သတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ လက်မှတ်ရေးထိုး

နေပြည်တော် ဩဂုတ် ၁၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေသည် ဩဂုတ် ၇ ရက် တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဩဂုတ် ၈ ရက်မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာသံရုံးအကြီးအကဲများဖြစ်သည့် ဗီယက်နမ်နိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Nguyen Cong Son ၊ အီဂျစ်နိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Dr. Ahmed Abdallah Mahmoud Atiya Eltahlawy နှင့် တောင်အာဖရိက နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးမြင့်ဌေးတို့က ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးသော သံတမန်များနှင့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

သံတမန်များနှင့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်တို့က ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ ကျန်ရစ်သူမိသားစုသို့ ဝမ်းနည်းကြောင်း နှင့် စာနာထောက်ထားပါကြောင်း သတင်းစကားများပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum Seeder)၊ ဓာတ်မြေဩဇာများနှင့်မျိုးစေ့များ  ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ကျောက်ဆည်၊ ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အဓိကသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လက်ဆွဲမျိုးစေ့ချ ကိရိယာ (DrumSeeder) များ၊ ဓာတ်မြေဩဇာများ နှင့် မျိုးစေ့များ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အဓိကသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် မျိုးစေ့ကုန်ကျစရိတ်နှင့် လုပ်ခကုန်ကျစရိတ် သက်သာခြင်း၊ ကြဲခင်းထက်တစ်ဧက အထွက်နှုန်း ပိုမိုရရှိစေသည့်အကျိုးအမြတ်များ ရရှိခံစားရခြင်းတို့တွင် များစွာပံ့ပိုးမှုအားဖြစ်စေသည့် လက်ဆွဲ မျိုးစေ့ချကိရိယာ (Drum Seeder)  (၁၀၀)လက်ကို တောင်သူများ လက်ဝယ်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် အခြေခံကျသည့် မျိုး၊ မြေ၊ ရေ နှင့် နည်းပညာတို့ကို ခေတ်စနစ်နှင့်အညီ စနစ်တကျ လိုက်နာကျင့်သုံးခြင်းအား ပိုမိုလုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ အထွက်ကောင်းမျိုးစေ့များ ဖြန့်ဝေမှု၊ ခေတ်မီစိုက်နည်းစနစ်များဖြန့်ဝေမှုတို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ (Drum Seeder) များ၊ စပါးမျိုးစေ့အိတ် (၁၀၀) ၊ နေကြာမျိုးစေ့အိတ် (၁၀၀) ၊ ဝါမျိုးစေ့အိတ် (၁၀၀) နှင့် ယူရီးယားဓာတ်မြေဩဇာအိတ် (၁၀၀) တို့ကို ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများထံသို့ ပေးအပ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည် နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ အင်ဒိုင်း ကျေးရွာ၊ ကွင်းအမှတ်(၁၄၉)၌ GW 11 နှင့် အောင်နိုင်တိုး မျိုးစပါးစိုက်ဧက (၂)ဧကတွင် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများနှင့် ရင်းနှီးစွာတွေ့ဆုံ၍  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များနှင့် တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် တောင်သူ များအား စိုက်ကွင်းအတွင်း လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် လက်တွေ့သရုပ်ပြသနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 

ကျောက်ဆည်ခရိုင်(ပြန်/ဆက်)

weather forecast

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ၁၃-၈-၂၀၂၅ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကခ

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ၁၃-၈-၂၀၂၅ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈၀) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၁၁

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၀) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးသည် အခြေခံလိုအပ်ချက်ဖြစ်၍ ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှုပြီး ကဏ္ဍအလိုက်၊ အဆင့်အလိုက် မိမိတို့၏ပညာရေး လုပ်ငန်းတာဝန်များကို စွမ်းရည်ထက်မြက်စွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့် ပေါင်းစပ်ပြီး နိုင်ငံတော်အတွက် ဗလငါးတန်နှင့်ပြည့်စုံသည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်စေရန် လေ့ကျင့်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်နှင့် ယုံကြည်ချက် ခိုင်မာအားကောင်းပြီး နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ ဆရာမများဖြစ်အောင် ပြုမူနေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။ အဆိုပါ သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၆ ဦး၊ သင်တန်းသူ ၃၈၇ ဦး၊ စုစုပေါင်း ၄၈၃ ဦး တက်ရောက် မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်မည်ဖြစ်သည်။

ဆက်လက်၍ အဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်စစ်ရေးပြကွင်း၌ အရာထမ်းငယ် သင်တန်းအမှတ်စဉ် (၁၀၃) နှင့် စာရေးဝန်ထမ်း အမှတ်စဉ် (၁၁၃) တို့မှ သင်တန်းသား သင်တန်းသူများ၏ သင်တန်းဆင်း စစ်ရေးပြလေ့ကျင့်နေမှုကိုလည်းကောင်း၊ တက္ကသိုလ်ရှိ အသားစားကြက်ခြံတွင် သင်တန်းရိက္ခာအတွက် အသားစားကြက်များ မွေးမြူထားရှိမှုကိုလည်းကောင်း၊ သင်တန်းရိက္ခာအတွက် တက္ကသိုလ်မှ စိုက်ပျိုးထားရှိသော ရာသီသီးနှံများနှင့် သင်တန်းအိပ်ဆောင်အလိုက် သင်တန်းသူ သင်တန်းသားများ စိုက်ပျိုးထားရှိသည့် ရာသီသီးနှံ စိုက်ခင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်းတွင် အရာထမ်းငယ် သင်တန်းအမှတ်စဉ် (၁၀၃)မှ သင်တန်းသူများထားရှိသည့် စံပယ်ဆောင်သို့သွားရောက်၍ သင်တန်းသူများနှင့်အတူညနေစာ သုံးဆောင်ခဲ့ကြောင်းသိရသည်။

MOI

နေပြည်တော် ဩဂုတ် ၁၀

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် ကံဆိပ်ကျေးရွာလူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အချိုးကျပူးပေါင်းထည့်ဝင်ဆောင်ရွက်ခဲ့

ဦးစွာ စီမံကိန်းဖြင့် မီးလင်းရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်း Video ကို ပြသပြီး ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းမှာမဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃)၊ ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကျေးရွာပြည်သူ့ထည့်ဝင်ငွေတို့ အချိုးကျပူးပေါင်းထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အစိုးရ - ပြည်သူ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်တစ်ခုလည်းဖြစ်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် သုံးခုမြောက် အသေးစားဓာတ်အားစနစ်စီမံကိန်းလည်း ဖြစ်ပါကြောင်း။

ကံဆိပ်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့သည့် ၉၉ ကီလိုဝပ် ဆိုလာအသေးစားဓာတ်အားပေးစနစ်မှာ ၁၂၀ ကီလိုဝပ် အရန်ဒီဇယ်အင်ဂျင်စနစ်ပါဝင်သည့်အပြင် လျှပ်စစ်မီးရရှိမှုနှင့်အတူ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ရေမီတာတပ်ဆင်ထားသည့် အိမ်သွယ်ရေတိုင်စနစ်ရေပေးရေးလုပ်ငန်းကိုပါ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကို အမေရိကန်ဒေါ်လာ သုညဒသမ ၇၈ သန်းကျော်ဖြင့် Sandisoar Renewable Energy Development International ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကံဆိပ်ကျေးရွာစီမံကိန်း ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် ကျေးရွာရှိ အိမ်ခြေ ၁၅၀၊ လူဦးရေ ၇၅၀ ခန့်တို့ အကျိုးခံစားရမည်ဖြစ်ပြီး လျှပ်စစ်မီးရရှိမှု၊ ရေရှိမှုတို့မှတစ်ဆင့် အသေးစားကုန်ထုတ်လုပ်မှုနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးပွားပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံ မဲခေါင်-လန်ချန်း စီမံကိန်းပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ပြောကြားကြသည်။

ဆက်လက်၍ Sandisolar Renewable Energy Development International ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာက စီမံကိန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်များက စီမံကိန်းဆိုင်ရာမှတ်တမ်းဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားအပြီးတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ကံဆိပ်၊ နေရောင်ကာ၊ ဘုရားချောင်း၊ တညင်ကုန်း၊ ကုန်းတန်းကလေး၊ ခြောက်အိမ်စု စသည့်ကျေးရွာများမှ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားစကားပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

အခွင့်အလမ်းရရှိနိုင်မည်

ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တုံးတင်ကံ (တောင်) ကျေးရွာအုပ်စု သက္ကယ်ကွင်းကျေးရွာသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ခေတ်မီအဆင့်မြင့်ဆန်စက်အပါအဝင် ပေါင်းဆန်စက်၊ ဖွဲနုဆီစက်များ တည်ဆောက်ပြီးစီးပါက ကုန်ကြမ်းရရှိရေးအရေးကြီးသောကြောင့် ဒေသတွင်းရှိ ဆန်စက်ပိုင်ရှင်များ၊ တောင်သူသမဝါယမအသင်းများနှင့် ချိတ်ဆက်ကာ သမဝါယမစနစ်ဖြင့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ထောက်ပံ့ပေးပြီး ထွက်ရှိလာသော စပါးကုန်ကြမ်းများကို ပေါက်ဈေးဖြင့် ဝယ်ယူဆောင်ရွက်ပေးရန်လိုကြောင်း၊ လယ်သမားမိသားစုပေါင်း ၄၃၀၀၀ ကျော်တို့အတွက် အာမခံပေါက်ဈေးကြောင့် ခိုင်မာသော ဝင်ငွေအခွင့်အလမ်းရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

ကျောက်ဆည်၊ စဉ့်ကိုင် ၊မြစ်သားမြို့နယ်များတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

ကျောက်ဆည်၊ ဩဂုတ်-၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးအထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့က ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ရောင်းချပေးရာတွင် ကျောက်ဆည်မြို့နယ် မြေစိုကျေးရွာ၊ ဘိုးတိုင်ပေါက်ကျေးရွာ၊ မဉ္ဇူခြံကျေးရွာ ပြည်သူများအား နေလသုခ (၂) စားသုံးဆီရောင်းဝယ်ရေးဆိုင်မှ ဆီ (၃၃၀) ပိဿာ၊ အေးမြကြည်လင်ရပ်ကွက် ပြည်သူများအား ဗိုလ်တစ်ထောင်စားသုံးဆီရောင်းဝယ်ရေးဆိုင်မှ ဆီ (၁၁၀) ပိဿာ၊ စဉ့်ကိုင်မြို့နယ် အဲ့ပြကျေးရွာ ပြည်သူများအား ဒေါ်လာစားသုံးဆီရောင်းဝယ်ရေးဆိုင်မှ (၂၂၀) ပိဿာ၊ စဉ့်ကိုင်မြို့နယ် ကြက်လျှာ တောင်ရွာ၊ ကြက်လျှာမြောက်ရွာ၊ ရှမ်းကန်တောင်ရွာပြည်သူများအား အောင်စိုးမိုးဦး စားသုံးဆီအရောင်းဆိုင်မှ ဆီ(၃၃၀) ပိဿာ၊ မြစ်သားမြို့နယ် လောင်းတော်ဦး ကျေးရွာပြည်သူများအား ဒေါ်ဇာ စားသုံးဆီရောင်းဝယ်ဆိုင်မှ ဆီ(၂၈၈) ပိဿာ တို့အား (၁)ပိဿာငွေ(၇၂၂၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ဆီအရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများရောင်းချရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး သတ်မှတ်အရည်အသွေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး ပြည်သူများ လက်ဝယ်အရောက် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)

အစိုးရစက်မှုလက်မှုကျောင်း၌ ရွေ့လျားစနစ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည်၊ ဩဂုတ်-၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုကျောင်း၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အား ရွေ့လျားစနစ်ဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သည့် အသား၊ ငါး၊ ဆီ၊ ဟင်းသီး/ဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များရောင်းချရာ၌ လက်ရှိပေါက်ဈေးအပေါ်(၂၀)ရာခိုင်နှုန်းလျော့ချ၍ ဝက်သား (၂၀) ပိဿာ၊ အမဲသား(၂၅)ပိဿာ၊ ဆိတ်သား (၁၅)ပိဿာ၊ စားအုန်းဆီ(၁၁၀)ပိဿာအပြင် ဟင်းသီး/ဟင်းရွက်များပါ ရောင်းချပေးခဲ့ကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရွေ့လျား စနစ်ဖြင့် ပြည်သူ့သက်သာဈေးဖွင့်ပြီး အခြေခံစားသောက်ကုန်များကို ဝန်ထမ်းများနှင့်ဝန်ထမ်း မိသားစုများ စားဝတ်နေရေးအထောက်အကူဖြစ်စေရေး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အထူးမိုးလေဝသသတင်း  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ၁၁-၈-၂၀၂၅ ရက်နေ့မှ ၁၅-၈-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကခ

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ၁၁-၈-၂၀၂၅ ရက်နေ့မှ ၁၅-၈-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်ပါသည်။