သတ္တဝါအားလုံးထဲတွင် လူသည်အသိဉာဏ်အရှိဆုံး ဖြစ်ပါသည်။ အသိဉာဏ်ကို သတိပညာဖြင့် တည်ဆောက်ရလေ့ရှိပြီးပညာက ကမ္ဘာကို အုပ်စိုးနိုင်စေသည်။ ပညာပြည့်ဝနှလုံးလှ ဆိုစကားအတိုင်း ပညာပြည့်ဝသူတစ်ယောက်၏ နှလုံးသားသည် ချင့်ချိန်နိုင်စွမ်းအား မြင့်မားကြပေသည်။ ငယ်စဉ် ကပင်အခြေခံဖတ်စာကို လေ့လာမှတ်သား၍ စာပေပညာများ သင်ကြားကြရသည်။ စာဖတ်ခြင်းဓလေ့ကို ပြုစုပျိုးထောင်ရာတွင် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာကြမည့် ကလေးငယ်များ၏ စာဖတ် ချင်စိတ်ကို နှိုးဆွပေးရမည်ဖြစ်ပြီး ကလေးဘဝ ကတည်းကပင် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းကဲ့သို့ ရုပ်စုံစာစောင်များကို ဖတ်ရှုစေသင့်သည်။ အရုပ်ကြည့်ရင်း စာဖတ်သင်သည့်ပုံစံမျိုးဖြစ်သည်
သတ္တဝါအားလုံးထဲတွင် လူသည်အသိဉာဏ်အရှိဆုံး ဖြစ်ပါသည်။ အသိဉာဏ်ကို သတိပညာဖြင့် တည်ဆောက်ရလေ့ရှိပြီးပညာက ကမ္ဘာကို အုပ်စိုးနိုင်စေသည်။ ပညာပြည့်ဝနှလုံးလှ ဆိုစကားအတိုင်း ပညာပြည့်ဝသူတစ်ယောက်၏ နှလုံးသားသည် ချင့်ချိန်နိုင်စွမ်းအား မြင့်မားကြပေသည်။ ငယ်စဉ် ကပင်အခြေခံဖတ်စာကို လေ့လာမှတ်သား၍ စာပေပညာများ သင်ကြားကြရသည်။ စာဖတ်ခြင်းဓလေ့ကို ပြုစုပျိုးထောင်ရာတွင် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာကြမည့် ကလေးငယ်များ၏ စာဖတ် ချင်စိတ်ကို နှိုးဆွပေးရမည်ဖြစ်ပြီး ကလေးဘဝ ကတည်းကပင် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းကဲ့သို့ ရုပ်စုံစာစောင်များကို ဖတ်ရှုစေသင့်သည်။ အရုပ်ကြည့်ရင်း စာဖတ်သင်သည့်ပုံစံမျိုးဖြစ်သည်။ စာဖတ်ခြင်းမှ အကောင်းနှင့်အဆိုးသဘောတရားများကို အတွေးပုံရိပ်မှတစ်ဆင့် သိရှိနိုင်စွမ်းရှိသော ကြောင့်ဖြစ်ပါသည်။
စိတ်အာဟာရပြည့်ဝမှုကို ပေးစွမ်းနိုင်သည့် စာအုပ်စာပေများ
အဆင့်အတန်းမြင့်မားသော ဘဝတစ်ခုရရှိရေး စာကောင်းပေမွန်သည် အလိုအပ်ဆုံးဖြစ်သည်။ စာပေအမျိုးအစားများစွာရှိသည့်အနက် အချစ်၊ ရသ၊ ဟာသနှစ်သက်ရာ ဖတ်ရှုနိုင်ကြသည်။ သုတ၊ ရသကို ဖတ်ရှုသင့်သကဲ့သို့ စိတ်အာဟာရပြည့်ဝမှုကို ပေးစွမ်းနိုင်သည့် စာအုပ်စာပေများကိုလည်း လေ့လာ ထားရမည်ဖြစ်သည်။ စာအုပ်စာပေမှ ပညာဗဟုသုတ ကြွယ်ဝခြင်း၊ အတွေးအခေါ်ရင့်သန်ခြင်း အကျိုး ကျေးဇူးများကို ခံစားရရှိစေနိုင်ပြီး ဦးနှောက်၏ ဖြန့်ကြက်နိုင်စွမ်းအားအလိုက် အတွေးအခေါ်များ ပိုမိုအားကောင်းလာနိုင်သည်။ စာဖတ်ခြင်းသည် ခရီးသွားခြင်းနှင့်တူသကဲ့သို့ အခက်အခဲတစ်ခုကို ကူညီဖြေရှင်းပေးသည့် မိတ်ဆွေကောင်းသဖွယ်ဖြစ်သည်။ သိလိုသမျှ ရှင်းပြနိုင်သည့် ဆရာတစ်ဆူ အဖြစ်လည်း သတ်မှတ်နိုင်သည်။
စာပေ၏ တန်ခိုးသတ္တိက ကြီးမားလှသည်။ မိမိ၏ မှေးမှိန်နေသော ဇွဲ၊ လုံ့လ၊ ဝီရိယကို နိုးထစေ သကဲ့သို့ စိတ်ဓာတ်ကြမ်းတမ်းသူတစ်ယောက်ကို နူးညံ့ယဉ်ကျေးစေနိုင်သည်။ သနားကြင်နာစိတ်၊ ညှာတာစိတ်များ ရှင်သန်ကြီးထွားစေနိုင်သည်။ အဆိုးနှင့်အကောင်းကို သရုပ်ခွဲခြား ချိန်ဆတတ်စေ သည်။ ဒေါသဦးဆောင်ရမည့်နေရာကို သည်းခံခြင်းအစားထိုးလာနိုင်သည်။ စာဖတ်ရာတွင်လည်း စိတ်နှလုံးသားကို နူးညံ့စေမည့် စာအုပ်ကောင်းများကို ကြိုက်နှစ်သက်တတ်လာသည်။ တစ်အုပ်ပြီး တစ်အုပ်ဖတ်လျက် လူ့ဘဝများစွာကို စာနာနားလည်နိုင်စွမ်းရှိလာပြီး လူ့ပတ်ဝန်းကျင်နှင့် သဘာဝအလှတရားများ၏ သတ္တိနှင့် စွမ်းအားများကို ညှို့ယူခံစားတတ်လာမည်ဖြစ်သည်။
လက်တွေ့နှင့် စိတ်ကူးယဉ် ဘဝနှစ်ခုကို စာဖတ်ခြင်းကသာ ပြောင်းပြန်လှန်ပေးနိုင်
အမြင်မတူညီမှုက အတူမမြင်နိုင်ပေ။ စာရေးသူတစ်ယောက်သည် စိတ်ကောင်းနှလုံးကောင်းဖြင့် စာရေးကြရပေသည်။ စာရေးသူ၏အတွေး လှသလောက်စိတ်ကူးပုံဖော်ရေးသားမှုတို့သည်လည်း လက်ရာမြောက် သက်ဝင်ကြစမြဲဖြစ်သည်။ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် အစရှိသော အနုစိတ် ဖန်တီးမှု လက်ရာများသည် စာရေးသူတစ်ယောက်၏ အတွေးအမြင် ဖြန့်ကြက်ခြင်းမှတစ်ဆင့် ဖြစ်ပေါ် လာသော အတွေးပုံရိပ်များဖြစ်ပေသည်။ ထိုအတွေး ပုံရိပ်များထဲတွင် အချစ်နှင့် အမုန်း၊ အဖြူနှင့် အမည်း သဲကွဲစေသည့် ဘဝသင်ခန်းစာများစွာပါဝင်သည်။ စာတစ်ကြောင်းဖြင့် ဘဝတစ်ခု သိမ်မွေ့သွားနိုင် သည်။ အကျင့်တစ်ခုချေဖျက်ပစ်နိုင်သည်။ သို့ဖြစ်၍ အတွေးအမြင်မှန်ကန်တည့်မတ်ဖို့ စာဖတ်စို့ဟု တိုက်တွန်းချင်မိသည်။ ကာတွန်း၊ ပုံပြင်၊ ဝတ္ထုများတွင် မှန်ကန်သော အတွေးအမြင်ဖြစ်ပေါ်စေရန် မီးမောင်းထိုးပြထားပေသည်။ လမ်းမလွဲဖို့ လမ်းညွှန်ပေးသည်။ ဘဝကိုမည်ကဲ့သို့တည်ဆောက်ကြမည်နည်း။ တက်ကြွသော စိတ်ဓာတ်တစ်စုံရရှိရေး မည်သည့်နည်းလမ်းကို ကျင့်သုံးကြမည်နည်း။ နှလုံးသားကို နူးညံ့လာအောင် မည်ကဲ့သို့ဆောင်ရွက်ရမည်နည်း။ နှလုံးသား၏အမေးကို ဦးနှောက်ကဖြေဆိုပြီး ဘဝကို လက်တွေ့ကျကျ တည်ဆောက်ကြရမည်ဖြစ်သည်။ လက်တွေ့နှင့်စိတ်ကူးယဉ်ဘဝနှစ်ခုကို စာဖတ်ခြင်းကသာ ပြောင်းပြန်လှန်ပေးနိုင်ပေသည်။
စာတစ်အုပ်ချင်းဖတ် တစ်ရက်ချင်း ခရီးသွားကြရပေမည်။ ဘဝကလက်တွေ့ဆန်ပေသည်။ နံရံတစ်ချပ်ကို ထိုးဖောက်လိုလျှင် တူကဲ့သို့ မာကြောသော အရာဝတ္ထုရှိရန် လိုအပ်သည်။ ထူထဲသော နံရံကို ထိုးဖောက်လိုစိတ်ရှိရမည်ဖြစ်ပြီး အဆိုပါ စိတ်ဓာတ်နှင့် ရှေ့သို့တိုး၍ လုပ်ဆောင်ရမည် ဖြစ်သည်။ တကယ်လုပ်အဟုတ်ဖြစ်ရမည် ဆိုစကားက စိတ်ဓာတ်ခွန်အားကို မြင့်တက်စေသည်။ စိတ်ဓာတ်မကျရေး စာဖတ်ပေးရန်လိုပေသည်။ ဘဝသက်တမ်းသည်တိုသလောက် သံသရာက ရှည်လျား လွန်းသောကြောင့် အသိဉာဏ်ပညာမြင့်မားရေး ကြိုးစားကြရမည်ဖြစ်သည်။ ဘဝထဲကစာ၊ စာထဲက ဘဝများစွာ၏ သုခနှင့်ဒုက္ခကို သင်ယူပြီး လူ့တန်ဖိုးလူ့အသိဖြင့် လူ့ပတ်ဝန်းကျင်တစ်ရပ်လုံးကို အလှ ဆုံးပြုပြင် တည်ဆောက်သွားကြရမည်ဖြစ်သည်။
စာပေမြင့်မှ လူမျိုးတင့်
မျက်စိကောင်းတုန်း စာဖတ်ရမည်ဖြစ်သည်။ နားကောင်းတုန်း နှလုံးသားအာဟာရ ဗဟုသုတများ စုဆောင်းသင့်သည်။ စာပေမြင့်မှလူမျိုးတင့် ဟူသောဆိုစကားလည်း ရှိပေသည်။ ယနေ့စာအုပ် စာပေများသည် နောင်တစ်ချိန် အဟောင်းတန်းတွင် ရှာဖွေမရဖြစ်လာနိုင်သည်။ အဟောင်းအမြင်း တန်ဖိုးရှိလှသည့် စာအုပ်များခြစားခံရနိုင်သည်။ စက္ကူစုတ်သဖွယ် အသုံးပြုလာကြမည်ဖြစ်သည်။ စာဖတ်အားနည်းလာမှုကိုပြဆိုသော သရုပ်သကန် ကို စာချစ်သူအားလုံးက စာဖတ်ရှိန်မြင့်တက်ရေး၊ ပြန်လည်ဦးမော့လာစေရေး စွမ်းဆောင်ကြရမည် ဖြစ်သည်။ ရေးသူ၊ ဖတ်သူ အားပြိုင်မှုရှိမှသာ မဂ္ဂဇင်း၊ စာစောင်များ ရေရှည်ရပ်တည်နိုင်မည် ဖြစ်သည်။ တန်ဖိုးထားထုတ်ဝေသလောက် စာဖတ် သူလက်ထဲ မရောက်သည့်စာအုပ်များ အဟောင်းတန်းရောက်ကြရပေသည်။ သို့ဖြစ်၍ စာပေချစ်သူများအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာပေများကိုထိန်းသိမ်းရင်း စာဖတ်၊ စာဖတ်ရင်း ထိန်းသိမ်းကြမည်ဆိုပါက စာဖတ်၊ စာတတ်သူများ၏ စာရွက်လှန်သံများ အမြဲမပြတ်ကြားသိနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
ကိုးကား- www.moi.gov.mm
သတ္တဝါအားလုံးထဲတွင် လူသည်အသိဉာဏ်အရှိဆုံး ဖြစ်ပါသည်။ အသိဉာဏ်ကို သတိပညာဖြင့် တည်ဆောက်ရလေ့ရှိပြီးပညာက ကမ္ဘာကို အုပ်စိုးနိုင်စေသည်။ ပညာပြည့်ဝနှလုံးလှ ဆိုစကားအတိုင်း ပညာပြည့်ဝသူတစ်ယောက်၏ နှလုံးသားသည် ချင့်ချိန်နိုင်စွမ်းအား မြင့်မားကြပေသည်။ ငယ်စဉ် ကပင်အခြေခံဖတ်စာကို လေ့လာမှတ်သား၍ စာပေပညာများ သင်ကြားကြရသည်။ စာဖတ်ခြင်းဓလေ့ကို ပြုစုပျိုးထောင်ရာတွင် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာကြမည့် ကလေးငယ်များ၏ စာဖတ် ချင်စိတ်ကို နှိုးဆွပေးရမည်ဖြစ်ပြီး ကလေးဘဝ ကတည်းကပင် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းကဲ့သို့ ရုပ်စုံစာစောင်များကို ဖတ်ရှုစေသင့်သည်။ အရုပ်ကြည့်ရင်း စာဖတ်သင်သည့်ပုံစံမျိုးဖြစ်သည်
အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးသည် ၁၉၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန် တက္ကသိုလ် အင်ဂျင်နီယာပညာမဟာဌာနမှ စတင်ပေါက်ဖွားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးမှာ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်သည်။
အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးသည် ၁၉၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန် တက္ကသိုလ် အင်ဂျင်နီယာပညာမဟာဌာနမှ စတင်ပေါက်ဖွားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးမှာ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်သည်။
“အင်ဂျင်နီယာပညာဆိုသည်မှာ သင်္ချာ၊ သိပ္ပံ၊ စီးပွားရေးနှင့် လူမှုရေးပညာရပ် တို့ကို လေ့လာသင်ကြားလေ့ကျင့်မှုအတွေ့အကြုံများမှ ရရှိလာသော အသိပညာနှင့် အတတ်ပညာ များကိုအခြေခံကာ သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် အသုံးချပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော အဆောက်အအုံ များ၊ စက်၊ ယာဉ်ယန္တရားများ၊ ကိရိယာတန်ဆာပလာများ၊ စွမ်းအားများ၊ ဝတ္ထုပစ္စည်းများ၊ ထုတ်လုပ်မှု နည်းစဉ်များကို ဒီဇိုင်းတွက်ချက် တည်ဆောက်၊ ထိန်းသိမ်းပေးနိုင်သည့် အသိဉာဏ်နှင့် ယှဉ်ပြီး အသုံးချရသော ပညာရပ်ဖြစ်ပါသည်” ဟူ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေက ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။
အင်ဂျင်နီယာပညာရေးအား အဓိပ္ပာယ် ဖွင့်ဆိုလာခဲ့သည့် ရာစုနှစ်တစ်ခု အင်ဂျင်နီယာများ ၏ ပညာရေးနှင့် ပြည်သူလူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်နွှယ်မှုများကြားတွင် မည်ကဲ့သို့သော နည်းလမ်းများနှင့် ဆက်စပ်ပတ်သက်နေသည်ကို သိရှိရန် လိုအပ်သည်။
ဆက်နွှယ်နေသည့် အရာများတွင် လူမှုရေး၊ မြင့်မားသောဉာဏ်ရည်၊ စီးပွားရေးလုပ်ငန်းများ အပြင် အခြားအရာများလည်း ရှိနေပါလိမ့်မည်။ မြောက်မြားစွာသောချဉ်းကပ်မှုများ ကြောင့် ပညာရပ်ဆိုင်ရာ ချဉ်းကပ်လေ့လာမှုများသည် ဤပညာရပ်၏ တန်ဖိုးထားစရာ အရည်အသွေး များပင် ဖြစ်သည်။
လူ့ဘောင်ဘဝတွင် လူမှုရေး၊ စီးပွားရေး ဆိုသည်မှာလည်း အချင်းချင်း အပြန်ပြန်အလှန်လှန် ဆက်နွှယ်မှုများရှိနေသည်။ အင်ဂျင်နီယာပညာရေးနှင့် လူ့ဘောင်ဘဝတို့ ဆက်နွှယ်မှုများကြားတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေမှုများသည်လည်း လားရာ၊ ရှုထောင့် တစ်ခုတည်းကချည်း မဟုတ်သည်ကို တွေ့နေရပြန်ပါသည်။
သဘာဝပတ်ဝန်းကျင်၏ ဖြစ်ပျက်ပြောင်းလဲမှုကလည်း အင်ဂျင်နီယာများ၏ ပညာရေး၊ ကျင့်ဝတ်စည်းမျဉ်း၊ စံချိန်စံညွှန်းများအပေါ် သက်ရောက်မှု ရှိနေတတ်သည်။ အလားတူပင် အင်ဂျင်နီယာများ၏ ပညာရပ်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကလည်း ပတ်ဝန်းကျင်အပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှု ရှိနေပြန်သည်။ လူမှုရေး၊ စီးပွားရေး၊ နည်းပညာရပ် ဆိုင်ရာများနှင့် အင်ဂျင်နီယာပညာရပ်များ အကြားမှာ ရှိသည့် အချို့သော ဆက်နွှယ်ပတ်သက်မှုများသည် လူမှုဘဝ ပြဿနာအခက်အခဲများကို တည်ငြိမ် အေးချမ်းမှု ပေးနိုင်ပြီး အခက်အခဲများကို လျော့နည်းစေနိုင်သည်။
ထို့ကြောင့် အင်ဂျင်နီယာပညာရေး ဆိုသည်မှာ ကျယ်ပြောလှသည့် လူမှုသိပ္ပံ - နည်းပညာ - စီးပွားရေး ပညာတို့၏ အကြား အချင်းချင်း အပြန်အလှန်ချိတ်ဆက် အကျိုးပြုနေမှုများအပေါ် စူးစမ်းမွှေနှောက် လေ့လာထားသည့် ယထာဘူတကျသော အတွေးအခေါ် တစ်ခုဖြစ်လာစေသည်။
အင်ဂျင်နီယာပညာရေး၏ အခန်းကဏ္ဍအပေါ် ပြည်သူလူထုအကြား အချီအချ အပြန်အလှန် ဆွေးနွေးခြင်းများမှာ ပညာရပ်ဆိုင်ရာ သဘောထားအပေါ် အခြေခံသော ယထာဘူတကျကျ တွေးခေါ်မှုသည် ဘယ်လောက်အတိုင်းအတာထိ ခရီးရောက်နေသည်ကို သိစေရန် အင်ဂျင်နီယာ ပညာရေး၏ လိုအပ်ချက်များကို မည်ကဲ့သို့ပြုပြင် ဆောင်ရွက်မည်ဆိုသည့် သတ်မှတ်ချက်များ ကို ပြဋ္ဌာန်းဆောင်ရွက်လာကြသည်။
အစဖြစ်တည်မှု၏ သဘာဝကို အဓိပ္ပာယ်ရှိရှိ လေ့လာသောအခါ အင်ဂျင်နီယာပညာရပ်၏ အခန်းကဏ္ဍမှာ မပါမဖြစ်ရှိနေပြန်သည်။ ၁၉၁၈ ခုနှစ် Mann အစီရင်ခံစာမှာ “အင်ဂျင်နီယာ ပညာရေး” ၏ အဓိပ္ပာယ်ကိုဖွင့်ဆိုခဲ့ကြပြီး ၂၀၀၄ ခုနှစ်မှာ “သက္ကရာဇ် ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” (“The Engineer of 2020”) အထိ ရွေးချယ်ထားသော မူဝါဒစာတမ်းများက အဓိပ္ပာယ် သတ်မှတ်ဖွင့်ဆိုကြသည်။
အင်ဂျင်နီယာပညာရေး၏ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း မူဝါဒရေးဆွဲ ဖန်တီးသူများက ထုတ်ပြန်ခဲ့သည်။ အင်ဂျင်နီယာ ပညာရေး၏ ဦးတည်ချက်များကို သတ်မှတ်ပြဋ္ဌာန်းသောအခါမှာ ကြီးမားသောကဏ္ဍ တစ်ရပ်အနေနှင့် ပါဝင်သောကြောင့် မူဝါဒရေးရာ ဆွေးနွေးချက်များတွင် အင်ဂျင်နီယာ ပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်သည် ဆိုသည်ကို သိရှိနားလည်ထားရန် လိုအပ်သည်။
ယင်းတို့တွင် အသေးစိတ်အဓိပ္ပာယ်နှင့် အကြွင်းမဲ့မှန်ကန်သော ဥပဒေသများကို ထည့်သွင်းရေးဆွဲ ခဲ့ကြသည်။ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များကို မည်သည့်နည်းလမ်းများနှင့် ဆောင်ရွက်ကြမည်၊ ဘာကြောင့်ဆောင်ရွက်ကြရသည် ဆိုသည်များကအစ ဖော်ပြရေးသားထားကြသည်။ ဆောင်ရန်၊ ရှောင်ရန် အချက်များလည်း ပါဝင်သည်။
အင်ဂျင်နီယာပညာရေးသည် ဘယ်လို၊ ဘာကြောင့် ဤနည်းနှင့်သွားမည်၊ မသွားဘူးစသည်တို့ကို ထိုးထွင်းသိမြင်ဖို့ရန် တိုက်ရိုက်သော်လည်းကောင်း၊ သဘောတရားမျှသော်လည်းကောင်း အတိအလင်း ဖွင့်ဆိုထားသော အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်မျိုးလုံး ပါဝင်နေသည်ကိုတွေ့ရသည်။ ဤအဓိပ္ပာယ် သတ်မှတ်ချက်များကြောင့် တင်းမာမှုများ ပေါ်ပေါက်စေခဲ့သည်။
ဥပမာ အင်ဂျင်နီယာဘာသာရပ်ကို ဘယ်လိုသင်ကြားပေးကြမလဲဆိုသော အကြောင်းအရာမျိုးများ၊ ဒါဟာ နည်းပညာဆိုင်ရာ ဘာသာရပ်လား၊ လူမှုရေးဆိုင်ရာ ဘာသာရပ်လား၊ နှစ်ခုလုံးနှင့် သက်ဆိုင်နေသော (ဒွိစုံ-ဒွိစုံ) နှစ်ခု-နှစ်မျိုး တွဲယှဉ်သောဘာသာရပ်လား စသည်ဖြင့်ဖြစ်ပေါ်လာ သည်။ ဤသို့သော အကြောင်းအချက်များကြောင့် နှစ်ပေါင်း ၈၄ နှစ်ကျော် သက်တမ်းကြာ လေ့လာခဲ့ရသည်
အထိ ဤကိစ္စသည် အရေးပါလာခဲ့သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးကြောင့် ပေါင်းစည်းမှုမရှိခြင်းနှင့် အားပြိုင်မှုဖြစ်နေသည်ကို စာတမ်းအသီးသီးက မီးမောင်းထိုးပြခဲ့သည်။
အခြေခံသဘောတရားနှင့်ကန့်သတ်မူဘောင်(တက္ကဗေဒအခြေခံစနစ်)
အဆိုပါစာတမ်းများတွင် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ထားသည်မှာ အင်ဂျင်နီယာပညာရေးနှင့် လူမှုအသိုက်အမြုံ၏ အကြောင်းခြင်းရာများ တစ်ခုအပေါ်တစ်ခု အကျိုးသက်ရောက်မှုရှိနေ သည်ကိုပဲ ဖြစ်သည်။ အထူးစိတ်ဝင်စားစရာကောင်းစေသည်မှာ အင်ဂျင်နီယာ ပညာရေးနှင့် အချိန်နှင့်အမျှပြောင်းလဲနေသော ယင်းနှင့်ဆက်နွှယ်နေသည့် အခြင်းအရာများ အကြားက ရှုပ်ထွေးသည့် ဆက်စပ်မှုများသည် ဘယ်လိုတွေဖြစ်မလဲ ဆိုသည်ပင်ဖြစ်သည်။
ဤအကြောင်းအရာနှင့် ဘာသာရပ်၏ ကျယ်ပြန့်မှုသည် ခဲယဉ်းသော ကိစ္စတစ်ခုဖြစ်လာစေ သည် ဆိုသော်ငြားလည်း အင်ဂျင်နီယာပညာရေး၏ ရည်မှန်းချက်သည် လူမှုရေး၊ စီးပွားရေး၊ ဉာဏ်ပညာဆိုင်ရာများနှင့် အခြားသော ဆက်နွှယ်နေသည့် အခြင်းအရာများပေါ် မူတည်နေသဖြင့် လျော်ကန်သင့်မြတ်သော ကိစ္စရပ်လည်းဖြစ်သည်။ ဤဆက်နွှယ်မှုများနှင့် လူတစ်ဦးချင်းစီ ၏ လူမှုပတ်ဝန်းကျင် အတိတ်နောက်ခံများသည် ကျွန်ုပ်တို့ ဘာတွေလေ့လာ သင်ကြားရမည် ဆိုသည်နှင့် ဘယ်လိုလေ့လာ ဆည်းပူးကြရမလဲ ဆိုသောအပိုင်းကို ဖြစ်ပေါ်လာစေသည်။
ဤတွင် “စနစ်” ဆိုသောစကားလုံးသည် အင်ဂျင်နီယာ ဘာသာရပ်ကို သီးသန့်ကွဲထွက်စေ သော သဘောမဟုတ်ဘဲ အပိုင်းကဏ္ဍများ အများကြီးပါဝင်နေသော စုပေါင်းထားသည့် သဘောပဲ ဖြစ်သည်။ အင်ဂျင်နီယာပညာရေးနှင့် ပိုမိုကျယ်ပြန့်သော စနစ်အကြားက ဆက်နွှယ်မှုများသည် တစ်ဖက်သတ်တည်း ဦးတည်နေကြသည်မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုများသည် အင်ဂျင်နီယာ ပညာရေးအပေါ် အကျိုးသက်ရောက်မှုများရှိသလို အင်ဂျင်နီယာပညာရေးသည် လည်း သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများရှိသည်။
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများသည် အင်ဂျင်နီယာပညာရပ်ကို သက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်စေသည်။ အထက်မှာဖော်ပြခဲ့သည့်အတိုင်း အင်ဂျင်နီယာ ပညာရေး ကလည်း ပိုမို ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင်ကို အကျိုးသက်ရောက်မှု ရှိနေစေပြန်သည်။ ဤသုံးသပ် ဆင်ခြင်ရန်အချက်သည် ရေရှည်အကျိုးစီးပွား တစ်ခုဖြစ်ပြီး အကျိုးဆက်အဖြစ်လိုက်ပါသော ထုတ်ပြန်မှု တစ်ခုဖြစ်လာစေ သည်။ အင်ဂျင်နီယာပညာရေးမှာ ကျွန်ုပ်တို့ပြုလုပ်လိုက်သော ရွေးချယ်မှုများသည် ပိုမိုကြီးမား ကျယ်ပြန့်သော စနစ်ကြီးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာစေမှာလဲဆိုသည့် အချက်သည် ရေရှည်အကျိုးစီးပွားတွင် ဒုတိယမြောက်ကဏ္ဍဖြစ်လာပြီး နောက်ဆက်တွဲ လေ့လာ ထုတ်ပြန်မှုများလည်း ရှိလာမည်ဖြစ်သည်။
အနာဂတ်အင်ဂျင်နီယာများ၏ ကြိုတင်ပြင်ဆင်မှု အခန်းကဏ္ဍအတွက် အင်ဂျင်နီယာများ၏ အလေ့အကျင့်များကို အစီအစဉ်တကျ ကြိုတင်ရေးဆွဲရန်လိုသည်။ အင်ဂျင်နီယာပညာရပ်နှင့် အခြားအထွေထွေရှုထောင့်အသီးသီးတို့၏ ဆက်စပ်မှုကို လေ့လာသောအခါ တည်ငြိမ်သော ရှုထောင့်ကို ရွေးချယ်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်များ၊ အဓိပ္ပာယ်များ၊ ဩဇာလွှမ်းမိုးမှုများ၊ အင်ဂျင်နီယာဘာသာရပ်၏ တန်ဖိုးများသည် ပိုမိုကြီးမားသော အခြားစနစ် များ၏ အစိတ်အပိုင်းများ၊ ချိတ်ဆက်မှုများ ဖြစ်နေပြီဖြစ်သည်။ မတိကျမှုများဖြစ်နေနိုင်သည်ကို တွေ့မြင်နေရသည်။ ဤတွင် သုံးသပ်ရမည်ဆိုပါက အချင်းချင်းမျှဝေမှုနည်းပါး သဖြင့် တစ်ယောက်နှင့်တစ်ယောက် ကွဲလွဲအချင်းများစရာများ ဖြစ်လာသည်။ အဓိပ္ပာယ်ရှိရှိ တွေးခေါ်ရန်၊ ဘဝဖြစ်တည်မှု လေ့လာရန်ကို ဆွေးနွေးငြင်းခုံကြရင်း “Talk around each other” (ဝိုင်းကြီးပတ်လည်စကား လက်ဆုံကျရင်း) နှင့် ကျွန်တော်တို့၏ ကြိုးစားမှုများကို အင်ဂျင်နီယာပညာရေး အတွက် (ပြန်ပြောင်းဆင်ခြင်ဖို့) ပြန်လည်စဉ်းစားရန် လိုအပ်လျက်ရှိသည်။ အတွေးအခေါ်များသည် အတူပူးပေါင်းရန် နည်းလမ်းဟူ၍ ဖော်ပြနေသည်။ ဤအတွေးအမြင်များကို “အဓိပ္ပာယ် ပြန်ဆို” ရန် တောင်းဆိုနေသည်။ ထို့နောက် ဤအဓိပ္ပာယ်ပြန်ဆိုရှင်းလင်းချက်များကို နားလည်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။
ဤကဲ့သို့ ပိုမိုကျယ်ပြန့်သောစနစ်နှင့် အင်ဂျင်နီယာပညာရေးတို့ အကြားကဆက်နွှယ်မှုကို ရှုထောင့်အမျိုးမျိုးက လေ့လာစူးစမ်းရမည်ဆိုပါက ဆောင်းပါးရှင်များအနေဖြင့် အတွေးအမြင်ဆိုင်ရာ ရှုထောင့်ကို ရွေးချယ်ကြသည်။ ထိုသို့ “အတွေးအမြင်ဆိုင်ရာရှုထောင့်” ကို ချဉ်းကပ်လေ့လာရသည့် အကြောင်းရင်းမှာ ဆွေးနွေးမှုများဖြစ်သည့် “ကျယ်ပြန့်သော စနစ်ကြီးနှင့် ချိတ်ဆက်မည့် ရည်ရွယ်ချက်၊ အနက်အဓိပ္ပာယ်၊ ဩဇာလွှမ်းမိုးမှုနှင့် အင်ဂျင်နီယာပညာရေး၏ တန်ဖိုး” စသည်များသည် အချိန်အခါအလိုက်၊ အယူအဆပိုင်းအရ မသေချာမှုများရှိနေ၍ဖြစ်သည်။ ဤအခြေအနေက အင်ဂျင်နီယာပညာရေး၏ ရည်ရွယ်ချက်ကို ဘယ်လိုသတ်မှတ်ရမည်ဆိုသည်ကို ဖော်ညွှန်းနေခြင်းဖြစ်သည်။
အင်ဂျင်နီယာလုပ်ငန်းဆိုတာဘာလဲ။
ဤမေးခွန်းများအတွက် အဓိပ္ပာယ်သတ်မှတ်ချက်များကလည်း GDP (Gross Domestic Product ဂျီဒီပီ-ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ၏ တန်ဖိုးကို တိုင်းတာသောညွှန်းကိန်း) ကို တိုက်ရိုက်အကျိုးမဖြစ်စေပြန်ပါ။ (အလုပ်အကိုင်အခွင့်အလမ်းပေါများမှု) အလုပ်ခန့်ထားမှုကို လည်း အကျိုးတိုက်ရိုက်မဖြစ်စေပါဘူး။ ဤအခါမှာ အင်ဂျင်နီယာပညာရှင်များအနေနှင့် “ဘာလုပ်သင့်သလဲ” ဆိုသည်က ထပ်မံမေးရမည့် မေးခွန်းတစ်ခုဖြစ်လာပြန်သည်။
အဓိပ္ပာယ်သတ်မှတ်ချက်များ ကိုယ်တိုင်က မတိကျ၊ မသေချာခြင်း၊ ငုပ်လျှိုးပုန်းကွယ်နေသော “အမြင်” များကို မဖော်ထုတ်နိုင်ခြင်း စသည်များ ဖြစ်လာစေသည်။ ကျွန်တော်တို့က တစ်ပြေးညီသတ်မှတ်ချက်များပြဋ္ဌာန်းပြီး မသတ်မှတ်ခဲ့ဘူးဆိုလျှင် နားလည်မှုအလွဲ၊ ဆက်သွယ်မှုအမှား၊ ဆက်နွှယ်မှုအမှားများကြောင့် နောက်ဆက်တွဲ စိတ်ကူးအကြံဉာဏ်များလည်း မတိကျမသေချာမှုဖြစ်ပေါ်နိုင်သည်။ ဒါကြောင့် အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မရှိမဖြစ် အရေးတကြီးလိုအပ်လာသည်။
ပညာရှင်တို့က ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အတိအလင်းဖော်ပြသည်ဖြစ်စေ၊ မဖော်ပြထားသည်ဖြစ်စေ အတွေးအခေါ်၊ အမြော်အမြင်များအတွက် အခြေခံအုတ်မြစ်များဖြစ်ပြီး ပညာရပ်များကို ကျွန်တော်တို့ ဘယ်လိုဆည်းပူးကြရမလဲ ဆိုသည်ကိုသိရှိအောင် လုပ်ပေးသည်ဆိုသော အချက်ကို ထောက်ပြထားသည်။
အမှန်စင်စစ် အဓိပ္ပာယ်သတ်မှတ်ချက်များသည် ပညာရေး၏ အန္တိမရည်မှန်းချက်များကို ဖန်တီးရန် အထောက်အကူဖြစ်စေသော အရာများဖြစ်သည်။
ဒါကြောင့် အဓိပ္ပာယ်သတ်မှတ်ချက် များသည် အင်ဂျင်နီယာပညာရေးကို “ဘယ်လိုပုံစံဖြစ်ရမည်၊ ဘာကြောင့်ဒါမျိုးမဖြစ်ရဘူး” စသည့် ထိုးထွင်းသိမြင်သော အသိကိုဖြစ်စေပြီး အင်ဂျင်နီယာပညာရေး၏ အခြေခံအတွေးအခေါ်ကို ပိုမို တောက်ပထွန်းလင်းစေခဲ့ကာ ပိုပြီးမြင်သာစေခဲ့သည်။ အချိန်နှင့်အမျှ ဘယ်လိုပြောင်းလဲနေသည် ဆိုသည်ကိုလည်း ရေးသားဖော်ပြခဲ့သည်။
အင်ဂျင်နီယာလုပ်ငန်းနှင့် အတတ်ပညာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များ ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ ပညာသင်ကြားပို့ချနေသော အင်ဂျင်နီယာများ၏ အတွေးအခေါ်များကို မည်သို့အလင်းပြရန်နှင့် ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲ သွားသည်ဆိုသည်ကို ပိုမိုနားလည်လာရန် အားထုတ်ရှာဖွေမှုပြုရန်လိုသည်။
အင်ဂျင်နီယာပညာရေး၏ ရှေးရှုရာများအပေါ် မူဝါဒဖန်တီးသူတို့၏ ဩဇာလွှမ်းမိုးမှုများကို ထည့်သွင်းစဉ်းစားသောအခါ မူဝါဒဆိုင်ရာစာတမ်းများထဲက အင်ဂျင်နီယာဆိုင်ရာ အဓိပ္ပာယ် သတ်မှတ်ချက်များကိုလည်း ဂရုပြုမိလာစေသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေးဆိုသည်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမှာပါလဲ၊ တစ်စုံတစ်ဦးက သူတို့သည် အင်ဂျင်နီယာများပါဆိုသောအပေါ် ဘယ် အချက်အလက်၊ ဘယ်အစဉ်အလာများနှင့် သဘောတူလက်ခံမည်ကို ဖော်ပြရန် လိုအပ်လာသည်။ အပြင်ပန်းအားဖြင့် ရိုးရှင်းလှသော အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်သတ်မှတ်ခြင်း ကိစ္စသည် ပညာရေးနှင့်ဆက်နွှယ်နေပြီး သေချာဆန်းစစ်လေ့လာကြည့်သောအခါ အတော်လေးရှုပ်ထွေးနက်နဲလာသည်။
အင်ဂျင်နီယာလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းနေသည်။ မသိမသာကွဲပြားနေသော ဓလေ့ထုံးစံများ၏ ယဉ်ကျေးမှုများ၊ အသိဉာဏ်ပညာ အမျိုးမျိုးများအပေါ် မူတည်ပြီး အဓိပ္ပာယ်သတ်မှတ်နေကြရသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်သတ်မှတ်ချက်များကို နားလည် သဘောပေါက်ရန်အတွက် မူဘောင်တစ်ခုချမှတ်ရန်မှာ နည်းပညာဆိုင်ရာကဏ္ဍက ယခင့်ယခင် ဆောင်ရွက်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့သည်။ ထိုပြင်ဆင်ချက်ကို ပညာရှင်များက အဓိပ္ပာယ်သတ်မှတ်ချက် (၅)မျိုးကို မီးမောင်းထိုးပြခဲ့သည်-
“ဖွင့်ဆိုချက် ငါးခု” (Highlight five types of definitions)
(၁) Etymalogical (ရင်းမြစ်ဗေဒ)
(၂) Essential (အနှစ်သာရ)
(၃) Precriptive (ပြဋ္ဌာန်းချက်များ)
(၄) Linguistic (ဘာသာဗေဒ)
(၅) Pragmatic (လက်တွေ့သဘောတရား)
ဤသည်တို့မှာ အင်ဂျင်နီယာလုပ်ငန်းနှင့် အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုသော နည်းလမ်းငါးခုကို သတ်မှတ်ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။
အသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက် အမျိုးအစားအခြားအသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက်အမျိုးအစားမှာ အကျယ်ချဲ့ခြင်း (Extensional) သို့မဟုတ် အပြည့်အစုံရှင်းလင်းပြခြင်း (Denotive) တို့ ဖြစ်ပါသည်။ ၎င်းမှာ အမျိုးအစားတစ်ခု၌ပါဝင်သော အကြောင်းအရာများကို အစီအစဉ်တကျ စာရင်းနှင့်သတ်မှတ်ခြင်းမျိုးတို့ ပါဝင်သည်။ ၎င်းအား ဥပမာ၊ ဥပမေယျများနှင့် သိသာအောင် တိုက်ရိုက်ရှင်းလင်းဖော်ပြခြင်းမျိုးတို့ ပါဝင်သည်။ “အင်ဂျင်နီယာ” ဆိုသော အဓိပ္ပာယ်သတ်မှတ်ချက်များစွာသည် ဥပမာ၊ ဥပမေယျများနှင့် ရှိနေသည်။ ဤသည်တို့သည် ယုတ္တိကျကျ မှားသွားခြင်းမျိုးများ၊ မပြီးနိုင်သော အဖန်ဖန် မေးခွန်းထုတ်စရာမျိုးများ ဖြစ်လာတတ်သည်။
ခေတ်အဆက်ဆက် စာတမ်းများနိုင်ငံတကာတွင် ၁၉ဝဝ ပြည့်နှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ခေတ်အဆက်ဆက် အင်ဂျင်နီယာပညာရေး စာတမ်းများ ရေးသားပြုစုခဲ့ကြသည်။ ၁၉၁၈ ခုနှစ်တွင် မန်း၏စာတမ်း၊ ၁၉၂၃ ခုနှစ်တွင် ဝစ်ကင်ဒန်၏ လေ့လာချက်၊ ၁၉၄၀ ပြည့်နှစ်တွင် ဟာမန်း၏ စာတမ်း၊ ၁၉၅၅ ခုနှစ်တွင် ဂရင်တာ၏ စာတမ်း၊ ၁၉၆၆ ခုနှစ်တွင် အမျိုးသားအင်ဂျင်နီယာသိပ္ပံအဖွဲ့ အင်န်အေအီးသည် အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့်ပတ်သက်ပြီး ဘာများလုပ်သင့်ပြီလဲ၊ ၁၉၆၈ ခုနှစ်တွင် “အင်ဂျင်နီယာပညာရေး၏ ပန်းတိုင်များ”၊ ၁၉၈၅ ခုနှစ်တွင် ယူအက်(စ်)(US) ၏ “အင်ဂျင်နီယာပညာရေးနှင့် အင်ဂျင်နီယာတို့၏ အလေ့အကျင့်” များ (အမေရိကန်ပြည်ထောင်စုရှိ အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့် ကျင့်ထုံးများ)၊ ၂ဝဝ၄ ခုနှစ်တွင် “သက္ကရာဇ် ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” ဆိုသောစာတမ်းများ ပေါ်ထွက်လာခဲ့ ပါသည်။
“အင်ဂျင်နီယာပညာရေး အဓိပ္ပာယ်ဖွင့်ဆိုချက်” အား ကျယ်ပြန့်နက်ရှိုင်းစွာ နားလည်စေရန် ၈၆ နှစ် (၁၉၁၈-၂ဝဝ၄)အတွင်း တင်သွင်းခဲ့သော စာတမ်းပေါင်းမြောက်မြားစွာအနက် “အင်ဂျင်နီယာ ပညာရေးမူဝါဒ” စာတမ်းများကို အောက်ပါအတိုင်း ဖော်ပြအပ်သည်။
အဓိပ္ပာယ်သတ်မှတ်ချက်များ ကာလအားလျော်စွာ ဘယ်လိုပြောင်းလဲ လာသည်ဆိုသည်ကို ပိုင်နိုင်စွာ စူးစမ်းနိုင်ရန် သရုပ်ဖော်ပုံ၏ အချိန်ကာလပြဇယား၌ ပြထားသောစာတမ်းများကို ရွေးချယ်ခဲ့ပါသည်။ ဤစာတမ်းများကို ရွေးချယ်ရာမှာ မူဝါဒစာတမ်းများ အများကြီးကို စိစစ်ပြီး ယင်းတို့အထဲကမှ အတိအလင်းအားဖြင့်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့် လည်းကောင်း အင်ဂျင်နီယာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက် အပြည့်အဝပါရှိသည်များကို ရွေးထုတ်ခဲ့ခြင်းဖြစ် သည်။
အဓိပ္ပာယ်သတ်မှတ်ချက်များကို စူးစမ်းလေ့လာရင်းနှင့် အမျိုးမျိုးသော အစီရင်ခံစာစာတမ်းများ ထွက်ပေါ်လာခဲ့သည်။ တက္ကသိုလ်ကောလိပ်များ၊ သက်မွေးပညာသင် ကျောင်းများက ကိုးကားခဲ့ကြသည်ကို တွေ့ရသည်။
အစီရင်ခံစာစာတမ်းတစ်ခုကို အခြားအစီရင်ခံစာ စာတမ်းများကလည်း ကိုးကားလာခဲ့ကြသည်။ အင်ဂျင်နီယာနှင့်ဆိုင်သော ဆရာများ၊ တက္ကသိုလ်အုပ်ချုပ်သူများ၊ (မူဝါဒ) ပေါ်လစီ ရေးဆွဲသူများသည် အစီရင်ခံစာစာတမ်းများကိုဖတ်ကြားခဲ့ကြပြီး ပြည်တွင်းသုံးအဖြစ် တွင်ကျယ်စွာအသုံးပြုကြသည်။ အချိန်ကြာရှည်စွာ ကိုးကားလာကြသော်လည်း ရလဒ်များကို တိကျစွာ မတိုင်းတာနိုင်ခဲ့ကြပါ။ ပထမဆုံးသော ယူအက်(စ်)(US) ဗဟိုပြုစာတမ်းများအနေနှင့် ဗြိတိန်က ပူးတွဲသုံးစွဲခဲ့ကြသည်။ ပထမဆုံးတစ်ချက်အနေနှင့် ဤစာတမ်းသည် အမေရိကန်ပြည်ထောင်စုရှိ မှတ်တမ်းမှတ်ရာ အထောက်အထားများကို အဓိကဗဟိုပြုထားပြီး အထူးသဖြင့် ဗြိတိန်နိုင်ငံကဲ့သို့ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လေ့ရှိသော အခြားနိုင်ငံများ၏ မှတ်တမ်းမှတ်ရာ အထောက်အထား များအား ထည့်သွင်းစဉ်းစားထားခြင်း မရှိပါ။
ဒုတိယအနေနှင့် ဤစာတမ်းများသည် သမိုင်းဆိုင်ရာ နောက်ဆက်တွဲပိုင်းတွင် မပြည့်စုံသည့်အတွက် ပြည့်ဝစွာနားလည်နိုင်ရန် လိုအပ်လာသည်ကို တွေ့ရသည်။ ထိုသို့နားလည်ရန် ကြိုးစားလာကြရင်းနှင့် ဤစာတမ်းကို ရေးသားဖြစ်ခြင်းဖြစ်ပါသည်။ အဓိပ္ပာယ်သတ်မှတ်ချက်ဆို သည်မှာ သမိုင်းဆိုင်ရာနောက်ကြောင်းအပြင် ယနေ့ခေတ်စကားရပ်များနှင့် အပြည့်အဝ နားလည်ခြင်းမျိုးဖြစ်ရပါမည်။ အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့် ဆက်နွှယ်မှုများမှတစ်ဆင့် အဓိပ္ပာယ် သတ်မှတ်ချက်များကို နားလည်ရန် အားထုတ်ရာမှာ အလွန်အကျွံဖြစ်သွားပါကလည်း ဤစာတမ်း၏ဘောင်ကို ကျော်လွန်သွားမည်ဖြစ်သည်။
နောက်ပိုင်းတွင် ၁၂ တန်း အပြီး လေးနှစ်သင်ကောလိပ်များ၊ တက္ကသိုလ်များ၊ သက်မွေးပညာကျောင်းများတွင်ပါ သမိုင်းဆိုင်ရာများပြည့်စုံရန် ဖြည့်စွက်လာကြသည်။ ဤအရာများကို အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ရင်း တချို့သောအဖွဲ့များ၊ ကော်မတီများတွင် သုံးစွဲလာကြသည်။ အမျိုးမျိုးဖြစ်နိုင်ခြေရှိသော၊ ဘက်လိုက်သည့် သဘော အဆိုပါအဖွဲ့များတွင် သုံးသပ်တင်ပြလာကြပြန်သည်။
အဆုံးတွင် စာတမ်းအများစုသည် အထွေထွေအဆန်းဆန်း သိမ်မွေ့နက်နဲသော ဆွေးနွေးချက်များနှင့် အပြီးသတ်တည်းဖြတ်ခဲ့ကြသည်။ ထို့အတွက် စာတမ်းများသည် အချီအချဆွေးနွေးမှုများ အလုံးစုံကို အပြည့်အဝမဆိုနိုင်ပေမယ့်လည်း အများသဘောဆန္ဒအဖြစ် ရှုမြင်နိုင်သည်။ ဆွေးနွေးပွဲတွင် ပါဝင်သူများ၊ ကော်မတီဝင်များသည် အများသဘောဆန္ဒအမြင်ကို အကျိုးသက်ရောက် စေသူများဖြစ်သည်။ သူတို့ကြောင့် အမျိုးမျိုးသော ဖြစ်နိုင်ခြေရှိသည့် ဘက်လိုက် တတ်သော သဘောများကို မြင်သာစေသည်။
“အင်ဂျင်နီယားရင်း” (Engineering) ၏ ဝေါဟာရပိုင်းဆိုင်ရာ အခြေခံဝေါဟာရဗေဒအရ ပြောရမည်ဆိုလျှင် အင်ဂျင်နီယားရင်းဆိုသည်မှာ အရစ်(စ်)တိုတယ်(လ်)၏ စစ်မှန်သောအတွေးအခေါ် တစ်ခုဖြစ်သည့် ရှေးခေတ်ဂရိများ၏ ဒဿနိကကိုအခြေခံလာသော အခေါ်အဝေါ်ဖြစ်သည့် နည်းနာ (Techne) ဆိုသော ထုတ်လုပ်မှုစွမ်းရည် သို့မဟုတ် ဖြစ်ထွန်းအောင်လုပ်သည့် အနုပညာဆိုသည့် စကားရပ်ကနေ ဆင်းသက်လာဟန် ရှိသည်။ နည်းနာဆိုသောစကားထဲတွင် ခေတ်သစ်အင်ဂျင်နီယားရင်း အဓိပ္ပာယ်သတ်မှတ်ချက်များပါဝင်သော ဖန်တီးတီထွင်ခြင်းနှင့် ကျွမ်းကျင်ပါးနပ်စွာပြုလုပ်ခြင်းတို့ ပါဝင်နေသည်။
ယခုခေတ်အခါမှာ ဖွင့်ဆိုနေကြသော “အင်ဂျင်နီယားရင်း” ဆိုသည်မှာ ရှေးခေတ်ဂရိတို့တွင် မရှိခဲ့သေးသလို ခေတ်သစ်ပုံစံအဖြစ် ဆင့်ကဲပြောင်းလဲလာခြင်းမျိုး မဟုတ်ကြောင်း သိသာထင်ရှားစေသည်။
အနောက်တိုင်း၏ အတွေးအခေါ်များအပေါ် ရှေးခေတ်စာပေအရေးအသားများ လွှမ်းမိုးခဲ့ခြင်းမျိုး ကျန်ရှိနေဟန်တူသည်။ “အင်ဂျင်နီယားရင်း” ဆိုသည်မှာ လက်တင်ဝေါဟာရအရင်းအမြစ်ကလာသော အင်ဂျင်နီအာရယ် (Ingeniare) တီထွင်ခြင်း၊ ဖန်တီးခြင်း သို့မဟုတ် ဖြစ်မြောက် အောင်ကြံဆောင်ခြင်းဆိုသော အဓိပ္ပာယ်ရှိသည်။ အင်ဂျင်နီယာဆိုသော အခေါ်အဝေါ်သည် အလယ်ခေတ် ကာလခန့်တွင် အစပြုခဲ့ပြီး စစ်သုံးလက်နက်ကိရိယာတန်ဆာပလာများနှင့် ဆက်စပ်နေသော စစ်သည်တော်များ၊ မြို့ပြလူနေမှု တည်ဆောက်ရေးများကို တီထွင်ကြံဆလုပ်ကိုင်ကြသော ဗိသုကာပညာရှင်များနှင့် အရင်ဆုံး ပတ်သက်ဆက်စပ်ခဲ့သည်။
စာရေးသူအချို့၏ ဖော်ပြချက်များအရတပ်မတော်များသည် အင်ဂျင်နီယာများပါသော တပ်ခွဲများရှိ ဦးဆောင်အရာရှိများ၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းလေ့ကျင့်သင်ကြားခြင်းမျိုး ရှိခဲ့သည်။ နပိုလီယန်၏ အရာရှိများကို သင်တန်းပေးသော ပြင်သစ်နိုင်ငံမှ အီကိုးလ် သိပ္ပံ နည်းပညာကောလိပ် (Ecole Polytechnic) (၁၇၉၄ ခုနှစ်) သည် ပထမဆုံးအသိအမှတ်ပြု အင်ဂျင်နီယာတက္ကသိုလ် ဖြစ်လာခဲ့သည်။
အလားတူ ယူအက်(စ်) စစ်တက္ကသိုလ် ဝက်စ်ပွိုင့် (US Military Academy, West Point) သည်လည်း ယူအက်(စ်)၏ ပထမဆုံးအင်ဂျင်နီယာတက္ကသိုလ် ဖြစ်လာ ခဲ့သည်။ ဤသို့ တပ်မတော်များက အစပြုခဲ့ပုံများကို အင်ဂျင်နီယာအများစု သတိမပြုမိကြသော်လည်း တပ်မတော်နှင့်ဆိုင်သော “စစ်သည်တော်များ” သို့မဟုတ် “စစ်ပွဲ” စသော အခေါ်အဝေါ်များသည် အင်ဂျင်နီယာဆိုသော စကားလုံးနှင့် ယခုထက်ထိတိုင် မသိမသာ အပြန်အလှန် ဆက်စပ်နေသည်။
အင်ဂျင်နီယာနှင့် အင်ဂျင်နီယားရင်း (Engineering) ဆိုသော အသုံးအနှုန်းများသည် အရပ်ဘက်မှာ ပိုမိုအသုံးများလာသောအခါ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် နိုင်ငံများနှင့် ဓလေ့ထုံးတမ်းများအကြားတွင် စတင်ကွဲပြားလာပါတော့သည်။ အင်္ဂလိပ်စကားပြောကြသော နိုင်ငံများတွင် အင်ဂျင်နီယားရင်း၏ ပထမဆုံးခေတ်သစ် အရပ်ဘက်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် “UK မြို့ပြအင်ဂျင် နီယာများအသင်း” (Institution of Civil Engineers, UK) ၏ ပဋိညာဉ်ကနေ အကြောင်းပြု ထွက်ပေါ် လာသည်လို့ ယေဘုယျအားဖြင့် လက်ခံထားကြသည်။
ယုတ္တိဗေဒနှင့် သိပ္ပံဘာသာရပ်သည် ၁၉ ရာစု နှင့် ၂ဝ ရာစုများမှာ လွှမ်းမိုးကြီးစိုးလာခဲ့သောကြောင့် သိပ္ပံဆိုင်ရာ ရှာဖွေလေ့လာ တွေ့ရှိချက်မှ အသိအမြင်ဗဟုသုတများကို စက်မှုလုပ်ငန်း၏ ထုတ်ကုန်များနှင့် လုပ်ငန်းစဉ်များတွင် အလျင်အမြန် ပူးပေါင်းလာပါတော့သည်။
ထို့ပြင် စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်ခြင်းများ၌ ၁၉ ရာစု တစ်လျှောက်တွင် စက်ယန္တရားများကို ပိုမိုပြီး အစားထိုးလာခဲ့ကြသည်။ ဤသို့ စက်ယန္တရားအစားထိုးအသုံးပြုခြင်းများအား အတော်လေး အရှိန်အဟုန်ကောင်းလာခဲ့သောကြောင့် အင်ဂျင်နီယာများသည် စက်မှုလုပ်ငန်းများနှင့် ပို၍နှီးနွှယ်လာပါတော့သည်။
မြန်မာနိုင်ငံတွင် အင်ဂျင်နီယာပညာရေးအား အဆင့်မြင့်ပညာရေးကဏ္ဍတွင် ရန်ကုန်တက္ကသိုလ် ၌ စတင်ခဲ့သည်မှာ နှစ်တစ်ရာတိုင်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ရေမြေ သဘာဝ၊ လူမှုဘဝနှင့် ကိုက်ညီသည့် “အင်ဂျင်နီယာပညာရေးအဓိပ္ပာယ်” ကို အနာဂတ်ကာလတွင် ပြဋ္ဌာန်း ချမှတ် သတ်မှတ်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၊ အင်ဂျင်နီယာပညာရှင်များ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာလုပ်ငန်းနှင့် ဆက်စပ်နေသူများအတွက် လွန်ခဲ့သော နှစ် “၁၀၀” ကာလအတွင်း တိုးတက်ပြောင်းလဲလာမှုများကို အခြေခံ၍ ပြုစုရေးသားတင်ပြလိုက်ပါသည်။ အထက်ဖော်ပြပါအတိုင်း အင်ဂျင်နီယာပညာရေးဆိုင်ရာ နိုင်ငံတကာစာတမ်းစတင်ပေါ်ပေါက်ခဲ့ပြီး ခြောက်နှစ် အကြာတွင် မြန်မာနိုင်ငံ၌ အင်ဂျင်နီယာပညာရေးစတင်ခဲ့သည်ကို ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။ ယခုအခါ KG+12 စနစ် ပေါ်ထွန်းလာပြီဖြစ်သည့်အတွက် အင်ဂျင်နီယာပညာရေးကို KG+12 ပြီးလျှင် ပညာသင်နှစ် ဘယ်နှနှစ်ဖြင့် သင်ကြားမလဲဆိုသည့် မေးခွန်းအတွက်လည်း စဉ်းစားနိုင်အောင် တင်ပြခြင်းဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ အင်ဂျင်နီယာပညာရပ်သည် လူမှုသိပ္ပံပညာနှင့် နည်းပညာတို့ ဒွန်တွဲနေသည့် ဘာသာရပ်အဖြစ် သိသာထင်ရှားလာသည်ဖြစ်ပါ၍ အဆိုပါလိုအပ်ချက်နှင့်အညီ မိမိတို့၏ မျိုးဆက်သစ်လူငယ်များကို ခေတ်ကာလ လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းကြပါစို့လို့ ရေးသားတင်ပြအပ်ပါသည်။ ။
မိမိမိတ်ဆွေများနှင့် ဘတ်ကနေးတက္ကသိုလ်က ဒေါက်တာအလန်လ်ရှယ်ဗယ် ရေးသားသည့် Defining Engineering Education ကို အကြိမ်ကြိမ် ဘာသာပြန်ရေးသားဆွေးနွေးခဲ့သည်ကို မြန်မာနိုင်ငံရဲ့ အင်ဂျင်နီယာ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြင်ဆင်ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။
Source-www.moi.gov.mm
အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးသည် ၁၉၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန် တက္ကသိုလ် အင်ဂျင်နီယာပညာမဟာဌာနမှ စတင်ပေါက်ဖွားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးမှာ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်သည်။
(ယမန်နေ့မှအဆက်)
(င) အဓမ္မကိုတွန်းလှန်ပြီး ဓမ္မလွှမ်းမိုးရေးကို တာဝန်ယူနေကြသူများ
(ယမန်နေ့မှအဆက်)
(င) အဓမ္မကိုတွန်းလှန်ပြီး ဓမ္မလွှမ်းမိုးရေးကို တာဝန်ယူနေကြသူများ
ကမ္ဘာ့နိုင်ငံများအချင်းချင်း ဖြစ်ပွားနေသောစစ်ပွဲများ၊ ပြည်တွင်းစစ်များနှင့် ပြည်သူများအကြား မပြေလည်မှုများ၊ ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်နေကြခြင်းသည် အစွန်းရောက်မှု အယူအဆများ အားကြီးပြီး တရားမျှတမှုအားနည်းခြင်းကြောင့်ပါ။ ပြီးတော့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုအားနည်းကြသည်လည်း ပါပါသည်။ ထိုအဖြစ်မျိုးကို ပညာကိုယ်ခံစွမ်းအား ကျဆင်းနေသော ဒေသများတွင် တွေ့ရပါသည်။ အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံ များက ထင်ရှားသော သာဓကများပါ။ ပညာရည်မြင့်မားသည့် ဒေသများတွင် မတွေ့ရပါ။ အနောက် ဥရောပနိုင်ငံများ၊ ကနေဒါနှင့် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများက သက်သေခံနေပါသည်။ ဘက်စုံ အတွေးအခေါ်မှန်ကန်သည့် ပညာဉာဏ်ရင့်သန် မှုသည် ပဋိပက္ခကင်းဝေးရေး၏ အခြေခံအုတ်မြစ်ပါ။ တပည့်များကို သူ့ဘက်၊ ကိုယ့်ဘက် တွေးတတ်၊ မြော်မြင်တတ်သော မျိုးဆက်များအဖြစ် လေ့ကျင့် နိုင်သည့်သူများက ကျောင်းဆရာများပါပဲ။
ထိုသို့ ကမ္ဘာ၌ ပညာမဲ့မှုကြောင့် အဓမ္မလွှမ်းမိုးသည်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ပညာစွမ်းအားဖြင့် တိုက်ဖျက်နိုင်စွမ်းရှိသည့်သူများမှာ “ကျောင်း ဆရာ” များဆိုတာ အသိအမှတ်ပြုပြီး ကုလသမဂ္ဂ အဖွဲ့ကြီး၏ လက်အောက်ခံအဖွဲ့လေးဖွဲ့က အောက်တိုဘာလ ၅ ရက် ကို “ကမ္ဘာ့ဆရာများနေ့” အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ကြပါသည်။ ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီး ကာကွယ်ထိန်းသိမ်းကြမည့် ငြိမ်းချမ်းရေးဗိသုကာများက ကျောင်းဆရာများ ဖြစ်သည်ဟု ခံယူထားကြလို့ပါ။
လူ့အဖွဲ့အစည်းတွင် အစွန်းရောက်မှုကင်းဝေးရေးနှင့် တရားမျှတမှုများ လွှမ်းမိုးရေးမှာ ကျောင်းဆရာများက လေ့ကျင့်ပေးလိုက်သည့် မျိုးဆက်သစ်များ၏ လူမှုပြဿနာအဝဝကို ဓမ္မဓိဋ္ဌာန်ကျနစွာ ချဉ်းကပ်နိုင်မှုစွမ်းအားပေါ် မှီတည်နေပါသည်။ ကျောင်းဆရာများက ခေတ်အဆက်ဆက်တွင် ပြည်သူများကို “အသိဉာဏ်ဖွင့်၊ ဉာဏ်ပညာမြှင့်တင် ပေးရင်း လူအချင်းချင်း ဒုက္ခရောက်စေမည့် အဓမ္မဖြစ်ရပ်များ ကင်းစင်ပပျောက်စေပြီး တရားမျှတမှု (ဓမ္မ) လွှမ်းမိုးအောင် တာဝန်ယူနေကြသူတွေပါ။” ကျောင်းဆရာသည် တပည့်များကို လိမ္မာယဉ်ကျေးကာ နူးညံ့စိတ်ထားတွေ ပိုင်ဆိုင်အောင်လေ့ကျင့်ပေးပြီး လူ့ဘောင်လောက ထာဝရငြိမ်းချမ်းသာယာအောင် ဆောင်ရွက်နေကြသူများပါ။
(စ) ဒီမိုကရေစီအရည်အသွေးပြည့် နိုင်ငံသားတွေ မွေးထုတ်ပေးနေသူများ
မြန်မာ့လူ့အဖွဲ့အစည်းကို ဒီမိုကရေစီရှင်သန်ဖို့ အလေးပေးနေသည့် အချိန်တွင် ကျောင်းဆရာက ဒီမိုကရေစီ၏ “စိတ်ထား” ၊ “စံ”၊ “အကျင့်” များကို မျိုးဆက်သစ်များတွင် ကြွယ်ဝနေအောင် မလွဲမသွေ လေ့ကျင့်ပေးရပါလိမ့်မည်။ ထိုသို့ လေ့ကျင့်ရာတွင် တပည့်များကို သည်းခံစိတ်ရှိအောင်၊ ကိုယ်နှင့် အမြင်မတူသောသူများအပေါ် နားလည်စာနာမှု ထားတတ်အောင် လေ့ကျင့်ပေးနိုင်ရပါမည်။ သို့မှသာ ငါသာအမှန်ဟူသော အယူမှား ဒိဋ္ဌိမာနတို့ကို လျှော့ချနိုင်ပြီး တစ်ဖက်သားကို နားလည် ပေးနိုင်သူ၊ စာနာစိတ်ရှိသူများ အနာဂတ်လူ့ဘောင်တွင် ပေါကြွယ်ဝနေပါမည်။ ထိုသူများကသာ လူ့ဘောင်ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်လို့ပါ။
တပည့်များကို ဘဝနောက်ခံမတူ၊ ကွဲပြားသူများနှင့် ဘုံရည်မှန်းချက်အတွက် အတူတကွ ပူးပေါင်း အလုပ်လုပ်တတ်အောင် လေ့ကျင့်ပေးရပါမည်။ ကျောင်းကောင်စီဖွဲ့စည်းပြီး အတန်းအကျိုး၊ ကျောင်းအကျိုးသယ်ပိုးနိုင်စွမ်းရှိသူ ကျောင်းသား ကိုယ်စားလှယ်ကောင်းကို ရွေးချယ်တတ်သော အလေ့အကျင့်ကောင်းများရအောင် ဖန်တီးပေးရပါမည်။ အသင်းစွဲ၊ အတန်းစွဲ၊ ကျောင်းစွဲမှသည် ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် ပဋိပက္ခများကို ဖြစ်ပေါ်စေခြင်းမှ ကင်းနိုင်သမျှကင်းအောင် ရှောင်ရှားနိုင်ပြီး မျိုးဆက်သစ်များကို ယထာဘူတကျကျ တွေးခေါ်တတ်အောင် သင်ကြားလေ့ကျင့် ပေးရန် ကျောင်းဆရာတွေမှာ အဓိကတာဝန်ရှိပါသည်။
ပါတီ၊ အဖွဲ့အစည်း၏ အထက်တွင် နိုင်ငံရှိသည်ဆိုတာနှင့် နိုင်ငံ၏ လွတ်လပ်မှုနှင့် အချုပ်အခြာ အာဏာတည်မြဲမှုက ပါတီတိုင်းတွင် တာဝန်ရှိပြီး ယင်းကို ထိန်းသိမ်းရန် အရေးကြီးကြောင်း မဖြစ်မနေသင်ကြားပေးရပါမည်။ အငြင်းပွားစရာ ကိစ္စများ ပေါ်ပေါက်လာလျှင် ကျောင်းဆရာက အဂတိတရားကင်းကင်းဖြင့် သမာသမတ်ရှိရှိ အဖြေရှာပေးခဲ့ရပါမည်။ ကျောင်းဆရာ၏ တွေးခေါ် စဉ်းစားချဉ်းကပ်ပုံမှာ သိပ္ပံနည်းကျရမည်၊ ဓမ္မဓိဋ္ဌာန် ဖြစ်ရပါမည်။ အဂတိတရားလေးပါးဖြစ်သည့် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ကင်းရှင်းစွာ သင်ပေး၊ အဖြေရှာပေးပြီး အဆိုပါ တရားလေးပါးကင်းစွာ ပြုမူနေထိုင်တတ်သူဖြစ်အောင် လေ့ကျင့်ပေးရပါလိမ့်မည်။ ဤသည်မှာ ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံသားကောင်း၏ အကျင့်နှင့် လက္ခဏာပါ။
မြန်မာတို့၏ ပန်းတနော် အမျိုးသားကျောင်းအုပ်ဆရာကြီး ဦးသန့်က “ကျောင်းတွင်း ဒီမိုကရေစီသည် ဒီမိုကရေစီနိုင်ငံ၏ အခြေခံအုတ်မြစ်ကြီးသာလျှင်ဖြစ်၏”ဟူ၍ ခေတ်ကိုကြိုမြင်ကာ မီးမောင်းထိုးပြခဲ့ပါသည်။ ကျောင်းတွင်း ဒီမိုကရေစီမှသည် မြန်မာ့ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဆီသို့ ကြွားဝင့်စွာ ချီတက်နိုင်အောင် ဦးဆောင်လမ်းပြနေသူများကား ကျောင်းဆရာများပါ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဒီမိုကရေစီပန်းတိုင်ကို ချီတက်ရာလမ်းတွင် ခလုတ်တံသင်း ကင်းဝေး အောင် ကြိုးပမ်းမည့်သူများက ကျောင်းဆရာများပင် ဖြစ်ပါသည်။ ထိုသို့ ကြိုးပမ်းနိုင်ရန် “ဒီမိုကရေစီအစ စာသင်ကျောင်းက” ဆိုသည်ကို ကျောင်းဆရာများ က လေးနက်စွာခံယူပြီး မိမိကိုယ်တိုင်ကလည်း လက်တွေ့ကျင့်သုံးနေမှသာ မြန်မာ့ဒီမိုကရေစီ ခရီးလမ်းလည်း ဖြောင့်ဖြူးသာယာပါလိမ့်မည်။
(ဆ) ဘိုးဘွားအမွေအစစ်ကို ထိန်းသိမ်းမြှင့်တင် စောင့်ရှောက်နေသူများ
ခေတ်အဆက်ဆက် တည်တံ့ခဲ့သည့် ပညာရေး၏ ရည်ရွယ်ချက်နှစ်ချက်မှာ-
(က) လူမျိုးတိုင်းက မိမိ၏ဘိုးဘွားအမွေအနှစ်ကို မြတ်နိုးတတ်၊ ချစ်တတ်ပြီး ကာကွယ် စောင့်ရှောက်တတ်မှုရှိအောင် လေ့ကျင့်ပေးရန်၊
(ခ) နောက်မျိုးဆက်သစ်များအတွက် ကောင်းမွန်သော အမွေအနှစ်များ လက်ဆင့်ကမ်း ထားရစ်ခဲ့ရန်ဆိုသည့် ခံယူချက်ရှိသူများ မွေးထုတ်ပေးရန်...တို့ ဖြစ်ပါသည်။
“ဘိုးဘွားအမွေစစ်” အဓိပ္ပာယ်အစစ်အမှန်ကို ကျောင်းဆရာများက တပည့်မျိုးဆက်သစ်များကို ရှင်းပြ၊ သင်ပြပေးရပါမည်။ ပြီးတော့ ဘာကြောင့် ထိုအမွေကို ချစ်ထိုက်၊ မြတ်နိုးထိုက်ပြီး မပျောက် ပျက်အောင် ထိန်းသိမ်းရမည့် တာဝန်ရှိကြောင်းကိုပါ သင်ပေးရပါမည်။ ထိန်းသိမ်းရုံနှင့်တင် မပြီးသေးပါ။ မိမိလက်ခံရရှိသော ဘိုးဘွားအမွေအနှစ်များကိုလည်း သားစဉ်မြေးဆက်၊ ချစ်ထိုက်၊ မြတ်နိုးထိုက်၊ ကာကွယ်ထိုက်သည့်အဖြစ်မျိုး ရောက်အောင် မြှင့်တင်ပေးရမည်ဆိုသည့် ခံယူချက်ရှိလာသည်အထိ လေ့ကျင့်ပေးရမှာပါ။ ထို့နောက်မှာတော့ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိကြောင်းကိုပါ သင်ကြားပေးရန် လိုပါသည်။
ဘိုးဘွားအမွေအနှစ်ဆိုသည်မှာ နိုင်ငံအတွင်းရှိ ရေ၊ မြေ၊ တောတောင်၊ သယံဇာတများသာ မကပါ။ မိမိလူမျိုး၏ စံထားအပ်သော မြင့်မားသည့်စိတ်ထားများ (သူ့ကျွန်မခံလိုသည့် စိတ်ဓာတ်၊ သူများထက် နိမ့်ကျတာမခံချင်စိတ်၊ မိမိအမျိုးကိုမြှင့်တင်လိုစိတ်၊ မိမိလူမျိုးကို ဂုဏ်ယူတန်ဖိုးထားစိတ်၊ ရိုးသားမှုကို ဂုဏ်ယူစိတ်၊ မတရားမှုကိုရွံမုန်းစိတ်) ပြီးတော့ နိုင်ငံလွတ်လပ်ရေး၊ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် မိမိလူမျိုး၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုပညာ၊ ရိုးရာဓလေ့များ အားလုံးသည်လည်း မိမိတို့ ဘိုးဘွား များဆီကရခဲ့သည့် မည်သို့မျှ ၊ မည်သူမှ တန်ဖိုးဖြတ် နိုင်စွမ်းမရှိသည့် အမွေအစစ်များ ဖြစ်ပါသည်။
အဆိုပါအမွေအစစ်၏ တန်ဖိုးများကို ကျောင်းဆရာကိုယ်တိုင်က နားလည်၊ သိရှိ၊ တန်ဖိုးထားပြီး မိမိ၏ တပည့်များဆီကို လက်ဆင့်ကမ်းပေးရမှာပါ။ ပြီးတော့ ယခု ခံစား၊ စံစားနေသည့် ဘိုးဘွားများ၏ အမွေအားလုံးသည် သူတို့၏ အသက်၊ သွေး၊ ချွေး၊ အမြော်အမြင် ကြီးမားမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် စုပေါင်းညီညာစွာ ဆောင်ရွက်ခဲ့ကြလို့ရခဲ့တာပါ။ ဘိုးစဉ်ဘောင်ဆက် အသက်သွေးနှင့်ပေးပြီးမှ ဖြစ်ထွန်းလာသည့် အမွေအစစ်မှာ တိကျသည့် နယ်နိမိတ်ကို ပိုင်ဆိုင်ခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်း ခြင်းနှင့် အချုပ်အခြာအာဏာ တည်တံ့ခြင်းဆိုသည့် အသီးအပွင့်များကိုရရှိပြီး ယခုမျိုးဆက်များက အဆိုပါအမွေကို သခင်နိုင်ငံသားများအဖြစ် မြိန်ရေရှက်ရေ စားသုံးနေရပါသည်။ ဘယ်သူ့အတွက် ဘိုးဘွားများက ဆောင်ရွက်ခဲ့တာလဲဆိုရင် နောင်မျိုးဆက်များအတွက်ပါ ဆိုတာကိုလည်း ထင်ရှားအောင် သင်ပေးရပါမည်။
အဆိုပါ ဘိုးဘွားအမွေအစစ်များ ပျောက်ကွယ်သွားခဲ့လျှင် လွတ်လပ်ရေးလည်း ဆုံးရှုံး၊ အချုပ် အခြာအာဏာလည်း ကွယ်ပျောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ကာ ပြည်ထောင်စုနိုင်ငံ ဆိုတာပါ ပျက်သုဉ်းပြီး ကျွန်ဘဝသို့ ပြန်လည်ရောက်သွားနိုင်ပါသည်။ ထို့အပြင် လူမျိုးတစ်မျိုးဟု အသိအမှတ်ပြုနိုင်သော ဘာသာစကား၊ စာပေ၊ ဂီတ၊ အနုပညာများလည်း ကွယ်သွားလျှင် မျိုးဆက်သစ်များကို ဘာလူမျိုးရယ်လို့သတ်မှတ်၍ မဖြစ်တော့သည့်အတွက် လူမျိုးပါ ပျောက်ကွယ်သွား နိုင်ပါသည်။ ထိုဘဝမျိုးမရောက်အောင် ဘိုးဘွား အမွေစစ်ကို မဖြစ်မနေ ထိန်းသိမ်းသင့်ကြောင်း သင်ပြရမှာပါ။
ဘိုးဘွားများ ထိန်းသိမ်းကာကွယ်ကာ ချန်ထား ခဲ့သည့် ရေမြေတောတောင်နှင့် သဘာဝသယံဇာတ များသည် ယခုမျိုးဆက်တစ်ဆက်တည်းအတွက်သာ သုံးစွဲရန်မဟုတ်ကြောင်းနှင့် နောင်မျိုးဆက်များ၏ဘဝ ပြည့်စုံကောင်းမွန်ရေးအတွက်ပါ ရည်ရွယ်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လိုသလောက်သာ သုံးစွဲသင့်ကြောင်း၊ အလွန်အကျွံသုံးစွဲမှုမျိုးကို ရှောင်ရှားသင့်ကြောင်း၊ နောင်မျိုးဆက်သစ်များ သုံးစွဲရန် မဖြစ်မနေချန်ထားသင့်ကြောင်း၊ ဘိုးဘွား များ ထားခဲ့သော ရေ၊ မြေ၊ တော၊ တောင်သဘာဝများကို ပျက်စီးစေမှုမှ ရှောင်ရှားသင့်ကြောင်း၊ မရှောင်ရှားခဲ့ပါက ရာသီဥတုဖောက်ပြန်မှုနှင့် ရေ၊ မြေ၊ လေထုညစ်ညမ်းမှုကြောင့် သဘာဝဘေးဒဏ် အမျိုးမျိုးကို ခံရနိုင်ကြောင်း စသည့်ဆိုးကျိုးများကို သိရှိပြီး အလေးထားတတ်အောင် သင်ပေးရပါမည်။
သို့မှသာ ဘိုးဘွားအမွေအစစ်ကို မြတ်နိုးထိန်းသိမ်းနိုင်ပါမည်။ နောင်မျိုးဆက်များအားလည်း ချစ်တတ်၊ မြတ်နိုးတတ်၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်ပြီး နောက်မျိုးဆက်သစ်များ အတွက် “အမွေကောင်း၊ အမွေမြတ်” အား လက်ဆင့်ကမ်းပေးရမည်ဆိုသည့် စိတ်ထားနှင့် လက်ဆင့်ကမ်းပေးနိုင်သော ခွန်အားများ ပြည့်စုံအောင်သင်ပေး၊ လေ့ကျင့်ပေးရပါမည်။
ငါတို့ဟာ “မြန်မာ”နှင့် ငါတို့ဟာ “မြန်မာနိုင်ငံသား”ပါ
နိုင်ငံသားတိုင်းကို ဝင်ရောက်ဖျက်ဆီးနေသည့် အထက်ပါကြီးမားသည့် နိုင်ငံဖျက်၊ အမျိုးဖျက် အန္တရာယ် ၇ သွယ်ကို ကြံ့ကြံ့ခံတွန်းလှန်ကာကွယ်နိုင်မည့် အရင်းခံအကြောင်းတရားမှာ ကျောင်းဆရာများတွင်ရော သူတို့က လေ့ကျင့်ပေးလိုက်သည့် မျိုးဆက်သစ် နိုင်ငံသားတိုင်းမှာပါ “အမျိုးသားရေး ကိုယ်ခံစွမ်းအား” ကြွယ်ဝနေဖို့ပါပဲ။ တကယ်တော့ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘိုးဘွားများ လက်ဆင့်ကမ်းပေးခဲ့သည့် (နိုင်ငံတည်မင်းသုံးပါး- အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားနှင့် နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းပေးခဲ့သည့် ခေါင်းဆောင်ကြီးများ) မိမိလူမျိုး၊ မိမိမြေ၊ မိမိတိုင်းပြည်၏ ကြွယ်ဝမှုတို့ကိုချစ်ပြီး ကာကွယ်နေရန် အဆင့်လောက်နှင့် မလုံလောက်သေးပါ။
မျိုးဆက်တိုင်းသည် “မိမိမြေ၊ မိမိနိုင်ငံနှင့် မိမိပြည်သူများက သားစဉ်မြေးဆက် ချစ်ထိုက်၊ မြတ်နိုးထိုက်သည့်မြေ၊ နိုင်ငံနှင့် လူမျိုးဖြစ်အောင်လည်း စွမ်းဆောင်နိုင်စွမ်းရှိရပါမည်”။ ဆိုလိုသည်မှာ ကမ္ဘာ့ဘယ်နေရာရောက်ရောက် မိမိနိုင်ငံ၊ မိမိလူမျိုးကို အစဉ်မြင့်မားအောင် စွမ်းဆောင်ရင်း နိုင်ငံနှင့်လူမျိုး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်များကို ထိန်းသိမ်းကာကွယ်မြှင့်တင်နေမှသာလျှင် အမျိုးကိုအမှန်တကယ် ချစ်မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်ပါ။
ငါတို့ဟာ “မြန်မာ” “မြန်မာနိုင်ငံသား” “မြန်မာ့ မြေမှာ မွေးဖွားခွင့်၊ ရှင်သန်ခွင့်ရတာ ဆုလာဘ် တစ်မျိုး” ပါဟု အမြဲဂုဏ်ယူဝင့်ကြွားနိုင်သူများ ပေါ်ထွန်းလာစေရေးပါ။ ထိုသို့အမျိုးချစ်၊ အမျိုးမြင့်၊ အမျိုးဂုဏ်တက်စေသည့် စိတ်ထားမျိုးပိုင်ဆိုင်သည့် လူငယ်များကို ထုနှင့်ထည်နှင့်၊ အုံနှင့် ကျင်းနှင့် မွေးထုတ်ပေးရန်မှာ ယနေ့နှင့် အနာဂတ် မြန်မာ့ကျောင်းဆရာများ၏ ကြီးမားသော စိန်ခေါ်မှုနှင့် တာဝန်ပါပဲ။ ရင်ဆိုင်ကျော်လွှားကာ အောင်မြင်အောင် ထမ်းဆောင်ရပါလိမ့်မည်။
ကျောင်းဆရာများသည် အထက်တွင်ဖော်ပြခဲ့သည့် နိုင်ငံနှင့်လူ့အဖွဲ့အစည်း ပျက်သုဉ်းစေမည့် အဖျက်ရန်များကို ခေတ်အဆက်ဆက်တွင် ပညာလက်နက်ဖြင့် အသံတိတ်တွန်းလှန်တိုက်ပွဲဝင်ရင်းဘဝကို ပျော်ရွှင်ချမ်းမြေ့ကျေနပ်စွာ ဖြတ်သန်းနေကြသူများပါ။ နိုင်ငံတကာတွင် ကျောင်းဆရာများသည် ပညာအားမာန်အပြည့်နှင့် နိုင်ငံ၏အဖျက်ရန်များကို အင်ပြည့်အားပြည့် ကာကွယ်နိုင်ရန် ၎င်းတို့မှာ “အခြေခိုင်ပြီး ဘဝလုံခြုံသည့် လူနေမှုဘဝ” ကို ပိုင်ဆိုင်နိုင်အောင် ဖြည့်ဆည်းပေးထားကြပါသည်။
တကယ်တော့ “လူနေမှုဘဝချို့တဲ့သည့် ကျောင်းဆရာဘဝ” ဖြင့် နိုင်ငံ၏အလွန်ကြီးမားသော အဖျက်ရန်များကို ကာကွယ်သည့််အခါ “ခါးကမသန်” ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးမှုနှင့် ရှင်သန်မှု၏ ရှေ့တန်းမှာရှိသော “ပညာရေးခံကတုတ်” ကျိုးပေါက်မှာစိုးလို့ပါ။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်၏ ဖွံ့ဖြိုးမှုအပေါင်းကိုပျက်သုဉ်းအောင် ဆောင်ကြဉ်းနေသည့် အဖျက်ရန်မှန်သမျှကို ဖိဖိစီးစီး တွန်းလှန်ကာကွယ်နေသော “အမျိုးသား မဏ္ဍိုင်ခံကတုတ်” ကျိုးပေါက်ခဲ့လျှင် တိုင်းတစ်ပါး၏ “အဝေးထိန်းစနစ်ဖြင့် ကျွန်ဇာတ်သွင်းခံဘဝ” ဆိုသည့် “ခေတ်သစ်ကျွန်” ဘဝမျိုး မိမိတို့၏ နိုင်ငံနှင့်မျိုးဆက်သစ်များဖြစ်သွားပြီး နောက်ဆုံးတွင် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အဖြစ်မျိုး ရောက်သွားနိုင်တာမို့ပါ။ ထိုအဖြစ်မျိုးမရောက်ရန် ပညာရေးခံကတုတ်က စွမ်းစွမ်းတမံ ကာကွယ်ပေးနေကြသည့် ယနေ့ကျောင်းဆရာတို့၏ “လူနေမှု ဘဝလုံခြုံရေး” ကိုလည်း မပြတ်ဖြည့်ဆည်းပေးနေသင့်ပါကြောင်း ကျောင်းဆရာ(ငြိမ်း)ဖြစ်သည့် မိမိ၏အမြင်ကို တင်ပြရင်း ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုရေးသားအပ်ပါသည်။
(လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော ဤကမ္ဘာကြီးကို အန္တရာယ်ကင်းကင်းဖြင့် သာယာဖွံ့ဖြိုးအောင်နှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းဖြစ်အောင် ကိုယ်စိတ်နှလုံး သုံးပါးလုံးနှစ်မြှုပ်၍ စွမ်းဆောင်ခဲ့ကြသော စွမ်းဆောင်နေဆဲဖြစ်ကြသည့် အနန္တဂိုဏ်းဝင် ကျောင်းဆရာများအားလုံး၏ ဂုဏ်ကျေးဇူးကို ပူဇော်ဦးခိုက်လျက်)
Source-Myawady Webportal
(ယမန်နေ့မှအဆက်)
(င) အဓမ္မကိုတွန်းလှန်ပြီး ဓမ္မလွှမ်းမိုးရေးကို တာဝန်ယူနေကြသူများ
“တကယ်တော့ နိုင်ငံတော်ကာကွယ်ရေးတွင် လက်နက်ကိုင်အဖွဲ့များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိ၏။ ဤသည်မှာ ယဉ်ကျေးမှုမြင့်မားသောနိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့၏ အစဉ်အလာဖြစ်၏”
ဘာထရန်ရပ်ဆဲလ်
“တကယ်တော့ နိုင်ငံတော်ကာကွယ်ရေးတွင် လက်နက်ကိုင်အဖွဲ့များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိ၏။ ဤသည်မှာ ယဉ်ကျေးမှုမြင့်မားသောနိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့၏ အစဉ်အလာဖြစ်၏”
ဘာထရန်ရပ်ဆဲလ်
မြန်မာ့လူ့အဖွဲ့အစည်းက “ဆရာ” ကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး အပူဇော်ခံအဆင့်တွင် ထားခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပါပြီ။ မည်သည့်အတွက်ဟုဆိုလျှင် ဆရာသည် လူတစ်ဦး ချင်းမှသည် အဖွဲ့အစည်းတစ်ခုလုံး၏ တန်ဖိုးများတက်လာအောင် ဆောင်ကြဉ်းပေးကာ လူသားကို အဆင့်မြင့်သည့် ဘဝပန်းတိုင်ဆီသို့ အရောက်ပို့ဆောင်ပေးနိုင်သူမို့ပါ။ ထို့အတူ သူတို့တွင် ကျရောက်မည့်အန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင် စွမ်းရှိသူများဖြစ်ကြလို့ပါ။
ပြီးလျှင် မည်သည့်အခါမျှ တပည့်များကို အကျိုးနည်း၊ ဒုက္ခရောက်အောင် ပြုမူပြောဆိုလုပ်ကိုင်လေ့မရှိကြသူများဖြစ်လို့ပါပဲ။ ယူနက်စကိုက သတ်မှတ်ထားသည့် မြင့်မြတ်သည့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း (Noble Professions) သုံးမျိုးရှိပါသည်။ လူသားမျိုးဆက်တိုင်းကို ပညာအလင်းရောင်ထွန်းညှိပေးသော ကျောင်းဆရာများ၊ ပြည်သူများကို ဘေးရန်အန္တရာယ်အသီးသီးမှ ကာကွယ်ပေးသော လက်နက်ကိုင်အဖွဲ့အစည်းများ (တပ်မတော်၊ ပြည်သူ့ရဲနှင့် ပြည်သူ့စစ်)နှင့် ပြည်သူများကို ရောဂါဘယကင်းဝေးအောင် ဆောင်ကြဉ်းပေးသော ကျန်းမာရေးဝန်ထမ်းများ (ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုစသည်) ဖြစ်ပါသည်။
ပညာရေးသည် လူမှုအဖွဲ့အစည်းရှင်သန်မှု၏ ဝိညာဉ်ပါပဲ။ သူကသာ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးမှု၊ တိုးတက်မှုဆိုသည်တို့ကို ဆက်လက်ရှင်သန်ရန် စွမ်းဆောင်နိုင်လို့ပါ။ လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းအားလုံး၏ ဖွံ့ဖြိုးမှုမဏ္ဍိုင်ပါ။ လူသားတို့၏ မွေးရာပါအရည်အသွေးကောင်းတွေကို ပိုမိုဖွံ့ဖြိုးအောင်၊ ထက်မြက်လာအောင် လေ့ကျင့်ပေးသည့်လုပ်ငန်းပါ။ ထိုလုပ်ငန်း၏ စွမ်းဆောင်ရည်မြင့်မားလေလေ လူသားတစ်ဦးချင်းစီမှာ လူ့ဘောင်ကောင်းကျိုးသယ်ပိုးမည့် ဗီဇကောင်းများ ပိုမိုထက်မြက်လာကြပြီး လူ့အဖွဲ့အစည်းကို ဖျက်ဆီးမည့်၊ ငြိမ်းချမ်းမှုကို ပျက်စီးစေမည့် ဗီဇဆိုး၊ ဗီဇညံ့များပျောက်ကွယ်လေလေပါပဲ။
ပညာရေးအဆင့်အတန်းမြင့်မားသည့် လူ့အဖွဲ့အစည်းတိုင်းသည် ကမ္ဘာ့ထိပ်တန်း၌ရှိကြပြီး ပညာရေးအဆင့်အတန်းနိမ့်ကျသော နိုင်ငံနှင့်လူမျိုးသည် ဖွံ့ဖြိုးမှုအားနည်းသော ဘဝမှာသာရှိနေကြပါသည်။ တိုးတက်ဖွံ့ဖြိုးမှုကို လိုလားကြသော လူသားတိုင်းနှင့်လူ့အဖွဲ့အစည်းတိုင်းက ပညာရေးကို အားပေးမြှင့်တင်နေကြပါသည်။ ထိုသို့လူ့ဘောင်ကောင်းကျိုးအဖြာဖြာကို သယ်ပိုးသော ပညာရေးကို ရှေ့တန်းကအားကြိုးမာန်တက် အကောင်အထည်ဖော်နေသည်မှာ အရည်အသွေးထက်မြက်သည့် ကျောင်းဆရာများပါပဲ။
သို့ဖြစ်၍ “ဖွံ့ဖြိုးသောနိုင်ငံ ဖြစ်လာရခြင်းမှာ သူ့နိုင်ငံသားများ ကောင်းကြ၊ တော်ကြလို့ပါ။ ကောင်းသလောက်၊ တော်ကြသောနိုင်ငံသားများ ကြွယ်ဝဖို့ကတော့ အဲဒီနိုင်ငံ၏ ပညာရေးမှာ အရည်အသွေးပြည့်ဝသည့် ဆရာကောင်း၊ ဆရာမြတ်များ ရှိနေမှဖြစ်မှာပါ”ဟူသည့် စင်ကာပူဝန်ကြီးချုပ် (ငြိမ်း)လီရှန်လွန်း၏ စကားအရဆိုလျှင် “နိုင်ငံဖွံ့ဖြိုးမှုမှာ ဆရာများ အရည်အသွေးမြင့်မားမှုက အခရာ”ဟု ဆိုပါရစေ။
ပညာရေးနှင့်ကျောင်းဆရာသည် ရုပ်နှင့်နာမ် (Body and soul) လိုပါပဲ။ ခွဲထုတ်၍မရပါ။ ကွဲကွာခဲ့လျှင် ရှင်သန်နိုင်စွမ်းမရှိတော့ပါ။ ပညာရေးကို ရှေ့တန်းမှ အကောင်အထည်ဖော်နေသူများဖြစ်သည့် ကျောင်းဆရာများသာမရှိလျှင် ပညာရေးဆိုတာလည်း မရှိနိုင်တော့ပါ။ ဤကမ္ဘာလောကမှာ လူမှုအသိုင်းအဝိုင်းကလေးစားပြီး ကလေးများ စံထားလောက်သော ကျောင်းဆရာစစ်စစ် (Role model teacher) များမရှိခဲ့လျှင် ဖွံ့ဖြိုးသည့်၊ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းဆိုတာ ရေထဲမှာ ရေးသောအရုပ်ဘဝမှာပဲ ရှိနေမှာပါ။
ပညာရေးညံ့ရင် နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံကာကွယ်ရေးလည်း ချွတ်ခြုံကျမှုနှင့် ရင်ဆိုင်ရပါလိမ့်မည်။ ပညာရေးမနိမ့်ကျစေရန်မှာ ယင်းကို အကောင်အထည်ဖော်နေသည့် ကျောင်း ဆရာများ၏ စွမ်းရည်သည်လည်း အမြဲတမ်း မြင့်မားထက်မြက်နေရပါမည်။ ဘယ်လိုမှညံ့လို့မဖြစ်ပါ။ ဆရာသည် လူ့သမိုင်းစဉ်ဆက် မိမိအသိုင်းအဝိုင်းကို ဦးဆောင်ပြီး ပညာအလင်းရောင်ထွန်းညှိရင်း လူ့သမိုင်းကို မြှင့်တင်နေကြသူများ ဖြစ်လို့ပါ။
မြန်မာတို့သည် “ဘေးရန်ဆီးကာ”ဆိုသည့် ဆရာ၏ မြင့်မြတ်သော တာဝန်ကို ဆောင်းပါးအစ တွင် “ဘာထရန်ရပ်ဆဲလ်” က ပြောခဲ့တာထက် နှစ်ပေါင်းထောင်ချီပြီး ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ကျောင်းဆရာသည် တပည့်တစ်ဦးချင်းစီကို မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသော “ဉာဏ်ရည်” ၊ “စိတ်ထား” ၊ “ပညာ”နှင့် “အလေ့အကျင့်” ကို ဘဝတစ်လျှောက်လုံး ဘေးရန်ကင်းစွာ နေထိုင်သွားတတ်သည်အထိ လေ့ကျင့်ပေးကာ နိုင်ငံသားအားလုံးကို ဘေးအန္တရာယ်အပေါင်းကင်းဝေးအောင် စွမ်းဆောင်နိုင်စွမ်း ရှိကြသူများပါ။
နိုင်ငံကာကွယ်ရေးအစ စာသင်ခန်းက
နိုင်ငံကာကွယ်ရေးကို ပြောလိုက်လျှင် ပြည်တွင်း၊ ပြည်ပရန်များကို လက်နက်ကိုင်ပြီး ခုခံကာကွယ်နေ ကြသည်ကိုပဲမြင်ကြပါသည်။ ဘရွတ် (Bruke) ဆိုသော ပညာရေးပညာရှင်က “တကယ်တော့ ပညာရေးဟာ နိုင်ငံကာကွယ်ရေးလုပ်ငန်းပါ”တဲ့။ လက်နက်ကိုင်ဖျက်ဆီးနေသူများသာလျှင် လူ့အဖွဲ့အစည်း၏ အဖျက်သမားစစ်စစ်မဟုတ်ကြပါ။ သူတို့ကို လက်နက်ကိုင်ဆောင်သည့်အဆင့်ရောက်အောင် စေ့ဆော်ပေးနေသော အန္တရာယ်မျိုးစေ့များကလည်း မူလ အဖျက်သမားစစ်စစ်များပါပဲ။ ယင်းတို့မှာ -
(က)အသိဉာဏ်ပညာ ဆင်းရဲမွဲတေခြင်း၊
(ခ)နိုင်ငံကြီးသား စိတ်ထားကင်းမဲ့ခြင်း၊
(ဂ)အကျင့်စာရိတ္တ ချွတ်ခြုံကျခြင်း၊
(ဃအမျိုးသားရေး “စံ”များ ပျက်သုဉ်းခြင်း၊
(င)အစွန်းရောက်မှုမြင့်မားခြင်းနှင့် တရား မျှတမှုအားနည်းခြင်း၊
(စ)ဒီမိုကရေစီစိတ်ထားနှင့် အလေ့အကျင့် များခေါင်းပါးခြင်း၊
(ဆ)ဘိုးဘွားအမွေအစစ်ကို ထိန်းသိမ်းရမည်ဟူသော ခံယူချက်ကင်းမဲ့ခြင်းတို့ပါပဲ။
နိုင်ငံသားအများစုထံ ထိုအဖျက်တရားများ ဝင်ရောက်နေပြီး စုမိနေပြီဆိုလျှင်ဖြင့် နိုင်ငံရေး ကျိန်စာသင့်ကာ သူတစ်ပါး၏ အဝေးထိန်းစနစ်ဖြင့် မှိုင်းမိပြီးပြောသမျှယုံကာ ထာဝရလွှမ်းမိုးမှုခံရသည့်ကျွန်ဖြစ်ပြီး ငြိမ်းချမ်းမှုကင်းမဲ့ကာ နိုင်ငံနှင့်လူမျိုးပါ ကမ္ဘာ့မြေပေါ်မှ ကွယ်ပျောက်သွားပါလိမ့်မည်။ ထိုဘဝမျိုး၊ အဖြစ်မျိုးကို မိမိတို့ဘယ်လိုမှအရောက်မခံ၊ အဖြစ်မခံနိုင်ပါ။ ယနေ့ခေတ် ကျောင်းဆရာများသည် စာသင်ခန်းထဲတွင် လူမမယ်မျိုးဆက်များကို ထိုအဖျက်မျိုးစေ့များ ထိုးဖောက်ဝင်ရောက်မယ့်ဘေးမှ ပညာစွမ်းအားဖြင့် ရွပ်ရွပ်ချွံချွံကာကွယ်နိုင်ပြီး နိုင်ငံ့ကောင်းကျိုးကို အစွမ်းကုန်သယ်ပိုးမည့် “တန်ဖိုးပြည့် နိုင်ငံသားမျိုးစေ့ကောင်းများ”ကို မလွဲမသွေဖြည့်ဆည်းပေးရန် တာဝန်ရှိပါသည်။ “စာသင်ခန်းသည် ကာကွယ်ရေးမျိုးစေ့ကောင်းဖြစ်သည့် ဉာဏ်ပညာစတင်စိုက်ပျိုးရာနေရာ” ဟုဆိုပါရစေ။ သို့မှသာ မြန်မာ့လူ့အဖွဲ့အစည်းဟာ မငြိမ်းချမ်းမှုကင်းဝေးပြီး သာယာဖွံ့ဖြိုးမှာပါ။
(က)အသိဉာဏ်ပညာဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေကြသူများ
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် လူငယ်ပညာတတ်များက အမျိုးသားကျောင်းဆရာ (သခင်နု၊ သခင်မြ၊ ဦးသန့်၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးဖိုးကျား...စသူများ) အလုပ်ဝင်လုပ်ကြပြီး ကျွန်ပြုခံထားရသဖြင့် “ဘဝအလင်းရောင်မဲ့” နေသော မြန်မာတိုင်းရင်းသားလူငယ်များကို “အမျိုးသားပညာရေးဖြင့် ပညာအလင်းရောင်” ထွန်းညှိပေးခဲ့ပါသည်။ တစ်တိုင်းပြည်လုံး အမျိုးသားရေးစိတ်ဓာတ်ကြွယ်ဝလာကြပြီး တွန်းလှန်ခဲ့ကြသဖြင့် နောက်ဆုံးလွတ်လပ်ရေးရကြကာ မြန်မာတို့ “သခင်ဘဝ” ပြန်ရောက်ခဲ့ကြပါသည်။
ပညာဉာဏ်ရောင်သည် ကျွန်ဘဝလူသားကို သခင်ဘဝဆီသို့ ပြောင်းလဲနိုင်စွမ်းရှိခဲ့သည်မှာ သမိုင်းသက်သေပါ။ လူငယ်များက ထိုအစဉ်အလာကောင်းကို မြင်တတ်ရန်နှင့် ယနေ့မြန်မာ့လူ့အဖွဲ့အစည်းဖွံ့ဖြိုးစေရန် ကျောင်းဆရာများက လူငယ်များ၏ပညာတံခါးကို ဖွင့်ပေးရပါလိမ့်မည်။ ပါမောက္ခဘဝမှ အိန္ဒိယသမ္မတကြီးဖြစ်လာသူ အဗ္ဗဒူကာလန်ကတော့ လူငယ်တို့၏ ဦးနှောက်ကို “ပညာမီးညှိ”ပေးပါတဲ့။ ကိုယ့်ခေတ်မှာ ကိုယ့်ကောင်းမွန်သည့် သမိုင်းပေးတာဝန်ဖြစ်သော ဖွံ့ဖြိုးငြိမ်းချမ်းသာယာပြီး “ဂုဏ်ရှိန်မြင့်တဲ့ မြန်မာ့လူ့ဘောင် ပေါ်ထွန်းရေး”ကို ကျောင်းဆရာများ ဆက်လက်ကျေပွန်အောင် ထမ်းဆောင်ရပါလိမ့်မည်။
(ခ)နိုင်ငံကြီးသားတွေ မွေးထုတ်ပေးနိုင်ကြသူများ
နိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှု၊ သာယာမှု၊ ဖွံ့ဖြိုးမှုရှိရန်ဆိုလျှင် ထိုလူ့အဖွဲ့အစည်းဝင်တိုင်းက‘နိုင်ငံကြီးသားစိတ်ထား’ဆိုသည့် တာဝန်သိမှု၊ တာဝန်ယူမှု၊ စည်းကမ်းကို ရိုသေလေးစားတန်ဖိုးထားမှုနှင့် ကိုယ်ချင်းစာတရားများနှင့် ပြည့်စုံရပါမည်။ မိမိ၏ ကိုယ်ကျိုးစီးပွားသယ်ပိုးမှုက သူများအကျိုးမထိခိုက်စေရန်နှင့် မိမိလုပ်သမျှသည် အနည်းဆုံး မိမိဝန်းကျင်ကောင်းကျိုးသယ်ပိုးနိုင်မှု ပြည့်စုံရမည်ဆိုသည့် “ပရဟိတ” စိတ်ထားပိုင်ဆိုင်ရပါမည်။ ထို့အပြင် အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရိုင်းပင်းကူညီမှု၊ နားလည်မှု၊ လေးစားတန်ဖိုးထားမှုများ ပြည့်လွှမ်းနေမှု၊ နိုင်ငံနှင့် မိမိအသိုင်းအဝိုင်းကို နိမ့်ကျတာ မခံချင်စိတ်၊ မြှင့်တင်လိုစိတ်၊ မိမိလူမျိုးနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်ပြီး မြှင့်တင်လိုစိတ်များလည်း ပြည့်နေရပါမည်။
အထက်ပါ မြင့်မြတ်စိတ်ထား ပိုင်ဆိုင်လာစေရန် ကျောင်းဆရာသည် ကလေးဘဝအချိန်ကတည်းက လေ့ကျင့်ပေးခြင်းဖြင့် မျိုးဆက်သစ်များတွင် ကြီးနိုင်ငယ်ညှဉ်းပြုတတ်သူ၊ အတ္တကြီးသူ၊ ရန်လိုစိတ်ကြီးသူ၊ စာနာစိတ်မရှိသူ၊ တာဝန်ယူမှုကင်းသူ၊ စည်းကမ်းမဲ့၊ တာဝန်မဲ့သူစသည့်လူ့လောက၏ ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီးမည့် ဗီဇဆိုး၊ ဗီဇညံ့များအားလုံး ပျောက်ကွယ်သွားပါလိမ့်မည်။ ထိုဗီဇဆိုးများပျောက်ပြီး လောကပါလတရားများ လွှမ်းမိုးနေသည့် နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝသူများနိုင်သမျှ များများကို ကျောင်းဆရာများက မွေးထုတ်နိုင်ပြီဆိုလျှင် လူ့အဖွဲ့အစည်းလည်း အဖျက်အန္တရာယ်ကင်းပြီး ငြိမ်းချမ်းမှုအပေါင်းနှင့် ပြည့်ဝလာပါလိမ့်မည်။
(ဂ)မျိုးဆက်တိုင်းကို အကျင့်စာရိတ္တမြင့်မားအောင် မြှင့်တင်နေကြသူများ
လူ့တန်ဖိုးမြင့်တက်ခြင်းနှင့် ဖွံ့ဖြိုးမှုကိုတိုင်းတာသည့် “စံပေတံ” များအနက် “စာရိတ္တ ပေတံ” သည် ရှေးအကျဆုံးနှင့် ခေတ်အမီဆုံးဖြစ်၍ ယနေ့တိုင်ထိပ်ဆုံးမှထားပြီး တိုင်းတာနေဆဲပါ။ “ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်း သာယာမှု၏ အခြေခံအုတ်မြစ်ပါပဲ၊ ပညာရေး၏ အနှစ်သာရ၊ ပညာရေး၏ အဆုံးစွန်ဆုံးပန်းတိုင်သည် အကျင့်စာရိတ္တပျိုးထောင်ရေး” ဟု ဂရိအတွေးအခေါ် ပညာရှင်ကြီး “ပလေတို” ပြောခဲ့ပါသည်။ မြန်မာ့ပညာရေးတွင် နှစ်ပေါင်းထောင်ချီပြီး ကျင့်သုံးခဲ့ သည်မှာ “ဗလငါးတန်” ခိုင်မာရေးပါ။ ထိုအထဲမှာ “စာရိတ္တဗလ”ကြံ့ခိုင်ရေးကို ရှေ့ဆုံးမှာထား လေ့ကျင့်ပေးနေပါသည်။
“ကလေးများကို စာရိတ္တဖွံ့ဖြိုးအောင်၊ ခိုင်မာအောင် လေ့ကျင့်မပေးဘဲ ဝိဇ္ဇာ၊ သိပ္ပံပညာရပ် သက်သက်လောက်ကိုသာ သင်ပေးလိုက်လျှင် လူ့တန်ဖိုးအစစ်ကို ချန်ထားခဲ့သည်မို့ ပညာရေး၏ အဓိကတာဝန်ကို ကျောင်းဆရာများက မျက်ကွယ်ပြုလိုက်တာပါပဲ”တဲ့။ ဒါကလည်း ဆောင်းပါးအစတွင်ပြောခဲ့သူ ဘာထရန်ရပ်ဆဲလ်၏ အဆိုပါပဲ။ ကျောင်းဆရာတို့၏ အဓိကတာဝန်ကို ချန်ထားလို့ မဖြစ်ပါ။ မဖြစ်မနေထမ်းဆောင်ရပါမည်။ အဲဒီ တာဝန်လစ်ဟင်းခဲ့၍ အနာဂတ်လူ့ဘောင်တွင် “တန်ဖိုးနိမ့်လူသား” များသာ ပြည့်လျှမ်းနေခဲ့လျှင် မြန်မာ့လူ့အဖွဲ့အစည်းသည် ဖွံ့ဖြိုးမှုပန်းတိုင်နှင့် အလှမ်းကွာဝေးသွားမှာပါ။
ပညာရေးပညာရှင် “လစ်ဗင်စတုန်း” ကလည်း “သမိုင်းမှာရော ယနေ့မှာပါ ကြုံတွေ့နေရသည့် နိုင်ငံရေးပြဿနာဆိုတာတွေက လူ့စာရိတ္တအားနည်းမှုကြောင့်ဖြစ်ပေါ်လာသည့် ပြဿနာများပါပဲ”တဲ့။ စာရိတ္တသည် လူ့သမိုင်းနှင့်ချီပြီး ခိုင်မာလာခဲ့သည့် လူသား၏တန်ဖိုးအစစ်အမှန်ပါ။ လူ့အဖွဲ့အစည်းငြိမ်းချမ်းဖို့၊ သာယာဖို့တည်ရှိလာခဲ့တာပါ။ ချည့်နဲ့ယိမ်းယိုင်ခဲ့လျှင် လူ့သမိုင်းဒုက္ခနှင့် ရင်ဆိုင်ရတော့တာပါပဲ။ လူ့သမိုင်းဘယ်လိုတိုးတက်တိုးတက်၊ ထိုတိုးတက်တာနှင့်အတူယှဉ်တွဲပြီး အတူပါလာသည်မှာ “ကြံ့ခိုင်တဲ့ စာရိတ္တမဏ္ဍိုင်” ပါပဲ။ သူကသာ ဖွံ့ဖြိုးမှုအစစ်အမှန်ကို ထိန်းသိမ်းနိုင်စွမ်းရှိလို့၊ လမ်းညွှန်ပြနိုင်လို့ပါ။
စစ်မှန်တဲ့ လူ့တန်ဖိုးဆိုတာ ရိုးသားမှု၊ တရား မျှတမှု၊ နိုင်လိုမင်းထက်ကင်းမှု၊ သည်းခံမှု၊ မနာလို ဝန်တိုမှုစိတ်ကင်းမှု၊ လူ့ကျင့်ဝတ်နှင့်စည်းကမ်းကို ရိုသေလေးစားမှုနှင့် စာရိတ္တမြင့်မားမှုစတာတွေပါ။ ယနေ့ မိမိတို့၏ ကျောင်းဆရာများတွင် ထိုတန်ဖိုးကိုဦးထိပ်ထားပြီး ကိုယ်တိုင်လည်းကျင့်ကြံကာ လူငယ်များကိုလည်း လေ့ကျင့်ပေးနိုင်ပါမှသာ စာရိတ္တခိုင်မာသော ဖွံ့ဖြိုးငြိမ်းချမ်းမှုပြည့်လျှမ်းသည့် နိုင်ငံ့၏အုတ်မြစ်ကို ချနိုင်စွမ်းရှိကြပြီးနိုင်ငံကို ကာကွယ်ပေးနေသော “ကျောင်းဆရာ” ဘဝရောက်ကြမှာပါ။
(ဃ) အမျိုးသား “စံ” များပျက်သုဉ်းမှုကို ထိန်းသိမ်း ကာကွယ်နေကြသူများ
ပညာရှင်များက “ကမ္ဘာ့လူမျိုးစုငယ်လေးများ အလျင်အမြန်ပျောက်ကွယ်နေပါပြီ။ ထိန်းသိမ်းပေး ကြပါတဲ့။” လူမျိုးကွဲများနှင့် သွေးနှောပြီး လူမျိုခံရ၍မဟုတ်ပါ။ လူမျိုးတစ်မျိုးလို့ သတ်မှတ်နိုင်သည့် “အမျိုးသားစံ”များဖြစ်သည့် “ဘာသာစကား”၊ “စာပေ”၊ “အနုပညာ”၊ “ဂီတ”၊ “ရိုးရာဓလေ့”နှင့် “ဝတ်စားဆင်ယင်မှု” များ ပျောက်ဆုံးကုန်လို့ပါ။ အရှေ့တိုင်းဆိုလျှင် အနောက်တိုင်းယဉ်ကျေးမှုက နည်းမျိုးစုံဖြင့် ထိုးဖောက်ပြီး ဖျက်ဆီးခြင်းကို ခံနေရပါသည်။ ထို့အတူ ဘာသာစကားကြီးငါးမျိုး၊ (တရုတ်၊ အာရေဗျ၊ ဟင်ဒီ၊ အင်္ဂလိပ်နှင့် စပိန်) တို့က ဝါးမြိုသဖြင့် ကမ္ဘာ့ဘာသာစကားငယ်ပေါင်း နှစ်စဉ် ၁၀၀ ခန့် ပျက်သုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ ပါသတဲ့။
ယနေ့ ၂၁ ရာစုနှင့် ခေတ်မီပညာရေးဆိုသည်မှာ လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုး၏ ယဉ်ကျေး မှုအား ဝင်ရောက်ကျူးကျော်လွှမ်းမိုးသည်ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ပြီး မိမိလူမျိုး၏ “အမျိုးသားစံ” များကို ကာကွယ်ထိန်းသိမ်းမြှင့်တင်နိုင်စွမ်းရှိနေအောင် လေ့ကျင့်ပေးရမည့်ပညာရေးပါ။ ဤသို့ နိုင်ငံနှင့်လူမျိုး၏ “အမျိုးသားစံ” များကို ကာကွယ်ထိန်းသိမ်းရင်း မိမိလူမျိုး၊ နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးခြင်းဆီသို့ ချီတက်သွားနေသည့် ပညာရေးသည် “မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖော်ဆောင်နိုင်စွမ်းရှိသည့် ပညာရေး” အမျိုးအစားပါ။
အမျိုးသားရေး ကိုယ်ခံစွမ်းအားနည်းသည့် ဒေသများတွင် လူမျိုးစုငယ်များ၏ “စံ” များ အလျင် အမြန်ပျောက်ဆုံးနေသည်ကို ကမ္ဘာတစ်ဝန်းမှာ တွေ့ရပါသည်။ ကျောင်းဆရာသည် ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်မြှင့်တင်ပေးရန် တခြားလူတန်းစားထက် ပိုမိုတာဝန်ရှိသည်ဖြစ်၍ အထူး သဖြင့် တိုင်းရင်းသားပေါင်းစုံသည့် မိမိတို့နိုင်ငံတွင် မိမိနှင့်နီးစပ်ရာ ယဉ်ကျေးမှုကို ကိုယ်တိုင်နားလည် ကာယင်းကိုချစ်တတ်၊ မြတ်နိုးတတ်ပြီး မြှင့်တင်နိုင်သည့် ခွန်အားနှင့်လည်း ပြည့်စုံရပေမည်။ နိုင်ငံသူနိုင်ငံသားများ၏ “အမျိုးသားစံ”များ ပျောက်ပြီး လူမျိုးကွယ်ပျောက်မည့် အန္တရာယ်ကို တားဆီး ကာကွယ်ရန်အတွက် မိမိနိုင်ငံနှင့် လူမျိုး၏ “ဝိသေသစံ” များကို ချစ်မြတ်နိုးတန်ဖိုးထားတတ်အောင် ကျောင်းဆရာများက မြန်မာတိုင်းရင်းသား မျိုးဆက်သစ်များကို မလွဲမသွေ လေ့ကျင့်သင်ကြားပေးရမည့်အချိန်ပါ။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် အမျိုးသားကျောင်းဆရာများက မိမိတို့၏ တပည့်များကို အမျိုးသားရေးသန္ဓေမျိုးစေ့တွေ ချပေးခဲ့ပါသည်။
ကိုယ့်ယဉ်ကျေးမှု၊ စာပေ၊ စကားအပေါ် အင်္ဂလိပ်တို့၏ ယဉ်ကျေးမှုကျူးကျော်မှုကို တွန်းလှန်ကာကွယ်ခဲ့သဖြင့် မြန်မာစာပေနှင့် မြန်မာ စကားသည် ယနေ့တိုင်ထည်ထည်ဝါဝါဖြင့် တည်ရှိနေဆဲပါ။ ယနေ့မှာ မိမိတို့နိုင်ငံသည် ကမ္ဘာကို လွှမ်းမိုးသော ဘာသာစကားကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့် ဟင်ဒီဘာသာစကားတွေကြားမှာ ရောက်နေသည်မို့ အလွန်စိုးရိမ်နေရသော အချိန်နှင့် အခြေအနေပါ။ ပြီးတော့ကမ္ဘာသုံးစကားဖြစ်သည့် အင်္ဂလိပ်စာကိုလည်း သင်ယူနေသေးတာကြောင့် ယနေ့မြန်မာကျောင်းဆရာများသည် သတိအမြဲကပ်ပြီး မိမိတို့၏ စာပေနှင့်ဘာသာစကားကို ထိန်းသိမ်းကာကွယ်မြှင့်တင်နေရပါလိမ့်မည်။ တစ်ချိန်ကမြင့်မားသည့် သမိုင်းအစဉ်အလာကောင်းကို မလွဲမသွေ ဆက်လက်ထိန်းသိမ်းနိုင်ပါမှ မြန်မာစာ၊ မြန်မာစကားနှင့် ရိုးရာယဉ်ကျေးမှုများသည် ကမ္ဘာတည်သရွေ့ ဆက်လက်တည်တံ့ရှင်သန်ဖွံ့ဖြိုးနိုင်မှာပါ။
(ဆက်လက်ဖော်ပြပါမည်)
Source-Myawady Webportal
“တကယ်တော့ နိုင်ငံတော်ကာကွယ်ရေးတွင် လက်နက်ကိုင်အဖွဲ့များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိ၏။ ဤသည်မှာ ယဉ်ကျေးမှုမြင့်မားသောနိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့၏ အစဉ်အလာဖြစ်၏”
ဘာထရန်ရပ်ဆဲလ်
“မောင်တို့၊ မယ်တို့......
မိမိပညာရပ်တွေကို
မိမိသေချာလေ့လာဆည်းပူးသင်ကြားကြပါ။
ပညာမပြည့်စုံ၊ ဗဟုသုတမရှိရင်
ကိုယ့်ရဲ့အတတ်ပညာက ဘယ်သူ့ကိုမှကောင်းကျိုးမပြုဘဲ
မင်းတို့တွေဟာ “မယ်သုည၊ မောင်သုည” တွေ ဖြစ်လာလိမ့်မယ်။
မယ်သုည၊ မောင်သုညတွေ
တိုင်းပြည်တာဝန်ထမ်းရင်တော့
ငါတို့တိုင်းပြည် ခါးကျိုးလိမ့်မယ်....။”
“မောင်တို့၊ မယ်တို့......
မိမိပညာရပ်တွေကို
မိမိသေချာလေ့လာဆည်းပူးသင်ကြားကြပါ။
ပညာမပြည့်စုံ၊ ဗဟုသုတမရှိရင်
ကိုယ့်ရဲ့အတတ်ပညာက ဘယ်သူ့ကိုမှကောင်းကျိုးမပြုဘဲ
မင်းတို့တွေဟာ “မယ်သုည၊ မောင်သုည” တွေ ဖြစ်လာလိမ့်မယ်။
မယ်သုည၊ မောင်သုညတွေ
တိုင်းပြည်တာဝန်ထမ်းရင်တော့
ငါတို့တိုင်းပြည် ခါးကျိုးလိမ့်မယ်....။”
ဤစကားရပ်သည် ၁၉၈၀ ကျော်ကာလ၊ ပုသိမ်တက္ကသိုလ်တွင် ပါမောက္ခဌာနမှူး (ပထဝီဝင်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာမကြီး “ဒေါ်စိန်စိန်”က Lecture ပို့ချရင်း ကျောင်းသား၊ ကျောင်းသူများအား ပြောကြားခဲ့သော ဆုံးမစကားပင်ဖြစ်ပါသည်။
ပညာရေးဟူသည်-
ပညာရေးသည် ကျယ်ဝန်းသောအဓိပ္ပာယ်များစွာကို ဆောင်ပါသည်။ ပညာရေးဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရေးအတွက် အကောင်းဆုံးကြားခံပစ္စည်း ဖြစ်ပါသည်။ ပညာသည် လူတစ်ဦးတွင် တိမ်မြုပ်နေသည့် အစွမ်းအစများကို ဖော်ထုတ်နိုင်စွမ်းရှိ၏။ အစွမ်းအစကို ပညာဖြင့် ဆင်ခြင်လုပ်ဆောင်တတ်သူတိုင်းအတွက် အနာဂတ်များမှာ ပိုမိုတောက်ပနေမည်သာ ဖြစ်ပါသည်။ ဘဝကိုမြှင့်တင်ပေးနိုင်သည့်အရာမှာ ပညာဆိုတာ သံသယရှိစရာမလိုပေ။
ပညာတတ်သူသည် အမှား အမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည်။ သူတို့သည် အရာရာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ မိမိဘဝကို ဦးဆောင်ကြသည်။ ပညာတတ်သူသည် တရားဥပဒေ ကိုလေးစားလိုက်နာ တန်ဖိုးထားတတ်သည်။ လူ့အခွင့်အရေးကိုလေးစားပြီး ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်သည်။ နိုင်ငံသူ၊ နိုင်ငံသားတစ်ယောက် လိုက်နာရမည်ဟု သတ်မှတ်ထားချက်များကို မဖောက်မဖျက်ဘဲ လိုက်နာတတ်ကြသည်။ ဤအရည် အချင်းများကပင် “နိုင်ငံသားကောင်း”ဆိုသည့် ဂုဏ်ပုဒ်ဖြစ်သောကြောင့် အသိပညာ၊ အတတ်ပညာရပ်များကို ငယ်ရွယ်စဉ်အခါကပင် လေ့ကျင့်သင်ကြားပေးနိုင်ရန် အရေးကြီးလှပါသည်။
ထို့ကြောင့် မျိုးဆက်သစ်များစွာတို့အား မိမိကိုယ်မိမိ တန်ဖိုးထားတတ်စေရန်လည်းကောင်း၊ ကျွမ်းကျင်မှုဆိုင်ရာ အတတ်ပညာအရပ်ရပ်တို့ကို အသုံးပြုကာ နိုင်ငံတော်နှင့်နိုင်ငံသားတို့အား အကျိုးပြုစေခြင်းအလို့ငှာလည်းကောင်း၊ လှပသောနှလုံးသားအစုံနှင့်အတူ လူသားဆန်မှု၊ လူပီသမှု များနှင့် မိမိတို့၏အဝန်းအဝိုင်းမှသည် မိမိတိုင်းပြည်အား ချစ်မြတ်နိုးတတ်စေရန်လည်းကောင်း အသိပညာ၊ အတတ်ပညာများကို ကောင်းစွာလေ့ကျင့်သင်ကြားပေးရန် အထူးလိုအပ်လှပါသည်။
လူ့စွမ်းအားအရင်းအမြစ်များ ဖော်ဆောင်ပေး
“နယ်စပ်ရေးရာဝန်ကြီးဌာန”၏ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် တိုင်းဒေသကြီး ၂ ခု၊ ပြည်နယ် ၇ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ ၆ ခု တို့တွင် တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး အခြေခံလုပ်ငန်းများအား ဒေသခံ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အတူ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန သည်လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ လူငယ်သင်တန်းကျောင်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်းများနှင့်စက်မှု လက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်ရေးနှင့် စွမ်းရည်ကောင်းများရရှိစေရေးအတွက် ပညာရပ်များကို ဖြန့်ဝေပံ့ပိုး ဖြည့်ဆည်း မွေးထုတ် ပေးလျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ (Academy for the Development of The National Group)ကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နေ့တွင် စစ်ကိုင်းမြို့၌စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ရက်နေ့တွင် လက်ရှိ ရွာသစ်ကြီး သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (University for the Development of the National Races of the Union) အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ရာ ယခုနှစ်ဆိုလျှင် ၁၇ နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ပေသည်။
ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်သည် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်မှုတိုးတက်ခိုင်မာရေးအတွက် အရည်အသွေးမြင့်မားသည့် ပညာရေးဝန်ထမ်းကောင်းများ ဖြစ်ထွန်းအောင် အထူးလေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး မူလတန်း ဆရာအတတ်သင်တန်း၊ အထူးမူလတန်းဆရာအတတ်သင်တန်း၊ အလယ်တန်းဆရာအတတ်သင်တန်း၊ ဆရာအတတ်ပညာဒီပလိုမာသင်တန်း၊ ပညာရေးဘွဲ့ ပေါင်းကူးသင်တန်း၊ ပညာရေးဘွဲ့သင်တန်း၊ မဟာပညာရေးဘွဲ့ အရည်အချင်းစစ်သင်တန်း၊ မဟာဒဿန(ပညာရေး)ဘွဲ့ သင်တန်းနှင့် မဟာ ပညာရေးဘွဲ့သင်တန်း စသည့် ပညာရေးသင်တန်း ၁၀ မျိုးအားဖွင့်လှစ်သင်ကြား ပေးလျက်ရှိ၏။
ပြည်ထောင်စုစိတ်ဓါတ်ထွန်းကားပြန့်ပွားရေး
“နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ် သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကား” ပြောကြားရာတွင်-
“ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ယနေ့အထိ မဟာ ပညာရေးဘွဲ့၊ မဟာဒဿနဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဒီပလိုမာ၊ အလယ်တန်း ဆရာအတတ်သင်၊ မူလတန်းဆရာအတတ်သင်၊ အထူးမူလတန်းဆရာအတတ်သင် စုစုပေါင်း ၁၃၇၈၆ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၀၀ ကျော် တက်ရောက် သင်တန်းဆင်းခဲ့ကြပြီး မောင်တို့၊ မယ်တို့သည် နိုင်ငံတော်က ပြုစုပျိုးထောင် ထားသည့် သားသမီးများပီသစွာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိပြီး နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း မိမိတို့တာဝန်ကျရာ နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင် ကြရန်နှင့် ပြည်ထောင်စုစိတ်ဓါတ်ကို တိုင်းရင်းသားများအကြား ထွန်းကားပြန့်ပွားအောင် လည်း ဆောင်ရွက်ပေးကြရန်” ဟု လမ်းညွှန်မှာကြားခဲ့ပါသည်။
ဤတက္ကသိုလ်အပြင် ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲသော အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံ သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်မည့် “ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်” (ရန်ကုန်နှင့် မန္တလေး၊စစ်ကိုင်း)ကျောင်း ၂ ကျောင်း ကိုလည်း ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) ကျောင်းများတွင် ဝိဇ္ဇာဘွဲ့(မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း)၊ သိပ္ပံဘွဲ့(သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ)နှင့် အင်ဂျင်နီယာဘွဲ့(မြို့ပြ၊ အီလက် ထရောနစ်၊ စက်မှု၊ လျှပ်စစ်စွမ်းအား)ဘွဲ့များ ပေးအပ်ချီးမြှင့်ပေးနိုင်ခဲ့ပါသည်။
ပညာပြည့်ဝ နှလုံးလှသော-
ဖူး အ ငုံ ချိန် ခါ သင့်
ပွင့် လာ ကြ ပန်း မာ လာ
မွှေး ပျံ့ ကြိုင် စွာ ....။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်ကာလအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) အမှတ်စဉ် (၄)၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း၊ ရန်ကုန်) အမှတ်စဉ် (၁၅)၊ (၁၈) သင်တန်း ဆင်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယနေ့အချိန်အထိ ဤကျောင်းတော်ကြီးများမှ တိုင်းရင်းသားလူငယ်အင်အား မဟာပညာရေး ဘွဲ့၁၃၁ ဦး၊ မဟာဒဿနဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၃၈၁ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ်သင် ၉၅၆ ဦး၊ မူလတန်းဆရာအတတ်သင် ၇၁၆၂ ဦး၊ အထူးမူလတန်း ဆရာအတတ်သင် ၄၆၁ ဦး၊ ဝိဇ္ဇာဘွဲ့ ၉၆၅ ဦး၊ သိပ္ပံဘွဲ့ ၂၀၆၃ ဦး၊ B.Tech ၂၇၄ ဦး၊ A G T I ဒီပလိုမာ ၁၃၉၆ ဦး စုစုပေါင်း ၁၈၇၅၆ ဦး ကိုမွေးထုတ်ပေးနိုင်ခဲ့လေပြီ။
ထိုကျောင်းဆင်းဘွဲ့ရတိုင်းရင်းသား မောင်၊ မယ်များသည် ဝန်ကြီးဌာနပေါင်း၂၃ ခုတွင် ပညာရေးဘွဲ့ရ ၁၄၀၅၈ ဦး၊ ဝိဇ္ဇာ၊သိပ္ပံဘွဲ့ရ ၃၀၂၈ ဦးနှင့် အင်ဂျင်နီယာဘွဲ့ရ ၁၆၇၀ ဦးတို့မှာ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင် လျက်ရှိကြပေသည်။
ဥ မ ကွဲ သိုက် မ ပျက်
သွယ် လက် ယှက် ရင်း
နာ ဂ အင်းသား
ကယား ကချင်
မွန် ကရင် ချင်း
ဆွေရင်း ဗမာ
အခါ ရခိုင် ရှမ်း ဟု
ပအို့ဝ် ဓနု ပလောင်
ညီနောင်တစ်စု
တည်ထောင်ပြုသော
ပြည်ထောင်စုဖွား
သွေးသားရင်နှစ်
အားအင်သစ်လျက်
ကိုင်းရွက်ခက်တွေ
အပွင့်ဝေခဲ့....။
ဤကျောင်းတော်များတွင် တိုင်းရင်းသားလူငယ်များ၏ ဘဝရှေ့ရေး ဖြောင့်မတ်မှန်ကန်စေရန်၊ ကောင်းမွန်သည့်နှလုံးသား ဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုစုပျိုးထောင် တည်ဆောက်ပေးခဲ့၏။ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကျောင်းတော်ကြီးများသည် တိုင်းရင်းသား မျိုးဆက်သစ်များအတွက် ဥယျာဉ်မြေသဖွယ်သာဖြစ်၏။ စရိုက်ဆိုးများခြွေချပြီး စရိုက်ကောင်းများ ဖူးဝေအောင် လေ့ကျင့်ပေးနိုင်ခဲ့၏။
အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေမည့် စွမ်းရည်ပြည့်ဝသော လူတော်လူကောင်း များကို စစ်ထုတ်ပေးခဲ့၏။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူငယ် မျိုးဆက်သစ်များအား တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေရေး ရှေးရှုဆောင်ရွက်လေ့ကျင့်ပေးခဲ့ပါသည်။
“မြေဆီမြေသား၊ စွမ်းဆောင်အားကြောင့်
ကြီးထွားသီးပွင့်၊ မာန်ဟုန်ဝင့်ပြန်
မျိုးစေ့မှန်၍၊ အပင်သန်ခဲ့ပြီ....။”
စွမ်းအင်၊ စွမ်းအားများမှသည် စွမ်းရည်ဖွံ့ဖြိုးရေးဆီသို့ အရောက်လှမ်းပြီး အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်သွား ကြမည့် တိုင်းရင်းသားလူငယ်များ၏ စွမ်းရည်များ မြှင့်တင်ပေးရာ၊ တူညီမျှခြင်း အလှတရားများ ဖော်ဆောင်ပေးရာ ကျောင်းတော်မဟာများပင်တည်း။
နှလုံးသားကိုပညာသင်ကြားခြင်း
“နှလုံးသားကို ပညာသင်ပေးခြင်း” ဟုဆိုရာတွင် ကူညီရိုင်းပင်းလိုစိတ်၊ ကိုယ်ချင်းစာနာစိတ်၊ သနားကြင်နာစိတ်၊ ရိုးသားဖြောင့်မတ်စိတ်၊ စည်းလုံးညီညွှတ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်လိုစိတ် တွေဖြစ်လာစေဖို့ သင်ကြားလေ့ကျင့်ပေးခြင်းကို ဆိုလိုရပါမည်။ တိုင်းရင်းသား မျိုးဆက်သစ်များ အား ပညာရည်ပြည့်ဝ၍ နှလုံးလှသော လူကောင်း၊ လူတော်လေးများ၊ ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်သင်ကြားပေးခဲ့ပေသည်။
လူငယ်များအနေဖြင့် အရည်အချင်းရှိမှ တိုင်းပြည်တိုးတက်အောင်ပြုလုပ်နိုင်မည်ဖြစ်သဖြင့် လူငယ်များ၏နှလုံးသားအား လေ့ကျင့်သင်ကြားပေးခြင်းသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် အောင်လုပ်ဆောင်ခြင်းဖြစ်ပေသည်။ လူငယ်များအတွက် Education ၊ Experience ၊ Explore ၊ Ethic စသည့်အချက်များသည် အလွန်အရေးကြီးပြီး ဘဝတစ်သက်တာ အတွက် အသုံးချနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးကြရပေမည်။
ကျောင်းအသီးသီးတွင် “တိုင်းရင်းသားရေးရာ”ဌာနများ ဖွင့်လှစ်ထားရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ဘာသာရပ်၊အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များသင်ကြားပို့ချပေးလျက်ရှိရာ ပြည်ထောင်စု စိတ်ဓာတ်ခိုင်မာရင့်သန်ပြီး မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာသာသနာကို တန်ဖိုးထား မြတ်နိုး၍ စည်းလုံးညီညွတ်မှုခိုင်မြဲစေရန် လေ့ကျင့်ပျိုးထောင် သင်ကြားပေးနိုင်ခဲ့ပေပြီ။
ကျောင်းဆင်းပြီးသည်နှင့်တစ်ပြိုင်နက် ဝန်ကြီးဌာနအသီးသီးတွင် အလုပ်ခန့်အပ်ခြင်းခံရ၏။ ထို့ကြောင့်ကျောင်းဆင်း မောင်၊ မယ်များသည် နယ်စပ်ဒေသများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် စေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် တာဝန်ထမ်း ဆောင်မည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပေတော့မည်....။
တိုင်းရင်းသားလူငယ်မောင်မယ်များအား စည်းစည်းလုံးလုံးရှိပြီး အရည်အချင်းရှိရှိ လေ့ကျင့် သင်ကြားပျိုးထောင် ပေးခဲ့ပြီးဖြစ်သဖြင့် တာဝန်ကျရာဌာနအသီးသီး၊ ဒေသအသီးသီးတွင် တိုင်းပြည် ခါးကျိုးခြင်း မဖြစ်ရလေအောင် တာဝန်သိ၊ တာဝန်ခံ၊ တာဝန်ယူသော “ဝန်ထမ်းကောင်း” များ အဖြစ် တာဝန်ထမ်းဆောင်ကြပေတော့မည်။
“ကျောင်းတော်သာမှ
သွေခွာတက်လှမ်း ပြည့်ဝန်ထမ်းဖို့
ဖြောင့်တန်းညီညီ လျှောက်လှမ်းမည်ဟု
ရွယ်ရည်စိတ်ဓာတ် ခိုင်ခိုင်မတ်လျက်
တွဲလက်စုပေါင်း
အားသစ်လောင်း....။”
အနာဂတ်၏ လှပသောရောင်စုံပန်းများ
စာရေးသူသည် ဤဒီဂရီကောလိပ် ကျောင်းဆင်းပွဲများနှင့် ညစာစားပွဲများသို့ တက်ရောက်ခွင့် ရခဲ့ဖူးပါသည်။ ကျောင်းဆင်းတိုင်းရင်းသား ဘွဲ့ရမျိုးဆက်သစ်တို့နှင့် အခမ်းအနားတက်ရောက်လာ ကြသည့် မြန်မာနိုင်ငံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသအသီးသီးမှ ကျောင်းသားမိဘ တိုင်းရင်းသား မိသားစုတို့အား ချစ်ခင်ကြည်နူးနွေးထွေးစွာ ငေးကြည့်ရင်း နိုင်ငံတော်၏ လှပသော အနာဂတ်ကို တွေးဆ မြင်ယောင်နေမိပါသည်။
ဤတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ညီအစ်ကို မောင်နှစ်မအရင်း သဖွယ် ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြရင်း အေးအတူပူအမျှ ပညာသင်ကြားခဲ့ကြရခြင်းဖြစ်လေသည်။ တိုင်းဒေသကြီး၊ ပြည်နယ် ဒေသအသီးသီးမှ လာရောက်ဆုံတွေ့ကြသူများဖြစ်ကြသည်။ ၎င်းတို့သည် မတူကွဲပြားမှုများအား အားသာချက်ဖြစ်အောင်ပုံဖော်၍ စည်းလုံးချစ်ခင်စွာ နေထိုင်ကြရင်း နိုင်ငံတော် တည်ဆောက်ရေးတာဝန်များအား ကြိုးစားထမ်းဆောင်ကြပေတော့မည်ဟုလည်း ယုံကြည်မိပါသည်။
ကျောင်းဆင်းပွဲမြင်ကွင်းများကား-
တစ်စုတစ်စည်းတည်းဖြင့်
လှပခမ်းနားနေသည့်
ရောင်စုံပန်းခင်းကြီးသဖွယ်လည်း မြင်ယောင်နေမိ၏....။
“ပန်း” ဖြစ်သည်နှင့်အညီ ပြုစုပျိုးထောင်ပေးသော ဥယျာဉ်မှူးများ၏ စေတနာမမှန်ကန်မှု မကျွမ်းကျင်မှုကြောင့်လည်းကောင်း၊ ပြင်ပ ပယောဂများ၏ အန္တရာယ်ကျရောက်မှု၊ မသမာသူတို့၏ ဖျက်ဆီးမှုတို့ကြောင့်သော်လည်းကောင်း ပျက်စီးတတ်သော သဘောရှိသည်ကိုတော့ သတိပြုရ ပေလိမ့်မည်။
ထို့ကြောင့်
ဤသို့လည်း ဆုတောင်းနေမိ၏....။
ပန်းတိုင်းပွင့်ကြပါစေ
ပွင့်သော ပန်းတိုင်း လှပါစေ
လှသော ပန်းတိုင်း. မွှေးပါစေ...။
ညီညွတ်ခြင်း၊ ချစ်ခင်ခြင်း
စည်းရုံးခြင်း
ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းဟူသော
ပန်းခင်းတို့သည်
နိုင်ငံတော်အနှံ့
ပျံ့ သင်း စေသတည်း...။
ထုံ သင်း စေသတည်း...။
ကြိုင်သင်း ပါစေသတည်း...။
“မောင်တို့၊ မယ်တို့......
မိမိပညာရပ်တွေကို
မိမိသေချာလေ့လာဆည်းပူးသင်ကြားကြပါ။
ပညာမပြည့်စုံ၊ ဗဟုသုတမရှိရင်
ကိုယ့်ရဲ့အတတ်ပညာက ဘယ်သူ့ကိုမှကောင်းကျိုးမပြုဘဲ
မင်းတို့တွေဟာ “မယ်သုည၊ မောင်သုည” တွေ ဖြစ်လာလိမ့်မယ်။
မယ်သုည၊ မောင်သုညတွေ
တိုင်းပြည်တာဝန်ထမ်းရင်တော့
ငါတို့တိုင်းပြည် ခါးကျိုးလိမ့်မယ်....။”
(ယခင်အပတ်မှ အဆက်)
(င) စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics)
ကျွန်တော် တို့တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ မရှိပါ၊ အာမီဒေးလ်မြို့ နယူးအင်္ဂလန် တက္ကသိုလ် (The University of New England, Armidale) တွင်တော့ ဦးဘွန်သိန်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါက်တာဒေါ်လီကျော်တို့တက်ရောက်ခဲ့ပါသည်၊ အားလုံးအငြိမ်းစား ယူကုန်ကြပါပြီ၊ ဆစ်ဒနီတက္ကသိုလ် (Sydney University) တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒေါက်တာတင်စိုး စိုက်ပျိုးစီး ပွားရေးပညာ ပါရဂူဘွဲ့ ရခဲ့ပါသည်၊ ယခုတော့ဆရာကွယ်လွန်သွားပြီဟု ကြားသိရပါသည်။
(စ) မြေဆီလွှာသိပ္ပံ (Soil Science) ၊ ဆရာကြီးဦးညွန့်ရွှေ တက်ရောက် ဘွဲ့ရခဲ့ပါသည်။
(ယခင်အပတ်မှ အဆက်)
(င) စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics)
ကျွန်တော် တို့တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ မရှိပါ၊ အာမီဒေးလ်မြို့ နယူးအင်္ဂလန် တက္ကသိုလ် (The University of New England, Armidale) တွင်တော့ ဦးဘွန်သိန်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါက်တာဒေါ်လီကျော်တို့တက်ရောက်ခဲ့ပါသည်၊ အားလုံးအငြိမ်းစား ယူကုန်ကြပါပြီ၊ ဆစ်ဒနီတက္ကသိုလ် (Sydney University) တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒေါက်တာတင်စိုး စိုက်ပျိုးစီး ပွားရေးပညာ ပါရဂူဘွဲ့ ရခဲ့ပါသည်၊ ယခုတော့ဆရာကွယ်လွန်သွားပြီဟု ကြားသိရပါသည်။
(စ) မြေဆီလွှာသိပ္ပံ (Soil Science) ၊ ဆရာကြီးဦးညွန့်ရွှေ တက်ရောက် ဘွဲ့ရခဲ့ပါသည်။
(ဆ) စိုက်ပျိုးရေးဆိုင်ရာကိမိလဗေဒ (Agricultural Entomology) ၊ ဆရာကြီး ဒေါက်တာမြင့်သောင်း၊ ဦးခင်မောင်သန်း၊ ဦးရန်လင်း ဒေါက်တာအောင်ကြည်၊ ဒေါ်ဝင်းဝင်းမြင့်တို့ တက်ရောက်ဘွဲ့ရခဲ့ပါသည်။
(ဈ) စိုက်ပျိုးပညာပေးရေး (Agricultural Extension) ၊ ဒေါက်တာဒေါ်ခင်ဦး တက်ရောက်ဘွဲ့ရခဲ့ပါသည်။
(ည) သဘာဝအရင်းအမြစ်များ စီမံထိန်းသိမ်းရေး (Natural Resources management) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။
(ဋ) အပင်မျိုးစပ်မွေးမြူရေး (Plant Breeding) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။
(ဌ) ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကွပ်ကဲရေး (Rural Development, Administration and Management) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။
ကျွန်တော်တို့နိုင်ငံမှာ ထိုစဉ်က ကိုလံဘိုစီမံကိန်း (Colombo Plan) အရ ဩစတေလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Australian International Development Assistance Bureau - AIDAB) က ကူညီမှုဖြင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် သစ်တောအပါအဝင် အင်ဂျင်နီယာ စီးပွားရေး၊ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များ အပါအဝင်မှ တစ်နှစ်လျှင် ၁၀ ဦး မှ ၂၀ ဦးခန့်သာ ပညာတော်သင် ရရှိပါသည်။ အများစုကတော့ မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးရှိ ဆရာ၊ ဆရာမများပေါ့။
ထိုအချိန်တွင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက် နမ် စသည့်နိုင်ငံများက ကိုလံဘို စီမံ ကိန်း အပါအဝင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုး ရေးဘဏ် စသည့် စီမံကိန်းများစွာဖြင့် တစ်နှစ်လျှင် ဦးရေ ၁၀၀-၂၀၀ ခန့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု (Human Re-source Development - HRD) အတွက် ဩစတေလျ (Australia)၊ အမေရိက (US)၊ ယူကေ (UK)၊ ဥရောပ (Europe)၊ ဂျပန် (Japan)၊ ကိုရီးယား (Korea) စသည့်နိုင်ငံများသို့ အပြိုင်အဆိုင် စေလွှတ်နေကြရာ နှစ်တိုင်း ၁၀ ဆမှ အဆ ၂၀ စသည်ဖြင့် ကွာချင်တိုင်း ကွာသွားပါတော့သည်။
ထိုစဉ်က တရုတ်နိုင်ငံ (China) မှ သူငယ်ချင်းများနှင့်တွေ့ရာ သူတို့နိုင်ငံ နိုင်ငံခြားပညာသင် မူဝါဒ (Foreign Study Policy) အရ ကျောင်းသားပေါင်းများစွာ (ရာ၊ ထောင်ချီ၍) ကို နိုင်ငံတော် ဘဏ္ဍာငွေ ပညာတော်သင်ဆု (State Scholarships) ဖြင့် ၃ လစာ ပေးလွှတ်လိုက်ပြီး ပညာဆုံးခန်းတိုင် အောင်တော့ ကို့ယ်အားကိုယ်ကိုးစနစ်ဖြင့် လုပ်ဆောင်ဟု ညွှန်ကြား လိုက်ကြောင်း နားထောင်မိပါသည်။ ဘွဲ့ရပြီး မိမိနိုင်ငံ မပြန်တဲ့သူကလည်း အနည်းဆုံး မိမိဆွေမျိုး သားချင်း၊ အိမ်ထောင်စုသို့ ငွေပြန်ပို့ကြရာ တနည်းအားဖြင့် နိုင်ငံခြားဝင်ငွေ (Foreign Exchange – FE) များစွာ ရရှိသွားပါတော့သည်။
ထိုစဉ်က ကျွန်တော်တို့နှင့် အတူတူ ကျောင်းတက်ခဲ့ရသည့် ထိုင်းနိုင်ငံဆိုလျှင်လည်း ယခု ထိုင်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Thailand International Development Agency - TICA) ဖွဲ့စည်းပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားမှ ကျောင်း သားများကို ထောက်ပံ့အကူအညီပေးရာ မြန်မာ ကျောင်းသား၊ ကျောင်းသူများသည်ပင် ထိုင်းနိုင်ငံတက္ကသိုလ်များသို့ သွားရောက် ပညာဆည်းပူးနေရသည့်အဆင့်သို့ ရောက်သွားပါပြီ၊ ကျွန်တော်တို့ စိတ်ဓာတ်ကျစရာတော့မလိုပါ။ ကြိုးစားရပါမည်။
၂၀၁၇-၁၈ ကျွန်တော် ကွင်းစလန်တက္ကသိုလ်ပြန်ရောက်တော့ စုစုပေါင်းကျောင်းသား ငါးသောင်းကျော် ရှိနေပြီး (ဘွဲ့လွန်ကျောင်းသား နှစ်သောင်းကျော်) မဟာဌာနပေါင်း (Faculties) ၆ ခု ရှိပြီး ပေါင်းတန်ပေါင်း၊ ဖြုတ်တန်ဖြုတ်၊ အသစ်ထပ်ထည့်တန်ထည့် စသည်ဖြင့် ပြောင်း လဲနေသည့် ခေတ်၊ စနစ်နှင့်အညီ ပြုလုပ်နေပါသည်။
ကွင်းစလန်တက္ကသိုလ်ရှိ မဟာဌာနများကတော့...
(က) ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေးနှင့်ဥပဒေမဟာဌာန (Faculty of Business, Economics and Law)
စိုက်ပျိုးစီးပွားရေးပညာကို အသေးစိတ်လေ့လာလိုပါက မိမိစိုက်ပျိုးရေး ဘာသာ များသာမက ဤမဟာဌာနမှ သက်ဆိုင်သောဘာ သာရပ်များ ပူးတွဲတက်ရောက်ခွင့် အခွင့်အလမ်းလည်း ရသွား ပါသည်၊ မြန်မာနိုင်ငံတွင်မူ စိုက်ပျိုးရေး တက္က သိုလ်ကသတ်သတ်၊ စီးပွားရေးတက္က သိုလ်က တစ်နေရာစီ သတ်သတ်စီ ဖြစ်နေတော့ ကျောင်းသားတွေ ဘာသာရပ်အစုံ သင်ယူခွင့် (Credit Transfer with Cross-enrollment) ပြုနိုင်ပါကအလွန်ကောင်းမွန်ပါလိမ့်မည်။
(ခ) သိပ္ပံမဟာဌာန (Faculty of Science)
ဤမဟာဌာနအောက်တွင်...
(ခ-၁) စိုက်ပျိုးရေးနှင့်အစားအ သောက်သိပ္ပံအဆင့်မြင့်ကျောင်း (School of Agriculture and Food Sciences)
ကျွန်တော်တို့တုန်းက အစားအ သောက်သိပ္ပံ (Food Science) ဘာသာရပ် မရှိသေးပါ၊ ယခုခေတ်တွင်တော့ သူကအရေးပါလာပါပြီ။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်လည်း အထူးပြုဘာသာ အဖြစ် စတင်သင်ကြားနေပါပြီ။
ကွင်းစလန် တက္ကသိုလ်၌ ယခုအချိန် ဘွဲ့ကြိုကျောင်းသား အထူးပြု ဘာသာရပ်များအနေနှင့်..
• စိုက်ပျိုးရေးဆိုင်ရာကူးသန်းရောင်းဝယ်ရေးပညာ (Agribusiness)
• စိုက်ပျိုးမွေးမြူရေးပညာ (Agriculture)
• အပင်သိပ္ပံ (Plant Science)
• မြေဆီလွှာသိပ္ပံ (Soil Science)
• မွေးမြူရေးသိပ္ပံ (Animal Science)
• အစားအသောက်သိပ္ပံ (Food Science)
• တောရိုင်းတိရစ္ဆာန်များဘဝဆိုင်ရာသိပ္ပံ (Wildlife Science)
• မြင်းမွေးမြူရေး၊ အသုံးပြုမှုနှင့်ဆိုင်သောသိပ္ပံ (Equine Science) စသည်တို့ သင်ကြားလျက် ရှိနေပါသည်။
တောရိုင်းတိရစ္ဆာန်များဘဝဆိုင်ရာသိပ္ပံနှင့် မြင်းမွေးမြူရေး၊ အသုံးပြုမှု နှင့်ဆိုင် သောသိပ္ပံမှာ သူတို့နိုင်ငံအတွက်အသုံးဝင်၍ အထူး ပြု အနေဖြင့် ထည့်ထားခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ အပါ အဝင် စိုက်ပျိုးရေးနိုင်ငံများ ယနေ့ခေတ် လိုအပ်လျက်ရှိသော စိုက်ပျိုး ရေး အင်ဂျင်နီယာဘာသာရပ် (Agricultural Engineering) ကိုတော့ ကွင်းစလန်တက္ကသိုလ်က မပေးပါ၊ ကွင်းစလန် တောင်ပိုင်းတက္ကသိုလ် (University of Southern Queensland) က ဤဘာသာရပ်နှင့် ပတ်သက်၍ နာမည် ကြီးပါသည်။ နိုင်ငံတကာ ကျောင်း သား၊ ကျောင်းသူများစွာ တက်ရောက်သင်ကြားလျက် ရှိပါသည်။
(ခ-၂) ဇီဝသိပ္ပံအဆင့်မြင့်ကျောင်း (School of Biological Sciences)
ကျွန်တော် တက္ကသိုလ်တွင်ရှိစဉ်က ဂျပန်ပညာရှင်က မင်းတို့နိုင်ငံမှာ ဇီဝဗေဒ (Biology) ဘာသာရပ်မရှိဘူးလား ဟူ၍ မေးပါသည်။ ကျွန် တော်က ယခင် ကရှိပါတယ်၊ ယခုတော့ ရုက္ခဗေဒ (Botany) နှင့် သတ္တ ဗေဒ (Zoology) ပေါင်းပြီးတော့ ဇီဝဗေဒအနေနှင့်ရှိတယ်မဟုတ်ဘူးလားဟူ၍ ပြန်ဆွေးနွေးရာ တခြားစီပဲ ဒီဘာသာအထူးပြု (Biology Specialization) တက္ကသိုလ်များမှာ ပေးသင့်ပါသည်ဟူ၍ ပြောပါသည်။ ဒီဘာသာမှနေ၍ ဆေးပညာ၊ မွေး မြူရေးပညာ၊ စိုက်ပျိုးရေး၊ သစ် တော၊ ဇီဝဓာတုဗေဒ (Biochemistry)၊ မော်လီကျူးဆိုင်ရာ ဇီဝ ဗေဒ (Molecular Biology) စသည်ဖြင့် အသုံးချသိပ္ပံ (Applied Sciences) ဘက်ကို ပြောင်းလဲသွားရမည် ဖြစ်ပါ၍ အလွန်အရေးပါသောဘာသာရပ်ကြီး ဖြစ်ပါသည်။
(ခ-၃)ဓာတုနှင့်မော်လီကျူးဆိုင်ရာဇီဝအဆင့်မြင့်ကျောင်း (School of Chemistry and Molecular Bio Sciences)
(ခ-၄) မြေဆီလွှာနှင့် ပတ်ဝန်းကျင်သိပ္ပံဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Earth and Environmental Science)(ခ-၅) သင်္ချာနှင့်ရူပဆိုင်ရာ အဆင့်မြင့်ကျောင်း (School of mathematics and Physics)
(ခ-၆) တိရစ္ဆာန်ကုသရေးဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Veterinary Science) တို့ ဆိုပြီး ရှိပါသည်။
ကွင်းစလန်တက္ကသိုလ်ရှိ နောက် ထပ်မဟာဌာနများအနေဖြင့်တော့...
(ဂ) အင်ဂျင်နီယာ၊ ဗိသုကာနှင့်ဆက်သွယ်ရေးနည်းပညာ မဟာဌာန (Faculty of Engineering, Architecture and Information Technology)
(ဃ) ကျန်းမာရေးနှင့်လူမှုကျင့်ဝတ်သိပ္ပံ မဟာဌာန (Faculty of Health and Behavioral Sciences)
(င) လူသားတို့လောကနှင့်လူမှုရေးသိပ္ပံ မဟာဌာန (Faculty of Humanity and Social Sciences) နှင့်
(စ) ဆေးဝါးပညာ မဟာဌာန (Faculty of Medicine) တို့ ဖြစ်ပါသည်။
အဆင့်မြင့်သုတေသနဌာန (Advanced Research Institute ) ပေါင်း ၉ ခုရှိပါသည်။ ၎င်းတို့မှာ ကွင်းစလန် စိုက်ပျိုးရေးနှင့် အစား အစာ တီထွင်ဖန်တီးမှု မဟာမိတ်အုပ်စု (Queensland Alliance for Agriculture and Food Innovation)၊ လူမှုရေးသိပ္ပံဆိုင်ရာ သုတေသနဌာန (Institute for Social Science Research)၊ ဩစတေလျ ဇီဝအင်ဂျင်နီယာနှင့်နာနိုနည်းပညာသုတေသနဌာန (Australian Institute for Bio engineering and Nano Technology)၊ မော်လီကျူးဆိုင်ရာဇီဝသိပ္ပံသုတေသနဌာန (Institute for Molecular Bio-Sciences) တို့သည် စိုက်ပျိုးမွေးမြူရေး သင် ကြား၊ သုတေသနပြုနေသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်သက်နေပါသည်။
နိုင်ငံတစ်ဝန်းနှင့်ဆက်စပ်၍ ပညာ ရပ်ဆိုင်ရာအစုအဖွဲ့ (ARC Center of Excellence) ပေါင်း ၈ ခုတွင်လည်း သဘာဝနှင့်စိုက်ပျိုးရေး အတော်ဆုံးအစုအဖွဲ့ (ARC Center of Excellence for Plant Success in Nature and Agriculture) သည်လည်း ဤတက္ကသိုလ်တွင် ရှိပါ သည်။ ကွင်းစလန်တက္ကသိုလ်မှာ ၂၀၂၂ ခုနှစ် တစ်ကမ္ဘာလုံး စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား၊ သုတေ သနပြုမှု အကောင်းဆုံးတက္ကသိုလ် အမှတ်စဉ် ၁၆ တွင် ရှိပါသည်။
စိုက်ပျိုး၊ မွေးမြူရေးပညာကို ကွင်းစလန်တက္ကသိုလ်အပါအဝင် ဩစတေလျ တက္ကသိုလ်ပေါင်း ၃၄ ကျောင်း မှာ ဘွဲ့ကြို၊ ဘွဲ့လွန်ပညာများ သင် ကြားလေ့လာနိုင်ပါသည်။ ၂၀၂၁ ခုနှစ်က လူဦးရေ ၂၅ ဒသမ ၇၄ သန်းသာရှိသောနိုင်ငံမှာ တက္ကသိုလ်များစွာက ခေတ်မီ စိုက်ပျိုး၊ မွေးမြူရေးပညာများကို သင်ကြား၊ သင်ယူ သုတေသနပြုနေကြသည်များကို အားကျအတုယူဖွယ် ကောင်းလှပါသည်။
ဤတက္ကသိုလ်ကို အကြောင်းပြု၍ ကျွန်တော်တို့ နိုင်ငံတက္ကသိုလ်များက အတုယူ နိုင်သည်မှာ -
(၁) စိုက်ပျိုးရေးတက္ကသိုလ် (Agricultural University) ဟူ၍ အမည်တပ်ထားပြီး သီးနှံ သိပ္ပံအုပ်စု (Crop Science Cluster) ကိုသာ ဘောင်ကျဉ်းကျဉ်းလေး ခတ်မထားဘဲ ဘာသာရပ်မျိုးစုံ တိုးချဲ့ သင်ကြား ရပါမည်၊ စုစုပေါင်း ကျောင်းသား အရေအတွက် ၂၀၀၀-ခန့် နှင့် သူတို့ရှိ စုစုပေါင်းကျောင်းသား ၅၀၀၀၀ ငါးသောင်းကျော်၊ ဘွဲ့လွန် ကျောင်း သား ပေါင်း နှစ်သောင်းကျော်နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။
(၂) သုတေသနစိုက်ကွင်း အကျယ် အဝန်း ဟက်တာ ၁၀၀၀-ကျော် (၂၅၀၀-ဧကခန့်) နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်၊ တက္ကသိုလ်နှင့်သုတေသ နဌာန ပေါင်းစပ်ထားသော နယ်သာ လင်ပုံစံ (Netherlands WUR Model) အတုယူနိုင်ပါသည် (ဗာဂန်နီဂန်တက္ကသိုလ် အကြောင်း ရောက်လာလျှင် အသေးစိတ်ဆွေးနွေးပါမည်)။
(၃) ဘာသာရပ်ပေါင်းစုံလင်စွာရှိ၍ စိုက်ပျိုးရေးမြေဆီလွှာသိပ္ပံ (Agricultural Soil Science) အဓိကယူသူများက ဘူမိဗေဒ (Geology)၊ ပထဝီ (Geography)၊ ရာသီဥတုပညာ (Meteorology/Climatology)၊ ဓာတုဗေဒ (Chemistry)၊ ရူပဗေဒ (Physics)၊ အဏုဇီဝဗေဒ (Microbiology)၊ စာရင်းအင်းပညာ (Statistics)၊ သစ်တော ပညာ (Forestry)၊ ပတ်ဝန်းကျင်သိပ္ပံပညာ (Environmental Science) ဌာနကြီးများရှိ ဘာသာရပ်များ တွဲဖက် သင်ယူနိုင်ခြင်း၊ သုတေသနများ ပူးတွဲလုပ် ဆောင်နိုင်ခြင်း စသည့် အားသာချက်များစွာရရှိနိုင်ပါသည်။
အခြားနိုင်ငံမှ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်များအကြောင်းကိုလည်း ဆက်လက် ဆွေးနွေး တင်ပြသွားပါဦးမည်။
(ယခင်အပတ်မှ အဆက်)
(င) စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics)
ကျွန်တော် တို့တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ မရှိပါ၊ အာမီဒေးလ်မြို့ နယူးအင်္ဂလန် တက္ကသိုလ် (The University of New England, Armidale) တွင်တော့ ဦးဘွန်သိန်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါက်တာဒေါ်လီကျော်တို့တက်ရောက်ခဲ့ပါသည်၊ အားလုံးအငြိမ်းစား ယူကုန်ကြပါပြီ၊ ဆစ်ဒနီတက္ကသိုလ် (Sydney University) တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒေါက်တာတင်စိုး စိုက်ပျိုးစီး ပွားရေးပညာ ပါရဂူဘွဲ့ ရခဲ့ပါသည်၊ ယခုတော့ဆရာကွယ်လွန်သွားပြီဟု ကြားသိရပါသည်။
(စ) မြေဆီလွှာသိပ္ပံ (Soil Science) ၊ ဆရာကြီးဦးညွန့်ရွှေ တက်ရောက် ဘွဲ့ရခဲ့ပါသည်။
နိုင်ငံတကာတက္ကသိုလ်များတွင် အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား သုတေသနပြုနေပုံများကို ဗဟုသုတအဖြစ် ရေးသားဆွေးနွေးသွားပါမည်။
(က) ကွင်းစလန်တက္ကသိုလ်၊ ဩစတေလျှနိုင်ငံ (The University of Queensland, Australia)ကွင်းစလန်တက္ကသိုလ်သည် ၁၉၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွန်တော် ၁၉၈၇ မှ ၁၉၈၉ ခုနှစ်အထိမဟာစိုက်ပျိုးရေးသိပ္ပံ ပညာ၊ အပူပိုင်းဒေသသီးနှံသိပ္ပံ - အထူးပြု (M.Agr.St. – Tropical Crop Science) ပညာဆည်းပူးခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။
နိုင်ငံတကာတက္ကသိုလ်များတွင် အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား သုတေသနပြုနေပုံများကို ဗဟုသုတအဖြစ် ရေးသားဆွေးနွေးသွားပါမည်။
(က) ကွင်းစလန်တက္ကသိုလ်၊ ဩစတေလျှနိုင်ငံ (The University of Queensland, Australia)ကွင်းစလန်တက္ကသိုလ်သည် ၁၉၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွန်တော် ၁၉၈၇ မှ ၁၉၈၉ ခုနှစ်အထိမဟာစိုက်ပျိုးရေးသိပ္ပံ ပညာ၊ အပူပိုင်းဒေသသီးနှံသိပ္ပံ - အထူးပြု (M.Agr.St. – Tropical Crop Science) ပညာဆည်းပူးခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။
ကွင်းစလန်ပြည်နယ်၊ ဘရစ်စဘိန်းမြို့ (Brisbane, Queensland State) တွင်ရှိ၍ နယ်မြေ (Campus) များစွာရှိပြီး မူလတက္ကသိုလ်ကြီးကတော့ စိန့်လူးရှားနယ်မြေ (St. Lucia Campus) တွင် ရှိပါသည်။ တက္ကသိုလ်ကြီးမှာ ကျွန်တော်တို့နိုင်ငံ ၁၉၆၂ ခုနှစ်မတိုင်ခင်က ရန်ကုန်တက္ကသိုလ် (The University of Yangon) ကဲ့သို့ ဘာသာရပ်ပေါင်းစုံ သင်ကြားပေးနေသော ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ကြီး (Autonomous, Comprehensive University with Good Reputation) ဖြစ်ပါသည်။
အဓိကနယ်မြေ ၃ ခု - စိန့်လူးရှားနယ်မြေ (St. Lucia Campus/Main Campus) ဘရစ် စဘိန်းမြို့ပေါ်တွင်ရှိပြီး မဟာဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းများရှိရာ အဓိက နယ်မြေဖြစ်ပါသည်)၊ ဂတ်တန်နယ်မြေ (Gatton Campus) ယခင်ဂတ်တန် စိုက်ပျိုးရေး ကောလိပ်ကို ကွင်းစလန်တက္ကသိုလ်နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ပါသည်၊ စိုက်ပျိုးရေးနှင့် တိရိစ္ဆာန်မွေးမြူကုသရေး မဟာဌာနများ (Merging Gatton Agri-cultural College and UQ) နှင့် သုတေသနစိုက်ကွင်း အပါအဝင် ၁၀၆၈-ဟက်တာ ရှိပါသည်၊ တက္ကသိုလ်ကြီးနှင့် ၈၀-ကီလိုမီတာ (မိုင် ၅၀-ခန့်) ခန့်ဝေးပါသည်၊ ဟားစ တန်နယ်မြေ (Herston Campus) ကျန်းမာရေး၊ ဆေးပညာဆိုင်ရာ မဟာဌာနများ ရှိပါသည်၊ ကွင်းစလန်တက္ကသိုလ်၏ စုစု ပေါင်းဧရိယာ ၁၆၇၀ ဟက်တာ (ဧက ၄၀၀၀ ကျော်) ရှိပါသည်။ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံ(US$ 2.38 Billion) နှင့် သုတေသန အသုံး စရိတ် ဒေါ်လာ ၄၇၅ မီလီယံ (475 Million$) ရှိပါသည်။
ရန်ကုန်တက္ကသိုလ်ကတော့ ၁၉၆၄ ခုနှစ်နောက်ပိုင်း မဟာဌာနများစွာ (Faculties) သီးခြားခွဲထွက်လျက် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္က သိုလ် (Rangoon Arts and Science University - RASU)(နောက်တော့ ရန်ကုန်တက္ကသိုလ် ပြန်ဖြစ်) ဖြစ်လာပါသည်။ သို့သော် ၁၉၆၂ ခုနှစ်မတိုင်မီ တက္ကသိုလ်ကိုတော့ မမီတော့ပါ။
ကျွန်တော်တို့ကျောင်းတက်စဉ် ၁၉၈၇ ခုနှစ်လောက်တုန်းကတော့ စိုက်ပျိုးမွေးမြူရေးပညာ မဟာဌာန (Faculty of Agricultural Science) ရှိပါသည်။ အဲဒီအောက်မှာပဲ စိုက် ပျိုးရေးတက္ကသိုလ်၊ ကိမိလဗေဒဌာနက ဆရာကြီး ဒေါက်တာမြင့်သောင်း၊ ဦးရန်လင်း၊ ဒေါက်တာအောင်ကြည်၊ ဒေါ်ဝင်း ဝင်းမြင့်တို့ တက်ရောက်ခဲ့သည့် ကိမိလဗေဒဌာန (Depart-ment of Entomology) အကြီးကြီးရှိပါသည်။
ယခုတော့ အဲဒီဌာနလည်း သတ္တဗေဒဌာနနှင့်ပေါင်းသွားပြီး ကျွန်တော်တို့ စိုက်ပျိုးရေးမဟာဌာန ကတော့ သိပ္ပံမဟာဌာန (Faculty of Science) အောက်မှာ စိုက်ပျိုးရေးနှင့် အစားအသောက်ဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Agri-culture and Food) ဖြစ်သွားပါပြီ။ ဗဟိုဦးစီးစနစ် (Centralized-Con-trol System) မဟုတ်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့်ရတက္က သိုလ် (Autonomous University) ဖြစ်၍ ခေတ်၊ စနစ်လိုအပ်ချက်အရ နှစ်စဉ်နှစ်တိုင်း မလိုသည့်ဘာသာများဖြုတ်၊ ပေါင်းသင့်တာပေါင်း၊ လိုအပ်သည့်ဘာသာများ အသစ်ထည့် လိုတိုး၊ ပိုလျှော့ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ယခင်က ဂက်တန်စိုက်ပျိုးရေးကောလိပ် (Gatton Agriculture College - ကျွန်တော်တို့ဆီက ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကဲ့သို့ပါ) က သီးခြားဖြစ်ပြီး ယခုတော့ ကွင်းစလန်တက္ကသိုလ်၏ ဂက်တန်နယ်မြေ (Gatton Campus) ဖြစ်သွားပြီး စိုက်ပျိုးမွေးမြူရေးပညာ (Agriculture)၊ တိရစ္ဆာန်ကုသရေးပညာ (Veterinary Science) များ ဘွဲ့လွန်၊ ဘွဲ့ကြိုသင်ကြားပေးရာနယ်မြေ ဖြစ်သွားပါပြီ။
ကျွန်တော်တို့ခေတ်တုန်းက ကျွန်တော် မဟာသိပ္ပံသုတေသနအတွက် မြေပဲစိုက်ပျိုးခဲ့ရာ မြေနီပင်လယ်အော်သုတေသနစိုက်ကွင်း (Red Land Bay Research Station)၊ စားကျက်သီးနှံပင်များ သုတေသနလုပ်ရာ ဝါပင်များတောင် သုတေသနစိုက်ကွင်း (Mt. Cotton Research Station) တို့မှာ မလိုအပ်တော့သဖြင့် တက္ကသိုလ်ရန်ပုံငွေအတွက် ရောင်းပစ်လိုက်ပြီဟု ကျွန် တော် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ဩစတေလျှ အပြည်ပြည်ဆိုင်ရာ သုတေ သနစီမံကိန်း (Australian Centre for International Agri-cultural Research – ACIAR Project) နှင့် ကွင်းစလန်တက္ကသိုလ်၊နှစ်ပတ်လည် နေ့ (The University of Queensland Anniversary) များသို့ ဖိတ်ကြားခံရသဖြင့် သွားရောက် ခဲ့ရာတွင် သိရှိခဲ့ရပါသည်။
၁၉၈၅-၁၉၈၈ ခုနှစ်များက နိုင်ငံတကာကျောင်းသားများအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘွဲ့လွန် ပညာ သင်တန်းများ ခေါ်ယူခဲ့ရာတွင်..
- အပူပိုင်းဆိုင်ရာ လယ်ယာသီးနှံသိပ္ပံ (Tropical Crop Science) ကျွန်တော်တက်ရောက်ခွင့်ရခဲ့ပါသည်။
- အပူပိုင်းဆိုင်ရာ စားကျက်သီးနှံသိပ္ပံ (Tropical Pasture Science) ယခင်စိုက်ပျိုးမွေးမြူရေး ကော်ပိုရေးရှင်းက ဦးစိုးနိုင်၊ ဦးကို ကို တို့ တက်ရောက်ခဲ့သည်ဟု သိရပါသည်။
- အပူပိုင်းဆိုင်ရာ ဥယျာဉ်ခြံသီးနှံသိပ္ပံ (Tropical Horticultural Science) မြန်မာနိုင်ငံမှ ဘယ်သူမျှမတက်ရောက်ခဲ့ရပါ။ (ကျွန်တော်မသိတာလည်းဖြစ်နိုင်ပါသည်)။
- အပူပိုင်းဆိုင်ရာ တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးပညာ (Tro-pical Animal Production) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။ ဖိလစ် ပိုင်နိုင်ငံမှသူငယ်ချင်းများစွာ တက်ရောက်ခဲ့ပါသည်။
- စိုက်ပျိုးစီးပွားရေးပညာ (Agri-cultural Economics) ကျွန်တော် တို့တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ မရှိပါ။ အာမီဒေးလ်မြို့ နယူးအင်္ဂလန် တက္ကသိုလ် (The Uni-versity of New England, Armidale) တွင်တော့ ဦးဘွန်သိန်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါက်တာ ဒေါ်လီကျော်တို့ တက်ရောက်ခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်။
နိုင်ငံတကာတက္ကသိုလ်များတွင် အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား သုတေသနပြုနေပုံများကို ဗဟုသုတအဖြစ် ရေးသားဆွေးနွေးသွားပါမည်။
(က) ကွင်းစလန်တက္ကသိုလ်၊ ဩစတေလျှနိုင်ငံ (The University of Queensland, Australia)ကွင်းစလန်တက္ကသိုလ်သည် ၁၉၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွန်တော် ၁၉၈၇ မှ ၁၉၈၉ ခုနှစ်အထိမဟာစိုက်ပျိုးရေးသိပ္ပံ ပညာ၊ အပူပိုင်းဒေသသီးနှံသိပ္ပံ - အထူးပြု (M.Agr.St. – Tropical Crop Science) ပညာဆည်းပူးခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။
(ယခင်အပတ်မှအဆက်)
(ခ) ကက်ဆယ်တက္ကသိုလ်၊ ဂျာမနီနိုင်ငံ (The University of Kassel, Germany)
ကက်ဆယ်တက္ကသိုလ်သည် ကျွန်တော် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဂျာမနီနိုင်ငံတွင် ပါရဂူဘွဲ့ သင်တန်းအတွက် တက်ခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။ ၁၉၇၁ ခုနှစ်တွင်မှ ကက်ဆယ်မြို့တွင် စတင်တည်ထောင်ခဲ့သောတက္ကသိုလ်တွင် မဟာဌာနပေါင်း (၈) ခု (Eight Faculties) နှင့် အဆင့်မြင့်ကျောင်းတစ်ကျောင်း(One School) ရှိပါသည်။
(၁) ဩဂဲနစ်စိုက်ပျိုးရေးသိပ္ပံများမဟာဌာန (Faculty of Organic Agricultural Science)
(၂) လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Sciences)
(ယခင်အပတ်မှအဆက်)
(ခ) ကက်ဆယ်တက္ကသိုလ်၊ ဂျာမနီနိုင်ငံ (The University of Kassel, Germany)
ကက်ဆယ်တက္ကသိုလ်သည် ကျွန်တော် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဂျာမနီနိုင်ငံတွင် ပါရဂူဘွဲ့ သင်တန်းအတွက် တက်ခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။ ၁၉၇၁ ခုနှစ်တွင်မှ ကက်ဆယ်မြို့တွင် စတင်တည်ထောင်ခဲ့သောတက္ကသိုလ်တွင် မဟာဌာနပေါင်း (၈) ခု (Eight Faculties) နှင့် အဆင့်မြင့်ကျောင်းတစ်ကျောင်း(One School) ရှိပါသည်။
(၁) ဩဂဲနစ်စိုက်ပျိုးရေးသိပ္ပံများမဟာဌာန (Faculty of Organic Agricultural Science)
(၂) လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Sciences)
(၃) ဗိသုကာ၊ မြို့ပြစီမံကိန်းနှင့်ရှုခင်းစီမံကိန်းများမဟာဌာန (Faculty of Architecture, Urban Planning and Landscape Planning)
(၄) စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဟာဌာန (Faculty of Economics and Management)
(၅) သင်္ချာနှင့်သဘာဝသိပ္ပံများမဟာဌာန (Faculty of Mathematics and Natural Sciences)
(၆) မြို့ပြနှင့်ပတ်ဝန်းကျင်အင်ဂျင်နီယာ မဟာဌာန (Faculty of Civil and Environmental Engineering)
(၇) စက်မှုအင်ဂျင်နီယာမဟာဌာန (Faculty of Mechanical Engineering)
(၈) လျှပ်စစ်အင်ဂျင်နီယာနှင့်ကွန်ပျူတာသိပ္ပံပညာ မဟာဌာန (Faculty of Electrical Engineering and Computer Science) နှင့် ဝိဇ္ဇာ၊ အနုပညာနှင့်ဒီဇိုင်းဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Arts and Designs) တို့ဆိုပြီး ရှိပါသည်။
စိုက်ပျိုးမွေးမြူရေးပညာ မဟာဌာနက ကတ်ဆယ်မြို့နှင့် ၃၃ ကီလို မီတာ (မိုင် ၂၀ ခန့်) ဝေးကွာသော ဝတ်ဆင်ဟောင်ဆင်မြို့ (Witzen-hausen) ကလေးတွင်ရှိပါသည်။
ဌာနများမှာ...
(က)မြေဆီလွှာနှင့်သီးနှံသိပ္ပံများအုပ်စု (Soil and Crop Sciences Group)
(က-၁) စိုက်ပျိုးရေးဆိုင်ရာဂေဟဗေဒစနစ်နှင့်ပုံစံထုတ်ခြင်းဌာန (Agroecosystems Analysis and Modelling Dept.)
(က-၂) စိုက်ပျိုးရေးနည်းပညာဌာန (Agricultural Technology Dept.)
(က-၃) မြေဆီလွှာဇီဝဗေဒနှင့် အဟာရဗေဒဌာန (Soil Biology and Plant Nutrition Dept.)
(က-၄) မြေဆီလွှာသိပ္ပံဌာန (Soil Science Dept.)
(က-၅) မြက်ခင်းပြင်သိပ္ပံနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဌာန (Grasslands Science and Renewable Resources Dept.)
(က-၆) ဩဂဲနစ်စိုက်နည်းစနစ်နှင့်သီးနှံစိုက်ပျိုးထုတ်လုပ်ရေးဌာန (Organic Farming and Crop Production Dept.)
(က-၇) အပူပိုင်းနှင့်အပူလျှော့ပိုင်းဒေသ ဩဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်စိုက်ပျိုးရေးဂေဟစနစ် သုတေသနဌာန (Organic
Crop Production and Agroecosystem Research in the Tropics and Sub-Tropics Dept.) (ဤဌာန ပါမောက္ခဆရာတစ်ဦးထဲထံမှ ဒေါက်တာစိုးစိုးသိန်း၊ ကျွန်တော်၊ ဒေါက်တာသင်းနွယ်ထွေး၊ ဒေါက်တာဖြူသော်ထွန်း တို့ ပါရဂူဘွဲ့ရခဲ့ပါသည်။ မြန်မာများအပေါ် အလွန်သံယောဇဉ်ကြီးလွန်းသော ကျွန်တော့်ဆရာ ပါမောက္ခ ဒေါက်တာ အင်ဒရီယာဘူးကပ် (Professor Dr. Andreas Buerkert) ပါ)
(က-၈) ဩဂဲနစ်ဆိုင်ရာသီးနှံကာကွယ်ရေးဌာန (Ecological Crop Protection Dept.) (ဤဌာနမှ ဒေါက်တာတင်အေးအေးနိုင် ပါရဂူဘွဲ့ရခဲ့ပါသည်)
(က-၉) ဩဂဲနစ်ဆိုင်ရာအပင်မျိုးမွေးမြူရေးနှင့်ဇီဝမျိုးစုံထိန်းသိမ်းရေးဌာန (Organic Plant Breeding and Agrobiodiversity Dept.)
(က-၁၀) ပတ်ဝန်းကျင်ဆိုင်ရာဓာတုဗေဒဌာန (Environmental Chemistry Dept.) တို့ ဖြစ်ပါသည်။
(ခ) မွေးမြူရေးသိပ္ပံ (Livestock Science Group) အုပ်စု မြန်မာ ကျောင်းသား၊ ကျောင်းသူများ မရောက်ရှိ မသင်ကြားရသေးပါ။
(ခ-၁) တိရစ္ဆာန်များ၏အပြုအမူနှင့်တိရစ္ဆာန်မွေးမြူရေးဌာန(Animal Ethology and Animal Husbandry Dept.)
(ခ-၂) ပတ်ဝန်းကျင်ကောင်းမွန်စေသောမွေးမြူရေးဆိုင်ရာအာဟာရဗေဒဌာန (Environmentally Friendly Animal Nutrition Dept.)
(ခ-၃) အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသရှိတိရစ္ဆာန်များမွေးမြူရေးဌာန (Animal Husbandry in the Tropics and Sub-Tropics Dept.)
(ခ-၄) သမပိုင်းအတွက်မွေးမြူရေးပညာဌာန (Temperate Animal Husbandry Dept.) စသည်တို့ဖြစ်ပါသည်။
(ဂ) စီးပွားရေး၊ လူမှုရေးနှင့်အစားအသောက်သိပ္ပံများအုပ်စု (Economics, Social and Food Sciences Group)
(ဂ-၁)စိုက်ပျိုးမွေးမြူရေးနှင့်အစား အသောက်ဈေးကွက်ပညာဌာန (Agricultural and Food marketing Dept.)
(ဂ-၂) စီမံအုပ်ချုပ်မှုပညာဌာန (Business Administration Dept.)
(ဂ-၃)အပြည်ပြည်ဆိုင်ရာစိုက်ပျိုး ရေးမူဝါဒနှင့်ပတ်ဝန်းကျင်ဆိုင်ရာအုပ်ချုပ်မှုဌာန (International Agricultural Policy and Environmental Governance Dept.) (ဤဌာနမှ ဒေါက်တာချိုချိုစံ ဘွဲ့ရခဲ့ပါသည်)
(ဂ-၄) အပြည်ပြည်ဆိုင်ရာအစားအသောက်လုပ်ငန်းစီမံခန့်ခွဲမှုဌာန (Management in the International Food Industry Dept.)
(ဂ-၅) ဩဂဲနစ်အစားအသောက်ဆိုင်ရာအရည်အသွေးနှင့်အာဟာရဆိုင်ရာယဉ်ကျေးမှုဌာန (Organic Food Quality and Nutritional Culture Dept.)
(ဂ-၆) လူမှုပတ်ဝန်းကျင်ဆက်စပ်မှုဆိုင်ရာစိုက်ပျိုးရေးစနစ်ဌာန (Socio-ecological Interactions in Agricultural Systems Dept.)
(ဂ-၇) ကျေးလက်ဒေသလူမှုရေးပညာဌာန (Sociology of Rural Areas Dept.) တို့ဖြစ်ပါသည်။
တက္ကသိုလ်မှာ ၂၁ ဌာန ရှိပြီး ဆရာ ဆရာမ ဝန်ထမ်း ၂၅၀ ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်း သား ၁၂၀၀ ဦးခန့် ရှိပါသည်။
ဘွဲ့ကြိုသင်တန်းများမှာ - (ဂျာမာန်လိုသင်ကြားသည့်စနစ်နှင့် အင်္ဂလိပ်လိုသင်ကြားသည့်စနစ်)
(က) စိုက်ပျိုးမွေးမြူရေးပညာဘွဲ့ (ဩဂဲနစ်စိုက်ပျိုးရေး) – B.Sc. (Organic Farming)
(ခ) စိုက်ပျိုးရေးဘွဲ့ (အထူးပြုဘာသာရပ်နှစ်မျိုးတက်ရန်အခွင့်အရေးရှိ) – B.Sc. (Dual Degree in Agriculture) စသည်တို့ဖြစ်ပါသည်။
ဘွဲ့လွန် မဟာသိပ္ပံ သင်တန်းများမှာ -
(က) မဟာသိပ္ပံ - ဩဂဲနစ်စိုက် ပျိုးရေး (M.Sc. Organic Agriculture) မြန်မာနိုင်ငံ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒေါ် မြတ်သူမိုး တက်ရောက်ဘွဲ့ရရှိခဲ့ပါသည်။
(ခ) မဟာသိပ္ပံ - အပြည်ပြည်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲစေသော စိုက် ပျိုးရေး (M.Sc. International Sustainable Agriculture) ကတ်ဆယ်တက္ကသိုလ် (The University of Kassel) နှင့် ဂူတင်ဂန် တက္ကသိုလ် (The University of Gottingen) ပူးတွဲဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ကျောင်းသား၊ကျောင်းသူများမှာ တက္ကသိုလ် နှစ်ကျောင်းလုံးသို့ သွား ရောက်သင်ကြားရန် အခွင့်အရေးရရှိပါသည်။
တက္ကသိုလ်များမှာ နာရီဝက်လောက်ပဲ ကား၊ ရထားနှင့် သွားလို့ရ၍ ကျောင်းသား၊ ကျောင်းသူများ တနေရာတည်းနေပြီး တက္ကသိုလ်နှစ်ခုစလုံးရှိ ဓာတ်ခွဲခန်းများ (Laboratories)၊ စာကြည့်တိုက်များ (Libraries)၊ သုတေသနစိုက်ကွင်းများ (Experimental Farms)၊ ဆရာ၊ ဆရာမနှင့် သုတေသန ပညာရှင်များ (Teaching and Research Staff, Academia) နှင့် အခြားအရင်းအမြစ်များစွာ (Other Resources from both Universities) တို့ကို အသုံးချနိုင်သော အခွင့်အရေးများစွာ ရရှိသွား ပါတော့သည်။
အလွန်မတန်မှ တီထွင်ဖန်တီးထားသော ကောင်းမွန်သည့် စနစ်များဖြစ်ပါသည်။အတုယူဖွယ် ကောင်းလှပါသည်။ နေပြည်တော် ရေဆင်းရှိ တက္ကသိုလ် ၃ ခု ဤကဲ့သို့ စနစ်ကို ဖန်တီးပေးပါက အလွန်အကျိုးရှိပါလိမ့်မည်ဟု စိတ်ကူးယဉ်မိပါသည်။
(ဂ) မဟာသိပ္ပံ - စိုက်ပျိုးမွေးမြူရေး၊ ပတ်ဝန်းကျင်နှင့်အဖွဲ့အစည်းများ (M.Sc. Agriculture, Ecology and Societies)
(ဃ) မဟာသိပ္ပံ -အပြည်ပြည်ဆိုင်ရာအစားအစာကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူများအားလေ့လာခြင်းပညာ (M.Sc. International Food Business and Consumer Studies) တို့ဖြစ်ပါသည်။
ကတ်ဆယ်တက္ကသိုလ် (The University of Kassel) နှင့် ဖူလ်ဒါအသုံးချသိပ္ပံတက္ကသိုလ် (The University of Applied Science - Fulda) တို့ပူးတွဲဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ ကျောင်းသား၊ကျောင်းသူများမှာ တက္ကသိုလ်နှစ်ကျောင်းလုံးသို့ သွားရောက်သင်ကြားရန် အခွင့် အရေးရရှိပါသည်။
ကျွန်တော်တို့ တက္ကသိုလ်မှာ ရေဆင်းရှိ တက္ကသိုလ်နှင့်သုတေသနဌာနများကဲ့သို့ ‘အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသ ဂျာမန် စိုက်ပျိုးရေးသုတေသနဌာန’ (German Institute for Tropical and Sub-tropical Agriculture) နှင့် ကပ်လျက်တည်ရှိပါသည်။ ထို့အတူ ‘အပူပိုင်းဒေသ သီးနှံသုတေသန မှန်ခြံ (Greenhouse for Tropical Crops -ဂျာမနီတစ်နိုင်ငံလုံးမှာတစ်ခု တည်း ရှိပါသည်) လည်းရှိနေတော့ ကျွန် တော်တို့သုတေသန ပြုလုပ်ရာတွင်လည်း အလွန်အဆင် ပြေလှပါသည်။ ထိုမှန်ခြံတွင် အပူပိုင်းဒေသ အပင်ပေါင်း ၄၀၀ ကျော်ရှိပါသည်။ စပါး ဆီအုန်း၊ အုန်းပင် အပူပိုင်းဒေသ အပင်များကို စုံလင်အောင်ထားပေးထားရာ ဂျာမနီတနိုင်ငံလုံးမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ သူတို့ရဲ့ စိုက်ပျိုး၊ မွေးမြူရေး သင်ရိုးညွှန်းတမ်းအရ စနေ၊ တနင်္ဂနွေနေ့တိုင်း လေ့လာရေးခရီး လာရောက်ကြရာ အလွန်ကျေးဇူးများလှသော အစီအစဉ်ပင် ဖြစ်ပါတော့သည်။
(ဆက်လက်ဖော်ပြပါမည်။)
(ယခင်အပတ်မှအဆက်)
(ခ) ကက်ဆယ်တက္ကသိုလ်၊ ဂျာမနီနိုင်ငံ (The University of Kassel, Germany)
ကက်ဆယ်တက္ကသိုလ်သည် ကျွန်တော် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဂျာမနီနိုင်ငံတွင် ပါရဂူဘွဲ့ သင်တန်းအတွက် တက်ခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။ ၁၉၇၁ ခုနှစ်တွင်မှ ကက်ဆယ်မြို့တွင် စတင်တည်ထောင်ခဲ့သောတက္ကသိုလ်တွင် မဟာဌာနပေါင်း (၈) ခု (Eight Faculties) နှင့် အဆင့်မြင့်ကျောင်းတစ်ကျောင်း(One School) ရှိပါသည်။
(၁) ဩဂဲနစ်စိုက်ပျိုးရေးသိပ္ပံများမဟာဌာန (Faculty of Organic Agricultural Science)
(၂) လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Sciences)