ကဏ္ဍများ

ဩစတြေးလျနိုင်ငံက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုတော့မည်

ဩစတြေးလျဝန်ကြီးချုပ် Albanese က စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် သဘောတူညီထားကြောင်း ပြောကြား လိုက်သည်။"ငြိမ်းချမ်းရေးသည် ယာယီသာဖြစ်ပြီး အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့ အမြဲတည်ရှိ မှသာ တည်တံ့နိုင်မည်။ ဩစတြေးလျနိုင်ငံသည် ပါလက်စတိုင်းလူမျိုးများ၏ နိုင်ငံတည်ထောင်ရေး အခွင့်အရေးကို အသိအမှတ်ပြုပါမည်" ဟု ဝန်ကြီးချုပ် Anthony Albanese က ယနေ့ (ဩဂုတ် ၁၁) တွင်ပြောကြားခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ၎င်းအား ဟားမက်သည် အနာဂတ် ပါလက်စတိုင်း နိုင်ငံတွင် "အခန်းကဏ္ဍမရှိစေရ"

ဩစတြေးလျဝန်ကြီးချုပ် Albanese က စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် သဘောတူညီထားကြောင်း ပြောကြား လိုက်သည်။"ငြိမ်းချမ်းရေးသည် ယာယီသာဖြစ်ပြီး အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့ အမြဲတည်ရှိ မှသာ တည်တံ့နိုင်မည်။ ဩစတြေးလျနိုင်ငံသည် ပါလက်စတိုင်းလူမျိုးများ၏ နိုင်ငံတည်ထောင်ရေး အခွင့်အရေးကို အသိအမှတ်ပြုပါမည်" ဟု ဝန်ကြီးချုပ် Anthony Albanese က ယနေ့ (ဩဂုတ် ၁၁) တွင်ပြောကြားခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ၎င်းအား ဟားမက်သည် အနာဂတ် ပါလက်စတိုင်း နိုင်ငံတွင် "အခန်းကဏ္ဍမရှိစေရ" ဟု အာမခံထားကြောင်း Albanese က ဖြည့်စွက် ပြောကြားခဲ့သည်။

"ဤသည်မှာ ကောင်းသောအခွင့်အရေးဖြစ်ပြီး ဩစတြေးလျနိုင်ငံသည် နိုင်ငံတကာအသိုင်း အဝိုင်းနှင့် ပူးပေါင်းကာ ထိုအခွင့်အရေးကို အသုံးချမည်" ဟု ၎င်းက ဆိုသည်။ "နိုင်ငံနှစ်နိုင်ငံ အဖြေရှာ ခြင်းသည် အရှေ့အလယ်ပိုင်းရှိ အကြမ်းဖက်မှုစက်ဝန်းကို ရပ်တန့်ရန်နှင့် ဂါဇာတွင် ပဋိပက္ခ၊ ဒုက္ခနှင့် အငတ်ဘေးများကို အဆုံးသတ်ရန် လူသားတို့၏ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်သည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံကလည်း ဩစတြေးလျနှင့်အတူ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် စဉ်းစားနေကြောင်း ယနေ့ (ဩဂုတ် ၁၁) ပင် ကြေညာလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီး Winston Peters က စက်တင်ဘာလတွင် အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်ကာ ကုလသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံမည့် သီတင်းပတ်တွင် ပြည့်စုံခိုင်မာသော ချဉ်းကပ်မှုပုံစံကို တင်ပြမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံနှစ်နိုင်ငံ အဖြေရှာခြင်းဆိုသည်မှာ အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက် သီးခြားနယ်မြေများ သတ်မှတ်ပေးရန် အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ ၁၉၄၇ ခုနှစ်တွင် ကုလသမဂ္ဂက ဗြိတိသျှ အုပ်ချုပ်မှု အောက်ရှိ ပါလက်စတိုင်းဒေသကို ပါလက်စတိုင်းနှင့် ဂျူးလူမျိုးများအတွက် နှစ်ပိုင်းခွဲခြားပေးရန် စတင်ခဲ့သည်။

သို့သော် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ ပေါ်ပေါက်ပြီးနောက် ဆယ်စုနှစ်များအတွင်း ပေါ်ပေါက်ခဲ့သောပဋိပက္ခများက ပါလက်စတိုင်းနိုင်ငံတည်ထောင်ရေးကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေခဲ့သည်။၁၉၉၃ ခုနှစ်တွင် အမေရိကန်ကြားဝင်ညှိနှိုင်းပေးခဲ့သော အော်စလိုသဘောတူညီချက်အရ အစ္စရေးနှင့် ပါလက်စတိုင်းအာဏာပိုင်များက အနောက်ဘက်ကမ်းဒေသ (West Bank) နှင့် ဂါဇာကို ပါလက်စတိုင်းက အုပ်ချုပ်ရန် သဘောတူခဲ့သော်လည်း အနောက်ဘက်ကမ်းရှိ ဂျူးအခြေချနေထိုင်မှုများ တိုးချဲ့လာ ခြင်းနှင့် အစ္စရေး၏ ပါလက်စတိုင်းနယ်မြေငြင်းဆိုမှုများက အဆိုပါအဖြေကို ဝေးကွာစေခဲ့သည်။

ဇူလိုင်လ ၂၄ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က "အရှေ့အလယ်ပိုင်းတွင် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်ကတိကို အလေးထားသည့်အနေဖြင့် " စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု ကြေညာခဲ့သည်။ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာနှင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီတို့ကလည်း ဇူလိုင်လကုန်တွင် အလားတူ ရည်ရွယ်ချက်များ ထုတ်ဖော်ပြောကြားခဲ့သည်။

ပေါ်တူဂီနိုင်ငံကလည်း "လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့် အစ္စရေး၏ ပါလက်စတိုင်း နယ်မြေများကို သိမ်းပိုက်ရန် အကြိမ်ကြိမ်ပြောဆိုမှုများကြောင့် စိုးရိမ်ဖွယ်ရာဖြစ်နေသော ပဋိပက္ခ” တို့အပေါ် တုံ့ပြန်သည့်အနေဖြင့် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၈၀ ကြိမ် မြောက်အစည်းအဝေးတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် စီစဉ်ထားသည်။

ပြင်သစ်၊ ဗြိတိန်နှင့် ကနေဒါတို့၏ ထိုလှုပ်ရှားမှုမှာ အထူးသတိထားစရာဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ယခင်က အနောက်နိုင်ငံများက နယ်နိမိတ်နှင့် ဂျေရုဆလင်အခြေအနေကဲ့သို့သော အချက် များတွင် သဘောတူညီမှုရပြီးမှသာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု ယေဘုယျအားဖြင့် ရပ်တည်ခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့၏ သဘောထားပြောင်းလဲလာမှုကို မြင်တွေ့ရသော ကြောင့် ဖြစ်သည်။

အစ္စရေးက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ယင်းက ဂါဇာတွင် စစ်ပြေငြိမ်းရေးညှိနှိုင်းမှုနှင့် အကျဉ်းချထားခံရသူများ လွတ်မြောက်ရေးအားထုတ်မှုများကို အားနည်းစေသည်ဟု ဆိုသည်။

လေ့လာသူများက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းသည် အဓိကအားဖြင့် သင်္ကေတ သဘောသာဖြစ်သည်ဟု သုံးသပ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အစ္စရေးတပ်မတော်က အနောက် ဘက်ကမ်း၊ ဂါဇာကမ်းမြောင်နှင့် အရှေ့ဂျေရုဆလင်အပါအဝင် ပါလက်စတိုင်းနိုင်ငံ တည်ဆောက်ရေး အတွက် ရည်မှန်းထားသော နယ်မြေအများစုကို ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ သို့သော်အနောက်နိုင်ငံကြီးများ၏ ထိုလှုပ်ရှားမှုက အစ္စရေးကို နိုင်ငံတကာမြင်ကွင်းတွင် တစ်စတစ်စ အထီးကျန် စေလိမ့်မည်ဟု ခန့်မှန်းကြသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂

မကြာမီတွင် ရုရှား-ယူကရိန်း ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု ထရမ့်ဆို

အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၆ ရက်တွင် ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့် စပ်လျဉ်း၍ ၎င်းက မကြာမီ ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု အိမ်ဖြူတော်၌ မီဒီယာများ၏မေးမြန်မှုကို ဖြေကြားရာတွင် ပြောကြားခဲ့ သည်။

ဇီလန်စကီးက သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအပေါ် သဘောတူခြင်း ရှိ၊ မရှိကို မီဒီယာ သတင်းထောက်များက မေးမြန်းရာတွင် ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေး လမ်းကြောင်းသည် “အလွန်ရှည်လျားလျက်ရှိ” ကြောင်း၊ “သို့သော် မကြာမီ တွေ့ဆုံဆွေးနွေးတစ်ခု ကျင်းပနိုင်ဖွယ်ရှိကြောင်း” ပြောကြားခဲ့သည်။

ထရမ့်က ၎င်းအနေဖြင့် အစောဆုံး လာမည့်သီတင်းပတ်တွင် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ် ထားပြီး ယင်းနောက် ၎င်းတို့နှစ်ဦးနှင့် ဇီလန်စကီးတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါနေ့တွင် ဥရောပခေါင်းဆောင်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့ သည်ဟု “The New York Times” နှင့် CNN က အိမ်ဖြူတော်အရာရှိများအား သတင်းအရင်းအမြစ်အဖြစ် သတ်မှတ်၍ ထုတ်ပြန်ထားသောသတင်းအရ သိရသည်။ တွေ့ဆုံဆွေးနွေးမှု စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်း ရှိ၊ မရှိမှာ ရုရှား-ယူကရိန်း ပဋိပက္ခ အခြေအနေတိုးတက်မှု မည်ကဲ့သို့ရှိခြင်း၊ အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့ ကိုယ်စီ၏ ရပ်တည်ချက်များ “လုံလောက်စွာ တူညီနီးစပ်မှု” ရှိ၊ မရှိခြင်းအပေါ်မူတည်ကြောင်း အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် ပူတင်တို့၏ ဩဂုတ် ၆ ရက် တွေ့ဆုံဆွေးနွေးမှုသည် “ရလဒ်များ ကြွယ်ဝ” ကြောင်း ထရမ့်က ထိုနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း ယင်းနောက် မီဒီယာများ၏ မေးမြန်းမှုတွင် ၎င်းက စတိဗ်ဝစ်ကော့ဖ်၏ ယခုအကြိမ် ခရီးစဉ်သည် “ထိုးဖောက်မှု” တစ်ကြိမ် ဖြစ်သည်ဟု ပြောရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။

ပူတင်နှင့် စတိဗ်ဝစ်ကော့ဖ်၏ ဩဂုတ် ၆ ရက် တွေ့ဆုံဆွေးနွေးမှုသည် “အလွန်အကျိုးရှိပြီး များစွာ အပြုသဘောဆောင်ကြောင်း”၊ နှစ်ဖက်သည် ယူကရိန်းအကျပ်အတည်းနှင့် ရုရှား-အမေရိကန် မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအလားအလာ စသည့် အကြောင်း အရာများကို ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ထိုနေ့တွင် ပြောကြားခဲ့သည်။ ပူတင်နှင့် စတိဗ်ဝစ်ကော့ဖ်၏ တွေ့ဆုံဆွေးနွေးမှုသည် ၃ နာရီခန့် ကြာမြင့် ကြောင်း ရုရှားမီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။

အမေရိကန်၏ ရုရှားအပေါ် ဖိအားပေးမှုသည် ရလဒ်များပေါ်ထွက်လာပြီး လက်ရှိတွင် ရုရှားဘက်က အပစ်ရပ်ရန် ပို၍အားသာကြောင်း ဇီလန်စကီးက ထိုနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ “အဓိကကတော့ အသေးစိတ် အချက်အလက်တွေမှာ သူတို့က (ရုရှား-အမေရိကန်) ကျွန်တော်တို့ကို မလိမ်လည်ဖို့ပါပဲ” ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။ ၎င်းက စတိဗ်ဝစ်ကော့ဖ် ရုရှား ခရီးစဉ်နှင့်စပ်လျဉ်း၍ ထရမ့်နှင့်ဆွေးနွေးခဲ့ဖူးပြီး ယူကရိန်းသည် “တရားမျှတမှုရှိသော ငြိမ်းချမ်းရေး” ကို အဆိုပြုကြောင်း အလေးထားပြောကြားခဲ့သည်။

ရုရှားအနေဖြင့် ဩဂုတ် ၈ ရက်မတိုင်မိ ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမေရိကန်၏ တစ်ဆင့်တိုး ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဟု ထရမ့် အစိုးရက လတ်တလောတွင် သတိပေးခဲ့သည်။ ရုရှားဘက်က ယူကရိန်းနှင့် ပဋိပက္ခဖြစ်ပွားမှုကို ရပ်တန့်လာစေရန် ထရမ့်က ၎င်းအနေဖြင့် “ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုများ” ကို မကြာမီ ကြေညာနိုင်ကြောင်း ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

ကိုးကား- Xinhua

ဂါဇာ၌ စစ်ရေးရည်မှန်းချက်များ ခြွင်းချက်မရှိ အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု အစ္စရေးပြော

ဂါဇာဒေသသို့ အကူအညီပစ္စည်းများကို ရက်အတန်ကြာ ပေးပို့လျက်ရှိသော်လည်း အစာရေစာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုက ၎င်းအနေဖြင့် ဂါဇာဒေသ၌ စစ်ရေးရည်မှန်းချက်သုံးရပ်အား ခြွင်းချက်မရှိ အောင်မြင်ရေးအတွက် ယခု သီတင်းပတ်နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်အား ညွှန်ကြားသွားမည်ဟု ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့ သည်။
 
နေတန်ယာဟုအနေဖြင့် ဂါဇာအား အလုံးစုံ ပြန်လည်သိမ်းယူရေးနှင့် စပ်လျဉ်း၍ စဉ်းစားသုံးသပ်ရန် ဩဂုတ် ၅ ရက်၌ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်မည့် အစည်းအဝေးကို ကျင်းပမည်ဟု ယူဆရကြောင်း အမည်မဖော်လိုသည့် အစ္စရေးတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ထိုအတောအတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဂျော်ဒန်၊ အီဂျစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် ကနေဒါတို့က စားနပ်ရိက္ခာများ ပါဝင်သည့် အကူအညီပစ္စည်းအထုပ်ပေါင်း ၁၂၀ အား ဂါဇာဒေသသို့ ဩဂုတ် ၄ ရက်က လေကြောင်းမှချပေးခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဩဂုတ် ၄ ရက်၌ လေကြောင်းမှ အကူအညီပစ္စည်းများချပေးသည့် အစီအစဉ်များတွင် ကနေဒါနိုင်ငံက ပထမဆုံးအကြိမ် ပါဝင် လာခြင်းဖြစ်ကြောင်း သိရသည်။ဂျော်ဒန်တော်ဝင်မိသားစုပရဟိတအဖွဲ့အစည်း (JHCO) က လူသားချင်း စာနာမှု အကူအညီများကို သယ်ဆောင်လာသည့် ထရပ်ကား ၃၈ စီး ပါဝင်သော နောက်ထပ်ယာဉ်တန်း တစ်ခုမှာ ဩဂုတ် ၄ ရက်က King Hussein တံတားကိုဖြတ်၍ ဂါဇာဒေသထဲသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။အစ္စရေးဘက်က တရားဝင်အလုပ်ချိန်ကို အကြောင်းပြကာ နယ်စပ် ဂိတ်များ၌ ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ဂျော်ဒန်နိုင်ငံမှ အကူအညီပေးရေး ထရပ်ကား ၄၅၂ စီး ဂါဇာသို့ ရောက်ရှိနိုင်ရန် ကနဦးစီစဉ်ထားသော်လည်း လွန်ခဲ့သော သီတင်းနှစ်ပတ် အတွင်း ထရပ်ကား ၂၉၄ စီးသာ ရောက်ရှိခဲ့သည်ဟု JHCO အထွေထွေအတွင်းရေးမှူး ဟူစိန် အယ်လ်-ရှက်ဘလီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများနှင့် ကိရိယာများ ပေးပို့မှုအား ပိတ်ပင်ထားသကဲ့သို့ ရှာဖွေစစ်ဆေးရေးနှင့် ခွင့်ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များမှာလည်း ကြန့်ကြာလျက်ရှိကြောင်း၊ ယာဉ်တန်းတစ်ခု ဂါဇာသို့ရောက်ရှိရန် ၃၈ နာရီခန့် ကြာမြင့်ကြောင်း ၎င်းက ဆိုသည်။
 
ဟားမက်အဖွဲ့က ဖွင့်လှစ်ထားသော အစိုးရပြန်ကြားရေးရုံးကလည်း ဩဂုတ် ၃ ရက်တွင် ဂါဇာသို့ အကူအညီ ပေးရေး ထရပ်ကား အစီး ၈၀ သာ ရောက်ရှိခဲ့ပြီး အစ္စရေးက အကူအညီပစ္စည်းများ ဝင်ရောက်မှုကို ဇူလိုင် ၂၇ ရက်၌ စတင်ခွင့်ပြုခဲ့ပြီးနောက် ဂါဇာသို့ရောက်ရှိခဲ့သည့် စုစုပေါင်းထရပ်ကား အရေအတွက်မှာ ၆၇၄ စီး ရှိလာခဲ့ကြောင်း၊ ထိုပမာဏမှာ ယင်းကာလတူ၌ ဂါဇာသို့ရောက်ရှိရန် လိုအပ်နေ သည့် ထရပ်ကားအစီးရေ ၄,၈၀၀ ထက်များစွာနည်းပါးနေသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အသက်ရှင်ရပ်တည်နိုင်ရေး အနိမ့်ဆုံး လိုအပ်ချက်နှင့် ပြည့်မီရန်အတွက် ထရပ်ကားအစီးရေ ၆၀၀ ထက်မနည်း ဂါဇာသို့ နေ့စဉ်ရောက်ရှိနိုင်ရန် လိုအပ်ကြောင်း၊ အစ္စရေးအနေဖြင့် အစာရေစာ ငတ်မွတ်မှုနှင့် ဝရုန်းသုန်းကားအခြေအနေများ ဖြစ်စေသည့် မူဝါဒကို ဆက်လက်ဖော်ဆောင်နေကြောင်း ယင်းကြေညာချက်၌ စွပ်စွဲထားသည်ဟု သိရသည်။

ကိုးကား-Xinhua

ဂါဇာသို့ နောက်ထပ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဂျော်ဒန်၊ အီဂျစ်၊ ယူအေအီး ပေးပို့

ဂျော်ဒန်၊ အီဂျစ်နှင့် ယူအေအီးနိုင်ငံတို့က ဂါဇာကမ်းမြောင်သို့ လေကြောင်းမှ အကူအညီပစ်ချမှု မစ်ရှင် များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ယာဉ်တန်းများမှတစ်ဆင့် ဂါဇာ ကမ်းမြောင်သို့ နောက်ထပ် အကူအညီများ ပေးအပ်လိုက်ပြီဖြစ်ကြောင်း သြဂုတ် ၃ ရက်တွင် ကြေညာ ခဲ့သည်။

ဂျော်ဒန်သည် ဂါဇာကမ်းမြောင်ဒေသအပေါ် လေကြောင်းမှအကူအညီပစ်ချပေးမှု ပူးတွဲမစ်ရှင် ခုနစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း၊ ထိုကမ်းရိုးတန်းဒေသသို့ လူသားချင်းစာနာထောက်ထားမှုနှင့် စားနပ်ရိက္ခာ အကူအညီ စုစုပေါင်း ၆၁ တန်ကို နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းကူညီခဲ့ကြောင်း ဂျော်ဒန် စစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပူးပေါင်းကူညီမှုတွင် ဂျာမနီ၊ ယူအေအီး၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယမ်တို့က ပံ့ပိုးပေးသည့် လေယာဉ်များနှင့်အတူ တော်ဝင်ဂျော်ဒန်လေတပ်မှ လေယာဉ်နှစ်စင်း ပါဝင်ခဲ့သည်။

ထိုအတောအတွင်း ပါလက်စတိုင်းနယ်မြေအတွင်းသို့ မ၀င်ရောက်မီ ကီရမ်ရှာလုံနယ်စပ်ဂိတ်တွင် စစ်ဆေးကာ ရာဖာနယ်စပ်ဂိတ်ကိုဖြတ်၍ ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ရေးယာဉ်တန်းသစ်တစ်ခုကို သြဂုတ် ၃ ရက်တွင် စေလွှတ်ခဲ့ကြောင်း အီဂျစ် Al-Qaahera News ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

အီဂျစ်လခြမ်းနီအဖွဲ့မှ စီစဉ်ပေးသည့် ထောက်ပံ့ရေးယာဉ်တန်းတွင် အစားအသောက်များ၊ ဆေးဘက် ဆိုင်ရာ ကိရိယာများနှင့် လိုအပ်သော ဆေးဝါးများ တင်ဆောင်ထားသည့် ထရပ်ကား ဒါဇင်နှင့်ချီ ပါဝင်ပြီး ဆေးရုံနှင့်ရေပေးဝေရေးစက်ရုံများကဲ့သို့သော ဂါဇာရှိ အရေးကြီးသော အခြေခံအဆောက်အအုံ များကို ဓာတ်အားပေးရန် သတ်မှတ်ထားသော ဒီဇယ် ၁၀၇ တန် တင်ဆောင်ထားသည့် လောင်စာဆီ တင်ထရပ်ကား နှစ်စီးလည်း ပါဝင်သည်။

လွန်ခဲ့သော ၇၂ နာရီအတွင်း စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် ၉ စင်းသည် လေကြောင်းမှ အကူအညီပစ်ချမှုများ လုပ်ဆောင်ခဲ့ပြီး ကုန်းလမ်းဖြင့် သွားလာ၍မရသော ဂါဇာရှိ ဒေသများသို့ ရိက္ခာ တန်ချိန်ပေါင်းများစွာ ပေးပို့ခဲ့ကြောင်းလည်း အီဂျစ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

အမ်းမရိတ်သတင်းဌာန၏ သတင်းဖော်ပြချက်အရ ယူအေအီးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးပေါင်း၍ ဂါဇာကမ်းမြောင်သို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်မှုအသစ် ပေးပို့ခဲ့ ကြောင်းသိရသည်။ သြဂုတ် ၃ ရက်တွင် ပေးပို့ပေးခဲ့သည့် ပို့ဆောင်မှု၌ မရှိမဖြစ်လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်း ၆၅ တန်ခန့် တင်ဆောင်လာသည့် ကုန်တင်ကား ၁၁ စီး ပါဝင်သည်။ ပိတ်ဆို့ ခံထားရဆဲအခြေအနေကြောင့် ကျန်းမာရေးစနစ် ဆိုးရွားစွာ ထိခိုက်ခံနေရသည့် ဂါဇာကမ်းမြောင် ဒေသရှိ ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများသို့ ဖြန့်ဖြူးရန်အတွက် WHO ဂိုဒေါင်များသို့ ယင်းပစ္စည်းများကို ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင် အစ္စရေးစစ်တပ်ကလည်း ပြီးခဲ့သော ၂၄ နာရီအတွင်း ဘယ်လ်ဂျီယမ်၊ ယူအေအီး၊ ဂျော်ဒန်၊ အီဂျစ်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် စားနပ်ရိက္ခာအထုပ်ပေါင်း ၁၃၆ ထုပ်ကို လေကြောင်းမှပစ်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် လွန်ခဲ့သော သီတင်းပတ်တွင် ပြည်ပနိုင်ငံများ၏ လေကြောင်းမှအကူအညီပစ်ချမှုကို စတင်ခွင့်ပြုခဲ့ပြီး ပါလက်စတိုင်းနယ်မြေအတွင်းသို့ အကူအညီများ ပို၍ရောက်ရှိစေခဲ့သည်။ သို့သော် လည်း ကုလသမဂ္ဂ အကူအညီပေးရေးဆိုင်ရာ ကျွမ်းကျင်သူများကမူ အကူအညီများ မလုံလောက် သေးဟု ဆိုသည်။

သြဂုတ် ၃ ရက်တွင် ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုကြောင့် နောက်ထပ် လူခြောက်ဦး သေဆုံးခဲ့ပြီး ငတ်မွတ်မှုနှင့်ဆက်နွှယ်သော သေဆုံးသူဦးရေတွင် ကလေး ၉၃ ဦးအပါအဝင် စုစုပေါင်း ၁၇၅ ဦးအထိ ရှိလာခဲ့ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ကြေညာခဲ့သည်။

ကိုးကား -  Xinhua

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမေရိကန် ကိုယ်စားလှယ်၏ ရှင်းကျန်းဒေသနှင့်သက်ဆိုင်သည့် လိမ်လည်ပြောဆိုမှုများကို တရုတ် ကိုယ်စားလှယ် ချေပပြောကြား

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇူလိုင် ၂၄ ရက် ကျင်းပသည့် ကုလသမဂ္ဂနှင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးပြောကြားရာတွင် အမေရိကန် ကိုယ်စားလှယ်၏ ရှင်းကျန်းနှင့်သက်ဆိုင်သည့် လိမ်လည်ပြောဆိုမှုများကို ချေပပြောကြားခဲ့သည်။

ထိုသို့ ပြောကြားရာတွင် ဖုချုံးက အမေရိကန်ကိုယ်စားလှယ်၏ ရှင်းကျန်းဒေသဆိုင်ရာကိစ္စရပ်များ အပေါ် အခြေအမြစ်မရှိ စွပ်စွဲပြောဆိုမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက် ပြီး အပြည့်အဝငြင်းဆိုကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ရှင်းကျန်းဒေသသည် လူမှုရေးတည်ငြိမ်မှု၊ စီးပွားရေးသာယာဝပြောဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိပြီး သမိုင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး အကောင်းဆုံး ကာလကို ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ အမေရိကန်သည် ရှင်းကျန်းဒေသဆိုင်ရာ အကြောင်းအရာ များကို အချိန်ပေးကြံစည် သတင်းလုပ်နေခြင်း၊ တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်၊ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရန် ကြံစည်နေခြင်းသည် ၎င်း၏ ဗိုလ်ကျကြီးစိုးမှု ပင်ကိုစရိုက်၊ “စံနှုန်းနှစ်မျိုးသတ်မှတ်ခြင်း” ပုံစံကို ပေါ်လွင်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သော ၆ နှစ်ကာလအတွင်း များပြားလှသော အစ္စလာမ်မစ်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း တစ်ရာကျော်သည် တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ လူ့အခွင့် အရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံရေးအသွင်ပြောင်းခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လူ့အခွင့်အရေးကို အကြောင်းပြ၍ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် မတူညီသော နည်းလမ်း များဖြင့် ထုတ်ဖော်ပြသခဲ့ရာ ယင်းက “ရှင်းကျန်းဒေသကိုအသုံးချခြင်းဖြင့် တရုတ်ကိုထိန်းချုပ်မည့်” အမေရိကန်၏ ကြံစည်မှုသည် ပျက်စီးခဲ့ရပြီး တရုတ်ဆန့်ကျင်ရေးနှင့် တရုတ်အား တားဆီးထိန်းချုပ် ရေးဖြင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်မည့် ဆိုးရွားသော ရည်ရွယ်ချက်မှာ လုံးဝ မအောင်မြင်ကြောင်း အပြည့်အဝပြသထားသည်ဟု ဖုချုံးက ထောက်ပြခဲ့သည်။

အမေရိကန်အနေဖြင့် မူစလင်တို့၏ လူ့အခွင့်အရေးကို အမှန်တကယ်ဂရုစိုက်ပေးလိုပါက ဂါဇာ၏ လူ့ပြည်ငရဲဘုံကဲ့သို့ဖြစ်နေသော အခြေအနေကို အဘယ်ကြောင့် လျစ်လျူရှုထားသနည်း၊ ပါလက် စတိုင်းပြည်သူများ၏ သမိုင်းကြောင်း မတရားမှုများကို အဘယ်ကြောင့် မျက်ကွယ်ပြုထားသနည်း ဟု ဖုချုံးက ပြောကြားခဲ့သည်။

အမေရိကန်သည် ၎င်းနိုင်ငံအတွင်း သေနတ်အကြမ်းဖက်မှုများ၊ လူမျိုးရေးခွဲခြားမှုစသည့် နာတာရှည် ပြဿနာများကို မျက်ကွယ်ပြုလျက်၊ နိုင်ငံ့ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာချိုးနှိမ် ခံရမှုကို ဂရုမစိုက်ဘဲ လူ့အခွင့်အရေးအကြောင်းပြချက်ဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စ များကို စိတ်ကြိုက်ဝင်ရောက်စွက်ဖက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားမှ ပြည်သူများ၏ လူ့အခွင့် အရေးကို ထိပါးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်အနေဖြင့် မိမိကိုယ်ကို ပြန်လည် သုံးသပ်ခြင်း၊ နည်းလမ်းများ ပြောင်းလဲခြင်းဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်း ကာကွယ်ရေးအတွက် ကောင်းမွန်သော၊ လက်တွေ့ကျသောကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရန် ဖျောင်းဖျ လိုကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ကိုးကား- ဆင်ဟွာ

ပြင်သစ်နိုင်ငံက စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမည်ဟု မက်ခရွန် ဆို

ပြင်သစ်နိုင်ငံအနေဖြင့် ယခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပါလက်စတိုင်းနိုင်ငံအား တရားဝင်အသိအမှတ်ပြုကြောင်း ကြေညာမည်ဟု ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က ဇူလိုင် ၂၄ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။

လက်ရှိအရေးကြီးဆုံးမှာ ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကို အဆုံးသတ်ရန်နှင့် အရပ်သားပြည်သူများ အား ကယ်တင်ရန်ဖြစ်ကြောင်း၊ ချက်ချင်းအပစ်ရပ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး ပြန်လွှတ် ပေးခြင်းနှင့် ဂါဇာဒေသပြည်သူများထံ လူသားချင်းစာနာမှုအကူအညီ ပမာဏ အများအပြားပံ့ပိုးခြင်း တို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်) ၏ စစ်ရေးမဖော်ဆောင်မှုနှင့် ဂါဇာကမ်းမြောင်ဒေသ၏ ဘေးကင်းလုံခြုံမှုနှင့် ပြန်လည်တည်ဆောက်မှုကို မဖြစ်မနေ အာမခံရမည် ဖြစ်ကြောင်း၊ နောက်ဆုံးတွင် ပါလက်စတိုင်းနိုင်ငံ တည်ထောင်၍ ၎င်း၏ ရှင်သန်တည်ရှိနိုင်မှုစွမ်းရည် အား အာမခံရမည်ဖြစ်ကြောင်း၊ ထိုသို့အားဖြင့် ၎င်းတို့က စစ်ရေးမဖော်ဆောင်မှုအား လက်ခံ၍ အစ္စရေးအား ဘက်စုံအသိအမှတ်ပြုသည့် အခြေအနေတွင် အရှေ့အလယ်ပိုင်းဒေသ ဘုံလုံခြုံရေး ကိစ္စရပ်များတွင် ပါဝင်စေရမည်ဖြစ်ကြောင်း ၎င်းက တစ်ချိန်တည်းတွင် ယူဆကြောင်းဆိုသည်။

စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sánchez က ပြင်သစ်နိုင်ငံ၏ အဆိုပါလုပ်ရပ်အပေါ် ကြိုဆိုကြောင်း ဆိုခဲ့သည်။ ၎င်းက လူမှုမီဒီယာတွင် ပို့စ်တင်၍ “ပြင်သစ်နိုင်ငံက စပိန်နှင့် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုသည့် အခြားသော ဥရောပနိုင်ငံများစာရင်းမှာ ပါဝင်လာသည့်အတွက် ကြိုဆိုပါသည်” ဟု ဆိုခဲ့သည်။

“မိမိတို့က “အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု” ဖျက်ဆီးရန်ကြိုးပမ်းနေသည့် အရာအားလုံးကို အတူတကွ စောင့်ရှောက်ရပါမည်” “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” သည် ပါလက်စတိုင်းပြဿနာအား ဖြေရှင်းသည့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း Pedro Sánchez က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားလာ ကတည်း က စပိန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဆလိုဗေးနီးယားနှင့် ဥရောပနှင့် အာဖရိကနိုင်ငံများစွာက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။

မက်ခရွန်က ယခုနှစ် ဧပြီလတွင် အီဂျစ်နိုင်ငံသို့ ခရီးစဉ်သွားရောက်ပြီးနောက် ပြင်သစ်နှင့် ဆော်ဒီ အာရေဗျတို့သည် ဇွန်လတွင် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အကောင်အထည်ဖော်မှု တွန်းအား ပေးရေးအတွက် ကုလသမဂ္ဂ အစည်းအဝေးအား အတူတကွ ကြီးမှူးကျင်းပရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံက ထိုအချိန်တွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုနိုင်ကြောင်း ပြင်သစ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါ အစည်းအဝေးသည် အစ္စရေးနှင့် အီရန်၏ ဇွန်လတွင် ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ 

ထိုင်းနှင့် ကမ္ဘောဒီးယား ပဋိပက္ခ၏ ဇစ်မြစ်

ထိုင်းနှင့် ကမ္ဘောဒီးယား ပြင်းထန်သည့် နယ်စပ်တိုက်ပွဲဖြစ်ရသည်အထိ ပဋိပက္ခ ဖြစ်ရသည့် အကြောင်း ရင်းသည် နှစ်နိုင်ငံ နယ်စပ်ရှိ Preah Vihear ရှေးဟောင်းဘုရားကျောင်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဆယ်စုနှစ်ပေါင်းများစွာအငြင်းပွားမှုများက အခြေခံပါသည်။

အဆိုပါအငြင်းပွားမှုသည် ၁၉ ရာစုနှောင်းပိုင်းတွင် ပြင်သစ်ကိုလိုနီက အင်ဒိုချိုင်းနားဒေသ၏ နယ်နိမိတ်များ စတင်သတ်မှတ်ခဲ့သည့်အချိန်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၀၄ ခုနှစ်တွင် ထိုင်းနှင့် ပြင်သစ်တို့သည် နယ်စပ်ကို သဘာဝရေဝေကြော (watershed line) အတိုင်း သတ်မှတ်ရန် သဘောတူညီခဲ့ကြပါသည်။ သို့သော် ၁၉၀၇ ခုနှစ်တွင် ပြင်သစ်ရေးဆွဲခဲ့သည့် မြေပုံ၌ Preah Vihear ဘုရားကျောင်းသည် ကမ္ဘောဒီးယားပိုင်နက်အတွင်း ပါဝင်နေသည်ကို တွေ့ရပြီး ရေဝေရေလဲအနေအထားအရ ထိုင်းပိုင်ဆိုင်ရမည့်အခြေအနေတွင်ရှိနေပါသည်။

ဘုရားကျောင်း၏ သဘာဝအနေအထားအရ ထိုင်းဘက်ခြမ်းကို ပို၍မျက်နှာမူ တည်ဆောက်ထား ခြင်းကြောင့် ထိုင်းနိုင်ငံက အဆိုပါသတ်မှတ်မှုကို ကျေနပ်ခဲ့ခြင်းမရှိပေ။ အဆိုပါအချိန်ကာလက ထိုင်းနိုင်ငံသည် ယင်းမြေပုံကို တရားဝင်လက်ခံခဲ့သည်ဟု ယူဆရသော်လည်း နောက်ပိုင်းတွင် မြေပုံသည် မှားယွင်းနေသည်ဟု ငြင်းဆိုခဲ့ပါသည်။ ၁၉၅၃ ခုနှစ်တွင် ကမ္ဘောဒီးယားက ပြင်သစ်တို့ ထံမှ လွတ်လပ်ရေးရပြီးနောက် ၁၉၅၄ ခုနှစ်တွင် ထိုင်းစစ်တပ်က အဆိုပါဘုရားကျောင်းကို သိမ်းပိုက် လိုက်သည်။

၁၉၅၉ ခုနှစ်တွင် ကမ္ဘောဒီးယားက ယင်းပြဿနာကို နယ်သာလန်နိုင်ငံ The Hague ရှိ အပြည်ပြည် ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ကို တင်ပြခဲ့သည်။ ၁၉၆၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ICJ က Preah Vihearဘုရားကျောင်းသည် ကမ္ဘောဒီးယားပိုင်နက် ဖြစ်ကြောင်း ၉ မဲ ၃ မဲနှင့် ဆုံးဖြတ်ချမှတ်ခဲ့သည်။ ထိုင်းကိုလည်း ဘုရားကျောင်းဧရိယာမှ စစ်တပ်များကို ရုပ်သိမ်းရန်နှင့် ၁၉၅၄ ခုနှစ်နောက်ပိုင်း သိမ်းဆည်းထားသည့် ရှေးဟောင်းပစ္စည်းများကို ပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံတွင် မကျေနပ်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပြီး သံတမန် ရေးရာ တင်းမာမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုင်းက အမိန့်ကို လိုက်နာခဲ့သော်လည်း ဘုရားကျောင်း ပတ်ဝန်းကျင်မှ ၄.၆ စတုရန်းကီလိုမီတာ နယ်မြေကို ဆက်လက်ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် Preah Vihear ဘုရားကျောင်းကို ကမ္ဘောဒီးယား၏ တစ်ဦးတည်း လျှောက်ထားမှုအရ UNESCO က ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ထိုင်းအမျိုးသားရေးသမားများကို အမျက်ထွက်စေခဲ့ပြီး နယ်စပ်တစ်လျှောက် စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပွားစေခဲ့သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ဖက်စစ်တပ်များအကြား ပုံမှန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် စလုံး အသေအပျောက်များ ရှိခဲ့သည်။ အထူးသဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် ဧပြီလအတွင်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရပ်သား ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် ကမ္ဘောဒီးယားက ၁၉၆၂ ခုနှစ် ICJ ၏ စီရင်ချက်ကို အဓိပ္ပာယ်ပြန်ဖွင့်ပေးရန် ထပ်မံတောင်းဆိုခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ICJ က ၁၉၆၂ ခုနှစ် စီရင်ချက်ကို အဓိပ္ပာယ်ပြန်ဖွင့်ပေးခဲ့ပြီး ဘုရားကျောင်းတည်ရှိရာ ကုန်းမြင့်တစ်ခုလုံးကို ကမ္ဘောဒီးယား အချုပ် အခြာ အာဏာပိုင်ဖြစ်သည်ဟု တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ ထိုင်းကိုလည်း အဆိုပါဒေသရှိ စစ်တပ်အင်အားများ၊ ရဲတပ်ဖွဲ့များအားလုံးကို ရုပ်သိမ်းရန် အမိန့်ပေးခဲ့သည်။ သို့သော် အငြင်းပွား နေသည့် ၄.၆ စတုရန်းကီလိုမီတာ ဧရိယာတစ်ခုလုံးကိစ္စကို အဆုံးအဖြတ် မပေးခဲ့ပေ။

အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ယခုအချိန်အထိ Preah Vihear အပါအဝင် အခြားရှေးဟောင်း ဘုရား ကျောင်းအချို့တည်ရှိရာ နယ်စပ်ဒေသများတွင် ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်မြေအငြင်းပွား မှုများ ဆက်လက်ဖြစ်ပွားနေပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှုများ ၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွား ခဲ့ရာမှ ယခုကဲ့သို့ ဒုံးကျည်များ၊ တိုက်လေယာဉ်များ ပါဝင်လာသည်အထိ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

လက်နက်အင်အားနှင့် အရာရာတွင် ထိုင်းကိုမယှဉ်သာသော်လည်း ကမ္ဘောဒီးယားအတွက် Preah Vihear ဘုရားကျောင်းသည် အမျိုးသားရေးအရ ဂုဏ်ယူစရာ အမှတ်အသားတစ်ခုဖြစ်သကဲ့သို့ ထိုင်းအတွက်လည်း နယ်မြေပိုင်နက်နှင့် လုံခြုံရေးဆိုင်ရာ အရေးကြီးသည့် ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေခြင်းကြောင့် အငြင်းပွားမှုများသည် ပြီးဆုံးရန်အချိန်ယူရဦးမည့် သမိုင်းဝင်ကိစ္စ တစ်ခု ဖြစ်ပါသည်။

ကိုးကား- The Economic Time

ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးSergey Lavrov နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖျင်က Sergey Lavrov မှတစ်ဆင့် သမ္မတ ပူတင်ထံသို့ ဆုမွန်ကောင်း တောင်းစကား ပြောကြားခဲ့သည်။

ရှီကျင့်ဖျင်က တရုတ်-ရုရှားနှစ်ဖက်သည် မိမိနှင့် သမ္မတ ပူတင်တို့ ရရှိထားသည့် အရေးကြီး သဘောတူညီချက်များအား ကောင်းမွန်စွာ အကောင်အထည်ဖော်၍ တရုတ်-ရုရှား ဘက်စုံ မဟာ ဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအား နက်ရှိုင်းစွာ တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံစုံပလက်ဖောင်းတွင် အပြန်အလှန် ထောက်ခံအားပေးမှုအား မြှင့်တင်ကာ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေး အကျိုးစီးပွားအား ကောင်းမွန်စွာ ကာကွယ် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်အောင် လုပ်ဆောင်၍ နိုင်ငံတကာစည်းစနစ် ပိုမိုတရားမျှတ၍ လျော်ကန်သော ဦးတည်ချက်ဆီသို့ တိုးတက်လာစေရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် တရုတ်-ရုရှား အတူတကွ ပါဝင်ဖန်တီးတည်ဆောက်သည့် ဘက်စုံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဖြစ်ပြီး ယူရေးရှားကုန်းမြေကြီး ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် အပြန်အလှန် ထောက်ခံအားပေးကာ SCO အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်အား ကောင်းမွန်စွာ လက်ကိုင်ထား၍ စွမ်းအားသစ်များ အဆက်မပြတ်ဖြည့်တင်းပြီး အဆိုပါ မဟာဗျူဟာ ပလက်ဖောင်း အင်အားတောင့်တင်း အားကောင်းလာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ သည်။

Sergey Lavrov က သမ္မတ ရှီကျင့်ဖျင်ထံသို့ သမ္မတ ပူတင်၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် နက်ရှိုင်းစွာ တိုးတက် လာလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးအား များစွာအလေးထားကြောင်း၊ ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း ၈၀ ပြည့်နှစ်ဟူသည့် အရေးကြီးသောနှစ်တွင် တရုတ်နိုင်ငံနှင့်အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုအား ထိန်းသိမ်းထားကာ ကဏ္ဍစုံ အပြန်အလှန် အကျိုးဖြစ် ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအား မြင့်တင်သွားလိုကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ် များတွင် ချိတ်ဆက်ညှိနှိုင်းမှုအား ထိန်းသိမ်းထားပြီး ကမ္ဘာကြီးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအား မြှင့်တင်သွားလိုကြောင်း၊ ရုရှားနိုင်ငံက တရုတ်နိုင်ငံ၏ ဥက္ကဋ္ဌနိုင်ငံလုပ်ငန်းများအား တက်ကြွစွာ ပံ့ပိုးပေး၍ SCO အဖွဲ့ ထျန်းကျင်းထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရန် အတူတကွ တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အထက်ပါတွေ့ဆုံဆွေးနွေးပွဲသို့ ဝမ်ယိလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၅၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား အမေရိကန်နိုင်ငံ လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပ

တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး (Ping-Pong Diplomacy)” ၅၄ နှစ်ပြည့် အထိမ်းအမှတ်နှင့် တရုတ်-အမေရိကန် စားပွဲတင်တင်းနစ် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှု အခမ်းအနား ကို ဇူလိုင် ၁၃ ရက်တွင် အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါကာလအတွင်း ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) US Smash အား ပါဝင် ယှဉ်ပြိုင်လျက်ရှိသည့် တရုတ်ကစားသမား များစွာက ဒေသတွင်း လူနေရပ်ကွက်များသို့ လာရောက်ကာ အမေရိကန် စားပွဲတင်တင်းနစ်အဖွဲ့ အားကစားသမားများ၊ ဒေသတွင်း စားပွဲတင် တင်းနစ် ချစ်မြတ်နိုးသူများနှင့် ချစ်ကြည်ရေး ကူးလူးဖလှယ်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကာ “ပင်ပ

တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး (Ping-Pong Diplomacy)” ၅၄ နှစ်ပြည့် အထိမ်းအမှတ်နှင့် တရုတ်-အမေရိကန် စားပွဲတင်တင်းနစ် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှု အခမ်းအနား ကို ဇူလိုင် ၁၃ ရက်တွင် အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါကာလအတွင်း ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) US Smash အား ပါဝင် ယှဉ်ပြိုင်လျက်ရှိသည့် တရုတ်ကစားသမား များစွာက ဒေသတွင်း လူနေရပ်ကွက်များသို့ လာရောက်ကာ အမေရိကန် စားပွဲတင်တင်းနစ်အဖွဲ့ အားကစားသမားများ၊ ဒေသတွင်း စားပွဲတင် တင်းနစ် ချစ်မြတ်နိုးသူများနှင့် ချစ်ကြည်ရေး ကူးလူးဖလှယ်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကာ “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၏ သမိုင်းနှင့် လက်တွေ့အနှစ်သာရအကြောင်း အတူတကွ ပြောဆို ခဲ့ကြသည်။

အခမ်းအနားတွင် ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ကျန်းကျန့်မင်က အမှာစကား ပြောကြားရာ၌ “ပင်ပေါင် သံတမန်ဆက်ဆံရေး” သည် ယခင်က တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာကြီးငြိမ်းချမ်းမှုအတွက် သမိုင်းအကျိုးဆောင်ခဲ့ရုံသာမက ၎င်းဖော်ပြနေသည့် စိတ်ဓာတ်သည်လည်း ယနေ့အချိန်အခါ၌ ကြီးမားသော အနက်အဓိပ္ပာယ် ရှိနေဆဲဖြစ်ပြီး လူများက “လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှု တိုးမြှင့်ရန်၊ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန်၊ သာယာလှပသော အနာဂတ်မနက်ဖြန် အတူဖန်တီးရန်” အားပေး လျက်ရှိကြောင်း ပြောကြားခဲ့သည်။

“လက်ရှိ တရုတ်-အမေရိကန်ဆက်ဆံရေး၏ များပြားခက်ခဲလှသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာတွင် မိမိတို့က ‘ပင်ပေါင် သံတမန်ဆက်ဆံရေး’ စိတ်ဓာတ်ကို တိုးတက်အောင် လုပ်ဆောင်ရန် ပိုမိုလိုအပ် ပါသည်။ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်၍ ဘုံ အကျိုးစီးပွား ဖော်ဆောင်မှုကို ကိုင်စွဲထားပြီး အားကစား၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကုန်သွယ် စီးပွားရေး စသည့်ကဏ္ဍအသီးသီးမှာ ပိုမိုများပြားသည့် ကူးလူးဖလှယ်မှု ပလက်ဖောင်းများ တည်ဆောက်ရ ပါမည်။ ခေတ်သစ် ‘ပင်ပေါင် သံတမန်ဆက်ဆံရေး’ ၏ကောင်းမွန်သည့်စာမျက်နှာသစ် အတူ ရေးသားပြီး တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ်တိုးတက် ရေးအတွက် အကျိုးထမ်းဆောင်မှုအသစ်တွေ လုပ်ဆောင်ပေးရပါမည်” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။

အမေရိကန် စားပွဲတင် တင်းနစ်အသင်း (US Table Tennis) အမှုဆောင်အရာရှိချုပ် စိန်ဝေနီက အမှာစကားပြောကြားရာ၌ “အားကစားသည် အားကောင်းသည့်အင်အားတစ်မျိုးရှိပြီး လူတွေအကြား က ဝေးကွာမှုကို နီးစပ်အောင် လုပ်ဆောင်ပေးနိုင်ပါသည်။ ၎င်းက ဘာသာစကားနှင့် ယဉ်ကျေးမှုကို ကျော်လွန်နိုင်ပြီး အသေးငယ်ဆုံး ဘောလုံးလေးကတောင် ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုဆိုသည့် အလေးချိန်ကို သယ်ဆောင်နိုင်မှန်း ကျွန်မတို့ကို အသိပေးနေပါသည်” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စားပွဲတင်တင်းနစ်အသင်း ဥက္ကဋ္ဌ ဝမ်လိချင်က ယခုအကြိမ်တွင် တရုတ်နိုင်ငံ စားပွဲတင် တင်းနစ်အသင်းက ပြိုင်ပွဲဝင်နေသည့် အားလပ်ချိန်အတွင်း အမေရိကန် ဒေသတွင်း စားပွဲတင် တင်းနစ် ချစ်မြတ်နိုးသူများ၊ လူငယ်များနှင့် အပြန်အလှန် ဖလှယ်မှုလုပ်ဆောင်ကာ စားပွဲတင်တင်းနစ် ကစားခြင်း၏ ပျော်ရွှင်မှုများကို အတူတကွ လက်တွေ့ခံစားမှုသည် ယှဉ်ပြိုင်မှု အားကစားနှင့်အရပ်ဘက် သွားလာဆက်ဆံမှုတို့ အပြန်အလှန်မြှင့်တင်သည့် သက်ဝင်လှုပ်ရှားသော လက်တွေ့ ဖော်ဆောင်ချက် ဖြစ်သည့်အပြင် “ပင်ပေါင် သံတမန်ဆက်ဆံရေး” စိတ်ဓာတ်အား လက်ဆင့်ကမ်း ဆက်ခံမှုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အမေရိကန်လူငယ်ကစားသမားများ တရုတ်နိုင်ငံသို့ ကူးလူးဖလှယ် လေ့လာရေး ခရီးစဉ် လာရောက်ပြီး တရုတ်နိုင်ငံမှ ကစားသမားများနှင့် ယှဉ်ပြိုင်ကစားကာ သံယောဇဉ်မြှင့်တင်ရန်၊ “ငွေရောင်ဘောလုံးလေးကို ချည်နှောင်ကြိုးအဖြစ် ဆက်လက်ထားရှိပြီး ချစ်ကြည်ရေး လက်ဆင့် ကမ်းကာ တရုတ်-အမေရိကန် အရပ်ဘက် သွားလာဆက်ဆံမှု အကြောင်းအရာအသစ်တွေ ဆက်လက် ရေးသားသွားရန်” ဖိတ်ကြားခဲ့ကြောင်း သိရသည်။

လီချန်နှင့် အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul-Ghei တွေ့ဆုံ ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်လီချန်သည် အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul-Ghei နှင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၉ ရက်က တွေ့ဆုံဆွေးနွေး ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် လီချန်က တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများသည် အပြန်အလှန် ယုံကြည် အားထားကြသည့် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများဖြစ်ကြောင်း၊ လက်ရှိတွင် သမ္မတ ရှီကျင့်ဖျင် နှင့် အာရပ်နိုင်ငံ အကြီးအကဲများ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်၌ တရုတ်-အာရပ် ဆက်ဆံရေးသည် သမိုင်း၏ အကောင်းဆုံးကာလသို့ ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများနှင့်ဆက်ဆံရေးကို မြင့်မားသည့် မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး အာရပ်နိုင်ငံများ၏ တရားမျှတရေး လုပ်ငန်းကို အခိုင်အမာထောက်ခံသလို အာရပ်နိုင်ငံများ မဟာဗျူဟာကိုယ်ပိုင်ရပ်တည်မှု အားဖြည့်ခြင်း၊ စည်းလုံး ညီညွတ်စွာ ကိုယ်ပိုင်အင်အားတောင့်တင်းအောင် ဆောင်ရွက်ခြင်း၊ မိမိနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းခြင်းကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အာရပ်အဖွဲ့ချုပ်နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အားဖြည့်သွားလိုကြောင်း၊ အာရပ်နိုင်ငံများနှင့်အတူ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုတိုးမြှင့်ရန်၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ခေတ်မီအသွင်ပြောင်းရေး လက်တွဲအတူတွန်းအားပေးရန်၊ ပို၍ အဆင့်မြင့်သည့် တရုတ်-အာရပ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြား ခဲ့သည်။

နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးခြင်းနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးများကို အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ရာ လူငယ်၊ တတ်သိပညာရှင်များအဖွဲ့ (think tank )၊ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများ၊ ယဉ်ကျေးမှုခရီးသွားလာမှု စသည့်ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်း အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်သွားလာမှုအား အဆင်ပြေလွယ်ကူ ချောမွေ့စေသည့် အစီအမံများကို ပိုမိုဖော်ဆောင်ရန် ဆွေးနွေးကာ ပြည်သူချင်းချစ်ကြည်ရင်းနှီးမှု၊ ပြည်သူချင်း စိတ်နှလုံးယှက်နွှယ်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာရပ်နိုင်ငံများနှင့်အတူ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ G20 စသည့် ပလက်ဖောင်းများတွင် ဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်လျက် တူညီသော ဆန္ဒ၊ တူညီသောအသံကို ပြသကာ ပို၍ တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တွန်းအားပေး တည်ဆောက်သွားလိုကြောင်း၊ တရုတ်-အာရပ် ဆက်ဆံမှု တိုးတက်ရေး တွန်းအားပေးရန် အတွက် အာရပ်အဖွဲ့ချုပ်အနေဖြင့် အရေးကြီးသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ လာမည့်နှစ် ဒုတိယအကြိမ်မြောက် တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးကို အတူတကွ ကောင်းမွန်စွာ ကျင်းပသွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ahmed Aboul-Ghei က တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများ၏ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်ကြောင်း၊ အာရပ်-တရုတ် ဆက်ဆံရေးတိုးတက်မှု အရှိန်အဟုန်ကောင်းမွန်ရာ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုသည် ကြွယ်ဝသောရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အာရပ်ဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလက်ကိုင်ထားသလို သမ္မတ ရှီကျင့်ဖျင် အဆိုပြုသည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီးသုံးရပ်ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဧရာမဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုရရှိသည့် အပေါ် အာရပ်ဘက်က ဝမ်းမြောက်ဂုဏ်ပြုကြောင်း၊ အာရပ်နိုင်ငံများ လူမှုစီးပွားတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းရန်၊ အပြန်အလှန် ခိုင်မာစွာထောက်ခံအားပေးရန်၊ တရုတ်-အာရပ် ပူးပေါင်း ဆောင်ရွက်မှုဖိုရမ် မူဘောင်အောက်တွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းအောင် ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း၊ အာရပ်ဘက်က တရုတ်နိုင်ငံနှင့်အတူ ပထမအကြိမ် တရုတ်-အာရပ် ထိပ်သီးအစည်းအဝေး ရလဒ်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားပြီး လာမည့်နှစ် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို အတူတကွ ကောင်းမွန်စွာကျင်းပသွားလိုကြောင်း၊ ကုလသမဂ္ဂ စသည့်ဘက်ပေါင်းစုံ ပလက်ဖောင်း တွင် အာရပ်နိုင်ငံများအပေါ် တရုတ်နိုင်ငံ၏ အစဉ်တစိုက် အားပေးထောက်ခံမှုအား အာရပ်ဘက်က အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု များကို အားဖြည့်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူကာကွယ်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။