ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့
-

လူငယ်တို့၏သဘာဝမှာ လျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊  ရဲရင့်ခြင်း၊  တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများဖြစ်ကြပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကို တာဝန်ယူကြရမည့်သူများ ဖြစ်ပေရာ လူငယ်များကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်ကြရမည်ဖြစ်ပါသည်။ လူငယ်များ၏အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌  ပထမအကြိမ် လူငယ်ဖိုရမ်ကို ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်မှအပြည်ပြည်ဆိုင်ရာ လူငယ်မျ

လူငယ်တို့၏သဘာဝမှာ လျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊  ရဲရင့်ခြင်း၊  တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများဖြစ်ကြပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကို တာဝန်ယူကြရမည့်သူများ ဖြစ်ပေရာ လူငယ်များကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်ကြရမည်ဖြစ်ပါသည်။ လူငယ်များ၏အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌  ပထမအကြိမ် လူငယ်ဖိုရမ်ကို ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်မှအပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပနိုင်ရန် အဆိုပြုခဲ့ရာမှ ၁၉၉၈ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၌ ကုလသမဂ္ဂနှင့် ပူးပေါင်း၍ ပထမအကြိမ် လူငယ်ဆိုင်ရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံက ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် အကြံပြုခဲ့သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှ  ဆုံးဖြတ်ချက်အမှတ်(၅၄/၁၂၀)ဖြင့် ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွက်ဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်ဆီသို့”    ဟူ၍သတ်မှတ်ပေးထားသည်။ ထို့အတွက် အောက်ဖော်ပြပါအကြောင်းအရာများကို အသိပညာဗဟုသုတ ရရှိစေရန် ရေးသားတင်ပြလိုက်ရပါသည်-

လူငယ်နှင့်ပညာရေး

လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပုံဖော်ပေးကြမည့်သူများဖြစ်ပြီး  အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့်နိုင်င ံ့အရင်းအမြစ်များဖြစ်ကြသည်။ လူငယ်များကို စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ် မှန်ကန်သူ၊   ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံကြသည့်   လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်သည်။  လူငယ်များစနစ်တကျမှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကို မြင့်မားတိုးတက်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်မှု၏အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ   ပေါများခြင်းပင်ဖြစ်သည်။  ပညာဆိုသည်မှာ အသေးစိတ်သိခြင်း၊ သိအောင်လုပ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်သိခြင်းတို့ဖြစ်သည်။

ပညာသင်ကြားခြင်းဆိုရာတွင် ကျောင်းသင်ခန်းစာများကို သင်ယူခြင်းအပြင် ကျောင်းပြင်ပသင်ယူခြင်းနှင့် အတွေ့အကြုံများမှ  ကိုယ်တိုင်လေ့လာ သင်ယူသွားကြရမည်ဖြစ်သည်။  ပညာတတ်ဖြစ်မှသာ လူ့ဘဝရှင်သန် ရပ်တည်ရန်အတွက်   မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု  အရည်အသွေးများကိုရရှိပြီး   စဉ်းစားတွေးခေါ်မှု၊    ပြဿနာကိုဖြေရှင်းတတ်မှု၊  ဝေဖန်ပိုင်းခြားတတ်မှု၊  တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု   စသည့်ပင်ကိုအရည်အသွေးများကို  ပိုင်ဆိုင်လာမည်ဖြစ်သည်။

အရည်အသွေးမြင့်သည့်   ပညာရပ်များကို တတ်ကျွမ်းသူများသည် ကောင်းမွန်သည့်အလုပ်အကိုင်ကောင်းများကို ရရှိနိုင်သည်။ ဆန်းသစ်တီထွင်တတ်သူ၊ ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်သူများသည် သက်ဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်သူများဖြစ်လာကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊  ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေ

ရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို  အကောင်အထည်ဖော်လျက်ရှိသည်။  ထို့ပြင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌  လူငယ်များအနေဖြင့်  အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

လူငယ်နှင့်စာပေ

လူငယ်ဘဝ   ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောမည်ဆိုပါက လူငယ်နှင့်စာပေမှာ ခွဲခြား၍မရပေ။ လူငယ်များသည် စာပေနှင့်ပတ်သက်၍ ဖတ်ရှုလေ့လာခြင်း၊ ကြည့်ရှုလေ့လာခြင်းတို့ဖြင့် ရရှိလာသည့် ဗဟုသုတအတွေ့အကြုံများဖြင့် အနာဂတ်ဘဝကို ပုံဖော်ရမည်ဖြစ်သည်။

ဖတ်ရှုလေ့လာခြင်း(Reading and Studying)ဆိုသည်မှာ  စာပေ၊  အချက်အလက် သို့မဟုတ် အကြောင်းအရာတစ်ခုကို  စနစ်တကျဖတ်ရှုပြီး နားလည်သဘောပေါက်၍ လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ စာမေးပွဲအတွက် လေ့လာခြင်း၊ ဘာသာရပ်အသစ်ကို သင်ယူခြင်းတို့တွင် အသိပညာ၊ အတွေ့အကြုံ သို့မဟုတ် ကျွမ်းကျင်မှုရရှိရန် ရည်မှန်းချက်ဖြင့်   ရည်ရွယ်ချက်ရှိရှိ ဖတ်ရှုရမည်။ ဖတ်ရှုလေ့လာခြင်းမှတစ်ဆင့် ပညာရှာမှီးရန်၊  အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်၊    အတွေးအခေါ်၊  ဉာဏ်ရည်နှင့်ဆုံးဖြတ်ချက်များ  ပိုမိုကောင်းမွန်စေရန်၊ဘဝအတွေ့အကြုံများကို  ကျယ်ပြန့်စွာနားလည်နိုင်ရန် အရေးကြီးပါသည်။   ထို့ကြောင့် ဖတ်ရှုလေ့လာခြင်းသည် စာသားများကိုသာမက လောကကြီး၏ အရှိတရားများကိုပါ နက်ရှိုင်းစွာနားလည်နိုင်သည့်အ ခြေခံလိုအပ်ချက် တစ်ရပ်လည်းဖြစ်သည်။

ကြည့်ရှုလေ့လာခြင်း(Observation and Study)ဆိုသည်မှာ မျက်စိ၊ နား သို့မဟုတ် အခြားအာရုံခံနိုင်သောကိရိယာများဖြင့် အရာဝတ္ထု၊ ဖြစ်စဉ်၊ အပြုအမူ သို့မဟုတ် ပတ်ဝန်းကျင်ကိုစနစ်တကျ သတိပြု၍ မှတ်သားကာ နားလည် သဘောပေါက်အောင်  ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းသည် သိပ္ပံနည်းကျလေ့လာမှု၊ လက်တွေ့ဘဝအတွေ့အကြုံနှင့် ပညာရေးဆိုင်ရာလုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အဓိကလက္ခဏာများမှာ အာရုံစိုက်မှတ်သားခြင်း၊  အချက်အလက်စုဆောင်းခြင်း၊ ဆန်းစစ်သုံးသပ်ခြင်း၊ ရလဒ်များကို သုံးချခြင်းတို့ဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အရေးပါမှုများမှာ သဘာဝတရားကို လေ့လာခြင်းဖြင့် နည်းပညာ အသစ်ျား  တီထွင်နိုင်ခြင်း၊  ဈေးကွက်လိုအပ်ချက်ကို လေ့လာပြီး စီးပွားရေးအစီအမံများ ရေးဆွဲခြင်း၊  အတွေ့အကြုံမှတစ်ဆင့် အမှားအမှန်ကို ဆင်ခြင်တတ်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုလေ့လာခြင်းသည် လက်တွေ့ဘဝနှင့် သုတေသနလုပ်ငန်းများအတွက် အခြေခံကျသော စွမ်းရည်တစ်ရပ်ဖြစ်သည်။

လူငယ်နှင့် Social Mediaမြန်မာနိုင်ငံတွင် လူငယ်အများစုသည် Facebook၊ TikTok၊ Instagram၊ YouTube စသည့် Social Media ပလက်ဖောင်းများကို အချိန်အကြာကြီး အသုံးပြုလျက်ရှိသည်။   အထူးသဖြင့်   စမတ်ဖုန်းများ လွယ်ကူစွာရရှိလာခြင်း၊    အင်တာနက်လိုင်းများ ပိုမိုမြန်ဆန်လာခြင်းတို့ကြောင့်  Social   Media အသုံးပြုမှုနှုန်းသိသိသာသာမြင့်တက်လာပါသည်။

Social Media ကိုအသုံးပြုခြင်းဖြင့် သတင်းအချက် အလက်နှင့်အသိပညာ ရရှိခြင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့်   ဆက်သွယ်နိုင်ခြင်း၊   အနုပညာ၊ စီးပွားရေးနှင့်ကိုယ်ရေးကိုယ်တာအခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ  ရရှိနိုင်သော်လည်း ထိခိုက်မှုများကိုမူ သတိကြီးစွာ ထားရပါမည်။

တစ်နေ့လျှင် ၂-၃ နာရီထက်မပိုစေရန် Screen Time ကို  ကန့်သတ်ခြင်း၊ Social Media ကို အလုပ်မစတင်မီ၊ အိပ်ရာမဝင်မီ အချိန်တိုသာသုံး၍ အချိန်စီမံခန့်ခွဲမှု(Time Management)ထားခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ (ဖုန်းနံပါတ်၊ လိပ်စာ)ကို Public မထားပါဘဲ  Privacy &  Security ကို အလေးထားခြင်း၊ မိသားစု၊ သူငယ်ချင်းများနှင့်တွေ့ဆုံပြီး အားကစား၊ စာဖတ်ခြင်း၊ အနုပညာလှုပ်ရှားမှုများလုပ်ခြင်း၊  စကားပြောချိန်များများဖန်တီးပြီး  Real-Life Interaction ကို ဦးစားပေးခြင်း၊ Social Media အစား ပညာရေး၊ ကျန်းမာရေး၊ Skill Development ဆိုင်ရာ Page/Channel များကို  Follow လုပ်ကာ အသိပညာတိုးပွားစေရန် Positive Content များကို  ရွေးချယ်ကြည့်ရှုခြင်း၊  Fake News နှင့် အကြမ်းဖက်အကြောင်းအရာများကို Report & Block လုပ်ခြင်းတို့ဖြင့်  Social Media ကြောင့် ထိခိုက်မှုများမဖြစ်စေရန် ဆောင်ရွက်သင့်သည်။

လူငယ်နှင့်သိပ္ပံနည်းပညာ ခေတ်သစ်ကမ္ဘာတွင် နည်းပညာသည် လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍများကို အခြေခံမှပြောင်းလဲနေသည်။ လူငယ်များအနေဖြင့် နည်းပညာကိုအသုံးချ၍  ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ(Multi-Stakeholder Collaboration) မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်နိုင်သည်။  နည်းပညာခေတ်တွင် လူငယ်များအနေဖြင့်  ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်  ဒစ်ဂျစ်တယ်နည်းလမ်းများက အရေးပါလာသည်။ လူငယ်များသည် Zoom၊ Slack၊ Trello၊ Microsoft Teams စသည့် Online Colla-boration Tools များကိုအသုံးပြု၍  အုပ်စုလိုက်ဆွေးနွေးခြင်း(Virtual Meetings)၊ လုပ်ငန်းတာဝန်များခွဲဝေခြင်း(Task Management)၊ ပရောဂျက်များကို အချိန်နှင့်တစ်ပြေးညီ စီမံခြင်း(Real-Time Collaboration) စသည့်ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှတစ်ဆင့်  အဝေးမှပူးပေါင်း အလုပ်လုပ်ခြင်းတို့ကို လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။ 

ဒေတာမျှဝေခြင်း(Cloud Computing & AI)ဖြင့်  အချက်အလက်များ လျင်မြန်စွာဆွေးနွေးနိုင်ခြင်းဖြင့် Cloud Storage (Google Drive၊ Dropbox) ဖြင့် ဖိုင်များကို အဖွဲ့ဝင်အားလုံး အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ AI-Based Tools (ChatGPT၊ Notion AI)များဖြင့် အလိုအလျောက် အချက်အလက်စုစည်းခြင်း၊   အစီရင်ခံစာများပြုစုခြင်း စသည့်နည်းပညာသည် အချက်အလက် မျှဝေမှုကို လွယ်ကူမြန်ဆန်စေသည်။   လူငယ်များသည် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြု၍   အခမဲ့အွန်လိုင်းသင်တန်းများ(Coursera၊ edX၊  Khan Academy)တက်ရောက်ကာ   ကျွမ်းကျင်မှုများ တိုးတက်အောင်လုပ်ခြင်း၊  Facebook  Groups၊ LinkedIn၊ Discord စသည့်အသိုင်းအဝိုင်းများတွင် ပညာရပ်ဆိုင်ရာဆွေးနွေးခြင်း၊ Mentorship ရယူခြင်း စသည့်အွန်လိုင်းပညာရေးနှင့်လူမှုအသိုင်းအဝိုင်းများမှ တစ်ဆင့် အသိပညာဖလှယ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။                            

လူငယ်နှင့် Game

မြန်မာနိုင်ငံရှိ   လူငယ်အများအပြားသည် အွန်လိုင်း/အော့ဖ်လိုင်းဂိမ်းများကို အချိန်ကြာမြင့်စွာကစားခြင်း၊ စွဲလမ်းခြင်းပြဿနာနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် Mobile Legends၊ Free Fire၊ PUBG၊ Roblox စသည့် Online Multiplayer Games များကို အလွန်အကျွံကစားခြင်းကြောင့် ကျန်းမာရေး၊ ပညာရေး၊  လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။   ဂိမ်းကစားချိန်များလွန်းပါက စာကျက်ချိန်နည်းပြီး စာမေးပွဲအမှတ်ကျဆင်းကာ ပညာရေးတွင် နောက်ကျကျန်ရစ်နိုင်သည်။   ဂိမ်းကစားပြီးနောက် စာသင်ခန်းတွင် စိတ်မပါဖြစ်ကာ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ သင်ယူမှုစွမ်းရည်ကျဆင်းခြင်းများဖြစ်တတ်သည်။ 

မိဘအုပ်ထိန်းသူများ၊ ဆရာများအနေဖြင့်  လူငယ်များ အလွန်အကျွံ Game ကစားခြင်းမှ ကာကွယ်ရန်အတွက်  ကလေး၏  Screen Time ကို တစ်နေ့ ၂-၃ နာရီထက် မပိုစေရန်ကန့်သတ်ခြင်း၊ အခြားအားကစား/အနုပညာ လှုပ်ရှားမှုများကို အားပေးခြင်း၊ ပညာရေးတွင် အာရုံစူးစိုက်မှုပိုမို ရရှိလာအောင်  အချိန်ပေးခြင်းတို့ဆောင်ရွက်သင့်သည်။  

လူငယ်နှင့် မူးယစ်ဆေးဝါး လူငယ်လူရွယ်များကို လုံးဝဖျက်ဆီးပစ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးအနေဖြင့်  တက္ကသိုလ်၊ ဒီဂရီကောလိပ်၊  ကောလိပ်များ၊  ပညာရေးဒီဂရီကောလိပ်များ၊  အခြေခံပညာကျောင်းများနှင့် ကျောင်းပြင်ပစခန်းများတွင်  မူးယစ်ဆေးဝါးကင်းစင် နယ်မြေဖြစ်စေရေးအတွက် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲများ၊  ပြပွဲ၊  ပြိုင်ပွဲများနှင့်လူငယ် စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်  အသိပညာပေး ဘုတ်များ  စိုက်ထူခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးဝါးစကားလုံးသည် အလွန်ကျယ်ပြန့်လှသည်။ ကွမ်းယာစားသုံးခြင်းမှစ၍ အရက်၊ ဆေးလိပ်၊ ဘီယာသောက်သုံးခြင်း၊ စိတ်ငြိမ်ဆေး၊ ဆေးပြား၊ ဘိန်းဖြူ၊ ဘိန်းမည်းများ သုံးစွဲခြင်းအထိ ပါဝင်သည်။   ယနေ့ခေတ်သည် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူငယ်များအတွက် အားကစားနှင့်ကစားခုန်စား လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အားကစားသင်တန်းများ    တက်ရောက်သင်ကြားခြင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း စသောအားလပ်ချိန်အား အကျိုးရှိစွာ အသုံးချမှုများသည် လူငယ်များ၏စိတ်ဓာတ်ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးမှုများအတွက်လည်း အရေးကြီးလှသည်။

လူငယ်နှင့်အားကစားအနာဂတ်ကာလတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်သွားကြရမည့် လူငယ်များအား အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေးအတွက် နိုင်ငံသားများအား အားကစားမှတစ်ဆင့် လူ့အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် လူမှုဝန်ထမ်း လုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်၍ မျိုးဆက်သစ် လူငယ်လူရွယ်များအား အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျောင်းပိတ်ရက်များတွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ(အခြေခံနှင့်အဆင့်မြင့်)အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းများဖြင့် အားလပ်ချိန်များတွင် စိတ်လေလွင့်နေမည့်လူငယ်များကို အားကစားဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနေခြင်းတို့သည်    နိုင်ငံတော်ကို အားကစားဖြင့်   အကျိုးပြုနေသည့်အချက်တစ်ချက်ဖြစ်ကြောင်း တွေ့ရှိရသည်။

လူငယ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးကိုညွှန်းဆိုရပါလျှင် လူငယ်ကဏ္ဍပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လူငယ်များကို  အထူးအလေးထားသောအားဖြင့် လူငယ်များ၏အနာဂတ်ကောင်းများကို ဖန်တီးတည်ဆောက် ပေးလျက်ရှိသည်။ နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လူငယ်များပညာသင်ယူခြင်းနှင့်အတူ  အားကစားလိုက်စား၍ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ရေး ရည်ရွယ်လျက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကိုဖွင့်လှစ်ခဲ့သည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ခေတ် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် လူငယ်များသည် အပြောင်းအလဲ၏ အဓိကမောင်းနှင်အားများအဖြစ်ပေါ်ထွက်လာပြီး နိုင်ငံတကာစိန်ခေါ်မှုများကို   ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းပညာနှင့်ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ၏ စွမ်းအားကို အသုံးချနေကြသည်။

၂၀၃၀ ပြည့်နှစ်တွင်  လူငယ်လူဦးရေသည် ကမ္ဘာ့လူဦးရေစာရင်း၏ ၅၇ ရာခိုင်နှုန်းအထိ ပါဝင်လာမည်ဟုခန့်မှန်းထားပြီး လူငယ်များအား ဆုံးဖြတ်ချက်ချခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍများ ပါရှိသည့်လူငယ်များအား အခွင့်အာဏာပေးရန်  အရေးတကြီးလိုအပ်မှုကို အလေးပေးဖော်ပြလျက်ရှိသည်။ ဤလူဦးရေ အပြောင်းအရွှေ့သည်  ဘက်စုံမူဝါဒများ၏အကျိုးခံစားခွင့်များသာမက လူငယ်များကို ပုံဖော်ရာတွင် မရှိမဖြစ်မိတ်ဖက်များ အဖြစ်နေရာယူထားသည်။

လူငယ်များနှင့် အောင်မြင်ရေး

လူငယ်များသည် နည်းပညာ၏ အရှိန်အဟုန်ကို အသုံးချ၍ ဘက်စုံပူးပေါင်း ဆောင်ရွက်မှုများကို   ဦးဆောင်နိုင်စွမ်းရှိသည်။  ဒစ်ဂျစ်တယ်စွမ်းရည်၊ ဆန်းသစ်တီထွင်မှုနှင့်  လူမှုအသိုင်းအဝိုင်းတို့ကို ပေါင်းစပ်ခြင်းဖြင့် ရေရှည်တည်တံ့သော    ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဖော်ဆောင်နိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်၏သော့ချက်ဖြစ်သည်ဆိုပါက နည်းပညာက ထိုသော့ကို ပိုမိုလွယ်ကူစွာ  လှည့်နိုင်စေမည်ဖြစ်သည်။

ထို့ကြောင့်   မိဘ၊ ဆရာများအနေဖြင့် လူငယ်များ၏ဘဝကောင်းမွန်စွာ   ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက်  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို  တိုးတက်ကောင်းမွန်လာအောင်   စနစ်တကျပြုစုပျိုးထောင်ကြရန်  အလွန်အရေးကြီးသလို ယနေ့ခတ်လူငယ်များအနေဖြင့်လည်း   မိမိတို့၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင်   လေ့ကျင့်ကြိုးစား ဆောင်ရွက်ကြရန် အရေးကြီးသည်။ သို့မှသာ အနာဂတ်ကိုကောင်းမွန်စွာ ဦးဆောင်နိုင်မည့် လူငယ်လူရွယ်    လူကောင်းလူတော်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရေးသားရင်း ၂၀၂၅ ခုနှစ်   ဩဂုတ်လ  ၁၂  ရက်တွင်ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရပါသည်။    ။

MWD

အမည်မသိ

ဖတ်ရှုလေ့လာခြင်း(Reading and Studying)ဆိုသည်မှာ  စာပေ၊  အချက်အလက် သို့မဟုတ် အကြောင်းအရာတစ်ခုကို  စနစ်တကျဖတ်ရှုပြီး နားလည်သဘောပေါက်၍ လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ စာမေးပွဲအတွက် လေ့လာခြင်း၊ ဘာသာရပ်အသစ်ကို သင်ယူခြင်းတို့တွင် အသိပညာ၊ အတွေ့အကြုံ သို့မဟုတ် ကျွမ်းကျင်မှုရရှိရန် ရည်မှန်းချက်ဖြင့်   ရည်ရွယ်ချက်ရှိရှိ ဖတ်ရှုရမည်။ ဖတ်ရှုလေ့လာခြင်းမှတစ်ဆင့် ပညာရှာမှီးရန်၊  အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်၊    အတွေးအခေါ်၊  ဉာဏ်ရည်နှင့်ဆုံးဖြတ်ချက်များ  ပိုမိုကောင်းမွန်စေရန်၊   ဘဝအတွေ့အကြုံများကို  ကျယ်ပြန့်စွာနားလည်နိုင်ရန် အရေးကြီးပါသည်။   ထို့ကြောင့် ဖတ်ရှုလေ့လာခြင်းသည် စာသားများကိုသာမက လောကကြီး၏ အရှိတရားများကိုပါ နက်ရှိုင်းစွာနားလည်နိုင်သည့်အ ခြေခံလိုအပ်ချက် တစ်ရပ်လည်းဖြစ်သည်။

ဇော်မျိုးမင်း

လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့ …
-

ယနေ့ကာလတွင် နိုင်ငံတိုင်း၊ လူမျိုးတိုင်းက တိုင်းပြည်အနာဂတ်များဖြစ်သော လူငယ်များကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ ရှစ်ဘီလီယံကျော် ရှိသည့်အနက် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်ဦးရေသည် ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် ယင်းလူငယ်ဦးရေ၏ ၉၀ ရာခိုင်နှုန်း နီးပါးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်သည်ဟု လေ့လာသိရှိရပါသည်။

ကမ္ဘာ့လူငယ်ဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အာရှ-ပစိဖိတ်ဒေသမှဖြစ်ပြီး ဒေသတွင်း စုစုပေါင်းလူဦးရေ၏ ၁၉ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရပါသည်။ အာဆီယံဒေသတွင်း၌လည်း လူဦးရေ စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းနီးပါးသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ ၁၆ ဒသမ ၈၉ သန်းမှာ အသက် ၁၅ နှစ်မှ ၃၄ နှစ်အထိ လူငယ်များဖြစ်ကြပြီး နိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင် နှုန်းကျော်ရှိသည်ဟု လေ့လာသိရှိရပါသည်။

ထိုကဲ့သို့သော ကမ္ဘာ့လူငယ်ထုတို့ ဖွံ့ဖြိုး တိုးတက်စေလိုမှုကိုအကြောင်းပြု၍ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟူ၍ ဖြစ်ပေါ်လာရပါသည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်က လစ်စဘွန်းမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့လူငယ်ရေးရာ ဝန်ကြီးများညီလာခံက ထောက်ခံအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၅၄/၁၂၀ အရ နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ နှစ်စဉ် အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့နှင့်သက်ဆိုင်သည့် ဆောင်ပုဒ်သတ်မှတ်ကာ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပလျက်ရှိကြပါသည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပရသည့်ရည်ရွယ်ချက်တွင် ကမ္ဘာတစ်ဝန်းရှိ လူမှုအသိုက်အဝန်း၌ လူငယ်များ၏အနာဂတ်ကို အလေးထားလာရန်နှင့် မြှင့်တင်ရန်အတွက် ကျင်းပခြင်းလည်း ပါဝင်ပါသည်။

ကမ္ဘာတစ်ဝန်းရှိ လူငယ်များရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက အလေးဂရုပြုလာစေရေးနှင့် မျက်မှောက်ကမ္ဘာ့ရေးရာများတွင် လူငယ်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုလာစေရေးတို့အတွက် နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပလျက်ရှိကြပါသည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် သတ်မှတ်ထားသောဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့” “Local Youth Actions For The SDGs And Beyond” ဟူ၍ ဖြစ်ပါသည်။

ကုလသမဂ္ဂကချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) ပြီးဆုံးရမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူငယ်ဦးရေမှာ ၁ ဒသမ ၃ ဘီလီယံခန့် ရှိလာ မည်ဖြစ်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အဓိကမောင်းနှင်အားများဖြစ်သော ထိုလူငယ်ထုသည် စွမ်းဆောင်ရည်မြင့်မားကာ တော်တတ်၊ ထက်မြက်နေရန် အထူးလိုအပ်လှပါသည်။ နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံ၌လည်း လူငယ်ကဏ္ဍ အထူးအလေးထား မြှင့်တင်ကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန လူငယ်ရေးရာဦးစီးဌာနက မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

လူငယ်ရေးရာဦးစီးဌာန၏ မူဝါဒများမှာ

(၁)     လူငယ်များကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေရန် အတွက် ကူညီပံ့ပိုးပေးရန်၊

(၂)      လူငယ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင်ဆောင်ရွက်မှုကို အားပေးရန်၊

(၃)     လူငယ်များကို ဆောင်ရွက်မှု အရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊

(၄)     လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရန်၊

(၅)     နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံး ညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်လာနိုင်စေရန်၊

(၆)     ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင် မှု အရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းစေရန်၊

(၇)     အနုပညာ၊ အားကစားလှုပ်ရှားမှုများ အပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး အချင်းချင်းအပြန်အလှန် ထိတွေ့ဆက်ဆံ သင်ယူနိုင်မည့် လူငယ်စင်တာများ ထူထောင် ပေးရန်တို့ ဖြစ်ပါသည်။

ရည်မှန်းချက်များအနေဖြင့်

(၁)     နိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန်၊

(၂)     လူငယ်များအတွင်း ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုး စိတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊

(၃)     လူငယ်များအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင် လိုစိတ်များ တိုးပွားလာစေရန်၊

(၄)     လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးနိုင်စေရန်၊

(၅)     မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များဘဝ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နိုင်စေရန်၊

(၆)     လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊

(၇)     နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ ရင်းနှီးစွာထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်စေရန်တို့ ဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် အောက်ပါအတိုင်း လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော်ဆောင်လျက်ရှိသည်ကိုလည်း လေ့လာတွေ့ရှိ ရပါသည်-

(၁)     လူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ အသင်းအလိုက် လှုပ်ရှားမှုများ ဆောင်ရွက်စေခြင်းနှင့် လူငယ်ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်မည်။

(၂)     လူငယ်များ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုသုခုမများကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်လာစေ ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း/ ပြည်ပအနုပညာများ၊ ယဉ်ကျေးမှုစသည့် နှီးနှောဖလှယ်ပွဲအစီအစဉ်များကို မြှင့်တင်ချိတ်ဆက် ဆောင်ရွက်မည်။

(၃)     လူငယ်များ အားကစားကို စိတ်ပါဝင်စားပြီး နေ့စဉ်အားကစားလှုပ်ရှား ကစားလာစေရေးအတွက် ပညာပေးဟောပြောခြင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် မိမိတို့၏ သက်ဆိုင်ရာ တိုင်းရင်းသားစာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို လူငယ်များအနေဖြင့် မြတ်နိုးထိန်းသိမ်းနိုင်စေမည့် အစီအမံများ ဆောင်ရွက်သွားမည်။

(၄)     လူငယ်များအကြား တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားပညာပေးရေး၊ အသိပညာ ပြန့်ပွားရေးနှင့်ဆက်နွှယ်သော ကိစ္စရပ်များဆိုင်ရာ လူထုစစ်တမ်းများ သုတေသနပြုလုပ်ရာတွင် လူငယ်များကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မည်။

(၅)     နိုင်ငံအတွင်းရှိ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှုကဏ္ဍများအတွက် အနာဂတ်ဖွံ့ဖြိုးမှု အလားအလာကောင်းများကို ဖြည့်ဆည်းနိုင်ရေး မဟာ ဗျူဟာလမ်းညွှန်ချက်များကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်မည်။

(၆)     လူငယ်များခရီးသွားခြင်းနှင့် ဒေသန္တရဗဟုသုတကြွယ်ဝခြင်းကို အားပေးမြှင့်တင်ရန်အတွက် လိုအပ်သောအစီအစဉ်များကို လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

(၇)     နိုင်ငံတကာလူမှုအသိုက်အဝန်းတွင် မြန်မာလူငယ်များ၏ ဂုဏ်သိက္ခာအရည်အသွေးနှင့် အဆင့်အတန်း မြင့်မားလာစေရန်အတွက် နိုင်ငံတကာလူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများ ဆောင်ရွက်သွားမည်။

(၈)     လူငယ်များ အလုပ်အကိုင်ရရှိစေရေးအတွက် လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်း (EYE)အရ လုပ်ငန်းခွင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ကဏ္ဍနှင့် နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေး (TVET) ကဏ္ဍတို့ ဆက်စပ်မှု ပိုမိုအားကောင်း လာစေရန်အတွက် သက်ဆိုင်ရာအကြံပေး ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှုများ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်သွားပါမည်။

(၉)     လူငယ်များအနေဖြင့် အဖွဲ့အစည်းများနှင့် ဆောင်ရွက်ခြင်း၊ အလေ့အကျင့်ရရှိစေရန်နှင့် သက်တမ်းအလိုက် အဖွဲ့အစည်းများ ဖွဲ့စည်းပေးရန် (ဥပမာ- ယခင်ဖွဲ့စည်းခဲ့သော တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ ကင်းထောက်လူငယ်) နှင့် ၎င်းအဖွဲ့အစည်းများတွင် ဝါသနာတူရာ (စာပေ၊ ဂီတ၊ အနုပညာ၊ သိပ္ပံပညာ၊ ကွန်ပျူတာ(IT)၊ အားကစား၊ ယဉ်ကျေးမှု) ဘာသာရပ်များ စုပေါင်းလေ့လာ ဆည်းပူးနိုင်ရန်အတွက် အခွင့်အလမ်းများ ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်လေ့လာနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။

(၁၀)   လူငယ်များနှင့်ပတ်သက်၍ လူငယ်များ၏ အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေ ရေးဆွဲပေးခြင်း စသည်တို့ပင်ဖြစ်ပါသည်။

စာရေးသူသည် လူငယ်ရေးရာဦးစီးဌာန၏ ဖိတ်ကြားချက်အရ အခြေခံပညာအထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူလေးများ တစ်နည်းအားဖြင့် လူငယ်လေးများကို ဟောပြောခွင့် ရရှိခဲ့ပါသည်။ အထူးသဖြင့် လူငယ်လေးများ စာဖတ်ခြင်းအလေ့ ထွန်းကားလာရေးကို ဦးတည်ဟောပြောဖြစ်ခဲ့ပါသည်။

လူငယ်ဆိုင်ရာဥပဒေများတွင် လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ လူငယ်အရွယ်တွင် စာပေဖတ် မှတ်လေ့လာခြင်းအားဖြင့် လူငယ်တို့၏စိတ်ထဲတွင် ရဲဝံ့စွန့်စားလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်များ ဖြစ်ပေါ်လာကာ အသိဉာဏ်ပညာဆင်ခြင်တုံတရားများဖြင့် ထိန်းချုပ်၍ ဖွံ့ဖြိုးတိုးတက်သော လူငယ်လေးများ ဖြစ်လာမည်ဖြစ်ပါသည်။ သို့မှသာ လူငယ်မောင်မယ်လေးများသည် အတ္တဟိတ၊ ပရဟိတစိတ်မျှတစွာမွေးမြူ၍ မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့လူ့ဘောင်လောက သာယာလှပအောင် စွမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။

လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်း

နိုင်ငံတော်က အားကိုးအားထားရသည့်လူငယ်များဖြစ်လာစေရေး လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရေးအတွက် လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက် ၂၀၂၅-၂၀၂၉ ကိုလည်း ရေးဆွဲ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် လူငယ်များနှင့် ပိုမိုကောင်းမွန်သည့် အနာဂတ်လူ့အဖွဲ့အစည်းကို တည်ဆောက်သွားနိုင်ကြမည်ဖြစ်ပါသည်။

လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်များတွင် နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများ၊ ကုလ သမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများရင်းနှီးစွာ ထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမို ဆောင်ရွက်နိုင်စေရန်ဟူ၍ပါရှိရာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို အကြောင်းပြု၍ လူငယ်ထုအကြား ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှ လူငယ်များနှင့် ချစ်ကြည်ရင်းနှီးကာ ယဉ်ကျေးမှုနည်းပညာ အတတ်ပညာ နယ်ပယ်စုံတွင် ပေါင်းစည်းယှက်နွှယ် ပညာဖလှယ်နိုင်အောင် လူငယ်ထု၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအတွက် အထောက်အကူကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။

ဖွံ့ဖြိုးမှုအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုသာမက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်စေပြီး လူမှုဘဝအရည်အသွေး တိုးတက်လာစေခြင်းဖြစ်သည်။ လူငယ်ထု၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည် ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုမူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည် ဖော်ရေး ရာနှုန်းပြည့်ဦးတည်လျက်ရှိသည်ကို လေ့လာသိရှိရပါသည်။

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်

ကမ္ဘာလောကနှင့် နိုင်ငံအသီးသီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်ဆန်းသစ် သည့်အတွေးအခေါ်ရှိသော၊ နုပျိုတက်ကြွ၍ အားမာန်အပြည့်ရှိသော၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်ပါသည်။ ယနေ့ လူငယ်နောင်ဝယ်လူကြီး ဟူသည့် ဆိုရိုးစကားနှင့်အညီ လူငယ်များသည် နောင်တစ်ချိန်တွင် ကမ္ဘာလောကကြီးနှင့် နိုင်ငံအသီးသီး၏ တာဝန်များကို လွှဲပြောင်းထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြပါသည်။

လူငယ်များအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲခြင်းအားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုကို အကောင်အထည်ဖော်ရင်း ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ပြီးဘဝအတွက် စွမ်းဆောင်ရည်မြင့်တက်ကာ တိုင်းပြည်နှင့် လူမျိုးကိုချစ်တတ်သော မိမိအကျိုး၊ နိုင်ငံ့အကျိုး၊ လောကအကျိုးကို သယ်ပိုးနိုင်သော လူတော်လူကောင်းလေးများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ကိုးကား - mosya.gov.mm

 - နေ့စဉ်ထုတ်သတင်းစာများ

Photo - News 18

မောင်လေပြေ (တောင်တွင်း)

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်များ ဘဝမြှင့်ကြစို့ …
-

လက်ရှိမျက်မှောက်ခေတ်ကမ္ဘာကြီး၏ ကောင်းခြင်း၊ ဆိုးခြင်းများဆိုင်ရာဖြစ်ကြသည့် နိုင်ငံအချင်းချင်း သဘောထားမတိုက်ဆိုင် အငြင်းပွားမှုများအား လက်နက်ကိုင်ဖြေရှင်း၍ နိုင်ငံအချင်းချင်းစစ်မက် ဖြစ်ပွားကာ ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၊ အသက်အိုးအိမ်များနှင့် ဥစ္စာပစ္စည်းများဆုံးရှုံးပြီး အတိဒုက္ခရောက်ရှိကြရသည်။

နိုင်ငံအချင်းချင်း မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အတ္တကြီးကာ ကုန်သွယ်မှုပြိုင်ဆိုင်မှုကြောင့် နိုင်ငံတစ်ဝန်းလောင်စာဆီပြဿနာ၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာမှု၊ လူနေမှုစရိတ်များ တဖြည်း ဖြည်း မြင့်တက်လာမှု စသည့်ဆိုးကျိုးများ၊ လက်ရှိမျက်မှောက်ကာလတွင် တိုးတက်လာသော IT နည်းပညာများ၊ (AI) ကဲ့သို့ ဉာဏ်ရည်တုဖြင့် လူမှု ရေး၊ ပညာရေးနှင့် စီးပွားရေးတွင် ကဏ္ဍများပိုမိုဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာမှုများ၊ နည်းပညာဆိုင်ရာ မြင့်မားတိုးတက်လာမှုကြောင့် လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာမှု၊ လူသားအချင်းချင်း ဆက်သွယ်ကောင်းမွန်လာမှုသည် မျက်မှောက်ခေတ်ကာလတွင် ကောင်းခြင်း၊ ဆိုးခြင်းအရာရာအားလုံးမှာ လက်ရှိ ကာလတာဝန်ယူဆောင်ရွက်နေကြသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံသူနိုင်ငံသားများ လက်ရှိတာဝန်ယူဆောင်ရွက်နေသော နိုင်ငံအလိုက် ပြည်သူများ၏ ကောင်းကျိုး၊ ဆိုးကျိုးဖန်တီးမှုများသာ ဖြစ်ပါသည်။

အတူတကွ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ရန်မှာ လူငယ်များ၏ တာဝန်သာဖြစ်

သို့သော် အနာဂတ်ကာလ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်ရေး၊ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားအားလုံး အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ရေးသည် ကိုယ်ချင်းစာစိတ်၊ မျှတသည့်စိတ်၊ ဖေးမကူညီလက်တွဲခေါ်ပြီး အတူတကွသာယာလှပသော လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ရန်မှာ ယနေ့မျက်မှောက်ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှ လူငယ်များ၏ တာဝန်သာလျှင် ဖြစ်ပါသည်။

လူငယ်ဆိုသည်မှာ လူသားမျိုးနွယ်စုတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်၊ နိုင်ငံ၏အနာဂတ်ကို ဖန်တီးနိုင်ကြမည့်သူများပင် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နေခြင်းသည်လည်း နိုင်ငံအတွင်းရှိ လူငယ်များ၊ နိုင်ငံသူနိုင်ငံသားများ၏ စည်းကမ်းကောင်းမွန်မှု၊ နိုင်ငံချစ်စိတ်ရှိမှု၊ အတတ်ပညာအသိပညာပြည့်ဝမှု၊ စိတ်ဓာတ် ကောင်းမွန်မှု၊ အဂတိလိုက်စားမှု ကင်းလွတ်မှုရှိခြင်းနှင့် စည်းကမ်းကောင်းမွန်မှု စသည်တို့ကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့ လူမျိုး၊ မိမိတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့နိုင်ငံအတွင်းရှိ လူငယ်များကို အဓိက ဦးစားပေးပြုစုပျိုးထောင်လာကြသည်ကို တွေ့ရမည်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ တောတောင်ရေမြေသဘာဝ၊ နိုင်ငံ၏သမိုင်းကြောင်းနောက်ခံများ မတူညီခြင်းကြောင့် လူငယ်များကို ပြုစုပျိုးထောင်ရာ ပုံသဏ္ဌာန်တူညီချင်မှ တူနိုင်မည်ဖြစ်ပါသည်။ သို့သော်လူငယ်များကို ပြုစုပျိုးထောင်ရမည်ဆိုသော ရည်ရွယ်ချက်မှာ နိုင်ငံတိုင်းတူညီကြပါသည်။

ယနေ့ အာရှတိုက်ရှိ ချမ်းသာကြွယ်ဝသော နိုင်ငံများဖြစ်ကြသည့် ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်စသည့်နိုင်ငံများသည် လူငယ်များကို အဓိကထား၍ နိုင်ငံကိုတည်ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ အဆိုပါနိုင်ငံများသည် တိုင်းပြည်၏ အနိမ့်ကျဆုံးအခြေအနေမှ မှန်ကန်သောခေါင်းဆောင်မှုနှင့် မူဝါဒခိုင်မာမှု၊ လူငယ်များအား အဓိကထားပြုစုပျိုးထောင်မှု၏ ရလဒ်ကြောင့် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။

ဂျပန်နိုင်ငံဆိုလျှင် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် အမေရိကန်၏ အဏုမြူ ဗုံးနှစ်လုံး ကြဲချခံရပြီးစစ်ရှုံးကာ တိုင်းပြည်မှာ ပြာပုံဘဝသို့‌ ရောက်ရှိခဲ့သည်။ စစ်ရှုံး၍ စစ်ဘေး စစ်ဒဏ်သင့်ကာ စစ်လျော်ကြေးများဖြင့် တိုင်းပြည်ကို နာလန်မထူဘဲ ဆင်းရဲတွင်းနက်ခဲ့ရသည်။ သို့သော် ဂျပန်လူမျိုးတို့သည် ထိုအချိန်မှစ၍ တိုင်းပြည်ကို ပြန်လည်ထူထောင်ရာ၌ ရေရှည်စီမံကိန်းချမှတ်ကာ အနာဂတ်တွင် လူငယ်များအား မူဝါဒငါးချက်ဖြင့် ပြုစုပျိုးထောင်ခဲ့ပါသည်။

ထိုမူဝါဒ ငါးချက်မှာ -

(၁)     ပညာရေးစနစ်ကို အခြေခံများ ပြုပြင်ပြောင်းလဲခြင်း၊ အခမဲ့အလယ်တန်းအထိ မသင်မနေရ ပညာရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ သိပ္ပံနှင့် နည်းပညာ၊ အင်ဂျင်နီယာဘာသာရပ်များကို အလေးထားသင်ကြားစေခြင်း၊

(၂)      စည်းကမ်းနှင့် လူမှုတာဝန်အသိစိတ်ကို မွေးမြူစေခြင်း၊ ဂျပန်ပညာသင်ကျောင်းများတွင် စာသင်ခန်းပြင်ပ ပညာရေးကို အလေးထားခဲ့ပြီး ကျောင်းသား ကျောင်းသူများအား အုပ်စုလိုက်လှုပ်ရှားမှု (အားကစား၊ ဂီတ၊ သိပ္ပံ ပရောဂျက်)စသည်တို့ကို ပူးပေါင်းဆောင်ရွက်မှု အလေ့အထအား မြှင့်တင်ပေးခြင်း၊ လူမှုရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်မှု အလေ့အထများအား လေ့ကျင့်ပေးခြင်း(ဥပမာ - ကျောင်းတွင်း သန့်ရှင်းရေးကို ကျောင်းသားများ စုပေါင်းလုပ်ဆောင်စေခြင်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် ပါဝင်စေခြင်း)

(၃)     စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ ပါဝင်စေခြင်း၊ ၁၉၅၀ - ၁၉၆၀ ပြည့်နှစ်များတွင် ဂျပန်စက်မှုလက်မှုလုပ်ငန်းများ (ဥပမာ- ကားထုတ်လုပ်ရေး အီလက်ထရောနစ်ကို အရှိန်အဟုန်မြှင့်လုပ်ကိုင်ရာတွင် လူငယ်များအားနည်းပညာနှင့် စီးပွားရေးဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးခြင်း၊ ကုမ္ပဏီနှင့်တက္ကသိုလ်များ ချိတ်ဆက်၍ လူငယ်များ လက်တွေ့ကျကျ လုပ်ငန်းအတွေ့အကြုံရရှိစေရန်၊ Leadership နှင့် Apprenticeship အစီအစဉ်များ ဖန်တီးပေးခြင်း)

(၄)     နိုင်ငံသားစိတ်၊ မျိုးချစ်စိတ်ကို မွေးမြူပေးခြင်း၊ ဂျပန်အစိုးရသည် “တစ်နိုင်ငံလုံး လူမျိုးတစ်မျိုးတည်းဟူသော” စည်းလုံးညီညွတ်ရေးဝါဒကို အားပေးခဲ့ပြီး လူငယ်များအား နိုင်ငံအတွက် စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံသားများအဖြစ် ပျိုးထောင်ခဲ့ပါသည်။

(၅)     ကျန်းမာရေးနှင့် လူမှုဖူလုံရေးအတွက် ဂျပန်အစိုးရသည် ကျန်းမာရေးနှင့် အာဟာရကို မြှင့်တင်ရန် အခြေခံပညာကျောင်းများတွင် အစီအမံအဖြစ် နို့နှင့် ဖြည့်စွက်အာဟာရများကို ကျွေးမွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ဖော်ပြပါနည်းလမ်းများဖြင့် လူငယ်များအား ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့သော ဂျပန်နိုင်ငံသည် ၁၉၈၀ ပြည့်လွန်ကာလများတွင် စက်မှုဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာသော နိုင်ငံအဖြစ်သို့ ပြောင်းလဲလာကာ ယခုအခါ အာရှသာမက ကမ္ဘာမှာပင် ချမ်းသာကြွယ်ဝသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။ လူငယ်များအား စနစ်တကျ ပြုစုပျိုးထောင်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံက ဆန်တန်ချိန်သိန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့

တောင်ကိုရီးယားနိုင်ငံကို ကြည့်မည်ဆိုလျှင် ၁၉၄၅ ခုနှစ်တွင် ဂျပန်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး သူ့ကျွန်ဘဝတွင် အနှိမ်ခံဘဝနှင့် ဆင်းဆင်း ရဲရဲနေခဲ့ကြရပါသည်။ ထမင်းအစား ပြောင်းဆန်ကိုသာ စားခဲ့ကြရပါသည်။ လွတ်လပ်ရေးရပြီး ၁၉၅၀-၁၉၅၃ ခုနှစ်တွင် တောင်-မြောက် စစ်ဖြစ်ခဲ့ရာ ပြည်တွင်းစစ်ကြောင့် စစ်ဘေး၊ စစ်ဒဏ်သင့်ကာ စားရေရိက္ခာရှားပါး၍ ထမင်းငတ်သည့်ဘဝသို့ ရောက်ခဲ့ကြပါသည်။ နိုင်ငံတကာမှဆန်စပါးများ ထောက်ပံ့ခဲ့ကြရာတွင် မြန်မာနိုင်ငံသည်လည်း ဆန်တန်ချိန်သိန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့ပါသည်။

ထိုအချိန်တွင် တောင်ကိုရီးယားခေါင်းဆောင်နှင့် တောင်ကိုရီးယားလူကြီးများက စကားတစ်ခွန်းအား ပြောကြားခဲ့သည်မှာ “ငါတို့လူမျိုးတွေ ငါတို့လက်ထက်မှာပဲ ထမင်းငတ်ရမယ်။ ငါတို့ရဲ့မျိုးဆက်၊ ငါတို့ရဲ့ကလေးတွေ၊ ငါတို့လူငယ်တွေလက်ထက်မှာတော့ဘယ်တော့မှ ထမင်းမငတ်စေရဘူး၊ ငါတို့ကလေးတွေ၊ လူငယ်တွေကို ကြိုးစားပြီး ပြုစုပျိုးထောင်မည်” ဟု သန္နိဋ္ဌာန်ချပြီး လူငယ်များကို သူတို့ဘဝ၏ နာကြည်းမှု၊ ခံပြင်းမှု၊ မခံချင်စိတ်များနှင့် နှိုင်းယှဉ်ပြီးပြုစုခဲ့ကြပါသည်။

ပညာရေးကို အမျိုးသားရေးအဆင့် သတ်မှတ်ပြီး အခြေခံပညာများကို အခမဲ့သင်ယူစေခဲ့သည်။ အဆင့်မြင့်သင်ယူမှုစနစ်များကို ကျင့်သုံး၍ သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်များကို အထူးအလေးထား သင်ကြားစေပါသည်။ ကမ္ဘာ့အဆင့်မီတက္ကသိုလ် Seoul Nation University ၊ Korea Advanced Institute of Science of Tech-nology (KAIST) တို့နှင့် Post တို့သည် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို ကမ္ဘာ့အဆင့်မီအောင် လူငယ်များကို ပြုစုပျိုးထောင်သင်ကြားခဲ့သည့် နည်းပညာ နှင့် စီးပွားရေးကို မြှင့်တင်နိုင်ရန် နိုင်ငံတွင်းရှိ Sam-sung ၊ LG ၊ Hyundai ကုမ္ပဏီကြီးများကို ရင်းနှီးမြှုပ်နှံမှု အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

လူငယ်များနှင့် ပတ်သက်သော Digital ၊ Inter-net ၊ Business (ဥပမာ - E-Sport ၊ K-pop) စသည့် ဖန်တီးမှုများကို အားပေးခဲ့သည်။ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းကို နိုင်ငံတကာအထိ ပေါက်ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အားကစားနှင့် ကျန်းမာရေးကဏ္ဍကို အခြေခံပညာကျောင်းမှ စတင်၍ လေ့ကျင့်ပြုစုပျိုးထောင် ဆောင်ရွက်ပေးခဲ့သည်။ လူငယ်များကို စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်ဆောင်ရွက်ပေးခဲ့သည့် တောင်ကိုရီးယား နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပြီး ယခုအခါ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် မလေးရှားနိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်ရေးရရှိခဲ့ပါသည်။ ယင်းနိုင်ငံသည် သဘာဝသယံဇာတ နည်းပါးပြီး သဘာဝအရင်းအမြစ် နည်းပါးသော ကျွန်းနိုင်ငံငယ်တစ်ခုသာ ဖြစ်ပါသည်။

အထူးအလေးထားပြုစု ပျိုးထောင်ခဲ့

ထိုအချိန်က စင်ကာပူနိုင်ငံခေါင်းဆောင် လီကွမ်ယုက တိုင်းပြည်ကို ပြန်လည်ထူထောင်ရာတွင် လူငယ်များကို အဓိကထားပြီး ပညာရေး၊ စည်းကမ်း၊ နိုင်ငံ့အကျိုးစီးပွား၊ အကျင့်စာရိတ္တနှင့် အဂတိကင်းရှင်းရေး အထူးအလေးထားပြုစု ပျိုးထောင်ခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။

ပညာရေးနှင့် ပတ်သက်ပြီး နည်းပညာ၊ သိပ္ပံနှင့်စီးပွားရေးဆိုင်ရာပညာရေးကို အထူးအလေးထား သင်ကြားစေခဲ့ပါသည်။ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အဆင့်မြင့်သင်ရိုးညွှန်းတမ်းများ၊ စမ်းသပ်မှုစနစ်များကို အားပေးခဲ့ပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ လူငယ်များ၏ အရည်အချင်းကို မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံသားစိတ်မွေးမြူခြင်းနှင့် ပတ်သက်၍ လီကွမ်ယု အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး လူမျိုးတစ်မျိုးတည်း “One Nation ၊ One People” ဟူသော စည်းလုံးညီညွတ်ရေးဝါဒကို အားပေးခဲ့ပါ သည်။ လူမျိုးပေါင်းစုံ၊ ဘာသာစကားယဉ်ကျေးမှုအရ လေးစားမှုဖြင့် ပညာပေးကာ နိုင်ငံတော်အတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူငယ်များအဖြစ်ပြုစု ပျိုးထောင်ခဲ့ပါသည်။

စည်းကမ်းနှင့် တာဝန်ယူမှုကို အလေးထားတတ်စေရန် လီကွမ်ယုလက်ထက်မှစ၍ စင်ကာပူ နိုင်ငံသည် နိုင်ငံအတွင်း လူနေမှုစည်းကမ်းကို တင်းတင်းကျပ်ကျပ်မူဝါဒ ဥပဒေချမှတ်ခြင်း၊ အဂတိလိုက်စားမှုကို အထူးအလေးထား အရေးယူဆောင်ရွက်ခြင်း၊ ကျောင်းသားလူငယ်ဘဝမှ စတင်ပြုစုပျိုးထောင်ခြင်း၊ အခြေခံပညာကျောင်းများတွင် စာသင်ခန်းပြင်ပ လှုပ်ရှားမှုများ (Curriculum Activeities)ကို မဖြစ်မနေပါဝင်စေကာ ခေါင်းဆောင် မှု စွမ်းရည်များကို ဖွံ့ဖြိုးစေခဲ့ပါသည်။

စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သည့်အနေဖြင့် အစိုးရသည် လူငယ်များအား နည်းပညာ၊ အင်ဂျင်နီယာနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေရန် ပြည်ပသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ ဒေသဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ပါသည်။

ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် လူမှုဖူလုံရေးအတွက် စင်ကာပူနိုင်ငံ၌ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ၊ သန့်ရှင်းသောရေနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ်ကို ချမှတ်ဆောင် ရွက်ခဲ့ပါသည်။ စင်ကာပူနိုင်ငံခေါင်းဆောင် လီကွမ်ယုက အရည်အချင်းပြည့်ဝသော လူငယ်များအား နိုင်ငံတော်၏ အနာဂတ်အဖြစ် ရင်းနှီးမြှုပ်နှံခြင်းကို အဓိကမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်ခြင်းကြောင့် နှစ် ၂၀ ကျော်ကာလအတွင်း တဖြည်းဖြည်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာပြီး ယနေ့ကမ္ဘာမှာ သန့်ရှင်းသော မြို့တော်၊ ခရီးသွားလည်ပတ်မှုကောင်းသော မြို့တော်၊ စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းသော နိုင်ငံအဖြစ်သို့ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။

အဆိုပါနိုင်ငံများ၏ ပြုမူဆောင်ရွက်ချက်မူဝါဒများမှာ အတုယူဖွယ်ကောင်းသော အချက်များပင် ဖြစ်ပြီး လူငယ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံရမည့် အကြောင်းအရာတစ်ခုဆိုတာ ပေါ်လွင်စေခဲ့ပါသည်။ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖန်တီးကြ သူများဖြစ်ပြီး အသိပညာအတတ်ပညာနှင့်ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသောလူငယ်များကို မွေးထုတ်ပေးနေခြင်းသည် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်နေခြင်းပင်ဖြစ်ပေသည်။ အရည်အသွေးပြည့်ဝသော လူငယ်အဖွဲ့အစည်းများကို ပိုင်ဆိုင်သည့်နိုင်ငံများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ ဧကန်မလွဲ ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်စာရင်းအရ နိုင်ငံတကာတွင် အသက် ၁၅ - ၂၄ နှစ်အတွင်းအားလူငယ်ဟု သတ်မှတ်ပြီး ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းရှိပါသည်။ မြန်မာနိုင်ငံတွင် လူငယ်သတ်မှတ်ချက်ကို အသက် ၁၅- ၃၅ နှစ်အဖြစ် သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်သည် လူငယ်များဖြစ်သည်ဟု သိရှိရပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ အသုံးချနိုင်ပါကထူးခြားသည့် အင်အားစုတစ်ရပ်ဖြစ်လာမည်မှာ ဧကန်မလွဲဖြစ်ပါသည်။

သို့သော် မြန်မာ့သမိုင်းကို ပြန်လည်ကြည့်ပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကတည်းက လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော လက်နက်ကိုင်အဖွဲ့များကြောင့် အစိုးရအစဉ်အဆက် လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်ဖြေရှင်းနေရပြီး လူငယ်များ၏ အနာဂတ်မှာ မှေးမှိန်ခဲ့ရပါသည်။ ယနေ့မျက်မှောက် မြန်မာနိုင်ငံရှိ လူငယ်များအတွက် ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်ရမှုများမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုပြဿနာ၊ အွန်လိုင်းမီဒီယာပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ နိုင်ငံရေးမူဝါဒမှိုင်းများ၏ပြဿနာများ ဖြစ်ပါသည်။

အွန်လိုင်းမီဒီယာပြဿနာမှာ ယနေ့ခေတ်မီတိုးတက်လာသည်နှင့်အမျှ လူငယ်လူရွယ်များ၊ အရွယ်မတိုင်မီကပင် လက်ကိုင်ဖုန်းပေးကိုင်ပြီး သာမန်ဂိမ်းကစားရာမှတစ်ဆင့် တဖြည်းဖြည်းချင်း အွန်လိုင်းဂိမ်းသို့ ကူးစက်ကာ စွဲစွဲလမ်းလမ်းအသုံးပြု လာခြင်းသည် လူငယ်များ၏ ပညာရေးနှင့် ကိုယ်ကျင့် တရား၊ အသိပညာ အတတ်ပညာ ရှာဖွေလေ့လာ ရမည့်အချိန် စသည်တို့ ထိခိုက်နစ်နာဆုံးရှုံးမှုကို များစွာဖြစ်ပေါ်စေပါသည်။

ထို့အပြင် လူငယ်များသည် လက်ကိုင်ဖုန်းကို အသုံးပြုပြီး Social Network ကို တွင်တွင် ကျယ်ကျယ်အသုံးပြုလာခြင်းကြောင့် အနောက်နိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ အားကျပြီး ဘာသာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ထိခိုက်မှုရှိစေခြင်း၊ ဆင်ဆာဖြတ်တောက်မှုမရှိဘဲ လိင်ကိစ္စဗီဒီယိုများ၊ လိင်ကိစ္စအကြောင်းအရာများကို ငယ်ရွယ်စဉ်က ကြည့်ရှုနေခြင်းသည် ကိုယ်ကျင့် တရားဆိုင်ရာ ပျက်စီးမှုများ၊ လူမှုရေးရာနေထိုင်မှုပုံစံများကို များစွာထိခိုက်စေပါသည်။

မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ၏ အဓိကစိန်ခေါ်မှုနောက်တစ်ခုမှာ မူးယစ်ဆေးဝါး ပြဿနာပင်ဖြစ်ပါသည်။ လက်နက်ကိုင်အဖွဲ့များက နယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးများ စိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများအား နိုင်ငံတကာနှင့် ချိတ်ဆက်မှောင်ခိုပြုလုပ်နေခြင်းတို့ကြောင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးများပျံ့နှံ့လျက်ရှိပြီး Happy Water ၊ K နှင့် E တို့ စသည့် ဆေးဝါးမျိုးစုံများ လူငယ် များအကြား ရေပန်းစားလျက်ရှိနေပါသည်။ KTV များ၊ Bar များ၊ Night Club များသည် မူးယစ်ဆေးဝါး သုံးစွဲပြီး ပျော်စံသောနေရာဖြစ်နေခြင်းကြောင့် အနာဂတ်တွင် အားကိုးအားထားပြုရမည့် လူငယ် များ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများစွာ ပျက်စီးဆုံးရှုံးစေသည့် အကြောင်းတရားများပင် ဖြစ်နေပါသည်။

ထို့ပြင်လည်း မတည်ငြိမ်မှုများကြောင့် နိုင်ငံအနှံ့အပြားရှိ လူငယ်တော်တော်များများ စစ်ဘေးရှောင်ရခြင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ကြောင့် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများ ဆုံးရှုံးရခြင်း၊ ပညာသင်ရန် အချိန်နောက်ကျခြင်းတို့ ဖြစ်ပါသည်။ ပညာသင်ရန် အခက်အခဲတော်တော်များများ ကြုံတွေ့နေရသည်မှာ လက်ရှိလူငယ်များ ရင်ဆိုင်ဖြေရှင်းနေရသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပါသည်။

အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သော လူငယ်များ ထွက်ပေါ်လာစေရန်ဖြစ်

၁-၈-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် သတ်မှတ်ဖွဲ့စည်းပြီး လူငယ်ရေးရာဦးစီးဌာနကို အသစ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းမှာ နိုင်ငံအတွင်းရှိ လူငယ်များ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေကာ ယဉ်ကျေးလိမ္မာ၍ အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သည့် ပညာပြည့်ဝနှလုံးလှသော လူငယ်များ ထွက်ပေါ်လာစေရန် ဖြစ်ပါသည်။

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတွင်းရှိ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် အားကစားကို လိုက်စားစေခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ငယ်စဉ်ကတည်းက တိုးတက်ကောင်းမွန်လာ‌အောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး လူငယ်များကို အဓိကပြုစုပျိုးထောင်ရန်အတွက် လူငယ်ကဏ္ဍ ၁၆ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ကဏ္ဍများမှာ-

(၁)     ပညာရေးကဏ္ဍ

(၂)      ကျန်းမာရေးကဏ္ဍ

(၃)     မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ် သည့် အန္တရာယ်များကဏ္ဍ

(၄)     အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍ

(၅)     အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ

(၆)     စီးပွားရေးကဏ္ဍ

(၇)     နိုင်ငံရေးကဏ္ဍ

(၈)     စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ

(၉)     သုတေသနကဏ္ဍ

(၁၀)   သိပ္ပံနှင့် နည်းပညာကဏ္ဍ

(၁၁)   ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုကဏ္ဍ

(၁၂)    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ

(၁၃)   ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကဏ္ဍ

(၁၄)   ကျား၊ မညီမျှမှုကဏ္ဍ

(၁၅)   လူ့အခွင့်အရေးကဏ္ဍ

(၁၆)   နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့ ဖြစ်ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် အခြေခံအချက်များပါဝင်သော လူငယ်စင်တာများကို တည်ဆောက်ပေးလျက်ရှိပါသည်။ ယခုဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် တည်ဆောက်ပြီးစီးပြီဖြစ်ပြီး ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

ကုလသမဂ္ဂက နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ပြီး လူငယ်ကဏ္ဍကို အထူးမြှင့်တင်ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့၏ ဆောင်ပုဒ်ဖြစ်သော “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီ သို့” (Local Youth Actions For The SDGs And Beyond) ဟူ၍ ဆောင်ပုဒ်ကိုထုတ်ပြန်ခဲ့ပါသည်။

မိမိတို့နိုင်ငံအနေဖြင့်လည်း မိမိတို့၏ မိသားစုရှိ သား၊ သမီးများ၊ မိမိမြို့ရွာရှိ လူငယ်လူရွယ်များ၊ မိမိနိုင်ငံအတွင်းရှိ လူငယ်လူရွယ်များကို ငယ်စဉ်ကပင် ဂရုတစိုက်ပြုစုပျိုးထောင် ပညာသင်ကြားစေခြင်း၊ အသိဉာဏ်ပညာနှင့်ပြည့်စုံရန် သွန်သင်ဆုံးမခြင်း၊ ၎င်းတို့ဝါသနာပါရာ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခြင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အတတ်ပညာများ ဆည်းပူးလေ့လာသင်ယူစေခြင်း၊ တိုးတက်လာသော IT ပညာနည်းပညာများ၊ AI ကဲ့သို့ ပညာရပ်များ အကျိုးရှိစွာအသုံးချစေခြင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ ဘာသာတရားနှင့် ကိုက်ညီသော စာပေများ လေ့လာစေခြင်း၊ စာဖတ်ခြင်းအပြုအမူကို ငယ်စဉ်ကပင် အလေ့အကျင့် ပြုလုပ်ပေးခြင်း စသည့် လုပ်ဆောင်မှုများသည် မိမိနှင့် မိသားစုအတွင်း၊ မိမိတို့မြို့ရွာ၊ မိမိတို့နိုင်ငံနှင့် မိမိတို့ အနာဂတ်အတွက် ကောင်းမွန်စွာရင်းနှီးမြှုပ်နှံနေခြင်းပင်ဖြစ်ပါသည်။

မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသာယာ ဝပြောမှုရှိစေရန်အတွက် မိမိတို့၏ သား၊ သမီး လူငယ်များအား ယခုမှစ၍ ဗလငါးတန်နှင့်ပြည့်စုံကာ ပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြပါလို့ ရေးသားတင်ပြလိုက်ရ ပါသည်။ ။

MOI

Photo- Muwado

ဗိုလ်ကြည်(လူငယ်)

လူငယ်နှင့်ပညာ
-

“ပညာရဲရင့် ပွဲလယ်တင့်”

“ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး”

“ပညာပြည့်ဝ  နှလုံးလှသော်၊  ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်၊

ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏”

“ပညာဆိုတာ ရတဲ့နေရာမှာယူ လိုတဲ့နေရာမှာသုံး”

အခုတလော ပညာနှင့်ပတ်သက်သည့် အဆိုအမိန့်များ၊ ရှေးလင်္ကာများနှင့် လူကြီး၊ မိဘ၊ ဆရာသမား တို့၏အဆုံးအမများကို မကြာခဏပြန်လည်ကြားယောင်နေမိသည်။ ကြားယောင်မိသည့်အကြောင်းရင်း များလည်းရှိနေပါ၏။ အကြောင်းရင်းများကိုစေ့စေ့တွေးရင်း နောက်ကပူးတွဲလိုက်လာသည်က ပညာ၏ အရေးပါမှုနှင့်တန်ဖိုးကြီးမားမှုတို့ပင်ဖြစ်ပါ၏။ လောကကြီးအတွင်းနိစ္စဓူဝ ပညာဖြင့်မောင်းနှင် လည်ပတ် နေရမှုတွင် ကိုယ်လေ့လာဆည်းပူးထားသည့်ပညာသည်ကား စကြဝဠာကြီးနှင့်နှိုင်းဆသော် မြူမှုန် တစ်မှုန်မျှစာရှိသည်ကို ခပ်ရေးရေးလေးမြင်လိုက်ရ၏။

ဇနီးသည်ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းသွားလာရလွယ်ကူစေရန် စာမူခဆုကြေးငွေလေးများ တွင် ဇနီး၏လက်ဝတ်လက်စားလေးများဖြည့်စွက်လျက် ကားလေးတစ်စီးဝယ်ထားလိုက်မိ၏။

ထိုကားသည်မိုးကာလရောက်တိုင်းလူတွေဖြစ်လေ့ရှိသည့်ဝမ်းပျက်ဝမ်းလျှောနည်းတူကားပျက်ကားလျှောသဘောနှစ်စဉ်ဖြစ်၏။ဖြစ်တိုင်းငွေစများပူးတွဲလိုက်ပါဖြေရှင်းသဖြင့်မီးဖိုချောင်ကိစ္စအတွက်ပါသက်ရောက်မှုရှိလာ၏။ကားပျက်၍ကားဝပ်ရှော့ပို့ရတိုင်းကိုယ်နားမလည်မတတ်ကျွမ်းသောဝပ်ရှော့ပညာရပ်များကို မျက်ဝါးထင်ထင်မြင်ရ၏။

ကျွန်တော့် သုံးပတ်နွမ်းကားလေးကိုမိတ်ဆွေကားပြင်ဆရာက တတ်စွမ်းသမျှကြည့်ရှုပေး၏။ သူ မနိုင်မှသာလျှင် သင့်လျော်ရာဝပ်ရှော့ဆီလွှဲ၏။ သူပြင်ပေးသည့်အခါတိုင်း ခြောက်တန်းအရွယ်သူ့သားငယ် လေးက ၁၀၊ ၁၂၊ ၁၄ ဂွများယူခိုင်းလျှင်ယူပေးခြင်း၊ ဖခင်ဖြစ်သူက “ဘာလိုသည်၊ ညာလိုသည်”ဟု ဆိုလိုက်သည်နှင့် လိုအပ်သည်များကို ကူလုပ်ပေးခြင်းများဖြင့် ဖခင်ကိုကူညီသည်။ ထိုအခိုက် ကျွန်တော့် အတွေးထဲချက်ချင်းရောက်လာသည်က“တံငါနားနီး တံငါ၊ မုဆိုးနားနီး  မုဆိုး”ဟူသော အတွေးပင် ဖြစ်၏။

ဤကားနှင့်ပတ်သက်သည့်အခြေခံပညာသည်  လူတိုင်းသင်ယူတတ်မြောက်ဖို့မလွယ်။ ကျောင်းပိတ်ချိန် ဖခင်အနီးတွင် တိုလီမိုလီဝင်ရောက်လုပ်ကိုင်ပေးရင်း နှစ်ကြာလာသည့်အခါ ကားနှင့်ပတ်သက်သည့် ဝေါဟာရများယဉ်ပါးလာသည်။ သူတို့သားအဖ ကားပြင်ပေးသည်ကိုကြည့်ရင်းစိတ်ပါဝင်စားစွာ ဖခင်ကို ကူညီလျှင် ငွေမကုန်ဘဲ အခမဲ့သင်ရသော ထမင်းစားပညာများရရှိသည်ဟူသောအတွေးနှင့် ကားတစ်ခါ ပျက်တိုင်း  သွားပြင်ရသောဒုက္ခကြောင့် ကားဝပ်ရှော့ပညာကို စိတ်ဝင်စားမှုဖြစ်ပေါ်လာရသည်။  ဤကား ကျွန်တော့်အတွေး၊ ငယ်သူများဘက်ကြည့်ပြန်တော့ ဤသို့ ဖခင်ကိုကူညီရခြင်းကြောင့် ကိုယ်ပိုင်ချိန်တွင် အနားမရ၊ အခြားသူငယ်ချင်းများနည်းတူ သွားမကစားရ၊ လူငယ်ဘက်မှအတွေး၊ လူငယ်တိုင်း မိဘလက် ငုတ်လက်ရင်း ထမင်းစားပညာကို  စိတ်ပါဝင်စားမှုအာရုံနည်းတတ်ကြသည်မှာ ဖြစ်လေ့ရှိသည့်အရာပင် ဖြစ်သည်။ အချိန်တန်လူလားမြောက် လုပ်ငန်းခွင်အတွင်း အတွေ့အကြုံအချို့ရလာမှ ပညာ၏အရေးပါမှု ကို လက်သင့်ခံတတ်လာကြသည်။

ကားပြင်ဆရာသည် တက္ကသိုလ်မှ ဘွဲ့မရခဲ့။ သို့သော် သူ၏ပညာရပ်ဖြင့် သားသမီးများကို ပညာတည်းဟူသော အမွေကောင်းများပေးထားနိုင်ခဲ့ကြောင်း ကျွန်တော်ကြားသိခဲ့ရသည်။ ကျွန်တော့်ကိုမွေးသောရွာတွင် ဦးစိန်ဝင်းဆိုသော အဖေ့မိတ်ဆွေရှိ၏။ သူသည်လည်း ဘွဲ့မရခဲ့။ သို့သော် ရွာတွင်ရေစက်၊ မီးစက်များပျက်ပါက သူနိုင်နင်းစွာပြုပြင်သည်။ ဗီဒီယိုရုံပင်ထောင်ထားလိုက်သေးသည်။   တော်ရုံစက်ပျက်တာလောက်ကတော့ ဦးစိန်ဝင်းနှင့်ပြီးသည်။ သူ့သားသမီးတွေကိုလည်း ဘွဲ့တွေရအောင် ကြိုးစားပေးခဲ့သည်။   သို့သော် သူ၏ပညာရပ်များအား သားသမီးများက လက်ဆင့်ကမ်းမယူနိုင်ခဲ့ပါ။

ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းများရောက်စဉ် ကုသရသောရောဂါအတိမ်အနက်ပေါ်မူတည်၍ ဆရာဝန်များက ကုသမှုပေးကြသည်။ ထိုအခါ ဆေးပညာရပ်ကိုအသုံးချနေသော ဆရာဝန်များကို ကြည့် လျက် ပညာ၏အစွမ်းကို ထပ်မံအတွေးပွားမိပြန်သည်။ ကိုယ်မသိနားမလည်သောနယ်ပယ်တွင် ကျွမ်းကျင်ပိုင်နိုင်စွာကုသမှုပေးနေကြသော ဆရာဝန်များကြောင့် လူနာများသက်သာပျောက်ကင်းကြ သည်။ ဤသည်လည်း သူတို့ပညာရပ်ဖြစ်ပါ၏။ ဆရာဝန်သည်လည်း သူ့ပညာနှင့်သူဖြစ်သလို လယ်ထဲ ယာထဲမှ တောင်သူလယ်သမားကြီးများသည်လည်း သူတို့အတတ်ပညာနှင့်သူတို့ဖြစ်ကြပါ၏။ နွေမိုး ဆောင်းဥတုသုံးလီစလုံး ဘယ်အချိန်တွင် ဘာစိုက်ရမည်၊ မိုးမကျမီ လယ်စိုက်ရန် ဘာတွေပြင်ဆင် ရမည်၊ သီးနှံအထွက်ကောင်းရန် မည်သို့ဆောင်ရွက်ရမည် စသောအသိပညာများသည် လက်တွေ့ လုပ်ငန်းခွင်မှ စုဆောင်းမိခဲ့သောပညာရပ်များပင်ဖြစ်ပါ၏။

 ယနေ့ ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုသည် ဆေးပညာမတတ်၊ ကားပညာမသိ၊ လယ်ယာမစိုက်၊ ရှေ့နေမလိုက်တတ်သော်လည်း သူ့ပညာဖြင့် ကမ္ဘာကျော်လျက်ရှိပါ၏။  ကြည့်ရှု သူဘောလုံးပရိသတ်များ ဟင်ခနဲ ဟာခနဲ ရင်သပ်ရှုမောဖွယ် ဘောလုံးစွမ်းရည်များ၊ လှပသောဂိုးကန် သွင်းချက်များ စသည်တို့သည် သူအနှစ်နှစ်အလလ လေ့လာသင်ယူခဲ့သော ဘောလုံးပညာ၏ အသီး အပွင့်များပင်ဖြစ်ပေသည်။ ကောက်ကာငင်ကာဖြင့် အောင်မြင်ကျော်ကြားခဲ့ခြင်းမဟုတ်။ ယခု သူ၏သား တို့အား ဘောလုံးပညာအမွေပေးနေသည်။ စာရေးသူတို့လုပ်ငန်းခွင်တွင် ဝန်ထမ်းလေး မောင်သုတဆိုသူ ရှိသည်။ သူသည် ဆယ်တန်းပင်မအောင်၊ သို့သော် ဝန်ထမ်းအိမ်ရာတစ်ခုလုံး၏ ရေ၊ မီး၊ မိလ္လာစနစ် များနှင့်ပတ်သက်၍ ဘာပျက်လျှင်ဘယ်ကဖြစ်သည်။ ဘယ်လိုပြင်ရမည်ဟူသော အတတ်ပညာရှိ၏။ သူ၏အသက်မွေးမှုသည် ထိုအရာဖြစ်သည့်အတွက် ထိုလုပ်ငန်းခွင်တွင် သူလေ့လာ၍ မဆုံးသော ပညာများရှိနေသည်။ ထို့ကြောင့်  အခြားသောနယ်ပယ်မှ   ဘွဲ့ရထားသူများအနေဖြင့် ရှစ်တန်းအောင်  ကိုသုတကို  ရေ၊  မီး၊  မိလ္လာကိစ္စအတွက်  အားကိုးနေရသည်။

စာရေးသူတို့ပတ်ဝန်းကျင်တွင် ပညာများဖြင့်ထုံမွမ်းလျက်ရှိ၏။ ထိုအရာသည် ယနေ့မှသာလျှင်မဟုတ်။ ဖြတ်သန်းခဲ့ပြီးသော ကြေးခေတ်၊ကျောက်ခေတ်၊သံခေတ်တို့မှသည် ယနေ့တိုင် သဘာဝတရားအပေါ် တွင်လူတို့ကြံဆမှုဖြင့် ဆင့်ကဲပြောင်းလဲတိုးတက်ခဲ့သည်ကို သမိုင်းကထင်ရှားစွာ ဖော်ညွှန်းနေသည်။ အခြေခံအကျဆုံးသော တောင်သူလယ်သမားများ၊ လက်လုပ်လက်စား နေ့စားသမားများ၊ ရေသမား၊ မီးသမား၊ ဝပ်ရှော့ဆရာ၊ ဆံသဆရာ၊ အားကစားသမား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေတို့မှသည်  နှုတ်မှုပညာဖြင့်အကျိုးဆောင်နေကြသော ပွဲစားများအထိ ပညာရပ်အသီးသီးဖြင့်ကျင်လည်နေကြသူများ ဖြစ်သည်။ “ဆရာမပြနည်းမကျ” နှင့် “အမေမပြလျှင်ငါးပိတောင်ဖြောင့်အောင်မဖုတ်တတ်” ဟူသော စကားတို့သည် ပညာလက်ဆင့်ကမ်းယူခြင်းနှင့်စပ်လျဉ်းသည့် သဘောကိုဆောင်နေသည်။ ပညာကို နယ်ပယ်ကန့်သတ်ထားခြင်းရှိသော်လည်း သင်ယူတတ်မြောက်လိုစိတ်ရှိမည်၊ အခြေအနေ အချိန်အခါ လည်းပေးမည်ဆို မည်သူမဆို   သင်ယူ၍တတ်မြောက်ကြမည်ဖြစ်၏။ အချို့သော ကမ္ဘာကျော်မသန်စွမ်း ပုဂ္ဂိုလ်များက အကောင်းဆုံးသက်သေပင်ဖြစ်ပါသည်။

စာရေးသူငယ်စဉ်ကဖြစ်သည်။စာရေးသူတို့အိမ်ကရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင်ရှိသည်။ လမ်းတစ်ဖက်တွင် သကြားစက်ရုံရှိ၏။ စက်ရုံမှ အင်ဂျင်နီယာတစ်ဦးနှင့် ဖခင်ဖြစ်သူက ရင်းနှီးသည်။

ထိုအင်ဂျင်နီယာဦးလေးသည် အိမ်သို့လာလည်တတ်၏။ သူလာလည်နေချိန် စက်ရုံအတွင်းမှ စက်ပစ္စည်း တစ်ခုခု၏ ချွတ်ယွင်းသံထွက်ပေါ်လာလျှင် သွားမကြည့်ပါဘဲ မည်သည့်အစိတ်အပိုင်းက ပျက်ခြင်းဖြစ်ကြောင်းပြောသည်။ သူပြောသည့်အတိုင်းပင် မှန်နေတတ်သည်။ ထို့ပြင် အိမ်ချင်းကပ်လျက် ထမင်း ဆိုင်မှ ဆိုင်ပိုင်ရှင်သည်လည်း အဝေးမှကားတစ်စီး၏စက်သံကိုနားထောင်လိုက်သည်နှင့် သူတို့ဆိုင်တွင် စားနေကျမည်သူ၏ကားဖြစ်ကြောင်း သုံးသပ်တတ်သည်။ အလုပ်မှသင်ပေးသွားသော အာရုံခံစားမှု အသိပညာတို့ဖြစ်ကြောင်းတွေ့ရှိရသည်။ လူငယ်များ ဂိမ်းအလွန်အမင်းကစားကြသည်။ ဂိမ်းတွင်ပါရှိ သည့် အင်္ဂလိပ်စာလုံးများကို သူတို့နားလည်ကြသည်။ သို့သော်ကျောင်းစာတွင်သင်ပေးသည့် အင်္ဂလိပ် စာနှင့် အသုံးအနှုန်းများကိုမူ ကြိမ်ဖန်များစွာသင်ပေးရသည်။ စိတ်ပါဝင်စားမှုနှင့်ဆက်စပ်ပါ၏။

ရှေးလူကြီးသူမများ  ချန်ထားခဲ့သည့်  “ငယ်စဉ်အခါ ပညာရှာ” ဟူသော ဆုံးမစကားသည် အလွန်မှန် ပေသည်။ ဆရာဝန်၏သားသမီးများ မိဘအမွေဆက်ခံကြသည်။ရှေ့နေ၏သားသမီးများသည်လည်း မိဘအမွေဆက်ခံကြသည်။ မိဘများထက် ပို၍ထူးချွန် ပို၍တော်သူများဖြစ်လာကြပါ၏။ လယ်ထဲယာထဲမှတောင်သူလယ်သမားများ၏ သားသမီးများသည်လည်းမိဘတို့၏ရှေးကျသောစိုက်ပျိုးနည်းအတတ်ပညာပေါ်တွင် ခေတ်မီသိပ္ပံပညာတို့ပေါင်းစပ်လျက် စိုက်ပျိုးရေးကို အဆင့်မြှင့်တင်နိုင်သောမျိုးဆက်သစ်စိုက်ပျိုးရေးပညာရှင်များအဖြစ်ရပ်တည်နိုင်ခွင့်ရှိပါ၏။ ကားပြင် ဆရာ၏သားသည်လည်း ခေတ်မီအတတ်ပညာများကို သင်ယူတတ်မြောက်လျက် ဖခင်ထက်သာသော ပညာရှင်ဖြစ်နိုင်ပါ၏။ ရေသမား၊ မီးသမားတို့၏ သားသည်လည်း အင်ဂျင်နီယာပညာရှင်များဖြစ်နိုင်ပါ၏။ ထို့ကြောင့်ပင် “နိမ့်ကျသူ၏သားပင်ဖြစ်လင့်ကစားမင်းအမတ်ဖြစ်နိုင်၏။သူမိုက်၏သားပင်ဖြစ်လင့်ကစားပညာရှိဖြစ်နိုင်၏။ ဥစ္စာမရှိသူ၏သားပင်ဖြစ်လင့်ကစား ကြွယ်ဝချမ်းသာနိုင်၏” ဟု လောကနီတိ တွင် ဆိုခဲ့ခြင်းဖြစ်သည်။                    

အနှစ်ချုပ်ဆိုရသော်“လက်တစ်ကမ်းဟင်းချိုဟူသောအမည်ကိုအချို့ကြားဖူးကြပါလိမ့်မည်။ဟင်းရည် သောက်တစ်ခွက်အတွက် အနီးအနားရှိ သီးပင်စားပင်များမှအရွက်တို့ကိုခူး၍ ဟင်းချိုအဖြစ်ချက် ခြင်းဖြစ်သည်။ မည်သည့်ဟင်းမျှမရှိသည့်တိုင်အောင် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် လက်တစ်ကမ်း ဟင်းချိုတစ်ခွက်စာအတွက် အသီးအရွက်တို့ရှိနေတတ်သည်။ ယူငင်အသုံးချတတ်ဖို့သာလိုပါသည်။ ထိုနည်းတူစွာ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် သုံးမကုန်နိုင်သောပညာရပ်ပေါင်းများစွာရှိနေကြသည်။ ထိုပညာများအား မှန်ကန်သောအသိ၊မှန်ကန်သောသတိတို့ဖြင့်ပေါင်းစပ်သုံးစွဲကြရပေမည်။ ပညာများပြည့်ဝပါလျက်နှလုံးသားမလှခဲ့သော် တတ်ထားသောပညာရပ်များသည် အကျိုးမဖြစ်ထွန်းနိုင်ပေ။ မိမိသင်ယူခဲ့သောအတတ်ပညာများအားအမှားအမှန်ခွဲခြားနိုင်ခြင်းမရှိသည့် အသိပညာတို့ဖြင့် တလွဲ ဆံပင်ကောင်းအသုံးချမှုကြောင့် မိမိကိုယ်တိုင်ပင်လျှင်မကမိမိပတ်ဝန်းကျင်၊မိမိတို့နိုင်ငံသည်လည်း ထိခိုက်နစ်နာရပေသည်။ ထို့ကြောင့်လူငယ်တိုင်းလူငယ်တိုင်းသည်“ငယ်စဉ်အခါ ပညာရှာ”၊“ပညာလို အိုသည်မရှိ” ဟူသော အဆုံးအမစကားများအတိုင်း လေ့လာသင်ယူစရာ အခွင့်အလမ်း ကောင်းများပေါများနေသည့်ယနေ့အချိန်အခါတွင်  မြတ်ဗုဒ္ဓဟောကြားသောမင်္ဂလာတရားတော်များနှင့်အညီပညာကိုကြိုးစားရှာဖွေသင့်ပေသည်။ သင်ယူတတ်မြောက်ထားသောပညာရပ်များဖြင့် တိုင်းပြည်နှင့်လူမျိုးအကျိုး မှန်ကန်စွာသယ်ပိုးနိုင်သော မျိုးဆက်သစ်များပေါ်ထွန်းစေလိုသည်မှာ စာရေး သူ၏ မှန်ကန်သောဆန္ဒမွန်ပင်ဖြစ်ပါသည်။    ။

MWD Web Portal
 
သားကျော်

လူငယ်မောင်မယ်တို့၏ဘဝလမ်းကြောင်း မတိမ်းစောင်းဖို့ မိဘနှင့်ဆရာ ဆရာမများ ပူးပေါင်းထိန်းကျောင်းစို့
-

ကျောက်သွေးသူသည် သဘာဝကျောက်ရိုင်းတုံးများကို သွေးပေးရ၏။    ကျောက်ရိုင်းတုံးများကိုသွေးပေးလိုက်ပါက   တောက်ပြောင်လာသည်။ အရည်အသွေးပေါ်လာသည်။

ကျောက်၏တန်ဖိုးသည်  အရည်အသွေးတောက်ပြောင်မှုအပေါ်  မူတည်နေသည်။  အရည်အသွေးမတောက်ပြောင်ဘဲ မှေးမှိန်နေပါက တန်ဖိုးနည်းပါးသည်။ ကျောက်သွေးမကျွမ်းကျင်သူ၏ လက်ဝယ်တွင်ရှိသော  သဘာဝ ကျောက်ရိုင်းတုံးများသည် အချည်းနှီးဖြစ်ရရှာသည်။  ကျောက်သွေးသူ ကျွမ်းကျင်လေလေ  ကျောက်ရိုင်းတုံးများ၏ အရည်အသွေးက တောက်ပြောင်လေလေဖြစ်သည်။ အရည်အသွေးတောက်ပြောင်လေလေ    တန်ဖိုးကြီး မြင့်လေလေဖြစ်သည်။

ယနေ့ ကျောင်းနေအရွယ်ကလေးတို့သည် ကျောက်ရိုင်းတုံးလေးများနှင့်တူလှ၏။ ထိုကျောက်ရိုင်းတုံးလေးများကို  လက်ဝယ်ပိုင်ပိုင်ရှိနေကြသူများသည် မိဘများဖြစ်ကြ၏။ မိဘတို့သည် ကျောက်ရိုင်းတုံးလေးများနှင့် တူလှသော ရင်နှစ်သည်းချာ သားသမီးရတနာများကို     အရည်အသွေးတောက်ပြောင်လာအောင်  သွေးပေးကြရပေမည်။  ကျောက်ရိုင်းတုံးလေးများကို  မသွေးဘဲပစ်ထားပါက  အလဟဿဖြစ်ရသကဲ့သို့ သားသမီးများကို မသွေးဘဲထားပါကလည်း အလဟဿဖြစ်ချေမည်။ မိဘတို့ကသားသမီးများကို  ပြုစုပျိုးထောင် မွေးမြူပေးနေခြင်းသည် သားသမီးတို့၏ ကိုယ်ရည်ကိုယ်သွေး တောက်ပြောင်လာအောင် သွေးပေးနေခြင်းဖြစ်သည်။

မိဘတိုင်းသည် မိမိ၏ရင်နှစ်သည်းချာ သားသမီးများကို “လိမ္မာယဉ်ကျေးသူ၊ စာရိတ္တကောင်းမွန်သူ၊ အားကိုးအားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန်ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များ ဖြစ်စေချင် ကြသည်။   ထိုသို့ဖြစ်ပေါ်လာအောင်ပြုစုပျိုးထောင်မွေးမြူပေးရမည့်  တာဝန်ဝတ္တရားကလည်း မိဘတိုင်းတွင်ရှိသည်။ မိဘတိုင်းတွင်ရှိသော တာဝန်ဝတ္တရားများကို  သင်္ဂဇာဆရာတော်ကြီးက  “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” ဟူ၍ အနှစ်ချုပ်ပြီးမိန့်ကြားခဲ့သည်။ မိဘတို့၏ ဝတ္တရားငါးပါးကို မိဘတိုင်းကကျေပွန်ကြရပေမည်။

ကျောင်းမနေမီအရွယ်ကတည်းက အလေ့အကျင့်သည်  သားသမီးတို့၏ရင်ထဲတွင်  စွဲမြဲသန္ဓေတည်လာသည်။ ထိုသန္ဓေသည် အလိုလိုစွဲတည်လာခြင်းမဟုတ်ပေ။  မိဘတို့ကတည်ပေးလိုက်သော သန္ဓေသာဖြစ်သည်။ မိဘများက  ကောင်းသောသန္ဓေကိုတည်ပေးလိုက်လျှင် ကောင်းသောသန္ဓေစွဲတည်နေမည်ဖြစ်ပြီး မိဘများက မကောင်းသောသန္ဓေကိုတည်ပေးလိုက်လျှင် မကောင်းသောသန္ဓေစွဲ တည်နေမည်ဖြစ်သည်။ ဘာမဆိုအလိုကျ လိုက်လျောထားခြင်းသည်   ကောင်းသောအလေ့အကျင့်မဟုတ်ပေ။ အလေ့အကျင့်ဆိုးဖြစ်သည်။ ထိုအလေ့အကျင့်ဆိုးသည် သားသမီးတို့ရင်ထဲ သန္ဓေစွဲတည်နေမည်ဖြစ်သည်။    ထိုသန္ဓေဆိုးပေါက်ဖွားလာပါက  မိဘတို့ လိုလားတောင့်တ မျှော်မှန်းထားသော သားကောင်းသားမွန်၊ သမီးကောင်းသမီးမွန်များဖြစ်မလာဘဲ သားဆိုးသားမိုက်၊ သမီးဆိုးသမီးမိုက်များဖြစ်လာပေမည်။

သားဆိုးသားမိုက်၊ သမီးဆိုးသမီးမိုက်တို့သည် မိသားစုကိုကောင်းကျိုးမပေးဘဲ ပတ်ဝန်းကျင်နှင့်အများပြည်သူကိုပါ ဒုက္ခပေးနေတော့သည်။ ထိုမျှနှင့်အားမရ။ မိဘကိုရန်ပြုသည်အထိ လက်ရဲဇက်ရဲဖြစ်လာသည်။  မိဘခမျာမှာ သားသမီးများ ငယ်စဉ်အရွယ်တွင်မသွန်သင်၊ မညွှန်ပြ၊ မဆုံးမခဲ့သည်ကို နောင်တရနေသည်။ မိဘတိုင်းကို ထိုနောင်တမျိုးမရစေချင်သော မန်လည်ဆရာတော်ကြီးက “သားကိုငယ်က၊ မဆုံးမသော်၊ မိဘတလည်၊ ရန်သူမည်၏” ဟု သတိပေးထားသည်။ ထိုသတိပေးဆုံးမစာလင်္ကာကို မိဘတိုင်းသတိမူကြရပေမည်။ သတိမမူခဲ့လျှင် “နားရွက်ကိုက်ဖြတ်ခံရသည့်မိခင်” ကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံတွေ့ရမည်မှာသေချာသည်။ သားဆိုးသမီးဆိုးတို့၏ မိဘတို့သည် လူပုံအလယ်တွင်  ခေါင်းမဖော်ရဲကြပေ။

မျက်နှာပျက်အရှက်ကွဲနေကြရရှာသည်။ “သားသမီးမကောင်း မိဘခေါင်း” မဟုတ်ပါလော။မိဘတိုင်းကသားသမီးတိုင်းကို  “လိမ္မာယဉ်ကျေးသူ၊ အကျင့်စာဂကောင်းမွန်သူ၊ အားကိုးအားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန်ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များ ဖြစ်စေချင်ကြသလို မိဘတို့၏သားသမီးများဖြစ်ကြသည့် မိမိ၏တပည့်များကို “လိမ္မာယဉ်ကျေးသူ၊ အကျင့်စာဂကောင်းမွန်သူ၊ အားကိုးအားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန် ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များဖြစ်စေချင်ကြသည်။ ထို့ကြောင့် ဆရာ၊ ဆရာမများက“အတတ်လည်းသင်၊   ပဲ့ပြင်ဆုံးမ၊   သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ”  ကို တစ်သဝေမတိမ်းဦးထိပ်ပန်ဆင်ထားကြသည်။

မိဘတို့၏ သားသမီးများဖြစ်ကြသည့် ဆရာ၊ ဆရာမတို့၏ တပည့်အပေါင်းတို့ကို ကန်တော်မင်းကျောင်းဆရာတော်ကြီးက “မိဘဆရာ၊ စကားနာ၍၊  ကျမ်းစာသိမြင်၊  တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊  ကောင်းရာ တုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုးကာ၊ ကောင်းကျိုးကိုယ်၌တည်စေမင်း” ဟူ၍ ပျို့လင်္ကာနှင့်ဆိုဆုံးမထားခဲ့သည်။ ဆုံးမစာအတိုင်း ကောင်းကျိုးတည်အောင် ကြိုးပမ်းကြရမည့်သူများမှာ မိဘတို့၏သားသမီးများ ဖြစ်ကြသည့် ဆရာ၊ ဆရာမတို့၏တပည့် များကိုယ်တိုင်ဖြစ်ကြသည်။ သို့မှသာ ကောင်းကျိုးတည်မည်ဖြစ်သည်။ သို့ရာတွင် လက်ဦးဆရာဟူသည့် မိဘများနှင့် ဒုတိယမိဘများဟူသည့် ဆရာ၊ ဆရာမတို့၏   အခန်းကဏ္ဍက  အရေးကြီးလှပေသည်။

သားသမီး၊ တပည့်များကို ကောင်းကျိုးတည်အောင် ကောင်းကျိုးသန္ဓေတည်ပေးကြရာတွင် အဓိကအခရာမှာ   မိဘ၊ ဆရာတို့ပင်မဟုတ်ပါလော။

မိဘနှင့်ဆရာ၊ ဆရာမတို့က လက်တွဲညီညီပူးပေါင်းဆောင်ရွက်လျှင်  “မိကောင်းဖခင်သားသမီးများ” ဖြစ်ပေါ်လာမည် ဖြစ်သကဲ့သို့ “ဆရာကောင်းတပည့် ပန်းကောင်းပန်သူများ” ဖြစ်ပေါ်လာမည်မှာမလွဲပေ။

ထိုသို့သော သားသမီးများ၊ တပည့်များဖြစ်ပေါ်လာစေရန်အတွက်   အခြေခံပညာကျောင်းတိုင်းတွင် ကျောင်းသား၊   ကျောင်းသူတို့၏  မိဘများနှင့်ကျောင်းသား၊ ကျောင်းသူတို့၏ ဆရာ၊ ဆရာမများကို အချိုးညီညီ ပူးပေါင်းဖွဲ့စည်းထားသည့်“မိဘ၊ ဆရာအသင်း” ရှိပေသည်။ မိဘ၊ ဆရာအသင်းကို မိဘတို့၏သားသမီးများဖြစ်ကြပြီး ဆရာ၊ ဆရာမတို့၏ တပည့်များဖြစ်ကြသည့် “ကျောင်းသား၊ ကျောင်းသူတို့၏ ပညာရည်မြင့်မားအောင် ပူးပေါင်းဆောင်ရွက်ရန်” ဟူသောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မိဘ၊ ဆရာအသင်း၏ “မိဘ၊ ဆရာပူးပေါင်း၊ ကလေးပညာကောင်း” ဟူသောဆောင်ပုဒ်သည် ကျောင်းသား၊ကျောင်းသူအားလုံး   ပညာရည်မြင့်မားအောင် သင်ကြားလေ့ကျင့်ပေးရာတွင် မိဘနှင့်ဆရာ၊ ဆရာမတို့က လက်တွဲညီညီပူးပေါင်း ဆောင်ရွက်ကြရမည်ကို မီးမောင်းထိုးပြထားခြင်းဖြစ်သည်။

မိဘနှင့်ဆရာ၊ ဆရာမတို့၏ ပူးပေါင်းဆောင်ရွက်မှုအားသည်  ကျောင်းနေအရွယ်ကလေးများအား“ကာယဗလ၊ ဉာဏဗလ၊  ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ”  တည်းဟူသော ဗလငါးတန်ကို ဖြည့်တင်းပေးနေခြင်း ဖြစ်သည်။ “အခြေခံပညာကျောင်း”များသည်  “ပညာအခြေခံကောင်း”  များကိုသာမက ဗလငါးတန်အခြေခံကောင်းများကိုပါ  သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်သည်။   မိဘနှင့်ဆရာ၊  ဆရာမများ  ပူးပေါင်းလက်တွဲမှုအားကောင်းလေလေ ရင်သွေးရတနာတို့၏ ဗလငါးတန်ဖွံ့ဖြိုးမှု အားကောင်းလေလေဖြစ်မည်ကို သတိမူအပ်ပေသည်။

အခြေခံပညာကျောင်းများသည် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်ဆောင်ပုဒ်အတိုင်း  အမိနိုင်ငံတော်အတွက်  စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့်   ပညာတတ်လူသား အရင်းအမြစ် ကောင်းများကို     မွေးထုတ်ပေးနိုင်ရမည်ဖြစ်ပေသည်။

ယနေ့  ကျွန်တော်တို့နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေးအားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကိုတွေ့မြင်ကြရမည်ဖြစ်ပေသည်။ အတန်းပညာတတ်မြောက်မှု အားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။ ထိုအကြမ်းဖက်ဖြစ်စဉ်များကြောင့်ဒေသခံနှင့် ဒေသခံများ၏ လူမှုစီးပွား ဘဝများကိုပါထိခိုက်လာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ခုနှစ် ဇွန်လ ၁၁ ရက်တွင် ပြင်ဦးလွင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမ၌ ဆရာ၊ဆရာမများနှင့်တွေ့ဆုံကာ   “ဆရာ၊ ဆရာမများအနေဖြင့်  မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်း ရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရမည်ဖြစ်ကြောင်း၊ အနာဂတ်တိုင်းပြည်အတွက်   စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့်၊ အရည်အသွေးပိုမိုကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ဆရာ၊ ဆရာမများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးအတွက်   ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့  ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း”ဖြင့် မှာကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  ဆရာ၊ ဆရာမများအနေဖြင့်   မိဘတို့၏အားကိုယူကာ   ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မိဘ၊ ဆရာပူးပေါင်းမှုအားမကောင်းလျှင် လူငယ်လူရွယ်တို့၏ဘဝလမ်းကြောင်းသည် အခြေမခိုင်ဘဲယိမ်းယိုင်တိမ်းစောင်းသွားပေမည်။ “မျဉ်းလွတ်လျှင်ကိုင်း၊ ဆရာလွတ်လျှင်ရိုင်း” ဆိုရိုးစကားကဲ့သို့ ဖြစ်ရပေသည်။ လက်ဦးဆရာဖြစ်သောမိဘနှင့် အခြေခံပညာသင်ဆရာ၊ ဆရာမတို့၏ ဆုံးမ၊ ပဲ့ပြင်၊ သွန်သင်၊ ညွှန်ပြသည်များကို မနာယူ၊ မနာခံ၊ မလိုက်နာကြသော တပည့်များသည် ဆရာလွတ်နေကြသူများဖြစ်ပေသည်။ 

ထိုသူများသည် အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်ကို ခွဲခြားမသိမြင်နိုင်ကြပေ။   မနှစ်မြို့စရာအမူအကျင့်များကိုခုံမင်ကာ မိုက်မဲရိုင်းစိုင်းသူများဖြစ်လာကြသည်။ “သားသမီးမကောင်းမိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်း” ပေါ်သို့ ရောက်လာမည်ကို မိဘတိုင်း၊ ဆရာ၊ ဆရာမတိုင်းသတိမူသင့်လှပေသည်။ မိဘနှင့်ဆရာ၊ ဆရာမများပူးပေါင်းပြီး လက်တွဲညီညီရှေ့သို့ချီမှသာ လူငယ်မောင်မယ်တို့၏  အနာဂတ်ဘဝလမ်းဖြောင့်တန်းနေမည်ဖြစ်သည်။ 

လူငယ်မောင်မယ်အပေါင်းတို့၏ ဘဝလမ်းကြောင်း   မတိမ်းစောင်းအောင် ထိန်းကျောင်းပေးကြရမည့်သူများသည်ကား မိဘနှင့်ဆရာ၊ ဆရာမများပင်မဟုတ်ပါလော။       ။

MWD Web Portal

ဦးကျော်ညွန့်(ရေနံချောင်း)

ကျောင်းတော်အတွေးမှသည် နိုင်ငံ့အရေးဆီသို့. . .
-

စာသင်ကျောင်းဆိုတာ စာပေတွေသင်ကြားပေးတဲ့ နေရာတစ်ခုသီးသန့်မဟုတ်ပါဘူး။ ပညာရေးရဲ့ အနှစ်သာရဖြစ်တဲ့ အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတတွ ေပေးအပ်တဲ့နေရာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်းတွေ ပေးစွမ်းတဲ့နေရာလည်းဖြစ်တယ်။ ဒါတင်မက နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်တွေကိုပါ သင်ကြားပေးအပ်နိုင်တဲ့အထိ  မွန်မြတ်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့်   စာသင်ကျောင်းဆိုတာဟာ ကျောင်းသားဘဝ အမှတ်တရ ပုံရိပ်များသာမက လူ့စွမ်းအားအရင်းအမြစ်ကောင်းအဖြစ် သန္ဓေတည်ပေါက်ဖွားနိုင်တဲ့ အခြေခံအဆောက်အဦကောင်း တစ်ခုလည်းဖြစ်တယ်ဆိုတာကို မောင်တို့မယ်တို့အားလုံး သိထားကြရပါမယ်။

မောင်မယ်တို့နဲ့ မောင်မယ်တို့မိဘအပေါင်းတို့ရေ။  လူသားတွေရဲ့ဘဝမှာ အသိပညာ၊ အတတ်ပညာပြည့်စုံမှုရှိခြင်း၊ မရှိခြင်းအပေါ် မူတည်ပြီး ဘဝဆိုတာ  အနိမ့်အမြင့်ကွာခြား သွားတတ်ကြတယ်။ ပညာရည်ကွာခြားချက်ဟာ လူသားဘဝ ကိုယ်စီတင်မကဘဲ နိုင်ငံတစ်ခုနဲ့တစ်ခု အထိပါ အဆင့်အတန်း ကွာခြားသွားတတ်ကြတယ် ဆိုတာကို မောင်တို့မယ်တို့အားလုံးနဲ့ မိဘပြည်သူအပေါင်းကို လေ့လာတွေ့မြင်တတ်စေချင်ပါတယ်။ လူသားတစ်ယောက် အတွက် စာပေပညာ၊ အတတ်ပညာ ပြည့်ဝရေးဟာ အခြေခံလိုအပ်ချက် တစ်ခုဆိုတာကို အားလုံးတထစ်ချ သိထားကြရမယ်။ စည်းကမ်းကစလို့ စာပေပညာ၊ အတတ်ပညာသာမက အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ် အယူအဆတွေအထိပါ ပြည့်စုံမှန်ကန်အောင် အုတ်မြစ်ချပေးတဲ့နေရာ တစ်ခုဆိုတဲ့ခံယူချက်ကို မြဲမြံစွာနှလုံးသွင်းထားကြပါ။

နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှု အခြေခံအုတ်မြစ်ဟာ ပညာတတ်အရင်းအမြစ် ပေါကြွယ်ဝရေးပဲဖြစ်ပါတယ်။ နိုင်ငံတော်မှာ လူသားအရင်းအမြစ်ကောင်းတွေ များစွာလိုအပ်နေတယ်ဆိုတာကို ပကတိမြေပြင် အကြောင်းတရားများက သက်သေညွှန်းဆိုနေဆဲလည်းဖြစ်ပါတယ်။ ဒေသတစ်ခုချင်းစီကစလို့ နိုင်ငံတစ်ဝန်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဝေဆာစေဖို့ နိုင်ငံတော်မှာ ပညာတတ်တွေပေါကြွယ်ဝရေးဟာ မဖြစ်မနေလိုအပ်ချက် တစ်ခုလည်း ဖြစ်တယ်။ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မယ့်  ပညာတတ်လူသား အရင်းအမြစ်တွေပေါကြွယ်ဝရေးမှသည် မွေးဖွားလာတဲ့ ဒီပညာတတ်လူသား အရင်းအမြစ်များကသာ နိုင်ငံတော်ဒေသအသီးသီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်ကြမှာပါ။ ဒါဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပါပဲ။

ယနေ့အဖြစ်အပျက်ဟာ မနက်ဖြန်ရောက်တိုင်း အတိတ်ဖြစ်သွားတတ်ကြတာ သဘာဝတစ်ခုပါပဲ။ စာရေးသူတို့ လူငယ်မျိုးဆက်တွေဟာ အတိတ်သမိုင်းကနေ အသိတရားတွေ၊ သင်ခန်းစာတွေယူပြီး ကြိုးစားတတ်ကြဖို့၊ ပြောင်းလဲအောင် စွမ်းဆောင်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ယနေ့ နိုင်ငံအတွင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ၊ လက်နက်ကိုင် လမ်းစဉ်ရဲ့ဖြစ်တည်မှုတွေကို ဆန်းစစ်ကြည့်ရင် နိုင်ငံရဲ့ လူသားအရင်းအမြစ် ပျက်သုဉ်းရေးထိ ခရီးရောက်နေတာကို တွေ့မြင်ရတယ်။ ဒါဟာ ပညာရည်နိမ့်ပါးခြင်းကို ညွှန်းဆိုနေတဲ့အကြောင်းတရား တွေပဲဖြစ်တယ်။

တစ်ကမ္ဘာလုံးမှာရှိတဲ့ လူကြီးလူငယ်တွေကြိုက်တဲ့ နိုင်ငံတကာ ကလပ်အသင်း  ဘောလုံးပြိုင်ပွဲအသီးသီးက ကစားသမားလူငယ်တွေကို လေ့လာကြည့်ပါ။ အချို့က  အသက် ၁၈၊ ၁၉ နှစ်လောက်နဲ့ ကမ္ဘာကျော်နေကြပြီ။ လုပ်ခလစာကောင်းကောင်းနဲ့   အသင်းငယ်တွေကနေ အသင်းကြီးတွေအထိ ကစားနိုင်အောင် ကြိုးစားနေကြတယ်။ အင်္ဂလန်ကလပ်ကနေ စပိန်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်စတဲ့ နာမည်ကြီးကလပ်အသင်း တွေအထိ ရောက်အောင် သူ့ထက်ငါအပြိုင် ခြေစွမ်းပြကြိုးစားနေကြပြီ။

ပြည်ပလူငယ်တွေက  တစ်ကမ္ဘာလုံးရဲ့ လက်ခုပ်သံတွေရအောင်  ကြိုးစားနေကြပေမယ့်  စာရေးသူတို့နိုင်ငံက လူငယ်အစုအဖွဲ့အချို့ ကတော့ တစ်ကမ္ဘာလုံးက စက်ဆုပ်ရွံရှာတဲ့ အကြမ်းဖက်လမ်းစဉ်တွေထဲမှာ ကျင်လည်နေကြ တယ်။ ဒါတွေဟာ စေ့စေ့တွေးရင် ပညာအခြေခံနည်းရာကနေ အသိပညာ၊ အတွေးအခေါ်အယူအဆ နုံနဲ့တဲ့အထိဖြစ်စေခဲ့တဲ့ အကြောင်းတရားတွေသာဖြစ်တယ်။ ဒါ့ကြောင့် ယနေ့လူငယ်တွေ အားလုံး သမိုင်းထဲက သင်ခန်းစာယူကြပါ။ ကမ္ဘာထိရှုမြင်ပြီး သင်ခန်းစာယူကြပါလို့ ပြောချင်တယ်။

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့လည်း လူသားအရင်းအမြစ်ကောင်းတွေ နိုင်ငံတော်မှာ ထွက်ပေါ်ဖို့ ဦးတည်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဆောင်ရွက်နေတာကို တွေ့မြင်ရတယ်။ လူသားအရင်းအမြစ်ကောင်းတွေ မွေးဖွားလာစေဖို့ အခြေခံကျတဲ့ပညာရေး ကဏ္ဍကို ကောင်းမွန်အောင် ဆောင်ရွက်နေတယ်။ ပညာရေးကဏ္ဍမှာဆိုရင်  အခြေခံပညာအဆင့်ကနေ အဆင့်မြင့်ပညာရေး အဆင့်အထိ တစိုက် မတ်မတ်ကြိုးပမ်း ဆောင်ရွက်နေတယ်။ ဒါ့အပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာများအထိ သင်ကြားစေပြီး နိုင်ငံတော်ကို ပြန်လည်အကျိုးပြုနိုင်ဖို့   စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခြေခံပညာကျောင်းများမှ အဆင့်မြင့်ကျောင်းတွေထိ နိုင်ငံသားမျိုးဆက်သစ် လူငယ်တွေ သင်ကြားနိုင်အောင် ဆောင်ရွက်ပေးနေတယ်။ ဒါ့အပြင် လူငယ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးလျက်ရှိတယ်။ နိုင်ငံတစ်နိုင်ငံဟာ အစိုးရကောင်းတစ်ခုတည်းနဲ့ ဦးဆောင်လို့မရဘူး။ ပြည်သူကလည်း ပြည်သူကောင်းဖြစ်အောင် ကြိုးစားပြီး ပူးပေါင်းဖို့လည်း သိပ်ကိုအရေးကြီးတယ်။ အစိုးရအတွေးဟာ ပြည်သူ့အရေးဖြစ်သလို ပြည်သူ့အတွေးဟာလည်း နိုင်ငံတော်ရဲ့အရေးဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို နေရာစုံထောင့်စုံ အဖြစ်အပျက်များက ဖော်ညွှန်းနေပါတယ်။

ကမ္ဘာပေါ်မှာ နိုင်ငံတွေအများကြီး ရှိတယ်။ နိုင်ငံရေးစနစ်၊ အစိုးရစနစ်အမျိုးမျိုးနဲ့ ရပ်တည်နေကြတယ်။ ဘယ်စနစ်အမျိုးမျိုးနဲ့ ရပ်တည်နေပါစေ ပညာဆိုတဲ့အခြေခံ စနစ်ကောင်းကိုပဲ အားလုံးခြေကုပ်ယူကြရတယ်။ ဒါဟာအရှိတရားပဲ။ အရှိတရားပေါ်မှာ အသိတရားရတဲ့ နိုင်ငံတော်ဟာ ကျိန်းသေဖွံ့ဖြိုးတိုးတက်မှာပါပဲ။ စက်မှုစီးပွားကိုအခြေခံတဲ့နိုင်ငံတွေဟာ စက်မှုစွမ်းအားကို ထုတ်ပြပြီး နိုင်ငံရဲ့ Brand ကိုပြသနေဆဲဖြစ်တယ်။

ရေမြေတောတောင် သဘာဝအလှတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေက သူတို့ရဲ့သဘာဝတရားတွေကို လက်တွေ့ကျကျ အသုံးချတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေကို    အောင်မြင်အောင် ဆောင်ရွက်ပြီး သူတို့ရဲ့ Brand ကို ပြသကြတယ်။ ရေနံဆိုတဲ့ သဘာဝတရားကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေက စက်သုံးဆီအမြောက်အမြားကို ထုတ်လုပ်ရင်း သူတို့ရဲ့ Brand ကိုပြသကြတယ်။ စသဖြင့်ပေါ့။ ဒါတွေဟာ ပညာကိုပဲ ကနဦး အခြေခံကြတာ မဟုတ်ပါလား။ ပညာကိုအခြေခံရင်း မွေးဖွားလာတဲ့ လူသားအရင်းအမြစ်ကောင်းတွေကတစ်ဆင့် ကမ္ဘာထိတောင် လွှမ်းမိုးနေကြတာတွေကလည်း အရှိတရားတစ်ခုပါပဲ။ ကဲ လူငယ်မောင်မယ်များနဲ့ မိဘပြည်သူအပေါင်းတို့ရေ ဒီနေရာမှာ မိမိတို့နိုင်ငံကရောဆိုတဲ့ အတွေးကို ရဲရဲကြီး မှန်မှန်ကန်ကန် တွေးလိုက်ကြပါ။ ကိုယ့်နိုင်ငံရဲ့ Brand ကိုပြနိုင်အောင် ကြိုးစားကြပါ။

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရ၊ ကျောင်းသား၊ ကျောင်းသူ၊ မိဘနဲ့ ဆရာ၊ ဆရာမများဟာ တွဲလက်ညီညီနဲ့ ပူးပေါင်းကြရမယ်။ ပညာတတ် လူသားအရင်းအမြစ်တွေ မွေးဖွားဖို့ဆိုရင်  သင်ကြားပေးတဲ့ ဆရာ၊ ဆရာမများရဲ့ စွမ်းပကားကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တာကို တွေ့ရပြန်တယ်။ နိုင်ငံတော်အနေနဲ့လည်း ဆရာ၊ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးကို စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်နေတယ်။ ဆရာ၊ ဆရာမများအနေနဲ့လည်း စာပေပညာ သင်ကြားပေးနိုင်ရုံမကဘဲ လူငယ်မျိုးဆက်သစ်လေးတွေကို နိုင်ငံ့သားကောင်းများအဖြစ် မှန်ကန်စွာ ရပ်တည်နိုင်သည်အထိ ထုဆစ်ပုံဖော်နိုင်ရပါမယ်။

ထုဆစ်ပုံဖော်လိုက်တဲ့ ပန်းပုရုပ်တစ်ရုပ်ရဲ့ကြွရွ လှပခံ့ညားနေမှုဟာ ပန်းပုဆရာကောင်းရဲ့ အယူအဆနဲ့ပညာ ဝမ်းစာပါ။ ဒီလိုပါပဲ။ လူငယ်မျိုးဆက်သစ်တွေကို  နိုင်ငံ့သားကောင်းအဖြစ် ထုဆစ်ပုံဖော်မယ့် ဆရာ၊ ဆရာမများရဲ့ ကဏ္ဍကလည်း အရေးကြီးပါတယ်။ ကိုယ့်စိတ်သန္တာန်မှာ ရှင်သန်နေတဲ့ အသိပညာတွေ၊ အတတ်ပညာတွေ၊ ခံယူချက်ကောင်းတွေ၊ နည်းနာနိဿယတွေဟာ တစ်နေ့နိုင်ငံ့မျက်နှာစာမှာ ပုံပေါ်လာစမြဲပါ။  ကိုယ်တည်ဆောက် ပေးလိုက်တဲ့ အနာဂတ်ဟာ တစ်နေ့ကိုယ့်ရဲ့ပစ္စုပ္ပန်တွေဖြစ်လာမယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်ဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့် ယနေ့နိုင်ငံတစ်ဝန်းက လူငယ်မောင်မယ်တစ်တွေဟာ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကလို့ဆိုတဲ့ ကျောင်းတော်အသီးသီးကို လျှောက်လှမ်းသွားကြပါ။ မိဘအပေါင်းကလည်း မိမိသားသမီးရဲ့ အနာဂတ်ဘဝ ကောင်းစားရေးမှသည် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ကောင်းတွေ မွေးဖွားစေရေးအထိ  ရည်မှန်းမြော်တွေးပြီး ကျောင်းတော်အသီးသီးဆီ  လက်တွဲလို့ခေါ်သွားချိန်တန်ပါပြီ။   ပညာရည်မြင့်မားဖို့ ဆိုရင် ဆရာ၊ ကျောင်းသား၊ မိဘတစ်တွေဟာ ကျောင်းတော်အတွေးမှသည် နိုင်ငံ့အရေးဆီထိ မြော်တွေးနိုင်မှသာ ဘဝအတွက်၊ နိုင်ငံတော်အတွက် ချိန်ကိုက်အံကျဖြစ်မည်ဆိုတဲ့ အကြောင်း စာပန်းချီခြယ်မှုန်းလို့ တိုက်တွန်းလိုက်ရပါတော့တယ်။      ။

တို့တစ်တွေခေတ်မှာ အသွင်သစ် အမြင်သစ်ဖြင့်….
-

လူသားတို့အနေဖြင့် အသက်ရှင်သန်နေသမျှ ကာလပတ်လုံး မိမိတို့၏လူနေမှုဘဝအတွက် ပညာသင်ကြားခြင်း၊ စီးပွားရှာဖွေခြင်းမှသည်  တတိယအရွယ်တွင် တရားဘာဝနာပွားများခြင်းတို့ကို ဆောင်ရွက်နေကြရမည်ဖြစ်သည်။  လူ့ဘဝသည်ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍ အရွယ်သုံးပါးပိုင်းခြားထားရှိသည်။ ပထမအရွယ်သည် ကိုယ်လက်လှုပ်ရှားမှု လျင်မြန်ဖျတ်လတ်ပြီး တက်ကြွနေသည့်အရွယ်ဖြစ်သည်။   ထိုအရွယ်သို့ရောက်နေသူတိုင်းသည် ဒုတိယအရွယ်နှင့် တတိယအရွယ်သို့  ရောက်ရှိနေသူများအတွက် ကူညီထောက် မပေးကြရမည်မှာ လောကဓမ္မတာဖြစ်သည်။  ထို့ကြောင့်ပထမအရွယ်တွင်  နိုင်ငံတော်အတွက် ကျရာတာဝန်များကို  က

လူသားတို့အနေဖြင့် အသက်ရှင်သန်နေသမျှ ကာလပတ်လုံး မိမိတို့၏လူနေမှုဘဝအတွက် ပညာသင်ကြားခြင်း၊ စီးပွားရှာဖွေခြင်းမှသည်  တတိယအရွယ်တွင် တရားဘာဝနာပွားများခြင်းတို့ကို ဆောင်ရွက်နေကြရမည်ဖြစ်သည်။  လူ့ဘဝသည်ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍ အရွယ်သုံးပါးပိုင်းခြားထားရှိသည်။ ပထမအရွယ်သည် ကိုယ်လက်လှုပ်ရှားမှု လျင်မြန်ဖျတ်လတ်ပြီး တက်ကြွနေသည့်အရွယ်ဖြစ်သည်။   ထိုအရွယ်သို့ရောက်နေသူတိုင်းသည် ဒုတိယအရွယ်နှင့် တတိယအရွယ်သို့  ရောက်ရှိနေသူများအတွက် ကူညီထောက် မပေးကြရမည်မှာ လောကဓမ္မတာဖြစ်သည်။  ထို့ကြောင့်ပထမအရွယ်တွင်  နိုင်ငံတော်အတွက် ကျရာတာဝန်များကို  ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဟူသော စိတ်ဓာတ်ကို နှလုံးသွင်းထားကြရမည် ဖြစ်သည်။

နိုင်ငံတိုင်းတွင် အရေးကြီးစွာ လုပ်ဆောင် နေကြရသည့် တာဝန်သည်  နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို    ကျေပွန်စွာ ထမ်းဆောင်ပေးနိုင်ကြမှသာ အထက်တွင်ဖော်ပြခဲ့သည့် ဒုတိယအရွယ်နှင့်တတိယအရွယ်ရှိ ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး ဆိုသည်မှာ နိုင်ငံအတွင်းမှီတင်းနေထိုင်သူတိုင်း၏ မွေးရာပါတာဝန်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်သည် တပ်မတော်တစ်ရပ်၏ အဓိကတာဝန် ဖြစ်သော်လည်း ထိုတာဝန်များ အောင်မြင်စွာဖြစ်ပေါ်နေစေရေးအတွက်   အရွယ်ရောက်သူနိုင်ငံသားတိုင်းက စစ်မှုထမ်းဆောင်ခြင်းဖြင့်   ပါဝင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် သူ့ကျွန်အဖြစ်နေခဲ့ရစဉ်ကာလ တစ်လျှောက်လုံး  နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အုပ်ချုပ်သူကိုလိုနီတို့က  တာဝန်ယူထားခဲ့သည်။ နိုင်ငံအတွက် အရေးကြီးဆုံးဖြစ်သည့်ကာကွယ် ရေးတာဝန်ကို မြန်မာတို့အား လွှဲအပ်ပေးမထားခြင်းမှာ သူတို့အုပ်ချုပ်နေသည့် အခွင့်အရေးဆုံးရှုံးသွားမည်ကို စိုးရိမ်၍ဖြစ်သည်။ ထို့ကြောင့် သခင်အောင်ဆန်းဦးဆောင်သောမြန်မာလူငယ် ၃၀ ဦးတို့သည် ကိုယ်ပိုင်တပ်မတော်တစ်ရပ် ဖြစ်ပေါ်ရေးအတွက်  သက်စွန့်ဆံဖျားပြည်ပသို့ ထွက်ခွာကာ စစ်ပညာများသင်ယူကြရသည်။

စစ်ပညာများသင်ယူတတ်မြောက်ပြီးသည့်အခါ ဗမာ့လွတ်လပ်ရေးတပ်မတော်( ဘီအိုင်အေ) ဦးဆောင်ဖွဲ့ စည်းခဲ့ကြသည်။ မြန်မာတို့တွင်  တပ်မတော်တစ်ရပ် ပေါ်ထွန်းလာသည့်အတွက် မြန်မာ့လွတ်လပ်ရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကာ  တိုက်ပွဲဝင်ခြင်း၊   အချေအတင်တောင်းဆိုမှုများပြုခြင်း စသည့်အကြမ်းနည်း၊ အနုနည်းတို့ဖြင့် လွတ်လပ်ရေးရရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းအား တပ်မတော်ကို ဦးဆောင်ပါဝင်ဖွဲ့စည်းတည်ထောင်ခဲ့သူ တပ်မတော်၏ ဖခင်အဖြစ် အသိအမှတ်ပြုထားသည်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း အစိုးရအဖွဲ့သို့ မဝင်ရောက်မီအချိန်အထိ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်၏ခေါင်းဆောင်ဖြစ်ခဲ့သည်။ တပ်မတော်နှင့်ပတ်သက်၍  ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမကြီး၌ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင်  ပြောကြားသည့်မိန့်ခွန်းတွင် “ဒီမြန်မာပြည်ကို ကျုပ်တို့  လွတ်လပ်ရေး ရတဲ့အခါမှာ ကျုပ်တို့မြန်မာတွေကသာလျှင် မြန်မာပြည်ကိုကာကွယ်ရမယ့် တာဝန်ဟာအဓိကဖြစ်တယ်။ တိုင်းပြည်ကာကွယ်ဖို့အတွက် မြန်မာပြည်မှာစစ်သားတွေ နည်းနေတယ်ဆိုလို့ရှိရင်  မြန်မာတိုင်း၊ မြန်မာတိုင်း အရွယ်ရောက်သူမှန်သမျှ၊ ကျန်းမာတဲ့လူမှန်သမျှ စစ်မှုမထမ်းမနေရဆိုပြီးတော့ အတင်းဥပဒေနဲ့  စစ်ထဲကိုထည့်ရလိမ့်မယ်။   နှစ်နှစ်တန်သည် သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ် ” ဟူ၍ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ကမ္ဘာ့အလယ်တွင်ရပ်တည်နေနိုင်ပြီဖြစ်သည်။ လွတ်လပ်ရေး ရရှိထားပြီဖြစ်၍ အဆိုပါ လွတ်လပ်ရေးကြီး ပြန်လည်မဆုံးရှုံးစေရေးအတွက် နိုင်ငံအတွင်း မှီတင်းနေထိုင်သူ အားလုံးက အသိတရားနှင့် သတိထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ကြရာတွင် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ပြည်သူ့စစ်မှုထမ်းတာဝန်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ သတ်မှတ်ထားသည့် အသက်အရွယ်နှင့် ကျန်းမာရေး ကောင်းမွန်သူမှန်သမျှသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ခြင်းဖြင့် သတ်မှတ်ကာလ စစ်မှုထမ်းဆောင်ခြင်း ပြုကြရမည်မှာ တာဝန်တစ်ရပ်ဖြစ်သည်။

လူငယ်ဆိုသည်မှာ စိတ်ဓာတ်တက်ကြွနေသည့် အရွယ်ဖြစ်ပြီး   အရာရာကိုအောင်မြင်အောင် ကြိုးစား လိုစိတ်ရှိသူများ ဖြစ်သည်။ အထူးသဖြင့် ယှဉ်ပြိုင်လိုစိတ်ကြီးမားသူများ ဖြစ်သည်။ မိမိနှင့်သက်တူရွယ်တူ သူငယ်ချင်းတစ်ဦး  တတ်မြောက်သည့်ပညာ၊ လုပ်ကိုင်နိုင်သည့် စွမ်းရည်ရှိနေလျှင် “ငါလည်း သူ့လိုဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ” ဟူသောစိတ်ဓာတ်ရှိသူများ ဖြစ်သည်။

ထို့ကြောင့် မိမိပတ်ဝန်းကျင်မှလူငယ်များ ပြည်သူ့စစ်မှုထမ်းသင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီး မြောက်လျှင် မိမိကရောဘာကြောင့်  မတက်ရောက်နိုင်ရမှာလဲဟူသော  အားမာန်ပြည့်ဝသည့် စိတ်ကိုမွေးမြူရမည်ဖြစ်သည်။  အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းများတက် ရောက်ရန် သင်တန်းများ ဖွင့်လှစ်ခြင်း၊ သင်တန်းများပြီးမြောက်ခြင်း အခမ်းအနားများတွင် သူတို့ပြောကြားသည့် ရင်တွင်းစကားသံများကို သတင်းမီဒီယာများတွင် ကြားမြင်ဖတ်ရှုကြရသည်မှာ  လွန်စွာအားရဖွယ်ကောင်းလှသည်။

ဆရာဇော်ဂျီဖွဲ့ဆိုခဲ့သည့် “ရှေးခေတ်ပုဂံပြည်” ကဗျာထဲက စာသားများကိုမြင်ယောင်မိသည်။ ပုဂံခေတ်ကလူငယ်များ စစ်ပွဲတွေမှာအောင်လံတွေတလူလူလွှင့်ပြီး နေပြည်တော်ကိုပြန်ဝင်လာကြသည်။ တိုင်းသူပြည်သားများက အားရဝမ်းသာကြိုဆိုကြသည်။ အမေဖြစ်သူက သူ့သားကိုကြည့်ပြီး တအံ့တဩဖြစ်နေသည်။    ဤသည်ကို  ဆရာဇော်ဂျီက “လာစမ်းဟဲ့ မေ့သား၊ အမယ်မင်းထွားလိုက်တာ၊ စစ်သားကြီးလုံးလုံး  ဗိုလ်မှူးကြီးရှုံးလောက်ရဲ့၊ ပခုံးနဲ့လက်ပြင် ကြောခြင်က သံချောင်း၊ တစ်နှစ်တွင်းမှာ ချက်ချင်းပဲပြောင်းရော့၊ ကောင်းလိုက်ပေ့ မေ့သား၊ ဤဇမ္ဗူတစ်လူရှားလောက်ရဲ့”ဟူ၍ဖွဲ့ဆိုထားသည်မှာ တပ်မတော်သားဖြစ်ရခြင်းကို အလွန်ပင် ဂုဏ်ယူကြကြောင်း အထင်ကရ ပြဆိုနေခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းများသည်နိုင်ငံတော်၏ အကျိုးအတွက်ဖြစ်သလို   လူငယ်များ၏ ကောင်းကျိုးအတွက်လည်းဖြစ်သည်။ လူငယ်ဆိုသည်မှာ စိတ်လွတ်ကိုယ်လွတ်  နေထိုင်လေ့ရှိတတ်သည်။

စားချိန်မမှန်၊ အိပ်ချိန်မမှန်  ဖြစ်တတ်သည်။ အပေါင်းအသင်းမှားယွင်းတတ်သည့်အခါ  ဆေးလိပ်၊ အရက်မှ အစပြုကာ နောက်ဆုံးတွင်   မူးယစ်ဆေးဝါး၏သားကောင်ဖြစ်ကာ  ငယ်ငယ်ရွယ်ရွယ်နှင့်  အသက်ဆုံးရှုံး သွားတတ်ကြသည်။ မိသားစုအတွက်၊ နိုင်ငံအတွက် မည်သည့်အတွက်မျှအကျိုးမရှိဘဲ အသက်ကို ဆုံးရှုံးခံလိုက်ကြရသည်မှာ လွန်စွာစိတ်မချမ်းမြေ့ဖွယ် ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း  သင်တန်းတက်ရောက်ပြီးသွားသည့် လူငယ်တို့မှာ ကိုယ်နေဟန်ထားမှ အစအချိုးကျ ပြေပြစ်သွားသည်။ နေ့စဉ်အချိန်နှင့်အမျှ အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုပြီး တပ်မတော်သားတစ်ယောက် တတ်သင့် တတ်ထိုက်သည့် ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခြင်းဖြင့် အဆိုပါ လူငယ်တို့သည် ပုဂံခေတ်လူငယ်များကဲ့သို့ ဖြစ်လာပေလိမ့်မည်။ မိမိတို့ကို မွေးဖွားပေးလိုက်သည့် မိခင်များကိုယ်တိုင်က အံ့ဩသောအကြည့်များနှင့်ကြည်နူးဝမ်းမြောက်စွာကြည့်နေပေလိမ့်မည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နေထိုင်သည့်နိုင်ငံဖြစ်ပေရာ နိုင်ငံအတွက် အရေးကြီးဆုံး အချက်များမှာ   “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး” တို့ဖြစ်သည်။ အဆိုပါအချက်များကို ဒို့တာဝန်အရေးသုံးပါးဟူ၍ သတ်မှတ်ထားရှိသည်။ ဒို့တာဝန်အရေးသုံးပါးသည် နိုင်ငံသားတိုင်းလိုက်ပါစောင့်ထိန်းရမည်ဖြစ်သကဲ့သို့ တပ်မတော်သားတို့ အတွက်လည်း အမျိုးသားနိုင်ငံရေး တာဝန်များဖြစ်သည်။ ဤသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပျက်ကွက်နေလျှင်၊ ပေါ့လျော့နေလျှင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဆုံးရှုံးသွားမည်မှာ အမှန်ဖြစ်သည်။  ရှေးကဘိုးဘွားတို့သည် “တို့ခေတ်ရောက်မှညံ့ကြတော့မှာလား”ဟူသော ဆောင်ပုဒ်ကိုလက်ကိုင်ထားကာ ခပ်ညံ့ညံ့ မဖြစ်ရေးကို သတိပေးလျက်ရှိကြသည်။

ယနေ့ကာလတွင် လက်ရှိရောက်ရှိနေသည့် လူငယ်များအနေဖြင့်လည်း တို့ခေတ်ရောက်မှ တို့ညံ့နေသည့် အဖြစ်မျိုးကို ခံကြရမှာလား။ သူကပြည်သူ့စစ်မှုထမ်းအဖြစ် ခေါင်းမော့ရင်ကော့ကာ တာဝန်ကို ထမ်းဆောင်နိုင်လျှင် ငါကရောမထမ်းဆောင်နိုင်ဘူးလား။  ထမ်းဆောင်နိုင်ရမှာပေါ့၊ မင်းလည်းယောက်ျား ငါလည်းယောက်ျားပဲလေ၊  မင်းသတ္တိရှိရင် ငါလည်းသတ္တိရှိတာပေါ့ဟူသော  စိတ်ဓာတ်ကိုမွေးမြူကြရမည် ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆိုတာ  မြန်မာနိုင်ငံတစ်နိုင်ငံတည်းကွက်ပြီး ကျင့်သုံးနေသည့်စနစ်မဟုတ်ပေ။ နိုင်ငံတိုင်းလိုလိုက မိမိနိုင်ငံကာကွယ်ရေးအတွက် ကျင့်သုံးနေသည့်စနစ်တစ်ခုဖြစ်သည်။ နိုင်ငံတိုင်းမှာ ကျင့်သုံးသင့်သည့်စနစ်တစ်ခုလည်းဖြစ်သည်။

ဆိုရိုးစကားတစ်ခုတွင် “အန္တရာယ်ကိုကြောက်ရွံ့နေသူအတွက်  အန္တရာယ်ဆိုသည်မှာအမြဲရှိနေပြီး  မိမိကိုယ်ကို စိတ်ဆင်းရဲအောင် ပြုနေမည်ဖြစ်သည်”ဟူ၍ဆိုထားသည်။ မဖြစ်မနေထမ်းဆောင်ရမည့် တာဝန်ကို ရှောင်လွှဲနေခြင်းမှာ သူရဲဘောနည်းသည့်စိတ်ဓာတ်ဖြစ်သည်။ ရှက်စရာအလွန်ကောင်းသည့်စိတ်ဓာတ်ဖြစ်သည်။ ထို့ကြောင့်လူငယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်များကို  ကျေပွန်စွာထမ်းဆောင်ရင်း နိုင်ငံနှင့်လူမျိုး၊ မိမိတို့မိသားစုအတွက် ဂုဏ်ယူဝင့်ကြွားနိုင်ကြရမည်ဖြစ်သည်။

နိုင်ငံတိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများရှိကြသည်။ အဆိုပါဥပဒေတွင် နိုင်ငံသားများအတွက် အခွင့်အရေးများအပြည့်အဝ ပေးထားသကဲ့သို့ ထမ်းဆောင်ရမည့်တာဝန်များကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ခိုင်ခိုင်မာမာရှိထားသည်။

အဆိုပါ ဥပဒေတွင်လည်း နိုင်ငံသားများ အခွင့်အရေးကို သတ်မှတ်ထားသကဲ့သို့ ထမ်းဆောင်ရမည့် တာဝန်များကိုလည်း သတ်မှတ်ပေးထားသည်။

အဆိုပါပြဋ္ဌာန်းချက်များမှ ကောက်နုတ်ဖော်ပြရလျှင် “ပုဒ်မ ၃၈၅။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန် ဖြစ်သည်။

ပုဒ်မ ၃၈၆။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူ၍ဖြစ်သည်။ အဆိုပါ တာဝန်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မိန့်ကြားခဲ့သော မိန့်ခွန်းကိုလည်း  အထက်တွင်  ကောက်နုတ်ဖော်ပြထားပြီး ဖြစ်သည်။

လူငယ်အများအပြား လုပ်ဆောင်နိုင်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို မိမိလည်း ကျေပွန်စွာ ထမ်းဆောင်မည် ဟူသောလူငယ်တို့ကို   နိုင်ငံတော်က အားရဝမ်းသာ ကြိုဆိုလျက်ရှိသည်။ သင်တန်းတက် နေစဉ်ကာလတွင် လိုလေသေးမရှိအောင်   တာဝန်ရှိသူများက ကူညီပံ့ပိုးပေးနေသည်မှာ  အားရဖွယ် ကောင်းလှသည်။ သူတို့အတွက်ပီတိဖြစ်ရသည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တန်ဖိုးထား ထမ်းဆောင် သူများအတွက် နိုင်ငံတော်အစိုးရတာဝန်ရှိသူများ၊   တပ်မတော်ကတာဝန်ရှိသူများက ပံ့ပိုးကူညီ ထောက်ပံ့မှုပေးခြင်း၊ ဂုဏ်ပြုကြိုဆိုခြင်းတို့မှာ အခြားသောလူငယ်တို့က  အားကျရပေမည်။  သူတို့နေရာမှာ ငါလည်းဘာဖြစ်လို့ နိုင်ငံတော်ကာကွယ်ရေး တာဝန်မထမ်းဆောင်နိုင်ရမှာလဲ  ဟူသော စိတ်ဓာတ်ဖြင့် အားကျမခံထမ်းဆောင်ကြရမည် ဖြစ်သည်။    ပြည်သူ့စစ်မှုထမ်းတာဝန်မှာ   ရှောင်လွှဲ၍မရနိုင်သလို ရှောင်လွှဲနေ သူတို့မှာလည်း ရှက်ဖွယ်ကောင်းလှသည်။

လူငယ်တိုင်း၏စိတ်တွင်အကောင်းမြင်စိတ်ကိုမွေးမြူကြရမည်။

အကောင်းမြင်စိတ်ဖြင့် ကြည့်ရှုကြရမည်။ နိုင်ငံပျက်စီးရေးကိုရှေးရှုလုပ်ဆောင်နေသည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားတို့၏ အဖျက်စကားများကို နားမယောင်မိရန် လိုအပ်သည်။ နားယောင်မိပါက မိမိတို့ ဘဝရှေ့ရေးအတွက် ပျက်စီးရေးလမ်းကြောင်းကိုသာ ရောက်ရှိမည်ဖြစ်သည်။ နောင်တဆိုသည်မှာ ကောင်းသော အရာမဟုတ်ပေ။ သူတစ်ပါး၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လူငယ်များလမ်းမှား ရောက်သွားကြပြီး နောင်တရနေကြပြီ ဖြစ်သည်။ အမှားကို မှားမှန်းသိ၍ ပြန်လာချင်သော်လည်း ပြန်လာခွင့်မရသည့် အခြေအနေမျိုး ဖြစ်သည်။ နောင်တဆိုသည်မှာ နောက်ကျခြင်း၏ ရလဒ်၊ ဆုံးရှုံးခြင်း၏ အဓိပ္ပာယ်၊ ဝမ်းနည်းခြင်း၏ အထိမ်းအမှတ်သာဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိသည်။  မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ မိမိတို့သည် နိုင်ငံသားတစ်ဦး ဖြစ်သည့်အတွက် “ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်ကြီး ပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟူသောပြဋ္ဌာန်းချက်နှင့်အညီ လိုက်ပါကျင့်သုံးကြရမည် ဖြစ်သည်။ နိုင်ငံတော်အတွက် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရခြင်းမှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ပေါ်ထွန်းစေရေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင် ထမ်းဆောင်ရခြင်း ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်က တာဝန်ပေးသည့်အလျောက် အဆိုပါတာဝန်အရ ခံစားပိုင်ခွင့် အခွင့်အရေးများကိုလည်း အပြည့်အဝပေးလျက်ရှိသည်။  ဤသည်ကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ဖော်ပြပေးထားပြီး ဖြစ်သည်။ လူငယ်များအနေဖြင့် အလုပ်တစ်ခုကို ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ကြည့်ပါ။ အဖျက်သမားတို့၏စကားတွင်လမ်းဆုံးမနေပါနှင့်။ ပြည်သူ့စစ်မှုထမ်း တာဝန်သည် မိမိအတွက် ဂုဏ်သိက္ခာမြင့်မားသော အလုပ်ဖြစ်သည်။ ထို့ကြောင့်ယနေ့လူငယ်များခေတ်တွင် “တို့တစ်တွေခေတ်မှာ အသွင်သစ် အမြင်သစ်ဖြင့်…” ပျော်ပျော်ရွှင်ရွှင်  ပြည်သူ့စစ်မှုထမ်းကြပါစို့။   ။

MWD Web Portal

အာကာမောင်မောင်

တိုးတက်လာသောနည်းပညာနှင့် လူငယ်တို့၏အနာဂတ်များ
-

လူသားတို့၏သက်ရှိကမ္ဘာကြီးသည် ခေတ်အမျိုးမျိုးကိုဖြတ်သန်းလာခဲ့ကြရသည်။ ကျောက်ဖြင့်ပြုလုပ်ထားသော လက်နက်များနှင့်ခုတ်ထစ်ဖြတ်တောက်အသုံးပြုသောအချိန်ကာလကို ကျောက်ခေတ်ဟူ၍လည်းကောင်း၊ ကြေး၊ သံတို့ကို ကိုင်ဆောင်လာသောခေတ်ကိုကြေးခေတ်ဟူ၍လည်းကောင်း   အမည်အမျိုးမျိုးခေါ်တွင်ကာ ဖြတ်သန်းလာရပြီဖြစ်သည်။ ယခုအခါ လူသားတို့၏ ဉာဏစွမ်းရည်တို့ဖြင့် သင်္ဘော၊ ရထား၊ လေယာဉ်၊ ကားစသောအရာများကို တီထွင်နိုင်ခဲ့ပြီး ကမ္ဘာမြေပြင်တစ်ခွင်သွားလာနိုင်ခြင်းသည် ပညာရပ်များဖွံ့ဖြိုးတိုးတက်လာခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့်  ယနေ့ခေတ်ကို “နည်းပညာခေတ်”ခေါ်ဆိုရမည်မှာ စင်စစ်အမှန်ပင်ဖြစ်သည်။

နည်းပညာကား လူသားတို့၏နေ့စဉ်ဘဝရှိ အခန်းကဏ္ဍအသီးသီး၌မသိမသာဝင်ရောက်နေပြီး  ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသော အခြေအနေများတွင် အလွန်အရေးပါသော အရာတစ်ခုဟုဆိုလျှင်လည်း မမှားနိုင်ပေ။ ထိုသို့နည်းပညာတိုးတက်လာမှုကြောင့် လူသားများအဆင်ပြေမှုရရှိရုံသာမကကမ္ဘာ့အကွာအဝေးများကို နည်းလမ်းအသစ်များဖြင့်အချိန်တိုအတွင်းဖယ်ရှားပေးနိုင်သော ခေတ်တစ်ခုလည်းဖြစ်လာသည်။ ထို့ကြောင့်“နည်းပညာသည် လူသားတို့၏ ဘဝမျှော်မှန်းချက်များနှင့်အခွင့်အလမ်းများကို  ဖန်တီးပေးသောလက်နက်တစ်ခုဖြစ်လာသည်” ဟု  ဆိုနိုင်သည်။

သို့သော် နည်းပညာသည် လူသားတို့အတွက် များစွာသောအခွင့်အလမ်းများကို  ပေးစွမ်းနိုင်ရုံသာမက  အချို့အခြေအနေများတွင်လူသားတို့၏ ကိုယ်ရည်ကိုယ်သွေးကို နွံထဲတွင်နှစ်မြှုပ်တတ်ပေသည်။ ထို့ကြောင့် နော်ဝေသမိုင်းပညာရှင်  Christian Lous Longue က"Technology is a useful servant but dangerous master" “နည်းပညာကား အသုံးဝင်သောအစေခံတစ်ယောက်ဖြစ်သလို အန္တရာယ်ရှိသော အုပ်ချုပ်သူတစ်ဦးလည်းဖြစ်တယ်”ဟုဆိုလေသည်။သိပ္ပံပညာရှင်များက နည်းပညာများကို လူနေမှုဘဝများလွယ်ကူမြန်ဆန်စေရန် ခေတ်အဆက်ဆက်မှ စတင်ကာဖန်တီးလာကြသည်။

သို့သော် အဆိုပါဖန်တီးမှုများကို လူသားများအလွယ်တကူနားလည်ရန် ခက်ခဲလွန်းလှသည်။ ထို့ကြောင့် လူသားတို့က  အထက်ပါနည်းပညာများကို  နားလည်အောင်သင်ယူလေ့လာရန်  အရေးကြီးပေသည်။

အဘယ်ကြောင့်ဆိုသော်  “ကိုယ်က နည်းပညာနှင့်မပတ်သက်ချင်ရင်တောင်မှ  နည်းပညာက ကိုယ့်ရဲ့အလုပ်နဲ့ လာပတ်သက်နေတယ်”ဟူသောစကားအတိုင်း နည်းပညာကား လူသားတို့ဘဝအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်နေသောကြောင့်ဖြစ်သည်။

ဆက်လက်၍  ယနေ့ခေတ်လူသားတို့၏  သက်ရှိကမ္ဘာကြီးတွင် နည်းပညာတိုးတက်မှုသည်  တရိပ်ရိပ်မြင့်တက်လာကာ  အနာဂတ်တွင်မောင်းသူမဲ့ကား၊ မောင်းသူမဲ့လေယာဉ်၊ မောင်းသူမဲ့သင်္ဘောများကို auto စနစ်များအသုံးပြုလာကြရန် ရည်မှန်းထားပြီး ကိုယ်တိုင်ပင်ပင်ပန်းပန်းအလုပ်လုပ်နေရန်မလိုတော့ဘဲ  အမိန့်ပေးရုံနှင့်အလိုအလျောက် အလုပ်လုပ်ပေးသည့် ဉာဏ်ရည်တုစက်ရုပ်များကို အစားထိုးအသုံးပြုလာကြသည်။ ထိုစက်ရုပ်များကြောင့် ယခုအချိန်တွင် စက်ရုံအလုပ်ရုံများ၌ လူအင်အားသုံးမည့်အစား ထုတ်ကုန်လွယ်ကူမြန်ဆန်စေရေးအတွက် စက်ရုပ်ကိုအစားထိုးအသုံးပြုလာကြသည်။ ထိုနည်းတူပင် ယခင်က စိုက်ပျိုးရေးကဏ္ဍတွင် နွား၊ ကျွဲနှင့် လူအင်အားကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးခဲ့ရသည်။ ထိုမှတစ်ဆင့် လယ်ထွန်စက်များ၊ စပါးခြွေလှေ့စက်များပေါ်လာသဖြင့် အချိန်ကုန်ငွေကုန်သက်သာလာပေသည်။   ယနေ့ခေတ်တွင်   အချို့သောတိုင်းပြည်များ၌  မောင်းသူမဲ့လယ်ထွန်စက်များပေါ်လာသလို ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ကို အရင်လိုနေပူကျဲကျဲတွင်  သွားဖျန်းရန်မလိုတော့ဘဲ အဝေးထိန်းစနစ်(Drone)ဖြင့် လယ်ကွင်းများကို အဝေးကပင်ထိန်းချုပ်ရေလောင်းလာကြသည်များရှိသည်။  ထို့ကြောင့်   ဉာဏ်ရည်တုစက်ရုပ်စနစ်ကားအနာဂတ်အလုပ်အကိုင်များကို ထိခိုက်စေနိုင်သလို အလုပ်လက်မဲ့များလည်းပေါများလာမည်မှာ ဧကန်မုချပင်ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် နောင်အနာဂတ်တွင် ကောင်းစွာရပ်တည်နိုင်ရန် နည်းပညာဆိုင်ရာ အခြေခံသဘောတရားများနှင့်ဝေါဟာရများကို မျက်ကွယ်မပြုဘဲ တတ်သိနားလည်ရန်လိုပေသည်။

ထို့ပြင် ခေတ်သစ်နည်းပညာတိုးတက်မှုအနက် AI (Artificial Intell-igence) သည် လူငယ်များအတွက် အရေးပါသောလက်နက်တစ်ခုအဖြစ် သုံးစွဲလာပြီဖြစ်သည်။ ပညာရေး၊ အလုပ်အကိုင်၊ ဖန်တီးမှုလုပ်ငန်းများနှင့် နည်းပညာဖွံ့ဖြိုးမှုများအထိ AI သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာသည်။ ထိုနည်းပညာတွင်လည်း ကောင်းကျိုးနှင့်ဆိုးကျိုးဟူ၍ ဒွန်တွဲလျက်ရှိနေပါသေးသည်။ ChatGPT၊ Google Gemini၊ Claude စသော applications တို့က လူငယ်များအတွက် စာမေးပွဲပြင်ဆင်ခြင်း၊ သုတေသနရေးခြင်းအတွက် အထောက်အကူပြုပေးနိုင်သလို အလုပ်လျှောက်လွှာရေးသားခြင်းနှင့် Freelance အလုပ်များတွင်လည်း လုပ်ငန်းကို ပိုမိုထိရောက်မြန်ဆန်စွာ ပြီးမြောက်စေသည်။ ထို့ပြင် AI Art Generator နှင့် content tools တို့ဖြင့် လူငယ်များ၏ဖန်တီးမှုစွမ်းရည်ကို တိုးတက်လာစေနိုင်သည်။

သို့သော် စက်ရုံအလုပ်များတွင် AI စက်ရုပ်ကို အစားထိုးလာကြသဖြင့် အလုပ်လက်မဲ့များလာခြင်း၊ သတင်းအချက်အလက်များမှားယွင်းနိုင်ခြင်းနှင့် ဖန်တီးမှုမူပိုင်ခွင့်များ ပျောက်ဆုံးနိုင်ခြင်းဆိုသည့် ဆိုးကျိုးများလည်းရှိနေသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် မိမိအနာဂတ်အတွက် ပြင်ဆင်ရာတွင် “နည်းပညာသုံးစွဲသူ” ဖြစ်ရန်သာမက  “နည်းပညာကို ထိန်းချုပ်တတ်သူ” ဖြစ်လာရန်လိုအပ်သည်။ လူ့အဖွဲ့အစည်းအား ထိခိုက်စေသောနည်းလမ်းမဟုတ်ဘဲ နည်းပညာနှင့်အတူ တိုးတက်နိုင်ရေးအတွက် AI(ဉာဏ်ရည်တု)ကို နည်းလမ်းမှန်ကန်စွာ သုံးစွဲရန်လည်းလိုအပ်သည်။ ထိုအကြောင်းကို Albert Einstein က  “နည်းပညာသည် လူ့ဘဝကို ပိုမိုကောင်းမွန်စေသော်လည်း  တစ်ခါတစ်ရံမှန်ကန်စွာသုံးစွဲခြင်းမရှိလျှင် အနာဂတ်အတွက် ဆိုးကျိုးဖြစ်နိုင်ပါသည်” ဟု ပြောခဲ့သည်။AI ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကိုသိရှိ၍ လူငယ်များအနေဖြင့် နည်းပညာကိုမှန်ကန်စွာဆင်ခြင်သုံးစွဲရန်မှာ အရေးကြီးလှသည်။

နည်းပညာအမျိုးမျိုးရှိသည်။ ယနေ့ခေတ်တွင် အဓိကအသုံးပြုနေသောနည်းပညာများမှာ ဆက်သွယ်ရေးနည်းပညာ၊ စက်ရုပ်နည်းပညာ၊ပညာရေးနည်းပညာ၊ စီးပွားရေးနည်းပညာ၊ စိုက်ပျိုးရေးနည်းပညာ၊သတင်းနည်းပညာ၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ ထိန်းချုပ်၊ စောင့်ကြည့်ရေးနည်းပညာ၊ ဉာဏ်ရည်တုနည်းပညာတို့ဖြစ်ကြသည်။

နည်းပညာဟုဆိုလျှင်လူတိုင်းကသတင်းနှင့်ဆက်သွယ်ရေးနည်းပညာ(IT)ကိုသာစိတ်ထဲ၌ပြေးမြင်မိကြမည်မှာအမှန်ဖြစ်သည်။ITဟုပြောလိုက်ပြီဆိုလျှင်လူသားတို့နှင့်အမြဲအတူတကွရှိနေသောဖုန်း၊ကွန်ပျူတာ၊အင်တာနက်တို့လည်းပါဝင်လာကြပြီဖြစ်သည်။ရှေးယခင်ကလူတစ်ဦးနှင့်တစ်ဦးဆက်သွယ်ရာတွင်အသံပေး၍သော် လည်း ကောင်း၊အချက်ပြ၍သော်လည်းကောင်း ဆက်သွယ်ခဲ့ရသည်။ ယခုဆိုလျှင်နည်းပညာတစ်ဟုန်ထိုးတိုးတက်လာမှုကြောင့် ဆက်သွယ်ရေးစနစ်ပိုမိုကျယ်ပြန့်ကာ ကမ္ဘာ့တစ်ဝန်းရှိလူတို့နှင့် အလွယ်တကူစကားပြောလာနိုင်ပြီဖြစ်သည်။ ယခုခေတ်တွင် "အီးမေးလ်(Email)၊ messenger၊Whats App" စသောလူမှုကွန်ရက်များမှ တစ်ဦးနှင့်တစ်ဦး မိုင်ပေါင်းမည်မျှပင်ဝေးလံသောအရပ်တွင်ရှိစေကာမူ ပြောဆိုလာနိုင်ပြီဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာစုစည်းမှုများနှင့် စီမံခန့်ခွဲမှုများအတွက် အမေရိကန်စစ်တပ်က ယခုအချိန်ထိ အီးမေးလ်စနစ်အား အသုံးပြုနေကြောင်း၂၀၂၄ ခုနှစ် CNN ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။ အလားတူပင် အီးမေးလ်သည် နိုင်ငံတကာ၏ စီးပွားရေးကဏ္ဍတွင်လည်း အထူးအရေးပါသည်။ ဖုန်း၊ ကွန်ပျူတာနှင့် အင်တာနက်များသည် နည်းပညာအားလုံး၏ သတင်းဒေတာအချက်အလက်များအား ထည့်သွင်းရှာဖွေရာတွင်သုံးသောကိရိယာများဖြစ်သော်လည်း အကျိုးရှိစွာအသုံးချတတ်ရန်လိုပေသည်။

ယခုလို အဘက်ဘက်မှ တိုးတက်နေသောခေတ်တွင် နည်းပညာသည် လူသားတို့အတွက် ကောင်းကျိုးများပေးစွမ်းနေသလို ဆိုးကျိုးများကိုလည်းပေးနိုင်ပေသည်။ လူငယ်များသည် Facebook၊ YouTube၊ TikTok၊Instagram၊ ဂိမ်း(game) စသောပလက်ဖောင်းများကို အလွန်အကျွံသုံးစွဲကာ အချိန်ဖြုန်းလာကြသည်။ ထိုမှတစ်ဆင့် လူငယ်များလမ်းမှားရောက်ကာ ဘဝတက်လမ်းရပ်တန့်သွားကြရသည်။  သို့သော် တချို့ကလည်း ၎င်းပလက်ဖောင်းများမှတစ်ဆင့် ဘဝတိုးတက်အောင်မြင်သွားသူများလည်းရှိပေသည်။ ၎င်းကို  Microsoft ကုမ္ပဏီ၏အရာရှိတစ်ဦးဖြစ်သော Bill Gates က “နည်းပညာကိုကောင်းစွာအသုံးပြုသူသည် အောင်မြင်မှုကိုဆွတ်ခူးရလိမ့်မည်၊ နည်းလမ်းမှားစွာသုံးမိသူက ဘဝလမ်းပျောက်ရမည်” ဟုဆိုထားသည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းက“ယနေ့ကမ္ဘာကြီးသည် ကမ္ဘာ့ရွာကြီးတစ်ခုဟု တင်စားခေါ်ဝေါ်ရလောက်အောင်အလျင်အမြန်တိုးတက်နေသည်။ ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းမှအဖြစ်အပျက်များကို  အချိန်နှင့်တစ်ပြေးညီသိနိုင်ပြီဖြစ်သည်။ ထိုသို့ပြောင်းလဲတိုးတက်နေသောကမ္ဘာကြီးနှင့်    မျက်ခြည်မပြတ်ရန် နည်းပညာများတတ်မြောက်အောင်ကြိုးစားသင့်သည်”ဟူ၍အမှာစကားဆိုခဲ့သည်။ အနာဂတ်ကာလများတွင် နည်းပညာကိုအကျိုးရှိရှိအသုံးပြုသူတို့၏   စီးပွားရေးအလုပ်အကိုင်များမှာ  လွယ်ကူ၊ သက်သာ၊ မြန်ဆန်၊ တိုးတက်သွားမည်မှာ ဧကန်အမှန်ပင်ဖြစ်ပြီး ၎င်းအားကောင်းစွာ   မသုံးတတ်သူများ၏အလုပ်အကိုင်များမှာ   နောက်ကျကျန်ခဲ့ရမည့်ကိန်းဆိုက်လာသည်။ အနာဂတ်သည် လူငယ်တို့၏လက်ထဲတွင်ရှိသည်ဟု ဆိုကြသည်။

ထို့ကြောင့် အနာဂတ်ကမ္ဘာကြီးနှင့်အတူလိုက်ပါနိုင်ရန်  လူငယ်များလက်ထဲတွင် နည်းပညာကျွမ်းကျင်မှုရှိရန်လိုသည်။ နည်းပညာသည် လူသားများ၏ဘဝအတွက် တိုးတက်မှုနှင့်အတူ အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနေပြီး ပညာရေး၊ စီးပွားရေးနှင့် ကမ္ဘာ့ပတ်ဝန်းကျင်အတွက် အရေးပါသည့်လုပ်ဆောင်ချက်များပြုလုပ်ပေးနေသည်။ သို့သော်နည်းပညာသည် ကောင်းသောလက်နက်တစ်ခုဖြစ်သော်လည်း လိုအပ်သည်ထက်ပို၍အသုံးပြုသောအခါ  အန္တရာယ်ကိုပေးနိုင်သော အစွမ်းလည်းရှိသည်။ ထို့ကြောင့် ယနေ့ကမ္ဘာကြီးသည် တိုးတက်လာသောနည်းပညာနှင့်အတူ ပိုမိုတောက်ပလာနိုင်ရန် ခေတ်လူငယ်များသည် နည်းပညာပေါင်းစုံကိုလေ့လာကာ မှန်ကန်စွာအသုံးပြုခြင်းနှင့်မတရားအသုံးပြုမှုများမှလွတ်ကင်းရန် အရေးကြီးလှကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

Source: Myawady Web Portal

Photo- Linkedln

မေသူ

ငါတို့မှ မလုပ်ရင် …
-

“အခုချီးမြှင့်ခံရတဲ့ ဆုတံဆိပ်တွေရချင်လို့ တိုက်ခဲ့တာမဟုတ်ဘူး၊ ခုလို ရမယ်မှန်းလည်း မသိပါဘူး၊ ငါတို့ မြန်မာပြည်လွတ်လပ်ဖို့ အတွက်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ တိုက်ခဲ့ တာ၊ ငါတို့ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ အခက်အခဲ ငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲ” ဆိုတဲ့ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယ အဆင့် တပ်ကြပ်ဘချော(ငြိမ်း)ရဲ့  ပြော စကား မှတ်သားနားထောင်ခဲ့ရပါသည်။

အသက် ၉၈ နှစ်အရွယ်သို့ ရောက်ရှိနေ သည့်တိုင် အားမာန်အပြည့်ဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက်၍ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့မှုကို ပြန်လည် အမှတ်ရပြောပြခြင်းဖြစ်သည်။ အသက် အရွယ်ကြီးရင့်သော်လည်း  နိုင်ငံအပေါ်ထားရှိသော စိတ်ထားမှာ နုပျိုလတ်ဆတ် ဆဲ၊ သန်မာနေဆဲ၊ မျိုးချစ်စိတ်အပြည့်ရှိနေ ဆဲဖြစ်ကြောင်း သူ့စကားများက သက်သေ ထူနေသည်။ ဂျပန်ခေတ်တော်လှန်ရေးများ တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက် ခဲ့မှုများကို အားပါးတရ စိတ်အားထက်သန်စွာ လက်သီးလက်မောင်းတန်းကာ ပြန် ပြောပြသည်။ နောင်လာနောက်သားများ အတွက် အတုယူမှတ်သားထိုက်သော လွတ်လပ်ရေးမော်ကွန်းဝင်တစ်ဦး၏ အမှာ စကားလည်းဖြစ်သည်။

နှစ်(၈၀)ပြည့်တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်ကြမည့် အငြိမ်းစား တပ်မတော်အရာရှိကြီး များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဂါရဝပြုကြသည်။ ဤသည်မှာ တပ်မတော်၏ ကောင်းသော အစဉ်အလာဖြစ်သည်။ တပ်မတော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေကြသူများသည် တပ်မတော်တာဝန်များကို လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်နေသူ များဖြစ်သည်။ တပ်မတော်အငြိမ်းစားအရာရှိများ သည် ယင်းတို့၏မိဘဆရာသမားများ ဖြစ်သည်။ ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ အထက်အောက် ရိုသေလေးစားမှုဖြင့် ဂါရဝပြုကန်တော့ခြင်းသည် တပ်မတော်၏ကောင်းမြတ်သည့်အစဉ်အလာကောင်းတစ်ခုပင်ဖြစ်သည်။ နှစ်(၈၀)ပြည့် တပ်မတော်နေ့ တွင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကိုဂါရဝပြုသည့်နည်းတူ လွတ်လပ်ရေးမော်ကွန်းဝင်   ပုဂ္ဂိုလ် များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးတို့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌    လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်တို့ ၏သုံးကြိမ်တိုင်တိုင် မတရားကျူးကျော် သိမ်းပိုက်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး သူ့ကျွန်ဘဝဖြင့်နှစ်ပေါင်း (၁၂၃) နှစ်တိုင် နေထိုင်ခဲ့ရသည်။ နယ်ချဲ့တို့၏ ကုပ်သွေးစုပ် အမြတ်ထုတ်မှုကိုခံခဲ့ရသကဲ့သို့ ဖက်ဆစ် ဂျပန်တို့၏ အနိုင်ကျင့်နှိပ်စက်မှုကို လည်း ကြုံတွေ့ခံစားခဲ့ရသည်။ကျွန်ဘဝမှလွတ်မြောက်၍ လွတ်လပ်ရေးရရှိနိုင်ရေး နှစ်ပေါင်းများစွာ တွန်းလှန် တိုက်ခိုက်ခဲ့ကြရသည်။ ထိုခေတ် ထိုကာလက မျိုးချစ်နိုင်ငံ့သားကောင်းများသည် မြန်မာနိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် သူ့ကျွန်ဘဝ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပေးရန် တာဝန်ရှိသည် ကိုခံယူ၍ ကိုယ်ပိုင်အသိစိတ်ဓာတ်ရှိစွာဖြင့် လွတ်လပ်ရေးတိုက်ပွဲကိုဝင်ခဲ့ကြသည်။ အသက်သွေးချွေး ပေါင်းများစွာ   ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြ၍သာ ယနေ့ကဲ့သို့ လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကို တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။

သူ့ကျွန်ဘဝ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ မျိုးချစ်လူငယ်များ၏ စိတ်ထဲတွင်အဆိုပါ ငါတို့ခေတ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲ  ငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲဟူသည်ကို စွဲမှတ်ခံယူ၍ နိုင်ငံချစ် စိတ်မျိုးချစ်စိတ်ဓာတ်များဖြင့် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြခြင်းပင်ဖြစ်သည်။ လွတ်လပ်ရေး သည် ပထမ၊ လွတ်လပ်ရေး သည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ ဟူသော ဦးတည်ချက်ထားကာ မမှိတ်မသုန်ကြိုးပမ်းခဲ့ကြခြင်းကြောင့်သာလျှင်မြန်မာနိုင်ငံ၏ အနာဂတ်လွတ်လပ်ရေး အလင်းရောင် သန်းခဲ့ရခြင်းဖြစ်သည်။

လွတ်လပ်ရေးရပြီးစကာလတွင် ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့် ပြည်ပကျူးကျော်မှုအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ အင်းစိန်အထိ သူပုန်များသိမ်းပိုက်ထားပြီး ရန်ကုန်အစိုးရဟုဆိုရလောက်သည်အထိ အစိုးရ၏အချုပ်အခြာအာဏာသည်ရန်ကုန်မြို့ကွက်ကွက်ကလေးအပေါ်၌သာ သက်ရောက်မှုရှိတော့သည့် အခြေအနေမျိုးအထိဖြစ်ခဲ့ရသည်။ အစိုးရ၏  အုပ်ချုပ်ရေးယန္တရားလက်လှမ်းမမီသည့်  မြို့ရွာများ၌ သောင်းကျန်းသူများကြီးစိုးပြီး တရားဥပဒေကင်းမဲ့ကာ ပြည်သူအများ အတိဒုက္ခရောက်စွာဖြင့် ကျီးလန့်စာစားဘဝဖြင့်နေထိုင်ခဲ့ကြရသည်။ ထိုအခြေအနေမှနိုင်ငံတစ်ဝန်း အစိုးရ၏ အချုပ်အခြာအာဏာပြန်လည် တည်ဆောက်နိုင်စေရေးတည်ငြိမ်အေးချမ်းမှုကို လိုလားသော နိုင်ငံသားများ၏ တာဝန်သိသိပူးပေါင်းပါဝင်မှုဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်ခဲ့သည်။  ထို့ပြင် ပြည်တွင်းရေးမငြိမ်မသက်မှုကို အခွင့်ကောင်းယူ၍ သံလွင်မြစ်အရှေ့ဘက်ခြမ်းအထိ ကျူးကျော်သိမ်းပိုက်လာသည့် တရုတ်ဖြူကူမင်တန်များကိုလည်း နိုင်ငံသားများ၏စုပေါင်းအားဖြင့် အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်။

ဤကဲ့သို့ မြန်မာနိုင်ငံ၌ အခက်အခဲအကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့ရချိန်များတွင် ထိုခေတ်ထိုကာလက မြန်မာနိုင်ငံသားများက ငါတို့ခေတ်မှာ ကြုံတွေ့နေရတဲ့အခက်အခဲ ငါတို့မှမလုပ်ရင်  ဘယ်သူလုပ်မလဲ ဟူသည့်စိတ်ထားကိုစွဲမှတ်ခံယူ၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းပင်ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်လာသော မဲလိမ်မဲခိုးမဲမသမာမှုများကို NLD ပါတီအစိုးရက တရားဥပဒေနှင့်အညီ ဖြေရှင်းမပေးဘဲ တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကိုအတင်းအဓမ္မရယူရန်ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ထို့ကြောင့်ယာယီသမ္မတက ဥပဒေနှင့်အညီ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ရခြင်းဖြစ်သည်။ နိုင်ငံတော်၏ အရေးပေါ်အခြေအနေအရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို ဖွဲ့စည်းပြီးနိုင်ငံတော်တာဝန်ကို ခေတ္တထိန်းသိမ်းရယူ ဆောင်ရွက်နေရသည့်အခြေအနေဖြစ်သည်။

မဲလိမ်မဲခိုးမှုကြောင့် နိုင်ငံတော်အာဏာလက်လွှတ်လိုက်ရသော  NLD  ပါတီမှ ပုဂ္ဂိုလ်အချို့သည် အကြမ်းဖက် CRPH၊ NUG နှင့် PDF အဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး မစားရသည့်အမဲ သဲနှင့်ပက်သည့်နှယ် နိုင်ငံအတွင်း အကြမ်းဖက်အဖျက်လုပ်ရပ်များဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်နေကြသည်။ နိုင်ငံတစ်ဝန်းအကြမ်းဖက်မှုများလုပ်ဆောင်၍ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများလုံခြုံရေးနှင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးကို    နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

နိုင်ငံတော်၏အခြေခံအဆောက်အဦများ၊ လမ်းတံတားများကိုပျက်စီးအောင်ဖျက်ဆီး၍ ကုန်စည်စီးဆင်းမှုများ ရပ်တန့်အောင် လုပ်ဆောင်ကာ နိုင်ငံတော်ကိုအဘက်ဘက်မှ အခက်အခဲတွေ့အောင်လုပ်ဆောင်နေသောအခြေအနေဖြစ်သည်။  အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်းအဆိုပါအကြမ်းဖက်မှုများကို ကူညီပေးခဲ့ကြပြီး နိုင်ငံတစ်ဝန်း မတည်မငြိမ်ဖြစ်အောင် တိုးမြှင့်လုပ်ဆောင်၍ပွဲလန့်တုန်းဖျာခင်းကာ  နယ်မြေများ သိမ်းပိုက်နိုင်ရေး လုပ်ဆောင်နေကြသည်။ မြို့ရွာများကို အဓမ္မသိမ်းပိုက်ပြီး ပြည်သူများကိုလက်နက်ဖြင့်ခြိမ်းခြောက်ကာစစ်ဘုရင်ဝါဒကိုဖော်ဆောင်နေကြသည်။   

အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်ပါက နိုင်ငံတော်ကာကွယ်ရေးအင်အား  တောင့်တင်းခိုင်မာသည့်ကာလများတွင် မြန်မာနိုင်ငံသည် အခြေတကျနှင့် အနေလှခဲ့သည်။  နိုင်ငံတော် ကာကွယ်ရေးအင်အား  မတောင့်တင်းခဲ့သည့်အခါ နိုင်ငံ၏ပုံရိပ်သည် မလှမပရှိခဲ့သည်။ နောက်ဆုံးတွင် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးပါ ဆုံးရှုံးသွားခဲ့ရသည်။  နိုင်ငံ၏လွတ်လပ်ရေး ပြန်လည်ရရှိအောင် ကြိုးပမ်းခဲ့ရာတွင်လည်း တပ်မတော်တစ်ရပ်အဖြစ်ပေါ်ထွန်းလာမှသာ လွတ်လပ်ရေးပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင်ပါဝင်ခဲ့ကြသူများသည် နိုင်ငံ့လွတ်လပ် ရေးရရှိရေးအတွက်   အရိုးကြေကြေအရေခန်းခန်း  စိတ်ဓာတ်ခိုင်မာစွာဖြင့် တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံ့လွတ်လပ်ရေး ရရှိရေးအတွက် မိမိလုပ်ငန်းဆောင်တာများကို ပစ်ပယ်ကာ   ငါမှမလုပ်ရင် ဘယ်သူလုပ်မလဲစိတ်ဓာတ်ဖြင့် တပ်မတော်သို့   သူ့ထက်ငါ ဝင်ရောက်ခဲ့ကြသည်။ စိတ်ဓာတ်က ပြင်းထန်သည်။ အမိနိုင်ငံလွတ်လပ်ရေးရရှိရေးသည် အဓိကဖြစ်သည်ဟူသော  တူညီသောတာဝန်တစ်ခုကို  လူငယ်အားလုံး  မည်သူကမျှမပေးအပ်ပါဘဲ  ညီညွတ်စွာမှတ်ယူကြသည်။ လွတ်လပ်ပြီးစ  မြန်မာနိုင်ငံတွင် ရရှိထားသော လွတ်လပ်ရေးကြီး ပြန်လည်မဆုံးရှုံးစေရေး၊ နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရေးအတွက် ပြည်တွင်းရောင်စုံသောင်းကျန်းမှုများနှင့်   တရုတ်ဖြူကူမင်တန် ကျူးကျော်မှုများကို  နိုင်ငံသားများက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် စိတ်ထားဖြင့် တာဝန်သိသိပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သောကြောင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ကို  ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်တာဝန်သည် နိုင်ငံသားအားလုံး၏ မွေးရာပါ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို ရှေးက မိဘဘိုးဘွားအဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည့်အတွက်ယနေ့ကာလကျွန်တော်တို့လက်ထက်တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော  နိုင်ငံအဖြစ် တည်ကြည်ခန့်ညားစွာ ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ နိုင်ငံကို ချစ်သည့်နိုင်ငံသားများက နိုင်ငံတော်ကာကွယ်ရန် တပ်မတော်တွင်းသို့ဝင်ရောက်ကာ ပေါ်ပေါက် လာသည့် ရန်စွယ်အန္တရာယ်မှန်သမျှကို တိုက်ထုတ်အောင်မြင်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ရသော တပ်မတော်သားများ၊ လွတ်လပ်ရေးရရှိပြီးနောက် ရန်ကုန်မြို့ကွက်ကွက်ကလေးသာရှိနေသည့်အချိန်တွင် ရန်သူများကို ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော တပ်မတော် သားများ၊ ပြည်ပကျူးကျော်သူ တရုတ်ဖြူကူမင်တန်များကို မောင်းထုတ်နိုင်ခဲ့သော တပ်မတော်သားများ     စသည့်နိုင်ငံ့အချုပ်အခြာအာဏာ ဆုံးရှုံးသွားနိုင်သည့်တိုက်ပွဲများတွင်    အောင်ပွဲခံခဲ့သော တပ်မတော်သားများသည်   ယခုခေတ်လူငယ်များအနေဖြင့်    အတုယူရမည့် စိတ်ဓာတ်နှင့်   ဆောင်ရွက်ချက်များဖြစ်သည်။ နိုင်ငံသားတစ်ယောက်၏ တာဝန်သိမှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲသတ္တိရှိမှုတို့မှာ အောင်မြင်ရခြင်းဖြစ်ကြောင်း အတုယူကြရပေမည်။

လူငယ်များအနေဖြင့် တာဝန်သိစိတ်ရှိစွာ၊  စည်းစနစ်ကျနစွာ   မိမိနိုင်ငံဂုဏ်သိက္ခာကို ကာကွယ်ကြရမည်ဖြစ်သည်။  မိမိမိသားစုတစ်ခု  မပြိုကွဲရေးအတွက် မိသားစုဝင်များဖြစ်ကြသော မိသားစုဝင်များအားလုံး ကိုယ့်တာဝန်ကိုယ်ကျေကြဖို့လိုသလို နိုင်ငံတစ်ခုတည်တံ့ခိုင်မြဲရေးအတွက်ပြည်တွင်းပြည်ပဖျက်ဆီးနှောင့်ယှက်မှုများ၊ ကျူးကျော်ရန်စမှုများမှကာကွယ်ရေး၊ မိမိနိုင်ငံ၏ ကာကွယ်ရေးစနစ်ကောင်းမွန်ရေးသည်  နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။ မိမိတို့သည် မြန်မာနိုင်ငံမှမွေးသည့် မြန်မာနိုင်ငံသားများဖြစ်ခြင်းကြောင့် မိမိနိုင်ငံကိုချစ်မြတ်နိုးရမည့် မျိုးချစ်စိတ်အပြင်  အရေးကြုံကသွေးဆုံကြသည့် ပြည်ထောင်စုစိတ်ဓာတ်ကိုလည်းထားရမည်ဖြစ်သည်။ ရှေးအဆက်ဆက်က   မျိုးချစ်စိတ်ဖြင့် စွန့်လွှတ်စွန့်စားခဲ့မှုတို့ကြောင့်သာလျှင် ယခုကဲ့သို့မြန်မာနိုင်ငံအမည်ကို ထင်ရှားစွာသိမြင်ကြရခြင်းဖြစ်သည်။

ယနေ့ခေတ် အကြမ်းဖက်သမားများ၏ အဖျက်လုပ်ရပ်များကြောင့် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ခက်ခဲကျပ်တည်းသည့် အခြေအနေများမှ လွန်မြောက်နိုင်ရေးအတွက် လူငယ်မောင်မယ်များအနေဖြင့်လည်း မိမိတို့၏ ဘိုးဘေးစဉ်ဆက် ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊နိုင်ငံအချုပ်အခြာအာဏာကို အသက်စွန့်ပြီးကာကွယ်လိုသည့်စိတ်ဓာတ်များဖြင့်  ဘိုးဘေးတို့ အသက်သွေးချွေးပေါင်းများစွာ စတေးပြီးမှ အရယူခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့နိုင်စေရေးအတွက်  ငါတို့ခေတ်မှာကြုံတွေ့နေရတဲ့အခက်အခဲငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲ ဟူသည့်စိတ်ထားကိုစံနမူနာယူ၍  ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။     ။

Source: Myawady Web Portal

ဘုန်းမောင်ဝင်း(ဖျာပုံ)