောက်လာပါပြီ။ ဒီလေယာဉ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေလည်း တစ်စွန်းတစ်စထွက်ပေါ်လာခဲ့ပါပြီ။ ဒါကြောင့် ပညာရှင်များစိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ တရုတ်ရဲ့အဆင့်မြင့်တိုက်လေယာဉ်များ အကြောင်းနဲ့ပတ်သက်လို့ SCMP ဝက်ဆိုက်မှာဖော်ပြထားတာကို ပြန်လည်လက်ဆင့်ကမ်းဖော်ပြလိုက်ပါတယ်။

Chengdu J-36

သူ့ရဲ့ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီးခေါ်ရမယ်ဆိုရင် "Gingko Leaf" (ကမ္ဘာဦးပင်အရွက်)လို့ခေါ်နိုင်ပေမယ့် ချန်ဒူးလေကြောင်းစက်မှုကော်ပိုရေးရှင်းကထုတ်လုပ်ထားတဲ့လေယာဉ်ရဲ့တရားဝင်အမည် ကထွက်ပေါ်လာခြင်း   မရှိသေးပါဘူး။ လက်ရှိမှာ သူ့ရဲ့အမှတ်အသားနဲ့ နံပါတ်စဉ်ကိုလိုက်ပြီးခေါ်ဝေါ် ထားတာက တော့ Chengdu J-36 ဆိုပြီးဖြစ်ပါတယ်။

ပုံစံအပိုင်းကိုအရင်ပြောရမယ်ဆိုရင် J-36 ကစိန်ပွင့်ပုံစံရှိပါတယ်။ တောင်ပံက တြိဂံပုံစံရှိပါတယ်။ ဒီလိုတောင်ပံပုံစံကြောင့် လေယာဉ်ကအလွန်မြင့်မားတဲ့ အမြန်နှုန်းနဲ့သွားချိန်မှာ ဖြစ်ပေါ်လာတဲ့ လေဆွဲအားကိုလျော့ကျစေပါတယ်။ ပြီးတော့ သူ့မှာနောက်တစ်ခုထူးခြားတာက အမြီးပိုင်းမပါဝင်ပါဘူး။ ဒီလိုပုံစံနဲ့ဒီဇိုင်း ထုတ်ထားခြင်းက  အထူးသဖြင့်  ရေဒါရဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်စေဖို့ ဖြစ်ပါတယ်။

လေယာဉ်တစ်စင်းအတွက်အဓိကကျတဲ့အင်ဂျင်ပိုင်းကိုကြည့်မယ်ဆိုရင် သမားရိုးကျတိုက် လေယာဉ်တွေမှာအများဆုံးအနေနဲ့ အင်ဂျင်နှစ်လုံးပဲပါတာပါ။ ဒါပေမဲ့ J-36   မှာတော့  အင်ဂျင်သုံးလုံးအထိ တပ်ဆင်ထားပါတယ်။ အင်ဂျင်အမျိုးအစားက ဘာဖြစ်မလဲဆိုတာကိုအသေးစိတ် မသိရပေမယ့် လက်ရှိအသုံးပြုလျက်ရှိတဲ့ J-20 တိုက်လေယာဉ်မှာတပ်ဆင်ထားတဲ့ WS-10C Taihang အမျိုးအစား အင်ဂျင် ဒါမှမဟုတ် အင်ဂျင်ရဲ့တွန်းအားညွှန်ရပ် ကိုလိုသလိုပြောင်းလဲနိုင်ပြီး အဆင့်မြှင့်တင်ထားတဲ့ WS-10 အင်ဂျင် သို့မဟုတ် ပိုမိုအဆင့်မြင့်မားပြီး စွမ်းဆောင်ရည်ပိုင်းမှာသာလွန်လှတဲ့ WS-15 Emei ကိုတပ်ဆင်ထားနိုင်ဖွယ်ရှိပါတယ်။ဒီဇိုင်းပိုင်းအနေနဲ့ပြောရရင်သူ့မှာမြင့်မားလှတဲ့ကိုယ်ပျောက် စွမ်းရည် ရရှိစေဖို့ အထူးဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။

J-36 တိုက်လေယာဉ်က ဆဋ္ဌမမျိုးဆက်ဖြစ်တာကြောင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များနဲ့ တစ်မူထူးခြားတာတစ်ခုပါဝင်နေပါတယ်။ အဲဒါကတော့ လေယာဉ်ရဲ့ ပတ်ပတ်လည်မှာ ရေဒါနဲ့လျှပ်စစ်-မျက်မြင်ထောက်လှမ်းရေးကိရိယာတွေ တပ်ဆင်ထားတာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေကိုမြင်ရသလောက်ဆိုရင် J-36 တိုက်လေယာဉ် ကို J-20S လေယာဉ်က ဘေးကနေအတူ ယှဉ်တွဲလိုက်ပါတာကိုတွေ့ရတဲ့အတွက် J-36 ရဲ့အရွယ်အစားကိုလည်း ခန့်မှန်းရလွယ်ကူသွားပါတယ်။ ခန့်မှန်းချက်အရဆိုရင် အလျားက J-20 ရဲ့အလျားဖြစ်တဲ့ ၂၁ မီတာအောက်နဲ့ တောင်ပံအလျား ၃ မီတာအောက်သေးဖို့တော့ မရှိပါဘူး။

ဒါကြောင့် အတိအကျပြောနိုင်တဲ့တစ်ချက် က J-36 ဟာ အကြီးစားတိုက်လေယာဉ် ဖြစ်တဲ့ J-20 ထက်ကိုကြီးမားနိုင်တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။

ဒီလိုမျိုးအရွယ်အစားကြီးမားနိုင်တယ်ဆိုခြင်းကြောင့် သူ့မှာလက်နက်အများ အပြားပိုမိုတပ်ဆင်လာနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ သီအိုရီအရဆိုရင် သူ့ရဲ့ဝမ်းဗိုက်ပိုင်းမှာတပ်ဆင်ထားတဲ့ လက်နက် အိမ်ထဲမှာ  တာဝေးပစ်ဒုံးကျည်ခြောက်စင်းကနေ ရှစ်စင်းအထိသယ်ဆောင်နိုင်ဖွယ်ရှိမှာပါ။ ဘေးတစ် ဖက်တစ်ချက် စီမှာတော့ အသေးစားဒုံးကျည်နှစ်စင်းစီသယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်က လက်ရှိထွက်ပေါ်လာတဲ့ဓာတ်ပုံအရ လေယာဉ်ဦးခန်းထဲမှာထိုင်ခုံနေရာက သမားရိုးကျတိုက် လေယာဉ်တွေလိုမျိုး ရှေ့တစ်ခုံ၊ နောက် တစ်ခုံမဟုတ်ဘဲ ဘေးကပ်ရပ်နှစ်ခုံတွဲပုံစံ ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီလိုပုံစံမျိုးနဲ့သာ အမှန်တကယ်ထွက်ပေါ်လာရင် ဒါကဒရုန်း တွေကိုထိန်းချုပ်ဖို့အတွက်ဖြစ်နိုင်ဖွယ်ရှိပါတယ်။

Shenyang J-50

Chengdu J-36 လိုမျိုးပဲ စွမ်းဆောင်ရည်ပိုင်းမှာယှဉ်ပြိုင်လာနိုင်တဲ့ နောက်ထပ်လေယာဉ်တစ်စင်းက Shenyang J-50  ဖြစ်ပါတယ်။ သူ့ကို ရှန်းယန်းလေယာဉ် ထုတ်လုပ်ရေးကော်ပိုရေးရှင်းက ဖန်တီးထားတာပါ။ သူသည်လည်း J-36 လိုမျိုးပဲ အမြီးပိုင်းမပါတဲ့ တိုက်လေယာဉ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် J-50 က J-36 လိုမျိုး ပျံသန်းမှု   စွမ်းဆောင်ရည်များပါရှိတဲ့ လေယာဉ်တစ်စင်းဖြစ်ပါတယ်။

ဒါပေမဲ့ သူ့မှာအသုံးပြုထားတဲ့အင်ဂျင်ကတော့ နှစ်လုံးတည်းပါပဲ။ J-36 လိုမျိုး သုံးလုံးမဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအရှိဆုံးသော အင်ဂျင်အမျိုးအစားက တွန်းအား ညွှန်ရပ်ကို လိုသလိုပြောင်းလဲထိန်းချုပ်နိုင်စွမ်းရှိတဲ့ WS-10B/C အမျိုးအစားအင်ဂျင်ကိုအသုံးပြုလာနိုင်တယ်လို့ဆိုပါတယ်။

ဒီအင်ဂျင်ကိုအသုံးပြုထားတဲ့အတွက် လေယာဉ်ရဲ့လှုပ်ရှားသွားလာမှုကို ပိုမိုမြန်ဆန်စေမယ့်အပြင် လေယာဉ်ရဲ့ကိုယ်ပျောက်နိုင်စွမ်းကိုလည်း ပိုမိုမြင့်မားစေမှာဖြစ်ပါတယ်။

J-50 ရဲ့အရွယ်အစားကို J-16 နဲ့ယှဉ် ကြည့်လိုက်ချိန်မှာ အရွယ်အစားအားဖြင့် J-16 နဲ့အတူတူ ဖြစ်နေပေမယ့် တောင်ပံအလျားမှာတော့ J-50 ကပိုမိုရှည်လျား တာကိုတွေ့ရပါတယ်။ ဒါ့အပြင် J-50 ရဲ့ အရွယ်အစားက J-36 လောက်ကြီးမားခြင်းမရှိတဲ့အတွက် သူ့ကိုလေယာဉ်တင် သင်္ဘောပေါ်မှာ တင်ဆောင်အသုံးပြုသွား နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

လေယာဉ်ရဲ့ဝမ်းဗိုက်အောက်မှာ အချိုး ညီမျှစွာတည်ရှိနေတဲ့ လက်နက်အိမ်နှစ်ခုက တရုတ်နိုင်ငံရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးသော  ဝေဟင်မှ  ဝေဟင်တာဝေးပစ်ဒုံးကျည်ဖြစ်တဲ့ PL-17 ကိုတင်ဆောင်ဖို့ အထိအရွယ်အစားကြီးမားတာကိုမြင်ရပါ တယ်။ PL-17 ဒုံးကျည်ဆိုတာ ရေဒါလမ်း ညွှန်စနစ်သုံး ဝေဟင်မှဝေဟင်ပစ်ဒုံးကျည် တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် J-50 ဟာ ပစ်ကူပေးရေးနဲ့ဝေဟင် ကာကွယ်ရေးမှာ မြင့်မားတဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင် စေမယ်လို့‌ မျှော်မှန်းရပါတယ်။

ချန်ဒူးကုမ္ပဏီနဲ့ ရှန်းယန်းကုမ္ပဏီတို့သာမက တခြားတာဝန်ရှိသူများကလည်း J-36 နဲ့ J-50 တိုက် လေယာဉ်နှစ်စင်းစလုံးရဲ့အချက်အလက်တွေနဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာ ပေးထားခြင်း မရှိပါဘူး။

ဒါကြောင့် ဒီလေယာဉ်တွေထွက်ပေါ်လာမယ့်အချိန်၊ တပ်တော်ဝင်နိုင်မယ့်အချိန်၊ ထုတ်လုပ်သွားမယ့်အရေအတွက် အစရှိတာတွေနဲ့ပတ်သက်လို့ ဘာတစ်ခုမှမသိရသေးပါဘူး။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတာနဲ့အမျှစစ်လက်နက်နည်းပညာပိုင်းမှာလည်း ကိုယ့်အားကိုယ်ကိုးလာတာကြာနေပါပြီ။ လေယာဉ်တွေကို ကိုယ်တိုင်ထုတ်လုပ်တယ်။ လေယာဉ်တင်သင်္ဘောတွေကို ကိုယ်တိုင်ထုတ်လုပ်တယ်။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ အသံနှုန်းလွန် ဒုံးကျည်တွေကိုလည်း ကိုယ်တိုင်ပဲထုတ်လုပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။   တစ်နည်းပြောရရင် စစ်လက်နက်နည်းပညာပိုင်းမှာ တခြားပြိုင်ဘက်နိုင်ငံတွေထက်ခြေတစ်လှမ်း နောက်ကျနေခြင်း မရှိဘဲ အမီလိုက်နိုင်နေတာကို တွေ့ရပါတယ်။

ဒီအချိန်မှာ အံ့ဩမင်သက်လောက်စရာကောင်းတဲ့ တိုက်လေယာဉ်နှစ်စင်းထွက်ပေါ်လာတာက ပြိုင်ဘက်နိုင်ငံတွေအပေါ်ကျော်လွန်သွားစေနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။

အစောပိုင်းတုန်းကတော့ ရှေ့ပြေးပုံစံတူ လေယာဉ်တွေကိုစမ်းသပ်ပျံသန်းနေရာမှ လေ့လာစောင့်ကြည့် သူတွေကသတိထားမိပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုစူးစမ်းလေ့လာရင်း အခုလိုမျိုး အချက်အလက်တွေကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့များတရားဝင် ထုတ်ပြန်ချက်တွေထွက်လာရင် အခုလေယာဉ်နှစ်စင်းဟာ တရုတ်နိုင်ငံရဲ့ဝေဟင်အရေးသာမှုကို ဦးဆောင်မယ့် လေယာဉ်များဖြစ်လာမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။     ။

Ref: SCMP

ကိုထက်

ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး
-

နှစ်စဉ် ဇွန်လ ၅ ရက်ရောက်တိုင်း ကုလသမဂ္ဂကဦးဆောင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ လူထုလှုပ်ရှားမှုတွေပြုလုပ်ကြတဲ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ အထင်ကရနေ့တစ်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့စတဲ့ရည်ရွယ်

နှစ်စဉ် ဇွန်လ ၅ ရက်ရောက်တိုင်း ကုလသမဂ္ဂကဦးဆောင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ လူထုလှုပ်ရှားမှုတွေပြုလုပ်ကြတဲ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ အထင်ကရနေ့တစ်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကျင်းပကြတာ ဖြစ်ပါ တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၇၂ ခုနှစ် ဇွန်လ ၅  ရက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အလွန်အရေးပါတဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံ (UN Conference on the Human Environment)ကို ကမ္ဘာ့ကုလသမဂ္ဂကကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။

အဲဒီညီလာခံကြီးဟာ ကမ္ဘာ့နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပူးပေါင်းလာစေဖို့ စတင်တွန်းအားပေးလိုက်တဲ့ ညီလာခံကြီးဖြစ်ပြီး အဆိုပါညီလာခံ ကျင်းပခဲ့တဲ့ ဇွန်လ ၅ ရက်ကို  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါ တယ်။ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)အနေနဲ့ ၁၉၇၄ ခုနှစ်ကစပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်တွေကို သတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အထိမ်း အမှတ်အခမ်းအနားတွေကိုတော့ ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိမြို့ကြီးတွေမှာ နှစ်စဉ် လှည့်လည်ကျင်းပခဲ့ကြပါတယ်။ ယခု ၂၀၂၅ ခုနှစ်မှာတော့ ကမ္ဘာ့အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသွားမှာဖြစ်ပါတယ်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး  စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally)” ဖြစ်ပါတယ်။

ဆောင်ပုဒ်၏ ရည်ရွယ်ချက်

အဆိုပါဆောင်ပုဒ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ ကျွန်ုပ်တို့မှီခိုရှင်သန်ရာသဘာဝပတ်ဝန်းကျင် သန့်ရှင်းကျန်းမာဖို့အတွက် ကမ္ဘာပေါ်မှာ တစ်နေ့တခြားဆိုးရွားလာနေတဲ့ ပလတ်စတစ်ညစ်ညမ်းမှု တွေကို အဆုံးသတ်တိုက်ဖျက်သွားမယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တစ်ခုပေါ်ထွက်လာပြီး အနာဂတ်ကာလမှာ ပိုမိုကောင်းမွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်လာစေရေး အစိုးရအဖွဲ့အစည်း တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေအားလုံး စုပေါင်းအားနဲ့ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ထားတာပဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်  နိုဝင်ဘာလကကိုရီးယားသမ္မတနိုင်ငံမှာကျင်းပခဲ့တဲ့ အဏ္ဏဝါပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ အစိုးရချင်းညှိနှိုင်းရေးကော်မတီရဲ့ ပဉ္စမအကြိမ်မြောက် အစည်း အဝေးမှာနိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိတဲ့ သဘော တူညီချက် တစ်ခုပေါ်ထွန်းလာစေရေး ကြိုးပမ်းချက်တွေကိုယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က  အသိ အမှတ်ပြု မီးမောင်းထိုးထင်ဟပ်စေမှာ ဖြစ်ပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်

ယနေ့ ကမ္ဘာပေါ်ကလူသားတွေ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကျပ် အတည်းပြဿနာ (၃)ရပ်ကတော့ ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်း၊  ဇီဝမျိုးစုံမျိုးကွဲတွေမျိုးသုဉ်း ပျောက်ကွယ်လာခြင်းနဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းဆိုတဲ့ အချက်သုံးချက်ဖြစ်ပါတယ်။

ပလတ်စတစ်စွန့်ပစ်အမှိုက်တွေဟာလည်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းရဲ့ အဓိကစိန်ခေါ်မှု တစ်ခု ဖြစ်နေပြီး သက်ရှိသတ္တဝါတွေ ရှင်သန်ရပ်တည်ရေး၊ နိုင်ငံသားအားလုံးရဲ့ကျန်းမာရေးနဲ့ ရေရှည်စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် များစွာခြိမ်းခြောက်လျက်ရှိလာပါတယ်။ ကမ္ဘာ့လူဦးရေတိုးပွား လာခြင်းနဲ့အတူ နည်းပညာတွေဖွံ့ဖြိုးလာပြီး လူနေမှုအဆင့် အတန်းနဲ့ နေထိုင်မှုပုံစံတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပလတ်စတစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး လူသားတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့ပါ တယ်။ သစ်သား၊ သတ္တု၊ ဖန်ထည်၊ ကြွေထည်၊ မြေထည် စတာတွေနဲ့ပြုလုပ်ထားတဲ့  ကုန်ပစ္စည်းတွေထက် ပလတ်စတစ်ရဲ့ထူးကဲသာလွန်ပြီး   စွဲမက်စရာကောင်းတဲ့ဂုဏ်သတ္တိတွေကြောင့် လူ့ပတ်ဝန်းကျင်နေရာ အနှံ့မှာလွှမ်းမိုးနေရာယူလာပါတယ်။ ထုတ်လုပ်သုံးစွဲကြရာမှာ ထိန်းချုပ်မှုအားနည်းခြင်းနဲ့ စည်းကမ်းမဲ့ မဆင်မခြင်စွန့်ပစ်တာတွေကြောင့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများစွာကိုယနေ့အချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ဖွယ်ရာတွေ့ကြုံရင်ဆိုင်လာကြရပါတယ်။

ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှုအခြေအနေ

ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၂၃ ခုနှစ်စာရင်းတွေအရ တန်ချိန်သန်းပေါင်း ၄၀၀ ကျော် အထိ ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၀၀ ပြည့်နှစ်က တန်ချိန် သန်းပေါင်း ၂၃၄ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ တန်ချိန်သန်းပေါင်း ၄၆၀ အထိ ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ နှစ်ဆမြင့်တက်လာခဲ့ပြီး ဒီပမာဏအတိုင်းသာ ထုတ်လုပ်မှုတွေ ဆက်လက် တိုးတက်နေဦးမယ်ဆိုရင် လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ တန်ချိန် သန်းပေါင်း ၁၁၀၀ အထိ ရောက်ရှိလာနိုင်ပါတယ်။ ဒါဟာ အဆမတန်များပြားလွန်းလှတဲ့   စိုးရိမ်ဖွယ်ရာ ထုတ်လုပ်မှုပမာဏဖြစ်နေပါတယ်။

ထုတ်လုပ်မှုအားလုံးရဲ့ ထက်ဝက်ခန့်ဟာလည်း တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ဖြစ်ကြောင်း သိရှိရပါတယ်။ တစ်ခါသုံးပလတ်စတစ်ဆိုတာ တစ်ကြိမ်တစ်ခါသာအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေ၊ ပလပ်စတစ်ပိုက်တွေ၊ ပလတ်စတစ်ပုလင်းတွေ၊ ဖော့ဘူးတွေ၊ ကြွပ်ကြွပ် အိတ်တွေနဲ့ အစားအစာထုပ်ပိုးရာမှာအသုံးပြုတဲ့ ပလတ်စတစ်ပစ္စည်းမျိုးစုံကိုဆိုလိုတာ ဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေဟာ သယ်ယူရလွယ်ကူပြီး ထုပ်ပိုးရာမှာ ပေါ့ပါးခိုင်ခံ့ပါတယ်။ စျေးနှုန်းအလွန်ချိုသာပြီး စွန့်ပစ်ရင်လည်းလွယ်ကူပါတယ်။ ဒီအချက်တွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ တစ်ခါသုံးပလတ်စတစ်တွေကို တွင်တွင်ကျယ်ကျယ် လူကြိုက်များ အသုံးပြုလျက် ရှိနေကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ပလတ်စတစ်မူလကုန်ကြမ်း(ကော်စေ့ကုန်ကြမ်း) ၄၀၀ တန်ခန့် ပြည်ပမှ နှစ်စဉ်တင်သွင်းလျက်ရှိပြီး အဆိုပါတင်သွင်းမှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ်မြင့် တက်လာနေကြောင်း  ပလတ်စတစ်လုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

ပလတ်စတစ် စွန့်ပစ်မှုအခြေအနေ

ယနေ့အချိန်အခါမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အလွန်အန္တရာယ်ကြီးမားလှတဲ့ ပတ်ဝန်းကျင် ဆိုင်ရာပြဿနာတစ်ရပ် ဖြစ်လာနေပါပြီ။ ကမ္ဘာပေါ်က ထွက်ရှိလာသမျှ စွန့်ပစ်အမှိုက်မျိုးစုံစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းဟာ ပလတ်စတစ်တွေပဲ ဖြစ်လို့နေပါတယ်။ နှစ်စဉ် ပလတ်စတစ် အမှိုက်တန်ချိန် သန်းပေါင်း ၃၅၀ ခန့် ပတ်ဝန်းကျင်ရှိ ရေ၊ မြေကြီးထဲကို စွန့်ပစ်လျက်ရှိနေကြပါတယ်။  ဒီလို စွန့်ပစ်နေမှုအနက်က ပလတ်စတစ်တန်ချိန် ၉ သန်းမှ ၁၄ သန်းအထိဟာ ပင်လယ်သမုဒ္ဒရာထဲကို နှစ်စဉ်စီးဝင်ရောက်ရှိနေပါတယ်။ အဏ္ဏဝါပင်လယ်ပြင်ထဲက အမှိုက်သရိုက်တွေကို အမျိုးအစား ခွဲခြား ကြည့်ရင် ၈၅ ရာခိုင်နှုန်းဟာ ပလတ်စတစ်စွန့် ပစ်ပစ္စည်း တွေချည်း ဖြစ်နေပါတယ်။

ဒါတွေဟာ ကုန်းမြေပေါ်က အခြေပြုရောက်ရှိလာတာ အများဆုံးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လူတွေဟာ တစ်မိနစ်တိုင်းမှာ ရေနဲ့အချိုရည်ထည့်တဲ့ ပလတ်စတစ်ဘူးပေါင်း တစ်သန်းကျော်  ဝယ်ယူ သောက်သုံး၍ စွန့်ပစ်နေကြကြောင်းနဲ့ တစ်နှစ်မှာ ပလတ်စတစ်အိတ်ပေါင်း ၅ ထရီလီယံကျော် သုံးစွဲနေကြကြောင်း ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဧရာဝတီမြစ်ထဲကို ပလတ်စတစ်အမှိုက်တန်ချိန် ၁၁၉ တန်ခန့် နေ့စဉ်နဲ့အမျှ ရောက်ရှိနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။ သတိပြုဆင်ခြင်ရမယ့် စွန့်ပစ်မှုပမာဏ ဖြစ်ပါတယ်။

ပလတ်စတစ်၏ ဆိုးကျိုးများ

တစ်ခါသုံးပလတ်စတစ်ထုတ်ကုန်ပစ္စည်းတွေရဲ့ ၉၈ ရာခိုင်နှုန်းကို  ရေနံ၊ သဘာဝဓာတ်ငွေ့စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်တဲ့ သဘာဝသယံဇာတအရင်းအမြစ် တွေကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပလတ်စတစ်ပစ္စည်းတွေဟာ စတင်ထုတ်လုပ်တဲ့ အဆင့်၊ အသုံးပြုတဲ့အဆင့်မှသည် စွန့်ပစ်တဲ့အဆင့်အထိ  ၎င်းရဲ့ သက်တမ်းကာလတစ်လျှောက်လုံးမှာ ဆိုးကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါတယ်။

ပထမဦးစွာ ပလတ်စတစ်တွေ စတင်ထုတ်လုပ်တဲ့အချိန်မှာ ဘေးထွက်ပစ္စည်းအဖြစ် ကာဗွန်ဒိုင် အောက်ဆိုက်၊ မီသိန်း စတဲ့ဓာတ်ငွေ့အမျိုးမျိုးထုတ်လွှတ်တာကြောင့် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ထွက်ရှိလာတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာ့ပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကို ပိုမိုတွန်းအားပေးဖြစ်ပေါ်စေပါတယ်။

ရုပ်ကြွင်းလောင်စာတွေအသုံးပြုထားတဲ့ ပလတ်စတစ်ထုတ်လုပ်မှုတွေကတစ်ဆင့် လေထုထဲကို မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ကမ္ဘာ့ကာဗွန်စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းအထိ တိုးပွားနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။

ဒုတိယအနေနဲ့ အသုံးပြုတဲ့အဆင့်မှာ ပလတ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့်  လူသားတွေကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ပူလောင်တဲ့အစားအသောက်တွေကို ကြွပ်ကြွပ် အိတ်နဲ့ တစ်ခါသုံးပလတ်စတစ်တွေထဲကို ထုပ်ပိုးသယ်ဆောင် ကြတဲ့အခါ ပလတ်စတစ်မှာပါဝင်တဲ့ ခဲဓာတ်၊ အဆိပ်ဓာတ်နဲ့ အရောင်ဆိုးဆေးတွေဟာ အပူနဲ့ထိတွေ့မိပြီး  အစားအစာထဲကို ပုံမှန်ထက် ပိုမိုလျင်မြန်စွာစိမ့်ဝင်ကာ ကင်ဆာရောဂါ အပါအဝင် လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။

တတိယအချက်အနေနဲ့ အသုံးပြုပြီးနောက် စွန့်ပစ်တဲ့အဆင့်မှာလည်း ပလတ်စတစ်အမှိုက်တွေကို စနစ်တကျမစွန့်ပစ်ပါက  မြို့၊  ရွာရဲ့ သန့်ရှင်းသာယာလှပမှုကို အရုပ်ဆိုးအကျည်းတန်စေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေပါတယ်။ ပလတ်စတစ်ပစ္စည်းတွေရဲ့ဓာတ်ဖွဲ့စည်းမှုအရ မြေကြီးထဲမှာ သဘာဝအလျောက်မပျက်စီးလွယ်ဘဲ နှစ်ပေါင်းရာနဲ့ချီကြာမှသာ ပြိုကွဲဆွေးမြည့်နိုင်တဲ့အတွက် သဘာဝမြေဆီလွှာတွေကို ထိခိုက်ပျက်စီးစေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ သစ်တော/  သစ်ပင်တွေ  ရှင်သန်ပေါက်ရောက်မှုကို များစွာထိခိုက်စေရပါတယ်။ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ ပလတ်စတစ် အမှိုက်တွေဟာ ကုန်းမြေပေါ်ကတစ်ဆင့် ရေမြောင်းတွေ၊ မြစ်ချောင်းတွေရဲ့ စီးဆင်းမှုတွေကို ပိတ်ဆို့ သွားပြီး မြို့လယ်ခေါင်မှာပင် ရေကြီးရေလျှံမှုတွေ မကြာခဏမြင်တွေ့ကြရပါတယ်။ ပလတ်စတစ် စွန့်ပစ်အမှိုက်တွေဟာ ရေထုညစ်ညမ်းစေပြီး အဖိုးတန်ရေချိုသယံဇာတတွေ ဆုံးရှုံးစေနိုင်ပါတယ်။ မြစ်ချောင်းတွေကတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲကိုရောက်ရှိသွားတဲ့အခါမှာလည်း အဏ္ဏဝါ ညစ်ညမ်းမှုနဲ့ အဏ္ဏဝါဂေဟစနစ်တွေ ထိခိုက်ပျက်စီးကြရပါတယ်။ ပင်လယ်သမုဒ္ဒရာတွေထဲက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ ရေနေသတ္တဝါတွေကို တွယ်ငြိမိခြင်း၊ သေးငယ်တဲ့ ပလတ်စတစ်အပိုင်းအစတွေကို ရေနေသတ္တဝါတွေက စားသုံးမိကြတဲ့အတွက် အစာချေဖျက်မှုဆိုင်ရာပြဿနာတွေနဲ့ သေဆုံးမှုတွေ ဖြစ်ပွားကြရပါတယ်။ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကိုမီးရှို့ဖျက်ဆီးပါကလည်းအီသိုင်လင်းအောက်ဆိုက်၊ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင် စတဲ့အဆိပ်ဓာတ်ငွေ့တွေထွက်ရှိလာပြီးလေထု ညစ်ညမ်းမှုကိုဖြစ်စေတဲ့အပြင်အဆိုပါဓာတ်ငွေ့တွေကို ရှူရှိုက်မိတဲ့သူရဲ့ သွေးနဲ့ဆီးထဲအထိရောက်ရှိသွားနိုင်ပြီး ကင်ဆာကဲ့သို့ ရောဂါအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။      

ဒါကြောင့် ကုန်းမြေပေါ်မှာသာမက ရေထုနဲ့လေထုထဲအထိပါ ကောင်းကျိုးတစ်ခုမျှမပြုတဲ့ ပလတ်စတစ်ပစ္စည်းတွေဟာ ထုတ်လုပ်တဲ့အဆင့်မှသည် အသုံးပြုပြီး စွန့်ပစ်တဲ့အဆင့်အထိ ကာလတစ်လျှောက်လုံးမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းစေရုံမျှမက သက်ရှိသတ္တဝါတွေအားလုံးအပေါ် ဆိုးကျိုး အန္တရာယ်တွေ သက်ရောက်စေနိုင်ပါတယ်။

မိုက်ခရိုပလတ်စတစ် (Microplastics)မိုက်ခရိုပလတ်စတစ်လို့ခေါ်ကြတဲ့ အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှားတွေဟာ အရွယ်အစားအနေနဲ့   ၅ မီလီမီတာအောက်သာရှိပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ  လေနဲ့ရေထဲမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးခြင်းနဲ့ ပလတ်စတစ်ပစ္စည်းတွေ စတင်ထုတ်လုပ်စဉ်က ထွက်ရှိလာကြတာ ဖြစ်ပါတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ Microplastics အရွယ်အစားအထိ တစ်စတစ်စပြိုကွဲပျက်စီးသွားရင်တောင် ပလတ်စတစ်ထဲမှာပါတဲ့ ဆိုးရွားတဲ့ ဓာတ်ဂုဏ်သတ္တိတွေဟာ ပျောက်ပျက်မသွားပါဘူး။ ယနေ့အချိန်အခါမှာ Microplastics တွေဟာ ပင်လယ်သမုဒ္ဒရာတွေ၊ မြစ်ချောင်းတွေ၊ လေထုအတွင်းနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အစားအစာ တွေထဲထိ အောင် နေရာတကာမှာ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပါတယ်။ စွန့်ပစ်ရေဆိုးသန့်စင်တဲ့ စက်ရုံတွေမှာတောင် Microplastics အမှုန်အမွှားတွေကို   စစ်ထုတ်သန့်စင်ဖို့ခက်ခဲနေကြပါတယ်။

Microplastics တွေကို ရေနေသတ္တဝါတွေက သူတို့ရဲ့အစားအစာအမှတ်နဲ့  မှားယွင်းစားသုံးမိနေကြလို့ အဏ္ဏဝါမျိုးစိတ်ပေါင်း ၁၁၄ မျိုးရဲ့ခန္ဓာကိုယ်ထဲမှာ Microplastics တွေကို တွေ့ရှိနေရကြောင်း သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ Microplastics တွေပါဝင်နေတဲ့ ညစ်ညမ်းရေ၊ လေနဲ့အစား အစာ တွေကတစ်ဆင့် နောက်ဆုံးမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲအထိ ထိုးဖောက်ရောက်ရှိလာကြပါတယ်။ ဒါကြောင့် Microplastics တွေကို ပင်လယ်ထဲက အသံတိတ်လူသတ်သမားဟုပင် ခေါ်ဆိုလာကြပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ    လူတစ်ဦးဟာ တစ်နှစ်မှာ Microplastics အမှုန်အမွှား ခန့်မှန်း ၃၉၀၀၀ မှ ၅၂၀၀၀ အထိအစာလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကိုရောက်ရှိနိုင်ပါတယ်။ ဒါ့အပြင် အသက် အရွယ်ပေါ်မူတည်ပြီး Microplastics အမှုန်အမွှား ၇၄၀၀၀ မှ ၁၂၁၀၀၀ အထိ အသက်ရှူလမ်း ကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။  လူသားတွေရဲ့အဆုတ်နဲ့ သွေးထဲမှာ သာမက ကိုယ်ဝန်ဆောင်မိခင်တွေရဲ့အချင်းထဲအထိပါ Microplastics တွေကို တွေ့ရှိနေရကြောင်း သုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဆိုးကျိုးအနေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အဆုတ်ပျက် စီးခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အာရုံကြောရောဂါဖြစ်ခြင်း၊ လေဖြတ် ခြင်းနဲ့ မျိုးပွားမှုထိခိုက်ခြင်း စတဲ့ရောဂါဝေဒနာတွေ ဖြစ်ပွားနိုင်ပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်မှုများလက်ရှိအချိန်မှာ ပလတ်စတစ် ညစ်ညမ်းမှုဟာ အရေးတကြီးကိုင်တွယ်ဖြေရှင်းရမယ့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့ အတွက် ကမ္ဘာတစ်ဝန်းလုံးမှာ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အထူး အလေး ထားလုပ်ဆောင်နေကြပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံ (United Nations Environment Assembly-UNEA-5.2) ရဲ့ ဆုံးဖြတ်ချက်အမှတ်(၅/၁၄)မှာ  ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် ပေါ်ပေါက်လာစေရေး End Plastic Pollution: Towards an International Legally Binding Instrument ကို အတည်ပြုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ  ဘန်ကောက်မြို့မှာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းကကျင်းပခဲ့တဲ့ (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက် ကြေညာ စာတမ်းနှင့် အာဆီယံမူဘောင်ကို သဘောတူချမှတ်ခဲ့ကြပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဒေသတွင်း လုပ်ငန်းအစီအစဉ်တွေမှာ အခြားအာဆီယံနိုင်ငံတွေနည်းတူ လက်တွဲပူးပေါင်းဆောင်ရွက် လျက်ရှိနေပါ တယ်။

ဂျပန်-အာဆီယံပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ရဲ့ နည်းပညာအထောက်အပံ့နဲ့ မြန်မာနိုင်ငံမှာ “Strengthening Capacity for Marine Debris Reduction in ASEAN region through formulation of National Action Plans for ASEAN Member States and Integrated Land-to-Sea Policy Approach (Phase-2)” စီမံကိန်းကိုဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (National Plastic Management Action Plan-NPMAP) ကို ရေးဆွဲခဲ့ပြီး  ယခုအခါ အတည်ပြုထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ  လုပ်ငန်းအစီအစဉ်ရဲ့   အဓိကမျှော်မှန်း ချက်ကတော့ ပလတ်စတစ်တွေ စတင်ထုတ်လုပ်မှုမှသည် ၎င်းရဲ့သက်တမ်းတစ်လျှောက်မှာ အရင်းအမြစ်တွေကို အကျိုးရှိစွာအသုံးချနိုင်တဲ့ ပတ်လည်စီးပွားရေးစနစ် ပေါ်ပေါက်လာစေရေး တွန်းအားပေးခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်စေရေးပင်ဖြစ်ပါတယ်။

ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများနယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းနှင့်  စွန့်ပစ်ခြင်းကို ထိန်းချုပ်ရေးဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်းရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ တင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်တွေမှာကွန်ဗင်းရှင်းပါ ကတိကဝတ်တွေနဲ့အညီသက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စနစ်တကျထိန်းချုပ် ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ကာ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့နဲ့ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကို ဦးစားပေးစီမံခန့်ခွဲနိုင်ဖို့ အလေးထား ဆောင်ရွက် လျက်ရှိနေပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းထားရှိပြီး အဆိုပါကော်မတီများအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချနိုင်ဖို့အတွက် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြပါ တယ်။

လိုက်နာဆောင်ရွက်ရမည့် အချက်များ

အစားအစာထုပ်ပိုးရာကစလို့ယာဉ်၊ လူ့အသုံးအဆောင်၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းအမျိုးမျိုးတို့အထိ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်အသုံးပြုနေကြရတဲ့ပလတ်စတစ်တွေကို ကျွန်ုပ်တို့လူ့ပတ်ဝန်းကျင်ကနေလုံးဝဖယ်ထုတ်ပစ်လို့ မရနိုင်ပေမယ့် ပလတ်စတစ်ညစ်ညမ်းမှုကိုတော့စနစ်ကျတဲ့နည်းလမ်းကောင်းတွေနဲ့အတူသေချာပေါက်ကန့်သတ်ထိန်းချုပ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိနေသလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထုတို့ဟာတက်ကြွစွာစု‌ပေါင်းဆောင်ရွက်ကြဖို့ လွန်စွာအရေးကြီးလှပါတယ်။

နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့သင့်လျော်တဲ့       ပလတ်စတစ်ဆိုင်ရာစည်းမျဉ်း စည်းကမ်း၊ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြဋ္ဌာန်းပြီး သက်ဆိုင်ရာဌာနတွေက   ထိထိရောက်ရောက် အကောင်အထည်ဖော်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်  ရေရှည်အတွက်ကောင်းမွန်ပြီး စနစ်ကျတဲ့စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတွေဟာ  ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါ တယ်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အမှိုက်ခွဲခြားစွန့်ပစ်တဲ့စနစ်နဲ့ အမှိုက်ခွဲခြားသိမ်းဆည်းတဲ့စနစ်တို့ကိုလည်း ပိုမိုတိုးတက် ကောင်းမွန်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ အသိပညာပေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရင်း ရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုနဲ့စားသုံးမှုပုံစံတွေ မြှင့်တင်ပေးဖို့၊ တစ်ခါသုံးပလတ်စတစ်တွေကို လျှော့ချနိုင်ဖို့နဲ့ Recycle လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ထောက်ပံ့တွန်းအား ပေးကြရမှာဖြစ်ပါတယ်။

ပလတ်စတစ်ထုတ်လုပ်သူ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ နည်းလမ်းတွေနဲ့  တာဝန်ယူစီမံဆောင်ရွက်ကြရပါမယ်။ အလွယ်တကူ ဆွေးမြည့်နိုင်တဲ့ Bio-degradable Plastics တွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းခြင်း၊ တစ်ခါသုံးပလတ်စတစ်အစားထိုးပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဈေးဆိုင်တွေမှာတစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ အခမဲ့ပေးခြင်းကိုရှောင်ရှားခြင်းနဲ့ အသုံးပြုလိုပါက သီးခြားအဖိုးအခကောက်ခံခြင်း စတဲ့အချက်တွေကို အလေးထားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ထုတ်လုပ်သူက  တာဝန်ယူဖြေရှင်းဆောင်ရွက်ရမယ့် သတ်မှတ်ချက်(Extended Producer Responsibility- EPR)ကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လည်း အရေးကြီးပါတယ်။ ဒါ့အပြင် ယနေ့ကမ္ဘာပေါ်မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို     ပြန်လည်ပြုပြင်သုံးစွဲနှုန်း(Recycling Rate)ဟာ   ပလတ်စတစ်ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း အောက်သာရှိနေသေးတဲ့အတွက် Recycle လုပ်ငန်းတွေ ပိုမိုအားကောင်းလာဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။  စွန့်ပစ်ပစ္စည်းထွက်ရှိမှုအနည်းဆုံးနဲ့ ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့ ပတ်လည်စီးပွားရေးစနစ်(Circular Economy)ကိုအကောင်အထည်ဖော်ကြဖို့လည်း အထူးလိုအပ်လှပါတယ်။ ပတ်လည်စီးပွားရေးစနစ်ကိုသာ အသွင်ကူးပြောင်းလုပ်ဆောင်နိုင်မယ်ဆိုရင် လာမယ့် ၂၀၄၀  ပြည့်နှစ်မှာ  ပင်လယ်သမုဒ္ဒရာတွေထဲကို ရောက်ရှိလာမယ့် ပလတ်စတစ်ထုရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ပလတ်စတစ်ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းခန့်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်တို့ပြည်သူတွေကလည်း အစားအသောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုပ်ပိုးသယ်ဆောင်ကြတဲ့အခါ ဟိုယခင်နှစ်ပေါင်း ၃၀ ကျော်ခန့်က မိရိုးဖလာအသုံးပြုခဲ့တဲ့ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်တို့အပြင် ကိုယ်ပိုင်ထမင်းချိုင့်၊ ထမင်းဘူး၊ ဓာတ်ဘူး၊ ရေဘူး၊ လက်ဆွဲခြင်း၊ ချည်နဲ့ ပြုလုပ်ထားတဲ့ ဈေးဝယ်အိတ်စတာတွေကိုအသုံးပြုပြီး တစ်ခါသုံးပလတ်စတစ်တွေ သုံးစွဲမှုကို လျှော့ချခြင်း(Reduce)၊ ပြန်လည်အသုံးပြုခြင်း(Reuse)နဲ့  ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း(Recycle) ဆိုတဲ့ 3R နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ ပလတ်စတစ်အစားထိုးပစ္စည်းတွေကို သုံးစွဲရင်း တစ်ခါသုံးပလတ်စတစ်တွေကို ငြင်းဆန်ခြင်း(Reject)နဲ့ပြန်လည်ပြုပြင်ထုတ်လုပ်တဲ့နေရာတွေဆီကို ပို့ဆောင်ခြင်း(Return) စတဲ့အချက်တွေကိုလည်း အလေးထားလိုက်နာဆောင် ရွက်ကြရပါမယ်။ အမှိုက်တွေကို လဟာပြင်မီးရှို့ခြင်းနဲ့ မြစ်ချောင်းတွေထဲကို တိုက်ရိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။ မိမိတို့သုံးစွဲလိုက်တဲ့ ပလတ်စတစ် အပါအဝင် အခြားစွန့်ပစ်အမှိုက်တွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျစွန့်ပစ်ကြရမှာဖြစ်ပါတယ်။ ဒီလို လူတိုင်းအလွယ်တကူလုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေကို နေ့စဉ်နဲ့အမျှ အလေ့အကျင့်ဖြစ်လာတဲ့အထိ ကျင့်သုံးလိုက်နာကြရပါမယ်။ ကမ္ဘာမြေကြီးအတွက် စိုးရိမ်ပူပန်စရာ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေက ကျွန်ုပ်တို့ရဲ့ လက်ဝယ်မှာ အသင့်ရှိနေပြီး  လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ကြဖို့ပဲ လိုအပ်ပါတယ်။ 

တိုက်တွန်းနှိုးဆော်ချက်

ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍနဲ့  ကျွန်ုပ်တို့ပြည်သူအားလုံးက လက်တွဲညီညီပူးပေါင်းပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြဖို့ အချိန်တန်ပါပြီ။ ကြွပ်ကြွပ်အိတ်အပါအဝင် တစ်ခါသုံးပလတ်စတစ်တွေကို မဆင်မခြင်ဆက်လက်ထုတ်လုပ်သုံးစွဲစွန့်ပစ်နေသမျှကာလပတ်လုံး ကမ္ဘာပေါ်က ပလတ်စတစ်ညစ်ညမ်းမှုဟာ တစ်နေ့တခြား  ဆက်လက်တိုးပွားနေဦးမှာဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်သုံးစွဲမှုကိုလျှော့ချနိုင်ဖို့နဲ့ ရေရှည်စဉ်ဆက်မပြတ်ဖြစ်တဲ့ အခြားနည်းလမ်းကောင်းတွေကိုလည်း အတူတကွပူးပေါင်းရှာဖွေဖော်ထုတ်ကြရပါမယ်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပြီး ကောင်းမွန်ခိုင်လုံတဲ့ စီမံခန့်ခွဲမှုစနစ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ လက်တွဲညီညီလိုက်နာအကောင်အထည်ဖော်သွားကြရရင် အောင်မြင်မှုမလွဲမသွေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့လူသားတွေ ရှင်သန်နေထိုင်ရာ တစ်ခုတည်းသော ဤကမ္ဘာမြေကြီးစိမ်းလန်းသာယာပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် ပျော်ရွှင်စရာကမ္ဘာမြေအဖြစ် လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ကြစေဖို့ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူလူထုတစ်ရပ်လုံးက စုပေါင်းအားနဲ့ ပူးပေါင်းပါဝင်ကြပါလို့ အလေးအနက်တိုက်တွန်းရင်း ၂၀၂၅ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုဂုဏ်ပြုကြိုဆိုအပ်ပါတယ်။   ။ 

MWD Web Portal

Photo - The Ocean Cleanup

ကျော်နိုင်ဦး(ပတ်ဝန်းကျင်)

ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး
-

နှစ်စဉ် ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့ စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကုလသမဂ္ဂကဦးဆောင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အခမ်းအနားကို ကျင်းပပြုလုပ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အလွန်အရေးပါတဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံ (UN Conference on the Human Environment)ကို ကုလသမဂ္ဂကကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကြီးဟာ ကမ္ဘာ့နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပူးပေါင်းလာစေဖို့ စတင်တွန်းအားပေးလိုက်တဲ့ ညီလာခံကြီးဖြစ်ပြီး အဆိုပါညီလာခံ ကျင်းပပြုလုပ်ခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အနေနဲ့ ၁၉၇၄ ခုနှစ်ကစပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်တွေသတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်အခမ်းအနားတွေကို ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးတွေမှာ နှစ်စဉ်လှည့်လည်ကျင်းပခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကိုရီးယားသမ္မတနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ယခုနှစ်အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally )” ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/article/70669

အပူချိန်ကလက်ရှိအတိုင်းဆိုရင် ပျောက်ပျက်သွားနိုင်တဲ့ ရေခဲတောင်ကြီးများ
-

ရေခဲတောင်ကြီးများဆိုတာ အခုနောက်ပိုင်းမှာ မကြာခဏပြိုကျလာနေရတဲ့ တောင်ကြီးများထဲမှ တစ်ခုဖြစ်လာပါတယ်။ ရေခဲကိုအရည်ပျော်စေတာက အပူချိန်လို့ဆိုနိုင်သလိုမျိုးပဲ ရေခဲတောင်ကြီးများကို အရည်ပျော်ပြီးပြိုကျလာစေတာကလည်း ကမ္ဘာ့အပူချိန်ကြောင့်ပါပဲ။ တစ်နည်းပြောရရင် ကမ္ဘာ့ အပူချိန်မြင့်တက် လာနေတာကြောင့် ရေခဲတောင်ကြီးများပြိုကျလာ ရခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆွစ်ဇာလန်နိုင်ငံမှာရေခဲတောင်တစ်တောင်ပြိုကျရာ     တောင်ခြေမှာရှိတဲ့ကျေးရွာတစ်ခုလုံး ဖုံးလွှမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရပါတယ်။ ဒီအခြေအနေမျိုးဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်သလို ရှေ့လျှောက်လည်းဒီထက်ပိုဆိုးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ သိပ္ပံပညာရှင်များကသတိ ပေးထားပါတယ်။

ရေခဲတောင်တွေအရည်ပျော်ပြိုကျလာတာနဲ့အမျှ သူတို့ရဲ့အောက်ခြေမှာ ရေကန်ကြီးတွေဖြစ်ပေါ်လာရပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာဆိုးဝါးလှတဲ့အကျိုး ဆက်တွေကိုလည်း ရင်ဆိုင်လာရပါတယ်။ အလက်စကာပြည်နယ်မှာဆိုရင် အရည်ပျော်သွားတဲ့ရေခဲ တောင်မှထွက်ပေါ်လာတဲ့ရေများကြောင့် ရေကြီးမှု ဖြစ်ပွားပြီး အဲဒီရေကြီးမှုက ဂျူးနိုမြို့အထိရောက်ရှိလာပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကလည်း အီတလီနိုင်ငံရှိ   မာမိုလာဒါရေခဲတောင်ကြီးပြိုကျခဲ့တဲ့အတွက် ရေခဲတောင်တက်သမား ၁၁ ဦးအသက်ဆုံးရှုံးခဲ့ရတာ တွေ့ရပါတယ်။

ရေခဲတောင်ကျွမ်းကျင်ပညာရှင်များရဲ့ပြောဆိုမှု အရဆိုရင် ၂၀၁၆ ခုနှစ်တုန်းက တိဗက်ဒေသရှိ အာရူရေခဲတောင်ပြိုကျသလိုမျိုး ရုတ်တရက်ဆိုသလို ရေခဲတောင်တွေပြိုကျမှုဟာ ဖြစ်မြဲဖြစ်လာနေတဲ့ဖြစ်စဉ်တစ်ခုဖြစ်နေပြီလို့သိရပါတယ်။ နောက်ထပ်လအနည်းငယ်မျှအကြာမှာတော့  တိဗက်ဒေသရဲ့အာရူရေခဲတောင်မှာပဲ ရေခဲတောင်ပြိုကျမှုထပ်မံဖြစ်ပွားခဲ့တာကို တွေ့ရှိလိုက်ရပါတယ်။

၂၀၀၆ ခုနှစ်တုန်းကဆိုရင်လည်း ပီရူးနိုင်ငံမှာ ရေခဲတောင်တစ်ခုပြိုကျမှုဟာ ဆူနာမီအသေးစား လေးဖြစ်ပွားရတဲ့အထိဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်ဧပြီလမှာပဲ ရေခဲတောင်တစ်ခုရဲ့အောက်ခြေမှာရှိတဲ့ရေကန်မှာ  ရေကြီးမှုကြောင့်  မြေပြိုမှုဖြစ်ပွားတဲ့အတွက်လူနှစ်ဦးသေဆုံးခဲ့ရပါသေးတယ်။

အခုနောက်ပိုင်းမှာတော့ ဒီလိုမျိုးရေခဲတောင်တွေ မကြာခဏဆိုသလိုပြိုကျလာမှုများက ကမ္ဘာတစ်ဝန်း မှာရှိတဲ့ လူထောင်ပေါင်းများစွာရဲ့အသက်အိုးအိမ် စည်းစိမ်များကို ကောင်းကောင်းကြီးခြိမ်းခြောက်နိုင် စွမ်းရှိတဲ့ အန္တရာယ်သတိပေးချက်ကြီးတစ်ခုဖြစ်လာ နေပြီလို့ သိပ္ပံပညာရှင်များကအကြိမ်ကြိမ်သတိပေးလာကြတာကိုတွေ့ရပါတယ်။

အထူးသဖြင့် လူသားတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ရေခဲတောင်များအရည်ပျော်ကျမှုဟာ အလွန်မြန်ဆန်စွာဖြစ်ပေါ်လာနေတာပါ။ အပ်(စ်)တောင်တန်း တစ်ခုတည်းမှာကိုပဲ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းက နေ အခုချိန်အထိကို ရေခဲတောင်ထက်ဝက်လောက် အရည်ပျော်သွားတာတွေ့ရပါတယ်။ လက်ရှိအပူချိန် မြင့်တက်မှုက ဒီနှုန်းအတိုင်းဆက်သွားနေမယ်ဆိုရင် အခုရာစုနှစ်အကုန်ပိုင်းမှာ အပ်(စ်)တောင်တန်းမှာရှိ တဲ့ရေခဲတွေအားလုံးအရည်ပျော်ပျောက်ဆုံးသွားနိုင်တယ်လို့ သိပ္ပံပညာရှင်များကပြောထားပါတယ်။

မကြာသေးခင်က ရေခဲတောင်ပြိုကျမှုဖြစ်ပွားတဲ့ ဆွစ်ဇာလန်နိုင်ငံဆိုတာ ဥရောပဒေသမှာရှိတဲ့ရေခဲတောင်များအနက် ရေခဲတောင်အများဆုံးရှိရာဒေသ တစ်ခုဖြစ်ပါတယ်။ ဆွစ်ဇာလန်မှာ၂၀၂၂ ခုနှစ်တုန်း က ရေခဲအရည်ပျော်မှု ၆ ရာခိုင်နှုန်းရှိပြီး နောက်ပိုင်းမှာလည်း ရေခဲတွေအရည်ပျော်မှုက ဆက်လက်ဖြစ်ပွားနေဆဲပါ။ ပီရူးနိုင်ငံမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ရေခဲတောင်စုစုပေါင်း ၁၇၅ လုံးအထိပြိုကျသွားတာကိုလည်းတွေ့ရှိရပါတယ်။ ဒီလို မျိုးရေခဲတွေအရည်ပျော်ကျမှုက    ကမ္ဘာ့အပူချိန်မြင့်တက်လာလို့ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

လက်ရှိသိပ္ပံပညာရှင်များရဲ့ခန့်မှန်းချက်အရပြော ရမယ်ဆိုရင် ကမ္ဘာ့အပူချိန်ဟာ လက်ရှိအခြေအနေ အတိုင်းပဲဆက်ရှိနေမယ်ဆိုပါက ကမ္ဘာကြီးရဲ့ပင်မ ရေအရင်းအမြစ်များဖြစ်တဲ့ ရေခဲတောင် ၄၀ ရာခိုင်နှုန်းဟာ ကမ္ဘာကြီးပေါ်ကနေပျောက်ကွယ်သွားနိုင်တယ်လို့ဆိုပါတယ်။

အကယ်၍များ ကမ္ဘာ့အပူချိန်ကို ၂၀၁၅ ခုနှစ် ပဲရစ် ရာသီဥတုသဘောတူညီချက်အတိုင်း ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အောက် ရှိနေအောင်လုပ်ဆောင်နိုင်မယ်ဆိုရင် ရေခဲတောင်တွေရဲ့အရည်ပျော်ကျမှုနှုန်းကိုနှစ်ဆပိုမိုထိန်းသိမ်းနိုင်လိမ့်မယ်လို့ ပညာရှင်များရဲ့ လေ့လာချက်မှာဖော်ပြထားပါတယ်။

ရေခဲတောင်တွေဆိုတာက ကမ္ဘာကြီးရဲ့ရာသီဥတု ကိုတစ်ဖက်တစ်လမ်းကနေထိန်းသိမ်းစောင့်ရှောက်ပေးနေသူများဖြစ်ရုံသာမက လူသားတို့အတွက်မရှိ မဖြစ်အရေးကြီးတဲ့ ရေချိုအရင်းအမြစ်ကိုပေးစွမ်းနေသူလည်းဖြစ်ပါတယ်။ အကယ်၍ ရေခဲတောင်များရဲ့ အရည်ပျော်ကျမှုနှုန်းက အခုထက်ပိုများလာမယ် ဆိုရင် ကမ္ဘာ့အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးမှုများစွာ ဖြစ်ပေါ်လာမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။

Ref: IE

Source: MWD Web Portal

(Ending Plastic Pollution Globally) 

ကမ္ဘာတစ်ဝန်းတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် “ရာသီဥတုပြောင်းလဲမှု”၊“သဘာဝပတ်ဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲများပျက်စီးဆုံးရှုံးမှု”၊ “ပတ်ဝန်းကျင်ညစ်ညမ်းမှု”တို့သည်လူသားတို့ အဓိကဖြေရှင်းဆောင်ရွက်ရမည့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများပင်ဖြစ်သည်။ အဆိုပါကမ္ဘာ့အကျပ်အတည်းများအတွင်း ၎င်းတို့၏ကိုယ်ပိုင်အကြောင်းတရားများနှင့် သက်ရောက်မှုများစွာရှိနေသော်လည်း ၎င်းတို့အားလုံးတွင် အဓိကထပ်တူညီနေသော “ပလတ်စတစ် စွန့်ပစ်ပစ္စည်းကဏ္ဍ” ကို ဖြေရှင်းဆောင်ရွက်မှုများနှင့် ဦးဆောင်မှုများ အရေးတကြီးလိုအပ်လျက်ရှိရာ    ကမ္ဘာတစ်ဝန်း  ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအတွက် ကမ္ဘာ့နိုင်ငံများ၏စုပေါင်းအားဖြင့် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပေမည်။

ပလတ်စတစ်များကို ၁၉၀၇ ခုနှစ်၌ နယူးယောက်မြို့တော်နေ Leo Baekelandမှစတင်ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်းတွင်ခေတ်မီနည်းပညာများဖြင့်ပုံစံအမျိုးမျိုးသောထုတ်ကုန်ပစ္စည်းများကို  တီထွင်ထုတ်လုပ်အသုံးပြုလာခဲ့ကြသည်။  ၂၀   ရာစုနောက်ပိုင်းတွင် ပလတ်စတစ်သည် လူသုံးအများဆုံးကုန်စည်တစ်ခုအဖြစ်သို့  ရောက်ရှိလာခဲ့သည်။ "Plastics" ဟူသောဝေါဟာရသည် ဂရိဘာသာစကား Plastikos က ဆင်းသက်လာပြီး “ပုံဖော်နိုင်စွမ်း၊ ပုံသွင်းနိုင်စွမ်းရှိသောပစ္စည်း” ဟု အဓိပ္ပာယ်ရသည်။

ပလတ်စတစ်ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် များပြားမှုမရှိသည့်အတွက် ကမ္ဘာတစ်ဝန်းတွင် စီးပွားဖြစ်ထုတ်လုပ်လာကြသည်။အမေရိကန်နိုင်ငံတွင် ပလတ်စတစ်ပစ္စည်းအသစ်များထုတ်လုပ်မှုသည် ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ကျယ်ပြန့်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် ဓာတုပစ္စည်းများနှင့်  စက်မှုနည်းပညာများဖွံ့ဖြိုးတိုးတက်လာသည့်အလျောက်  ပလတ်စတစ်မျိုးစုံထုတ်လုပ်မှုသည်လည်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင်  နှစ်စဉ် ပလတ်စတစ်တန်ချိန်   သန်းပေါင်း ၁၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတိုင်မီအချိန်တွင် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ထုတ်လုပ်မှုတန်ချိန်  ၃၂၂ သန်းအထိ ဆပွားတိုးမြင့်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ(UNEP) ၏ လတ်တလောထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၄၃၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် စွန့်ပစ်ပစ္စည်းများအဖြစ်သို့ရောက်ရှိလျက်ရှိလာခဲ့သည်။

နှစ်စဉ် ပလတ်စတစ်တန်ချိန် ရှစ်သန်းခန့်သည်လည်း သမုဒ္ဒရာနှင့် ပင်လယ်ပြင်အတွင်း ရောက်ရှိလျက်ရှိပြီး ထိရောက်သောစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုများပြုလုပ်နိုင်ခြင်းမရှိပါက  ၂၀၂၅  ခုနှစ်တွင် ပင်လယ်ပြင်အတွင်း  ပလတ်စတစ်စွန့်ပစ်ပစ္စည်းတန်ချိန်သန်း  ၁၀၀ - ၂၅၀ထိ ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင်  ပလတ်စတစ်တန်ချိန်သန်းပေါင်း ၁၅၀ခန့်သည် ပင်လယ်သမုဒ္ဒရာအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိကာ    အပိုင်းပိုင်းပြိုကွဲမှုဖြစ်စဉ်ကြောင့် အန္တရာယ်ရှိသည့် အချင်း ၅ မီလီမီတာထက်သေးငယ်သော   ပလတ်စတစ်အမှုန်များ မိုက်ခရိုပလတ်စတစ်  (Microplastics)  အဖြစ်သို့ ပြိုကွဲလျက်ရှိသည်။

ပလတ်စတစ်အားလုံးသည် ရုပ်ကြွင်းလောင်စာကို အခြေခံသောပစ္စည်းများဖြစ်ပြီး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များအတွက် ရေနံစိမ်းပမာဏများစွာကို    အသုံးပြုရသည်။ ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုများ အရှိန်အဟုန်မြင့်မားလာသောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်လိုအား ပိုမိုများပြားလျက်ရှိရာ ကမ်းလွန်ရေနံတူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကြောင့် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာဇီဝမျိုးစုံမျိုးကွဲများကိုပံ့ပိုးပေးရာတွင် မရှိမဖြစ်လိုအပ်သောဂေဟစနစ်များ ပျက်စီးဆုံးရှုံးသွားစေသည်။ သမုဒ္ဒရာထဲတွင်ရှိသော မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများကို စားသုံးမိခြင်းကြောင့် ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကိုဆုံးရှုံးစေပြီး ဇီဝမျိုးစုံမျိုးကွဲများကိုလည်း  ထိခိုက်စေသည်။     ရေနှင့်မြေဂေဟစနစ်နှစ်ခုလုံးတွင်ရှိသော   ဇီဝမျိုးစုံမျိုးကွဲများသည်လည်း   ပလတ်စတစ်ညစ်ညမ်းမှုများကြောင့်  လွန်စွာထိခိုက်ပျက်စီးလျက်ရှိသည်။  ပလတ်စတစ်များသည်  ၎င်းတို့၏ ထုတ်လုပ်မှုနှင့် အသုံးပြုပြီး စွန့်ပစ်မီးရှို့ဖျက်ဆီးခြင်းကွင်းဆက်တစ်လျှောက်လုံးတွင် မှန်လုံအိမ်ဓာတ်ငွေ့များကို လေထုအတွင်းသို့ တိုက်ရိုက်ထုတ်လွှတ်လျက်ရှိရုံသာမက   ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးပါကလည်း   ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်နှင့် ဟိုက်ထရိုဂျင်ဆိုင်ယာနိုက်စသည့်

ဓာတ်ငွေ့များထွက်ရှိပြီး လေထုထဲသို့ရောက်ရှိနေသည့်  ပလတ်စတစ်အမှုန်များက  လူသားတို့၏ အသက်ရှူလမ်းကြောင်းသို့ရောက်ရှိကာ အချိန်ကြာလာသည်နှင့်အမျှ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေသဖြင့် လူသားတို့၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။

ပလတ်စတစ်ထုတ်လုပ်ခြင်း   လုပ်ငန်းစဉ်များမှတစ်ဆင့် မှန်လုံအိမ်ဓာတ်ငွေ့များ လိုအပ်သည်ထက် ပိုမိုထုတ်လွှတ်သောကြောင့် ကမ္ဘာတစ်ဝန်းပျမ်းမျှမျက်နှာပြင်အပူချိန်မြင့်တက်လာပြီး    ကမ္ဘာကြီးပူနွေးလာမှုမှတစ်ဆင့်   မိုးခေါင်ခြင်း၊   မုန်တိုင်းတိုက်ခတ်ခြင်းစသော ရာသီဥတုပြောင်းလဲခြင်းအခြေအနေများကို ဆက်လက်ဖြစ်ပေါ်စေသည်။ နောက်ဆုံးခန့်မှန်းချက်များအရ ၂၀၅၀ ပြည့်နှစ်တွင် ပလတ်စတစ်ထုတ်လုပ်မှုသည် သုံးဆအထိတိုးမြင့်လာနိုင်ပြီး ၎င်းနှင့်အတူ ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း ကမ္ဘာမြေပေါ်တွင် ပိုမိုတိုးပွားလာသည့် အရေးကိစ္စတစ်ခုပင်ဖြစ်သည်။

သို့ဖြစ်ရာ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ်  ဇွန်လ   ၅   ရက်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူးပြီးပထမဆုံးအကြိမ်သမိုင်းဝင်လူသားညီလာခံကြီး  (United Nation Conference on Human Environment) စတင်ကျင်းပခဲ့သည့် ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။  အဆိုပါကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၂ ခုနှစ်တွင် သတ်မှတ်ပေးခဲ့သော်လည်း အထိမ်းအမှတ်အခမ်းအနားများကို ၁၉၇၃ ခုနှစ်မှ စတင်ကျင်းပခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနေမှုပြဿနာများအနက် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်မှုများကိုသိရှိကာအလေးထားဖြေရှင်းဆောင်ရွက်လာကြစေရန်ရည်ရွယ်၍    ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့  အထိမ်းအမှတ် ဆောင်ပုဒ်များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန်သတ်မှတ်ပေးခဲ့သည်။  ၁၉၈၇  ခုနှစ်မှအစပြု၍ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့   အထိမ်းအမှတ်အခမ်းအနားများကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးရှိ    မြို့ကြီးများတွင် နှစ်စဉ် လှည့်လည်ကျင်းပလျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်တွင် ကျရောက်မည့် (၅၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ် အခမ်းအနားကို  ကိုရီးယားသမ္မတနိုင်ငံ (ဂျယ်ဂျူးအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။    “ဂျယ်ဂျူးကျွန်း၏အနာဂတ်တွင်  ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး   ကတိကဝတ်သည်  ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ ရည်မှန်းချက်များနှင့် အပြည့်အဝကိုက်ညီမှုရှိပြီး ၎င်း၏ မပျက်စီးသေးသော သဘာဝအလှတရားများနှင့်  ဆန်းသစ်တီထွင်မှုရှိသော     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုပြသခြင်းဖြင့် ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ရန် လူသားများကို လှုံ့ဆော်ပေးလိမ့်မည်” ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Ms.Inger Andersen က ပြောကြားခဲ့သည်။

ယခုနှစ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ကမ္ဘာတစ်ဝန်း  ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး  စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့်ကျင်းပသွားမည်ဖြစ်ပြီး ၎င်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုကို  အဆုံးသတ်စေမည့် သဘောတူညီချက်တစ်ခုထွက်ပေါ်လာစေရန် အရေးပါသောအပြောင်းအလဲတစ်ရပ်ဖြစ်လာစေမည်ဖြစ်သည်။ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၏အရေးပါမှုနှင့်၂၀၂၄ခုနှစ်နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ၌ကျင်းပခဲ့သည့် ပင်လယ်ပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အစိုးရအချင်းချင်းညှိနှိုင်းရေးကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် နိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိသော သဘောတူညီချက်တစ်ခု ပေါ်ထွန်းလာစေရေးအတွက်   ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။

၂၀၁၉ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်းအဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံအတည်ပြုခဲ့ကြပြီး အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်လျှော့ချရေးလုပ်ငန်းများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအမျိုးသားအဆင့်  စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို  ၂၀၂၀  ပြည့်နှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး၎င်းမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင်ပါဝင်သော ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူစွာ အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက်   တိုက်ဖျက်ရေးဆိုင်ရာဘန်ကောက်ကြေညာစာတမ်းကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက်အမျိုးသားအဆင့်ပလတ်စတစ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (National Plastic Action Plan) ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အစိုးရဌာနဆိုင်ရာရုံးများတွင် ပလတ်စတစ်စွန့်ပစ်မှုနှင့် တစ်ခါသုံးပလတ်စတစ်(ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရေးအတွက် အစည်းအဝေးများကျင်းပရာတွင်တစ်ခါသုံးရေသန့်ဘူးများအစား အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်သော ဖန်ပုလင်းနှင့် ဖန်ခွက်များကို အစားထိုးအသုံးပြုလျက်ရှိသည့်အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုစနစ်တကျစွန့်ပစ်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ  စီစဉ်ဆောင်ရွက်လျက်ရှိသည်။  ၎င်းအပြင် ရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ပြည်သူလူထုများအားပလတ်စတစ်၏ဆိုးကျိုးများကို သိရှိနားလည်စေရန်နှင့် ပလတ်စတစ်လျှော့ချသုံးစွဲစေရန် အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊  တိုင်းဒေသကြီး/ ပြည်နယ်များတွင်  စုပေါင်းအမှိုက်ကောက်ပွဲများကျင်းပခြင်းကိုဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ ပူးပေါင်းပါဝင်လာစေရေး နှိုးဆော်တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။

ပြည်သူများအနေဖြင့်လည်း ကမ္ဘာမြေပေါ်တွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှုကိုလျှော့ချနိုင်ရေးအတွက် ပလတ်စတစ်အိတ်သုံးစွဲမှုကိုငြင်းပယ်ခြင်း၊ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများအသုံးပြုခြင်း၊ အလွယ်တကူဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ  အသုံးပြုခြင်းဖြင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကို တစ်ဦးတစ်ယောက်ချင်းအားဖြင့် တတ်နိုင်သမျှ လျှော့ချသင့်ပေသည်။ ထို့ပြင် သုံးစွဲပြီးသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်အမှိုက်ပုံနေရာတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် ကမ္ဘာမြေ၏ သဘာဝအလှတရားကိုထိန်းသိမ်းသင့်ပေသည်။ အမိကမ္ဘာမြေ အစဉ်ကျန်းမာပြီး ပလတ်စတစ်ကင်းဝေးစေရေးအတွက်   အသုံးပြုရန်မလိုအပ်ပါက ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း(Reject)၊ပလတ်စတစ်အိတ်များအစားချည်ဖြင့်ပြုလုပ်ထားသည့်ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များကိုအသုံးပြု၍ ပစ္စည်းထုပ်ပိုးရာတွင် အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်စသည်တို့ကိုသုံးစွဲခြင်းဖြင့် ပလတ်စတစ်အိတ်အသုံးပြုမှုကိုလျှော့ချခြင်း (Reduce)၊  ပလတ်စတစ်အိတ်အဟောင်းများကို အမှိုက်အဖြစ်စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုခြင်း(Reuse)၊ ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း(Recycle)၊ အသုံးပြုပြီးသောပလတ်စတစ်အိတ်ခွံများကိုစုထားပြီး ပြန်လည်အသုံးပြုနိုင်သောနေရာများသို့ ပြန်လည်ပေးပို့ခြင်း (Return)  စသည်တို့ကို  အဖွဲ့အစည်းအလိုက်ဖြစ်စေ၊  တစ်ဦးတစ်ယောက်ချင်းဖြစ်စေ လိုက်နာဆောင်ရွက်သင့်ပေသည်။

ကမ္ဘာလုံးဆိုင်ရာပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးနှင့်အတူပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးကိုအချိန်မီမဆောင်ရွက်နိုင်ပါကကမ္ဘာမြေ၏ရေထုထဲတွင်ရေနေသတ္တဝါများထက်ပလတ်စတစ်အမှိုက်များဖြင့်ပြည့်နှက်နေမည်ဖြစ်ရာအနာဂတ်ကမ္ဘာမြေ၏သဘာဝဂေဟစနစ်လည်ပတ်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဖြေရှင်းနိုင်ရန်  နိုင်ငံအဆင့်၊ ဒေသအဆင့်မှ အစိုးရများ၏ကဏ္ဍအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး စုပေါင်းအားဖြင့် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။

လူသားတိုင်းသည် သန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတွင်နေထိုင်ကြမှသာကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး လူသားများနှင့် ကုန်းနေ၊ ရေနေသတ္တဝါများအားလုံးအတွက်သန့်ရှင်းသောပတ်ဝန်းကျင်သည်  မဖြစ်မနေလိုအပ်လျက်ရှိသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၏ ရေရှည်မျှော်မှန်းချက်ပါ  “သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်” ဖြစ်ပေါ်လာစေရေးကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်အကျိုးကို ယိုယွင်းစေမည့်အပြုအမူများအား အတတ်နိုင်ဆုံးရှောင်ရှားကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ပူးပေါင်းကာ ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်သာယာလှပရေးအတွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း  ၂၀၂၅ ခုနှစ်   ဇွန်လ  ၅     ရက်တွင်ကျရောက်မည့်   ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား   ကြိုဆိုဂုဏ်ပြုရင်း  တိုက်တွန်းနှိုးဆော်လိုက်ပါသည်။   ။

Source: MWD Web Portal

ဒေါ်ဝင့်မွန်မွန်အိ(ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)