ဆွေးနွေးချက်များ

-

မြန်မာတို့သည် ရှေးပဝေသဏီဘိုးဘေးဘီဘင်လက်ထက် ကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အနုပညာနှင့် အမှီအခိုကင်းစွာ ရပ်တည်လာနိုင်ခဲ့ကြလေသည်။ ဘိုးတော်ဘုရားတောင်းဆိုမှုကြောင့် မြဝတီမင်းကြီးဦးစက စောင်းကြိုးကို ခုနစ်ကြိုးမှ ၁၃ ကြိုးအထိ တီထွင်နိုင်ခဲ့သည်။ ဗုံ ၂၁ လုံးကို ကြီးစဉ်ငယ်လိုက်စီကာ ပတ်စာဖြင့်အသံညှိ၍တီးရသော မြန်မာ့ဆိုင်းဝိုင်းသည် မြဝတီမင်းကြီး ဦးစလက်ထက်မှ အစပြုခဲ့သည်ဟု ရှေးပညာရှိများက ယူဆခဲ့ကြလေသည်။ ထိုကဲ့သို့ ဘိုးဘေးများ ခက်ခက်ခဲခဲတီထွင်ဖန်တီးခဲ့ရသော ရိုးရာယဉ်ကျေးမှုအနုပညာအမွေများကို ထာဝစဉ်ထိန်းသိမ်း

မြန်မာတို့သည် ရှေးပဝေသဏီဘိုးဘေးဘီဘင်လက်ထက် ကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အနုပညာနှင့် အမှီအခိုကင်းစွာ ရပ်တည်လာနိုင်ခဲ့ကြလေသည်။ ဘိုးတော်ဘုရားတောင်းဆိုမှုကြောင့် မြဝတီမင်းကြီးဦးစက စောင်းကြိုးကို ခုနစ်ကြိုးမှ ၁၃ ကြိုးအထိ တီထွင်နိုင်ခဲ့သည်။ ဗုံ ၂၁ လုံးကို ကြီးစဉ်ငယ်လိုက်စီကာ ပတ်စာဖြင့်အသံညှိ၍တီးရသော မြန်မာ့ဆိုင်းဝိုင်းသည် မြဝတီမင်းကြီး ဦးစလက်ထက်မှ အစပြုခဲ့သည်ဟု ရှေးပညာရှိများက ယူဆခဲ့ကြလေသည်။ ထိုကဲ့သို့ ဘိုးဘေးများ ခက်ခက်ခဲခဲတီထွင်ဖန်တီးခဲ့ရသော ရိုးရာယဉ်ကျေးမှုအနုပညာအမွေများကို ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။

ခေတ်မီနည်းပညာများ တိုးတက်နေသောကမ္ဘာကြီးတွင် တိုးတက်မှုမြန်သကဲ့သို့ ဆုတ်ယုတ်မှုလည်း မြန်ဆန်လွန်းလှပါသည်။ နိုင်ငံတော်၏ သယံဇာတနှင့် ပထဝီအနေအထားကို မျက်စိကျနေသော အနောက်နိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဒေါ်လာကိုသာ ချစ်သော ပြည်ဖျက်မီဒီယာများသည် နိုင်ငံ၏စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် နည်းမျိုးစုံသုံးပြီး လုပ်ကြံဖန်တီးနေသည်ကို အများသိရှိပြီးဖြစ်ပါသည်။ ဆူလွယ်နပ်လွယ် ယုံလွယ်သော ဆယ်ကျော်သက် လူငယ်လေးများကို နိုင်ငံရေးလုပ်ဇာတ်ခင်းကာ PDF (ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) ဟူ၍ အမည်နာမပေးပြီး ဗီလိန်ဇာတ်ရုပ်မှ ကခိုင်းနေကြသည်။ ဗီလိန်ဇာတ်ကောင်များကလည်း တည်ငြိမ်အေးချမ်းမှုပြိုကွဲစေရန် ဖျက်ဆီးမှုနည်းမျိုးစုံကို ပြုလုပ်ကြလေသည်။ ယဉ်ကျေးမှုပွဲတော်များ မဖြစ်မြောက်စေရန် အွန်လိုင်းပေါ်မှ ခြောက်လှန့်ကြသည်။ ဘုရားပွဲတော်များသို့ လူအများ စည်စည်ကားကားမသွားနိုင်ရန် အနှောင့်အယှက်ပြုကြလေသည်။ ယဉ်ကျေးမှုပွဲတော်များကို မကျင်းပနိုင်ရန် တားဆီးခြင်းသည် ယဉ်ကျေးမှုအမွေ အနှစ်၏တန်ဖိုးကို မသိခြင်းကြောင့်ပင်ဖြစ်ပေသည်။ ကိုယ့်ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားခြင်းမရှိဘဲ ဖျက်ဆီးနေသောသူများသည် တိုင်းပြည်ကိုဖျက်ဆီးနေခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။

တန်ဖိုးသိမှ တန်ဖိုးရှိမည်ဖြစ်သည်။ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ သွားသောသူသည် သီတင်းကျွတ်မီးထွန်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုသိရန်လိုအပ်ပါသည်။ ကထိန်ပွဲဆင်နွှဲသောသူသည် ကထိန်ခင်းရခြင်း၏ရည်ရွယ်ချက်ကို သိရန်လိုပါသည်။ ရရှိနိုင်သော ကောင်းကျိုးချမ်းသာများကိုလည်း သိရန်လိုပါသည်။ ထိုသို့သိမြင် တန်ဖိုးထားတတ်စေရန် မိဘနှင့် ဆရာသမားများက သွန်သင်ဆုံးမ ပြောပြရန်လိုအပ်ပါသည်။ အခြေခံအုတ်မြစ် ကောင်းကောင်းချနိုင်မှသာ ရာသီဥတုဒဏ်ခံနိုင်သော အဆောက်အအုံကောင်းဖြစ်နိုင်သလို မိမိတို့ရင်သွေးငယ်များ၏ နှလုံးသားထဲတွင် ဘာသာတရားနှင့် အမျိုးသားယဉ်ကျေးမှုအမွေကို တန်ဖိုးထားသောစိတ်ဓာတ်များ အုတ်မြစ်ချပေးကြရန်အတွက် မိဘနှင့်ဆရာသမားများတွင် အထူးတာဝန်ရှိသည်ဟု ထင်မှတ်မိပါသည်။

လူမျိုးရှိလျှင် ကိုးကွယ်ယုံကြည်သော ဘာသာတရားရှိကြလေ သည်။ ဘာသာပျောက်လျှင် လူမျိုးပါပျောက်ကွယ်နိုင်သဖြင့် ဗုဒ္ဓဘာသာ ထာဝစဉ်တည်တံ့စေရန် မိမိတို့၏ရင်သွေးငယ်များကို ဘာသာရေးနှင့် ဆက်နွှယ်သောအဆုံးအမများ၊ ငါးရာ့ငါးဆယ်နိပါတ်တော်လာပုံပြင် များဖြင့် အခြေခံအုတ်မြစ်ကောင်းအောင် တည်ဆောက်ပေးသင့်ပါသည်။ နိုင်ငံတော်အစိုးရကလည်း ယဉ်ကျေးလိမ္မာသောလူငယ်များဖြစ်လာ စေရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်တွင် ယဉ်ကျေးလိမ္မာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါသည်။ နိုင်ငံတော်၏စေတနာကို လေးစားသောအားဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် မိမိတို့၏ ရင်သွေးငယ်များကို ယဉ်ကျေးလိမ္မာသင်တန်းများသို့ ပို့ဆောင်ပေးခြင်းဖြင့် ဘာသာတရားအခြေခံအုတ်မြစ် ခိုင်မာစေခြင်းအကျိုးထူးများ ရရှိနိုင်ပါလိမ့်မည်။ ယဉ်ကျေးသောလူ့စွမ်းအားအရင်းအမြစ်များဖြင့် ဖွဲ့စည်း ထားသော နိုင်ငံ၏အနာဂတ်လမ်းသည်လည်း ဖြောင့်ဖြူးသာယာစွာရှိနေပေလိမ့်မည်။

လမင်းဟံသာ(ပဲခူး)

ယဉ်ကျေးမှုပွဲတော်များကို ဖျက်ဆီးခြင်းသည် တိုင်းပြည်ကို ဖျက်ဆီးခြင်းလော

မြန်မာတို့သည် ရှေးပဝေသဏီဘိုးဘေးဘီဘင်လက်ထက် ကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အနုပညာနှင့် အမှီအခိုကင်းစွာ ရပ်တည်လာနိုင်ခဲ့ကြလေသည်။ ဘိုးတော်ဘုရားတောင်းဆိုမှုကြောင့် မြဝတီမင်းကြီးဦးစက စောင်းကြိုးကို ခုနစ်ကြိုးမှ ၁၃ ကြိုးအထိ တီထွင်နိုင်ခဲ့သည်။ ဗုံ ၂၁ လုံးကို ကြီးစဉ်ငယ်လိုက်စီကာ ပတ်စာဖြင့်အသံညှိ၍တီးရသော မြန်မာ့ဆိုင်းဝိုင်းသည် မြဝတီမင်းကြီး ဦးစလက်ထက်မှ အစပြုခဲ့သည်ဟု ရှေးပညာရှိများက ယူဆခဲ့ကြလေသည်။ ထိုကဲ့သို့ ဘိုးဘေးများ ခက်ခက်ခဲခဲတီထွင်ဖန်တီးခဲ့ရသော ရိုးရာယဉ်ကျေးမှုအနုပညာအမွေများကို ထာဝစဉ်ထိန်းသိမ်း