သတင်းများ

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၁

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

နေပြည်တော် ဒီဇင်ဘာ ၁

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ်ပြခန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ်ပြခန်း ၂၀၂၃ ခုနှစ်အတွက် ဆုရရှိသူများ၏ အတ္ထုပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များ၊ စာအုပ်စာစောင်များနှင့် အင်းဝခေတ်မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုပြခန်း၊ စာပေဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၏ “စိန်ရတုမှသည်ရာထောင်ချီ” စာပေဆုနှင်းသဘင်ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် “နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်ကို စာပေဂုဏ်ဖြင့်မြှင့်တင်မည်” မှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်တွင် မိမိနိုင်ငံနှင့် အများပြည်သူတို့၏ ကောင်းကျိုးအဖြာဖြာကို စာပေကလောင်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို လေးမြတ်ဂုဏ်ပြုလျက် စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ်မှစတင်ပြီး မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုအဖြစ် ကျင်းပလာကြခြင်းဖြစ်ကြောင်း။

မြန်မာစာပေသမိုင်းကို ပြန်ကြည့်မည်ဆိုပါက ပုဂံခေတ်ကစပြီး ယနေ့ခေတ်ကာလအထိ နှစ်ပေါင်းထောင်ချီဖြတ်သန်းလာခဲ့ပြီဖြစ်ကြောင်း၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်များမှ ယနေ့ခေတ်ကာလအထိ မြန်မာ့ယဉ်ကျေးမှုအနုပညာအဖြာဖြာ၏ ပင်စည်မဏ္ဍိုင်ကြီးဖြစ်သည့် စာပေနယ်ပယ်ကြီး ဖွံ့ဖြိုးတိုးတက်ခဲ့သည့် အစဉ်အလာကောင်းကို ပိုမိုခိုင်မာတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသဖြင့် လေးစားဂုဏ်ယူပါကြောင်း။

စာပေသည် လူ့အဖွဲ့အစည်း၏ အကြံအစည်၊ အပြုအမူ၊ အနေအထိုင်၊ ဓလေ့ထုံးစံ၊ ဘာသာတရား၊ ပေါင်းသင်းဆက်ဆံရေးစသည့်ကိစ္စများအပြင် ယဉ်ကျေးမှုအနုပညာအပေါင်းတို့၏ အစပြုရာဖြစ်ကြောင်း၊ စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံများပင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်လာသည်နှင့်အမျှ လူမျိုးလည်းတင့်တယ်ဝင့်ကြွားလာမည်ဖြစ်ကြောင်း၊ စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ထင်ဟပ်နေခြင်းဖြစ်သဖြင့် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ စာပေနှင့်ပတ်သက်သည့် အစဉ်အလာကောင်းများကို စာပေပညာရှင်များ၊ စာပေကို တန်ဖိုးထားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် မျိုးဆက်သစ်များက ဆက်လက်ပြီး လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း မှာကြားလိုကြောင်း။

နိုင်ငံနှင့် ပြည်သူများ၏ ကောင်းကျိုးအတွက် အားထုတ်ရေးဖွဲ့ထုတ်ဝေခဲ့ကြသည့် စာဆိုကြီးများ၏ စာကောင်းပေမွန်လက်ရာများကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုခြင်းသည် နိုင်ငံ၏ကောင်းမြတ်သည့် အစဉ်အလာပင်ဖြစ်ကြောင်း၊ ထိုသို့ ကောင်းမွန်သည့် အစဉ်အလာကောင်းကို ၁၉၄၈ ခုနှစ်က စတင်ကျင်းပခဲ့သည်မှာ ယခုဆိုပါက (၇၅) ကြိမ်မြောက်ရှိပြီဖြစ်သဖြင့် စိန်ရတုသက်တမ်းသို့ ရောက်ခဲ့ပြီဖြစ်ကြောင်း။

နိုင်ငံတော်၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လတွင်တည်ထောင်ခဲ့သည့် စာပေဗိမာန်သည် တိုင်းရင်းသားပြည်သူများ နိုင်ငံတကာဗဟုသုတတိုးပွားရေးအတွက် ဘာသာပြန်စာပေများ ထုတ်ဝေခဲ့သကဲ့သို့ မြန်မာစာပေဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်တွင် “စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို စတင်ချီးမြှင့်ခဲ့ကြောင်း။

“စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို “စာပေဗိမာန်ဆု”၊ “အနုပညာစာပေဆိုင်ရာဆု”၊ “အမျိုးသားစာပေဆု” စသည်ဖြင့် ဆုအမည်ကို အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မယ့်ဘာသာရပ်များ၊ ဆုငွေများကိုလည်း အခါအားလျော်စွာ တိုးချဲ့၊ တိုးတက်ချီးမြှင့်ခဲ့ကြောင်း၊ ယခု ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ်(၁၉)မျိုးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေခြင်း မပြုဖြစ်သေးသည့် ကလောင်ရှင်တို့၏ ကောင်းမွန်သည့်လက်ရာစာမူများကို စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိနိုင်ရန်ရည်ရွယ်ပြီး “စာပေဗိမာန်စာမူဆု” ကိုလည်း နှစ်စဉ်ရွေးချယ်ပြီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ယခုနှစ်အတွက် စာပေဗိမာန်စာမူဆုတွင် ဘာသာရပ် ၁၃ မျိုး ဆုချီးမြှင့်မည်ဖြစ်ကြောင်း။

ထို့ပြင် မိမိတို့ မြန်မာနိုင်ငံတွင် မြန်မာစာပေနှင့် နိုင်ငံနှင့်လူမျိုးအကျိုးကို တစ်သက်တာလုံးစာအုပ်စာပေများ အားထုတ်ရေးသားပြုစုခဲ့ပြီး ထူးချွန်ပြောင်မြောက်စွာ တာဝန်ကျေခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း။

ယခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ရာတွင် ၂၀၂၃ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၁၀၅၀ အတွင်းမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၅ မျိုးကို ရွေးချယ်နိုင်ခဲ့ကြောင်း၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင် စာမူ ၂၈၄ စောင်အတွင်းမှ ဘာသာရပ် ၁၃ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် ယနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း။

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ်များ၊ စာမူများကို ကြည့်မည်ဆိုပါကလည်း ကလောင်နု၊ ကလောင်လတ်၊ ကလောင်ရင့်များပါဝင်ပြီး ခေတ်အတွေး၊ ခေတ်အမြင်များကို ထင်ဟပ်ဖော်ကျူးပြီး စေတနာစိတ်နှင့် စာနာစိတ်ထားများ ပွားများစေနိုင်သည့် ရသစာပေများ၊ နိုင်ငံဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ဖြည့်ဆည်းသင့်သည့် ပြည်တွင်းပြည်ပဆိုင်ရာ ခေတ်မီနည်းပညာများ၊ သိပ္ပံပညာရပ်များကို လူအများနားလည်လွယ်အောင် ရေးသားထားသည့် သုတစာပေများကို စာပေအဆင့်အတန်းမီစွာ ရေးသားထားကြသည်ဟု ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားကြောင်း။

အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက်တစ်နှစ်အရေအတွက်တိုးပြီး ချီးမြှင့်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ စတင်ခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တစ်နှစ်လျှင်(၁)ဦးသာ ချီးမြှင့်ပြီးနောက်ပိုင်းတွင် တစ်နှစ်ကို (၂) ဦး၊ (၃) ဦး ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလတွင် တစ်နှစ်လျှင် (၄) ဦးအထိ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီး (၆) ဦးအထိ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ စာပေပညာရှင်ကြီးများအားလုံးကို အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် နိုင်ငံတော်က ထိုက်တန်စွာ ချီးမြှောက်ခွင့်ရသည့်အတွက် အတိုင်းမသိဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို ကြိုးစားတည်ဆောက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စာပေပညာရှင်ကြီးများ၏အားသည် အလွန်အရေးပါပြီး ကောင်းကျိုးများစွာရရှိနိုင်မည်ဟုလည်း ယုံကြည်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း စာပေအနုပညာကဏ္ဍအသီးသီးမှ ပညာရှင်များ မိမိတို့၏ အနုပညာကို အရည်အသွေးမြင့်မားစွာ၊ လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်ရေးတတ်စွမ်းသမျှ အားပေးကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခုအခါ စာပေပညာရှင်များနှင့် စာပေလောကအကျိုးကို ဖြည့်ဆည်းပေးမည့် “စာဆိုဗိမာန်” အဆောက်အအုံကြီးကိုလည်း အိန္ဒိယနိုင်ငံအစိုးရနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း။

စာအုပ်စာပေထုတ်ဝေရေးကဏ္ဍတွင်လည်း နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး စာပေယဉ်ကျေးမှုအပြန်အလှန်ဖလှယ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ စာပေဆိုင်ရာ ထူးချွန်ဆုများသာမက စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သည့် ပုဂ္ဂိုလ်များကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း။

မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတုအယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက်ဆီးလျက်ရှိကြောင်း၊ တိုင်းရင်းသားညီညွတ်မှုကိုလည်း ပျက်စီးစေနိုင်ကြောင်း၊ မိမိတို့ အားလုံးမျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေကြောင်း။

အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့တွင် စွမ်းရည်ပြည့်စုံထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့အချိန်တွင် အနာဂတ်၏အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် အာဟာရမှာ စာပေလေ့လာဖတ်ရှုခြင်းဖြစ်ပြီး စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသိုမှီးကြရမည်ဖြစ်ကြောင်း။

စာအုပ်စာပေဟူသည်မှာ မည်မျှပင်ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်သည့်အတွက် ယခင်ကထုတ်ဝေခဲ့သည့် စာကောင်းပေမွန်များကို မျိုးဆက်သစ်လူငယ်များ လေ့လာနိုင်ရန်အတွက် ပြန်လည်ထုတ်ဝေသင့်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီးက ထုတ်ဝေခဲ့သည့် လူထုသိပ္ပံကျမ်းတွဲများနှင့် အခြားပြန်လည်ထုတ်ဝေဖြန့်ချိသင့်သည့် စာအုပ်စာပေများကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ပြန်လည်ထုတ်ဝေရန်လမ်းညွှန်မှာကြားထားကြောင်း၊ မြဝတီစာပေတိုက်ကလည်း ထုတ်ဝေလျက်ရှိကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ပြည်သူများ လိုလားချက်နှင့်အညီ တည်ဆောက်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်ရေးအတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည်ဆောက်ပေးရန်လိုအပ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် စာအုပ်စာပေများ၏ အသိပညာပေးမှု၊ လမ်းညွှန်မှုများက သာယာဝပြောသည့် လူ့ဘောင်အဖွဲ့အစည်းဖြစ်ပေါ်လာစေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း။

မြန်မာ့သမိုင်းတစ်လျှောက် စာပေစွမ်းအားနှင့် မြန်မာ့ဂုဏ်မြင့်မားအောင်၊ အကျိုးစီးပွားတိုးတက်အောင်ဆောင်ရွက်ခဲ့သည့် ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆို၊ စာဆိုတော်ပညာရှင်ကြီးများကို ချီးကျူးပူဇော်ဂုဏ်ပြုခြင်းသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာအစဉ်အလာတစ်ရပ်ဖြစ်ကြောင်း၊ အစဉ်အလာကောင်းကို ဝါရင့်စာပေပညာရှင်ကြီးများက ထိန်းသိမ်းပြီး မျိုးဆက်သစ်ကလောင်ရှင်များကို လက်ဆင့်ကမ်းပေးကြရန် တိုက်တွန်းလိုကြောင်း၊ မျိုးဆက်သစ်ကလောင်ရှင်များကလည်း စာပေဆိုင်ရာကျင့်ဝတ်၊ နီတိများကိုထိန်းသိမ်းပြီး ခေတ်ကိုထင်ဟပ်စေသည့်၊ အမျိုးဘာသာသာသနာ ကောင်းကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့်၊ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်သည့်၊ စာဖတ်ပရိသတ်အတွက် စာဖတ်မှုအရည်အသွေးတိုးမြှင့်စေပြီး ကောင်းကျိုးပြုစေသည့် စာကောင်းပေမွန်များကို ရေးသားဖွဲ့ဆိုနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းမှာကြားလိုကြောင်းနှင့် မြန်မာစာပေလောကခိုင်မြဲစည်ပင်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ၂၀၂၃ ခုနှစ်၊ အမျိုးသားစာပေတစ်သက်တာဆုရရှိကြသည့် စာပေပညာရှင်ဆရာကြီး ဒေါက်တာ မင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ တိုးလှ၊ စာပေပညာရှင်ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)၊ စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဦးမောင်မောင်အုန်းတို့က အမျိုးသားစာပေဆုရရှိသူများနှင့် စာပေဗိမာန်စာမူဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဦးကျော်ဝင်း သမိုင်းပါမောက္ခ(ငြိမ်း)က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက “စာပေစေတနာစာပေဆန္ဒ” ယိမ်းအကဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “စာပေဂုဏ်ရောင် ထွန်းပြောင်တန်ဆောင်ဆီမီး” ကဇာတ်ဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၁

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁ဝဝ) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ အင်ဂျင်နီယာပညာရှင်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်၊ ဗိသုကာ ကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်တို့က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ရုပ်တုနှင့် Naypyitaw State Polytechnic University ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Polytechnic University ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် Naypyitaw State Polytechnic University ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။

ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို တက္ကသိုလ်စုဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မျိုးဆက်သစ်အင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် “အင်ဂျင်နီယာနှစ် ၁၀၀” သီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်မှု၊ "Welcome To NSPU” သီချင်းဖြင့် သရုပ်ပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့်အခမ်းအနားသည် မြန်မာ နိုင်ငံ၏ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်မြောက်သောအချိန်ဖြစ်သည့်အပြင် အဆင့်မြင့်သိပ္ပံနဲ့ နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University ကို နိုင်ငံ၏မြို့တော် နေပြည်တော် ပြည်ထောင်စု နယ်မြေတွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်ဝသည့် နေ့ထူးနေ့မြတ်အခမ်းအနားဖြစ်ကြောင်း။

မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များသည် ပျူခေတ်၊ ပုဂံခေတ်မှစပြီး ထွန်းကားခဲ့သည်ကို သမိုင်းအထောက်အထား မှတ်တမ်းများအရ တွေ့ရှိရကြောင်း၊ ပျူခေတ် မြန်မာ့ဗိသုကာအမွေအနှစ်လက်ရာများကို ဗိဿနိုးမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်းတို့တွင် အထင်အရှားတွေ့ရှိရကြောင်း၊ ပုဂံခေတ်တွင် တည်ထားခဲ့သည့် အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရားများတွင်ရှိသည့် ဗိသုကာလက်ရာများသည် မြန်မာတို့၏ ဗိသုကာပညာရပ် အဆင့်အတန်းမြင့်မားမှုကို အထင်အရှားဖော်ပြနေကြောင်း၊ ထို့ပြင် ပုဂံမင်းလက်ထက် အမရပူရမြို့ စာရေးဦးပိန် တည်ဆောက်ခဲ့သည့် တစ်မိုင်နီးပါးရှည်လျားသော ဦးပိန်တံတားသည် ကျွန်းသစ်ကိုသာ အသုံးပြုထားသည့် ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ တည်ရှိနေကြောင်း။

ရတနာပုံခေတ်တွင် အင်ဂျင်နီယာပညာများ ဖွံ့ဖြိုးတိုးတက်ရာ၌ ၁၈၅၈ ခုနှစ် မှ ၁၈၇၄ ခုနှစ်အတွင်း မင်းတုန်းမင်း၏ညီတော် ကနောင်မင်းသားကြီးက ဒင်္ဂါးစက်ရုံ၊ မဲနယ်စက်ရုံ၊ သကြားစက်ရုံ၊ သင်္ဘောစက်ရုံ၊ ဝါဂွမ်းစက်ရုံ၊ ရက်ကန်းစက်ရုံစသည့် ရတနာပုံခေတ်စက်ရုံများကို တည်ထောင်ခဲ့ကြောင်း၊ ၁၈၆၆ ခုနှစ်မှာ မောင်ရွှေအိုးက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ရှိသည့် ဗဟိုဝိဇ္ဇာတက္ကသိုလ်မှ သိပ္ပံပညာမဟာဝိဇ္ဇာဘွဲ့အပြင် မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ကြောင်း၊ ၁၈၆၇ ခုနှစ်တွင် ဖန်ချက်ပညာဆိုင်ရာစာတမ်းကို ဆက်သွင်း ခဲ့သဖြင့် ဖန်ချက်ဝန်အဖြစ် ခန့်အပ်ခံရသည့် မြန်မာ့ပထမဦးဆုံးသော အင်ဂျင်နီယာလည်းဖြစ်ကြောင်း၊ ၁၈၆၆ ခုနှစ်တွင် ယောမင်းကြီး ဦးဘိုးလှိုင်သည် အီတလီနိုင်ငံ၏ ဟိုတယ်ဒီဇိုင်းကိုအခြေခံပြီး ယောမင်းကြီးအုတ်ကျောင်းကို မန္တလေးမြို့တွင် တည်ဆောက်နိုင်ခဲ့ကြောင်း၊ ၁၈၆၉ ခုနှစ်တွင် ယောမင်းကြီး ဦးဘိုးလှိုင်က မြန်မာ့ကြေးနန်းရိုက်နည်းဆိုင်ရာ လီပိဒီပိကာကျမ်းကို ရေးသားပြုစုခဲ့ပြီး ၁၈၇၀ ပြည့်နှစ်တွင် မြန်မာ့ကြေးနန်းလိုင်းများကို စတင်သွယ်တန်းခဲ့ကြောင်း။

၁၈၇၂ ခုနှစ်တွင် ကင်းဝန်မင်းကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နဲ့ အခြားဥရောပနိုင်ငံများကို သွားရောက်ခဲ့ပြီး လမ်းနှင့်တံတား တည်ဆောက်မှုအပါအဝင် အနောက်တိုင်း ပညာရေးစနစ်များ၊ အုပ်ချုပ်မှုနှင့် အခြေခံအဆောက်အအုံများကို လေ့လာခဲ့ကြောင်း၊ ၁၈၇၄ ခုနှစ်တွင် စစ်ကိုင်းသံဖိုရုံကို အုတ်မြစ်ချ စတင်ဆောက်လုပ်နိုင်ခဲ့ပြီး ပြင်သစ်တွင် သံချက်ပညာသင်ယူခဲ့သည့် သံချက်ဝန်မင်း ဦးမြူက ကြီးကြပ်ပြီး သံပွတ်လုံးမှအစ သံပြား၊ သံလုံး၊ သံမြှောင်များ၊ လက်နက်များ ပြုလုပ်နိုင်ခဲ့ကြောင်း။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၀ ပြည့်နှစ်တွင် “လျှပ်စစ်မီးဖြင့် လောကနိဗ္ဗာန် တည်ဆောက်အံ့” ကြွေးကြော်သံဖြင့် ၈၄ မဂ္ဂါဝပ်ရှိသည့် ဘီလူးချောင်းအမှတ် (၂) လောပိတရေအားလျှပ်စစ်စက်ရုံကို တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် (၁၆၈) မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ၁၉၇၀ ပြည့်နှစ်အစောပိုင်းတွင် တက္ကသိုလ်များကွန်ပျူတာစင်တာကို တည်ထောင်ခဲ့ပြီး ICL-1902S Mainframe အမျိုးအစား ကွန်ပျူတာစက်ကြီးတစ်လုံးကို ပထမဆုံးကွန်ပျူတာအဖြစ် တပ်ဆင်ခဲ့ပြီး ၁၉၇၃ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း။

ခေတ်အဆက်ဆက်တွင် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်အမြောက်အမြား ပေါ်ထွန်းခဲ့ကြောင်း၊ ရန်ကုန်မြို့တော်ခန်းမကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က နိုင်ငံခြားသားပညာရှင်များနှင့် ပူးပေါင်းပြီး ဥရောပလက်ရာနှင့် မြန်မာ့ရိုးရာဗိသုကာလက်ရာတို့ ပေါင်းစပ်ပြီး ဒီဇိုင်းရေးဆွဲခဲ့ကြောင်း။

ယခု ၂၁ ရာစုတွင်လည်း နေပြည်တော် မြို့တော်တည်ဆောက်ရေးနှင့် နေပြည်တော်တွင်ရှိသည့် လွှတ်တော်အဆောက်အအုံများကို မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မြန်မာ့ဗိသုကာလက်ရာများနှင့် ခြယ်မှုန်းပြီး မြန်မာဗိသုကာပညာရှင်များ၊ မြန်မာအင်ဂျင်နီယာများက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်မှာ တည်ထားကိုးကွယ်ထားသည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသည် ဘူမိဖဿမုဒြာစကျင်ကျောက်ရုပ်ပွားတော်ဖြစ်ပြီး ကမ္ဘာ့အမြင့် ဆုံးနှင့် အလေးချိန်အများဆုံး စကျင်ကျောက်ရုပ်ပွားတော်ကြီးတစ်ဆူအဖြစ် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် CNC နည်းပညာကို အသုံးပြုပြီး အောင်မြင်စွာ တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အရှည်ပေ (၈၆၃၈) ပေရှိတဲ့ Cable-Stayed တံတားအမျိုးအစား ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကိုလည်း မြန်မာ့အင်ဂျင်နီယာပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုဖြင့် တည်ဆောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ဂုဏ်ယူဝင့်ကြွားစွာ ဖွင့်လှစ်နိုင်ခဲ့ ကြောင်း။

မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေးသမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါက (၁၉၂၃-၁၉၂၄) ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ အင်ဂျင်နီယာဌာန စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး၏အစဟု ဆိုနိုင်မည်ဖြစ်ကြောင်း၊ ၁၉၂၄-၁၉၂၅ ပညာသင်နှစ်တွင် မြို့ပြ အင်ဂျင်နီယာသင်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် မြန်မာ့ပထမဦးဆုံး အင်ဂျင်နီယာဘွဲ့ရ (၂၅) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း။

၁၉၆၁ ခုနှစ်တွင် ယခုလက်ရှိ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင်ရှိသည့် ရန်ကုန်နည်းပညာ တက္ကသိုလ်နေရာကို ပြောင်းရွှေ့ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် မန္တလေးစက်မှုတက္ကသိုလ်၊ ၁၉၉၄ ခုနှစ်တွင် တပ်မတော်နည်းပညာတက္ကသိုလ်၊ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ၁၉၉၈ ခုနှစ်တွင် ပြည်နည်းပညာတက္ကသိုလ်၊ ၂၀၀၂ ခုနှစ်တွင် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တို့ကို တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံတော်ကအားထားရသည့် အင်ဂျင်နီယာ၊ ဗိသုကာနှင့် ကွန်ပျူတာပညာရှင်များကို အရည်အချင်းပြည့်မီစွာ မွေးထုတ်ပေးနိုင်ရန်အတွက် Naypyitaw State Polytechnic University & Polytechnic University (၇) ခုı နည်းပညာတက္ကသိုလ် (၂၇)ခု၊ ကွန်ပျူတာတက္ကသိုလ်(၁၉)ခု၊ မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်(၁)ခု၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (၁) ခု၊ စုစုပေါင်းအင်ဂျင်နီယာပညာရပ် သင်ကြားပို့ချပေးသည့် တက္ကသိုလ် (၅၆) ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University (၅) ခုကို ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင် ယနေ့တစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်ကို တစ်ပါတည်းပြောကြားလိုကြောင်း။

Polytechnic University ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်း များအထိ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြား ပို့ချပေးသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် လက်တွေ့ကျသည့်ပညာရေးကို သင်ကြားပို့ချပေးခြင်း၊ ခေတ်မီနည်းပညာနှင့် သုတေသနဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်တွင် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းလိုအပ်ချက်ကိုက်ညီပြီး ကောင်းစွာကျွမ်းကျင်တတ်မြောက်သည့် ဘွဲ့ရများ မွေးထုတ်ပေးခြင်း၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် Real World Project များ ဆောင်ရွက်နိုင်သည့်အခွင့်အလမ်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံတွေရရှိနိုင်သည့်အခွင့်အလမ်းများ ဖန်တီး ပေးခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ပိုလီတက္ကနစ်တက္ကသိုလ်များကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် Polytechnic University များသည် ဘာသာရပ်နယ်ပယ်စုံလင်စွာ ပေါင်းစည်းပို့ချသည့် နေရာတစ်ခုဖြစ်ပြီး ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများ၊ သုတေသနလုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့်အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်အတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ် လေ့ကျင့်ပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် (နေပြည်တော်) အဖြစ်မှ တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ် (၆) ခုဖြင့် စတင်ဖွင့်လှစ်သင်ကြားပေး ခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြုဘာသာရပ်ကိုပါ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အင်ဂျင်နီယာအထူးပြုဘာသာရပ်များသာမက ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များ ကိုပါ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

Naypyitaw State Polytechnic University ကို ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်များနည်းတူ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဂျင်နီယာအထူးပြုဘာသာရပ်ဌာန (၇) ခု၊ ကွန်ပျူတာအထူးပြုဘာသာရပ်ဌာန (၄) ခု၊ အခြားအထောက်အကူပြု ဘာသာရပ်ဌာန (၅) ခု၊ သင်ကြားရေးဌာနစုစုပေါင်း (၁၆) ခုဖြင့် ပြည့်စုံအောင် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း။

ယခုအချိန်တွင် အင်ဂျင်နီယာ အထူးပြုဘွဲ့ (၇) မျိုးနှင့် ကွန်ပျူတာအထူးပြုဘွဲ့ (၂) မျိုး၊ စုစုပေါင်းဘွဲ့ (၉) မျိုး အပ်နှင်းသွားမည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင် အင်ဂျင်နီယာအထူးပြုကျောင်းသား (၂၇၀)၊ ကွန်ပျူတာအထူးပြုကျောင်းသား (၁၂၀)၊ စုစုပေါင်း (၃၉၀) ခေါ်ယူသွားမှာဖြစ်ပြီး အင်ဂျင်နီယာ အထူးပြုဘာသာရပ်ကို စာသင်နှစ် (၅)နှစ်၊ ကွန်ပျူတာအထူးပြုဘာသာရပ်ကို စာသင်နှစ် (၄) နှစ် စသဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ Naypyitaw State Polytechnic University of Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာပိုလီတက္ကနစ်တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ်ပေါင်း စုံနှင့် ဘွဲ့လွန်ဒီဂရီသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

နိုင်ငံတော်က တည်ဆောက်ပေးလိုက်သည့် Naypyitaw State Polytechnic University ကို ယခုထက်ပိုမို ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် မျိုးဆက်သစ် အင်ဂျင်နီယာပညာရှင်များသည် ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာရှင်များ ဖြစ်လာစေရေး အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသမိုင်းစဉ်တစ်လျှောက်တွင် မြန်မာ့ရိုးရာအင်ဂျင်နီယာနှင့် ဗိသုကာအတတ်ပညာနှင့် နိုင်ငံ၏ ဂုဏ်အဖုံဖုံကို မြှင့်တင်ပေးခဲ့ကြသည့် ရှေးပညာရှင်အကျော်အမော်များအားလုံး ခေတ်သစ် အင်ဂျင်နီယာပညာများနှင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အင်ဂျင်နီယာပညာရှင်များ အားလုံးကိုအထူးပင် ဂုဏ်ပြုချီးကျူးပါကြောင်းနှင့် ကျေးဇူးဥပကာရတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး သမိုင်းတစ်ခေတ်တွင်ခဲ့သည့် နှစ် (၁၀၀) ပြည့်မှသည် နောင်နှစ်ပေါင်း ထောင်ချီတိုင်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်ဂျင်နီယာကျောင်းသားဟောင်းကြီးများ၊ အင်ဂျင်နီယာလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်၍ နိုင်ငံ့အကျိုးကို ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းတင် Documentary အား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အင်ဂျင်နီယာသမိုင်းပြခန်းများ၊ နည်းပညာဆိုင်ရာပြခန်းများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြသထားသော ပြခန်းများကို စိတ်ဝင်တစားဖြင့် လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ Naypyitaw State Polytechnic University ကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ အတွက် လိုအပ်သည့် အင်ဂျင်နီယာနှင့် ကွန်ပြူတာနည်းပညာဆိုင်ရာ ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ် အဖြစ်မှ Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တက္ကသိုလ်၏အခြေခံအဆောက်အအုံဖြစ်သည့် စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင်ရှိသည့် ကျွမ်းကျင်အင်ဂျင်နီယာများကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး သဘာဝနှင့် လိုက်လျောညီထွေစွာ သက်တောင့်သက်သာ ပညာသင်ယူနိုင်ရေး ကြိုးစားတည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ပရိဘောဂလိုအပ်ချက်၊ သင်ထောက်ကူပစ္စည်း လိုအပ်ချက်များကိုလည်း နိုင်ငံတကာတက္ကသိုလ်များနည်းတူ ပြည့်စုံလုံလောက်မှုရှိအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာသင်ယူရသည့် ကာလတစ်လျောက် အေးချမ်းပျော်ရွှင်စွာဖြင့် တက္ကသိုလ်ကျောင်းသားဘဝ၏ အနှစ်သာရကို ပြည့်ပြည့်ဝဝရရှိစေရေးအတွက် အားကစားကွင်း၊ Recreation Centre စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက္ကသိုလ်ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြည်နေစေရေး သစ်ပင်ပန်းမန်များ၊ အလှရေကန်များ၊ စိတ်လက်ချမ်းသာစွာ အနားယူအပန်းဖြေနိုင်သည့်နေရာများဖြင့် ဖန်တီးတည်ဆောက်ပေးထားသည်ကိုလည်း တွေ့ရှိရကြောင်း။

ယနေ့တွင် Naypyitaw State Polytechnic University ဖွင့်လှစ်မှုနှင့်အတူ တစ်ချိန်တည်း၌ ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင်လည်း Polytechnic University များကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ Naypyitaw State Polytechnic University ကို Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာ ပိုလီတက္ကနစ်တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ်ပေါင်းစုံနှင့် ဘွဲ့လွန်ဒီဂရီသင်တန်း များကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁ဝဝ) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ Naypyitaw State Polytechnic University မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်နှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Polytechnic University ပရိဝုဏ်အတွင်းရှိ ပြေးလမ်းအပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တည်ဆောက်နေမှုအခြေအနေများ၊ ကျောင်းသားအိပ်ဆောင်၊ ထမင်းစားဆောင်နှင့် အားကစားခန်းမ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပင်မစာသင်ဆောင်အတွင်းသို့ ရောက်ရှိကြပြီး ကျောင်းသားစုဝေးခန်းမ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ယာယီစာကြည့်တိုက်နှင့် အထောက်အကူပြုခန်းများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကဏ္ဍတစ်ခုချင်းစီအလိုက် အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် တက္ကသိုလ်ယာယီရှင်းလင်းဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အတွင်း သုံးထပ်ပင်မစာသင်ဆောင်အပါအဝင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ အားကစားကွင်းများ၊ စာကြည့်တိုက်နှင့် အခြားသင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုအဆောက်အဦများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ တိုးချဲ့ပင်မဆောင် ဆက်လက်ဆောင်ရွက်သွားမည့် အဆိုပြုပုံစံများ ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်အတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်ရုပ်တု တည်ဆောက်ထားရှိနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ယခု Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် အခြားအထောက်အကူပြုအဆောင်များအားလုံး အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများ ထည့်သွင်းတည်ဆောက်ရာတွင် ယခုလက်ခံနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမဦးရေ အရေအတွက်အပြင် ရေရှည်တိုးပွားလာနိုင်သည့် အရေအတွက်များအတွက်လည်း ကြိုတင်တွက်ချက်စဉ်းစားဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တက္ကသိုလ်ဖွင့်လှစ်ချိန်၌ လျာထားလက်ခံနိုင်မည့် ကျောင်းသားဦးရေမှ နှစ်အလိုက် တိုးတက်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေအပေါ်မူတည်၍ ကျောင်းသား၊ ကျောင်းသူ တိုးချဲ့၍ လက်ခံသင်ကြားပေးနိုင်ရေးအတွက်လည်း ကြိုတင်တွက်ချက်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုပြီး သစ်ပင်ပန်းမန်များ စနစ်တကျထည့်သွင်းစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးပြီးဖြစ်သည့်အပင်များ ဆက်လက်ရှင်သန်စေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အပင်ကြီးများစိုက်ပျိုးရာတွင် ရေရှည်ကြီးထွားလာမည့်အခြေအနေများအထိ ကြိုတင်တွက်ချက်စဉ်းစားပြီးမှသာ စနစ်တကျ စိုက်ပျိုးသွားရန်လိုကြောင်း၊ ယခုပွင့်လင်းရာသီသို့ ရောက်ရှိပြီဖြစ်သဖြင့် လာမည့်နှစ် မိုးရာသီမတိုင်မီ ရေထုတ်စနစ်များအားလုံး ဆောင်ရွက်ပြီးစီးစေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တက္ကသိုလ်အတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေ၊ မီး စနစ်များ စနစ်တကျဖြစ်စေရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

Source- www.moi.gov.mm

လာအိုနိုင်ငံ၌ ကျောင်းထွက်နှုန်းမြင့်မားမှုနှင့် ဆရာရှားပါးမှုကို ဖြေရှင်းနိုင်ရေး စီစဉ်ဆောင်ရွက်

လာအိုပညာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံအတွင်း ‌ကျောင်းဆရာရှားပါးမှုနှင့် ‌ကျောင်းသားများ ‌ကျောင်းထွက်နှုန်းမြင့်မားမှုကို ဖြေရှင်းရန်အတွက် မူဝါဒများကို ထုတ်ပြန်သွားမည်ဖြစ်သည်။

လာအိုနိုင်ငံ ပညာရေးဌာနက ကျောင်းတက်ရောက်မှုနှုန်းတိုးတက်စေရေးအတွက် သင်တန်းများ ပိုမိုဖွင့်လှစ်သွားရန်နှင့် ရွေးချယ်စရာများ စိတ်ကြိုက်ပေးဆောင်နိုင်ရန်အတွက် အသက်မွေးဝမ်း ကျောင်းပညာရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာကဏ္ဍများ လက်တွဲလုပ်ဆောင်ရန် ညွှန်ကြားချက်ကို အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်သည်။

လာအိုပညာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံအတွင်း ‌ကျောင်းဆရာရှားပါးမှုနှင့် ‌ကျောင်းသားများ ‌ကျောင်းထွက်နှုန်းမြင့်မားမှုကို ဖြေရှင်းရန်အတွက် မူဝါဒများကို ထုတ်ပြန်သွားမည်ဖြစ်သည်။

လာအိုနိုင်ငံ ပညာရေးဌာနက ကျောင်းတက်ရောက်မှုနှုန်းတိုးတက်စေရေးအတွက် သင်တန်းများ ပိုမိုဖွင့်လှစ်သွားရန်နှင့် ရွေးချယ်စရာများ စိတ်ကြိုက်ပေးဆောင်နိုင်ရန်အတွက် အသက်မွေးဝမ်း ကျောင်းပညာရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာကဏ္ဍများ လက်တွဲလုပ်ဆောင်ရန် ညွှန်ကြားချက်ကို အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်သည်။

ကျောင်းသားများကို ပညာသင်ကြားရင်း ဝင်ငွေရရှိစေမည့် လေ့ကျင့်ရေးအစီအစဉ်နှစ်ခု တစ်ပြိုင်တည်း သင်ယူခွင့်ရရှိစေရေး ချို့တဲ့ကျောင်းသားများအား ပညာသင်ဆုချီးမြှင့်ပေးအပ်နိုင်ရေး၊ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုနှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး အစီအစဉ်များ ပိုမို အားပေးလုပ်ဆောင်ရန် ဝန်ကြီးဌာနက အကြုံပြုထားသည်။

ကျောင်းသားများ ကျောင်းထွက်နှုန်းမြင့်မားခြင်းနှင့်ပတ်သက်၍ လာအိုနိုင်ငံရှိ ကျောင်းသားများအတွက် ပညာသင်ဆုများ ပိုမိုပေးအပ်ရန်နှင့် လူငယ်များအား အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးသင်တန်းများ တွင် စာရင်းသွင်းရန်အတွက် လှုံ့ဆော်အားပေးနိုင်ရန် သင်ရိုးညွန်းတမ်းများမြှင့်တင်ရေး စီစဉ်လျက်ရှိ သည်။ ကျောင်းဆရာရှားပါးမှုအခက်အခဲကို ဖြေရှင်းနိုင်ရန် အစိုးရက သင်ကြားရေးဝန်ထမ်းများကို ပိုမို ပံ့ပိုးပေးနိုင်ရန်နှင့် စေတနာ့ဝန်ထမ်းဆရာများအဖြစ် လက်ရှိလုပ်ကိုင်နေသူများအား တရားဝင် အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ရေး ရာထူးခွဲတမ်းများ တိုးမြှင့်ပေးမည်ဖြစ်သည်။

ဆင်ဟွာ

Source- မြန်မာ့အလင်း

လာအိုနိုင်ငံ၌ ကျောင်းထွက်နှုန်းမြင့်မားမှုနှင့် ဆရာရှားပါးမှုကို ဖြေရှင်းနိုင်ရေး စီစဉ်ဆောင်ရွက်

လာအိုပညာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံအတွင်း ‌ကျောင်းဆရာရှားပါးမှုနှင့် ‌ကျောင်းသားများ ‌ကျောင်းထွက်နှုန်းမြင့်မားမှုကို ဖြေရှင်းရန်အတွက် မူဝါဒများကို ထုတ်ပြန်သွားမည်ဖြစ်သည်။

လာအိုနိုင်ငံ ပညာရေးဌာနက ကျောင်းတက်ရောက်မှုနှုန်းတိုးတက်စေရေးအတွက် သင်တန်းများ ပိုမိုဖွင့်လှစ်သွားရန်နှင့် ရွေးချယ်စရာများ စိတ်ကြိုက်ပေးဆောင်နိုင်ရန်အတွက် အသက်မွေးဝမ်း ကျောင်းပညာရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာကဏ္ဍများ လက်တွဲလုပ်ဆောင်ရန် ညွှန်ကြားချက်ကို အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်သည်။

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီတပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ၌ ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီတပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ၌ ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။

အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံကာ သင်တန်းကာလတစ်လျှောက် စည်းကမ်းလိုက်နာမှု၊ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးပမ်းအားထုတ်မှုများအပေါ်မူတည်၍ သင့်လျော်သည့်တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ် လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီတပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ၌ ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် CITIC Star Scholarship ပေးအပ်ပွဲသို့တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဝင်ဒမ် ဂရမ်း ရန်ကုန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) တို့ ပူးပေါင်းကျင်းပသော CITIC Star Scholarship ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဝင်ဒမ် ဂရမ်း ရန်ကုန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) တို့ ပူးပေါင်းကျင်းပသော CITIC Star Scholarship ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms.Ma Jia ၊ CITIC Star Myanmar မှ Mr. Liang Chuan Xin ၊ China Foundation For Rural Development မှ Mr.Chen Hongtao၊ နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါ်စန္ဒာနိုင်၊ တရုတ်ယဉ်ကျေးမှုစင်တာမှ တာဝန်ရှိသူများ၊ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း၊ မြန်မာ - တရုတ် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

လှည့်လည်ကြည့်ရှု

ရှေးဦးစွာ ပြည်‌ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူတို့သည် CITIC Myanmar မှ ဆောင်ရွက်လျက်ရှိသော လူမှုအကျိုးပြုမှတ်တမ်းများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် CITIC Group မှဆောင်ရွက်ခဲ့သော လူမှုအကျိုးပြုလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက် သွားမည့် လုပ်ငန်းများကို ဗီဒီယိုကလစ်ဖြင့်ပြသသည်။

အခမ်းအနားတွင် CITIC Myanmar မှ မန်နေဂျင်းဒါရိုက်တာ Mr. Liang Chuan Xin ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ China Foundation For Rural Development မှ Mr. Chen Hongtao ၊ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်စန္ဒာနိုင်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ပေးအပ်ချီးမြှင့်

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများက ပညာသင်ဆုရ နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ် တို့မှ ကျောင်းသား ကျောင်းသူတို့ကို ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ ပညာသင်ဆုရရှိသော ကျောင်းသားနှစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား ကျောင်းသူများက တရုတ်-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

ထို့နောက် CITIC Myanmar နှင့် China Foundation For Rural Development တို့မှ တာဝန်ရှိသူ နှစ်ဦးသည် Strategic Agreement ကို လက်မှတ်ရေးထိုးကြပြီး တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

CITIC Myanmar သည် ၂၀၁၅ ခုနှစ်မှစ၍ တရုတ်နိုင်ငံ ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် ဒေသခံအဖွဲ့အစည်းတို့ဖြင့်ပူးပေါင်း၍ လူမှုအကျိုးပြုစီမံကိန်းများကို ဆောင်ရွက်ခဲ့ကြပြီး CITIC Star Scholarship ပညာသင်ထောက်ပံ့ကြေး အစီအစဉ်တွင်လည်း တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ပညာရေးဆုံးခန်းတိုင် ပြီးမြောက်‌စေရန်အတွက် ငွေကြေးအထောက်အပံ့နှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးတွင် အထောက်အကူဖြစ်စေရန် နှစ်နှစ်ထောက်ပံ့ပေးလျက်ရှိသည်။ CITIC Myanmar အနေဖြင့် ကျောင်းသား ကျောင်းသူများအား ငွေကြေးထောက်ပံ့မှုအပြင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းအား China Foundation For Rural Development မှ အကောင်အထည်ဖော်‌ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Source- www,moi.gov.mm

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် CITIC Star Scholarship ပေးအပ်ပွဲသို့တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဝင်ဒမ် ဂရမ်း ရန်ကုန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) တို့ ပူးပေါင်းကျင်းပသော CITIC Star Scholarship ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ ဆရာ အတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ ဆရာ အတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးမိုးကြည်နှင့် ဆရာ၊ ဆရာမများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ကောလိပ်ရှိ ပညာတန်ဆောင်စုပေါင်းခန်းမ၌ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်က မန္တလေးပညာရေး ဒီဂရီကောလိပ်ဆိုင်ရာအချက်အလက်များ၊ ပညာသင်ကြားပေးနေမှုအခြေအနေများနှင့် ပညာရေးဆိုင်ရာ အဆောက်အဦလိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ မန္တလေးပညာရေးဒီဂရီကောလိပ်မှ နည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုအရ မိမိတို့နိုင်ငံ၏ ပညာရေး အားနည်းချက်များကိုတွေ့မြင်ရကြောင်း၊ အဆိုပါအားနည်းချက်များကို ပြုပြင်ပြောင်းလဲပြီး လူသားအရင်း အမြစ်ကောင်းများဖြင့် နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝ မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ကောလိပ်မှ နည်းပြ ဆရာ၊ ဆရာမများ၊ သင်ကြားရေးဝန်ထမ်းများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများကို နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍတို့နှင့် ပတ်သက်၍ အနည်းငယ်ပြောကြားလိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန်အတွက် ၂၀၁၁ ခုနှစ်မှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရွေးကောက်ခံအစိုးရများနှင့်လက်တွဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ခံအစိုးရများအနေဖြင့် နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်ရသည့်အချို့ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်၍ရသည်များရှိသကဲ့သို့ အချို့ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲများရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်၌ တပ်မတော်အနေဖြင့် အဆိုပါအချိန်တွင် တာဝန်ယူ ထားသည့် အစိုးရအား ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အကြံပြုခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်းမရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်လာခဲ့သည့် အချိန်တွင် အစိုးရအနေဖြင့် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခက်အခဲ များရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားခြင်းကြောင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါအချိန်သည် ရွေးကောက်ပွဲပြုလုပ်ရမည့်အချိန်ဖြစ်သဖြင့် ခေတ္တ ဆိုင်းငံ့ထားရန် တပ်မတော်အနေဖြင့် အကြံပြုခဲ့သော်လည်း အစိုးရမှလက်မခံဘဲ ဆက်လက်ပြုလုပ် ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အကြောင်းပြု၍ အဆိုပါအချိန်တွင် တာဝန်ယူထားသည့် အစိုးရအနေဖြင့် ၎င်းတို့ပါတီအနိုင်ရရှိစေရေး ကြိုတင်မဲပေးရာတွင်လည်းကောင်း၊ မဲစာရင်းပြုစုရာတွင် လည်းကောင်း မဲမသမာမှုများပြုလုပ်ခဲ့ကြကြောင်း၊ ရွေးကောက်ပွဲပြီးဆုံး၍ မဲစာရင်းများထုတ်ပြန်ခဲ့ ချိန်တွင် မဲစာရင်းများကြီးမားစွာ ကွာဟမှုများဖြစ်ပေါ်နေသည့်အတွက် နိုင်ငံရေးပါတီများက တပ်မတော်မှ စိစစ်ပေးနိုင်ရေး တောင်းဆိုမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ကျွမ်းကျင် ပညာရှင် များဖြင့် မဲစာရင်းများကို ပြန်လည်စိစစ်ခဲ့ရာမဲမသမာမှုမှာ ၁၀ သန်း ကျော်ခန့်ရှိခဲ့ကြောင်း၊ အဆိုပါ မဲစာရင်းများ မှားယွင်းမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများထံသို့ ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် မဲမသမာမှုများဖြင့် ရရှိလာသည့် ရွေးကောက်ခံကိုယ်စားလှယ် များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ မဲမသမာမှုများကိုလုပ်ဆောင်ရာတွင် NLD ပါတီဗဟိုအမှုဆောင်များနှင့် အချို့ဒေသများတွင် ဝန်ကြီးချုပ်များပင် ပါဝင်သည်ကိုတွေ့ရကြောင်း၊ အဆိုပါ မဲမသမာမှုဖြစ်စဉ်မှ တစ်ဆင့် ဆူပူဆန္ဒပြမှုများ၊ လူစုလူဝေးဖြင့်အကြမ်းဖက်မှုများ၊ ထိုမှတစ်ဆင့် လက်နက်ကိုင် အကြမ်းဖက် သည့်ဖြစ်စဉ်များအထိ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မဲမသမာမှုကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင် အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့်ပင်ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ရခြင်းကို သုံးသပ်ရမည်ဆိုပါက မိမိတို့နိုင်ငံ၌ ပညာတတ်များ နည်းပါးခြင်းကြောင့်ဖြစ်သည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးကို မကြည့်ဘဲ လက်နက်ကိုင် အကြမ်းဖက်မှုများဖြင့် နိုင်ငံတော်၏အနာဂတ်ကို ဖျက်ဆီးနေကြခြင်းပင်ဖြစ်ကြောင်း။

ပညာရည်မြင့်မားရေး အလေးပေးဆောင်ရွက်လျက်ရှိ

ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရည်ဖွံ့ဖြိုးတိုးတက်စေရေး ပညာရေးကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်နိုင်ရေး ပုံဖော်နေခြင်းပင်ဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားချိန်နှင့် နိုင်ငံရေးအခက်အခဲ၊ အကြပ်အတည်းများ ကြား၌လည်း စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာ သင်ကြားမှု အခွင့်အရေးများဆုံးရှုံးမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ပညာ ရည်မြှင့်တင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိပြီး   သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ကျောင်းနေသူများအားလုံး အတန်းပညာများ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း၊ ပညာတတ်သကဲ့သို့ စာဖတ်ရန်လည်း လိုအပ်မည် ဖြစ်သဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်များဖွင့်လှစ်ခြင်းဖြင့် ပညာသင်ကြားခြင်းမပြုနိုင်တော့သည့် အရွယ်သို့ ရောက်ရှိနေသူများအနေဖြင့် အသိပညာများ၊ အတတ်ပညာများကို လေ့လာဆည်းပူးနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၌ စာကြည့်တိုက်များဖွင့်လှစ်ခြင်းဖြင့်လည်း ကလေးငယ်များ၏ စာဖတ်ခြင်း အလေ့အကျင့်ကောင်းနှင့် စာဖတ်စွမ်းအားများတိုးတက်လာပြီး ဗဟုသုတအသိအမြင်များ ပိုမိုသိရှိ လာမည်ဖြစ်ကြောင်း။

သင်တန်းကာလအတွင်း စနစ်တကျသင်ယူ၍ မိမိတို့တာဝန်ထမ်းဆောင်ရာဒေသများ၌ ပညာရည် မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်ကြရန်လို

ယခုကောလိပ်တွင် နိုင်ငံအဝန်း နယ်ပေါင်းစုံမှ လာရောက်သင်တန်းတက်ကြခြင်းဖြစ်သဖြင့် မိမိတို့ဒေသ အလိုက် ပညာရည်မြှင့်တင်ရေးမည်သို့ဆောင်ရွက်လျှင် ပိုမိုကောင်းမွန်မည်ဆိုသည်ကို စဉ်းစား တွေးတော၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ နိုင်ငံကောင်းမွန်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နယ်မြေအလိုက် ကြုံတွေ့ရသည့်အခက်အခဲများကို ကျော်လွှား နိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဖတ်ရှုမှတ်သားခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဆိုပါက လေးနှစ်တာကာလအတွင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ လေးနှစ်တာကာလအတွင်း လေ့ကျင့်ရေးများကို စနစ်တကျလိုက်ပါ ဆောင်ရွက်ပြီး အဆိုပါလေ့ကျင့်ခန်းများကို မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင် ပြန်လည်အသုံးချရန်လိုကြောင်း၊ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခြင်းများ၊ စည်းကမ်းနှင့်အညီ နေထိုင်သွားလာခြင်းများကို မိမိတို့သင်ကြား ပေးရမည့် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ သင်ယူခြင်းများ ဆောင်ရွက်ချိန်တွင် စနစ်တကျသင်ယူသွားမည်ဆိုပါက သင်ကြားရေးကို အဆင်ပြေ ချောမွေ့စွာဖြင့် သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စာဖတ်မပျင်းရန်လိုပြီး ပြန်လည် သင်ကြားခြင်းများကို ဆောင်ရွက်ရမည့်သူများဖြစ်သဖြင့် စာပေအသိပညာဗဟုသုတများ ဖတ်ရှုလေ့လာ ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

တိုင်းရင်းသားဒေသများတွင် အတန်းပညာသင်ကြားရန်အတွက် ဘာသာစကားအခက်အခဲများရှိနိုင် ကြောင်း၊ ယခုပညာရေးဒီဂရီကောလိပ်တွင် လာရောက်ပညာသင်ကြားလျက်ရှိသည့် တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်သည့် နေရာဒေသများသို့ ရောက်ရှိပါက ကျောင်းသား ကျောင်းသူများ အမှန်တစ်ကယ်စာတတ်မြောက်မှုရှိစေရေး၊ တန်းစဉ်ကူးပြောင်းမှုများမြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများမြင့်မားခြင်းဖြင့်ပညာတတ်လူသား အရင်းအမြစ်များ ပေါကြွယ်ဝလာနိုင်မည်ဖြစ်ကြောင်း။

သင်တန်းပြီးဆုံး၍ တာဝန်ထမ်းဆောင်ရာတွင်လည်း စာပေဖတ်မှတ်လေ့လာခြင်းများကို ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့်ပတ်သက်၍လည်း အမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ကျေးရွာနှင့် မြို့များအလိုက် အတွေ့အကြုံများ၊ အသိအမြင်များ အနည်းနှင့်အများကွာခြားနိုင်မည်ဖြစ်ပြီး မိမိတို့ကြုံတွေ့ရသည့် လူနေမှုစနစ်များနှင့်အညီ မိမိတို့တာဝန် ထမ်းဆောင်ရသည့် ပတ်ဝန်းကျင်ကို ပြုပြင်ပေးနိုင်ကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ စာပေ ဖတ်ရှုလေ့လာခြင်းမှရရှိလာသည့် အသိဉာဏ်အလင်းသည် ဘဝတိုးတက်မှုအတွက် များစွာ အထောက် အပံ့ဖြစ်စေနိုင်မည်ဖြစ်ပြီး မိမိ၏မိသားစုနှင့် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ပတ်ဝန်းကျင်ကိုပါ အလင်းရောင်နှင့် လမ်းကြောင်းမှန်ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။

ပညာဆိုသည်မှာ စာပေသင်ကြားခြင်းသာမက အသိပညာ၊ အတတ်ပညာများလည်း ပါဝင်ကြောင်း၊ လေးနှစ်ကာလအတွင်း စနစ်တကျသင်ယူသွားမည်ဆိုပါက မီးအလင်းရောင်နှင့်တူသည့် ပညာများကို ရရှိမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်တန်းတက်ရောက်နေစဉ် ကာလ အတွင်းရရှိခဲ့သည့် အတွေ့အကြုံများ၊ ပညာများကို မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင်ပြန်လည် သင်ကြား ပေးကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတိုးတက်ကောင်းမွန်ရေးကို ဆောင်ရွက် ပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကိုခိုင်မာသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရေးအတွက် စည်းကမ်းစနစ်ကျသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်းဖြစ်ရန်လိုအပ်မည်ဖြစ်ပြီး ထိုသို့ ဖြစ်ပေါ်လာစေရေးအတွက် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ကြမည့်သူများအနေဖြင့် ဝိုင်းဝန်း ဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို သင်ခန်းစာ ဖော်ထုတ်ရယူ၍ အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်ကြရမည် ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုကောလိပ်မှ သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို အမှန်တကယ်တတ်မြောက်အောင် လေ့လာသင်ယူ၍ မိမိတို့၏ ဘဝတစ်လျှောက် အောင်မြင်တိုးတက်စေရေး၊ နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မန္တလေး ပညာရေး ဒီဂရီကောလိပ် စာကြည့်အတိုက်အတွက် လူထုသိပ္ပံကျမ်းများ၊ သုတရသ စာအုပ်စာစောင် များနှင့် လေ့ကျင့်ရေးအခြေခံပညာ အလယ်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြ သည့် နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Source- www,moi.gov.mm

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ ဆရာ အတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။