နိုင်ငံသားဆိုသည်မှာ နိုင်ငံ၏အစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံနှင့်နိုင်ငံသားတို့၏အကြားတွင် အပြန်အလှန်ဆက်စပ်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ရရှိနိုင်ရန်အတွက် သတ်မှတ်ထားသည့်အရည်အချင်းများနှင့် ပြည့်စုံရန်လိုသည်။ မိမိတို့နိုင်ငံတွင် နိုင်ငံသားဖြစ်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ သို့မဟုတ် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူဟူသည့် အရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံရမည်ဖြစ်သည်။

ဖော်ပြပါအရည်အချင်းသတ်မှတ်ချက်တို့ ပြည့်စုံမှုအရ နိုင်ငံသားအဖြစ်ကို အလိုအလျောက်ရရှိလာသူ အများစုတို့မှာ နိုင်ငံသားဖြစ်မှု၏တန်ဖိုးကို အလေးထားဂရုမပြုမိသကဲ့သို့ နိုင်ငံသားတစ်ဦးအနေဖြင့် ထမ်းဆောင်ရမည့်တာဝန်များနှင့် ရရှိအပ်သည့် အခွင့်အရေးများရှိကြောင်းကိုလည်း မေ့လျော့နေတတ်ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားအားလုံး လူမျိုး၊ ဇာတိ၊ ကိုးကွယ်သည့်ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာမရွေး ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေးများကို ပေးအပ်ထားခြင်းဖြစ်သည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာသာသနာ ဓလေ့ထုံးတမ်းများ၊ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်တို့ကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင် လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ပြုထားသည်။
နိုင်ငံသားတိုင်း နိုင်ငံတော်အတွင်း မည်သည့်အရပ်၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်၊ တရားဝင်ပိုင်ဆိုင်ထားသောပစ္စည်းများကို ဥပဒေအရ အကာအကွယ်ရယူခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်၊ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်၊ စီးပွားရေးလုပ်ငန်းများ ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်၊ ဥပဒေနှင့်အညီ ခုခံချေပခွင့်အစရှိသည်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း ရရှိကြသည်။
ထို့အတူ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ ဥပဒေနှင့်အညီ အခွန်ပေးဆောင်ရန်စသော တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။
နိုင်ငံသားတစ်ဦး နိုင်ငံမဲ့ဖြစ်သည့်အခါ၊ တစ်နည်းအားဖြင့် မည်သည့်နိုင်ငံကမျှ ၎င်း၏တည်ဆဲဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရသည့်အခါ နိုင်ငံသားအခွင့်အရေးများကို ဆုံးရှုံးကြရသည်။ ခွဲခြားဆက်ဆံခံရခြင်း၊ ကူးသန်းသွားလာရေးတွင် ခက်ခဲခြင်း၊ အကာအကွယ်ကင်းမဲ့ခြင်းကြောင့် လူကုန်ကူးခံရနိုင်ခြေများပြားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း စသည်ဖြင့် မကောင်းသည့်အကျိုးဆက်များ အများအပြားနှင့် ရင်ဆိုင်ကြုံတွေ့လာရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံသားတိုင်း မိမိတို့၏ နိုင်ငံသားဖြစ်မှုအပေါ် အလေးအနက်ထား ဂုဏ်ယူဝံ့ကြွားကာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေကြရန်၊ နိုင်ငံသားတစ်ယောက်၏တာဝန်များ ကျေပွန်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
MNP
Photo -Social Media

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ရုရှားနိုင်ငံ RT သတင်းဌာန အား မော်စကိုမြို့၊ Ararat Park ဟိုတယ်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှု အပြည့်အစုံမှာ−

မေး။ လေးစားအပ်ပါသော အဆွေတော်နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျာ။ ကျွန်တော့်အနေနဲ့ အဆွေတော်နဲ့ အခုလိုမျိုးအင်တာဗျူးခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်း ဦးစွာပထမပြောကြားလိုပါတယ်။ အခုလိုမျိုး ကျွန်တော်တို့ ရုရှားနိုင်ငံရဲ့ နှစ် ၈ဝ ပြည့် မဟာမျိုးချစ်အောင်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီအောင်ပွဲဟာ ကျွန်တော်တို့ ရုရှားနိုင်ငံအတွက်လည်း များစွာတန်ဖိုးရှိသလို ဒီအောင်ပွဲနဲ့ ပတ်သက်ပြီးတော့ ဖက်ဆစ်ဝါဒကို တွန်းလှန်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံအတွက်လည်း များစွာတန်ဖိုးရှိတယ်လို့ ကျွန်တော်သိရှိရပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ လှုပ်ခဲ့တဲ့ငလျင်ကြောင့် မြန်မာနိုင်ငံထိခိုက်ပျက်စီးဆုံးရှုံးသွားတယ်ဆိုတာလည်း သိရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ပထမဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဒီငလျင်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကြီးအနေနဲ့ အကူအညီပေးမှု၊ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမှတ်ချက်တွေပေးချင်ပါသလဲ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကရော ဘယ်လောက်ထိအထောက်အကူပြုပါသလဲ။ အများကြီးလျင်မြန်မှုရောရှိပါသလား။ အစစအရာရာရောအဆင်ပြေပါသလား။ အဲ့ဒါလေးသိချင်ပါတယ်ခင်ဗျာ။
ဖြေ။ ပထမဆုံးတော့ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအကြောင်း ခင်ဗျားဝမ်းနည်းကြောင်းပြောတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ ပြောလိုပါတယ်။ ငလျင်က တကယ်တော့ တော်တော်လေးပြင်းထန်ပါတယ်။ ၇.၇ ရစ်(ခ်)တာစကေးရှိပါတယ်။ ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ငလျင်ထဲမှာ ဒုတိယအပြင်းထန်ဆုံးငလျင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၈ ကြိမ် လှုပ်ခဲ့တဲ့အထဲမှာ ၁၉၁၂ ခုနှစ် လှုပ်ခဲ့တာတော့ ၈ ရစ်ချက်စတာစကေးရှိပါတယ်။ အခုငလျင်ဟာ တော်တော်လေးပြင်းထန်တဲ့ ငလျင်တစ်ခုပါ။ ထိခိုက်သေဆုံးမှုလည်း တော်တော်လေးများပါတယ်။ လူအားလုံး ၃၇၀၀ ကျော် သေပါတယ်။ ၅၀၀၀ ကျော် ဒဏ်ရာရပါတယ်။ နောက် ၈၀ လောက် ပျောက်နေတာရှိပါသေးတယ်။ အိမ်ခြေပေါင်းလည်း ၆၇၀၀၀ လောက်ပျက်စီးမှုရှိပါတယ်။ ကျောင်းပေါင်း ၆၄၀၀ လောက် ပျက်စီးမှုရှိပါတယ်။ ဆေးရုံ ဆေးခန်း ၃၅၀ လောက် ပျက်စီးမှုတွေရှိပါတယ်။ လမ်းတံတားတွေလည်း အများကြီးပျက်ပါတယ်။ နိုင်ငံတကာအကူအညီလည်း ကျွန်တော်ကဖြစ်ပြီးတော့ ဖြစ်တဲ့နေရာတွေလိုက်ကြည့်တဲ့ အချိန်မှာတော်တော်လေးကို ဆိုးဆိုးဝါးဝါးပျက်စီးမှုတွေ တွေ့ရတဲ့အတွက်ကြောင့် နာရီပိုင်းအတွင်းမှာပဲ နိုင်ငံကိုလည်း အရေးပေါ်အခြေအနေကို ကြေညာတာပေါ့။ ပြီးတော့ နိုင်ငံတကာအကူအညီကိုလည်း ကျွန်တော်တောင်းခံခဲ့ပါတယ်။ နိုင်ငံတကာအကူအညီကလည်း ၂၄ နာရီအတွင်းမှာကိုပဲ ကျွန်တော်တို့ဆီရောက်လာတယ်။ တော်တော်အားရဖို့လည်းကောင်းပါတယ်။ ခင်ဗျားတို့ရုရှားနိုင်ငံအပါအဝင် တရုတ်၊ အိန္ဒိယ ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံလောက်လာပြီး ကူညီကြပါတယ်။ ၇၂ နာရီအတွင်းမှာပေါ့။ ထုံးစံကတော့ သူတို့သတ်မှတ်ထားတာ ၇၂ နာရီအတွင်းမှာ ကယ်နိုင်ရင်တော့ အသက်ရှင်နိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ၂၄ နာရီအတွင်းမှာကို သူတို့ရောက်လာကြတယ်။ အသက်ရှင်လျက် ကျွန်တော်တို့ ၈ ယောက်ကယ်လို့ရခဲ့တယ်။ နောက်တစ်ခါ Dead Body ကတော့ အများကြီးပေါ့လေ။ ရတာတော့အများကြီးရှိပါတယ်။ ဘာပဲပြောပြောကူညီမှုကတော့ အားရဖို့လည်း ကောင်းပါတယ်။ နောက်တစ်ခုကလည်း ကယ်ဆယ်ရေးပစ္စည်းတွေပေါ့ အဲ့တာတွေကလည်း လေယာဉ်ပျံတွေ နောက်ပြီး သင်္ဘောတွေ မော်တော်ကားတွေနဲ့ အကုန်လုံးရောက်လာတာဖြစ်တဲ့အတွက်ကြောင့် ဘာပဲပြောပြောနိုင်ငံအတွက်တော့ အထောက်အကူရတယ်လို့ ပြောရပါလိမ့်မယ်။ သို့သော်လည်း ပြန်လည်ရှင်းလင်းရေးလုပ်ငန်းနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ပြန်လုပ်ဖို့ကတော့ ကျွန်တော်တို့အများကြီးလုပ်ရဦးမှာ။ ဒီထက်လည်းအကူအညီထပ်မံလိုအပ်သေးမယ်လို့ ကျွန်တော်မြင်ပါတယ်။
မေး။ လက်ရှိအခြေအနေမှာ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်နေတယ်လို့ ကျွန်တော်တို့သိရှိရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ ရုရှား-မြန်မာနှစ်နိုင်ငံ ရေတပ်ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတွေလုပ်တဲ့ အချိန်မှာလည်း သတင်းယူဖို့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့တာလည်း ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံသိရှိလိုတာကတော့ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကြား စစ်ဘက်ရေးရာနည်းပညာပူးပေါင်းရေးအခန်းကဏ္ဍတွေသာ မဟုတ်ဘဲနဲ့ အခြားသောဘယ်နယ်ပယ်တွေ ဘယ်ကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ရပါသလဲ။ ဘယ်နယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်တယ်ဆိုတာလေးကို ကျွန်တော်အနေနဲ့ သိရှိလိုပါတယ်။
ဖြေ။ ရုရှားနဲ့ မြန်မာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကလည်း ကျယ်ပြန့်တယ်ခင်ဗျာ။ ခင်ဗျားခုနကပြောသလို ကာကွယ်ရေးကဏ္ဍတင်မကဘူး။ ကျွန်တော်တို့သိပ္ပံနဲ့ နည်းပညာ နောက်တစ်ခါ စီးပွားရေး၊ နောက်တစ်ခု ဥပဒေဘက်ဆိုင်ရာ၊ နောက်ပညာရေး ကျန်းမာရေး ဒီနယ်ပယ်တွေ အများကြီးရှိပါတယ်။ ဆွေးနွေးတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ မတ်လခရီးစဉ်မှာလာတဲ့ အချိန်တုန်းက နျူးကလီးယားနဲ့ ပတ်သက်တဲ့ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကိစ္စ၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကိစ္စတွေ၊ နောက်ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေ ဒါတွေဆွေးနွေးနိုင်ခဲ့တာတွေ ရှိပါတယ်။ သဘောတူတာလည်းရှိပါတယ်။ လုပ်နေတာလည်းရှိပါတယ်။ ဆက်လက်ပြီး လုပ်ရမယ့်နယ်ပယ်တွေလည်း များစွာရှိပါသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
မေး။ ကျွန်တော်သိသလောက်တော့ အမေရိကန်နိုင်ငံအနေနဲ့ ဒီမြန်မာနိုင်ငံမှာ ငလျင်လှုပ်တာနဲ့ ပတ်သက်ပြီး ကူညီပေးရမယ့်အစား မြန်မာနိုင်ငံရဲ့ ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီး ၄၄ ရာခိုင်နှုန်းအထိ ပိုမိုတင်းကြပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အဆွေတော်ရဲ့ အမြင်လေးကိုလည်း သိရှိလိုပါတယ်။
ဖြေ။ အမေရိကန်တွေကလည်း မြင်နေရတာကတော့ ငလျင်နဲ့ပတ်သက်ပြီးတော့ အကူညီမပေးတာတော့မဟုတ်ဘူး။ သူကတော့ ကူညီပေးမယ်ဆိုပြီးတော့ ဒေါ်လာ ၉ သန်း ပေးမယ်လို့ ကြေညာခဲ့တာရှိတယ်။ အဲ့တော့ဘယ်လိုပေးမလဲတော့ ကျွန်တော်တို့ မသိဘူးပေါ့လေ။ ကုလသမဂ္ဂကတစ်ဆင့်ပေးမလား။ ဒါမှမဟုတ် အာဟစင်တာ (AHA Centre) ကနေတစ်ဆင့် ပေးမလားမသိဘူး။ ပေးဖို့အတွက်ကြေညာထားတာတော့ ရှိပါတယ်။ ကျွန်တော်တို့နဲ့ အမေရိကန်နဲ့က ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သိပ်တော့ကြီးကြီးမားမားမရှိဘူး။ ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၂၅ ခုနှစ်အထိ ကျွန်တော်တို့ ဒေါ်လာသန်း ၉၀၀ လောက်ကိုပဲ ကုန်သွယ်မှုရှိတယ်။ တစ်နှစ်ကို ဒေါ်လာသန်း ၈၀၀ ကျော်ကျော်လောက် ကုန်သွယ်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။ တချို့နှစ်တွေမှာလည်း ကျွန်တော်တို့ဘက်က ပို့တာတွေများပြီးတော့ တချို့နှစ်တွေမှာလည်း အမေရိကန်က ပို့တာတွေများတယ်။ သူတို့ အခွန်ကောက်တာတော့ ကျွန်တော်တို့တစ်နိုင်ငံတည်းမဟုတ်ဘူး။ တခြားသူတို့ရဲ့ မိတ်ဆွေနိုင်ငံတွေကိုလည်း တချို့လည်း ကောက်တာတွေရှိတယ်။ တရုတ်နိုင်ငံအပေါ်လည်း တော်တော်လေးကောက်တာတွေရှိတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ အခွန်တိုးကောက်တာတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်တော့ယူဆပါတယ်။ ဒီလိုမျိုးသူတို့ဘက်ကတော့ ကုန်သွယ်ရေးလိုငွေတွေပြလို့ တခြားနိုင်ငံတွေအပါအဝင်ပေါ့လေ အခွန်တွေတိုးကောက်တယ်လို့ သိရပါတယ်။ အမှန်ကတော့ မကောက်သင့်ဘူးလို့ ကျွန်တော်တော့ယူဆပါတယ်။ ဘာကြောင့်ကောက်လဲတော့ ကျွန်တော်တို့လည်း အသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့။
မေး။ ကျွန်တော့အနေနဲ့ ထပ်မံမေးမြန်းလိုတာကတော့ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ ပိတ်ဆို့မှုတွေ၊ အတိုးနှုန်းတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ရော ဘယ်လိုမျိုးတုံ့ပြန်မှုတွေ လုပ်သွားဖို့အစီအစဉ်ရှိသလဲ။ ပြင်ဆင်ထားလဲဆိုတာလေး သိပါရစေခင်ဗျ။
ဖြေ။ အဓိကတော့ ကျွန်တော်တို့က တစ်နိုင်ငံတည်းကိုမှ မှီခိုနေရတဲ့ ကုန်သွယ်နေတဲ့ ကိစ္စတွေကိုတော့ တော်တော်ရှောင်ရှားပြီးတော့ ကျွန်တော်တို့နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ ဝိုင်းလုပ်ကြမှာပေါ့။ သူ့တစ်နိုင်ငံတည်း ကျွန်တော်တို့ကသွားပြီးတော့ ရောင်းပြုနေမယ့်အစား နိုင်ငံအားလုံးနဲ့မျှပြီးတော့ ကုန်သွယ်မှုလုပ်တာမျိုးတော့ ပိုကောင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ပိုကောင်းတယ်လို့ ကျွန်တော်တော့မြင်ပါတယ်။ တစ်ဆက်တည်းပြောချင်တာ အဲ့ဒါတော့ဘာလဲဆိုတော့ ဘာဖြစ်လို့ သူတို့ဒီလိုအခွန်တိုးကောက်သလဲပေါ့။ ဒါလည်းကျွန်တော်တို့ တွက်ရတယ်ပေါ့နော်။ သူတို့က ကုန်သွယ်မှုလိုငွေတွေပြလို့ တိုးကောက်တယ်လို့ပြောတာပေါ့။ အဲတော့ ဘာကြောင့်လိုငွေတွေပြရသလဲ။ သူတို့ပစ္စည်းတွေမရောင်းရလို့လား။ ဘာလို့မရောင်းရလဲပေါ့။ အမေရိကန်ပစ္စည်းတွေ ရောင်းနေရတာပဲ။ အမေရိကန်ပစ္စည်းတွေကောင်းပါတယ်။ အဆင့်အတန်းလည်းရှိပါတယ်။ ဒါပေမယ့် သူတို့ကဈေးကြီးတာပေါ့။ ဈေးကြီးတဲ့အခါကျတော့ သူတို့ပစ္စည်းတွေ ဝယ်ဖို့က နည်းနည်းလေးအခက်အခဲရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ အမေရိကန်ဈေးကွက်ရဲ့ ဝယ်လိုအားကို ကြီးမားတာ ကျွန်တော်သွားတွေ့တယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့ အများကြီးပဲရောင်းနိုင်တယ်။ သူတို့ ဘာကြောင့် ကုန်ပစ္စည်းတွေဈေးကြီးလဲ။ ဒါလည်းစဉ်းစားရမှာပေါ့။ Cost of Production ကြောင့် ကုန်ပစ္စည်းကုန်ဈေးနှုန်းက ကြီးတာလား။ ဒါဆိုလည်း ဒါတွေတွက်ဆရမှာပေါ့။ ဒီပေါ်မူတည်ပြီးတော့ ဒါပြုပြင်ဖို့အတွက် လုပ်ရလိမ့်မယ်။
ကျွန်တော်တို့လည်း သူ့တစ်နိုင်ငံတည်းမှီမယ့်အစား တခြားနိုင်ငံတွေမျှပြီးတော့ ရောင်းတာမျိုးပေါ့။ ကျွန်တော်တို့တော်တော်များများတော့ သူ့ဈေးကွက်ကို အများကြီးမှီခိုနေတာ တော်တော်များတာတွေ့ရပါတယ်။ အဲဒါတော့ စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်မြင်တယ်။
မေး။ ကျွန်တော့်အနေနဲ့ အဆွေတော်ဟာ မဟာစစ်အောင်ပွဲနေ့ နှစ်ပတ်လည်အခမ်းအနားမှာ ပါဝင်ဆင်နွှဲ ဖို့ ရုရှားနိုင်ငံကို ရောက်ရှိလာတယ်လို့ သိရှိရပါတယ်။ ဒီနေ့အခမ်းအနားဟာ နှစ် ၈ဝ ပြည့်အခမ်းအနားဖြစ်တဲ့အတွက် ကျွန်တော်တို့ရုရှားနိုင်ငံအတွက်လည်း အထိမ်းအမှတ်အထွတ်အမြတ်ထားတဲ့ အထိမ်းအမှတ်ပွဲတော်ဖြစ်ပါတယ်။ ဒီအထိမ်းအမှတ်ပွဲတော်နဲ့ ပတ်သက်ပြီး မေးချင်တဲ့မေးခွန်းလေးကတော့ လွန်ခဲ့တဲ့ နှစ် ၈ဝ ကနေပြီးတော့ ဒီအောင်ပွဲရရှိခဲ့ပါတယ်။ ဒီအောင်ပွဲဟာ ယနေ့ခုမြင်တွေ့နေရတဲ့ ပထဝီနိုင်ငံရေးမြင်ကွင်းတွေကို ဘယ်လိုမျိုးပြောင်းလဲမှုရှိမှာလဲ။ ဒါနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့ အမြင်ကိုလည်း သိရှိလိုပါတယ်။
ဖြေ။ ဒါကကျွန်တော်တို့ဖက်ဆစ်နာဇီတွေပေါ်မှာ ဆိုဗီယက်ပြည်ထောင်စုမှာရှိတဲ့ ပြည်သူ ပြည်သားတွေကနေပြီးတော့ တိုက်ထုတ်အောင်မြင်ခဲ့တဲ့အောင်ပွဲကို အသိအမှတ်အထိမ်းအမှတ်လုပ်တဲ့ ပွဲတစ်ပွဲပေါ့။ ဒါတော်တော်လေးကို လေးနက်တဲ့ ပွဲတစ်ပွဲလို့ ကျွန်တော်တို့ ပြောလို့ရတာပေါ့။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဖက်ဆစ်ဂျပန်တွေ သူတို့နဲ့ ဝင်ရိုးတန်းဖက်ဆစ်နာဇီတွေ ဂျာမနီနဲ့ တစ်အုပ်စုတည်းဖြစ်တဲ့ ဖက်ဆစ်ဂျပန်တွေရဲ့ ဒဏ်ကိုလည်း ကျွန်တော်တို့ခံခဲ့ရတော့ ကျွန်တော်တို့ ပြန်တိုက်ခဲ့ရတဲ့ သမိုင်းဖြစ်ရပ်ရှိတယ်။ အတူတူကာလအတူတူပဲဖြစ်ခဲ့တာပေါ့။ ဒါကတော့ လွတ်လပ်ရေး ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့အတွက်လုပ်တဲ့ တိုက်ခိုက်မှုတစ်ခုပါပဲ။ ဒါ့ကြောင့် ဒါအင်မတန်တန်ဖိုးရှိတဲ့ တိုက်ပွဲတစ်ခုလို့၊ တိုက်ခိုက်မှုလို့ ကျွန်တော်ပြောလိုပါတယ်။ ဒီလိုတိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း တစ်ချို့ကိုလိုနီအပြုခံခဲ့ရတဲ့ အနိုင်ကျင့်ပြီးတော့ သိမ်းပိုက်ခံခဲ့ရတဲ့ တစ်ချို့ဥရောပနိုင်ငံတွေပေါ့ လွတ်လပ်ရေးပြန်ရသွားတာ ကျွန်တော်တို့ သွားတွေ့တယ်။ လွတ်လပ်ရေးပြန်ရသွားတာ ဆိုဗီယက်ပြည်ထောင်စုကနေ ဦးဆောင်ပြီး တိုက်ခိုက်ပေးခဲ့တာကြောင့် လွတ်လပ်ရေးပြန်ရခဲ့တာပါ။ ဂျာမနီနိုင်ငံ အရှေ့ဘာလင်ထိကို ကျွန်တော်တို့ ဆိုဗီယက်တပ်တွေတက်သိမ်းခဲ့တာရှိတယ်။ ဒါသမိုင်းမှာ ဒီလိုပဲတွေ့ပါတယ်။ နောက်ပထဝီနိုင်ငံရေးပေါ့။ ခုနကဖြစ်ခဲ့တဲ့ သမိုင်းမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကြည့်ရင်လည်း ပထဝီနိုင်ငံရေးကြောင့်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်အချက်ကတော့ နေရာပေါ့။ နောက်တစ်ခုကတော့ ဒီသယံဇာတမြေပေါ် မြေအောက်သယံဇာတပစ္စည်းတွေပေါ့။ ဒီအပေါ်မှာမူတည်ပြီးတော့ ဖြစ်လာတာပေါ့။ ပထဝီနိုင်ငံရေးကတော့ အရေးပါပါတယ်။ အခုချိန်ထိလည်း ပထဝီနိုင်ငံရေးကြောင့်ပဲ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေ သို့မဟုတ် တခြားနိုင်ငံတွေကိုပဲ မျက်စောင်းထိုးနေကြတာပေါ့။ သူတို့ ဘာလုပ်လို့ရမလည်းပေါ့။ ဒါ့ကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စပြီးတော့ နယ်ပယ်တွေပေါင်းစုံ ပြီးတော့မှ ဖိအားတွေမျိုးစုံပေးနေတာလည်း ကျွန်တော်တို့တွေ့တယ်။ အခုပြောမယ်ဆိုရင်တော့ ခုနကပြောတဲ့ ဒီအဆွေတော်နိုင်ငံရဲ့ နှစ် (၈၀) ပြည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲ အခမ်းအနားဆိုတာ တော်တော်ကြီးကို ထူးခြားတဲ့ပွဲတစ်ပွဲပေါ့။ နောက်ဒီတိုက်ခိုက်တဲ့အခါမှာလည်း ဆိုဗီယက်ရုရှားပြည်သူ ၂၆ သန်း အသက်ပေးပြီး တိုက်ခိုက်တာရှိတယ်။ ကမ္ဘာစစ်မှာတော့ ဒါအသေအပျောက်အများဆုံး စွန့်လွှတ်စွန့်စားစွာ တိုက်ခိုက်တဲ့ တိုက်ပွဲတစ်ပွဲမော်ကွန်းထိုးတဲ့ ဖြစ်စဉ်တစ်ခုလို့ ကျွန်တော်ပြောချင်တယ်။
မေး။ ဒီကျွန်တော်တို့ သမိုင်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒုတိယကမ္ဘာစစ်မှာဆိုရင်လည်း ဆိုဗီယက်ပြည်ထောင်စုကနေပြီးတော့ ကျွန်တော်တို့အောင်ပွဲကို အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ခဲ့တာရှိပါတယ်။ ဒါဖြစ်ရပ်မှန်သမိုင်းအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေက ဒီသမိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီအနောက်နိုင်ငံတွေကပဲ ဒီသမိုင်းထဲမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ အနိုင်ရခဲ့တဲ့ပုံစံမျိုး Video မှတ်တမ်းတွေနဲ့ သမိုင်းကို ပြန်လည်ပြင်ဆင်ချင်တာတွေရှိပါတယ်။ အထူးသဖြင့်တော့ ရုရှား-ယူကရိန်းဖြစ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ရုရှားဘက်ကနေပြီးတော့မှ ခုနကလိုမျိုးကျူးကျော်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သူတို့ဘက်ကနေပြီးတော့ သတင်းမီဒီယာတွေကနေတစ်ဆင့် ပုံဖော်နေတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အဆွေတော်အနေနဲ့ ကျွန်တော်သိချင်တာက အဆွေတော်နဲ့အတူ ရှိခဲ့ဘူးတဲ့သမိုင်းတွေကို ဘာလို့အနောက်နိုင်ငံတွေက ဘာလို့ပြင်ချင်တာလည်း ဒီအပေါ်မှာကော အဆွေတော်အနေနဲ့ ဘယ်လိုမျိုးမြင်လည်းဆိုတာကို သိချင်ပါတယ်။
ဖြေ။ သမိုင်းဆိုတာ လိမ်လို့မရဘူး ဖုံးလို့လည်းမရဘူး။ သမိုင်းက အရှိအတိုင်းပဲဖြစ်ရမယ်။ ဖက်ဆစ်နာဇီတွေရဲ့ လုပ်ဆောင်ချက်ကိုလည်း ဖုံးလို့မရသလိုပဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဖက်ဆစ်တွေကို ပြန်တိုက်ခဲ့တဲ့သမိုင်းကိုလည်း ဖုံးလို့မရဘူး။ ပြင်လို့လည်းမရဘူး။ သမိုင်းကသမိုင်းအတိုင်းအကုန်လုံးရှိရမယ်။ ဒါဘယ်လိုမှငြင်းလို့လည်းမရဘူး။ ဒါကြောင့် သူတို့ကတော့ သူတို့ရဲ့မှားယွင်းခဲ့တဲ့ လုပ်ဆောင်ချက်တွေကို နောင်လာမယ့်လူတွေအတွက် မှတ်တမ်းတွေမသိနိုင်အောင်လို့ ဒါတွေကို ပြင်ချင်လို့လည်းဖြစ်မယ်။ New world Order သွားချင်တာ။ နောင်လူငယ်တွေအတွက် New World Order သွားဖို့လည်း ဖြစ်ချင်တာလည်း ပါပါလိမ့်မယ်။ တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာအာဏာဆိုတာ သူတို့ကို မထိခိုက်ဘူးဆိုရင် တော်တော်များများက မလုပ်ကြဘူး။ သူတို့ရဲ့အချုပ်အခြာအာဏာထိခိုက်လာပြီဆိုရင်တော့ ပြန်လည်တုံ့ပြန်ကြရမှာတော့ သဘာဝပဲ။ နောက်တစ်ခုကတော့ သူတို့ရဲ့ လိုအင်ဆန္ဒတွေ အတ္တတွေပေါ့။ ဒါတွေရှိလာလို့ရှိရင်လည်း ပြဿနာရှာပြီးတော့ ဒီပြဿနာကို ပြောကြတာပဲ။ ဖြေရှင်းကြတာပဲ။ ဒါမျိုးတွေကတော့ ကမ္ဘာမှာလည်း တကယ့်သမိုင်းဖြစ်ရပ်မှန်တွေမှာ ကျွန်တော်တို့ တွေ့ပါတယ်။ ခုနကပြောတဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံဖြစ်စဉ်ကို ကြည့်လည်း ဒီတိုင်းပါပဲ။ တကယ်တမ်းပြောလို့ရှိရင်တော့ သမိုင်းကိုပြောင်းပြန်လှန်ဖို့အတွက် ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တွေ့ပါတယ်။
ရုရှားနိုင်ငံကလည်း ရုရှားနိုင်ငံရဲ့ အရင်ကဆိုဗီယက်နိုင်ငံ ဆိုဗီယက်ပြည်ထောင်စုရဲ့ အတိတ်အတွေ့အကြုံကို ယူပြီးတော့မှ ရုရှားနိုင်ငံအချုပ်အခြာအာဏာမထိခိုက်အောင် လုပ်ကြတာဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့တယ်။
မေး။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့မေးချင်တာကတော့ ယူကရိန်းနိုင်ငံနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက အထူးသဖြင့် EU နဲ့ UK ကနေပြီးတော့ ဘဏ္ဍာရေးနဲ့ စစ်ရေးဆိုင်ရာ စဉ်ဆက်မပြတ်ထောက်ပံ့မှုတွေကို နောက်ကွယ်ကနေပြီး ထောက်ပံ့နေတယ်လို့ သိရှိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အဆွေတော်ဘယ်လိုမြင်ပါသလဲ။ ဝါရှင်တန်ကတော့ ယူကရိန်းနဲ့ ရုရှားအရေးအခင်းနဲ့ ပတ်သက်လို့ သံတမန်ရေးအရရှင်းလင်းဖို့ တွန်းအားပေးနေတာကိုလည်း တစ်ကမ္ဘာလုံးက သိပါတယ်။ ဒါပေမယ့်ဒါကို EU နိုင်ငံတွေနဲ့ UK အဖွဲ့ဝင်နိုင်ငံတွေက သံတမန်ရေးအရဖြေရှင်းဖို့ နည်းလမ်းကို ကောင်းကောင်းမပေးဘဲနဲ့ စစ်ရေးနဲ့ စစ်လက်နက်ပစ္စည်းနဲ့ ဘဏ္ဍာရေးကို ထောက်ပံ့နေတာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သတ်ပြီးတော့လည်း အဆွေတော်အနေနဲ့ ဘယ်လိုမြင်လဲဆိုတာ သိရှိလိုပါတယ်။
ဖြေ။ စစ်ဆိုတာတော့ မဖြစ်တာအကောင်းဆုံးပဲ။ ပဋိပက္ခဆိုတာလည်း ကောင်းကောင်းမွန်မွန်ပြန်လည်ဖြေရှင်းနေတဲ့ နည်းလမ်းနဲ့သွားတာ၊ ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းနဲ့ သွားတာအကောင်းဆုံးပဲ။ ပဋိပက္ခတွေကြီးလာတယ်ဆိုတာလည်း အားပေးထောက်ခံမှုတွေ အားပေးထောက်ပံ့မှုတွေများလို့ ဖြစ်လာတာ။ အားပေးထောက်ပံ့မှုမရှိလို့ရှိရင် ပဋိပက္ခဆိုတာကြီးလာစရာတော့ မရှိပါဘူး။ တစ်ချို့က နှစ်နိုင်ငံဖြစ်တဲ့ ပြဿနာရှိမယ်။ ပဋိပက္ခက အဲ့မှာသူ့ကိုဝိုင်းအားပေးကြတယ်။ ထောက်ခံပေးကြတယ်။ ကူညီပံ့ပိုးပေးတယ်။ စစ်လက်နက်ပစ္စည်းတွေ၊ ငွေကြေးတွေ၊ စားနပ်ရိက္ခာတွေ စသဖြင့် ကူညီပေးတာပေါ့။ ဒီလိုပဲလုပ်လာကြတာ။ အဲ့တော့ ဒါတွေကပဋိပက္ခပိုပြီးကြီးမားလာတဲ့ဟာတွေ ဖြစ်လာတယ်။ ဒါမျိုးမဖြစ်ဖို့ဆိုရင် အားပေးကူညီတာမျိုးမလုပ်တာက အကောင်းဆုံးပဲ။
ဒါတွေဆိုရင် နိုင်ငံရေးအရဖြေရှင်းပေါ့။ ဒီလိုတော့သွားရမှာပေါ့။ စောစောက ခင်ဗျားမေးတယ်။ EU ကနေပြီးတော့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးဆိုတော့ သူတို့ရည်ရွယ်ချက်က ဘာလဲပေါ့။ သူတို့ ရည်ရွယ်ချက်ကဘာလဲ။ ပဋိပက္ခကြာရှည်အောင်ဖြစ်ပြီးတော့မှ စစ်ပန်းအောင်လို့ လုပ်တာ၊ ဒါလည်းစဉ်းစားရမယ့် တစ်ချက်ပဲ။ တကယ်တမ်းတော့ ပဋိပက္ခမဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်တာတော့ အကောင်းဆုံးနည်းလမ်းပါဘဲ။ ကျွန်တော်ကတော့ အားပေးထောက်ပံ့မှုမလုပ်သင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ညှိနှိုင်းပေါ့။ ဘာ့ကြောင့်ဖြစ်တာလဲ။ ပြဿနာဘာ့ကြောင့်ဖြစ်တာလဲ။ ပြဿနာဖြစ်လာတဲ့ အကြောင်းအရင်းကို ကျွန်တော်တို့ ပြန်ရှာရမှာပေါ့။ သမိုင်းမှာရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ် ၁ ခု ၂ ခုအတွင်းမှာဖြစ်ခဲ့တဲ့ အခြေအနေကို ကြည့်လိုက်လို့ရှိရင် ဘာ့ကြောင့် ယူကရိန်းနဲ့ ရုရှားပြဿနာဖြစ်တာလည်းဆိုတာ အဖြေရှိနေပါတယ်။ ဒါကိုအဖြေမှန်အတိုင်းကြည့်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။
မေး။ ခုနကမေးခွန်းနဲ့ဆက်စပ်ပြီး တစ်ဆက်တည်းမေးချင်တာကတော့ ယူကရိန်းပဋိပက္ခဖြေရှင်းပြီးတဲ့နောက်မှာ အမေရိကန်က တရုတ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို တိုးမြှင့်လုပ်ဆောင်လိမ့်မယ်လို့ တစ်ချို့က စိုးရိမ်နေကြတာတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့မကြာခင်မှာ စစ်ရေးတင်းမာမှုတွေ တစ်နည်းနည်းနဲ့ ဖြစ်လာနိုင်မယ်လို့ ကြိုတင်မျှော်လင့်ထားပါသလားခင်ဗျာ။
ဖြေ။ ဖြစ်နိုင်စရာအကြောင်းလည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ (၁၉၅၀) ပြည့်လွန်ကာလနောက်ပိုင်းမှာ ဒီအမေရိကန်ကနေပြီးတော့ တရုတ် china containment policy နဲ့ ပတ်သက်ပြီး စတင်ဆောင်ရွက်ခဲ့တာ သမိုင်းမှာရှိခဲ့တော့ အခုကပြိုင်ဘက်ဖြစ်လာပြီ။ တရုတ်နိုင်ငံနဲ့ အမေရိကန်က ပြိုင်ဘက်ဖြစ်လာတဲ့ အခါကျတော့ ဘာပဲပြောပြော သူ့ကိုတော့ ပြိုင်ဘက်တစ်ခုနဲ့ ပြန်ပြီးတော့ ထိန်းဖို့၊ လုပ်ဖို့ လုပ်နိုင်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကလည်း ဒါကတော့ မဖြစ်အောင် ကျွန်တော်တို့က ညှိနှိုင်းဆွေးနွေးဆောင်ရွက်တာမျိုး နိုင်ငံတွေအနေနဲ့ အားလုံးညှိနှိုင်းဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့ ကျွန်တော်တော့ယူဆပါတယ်။ ဒါသူတို့ နှစ်နိုင်ငံချင်းနဲ့တော့ မဆိုင်ဘူး။ ကျန်တဲ့ဟာတွေပါ ပါလာတယ်။ နှစ်နိုင်ငံတည်းနဲ့တော့ ပြဿနာတော့အကြီးအကျယ်ဖြစ်မှာမဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေပါ ပါလာမှ ပိုပြီးပြဿနာပိုရှုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တော့ အဲ့လိုမြင်တာပေါ့လေ။
မေး။ ခုနကအဆွေတော် ပြောသွားတဲ့ထဲမှာပတ်သက်လို့ ဒီပြဿနာက တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံရဲ့ ပြဿနာမဟုတ်ဘဲနဲ့ အကြမ်းဖက်နယ်မြေတွေပါလာမှ ပြဿနာပိုကြီးလာမယ်လို့ ကျွန်တော်သိရှိရပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားထဲမှာ တင်းမာမှုတွေမြင့်တက်နေတာကို မြန်မာနိုင်ငံအနေနဲ့ဘယ်လိုမျိုးထိန်းညှိပေးလို့ရမလဲ။ ဘယ်လိုမျိုးထိန်းညှိပေးဖို့အတွက်ရော စီစဉ်ထားလဲဆိုတာလေးလည်း အဆွေတော်ရဲ့အမြင်လေးကို သိရှိလိုပါတယ်။
ဖြေ။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကတော့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေတာပေါ့ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက်ဆက်ဆံရေးကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတစ်ခုပါပဲ။ သို့သော်လည်းပဲ တရုတ်နိုင်ငံကတော့ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံအထဲမှာလည်းဖြစ်သလို အိမ်နီးနားချင်းနိုင်ငံထဲမှာလည်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်တယ်။ သူများနိုင်ငံတွေထက်ပိုထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ဒီနှစ်နိုင်ငံလုံးနဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ထိတွေ့ဆက်ဆံသွားဖို့ ရှိပါလိမ့်မယ်။
မေး။ အာရှပစိဖိတ်ဒေသမှာ ကျွန်တော်တို့ NATO နဲ့ပတ်သက်ပြီးတော့ တိုးမြင့်လာတဲ့ ပတ်သက်ပြီး အဆွေတော်အနေနဲ့ရော ဘယ်လိုမျိုးသုံးသပ်ပါသလဲ။ ဒီလိုမျိုးဒေသအတွင်းမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ဒေသအတွင်းမှာ အင်အားကြီးတာနဲ့ ပတ်သက်ပြီးတော့ အန္တရာယ်ရှိလာနိုင်တယ်လို့ ရောခန့်မှန်းပါသလား။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဆွေတော်ရဲ့ အတွေးကိုလည်း သိရှိလိုပါတယ်။
ဖြေ။ အော် စိုးရိမ်တာတော့ အမှန်ပဲ။ ဘာမှလည်းမဆိုင်ဘူးလေ။ ဒီအရှေ့အာရှပစိဖိတ်ဒေသနဲ့ NATO က ဘာမှတော့မဆိုင်ပါဘူး။ ကျွန်တော်တို့တော့စိုးရိမ်ပါတယ်။ ဘာမှလည်းမဆိုင်ဘူးလို့ ကျွန်တော်တော့ ပြောချင်တယ်။ ဒီဒေသကအာရှပစိဖိတ်ဒေသဆိုတာ အာရှဆိုတာကုန်းမြေဒေသပေါ့။ ပစိဖိတ်ဒေသဆိုတော့ ကုန်းမြေဒေသနဲ့ ပင်လယ်ကမ်း၊ ပင်လယ်သမုဒ္ဒရာဒေသတွေ ပေါင်းစည်းထားတဲ့ နယ်မြေတစ်ခုပဲ။ ဘာပြောပြော မဟာဗျူဟာအရ အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကို ငြိမ်းချမ်းစွာ လုပ်နိုင်မယ်ဆိုရင်တော့ ကမ္ဘာ့အတွက် အများကြီးအကျိုးရှိမယ့် လုပ်ငန်းတစ်ခုပါပဲ။ ဒါပေမယ့်လည်း အင်အားကြီးနိုင်ငံကနေပြီးတော့ ဥပမာအားဖြင့် ခုနကပြောတဲ့ထဲမှာ NATO တင် မဟုတ်ဘူးဗျ။ အိန္ဒိယတို့၊ ဩစတြေးလျတို့၊ ဂျပန်တို့၊ အမေရိကန်တို့ ပေါင်းစည်းပြီးတော့လည်း သူတို့ဒီမှာအင်အားထိန်းညှိဖို့အတွက် လုပ်နေတာလည်း ကျွန်တော်တို့တွေ့တယ်။ ဒါတွေက ပဋိပက္ခကို ပိုကြီးမားလာစေမယ်လို့ပဲ ကျွန်တော်တော့ မြင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းတဲ့နည်းနဲ့ပဲသွားတာတော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ယူဆတယ်။ စိတ်ပူတာတော့ အမှန်ပဲ၊ စိတ်ပူတယ်။
မေး။ ဒါနဲ့တစ်ဆက်တည်း ကျွန်တော်မေးချင်တဲ့ မေးခွန်းလေးကတော့ အနောက်နိုင်ငံကြီး တော်တော်များများက လွှမ်းမိုးမှု၊ ထိန်းသိမ်းမှုကြိုးစားနေတဲ့အချိန်မှာ နိုင်ငံတကာဆက်ဆံရေးရဲ့ အနာဂတ်ကိုပုံဖော်ပေးမယ့် ဗဟုဝင်ရိုးသဘောတရား Multipolar သဘောတရားနဲ့ ပတ်သက်ပြီးတော့ အဆွေတော်ဘယ်လိုမြင်ပါသလဲ။ နောက်လက်ရှိအခြေအနေမှာ အနောက်နိုင်ငံတွေက သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ သူတို့ရဲ့လိုလားချက်အတွက် သူတို့ကတော့ သူတို့တတ်နိုင်သမျှ Dominate လုပ်ပြီးတော့မှ နိုင်ငံတွေကို ဖိအားတွေပေးနေတာပေါ့ ဒါနဲ့ပတ်သက်ပြီးတော့ ဗဟုဝင်ရိုးသဘောတရားနဲ့ ပတ်သက်ပြီးတော့ အဆွေတော်အနေနဲ့ ဘယ်လိုမျိုးမြင်ပါသလဲဆိုတာ သိရှိလိုပါတယ်။
ဖြေ။ အရင်တုန်းကတော့ Unipolar နဲ့ အမေရိကန်အနောက်အုပ်စုကနေပြီးတော့ Unipolar နဲ့ ကမ္ဘာကြီးကို ထိန်းချုပ်လာခဲ့တာပေါ့။ နောက်ကျတော့ Bipolar ဖြစ်လာတယ်။ Bipolar ကနေ တစ်ခါထပ်ပြီးတော့ Unipolar ပြန်ဖြစ်သွားတယ်။ ဒါအနောက်နိုင်ငံက အားသာသွားတာပေါ့။ ဒါပေမယ့် ဒီဘက်ခေတ်ကကျတော့ ခင်ဗျားတို့ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့က စစ်ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ သိပ္ပံနဲ့နည်းပညာအရသော်လည်းကောင်း တော်တော်ကြီးကို တိုးတက်လာတယ်။ တိုးတက်လာတော့ ဒါ Multipolar သဘောတွေ ကျွန်တော်တို့ ဖြစ်လာတယ်။ ဒါကတော့ ဖြစ်သင့်တဲ့ကိစ္စတစ်ခုပဲ။ ကမ္ဘာကြီးကို တစ်ယောက်ကနေ ကိုင်ပြီးတော့မှ လုပ်တဲ့ဟာမျိုးကတော့ ဘယ်လိုမှမဖြစ်သင့်ဘူး။ ကျွန်တော်တို့ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဒီဒဏ်ကို တော်တော်လေးခံကြရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ Multipolar စနစ်ကို သွားတာကတော့ အကောင်းဆုံးဘဲ။ ကမ္ဘာကြီးမှာရှိနေတဲ့ အကြောင်းခြင်းရာတွေကို မျှဝေခံစားတာကတော့ အကောင်းဆုံးဘဲ။ မျှမျှတတဆောင်ရွက်တာလည်း အကောင်းဆုံးဘဲ။ မျှဝေခံစားတာလည်း အကောင်းဆုံးဘဲ။ မမျှမတဖြစ်လို့သာ အခုပဋိပက္ခတွေဖြစ်လာတာပေါ့။ ဒါ့ကြောင့် ပဋိပက္ခမဖြစ်အောင်ဆိုလို့ရှိရင် Multipolar စနစ်ကတော့ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။
မေး။ ကျွန်တော့အနေနဲ့ဒီခုနက Multipolar World နဲ့ပတ်သက်ပြီးတော့ မေးချင်တဲ့ မေးခွန်းကတော့ လက်ရှိမြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတော်တော်များများက Multipolar World ကို ထောက်ခံနေတယ်လို့ သိရှိရပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေကနေပြီးတော့ သူတို့ရဲ့အရင်တုန်းက Unipolar World ကိုသူတို့က ပြန်သွားချင်နေတယ်။ ဒီလိုပြန်သွားချင်တဲ့ဟာကို မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေက Multipolar World သွားဖို့ အကောင်အထည်ဖော်နိုင်အောင် အောင်မြင်ဖို့နဲ့ ဒီ Multipolar World ကို ဖယ်ထုတ်ဖို့တွက် ဘယ်လိုမျိုးနည်းဗျူဟာတွေ ကျင့်သုံးရမယ်လို့ အဆွေတော်ထင်ပါသလဲ။ ဒီဟာနဲ့ပတ်သက်ပြီးအဆွေတော်ရဲ့ ယုံကြည်မှုလေးတွေ သိရှိလိုပါတယ်။
ဖြေ။ ခုနက ကျွန်တော်ပြောတာ သုံးနိုင်ငံရှိတယ်။ သုံးနိုင်ငံပေါ့ ဒီသုံးနိုင်ငံကတော့ ကမ္ဘာပေါ်မှာလည်း မျှမျှတတဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေလို့ ကျွန်တော်တို့မြင်တယ်ဗျ။ အဲ့တော့ဒါတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစားရမှာပေါ့၊ ကိုယ်ကိုယ်တိုင်ကလည်း မကြိုးစားလို့တော့ မဖြစ်နိုင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ရဲ့ စီးပွားရေးအတတ်ပညာ စသဖြင့် ဒါတွေလည်း ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်အောင်လို့ လုပ်ကြရမှာပေါ့။ တစ်ဖက်ကလည်း နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်ဖို့လိုတယ်။ စောစောကနိုင်ငံတွေကတော့ ကမ္ဘာမှာ ထိပ်ဆုံးမှာ၊ ထိပ်မှာရှိတဲ့ နိုင်ငံတွေဖြစ်တော့ ခင်ဗျားတို့ ရုရှားနိုင်ငံ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ဒီလိုနိုင်ငံမျိုးတွေက ဦးဆောင်နိုင်တဲ့ အခြေအနေရှိတဲ့ နိုင်ငံတွေ သူတို့နိုင်ငံတွေအနေနဲ့ ပူးပေါင်းပြီးတော့ မျှမျှတတဆောင်ရွက်သွားမယ်ဆိုရင် Multipolar ကတော့ ကျွန်တော်တို့ကတော့ Global ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ ဒီ Unipolar ကတော့ ဘယ်သူမှလက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီဒဏ်ကို ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ နိုင်ငံတွေအားလုံးကြုံတွေ့လာနိုင်တာတွေအားလုံးက အကုန်လုံးသိတယ်။ ခါးသီးတဲ့အရသာကို ကျွန်တော်တို့ သိတယ်။
ဒါကြောင့် ဘယ်သူမှတော့ အဖြစ်ခံမှာမဟုတ်တော့ဘူး။ နိုင်ငံတွေကလည်း အကုန်လုံးကြိုးစားနေကြတာပဲ နိုင်ငံတွေအားလုံးကလည်း လူတွေက မတ်တပ်ရပ်ရင် ကျန်ခဲ့မှာပေါ့။ မတ်တပ်ရပ်ပြီးနေလိုက်ရင် ကျန်ခဲ့မယ်။ လမ်းလျှောက်သူတွေကတော့ ကျော်သွားမှာပဲ။ အဲ့တော့ အကုန်လုံးကလမ်းလျှောက်နေကြတာ၊ လမ်းလျှောက်နေကြတာ။ ဒါကြောင့် သူတို့တိုးတက်အောင်လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်တော့ ခုနကပြောခဲ့တဲ့သမိုင်းမှာ ဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေအရ နိုင်ငံတွေက သူတို့နိုင်ငံတွေ ဒီလိုမဖြစ်အောင်ဆိုတဲ့ စိတ်တွေအကုန်လုံးရှိကြတယ်။ အဲ့အချိန်မှာ စောစောကပြောခဲ့တဲ့ ဦးဆောင်တဲ့နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ လုပ်မယ်ဆိုရင် Unipolar ကိုတော့ ဘယ်လိုမှ ဖြစ်လာစေမှာမဟုတ်ဘူးလို့တော့ ကျွန်တော်တော့ တွေ့ရပါတယ်။
မေး။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလို့ သိရှိရပါတယ်၊ အာဆီယံအဖွဲ့ဝင်ဆိုတာလည်း ကျွန်တော်တို့ ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းတွေမှာဆိုလည်း ဩဇာတိက္ကမကြီးမားတဲ့ အဖွဲ့ဝင်နိုင်ငံ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့အဖွဲ့မှာရော ဘယ်လိုမျိုးအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်နေပါသလဲ။
ဖြေ။ ကျွန်တော်တို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ အာဆီယံရဲ့ ပဋိညာဉ်အတိုင်းပေါ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကျွန်တော်တို့ အကုန်လုံးအပြည့်အဝလုပ်ပါတယ်။ အာဆီယံရဲ့ ရည်ရွယ်ချက်ကတော့ တကယ်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒီမြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့ပေါ့ သူ့ရဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေလုပ်ဖို့အတွက်ကို ကျွန်တော်တို့က စိတ်ဆန္ဒလည်းရှိပါတယ်။ လုပ်လည်းလုပ်နေပါတယ်။ အာဆီယံဘက်ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံချင်းရဲ့ သဘောထားတွေတော့ တစ်ချို့ဟာတွေ ကွဲပြားခြားနားမှုတွေရှိပါတယ်၊ သို့သော်လည်းပဲ သူရဲ့အခြေခံအချက်အလက်တွေရှိပြီးသားပဲ။ ဒီအခြေခံအချက်တွေပေါ် မူတည်ပြီးတော့ လုပ်နိုင်ဖို့ပဲ အရေးကြီးတယ်လို့ ကျွန်တော်ပြောချင်တယ်။
မေး။ တစ်ဆက်ထဲမှာ ကျွန်တော်တို့ထပ်ပြီးမေးလိုတာကတော့ ဒီအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီအာဆီယံအဖွဲ့အစည်းနဲ့ ရုရှားနဲ့ ဒီအနာဂတ်ဆက်ဆံရေးကိုရော ဘယ်လိုမြင်လဲဆိုတာလေးလဲ သိလိုပါတယ်ခင်ဗျာ။
ဖြေ။ ရုရှားနဲ့ ရုရှားနိုင်ငံကအာဆီယံအတွက်တော့ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်တာပေါ့လေ ကျွန်တော်တို့ရဲ့ အခု ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ ကျွန်တော်တို့ရဲ့နိုင်ငံက အာဆီယံနဲ့ ရုရှားနိုင်ငံရဲ့ ဆက်ဆံရေးကိုလည်း ညှိနှိုင်းရေးတာဝန်ယူထားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အရင်တုန်းက ကျွန်တော်တို့က တရုတ်နဲ့ အရင်ကာလက ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ တရုတ်လည်း အောင်အောင်မြင်မြင် ကျွန်တော်လုပ်ခဲ့ပေးတယ်။ ကျွန်တော်တို့ အခုဆိုလဲ ရုရှားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က ညှိနှိုင်းခဲ့တဲ့ နိုင်ငံတစ်ခုအနေနဲ့ တာဝန်ယူထားတာပေါ့။ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်လဲ ရုရှားနဲ့ အာဆီယံနိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပိုကောင်းအောင်လုပ်ပေးဖို့ ကျွန်တော်တို့လဲ ဆန္ဒရှိပါတယ်။ ရုရှားက အာဆီယံအတွက်တော့ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဆွေးနွေးဖက်နိုင်ငံထဲမှာလည်း ပါနေပြီဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ကာလတွေမှာတော့ အာဆီယံနဲ့ ပူပေါင်းဆောင်ရွက်မှုတွေမှာ ရုရှားနိုင်ငံဟာ အရေးပါတဲ့အနေအထားမှာ ရှိလာနိုင်မယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ တစ်ဖက်ကလဲ ရုရှားနိုင်ငံကလည်း ဒီအာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို ကဏ္ဍပေါင်းစုံတိုးချဲ့နိုင်ဖို့အတွက်လည်း စဉ်းစားဆောင်ရွက်ပေးနိုင်ဖို့လည်း လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
မေး။ ကျွန်တော့်အနေနဲ့ ဒါကတော့နိုင်ငံရေးနဲ့ မဆိုင်တော့ပါဘူး။ ကျွန်တော်တို့သတင်းဌာနနဲ့ သက်ဆိုင်တဲ့ မေးခွန်းလေးမေးချင်ပါတယ်။ ကျွန်တော်တို့ RT သတင်းဌာနကတော့ နှစ်ပေါင်း ၂ဝ ခန့် ရပ်တည်နေတာရှိပါတယ်။ ကျွန်တော်တို့ RT သတင်းဌာနနဲ့ ပတ်သက်ပြီးတော့ RT သတင်းဌာနရဲ့ လုပ်ဆောင်နေမှုတွေ၊ သတင်းထုတ်ပြန်နေမှုတွေနဲ့ ပတ်သက်ပြီးတော့ အဆွေတော်ရဲ့ အမြင်လေးကိုလည်း သိရှိလိုပါတယ်။
ဖြေ။ RT သတင်းဌာနကတော့ တကယ့်ထိပ်တန်းသတင်းဌာနတစ်ခုလိုပဲ၊ သတင်းတင်ဆက်မှုအပိုင်းလည်း တော်တော်လေးကောင်းပါတယ်။ ကျွန်တော်လည်း မကြာခဏကျွန်တော် RT ကို ကြည့်ပါတယ်။ RT က သတင်းတင်ဆက်မှုတွေက ခိုင်လုံ၊ ခိုင်မာမှုတွေ တော်တော်များများရှိတာပေါ့။ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံလေးပြောနိုင်တာရှိတယ်။ နောက်သမိုင်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ဖော်ထုတ်ပြီးတော့ တင်ပြတဲ့အခါမှာလည်း တော်တော့်ကို အတုယူစရာတွေ ကျွန်တော်တို့တွေ့တယ်။ ကျွန်တော်တော့ အဲ့ဒီကနေရတဲ့ ပညာတွေလည်း အများကြီး၊ အများကြီးရှိပါတယ်။ အဲ့ဒါကြောင့် RT ကတော့ တကယ်ကောင်းတဲ့သတင်း၊ အဆင့်မြင့်မားတဲ့သတင်းဌာနတစ်ခုလို့ ကျွန်တော်တော့မြင်ပါတယ်။ အနှစ် (၂၀) ကြာအောင် ကာလအတွင်းမှာ RT ရဲ့ အောင်မြင်မှုတွေကိုလည်း ဆက်လက်ပြီးတော့မှ ဒီထက်ပိုပြီးတော့ အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ရုရှား-မြန်မာ ချစ်ကြည်ရေးအပြင်ကို ရုရှားနိုင်ငံနဲ့ ကမ္ဘာပေါ်မှာ ဆက်ဆံနေရတဲ့ အခြေအနေမျိုးကိုလည်း RT ကနေပြီးတော့မှ ပိုပြီးကောင်းအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပိုပြီးလည်း အောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပါတယ်။

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တစ်ပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေညာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် သွေးမအေးကြသူများ၏ စကားသံများ စုစည်း ဖော်ပြလိုက်ပါသည်။

“ကပ်မျိုးစုံကို ရင်ဆိုင်ကျော်လွှားလာရတာ လူတွေတအားပင်ပမ်းနေပြီ။ သားသည်မိခင်တွေ၊ ခွန်အားမပြည့်သေးတဲ့အမျိုးသမီးတွေနေရာက ခနလောက်ဝင်ခံစားပေးကြပါလို့။ အဆင်ပြေနိုင်တဲ့ထွက်ပေါက်တွေ ရအောင်ရှာနိုင်တယ်ဆိုတဲ့စိတ်မွေးပြီး မာနေတွေခနဘးဖယ်ကာ ဆွေးနွေးကြစေချင်ပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မယုံရဘူးဆိုတဲ့ သံသယတွေလည်း ခဏ ဘေးဖယ်ထားပြီး အရင်ဆုံးအတူ သဘောတူလို့ရတဲ့အချက်တွေကနေစညှိစေချင်ပါတယ်။ Peace or Justice ဆိုတဲ့ ဆိုရိုးလိုပေါ့ ငြိမ်းချမ်းရေးအကြောင်းပြောမယ်ဆို တချို့ တရားမျှတမှုတွေ ခဏ မေ့ထားရပါမယ် “ဟု တိုင်းရင်းသား-ဗမာ ကပြား အမျိုး သမီးတစ်ဦးကဆိုသည်။
“နစက နဲ့ EAOs များ တစ်ဖွဲ့ချင်း informal dialogue ကို တိုက်ရိုက်အရင်စပြောဖို့ လိုပါမယ်။ကြားခံက သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူထဲက ယုံကြည်ရပြီး အစွမ်းအစရှိသူတွေနဲ့ စသင့်ပါတယ်။နိုင်ငံတကာ ကြားခံထက် လူထု ကိုယ်စားပြုကြားခံက ပိုထိရောက်မယ်မြင်ပါတယ်။သက်ဆိုင်ရာ EAOs က လက်ခံတဲ့ လူထု ကိုယ်စားလှယ် ဆိုရင် ပိုကောင်းတယ်။ယုံကြည်မှုတည်ဆောက်ရပိုလွယ်မယ်။ ကိုယ့်လူတွေနဲ့ပဲ လုပ်နေတာမျိုးထက် လူထုကို အသိပေးပြီး လုပ်လေ ကောင်းလေပါ။”ဟု တိုင်းရင်းသား တစ်ဦးကဆိုသည်။
“NSPNCက တဖွဲ့ခြင်း ဆွေးနွေးနေတာကိုထောက်ကူဖို့ Track 2 အနေနဲ့ hidden agenda တွေအပေါ်ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ့် think tank to think tank or NGO to NGO ပြန်လှန်တွေ့ဆုံရင်ဖွင့် ဆွေးနွေးပြီး သက်ဆိုင်ရာ ဆွေနွေးဖက်တွေကိုထောက်ကူနိုင်ပါတယ်။ လုပ်လည်းလုပ်နေကြတယ်ထင်ပါတယ်။ ထိရောက်စေချင်ရင်တော့ တစ်ဖက်စီက track 2 တစ်ဖွဲ့စီသတ်မှတ်ကိုယ်စားပြုစေပြီး ညှိနိုင်းစေရင် ပိုလွယ်ကူမြန်ဆန်ပါမယ်”ဟု စောင့်ကြည့် လေ့လာနေသည့် သုတေသီတစ်ဦးက ဆိုသည်။
“နှစ်ဘက်ဆန္ဒရှိရင် လွယ်မှာပေါ့ဗျာ။ မဟုတ်ရင်တော့ လေထဲ Statement ထုတ်နေတာပဲရှိလိမ့်မယ်။ တစ်ဖက်စီ Track 2 တိုက်ရိုက်စပြီးဆွေးနွေး ၊အဲကနေ EAO နဲ့ NSPNC တိုက်ရိုက်စပြော ၊အဲအစီအစဉ်ကို ထောက်ခံပါတယ်”ဟု တိုင်းရင်းသား ပါတီတစ်ခု၏ ပါတီဝင်တစ်ဦးကဆိုသည်။
“အားလုံးပါဝင်တဲ့ ညီလာခံ တစ်ခုကို ခေါ်ပြီး အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်ခွဲဝေမှုကို အရင်ညှိရပါမယ်။ ပြီးရင် တပ်မတော်ပေါင်းစည်းရေးကို ညှိရပါမယ်။ ညှိနှိုင်းမှုတွေကို ကြိုတင် စည်းကမ်းသတ်မှတ်ထားတာမျိုးမလုပ်ဘဲ လွတ်လွပ်စွာ ဆွေးနွေးနိုင်ဖို့ အရေးကြီးပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုတဲ့အတွက်ကြာနိုင်ပါတယ်။ အားလုံးညှိလို့ ရမှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်နိုင်မှာပါ။ အဲဒါကို ပြင်နိုင်မှလည်း ထာဝရ ငြိမ်းချမ်းရေးကိုရမှာပါ”ဟု အမတ်ဟောင်းတစ်ဦးက ပြောသည်။
“တကယ့်ကို ဗုံးသံ၊ သေနတ်သံတွေ လုံးဝပျောက်သွားဖို့က ကတိတည်ဖို့ပါ။ ငြိမ်းချမ်းရေးကို ဒီလူတွေပဲ ဆက်ဆွေးနွေးနေလို့ကတော့ အဖြေကောင်း ထွက်လာဖို့ မမြင်ပါ။ လူငယ်နဲ့ပြည်သူတွေ၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ဆောင်ရွက်နေသူများ ပါဝင်တဲ့ အလုံးစုံ လွှမ်းခြုံ စဥ်ဆက်မပြတ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လုပ်ပြီး၊ အဖြေကောင်းထွက်ဖို့က အဓိကပါ။ တိုင်းပြည်နဲ့ ပြည်သူအတွက် စိတ်ကောင်းနဲ့စေတနာအပြည့်ရှိဖို့လည်းအရေးကြီးပါတယ်။ ဆွေးနွေးပွဲတွေကနေ တည်ငြိမ်မှု၊ နားလည်မှု၊သဘောတူညီမှုတွေရအောင် ဆောင်ရွက်ကြဖို့ပါ။ တစ်တိုင်းပြည်လုံး ပြန်လည်ထူထောင်ဖို့ဆို အားလုံးပါဝင်ဆောင်ရွက်တာတောင် ဆယ်စုနှစ်တစ်ခု အနည်းဆုံး ယူရမှာပါ။ အခုလို တိုက်ခိုက်နေကြမယ်ဆိုရင် တိုက်ခိုက်ဖို့ သုံးရမှာတွေလည်းရှိတော့ ပြန်လည် ထူထောင်ဖို့ဆိုတာ မြို့ကြီး ပြကြီး အချို့မှာပဲ လုပ်လို့ ရမှာပါ”ဟု NGOမှပုဂ္ဂိုလ်တစ်ဦးကဆိုသည်။
NSPNC မှတာဝန်ရှိသူတစ်ဦးကတော့ “အားလုံးပါတဲ့ ဆွေးနွေးပွဲတွေကို မြှင့်တင်နိုင်ဖို့ ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။
ဆွေးနွေးပွဲတွေမှာ မတူကွဲပြားတဲ့ political actors တွေ၊အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ NCA sign,non sign EAOsတွေ၊ နိုင်ငံရေးပါတီတွေ၊လူငယ်တွေ၊အမျိုးသမီးတွေ၊ resource persons တွေ၊ စီးပွားရေးပညာရှင်တွေ၊မီဒီယာတွေ ပါနိုင်သမျှပါဝင်လာဖို့ဆောင်ရွက်နေသလို သက်ဆိုင်သူတွေအကြား နားလည်မှု၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်နိုင်ဖို့ ဆွေးနွေးပွဲ အခင်းအကျင်းတွေကို ပွင့်လင်းမြင်သာစွာ ပါဝင်ဆွေးနွေးနိုင်ဖို့ အမြဲစဥ်းစားဆောင်ရွက်နေပါတယ်။”ဟုဆိုသည်။
ပေါ်ပြူလာနယူးစ် အနေဖြင့် မေးမိသလောက်ကိုသာ ဖော်ပြလိုက်ရခြင်းဖြစ်ပြီး နိုင်ငံသားတိုင်း၏ ရင်တွင်းခံစားချက်များလည်းကိုယ်စီရှိနေဦးမည်ဖြစ်သည်။ အတူချိတ်ဆက် တည်ဆောက်ကြရတော့မည့်အချိန်အခါဖြစ်သဖြင့် အပြန်အလှန်သည်းခံမှု၊ ယုံကြည်ပေးနိုင်မှုတို့ဖြင့် ပြည်သူ့နှလုံးစိတ်ဝမ်း အေးချမ်းအောင်လုပ်ဆောင်ပေးနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။
Source: Popular Myanmar

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ရာ ယနေ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်ရက်မြတ် အခါသမယဖြစ်သည်။

မြန်မာ့နိုင်ငံတကာဆက်ဆံရေးသမိုင်းသည် ဘီစီ ၂ ရာစုမှစတင်ကာ နှစ်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့သော်လည်း မျက်မှောက်ခေတ် မြန်မာ့နိုင်ငံတကာဆက်ဆံရေးကို အဖွဲ့အစည်းအထင်ကရဖြင့် မှတ်ကျောက်တင် နိုင်ခဲ့သည်မှာ (၇၇)နှစ်တာရှိပြီး ထိုကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်အားသာမက စွမ်းရည်ပါ တိုးတက်လာသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။
နိုင်ငံခြားရေးဌာနကို ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် "Department of Foreign Service" အဖြစ် စတင်ထူထောင်စဉ်က အတွင်းဝန်တာဝန်ဖြင့် အရာထမ်း တစ်ဦး၊ အမှုထမ်း ရှစ်ဦး စုစုပေါင်း ဝန်ထမ်းအင်အား ကိုးဦးသာရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မေလ ၄ ရက်တွင် နိုင်ငံခြားရေးရုံး ဒင်္ဒသမနငါည ဉ်ငခနဒဒ ဟု အမည်ပြောင်းလဲခဲ့ပြီး အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်းအတွင်းဝန်အဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြပါသည်။ လက်ရှိသုံးစွဲနေသည့်နိုင်ငံခြားရေးဝန်ကြီးဌာန အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်တွင် စတင် သုံးစွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလတွင် ဒုတိယဝန်ကြီးချုပ် နှင့်ပြည်ထောင်စုဝန်ကြီးဦးဆောင်မှုဖြင့် ပြည်တွင်း ပြည်ပရှိ ဝန်ထမ်းအင်အား တစ်ထောင်ကျော်တို့ဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ထမ်းဆောင် လျက်ရှိသည်။ အင်အား၏သုံးပုံနှစ်ပုံမှာ မြန်မာပြည်ရှိ ဌာနချုပ်တွင် ထမ်းဆောင်လျက်ရှိပြီး သုံးပုံတစ်ပုံမှာ ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၅၁ ရုံးတွင် အသီးသီးတာဝန်ထမ်းဆောင်လျက်ရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆယ်စုနှစ် ခုနစ်ခုကျော်ကာလတစ်လျှောက်တွင် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ရှေးရှုသည့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကောင်းမွန်သည့် နိုင်ငံ့ပုံရိပ်ဖော်ဆောင်ရေးကိုကြိုးပမ်းလျက်ရှိသည်။
မြန်မာ့လွတ်လပ်ရေးရရှိပြီးနောက် အစိုးရများ လက်ထက်တွင် ထူးချွန်သည့်မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂတွင် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အတွင်းရေးမှူးချုပ်တာဝန်ကို သက်တမ်းနှစ်ကြိမ်တိုင်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်သည် ကျူးဘားအရေးအခင်း၊ ကွန်ဂိုပြည်တွင်းစစ်အဆုံးသတ်ရေး၊ အင်အားကြီးနိုင်ငံများအကြားတင်းမာမှုလျှော့ချရေးတို့တွင် စွမ်းစွမ်းတမံဆောင်ရွက်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးကိုပံ့ပိုးပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် သံတမန်တစ်ဦးဖြစ်ခဲ့ရာ မြန်မာ့ပုံရိပ်ကို ကမ္ဘာတွင် အထင်အရှားဖြစ်စေခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကိုဦးတည်သည့် နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင်အထင်ကရဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယတို့နှင့် ပူးတွဲချမှတ်နိုင်ခဲ့ခြင်းသည်လည်း သမိုင်းဝင်ကြိုးပမ်းချက်တစ်ရပ်ဖြစ်သည်။ ဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများအကြား ငြိမ်းချမ်းစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးဦးတည်သည့် အဆိုပါ မူကြီး(၅)ချက်မှာ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အပြန်အလှန်လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံကျူးကျော်ခြင်းနှင့် ပြည်တွင်းရေး စွက်ဖက်ခြင်းမပြုရန်၊ တန်းတူညီမျှရှိပြီး အပြန်အလှန်အကျိုးပြုကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများ ဖြစ်ပါသည်။
ထိုမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၁၉၅၅ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန်တို့နှင့် ဘန်ဒေါင်းကွန်ဖရင့်ကို ပူးတွဲ ကမကထပြုကာ မြန်မာနိုင်ငံ၏သံတမန်ရေးရာ ဦးဆောင်မှုကို ဖော်ညွှန်းသည့် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ပါသည်။ အဆိုပါကွန်ဖရင့်တွင် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို ထပ်လောင်းထင်ဟပ်သည့် ဘန်ဒေါင်းမူကြီး (၁၀)ရပ်ကိုထုတ်ပြန်ကာ အာရှနှင့်အာဖရိကမှ လွတ်လပ်သော နိုင်ငံအသစ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အစပျိုးနိုင်ခဲ့ကြပါသည်။
အလားတူပင် ၁၉၆၁ ခုနှစ်တွင် ဘက်မလိုက်အဖွဲ့ကြီးထူထောင်ရေးတွင်လည်း မြန်မာနိုင်ငံမှ တက်ကြွစွာပါဝင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်အဖွဲ့ကြီး၏ ဝန်ကြီးများ အဆင့်အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးများတိုးမြှင့်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးရေးတို့ကို ကြိုးပမ်းသွားလိုကြောင်း ပြည်ထောင်စုဝန်ကြီးမှ အလေးထားပြောကြားခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်များတွင် ကြုံတွေ့ခဲ့ရသည့် အနောက်နိုင်ငံများ၏ပိတ်ဆို့မှုများအကြားမှပင် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂမျက်နှာစာနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏အရှိန်ကို ထိန်းသိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးကြိုးပမ်းမှုများကို ပံ့ပိုးခဲ့သည်။
နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အလေးထားသည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံ၏ပုံရိပ်ကို ထင်ဟပ်နိုင်စေရေး၊ လက်နက်ဖျက်သိမ်းရေးကဏ္ဍတွင် တက်ကြွစွာပါဝင်ကာ နျူကလီးယား လက်နက် တားဆီးရေး စာချုပ်၊ နျူကလီးယားစမ်းသပ်မှုအလုံးစုံ တားဆီးရေးစာချုပ်တို့တွင် လက်မှတ် ရေးထိုးခြင်း၊ နျူကလီးယား လုံခြုံစိတ်ချစွာသုံးစွဲရေးဆိုင်ရာ ကွန်ဗင်းရှင်း၊ နျူကလီးယားဆိုင်ရာပစ္စည်းများ ကာကွယ်တားဆီးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း စသည်တို့တွင် ပါဝင်ခဲ့သည်။ အထူးသဖြင့် ဂျကာတာ၊ ဂျီနီဗာနှင့် နယူးယောက်မြို့ရှိဖိုရမ်များတွင် အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ဇုန်ကို လေးစားလိုက်နာရေး အပါအဝင် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်လျက်ရှိသည်။ ၁၉၉၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ နိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ဖျက်သိမ်းရေး ဆိုင်ရာပထမကော်မတီတွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ အဆိုမူကြမ်းကို ကုလသမဂ္ဂက အဖွဲ့ဝင်အများစု၏ ထောက်ခံမှုဖြင့် တင်သွင်းခဲ့သည်။
၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်းသည်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံအနေနှင့် ဒေသတွင်းပေါင်းစည်းရေးတွင် အာဆီယံနှင့်အတူလိုက်ပါ ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများရှိခဲ့သည်။ အဖွဲ့ဝင်အားလုံး အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာရာတွင် အဖွဲ့ဝင် နိုင်ငံများ၏ အဆင်ပြေမှုကို လေးစားလိုက်နာပြီး အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရေးတွင် ပါဝင်လျက်ရှိသည်။
၂၀၁၁-၂၀၁၅ ကာလသံတမန်ရေးအရ ပြန်လည် ဦးမော့လာစေရေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကမ်မရွန်း၊ အမေရိကန်သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်တို့၏ ခရီးစဉ်များကို လက်ခံစီစဉ်ပေးနိုင်ခဲ့ပါသည်။
ထို့ပြင် ၂၀၁၃ ခုနှစ်တွင် အာရှဒေသဆိုင်ရာကမ္ဘာ့ စီးပွားရေးဖိုရမ်ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးများကိုလည်းကောင်း လက်ခံကျင်းပကာ ကွန်ဖရင့်ဒီပလိုမေစီကို မြှင့်တင်နိုင်ခဲ့သည်။ အဆိုပါ ၂၀၁၁-၂၀၁၅ ကာလအတွင်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အကူအညီများရရှိမှု သုံးဆမြင့်တက်ခဲ့ပြီး ကုန်သွယ်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုများလည်း သိသိသာသာတိုးတက်ခဲ့ပြီး ယင်းတိုးတက်မှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက တက်ကြွစွာ ပံ့ပိုးခဲ့သည်။
အလားတူပင် ၂၀၁၆-၂၀၂၀ ကာလများတွင် သံရေးတမန်ရေး အောင်မြင်မှုများစွာ ဖော်ဆောင်နိုင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေး ပိတ်ဆို့မှုများကိုလည်းဖယ်ရှားနိုင်ခဲ့ကာ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးများ ဖော်ဆောင်နိုင်ခဲ့သည်။
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်များဖြစ်သည့် အခြေခံဥပဒေ အပိုဒ် ၄၁၊ ၄၂ (က)နှင့်(ခ)တို့အရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကြီး(၅)ရပ်နှင့်အညီ နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ကာ နိုင်ငံတကာတွင် ထားရှိရမည့် ကတိကဝတ်များကို လေးစားလိုက်နာလျက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်များကို တက်ကြွစွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ခေတ်တွင် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများ၊ နည်းပညာဖွံ့ဖြိုးမှု၏ဘေးထွက်ဆိုးကျိုးများ၊ သတင်းမီဒီယာ၏ အဆိပ်အတောက်ဖြစ်စေမှုများ အပါအဝင် ပိုမိုရှုပ်ထွေးသည့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများစွာကို မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ ရင်ဆိုင်လျက်ရှိသည်။ ထိုစိန်ခေါ်မှုများနှင့် ဆက်စပ်သည့် ပြည်တွင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုများကို ကျော်လွှားကာ နိုင်ငံနှင့် ပြည်သူများအကျိုးစီးပွားဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာနအနေနှင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသားများအကျိုးဖော်ဆောင်ရေး လုပ်ငန်းရပ်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရေးပါသော လုပ်ငန်းရပ်တစ်ခုအဖြစ် သတ်မှတ်ကာ အလေးပေး ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အကျဉ်းကျခံပြီးသူ ၂၀၇၅ ဦးနှင့် ၂၆၇၁၆ ဦးတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထို့အတူ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံအချို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး အလုပ်ရှင်အလုပ်သမား ပြဿနာများကြုံတွေ့ရ၍ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် နိုင်ငံသား ၁၆၄ ဦးတို့ နေရပ်ပြန်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများရှိ အာဏာပိုင်များနှင့်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အလားတူပင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် မိမိနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ၏ လှည့်ဖြားခံရခြင်း အပါအဝင် အခြားအကြောင်းအမျိုးမျိုးနှင့် တရားမဝင်ရောက်ရှိခဲ့ကာ နေရပ်ပြန်ရန် အခက်အခဲရှိနေသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံသား ၅၂၈၂၃ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။
စိန်ခေါ်မှုများကို ဘက်ပေါင်းစုံမှ ကြုံတွေ့နေရသည့် ယနေ့ခေတ်ကာလတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များ၏ကြံ့ခိုင်မှု ပိုမိုပေါ်လွင်စေသည်။
အထူးအားဖြင့် နိုင်ငံအချို့သည် ကုလသမဂ္ဂမျက်နှာစာနှင့်အာဆီယံမျက်နှာစာတွင် အစဉ်အဆက်လိုက် နာခဲ့ကြသည့် မူကြီးများကို အလေးထားမှုမရှိကြသည့် အခက်အခဲဆုံးကာလတွင်ပင် မြန်မာနိုင်ငံသည် နိုင်ငံစုံစနစ်၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ခြင်းကိုအလေးထားကာ မိမိတို့ကတိကဝတ်များကို မသွေဖည်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ကြံ့ခိုင်မှုမှသည် ပိုမိုသန်စွမ်းမှုသို့ ဦးတည်ကာ နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်များ ပြည့်မီစေရန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆတက်ထမ်းပိုး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ရှေးယခင်ကပင် အင်ပါယာကြီးသုံးခုအကြားတွင် လက်ရုံးရည်နှင့်နှလုံးရည်အားဖြင့် စည်းလုံးညီညွတ်တင့်တယ်စွာ ရပ်တည်ခဲ့သည့် မြန်မာနိုင်ငံ၏ အစဉ်အလာနှင့် အတွေ့အကြုံကောင်းများကို အခြေခံကာ ယနေ့ခေတ် ကြုံတွေ့နေကြရသည့် ပထဝီနိုင်ငံရေးအခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများကို နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များမှ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။
(၇၇)ကြိမ်မြောက် နှစ်ပတ်လည်အခါသမယတွင် မြန်မာ့သမိုင်းတစ်လျှောက် ရွပ်ရွပ်ချွံချွံတာဝန်ထမ်း ဆောင်ခဲ့ကြသည့် သံတမန်ကြီးများကို ဂုဏ်ပြုလျက်မျိုးဆက်သစ်သံတမန်များသည်လည်း ခေတ်သစ်၏ အင်အားသစ်များ၊ နည်းပညာသစ်များဖန်တီနိုင်စွမ်းများကိုအသုံးချကာ၊ ပိုမိုငြိမ်းချမ်းစည်ပင်ကာ မြန်မာ့ ပုံရိပ်ကောင်းများ ပေါ်ထွန်းစေမည့် နိုင်ငံခြားရေးမူဝါဒဦးတည်ချက်များပြည့်မီရေးကို ပိုမိုပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။ ။
နိုင်ငံခြားရေးဝန်ကြီးဌာန

(December 2024 ထုတ် Myanmar Insider ၏ Insider Analysis ကဏ္ဍတွင် Tim M Htut ရေးသားပြုစုထားသည့် “Caught between the Devil and the Deep Blue Sea” အား အလွတ်သဘော ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)

မာကျောသော ကျောက်ဆိုင်နှင့် ခက်ခဲကြမ်းတမ်းသည့် အရပ်အကြား (between a rock or a hard place) ဆိုသည်မှာ သာတူညီမျှ မနှစ်မြို့ဖွယ် သို့မဟုတ် အဆင်မပြေ ဖြစ်စေသည့် ရွေးချယ်မှုနှစ်ခုကြားတွင် သင်ရွေးချယ်ရမည့် ခက်ခဲသောအခြေအနေတွင် ရှိနေသည်ဟု ဆိုလိုသည့် ဗန်းစကား(idiom) တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံရေးအရ မြန်မာနိုင်ငံတွင် ထိုသို့သောအခြေအနေများကို မည်သို့ထင်ဟပ်နိုင်သနည်း။
ဟိုးယခင်ကတည်းက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများစွာရှိပါသည်။ ထိုရွေးကောက်ပွဲများတွင် ရေပန်းစားသော ခေါင်းဆောင်က လိမ်လည်လှည့်ဖြားပြီး အနိုင် ရရှိမည်ဟု မျှော်မှန်းထားကြပါသည်။ ထိုအချက်သည် အနောက်နိုင်ငံများက အသိအမှတ် ပြုရန် အရေးကြီးဆုံး အချက်ဖြစ်ပါသည်။ မဲလိမ်လည်မှုက မြင့်တက်လာခဲ့ပြီး မြန်မာ နိုင်ငံသည် အသက်ရာကျော်ရှိသည့် မဲပေးသူအရေအတွက်အရ အသက် ၁၀၀ ကျော် လူဦးရေများသည့် ဂျပန်နိုင်ငံကိုတောင် ကျော်တက်သွားခဲ့ပါသည်။ အသက်ရာကျော် လူဦးရေ အများအပြားရှိနေခြင်းကြောင့် မြန်မာနိုင်ငံသည် (အမှန်တကယ်က WHO စာရင်း အရ ကမ္ဘာ့ကျန်းမာရေးအနိမ့်ဆုံးစာရင်းတွင် အမြဲရှိနေသော်လည်း) ကမ္ဘာပေါ်တွင် ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံဖြစ်လာခဲ့ပါသည်။ ရွေးကောက်ပွဲ မသမာမှုများကြောင့် ရေတွက်သည့် မဲအရေအတွက်သည် အရည်အချင်းပြည့်မီသော ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းကို (၃၃ ဒသမ ၂၂ သန်း) ကျော်လွန်သွားခဲ့ပါသည်။ ပြည်သူအများစုက မဲမသမာမှုပြုလုပ် ထားကြောင်း သက်သေပြနိုင်သည့် ကိန်းဂဏန်းအချက်အလက်များကို ယုံကြည်ရန် ယခုအချိန်ထိ ငြင်းဆိုနေကြပြီး မှန်ကန်မှုမရှိသည့် ရှင်းပြချက်များနှင့် သတင်းအတုများကို ယုံကြည်နေကြဆဲဖြစ်ပါသည်။
မဲမသမာမှုများကို နိုင်ငံတကာ စာရင်းစစ်များ သို့မဟုတ် တတိယအဖွဲ့ (Third Parties) များက စစ်ဆေးပေးခဲ့ကြပါသည်။ မဲမသမာမှုများနှင့်စပ်လျဉ်း၍ အင်္ဂလိပ် ဘာသာဖြင့် သတင်းစာ ရှင်းလင်းပွဲများ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာ သတင်းထောက် များကို ဖိတ်ကြားနိုင်ခဲ့ပါသည်။ အယုံလွယ်သည့် ပြည်သူနှင့် လူမှုကွန်ယက် (Facebook) က တိုင်းပြည်ကို ရှုပ်ထွေးမှုဖြစ်စေရန် ပြောင်းလဲစေမည်ဖြစ်ပါသည်။ အတိတ်က ယခုလည်း အတိတ်ပဲဖြစ်ပါသည်။ လေ့လာဆန်းစစ်ပြီးနောက်တွင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးက အမှန်တရားကို သိမြင်လာခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ပဋိပက္ခ အစကတည်းက ဝင်ရောက်စွက်ဖက်မှု မရှိခဲ့ပါ။ အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်ကို ပြင်၍မရပါ။ EU ကလည်း စောင့်ကြည့်နေရုံသာ ရှိပါသည်။
ပြည်ထောင်စုကို အုပ်ချုပ်သည့် ခေါင်းဆောင်များသည် မဲမသမာမှုပြုလုပ်သူများထံ အာဏာ ပြန်ပေးရန် တောင်းဆိုထားကြသည်။ သံအမတ်များသည် အာရှ၏ အင်အားကြီး နိုင်ငံနှစ်ခုနှင့် ယှဉ်ပြိုင်ရန် စေ့စပ်ညှိနှိုင်းအဖြေရှာရန်အတွက် ပါဝင်ခဲ့ကြပါသည်။
လာမည့်နှစ်တွင် ကျရောက်မည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နှစ်နိုင်ငံကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံက ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။ အိန္ဒိယသည် အတိတ်က အောင်မြင်မှုအပေါ် ကျေနပ်နေမည်မဟုတ်ဘဲ နောက်ထပ် အောင်မြင်မှုများ ရရှိရန် ကြိုးပမ်းအားထုတ်နေမည်ဖြစ်ပါသည်။ အိန္ဒိယသည် ပံ့ပိုးကူညီမှုများတွင် တရုတ် နိုင်ငံ၏နောက် သိသိသာသာ ကျဆင်းသွားသော်လည်း တတ်သိပညာရှင်များ၊ သံတမန် ရေးရာနှင့် စစ်ရေးဖလှယ်မှုများဖြင့် လိုက်မီနေပါသည်။ အိန္ဒိယရေတပ်မှ တာဝန်ရှိသူများ သည် နိုင်ငံအနှံ့ခရီးလှည့်လည်ရန်အတွက် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ခဲ့သည်။ ရေတပ်နှစ်ခုသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်နီးပါးက စတင်ခဲ့ သည့်အလွန် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့မှုကြောင့် နောက်ဆုံးတွင် ရေငုပ်သင်္ဘော တစ်စီးကို ဝယ်ယူနိုင်ခဲ့သည်။
ထရမ့်အနေဖြင့် မြန်မာနိုင်ငံက မည်သည့်နေရာတွင်ရှိသည်ကိုပင် သိရှိခြင်းမရှိဘဲ ဘိုင်ဒင်လက်ထက်က သူပုန်တပ်ဖွဲ့များအတွက် ထောက်ပံ့ပေးထားသည့် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကိုလည်း ထည့်သွင်းစဉ်းစားမည်မဟုတ်တော့ပါ။ သို့သော် EU နှင့် ထိတွေ့ဆက်ဆံမှုသည် ပွင့်လင်းမြင်သာသော ရွေးချယ်မှုတစ်ခုဖြစ်ပါသည်။
EU ၏လိုလားချက်က ဘာပါလဲ။ မဖြစ်နိုင်သောရည်မှန်းချက်များမှ အလွယ်တကူ ဖြေဆိုနိုင်မည့် မေးခွန်းများအထိ (softballs) အချက်အလက်များ ချရေးကြည့်ပါ။ ဥပမာ အားဖြင့် NUG နှင့် စကားပြောခြင်းသည် အစိုးရအတွက် မဟုတ်ပေ။ တပ်မတော်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ထုတ်ပယ်ရန် ၎င်းတို့၏ အခြေခံအချက်မှာ အလုပ်မဖြစ်နိုင်သော ရွေးချယ်မှုဖြစ်ပါသည်။ ထို့အပြင် တပ်မတော်နှင့် အစိုးရထောက်ခံသူ အများအပြားအနေဖြင့် NNCP အကြမ်းဖက်သမားများက ၎င်းတို့၏မိတ်ဆွေများနှင့် ဆွေမျိုး အများအပြားကို သတ်ဖြတ်ပြီးနောက် ၎င်းတို့နှင့် စကားပြောဆိုခြင်းသည် နှလုံးသားကို ဓားဖြင့် ထိုးခြင်းထက် ပိုဆိုးမည်ဟု ယူဆကြပါသည်။ ILO အသိအမှတ်ပြု သမဂ္ဂမှ အကျဉ်းကျနေသည့် ခေါင်းဆောင် တစ်ဦးကို လွှတ်ပေးခြင်းသည် လက်တွေ့ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အစိုးရအနေဖြင့် ထိုသို့လွှတ်ပေးခြင်းကနေ အကျိုးကျေးဇူးအချို့ ရရှိနိုင်စေရေး သေချာရန် လိုအပ်ပါသည်။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် ကိစ္စလည်း ရှိပါသည်။
အထူးသဖြင့် ရွေးကောက်ပွဲနှင့် ငွေကြေးလိမ်လည်မှုများတွင် သူမကျူးလွန်ခဲ့သော ပြစ်မှုများအတွက် အချိန်ပေးရမည်ဟု အများစုက ယုံကြည်ကြပါသည်။ ထို့ကြောင့် သူမ အနေဖြင့် အချိန်ပေးရမည် ဖြစ်ပါသည်။ သို့သော် လက်ရှိအခြေအနေအပေါ်အခြေခံ၍ သူမ ကျူးလွန်ခဲ့သောပြစ်မှုအချို့အတွက် စီရင်ချက်ချခြင်းကို လာမည့်ရွေးကောက်ပွဲ အပြီးထိ ဖြစ်နိုင်ခြေ ရှိမည်မဟုတ်ပေ။ ထိုအချိန်တွင် သူမသည် အသက် ၈၀ ကျော် ရှိနေပြီ ဖြစ်သည်။ လက်တွေ့ရှုထောင့်မှကြည့်လျှင် သူမသည် နောက်ထပ်နှစ်ပေါင်းမည်မျှ အသက်ရှင်နိုင် မည်နည်း။ သူမ အကျဉ်းကျနေချိန်အတွင်း အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးအတွက် အမြဲလိုလို နာကျင်ခံစားရပါလိမ့်မည် ဖြစ်ပါသည်။
သူမ အကျဉ်းကျနေစဉ် သေဆုံးခဲ့ပါက အစိုးရက အပြစ်တင်ခံရဦးမည်ဖြစ်ပါသည်။ မြန်မာခေါင်းဆောင်များ မည်ကဲ့သို့ ကုသိုလ်ကောင်းမှုများ ပြုလုပ်နေသည်ကို သိရှိပါက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် ကျန်းမာရေး အကြောင်းပြချက်ဖြင့် နှစ်နှစ်ကြာ အကျဉ်းကျပြီးနောက် လွတ်မြောက်လာဖွယ်ရှိပါသည်။ သူမ အသက် ၈၂ နှစ်တွင် လွတ်မြောက်လာပြီ ဆိုပါစို့။ သူမသည် ခန္ဓာကိုယ် ကြံ့ခိုင်နေပါက သူမက ရှောင်တာနယ် (Shaun Turnell) ကဲ့သို့ ပါးစပ်ကို ပိတ်ထားမည်မဟုတ်ပေ။ နောက်တစ်ကြိမ် လူထု အုံကြွမှု မဖြစ်စေနိုင်ဟု မည်သူကလက်တွေ့ ကတိပေးနိုင်မည်နည်း။ သို့သော်လည်းရှောင်တာနယ် ကဲ့သို့ပင် အခြားနိုင်ငံတစ်ခုတွင် ရှိနေပါက သူမ မြို့တွင်း၌ ရှိနေသလို ထက်ဝက်လောက်ပင် ထိရောက်မှုရှိမည် မဟုတ်ဟု ယူဆချက်ပင် ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ နေထိုင်ခြင်းက မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် မကောင်းနိုင်ဟု ကျွန်တော်တို့အနေဖြင့် သဘောတူပါသည်။ အခြား ရွေးချယ်စရာ ရှိနိုင်ပါသလား။
ကျွန်တော်တို့အနေဖြင့် EU နှင့် သဘောတူညီမှုတစ်ခုပြုလုပ်၍ သူမကို ဥရောပ နိုင်ငံများအနက် တစ်နိုင်ငံကို ပို့လိုက်ပြီး ထိုနိုင်ငံတွင် အခြေချနေထိုင်စေမည်ဖြစ်ပါသည်။ အပေါ်ယံကြည့်ရမည်ဆိုပါက သူမသည် တရားမျှတမှုမှ လွတ်မြောက်နေပုံရပါသည်။ လက်တွေ့ရှုထောင့်မှကြည့်လျှင် ရလဒ်သည် အတူတူပင် ဖြစ်ပါသည်။ အကျဉ်းကျချိန်သည် တိုတောင်းသော လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်ကာ နှစ်မျိုးလုံးသည် တိုင်းပြည်နှင့် အစိုးရအတွက် ဆိုးရွားစေနိုင်ပါသည်။ သူမအား လွှတ်ပေးခြင်းသည် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများစွာကို ဖြစ်စေနိုင်သော်လည်း မြန်မာ အစိုးရက မည်သို့တောင်းဆိုရမည်ကို ကောင်းစွာသိရှိထားသောကြောင့် အနောက်နိုင်ငံ များနှင့် သံတမန်ရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတစ်ခုလုံးတွင် တိုင်းပြည် က အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ပါသည်။ သူမက လူအများ၏အမြင်မှ ပျောက်ကွယ် သွားသည့်အခါ ၎င်းတို့၏ စိတ်ထဲတွင်လည်း ပျောက်ကွယ်သွားနိုင်ပါသည်။ ထိုအရာက ကောင်းသည့်ကိစ္စတစ်ခုပါ။ အရေးအကြီးဆုံးအချက်မှာ အစိုးရအနေဖြင့် ထိုသဘော တူညီချက်ကနေ လုံလောက်သော ခရက်ဒစ်များရရှိရန်၊ အနောက်နိုင်ငံများတွင် တရားမဝင် ထိန်းသိမ်းထားသော ငွေအားလုံးကို ပြန်လည်ရယူရန်နှင့် ကုန်သွယ်မှုဆိုင်ရာ လိုက်လျောမှုများမှ ရလဒ်များသည် သိသာကွာခြားသည့် တစ်ခုခုကို လုပ်ဆောင်နိုင်ရန် သေချာဖို့ လိုအပ်ပါသည်။ သူမသည် ထာဝရပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး ဆူးကို တစ်ကြိမ်တည်းဖြင့် အားလုံး ဖယ်ရှားပြီး ဖြစ်ပါမည်။ မြန်မာ့နိုင်ငံရေးတွင် သူမသည် အနာဂတ်မရှိဟု ပြောဆိုသည့် စကားသည် လက်တွေ့ဖြစ်လာမည်ဖြစ်သည်။ နတ်ဆိုးနှင့် နက်နဲသည့် နက်ပြာရောင်ပင်လယ်ကြီးသည် လုံးဝကွာခြားမှုမရှိပေ။
မြန်မာနိုင်ငံသို့ပြန်လာပြီး အပြစ်မဲ့ အရပ်သား ပြည်သူအများအပြားကို ဆက်လက် သတ်ဖြတ်နေချိန်တွင် သူမအနေဖြင့် မြန်မာနိုင်ငံက ထွက်ပြေးတိမ်းရှောင်နေသည့် နေရပ် စွန့်ခွာပြည်သူများ၏ အလှူငွေများဖြင့် အမေရိကန်နိုင်ငံတွင် သန်းကြွယ်သူဌေးဖြစ်လာသူ ပန်ဆယ်လို ကဲ့သို့ နိုင်ငံရပ်ခြားတွင် တာဝန်ရှိသူ ဖြစ်လာမည်ဆိုပါက တစ်ခုတည်းသော ခြိမ်းခြောက်မှုဖြစ်လာမည်ဖြစ်ပါသည်။ ထိုအရာက မြန်မာနိုင်ငံက တာဝန်ယူနိုင်ခြင်း မရှိသည့် စွန့်စားမှုမျိုးပါ။
ကိုးကား- https://www.myanmarinsider.com/caught-between-the-devil-and-the-deep-blue-sea/

မြန်မာနိုင်ငံရဲ့ တောင်တန်းပြည်မတိုင်းရင်းသားများ၏ ပကတိအရှိတရားများကို အများအပြောကိုနားမယောင်ဘဲ ကိုယ်တိုင်လက်တွေ့ကျကျ ရှုမြင် သုတေသနပြုကြည့်လျှင် သဘောရိုးနဲ့မြင်နိုင်စရာ သက်သေအချက်ပေါင်း မြောက်မြားစွာရှိပါတယ်။ ယင်းတို့ထဲမှ အရပ်သားပြည်သူများ နားလည်လွယ်နိုင် သောအချက်တချို့ကို ထုတ်နုတ်တင်ပြသွားပါမယ်။
၁။ အောင်မြင်သော တိုင်းရင်းသားများ၊ အခြား ဘာသာဝင်များနှင့် ၎င်းတို့၏ ပင်ကိုအစွမ်းအစ

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးသဘောကျရတဲ့ အနုပညာရှင်တွေ/အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီး တွေကမဟုတ်ဘဲ တိုင်းရင်းသားဒေသနဲ့ နယ်မြို့တွေ ကများပါတယ်။ အဲဒီလူတွေဟာ ပင်ကိုအရည်အချင်း နဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယ စိုက်ထုတ်ပြီး အောက်ခြေကနေ အမှန်တကယ် တစ်ဆင့်ချင်း ကြိုးစားမှုစစ်မှန်တဲ့အချိန်မှာ မြန်မာတစ်နိုင်ငံလုံးက အဲဒီအရည်အချင်းကို အသိအမှတ်ပြုကြရပါတယ်။ ဥပမာ- ရှမ်းလူမျိုး နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ်၊ စိုင်း ခမ်းလိတ်၊ သရုပ်ဆောင်/အဆိုတော် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ စိုင်းစည်တွမ်ခမ်း၊ စိုင်းအောင်တင့်၊ ပေါလ်၊ ဘီလီလမင်းအေး၊ ထင်ရှားတဲ့ ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်း၊ ဒေါ်နန်းသန်းထွေး မိသားစုအပါအဝင် ပြည်မအထိပေါက်ရောက်တဲ့များစွာသော ရှမ်းစီးပွားလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ အစိုးရဌာနအကြီးအကဲတွေ၊ ချင်းလူမျိုးရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်၊ နိုင်ငံကျော် အဆိုတော် ခရစ်ယာန်ဘာသာဝင် ဆုန်သင်းပါရ်အပါအဝင် ချင်းတိုင်းရင်းသား တပ်မတော်သား ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တွေ၊ ချင်းတိုင်းရင်းသား နိုင်ငံတော်အကြံပေးအဆင့် ပုဂ္ဂိုလ်၊ ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင် အနုပညာရှင် K ဂျာနူး၊ L ခွန်းရီ၊ L ဆိုင်းဇီ၊ L လွန်းဝါ၊ N ကိုင်ရာ၊ နာမည်ကျော် မော်ဒယ် M ဆိုင်းလု၊ အောန်ဆိုင်း၊ လုပ်ငန်းရှင်များ အစိုးရဌာနအကြီးအကဲများ၊ ဂီတလောကမှာ နာမည်ကြီးတဲ့ကရင်လူမျိုး စောဘွဲ့ မှူး၊ ချစ်စမ်းမောင်၊ လေးလေးဝါး၊ မီးမီးခဲ၊ ကဗျာဘွဲ့ မှူး၊ ငဲငယ်လေး၊ ကောင်းကောင်း အပါအဝင် များစွာသော ကရင်လူမျိုး ထင်ရှားကျော်ကြားသူများ၊ လီဆူးသူ အနုပညာရှင် ခင်လေးနွယ်၊ မွန်လူမျိုး ဂီတပညာရှင် ထူးအိမ်သင်၊ မွန်မလေး မိစန္ဒီ၊ မွန်လေး ဗညားဘုန်းပြည့်၊ ရခိုင် က ထင်ရှားတဲ့ အကယ်ဒမီမင်းသားကြီး အောင်လွင်၊ နေထက်လင်း၊ အကယ်ဒမီ နေတိုး၊ မင်းသွေး၊ ဘုန်းလျှံ၊ ရခိုင်ဂီတပညာရှင်တွေဖြစ်တဲ့ အဆိုတော် မိုင်၊ ရတနာမိုင်၊ ညီမင်းခိုင်အပါအဝင် ထင်ရှားတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ မိုးကုတ်က ထက်ထက်မိုးဦး၊ ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ လားဒင့်ထားရီ၊ တနင်္သာရီတိုင်းသူ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ လွင်မိုး၊ ဒါရိုက်တာ မောင်သီ၊ ပိုင်တံခွန် အပါအဝင် ထင်ရှားကျော်ကြားတဲ့ လုပ်ငန်းရှင်တွေ၊ ဧရာဝတီတိုင်းသား ဘဏ်သူဌေးကြီး ဦးဇော်ဇော်၊ အဆိုတော် ဖြိုးမြတ်အောင်အပါအဝင် နယ်ကတက်လာပြီးအောင်မြင်တဲ့ အနုပညာရှင်ကြီး/ ငယ်များစွာရှိကြပါတယ်။ တရုတ်လူမျိုး အေးရှား ဝေါလ်ဥက္ကဋ္ဌ စတီဗင်လော ထွန်းမြင့်နိုင်၊ နီဗန်း ဒေါက်တာ အောင်သိန်း၊ ဒဂုံဦးဝင်းအောင်၊ ယံယံ ကိုဝေဖြိုး၊ မင်္ဂလာရုပ်ရှင်အုပ်စုအပါအဝင် ထင်ရှားတဲ့ မြန်မာ/ တရုတ်လူမျိုး လုပ်ငန်းရှင်တွေ၊ ချယ်ရီဦး နာရီလုပ်ငန်းရှင်၊ တိုရှီဘာကျော်ဝင်းအပါအဝင် ထင်ရှားတဲ့ မြန်မာ-မွတ်စလင် လုပ်ငန်းရှင်များစွာလည်းရှိပါတယ်။ အထက်ပါ မြန်မာနိုင်ငံရဲ့နယ်ပယ်အစုံက ထင်ရှားကျော်ကြားသူတွေထဲ စာရေးသူ လက်လှမ်းမမီသေးသူ များစွာကျန်ရှိနေသေးပြီး သူတို့ဟာ လက်ရှိ မြန်မာအခင်းအကျင်းမှာ ပင်ကိုအရည်အချင်းကိုယ်စီနဲ့ သက်ဆိုင်ရာနယ်ပယ်တွေမှာ နှစ်အတော်ကြာခက်ခဲစွာ ကြိုးစားရုန်းကန်ပြီး အထွတ် အထိပ်မှာ နေရာတစ်ခုစီယူထားသူတွေ(၉၅) ရာခိုင်နှုန်းအထက်များပြီး မိမိဇာတိဒေသ၊ လူမျိုးစုကို တစ်ဖက်တစ်လမ်းကအကျိုးပြုသူ ဂုဏ်တက်စေသူတွေ ဖြစ်ကြပါတယ်။
၂။ ပြည်နယ်လွတ်မြောက်ရေး၊ တန်းတူညီမျှရေး ခေါင်းစဉ်အောက်က လက်နက်ကိုင်တော်လှန်သူများ
လက်နက်ကိုင်တော်လှန်နေတဲ့ “ ဝ ”တပ် ဖွဲ့၊ MNDAA ၊ KIA ၊ KIO ၊ AA ၊ TNLA ၊ KNU ၊ KNLA ၊ DKBA ၊ CAN အပါအဝင် လက်နက်ကိုင်နည်းမျိုးစုံကို ဆယ်စုနှစ်များစွာကိုင်ဆောင်ပြီး တော်လှန်ရေးခေါင်းစဉ်အောက်ကနေ ရိုးသား၊ ပညာနိမ့်ပါးပြီး ဘဝပေးအဆင်မပြေတဲ့တိုင်းရင်းသားနဲ့ ဒေသခံတွေရဲ့ ထွက်ပေါက်မဲ့ဒေါသတွေကို လမ်းညွှန်လမ်းပြပြီး တိုးတက်ရာတိုးတက်ကြောင်း လက်တွဲခေါ်ရမယ့်အစား အနာဂတ်အကျိုးယုတ်အောင် အသုံးချကာ မိမိဒေသ အခြေခံအဆောက်အအုံတွေကို ဖျက်စီးတာတွေကို အမြော်အမြင်မဲ့စွာ ပြုလုပ်လာကြပါတယ်။ ပြည်သူတွေကို ခြိမ်းခြောက်ကန့်သတ်ကာ အဆုံးအသတ်မရှိ အချိန်ကန့်သတ်ချက်မပါဘဲ လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေနဲ့ မိမိဒေသမှလူငယ်များစွာကို တပ်သားအဖြစ် စည်းရုံးသိမ်းသွင်းပြီး ကိုယ်ကျိုးစီးပွားရှာ လက်နက်ကိုင်ခေါင်းဆောင်တွေဟာ မြန်မာတစ်နိုင်ငံလုံးနဲ့လွှမ်းခြုံပါက မည်သူတစ်ဦးတစ်ယောက်အတွက်မှအကျိုးမပြုတဲ့ ပညာမဲ့သူ လူလည်၊ လူညစ်၊ လူလိမ် အဆင့်သာရှိပြီး အထက်ပါဒေသ ကိုယ်စားပြုအရည်အချင်းရှိ ကျော်ကြားသူတွေလိုမျိုး ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်နိုင်စွမ်းမရှိသူ လူပျင်းတွေ၊ အစွမ်းအစမဲ့သူတွေသာဖြစ်တယ်။ မအိုမချင်း လက်နက်ကိုင်ကိုယ်ကျိုးရှာပြီး အိုမင်းမစွမ်းတော့တဲ့အချိန်မှာ ယုံကြည်ရတဲ့ ဆက်ခံသူလူငယ်ကို တပ်ကို လက်လွှဲ ခွဲထွက်စေပြီး တပ်မတော်၊ အစိုးရတို့နဲ့ အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ်ချုပ်ကာ ဘဝရဲ့နေဝင်ချိန်ကို အန္တရာယ်ကင်းစွာဖြတ်သန်းရင်း နေဝင်သွားသူတွေချည်းပဲဆိုတာ လက်တွေ့ပါပဲ။ ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့ ဘိန်းစိုက်၊ ဘိန်းချက်ခွင့်၊ ဒေသထွက် သံယံဇာတတွေကို တစ်စုတစ်ဖွဲ့ ကိုယ်ကျိုးအတွက် အကြမ်းဖက်ကာ အသုံးပြုနိုင်ခွင့်ကို ရယူမောင်ပိုင်စီးပြီး ဒေသပြည်သူတွေအခွင့်အရေး အကြောင်းပြတိုက်ခိုက်ကာ ဒီနေ့အထိ သူတို့ဒေသခံတွေ ငတ်ပြတ်၊ အခွင့်အရေး ဆက်လက်မဲ့နေတာကိုမူ နိုင်ငံတော်နဲ့အစိုးရရဲ့ အားနည်းချက်တွေကြောင့်သာဖြစ်ကြောင်းနဲ့ သူတို့နဲ့မဆိုင်သလို မျက်နှာပြောင်တိုက် ထိုးချနေတာတွေကို အရှက်မဲ့စွာ လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။
၃။ အသွင်ကူးပြောင်းစတပ်မတော်နှင့် လက်နက်ကိုင်များ၏ မရိုးသားချက်များ
အရပ်သားအစိုးရနှစ်ဆက် (၁၀)နှစ်တာကို ပြန်လည်သုံးသပ်ကြည့်ပါက တပ်မတော်ဟာ Academic Institution ကို ပိုအားသန်လာသည့်နည်းတူ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့လျှာဖျားက အရပ်သားအစိုးရအုပ်ချုပ်မှုရရင် သူတို့ငြိမ်းချမ်းရေးကို လက်တွဲမယ်ဆိုတဲ့စကားကို အယုံကြည်များစွာပေးပြီး လက်နက်ကိုင်နယ်မြေတွေကို လုံခြုံရေးထောက်လှမ်းရေးဆိုင်ရာတွေမှာ များစွာ ပေါ့လျော့ခဲ့ကြပါတယ်။ “ ဝ ” တပ်ဖွဲ့အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံဟာ သူတို့ဒေသမှ သူတို့ ယုံကြည်စိတ်ချရသူတွေရဲ့ သားသမီးတွေကိုအသုံးချကာ နိုင်ငံတကာကို စာသင်ကြားထွက်စေခြင်း၊ ပြည်တွင်းကိုပြန်လာကာ အဆိုပါ အရပ်သား (၁၀)နှစ် မှာ ပြည်တွင်းစီးပွားရေးအထိ လုပ်ငန်းရှင်တွေအဖြစ် ရှယ်ယာပါဝင်ခြင်းဖြင့်သော်လည်းကောင်း၊ ကိုယ်ပိုင်အဖြစ်သော်လည်းကောင်း သူတို့ တရားမဝင် ရရှိထားတဲ့ ငွေမည်းတွေကို ငွေဖြူလုပ်ရင်း ပြည်တွင်းပြည်ပ ဈေးကွက်၊ ဘဏ်လုပ်ငန်းတွေအထိ ခြေချခွင့်ကို ယူလာကြပါတယ်။ အရပ်သားအစိုးရတွေကိုမူ ငွေဖြင့်သော်လည်းကောင်း၊ ကရုဏာသက်စေမှုတွေနဲ့သော်လည်းကောင်း ချဉ်းကပ်မှုတွေလည်းရှိခဲ့ကြပါတယ်။
နည်းတူ ဘိန်း၊ စိတ်ကြွဆေးပြား၊ သဘာဝသံယံဇာတ၊ စစ်လက်နက်အစရှိတဲ့ တရားမဝင်လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ရင်း တပ်ဖွဲ့အသီသီးဟာ စစ်ရေး၊ စည်းရုံးရေး၊ သွေးထိုး၊ သွေးခွဲ တိုက်ခိုက် နည်းမျိုးစုံဖြင့် မရိုးသားမှုများစွာကို အဲဒီအချိန်မှ ဒီနေ့အထိ ရှိခဲ့/ရှိနေဆဲဖြစ်ပြီး ဒီနေ့တိုင်းပြည်အခြေအနေဟာ တိုင်းရင်းသားလက်နက်ကိုင်ဆိုသူတွေက ဆိတ်ခေါင်းချိတ် ခွေးသားရောင်းခဲ့ကြပြီး ရောင်းနေကြဆဲလည်းဖြစ်ကြောင်း သက်သေပြထင်ရှားနေပါတယ်။
လက်တွေ့ကျသောမေးခွန်းများ
လက်နက်ကိုင်ခေါင်းဆောင်အများစုဟာ မြန်မာနိုင်ငံသားမဟုတ်တော့ဘဲ တပ်ဖွဲ့ထောင် စိတ်တိုင်းကျ အမိန့်နဲ့အုပ်ချုပ်ပြီး တိုင်းရင်းသားအရေး၊ လူထုအရေးခေါင်းစဉ်နဲ့ လွတ်လပ်ရေးရကတည်းက တစ်ယောက်ဆင်းတစ်ယောက်တက် အုပ်ချုပ်လုပ်စားရင်း အသက်မွေးဝမ်းကြောင်းဖြစ်နေတာ ရိုးသားရဲ့လား။ ဒေသခံတွေရော ပြည်မကလူတွေ မဆိုထားနဲ့။ အဲဒီလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ပင် အကန့်သတ်မဲ့တဲ့ တော်လှန်ရေးခေါင်းစဉ်အောက်မှာ ချမ်း သာလွတ်မြောက်သွားကြပြီလား။ လက်နက်ကိုင်ခေါင်းဆောင်တွေဟာ သူတို့လွတ်မြောက်မှာ၊ တော်လှန်ရေးအောင်မြင်မှာ ကျိန်းသေယုံကြည်ထားရင် ဘာကြောင့် မြန်မာနိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်ကြသလဲ။ ခေါင်းဆောင်မှုကို ဒေသထဲက အလားအလာ အစွမ်းအစရှိ လူငယ်တွေကိုယုံကြည်လက်လွှဲနိုင်တဲ့သတ္တိမျိုးကော ရှိကြသလား။
စားရေးသူ၏ လက်တွေ့ကျသော သုံးသပ်ချက်များ
လူတစ်ယောက် ခေါင်းဆောင်တစ်ယောက်ဟာ ရည်မှန်းချက်ရှိရတယ်။ အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အဆင့်တိုင်းအတွက် တိကျတဲ့ အချိန်ကန့်သတ်ချက်တွေရှိရပြီး ပန်းတိုင်ရောက်မယ့်အချိန်ကာလဆိုတာလည်း တိကျစွာရှိရတယ်။ ပန်းတိုင်ရောက်ဖို့အတွက် ဖြတ်သန်းရာလမ်းခရီးတစ် လျှောက်မှာလည်း ဖြတ်သန်းမှုသမိုင်းက သန့်ရှင်းရတယ်။ အများကိုဖော်ပြနိုင်လောက်အောင် တင့်တယ်ရတယ်။ ပြီးတော့ ပိုဆိုးတာက ပန်းတိုင်နဲ့ အောင်မြင်မှုဆိုတာ တစ်ခုတည်းလို့ထင်ရပေမယ့် တကယ်တော့ ကွာခြားပါတယ်။ ဥပမာ- ဗိုလ်ချုပ်တစ်ယောက်/နိုင်ငံ့ခေါင်းဆောင်တစ်ယောက်/ လုပ်ငန်းပိုင်ရှင်တစ်ယောက်/ အနုပညာရှင်တစ်ယောက် ဖြစ်လာတာ/ ရာထူးရလာတာဟာ ပန်းတိုင်ရောက်တာ မဟုတ်ဘူး။ ပန်းတိုင်ရောက်ဖို့ အခွင့်အလမ်းရတာသာဖြစ်ပါတယ်။ လုပ်သက်တစ်လျှောက်မှ ဒီတာဝန်က အနားယူတဲ့အထိ ရိုးဖြောင့်မှန်ကန်ရဲစွမ်းသတ္တိရှိခဲ့ပြီး အောင်မြင်စွာ တာဝန်ကအနားယူနိုင်ခဲ့မှ ပန်းတိုင်ရောက်တဲ့ ဗိုလ်ချုပ်ကောင်းတစ်ယောက်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ အလားတူ နိုင်ငံတော်သမ္မတရာထူးသက်တမ်းတစ်လျှောက် ကဏ္ဍအစုံမှာ မှတ်ကျောက်ကောင်းများစွာနဲ့ အောင်မြင်အနားယူခဲ့သော် နိုင်ငံရဲ့ သမ္မတကောင်းဆိုတဲ့ ပန်းတိုင်ကိုရောက်ပါတယ်။ လုပ်ငန်းရှင်တွေကတော့ သေသည်အထိ သမိုင်းကောင်းတွေရေးရပါတယ်။ အနုပညာရှင်ဆိုရင်လည်းပဲ အကယ်ဒမီဒေသတွင်းမှသည် နိုင်ငံတကာစသည်ဖြင့် ပန်းတိုင်များစွာကိုရောက်ရှိနိုင်ရပါတယ်။ ပန်းတိုင်ရောက်ဖို့အတွက် အရည်အချင်းရှိသူတွေဟာ ပန်းတိုက်ရောက်ဖို့ မဟာဗျူဟာကိုပဲ အစဉ်တစိုက် စဉ်းစားပြုပြင်အားထုတ်တတ်ပါတယ်။ မိမိပန်းတိုင် မရောက်နိုင်ခြင်းက တခြားလူမပေးလို့ဆိုတဲ့ဆင်ခြေပေးသူဟာ သူ့မှာ ပန်းတိုင်ရောက်နိုင်တဲ့ အရည်အချင်းမရှိကြောင်း ဝန်ခံရာရောက်ပါတယ်။
တိုင်းရင်းသား တန်းတူအခွင့်အရေး တကယ်မရတာလား
ပြည်မကပေါက်ဖွားသူ မဟုတ်သူများအချင်းချင်းကို နှိုင်းယှဉ်ပြရမယ်ဆိုပါက ဥပမာ- စိုင်းစိုင်းခမ်းလှိုင်၊ နေတိုး၊ ပိုင်တံခွန်၊ လွင်မိုးတို့ကို မြန်မာ ပြည်လူဦးရေ သန်းပေါင်းများစွာကသိသလို နိုင်ငံအချို့မှလူများစွာကလည်းသိပါတယ်။ သူတို့ နိုင်ငံတကာကိုချက်ချင်းထသွားလို့ရတယ်။ နှုတ်ဆက်မယ့်သူရှိတယ်။ ချစ်ခင်တဲ့သူတွေလည်းရှိပြီး ရောက်ရှိတဲ့အသက်အရွယ်မှာ လူအားဖြင့်၊ ငွေအားဖြင်၊ အောင်မြင်မှုအားဖြင့် ပြည်တွင်း ပြည်ပပေါက်ရောသူတွေ ဖြစ်ပါတယ်။ တစ်ဖက်မှာ “ ဝ ” ခေါင်းဆောင် ဂွမ်မော်၊ အင်ဘန်လှ၊ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်မှအစ လက်နက်ကိုင်ပေါင်းစုံရဲ့ခေါင်းဆောင်တွေကို မြန်မာ ပြည်ထဲမှာ သိတဲ့သူအတော်ကိုနည်းပါတယ်။ နည်းတူ အဲဒီလူတွေဟာ သက်လတ်ပိုင်းနည်းပြီး သက်လွန် ပိုင်းတွေများပါတယ်။ အခုထိ ပြည်ပနိုင်ငံတွေကိုလည်း တိုးပေါက်သူတွေမဟုတ်သလို မြန်မာပြည်ကိုလည်း ကိုယ်စား မပြု၊ ပြည်တွင်းရောပြည်ပပါ လွတ်လပ်စွာ သွားနိုင်သူတွေလည်းမဟုတ်ကြပါဘူး။ ဘယ်အချိန်ထိတော်လှန်နေပြီး ဘယ်အချိန် သူတို့ပြည်နယ်ကိုအုပ်ချုပ်ပြီး ဘယ်အချိန်မှာ ပြည်နယ်အတွက် အောင်မြင်တဲ့ခေါင်းဆောင်တွေ ဖြစ်မယ်ဆိုတာကိုလည်း သူတို့ကိုယ်သူတို့ပင် မရေရာနိုင်ကြပါဘူး။ ဒါကြောင့် စိုင်းစိုင်းခမ်းလှိုင်၊ နေတိုး၊ ပိုင်တံခွန်၊ လွင်မိုး၊ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်တို့ဟာ ကိုယ်ပိုင်အစွမ်းအစရှိသော “ ပန်းတိုင်ရောက်သူ” မြန်မာပြည်ရဲ့ ဒေသအစုံက တိုင်းရင်းသားညီအစ်ကိုတွေဖြစ်ကြပြီး “ ဝ ” ခေါင်းဆောင် ဂွမ်မော်၊ အင်ဘန်လှ၊ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်မှအစ လက်နက်ကိုင်ပေါင်းစုံရဲ့ခေါင်းဆောင်တွေမှာမူ ရည်ရွယ်ချက်မဲ့ ကိုယ်ပိုင်အစွမ်းအစချို့တဲ့တဲ့ “ ပန်းတိုင်ပျောက်သူ” တွေ ဖြစ်ကြပါတယ်။ စာဖတ်သူတို့အနေနဲ့ စောဒကတက်စရာအဖြစ် ဥပမာ- အောင်မြင်သူနည်းနည်းကိုပဲ ပြောသွားပြီး တိုင်းရင်းသားဒေသတွေမှာ စာမသင်ရ၊ အခွင့်အရေး မရ၊ အိုးအိမ်မဲ့ တိုင်းရင်းသားတွေ သောင်း၊ သိန်းချီရှိတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ အလားတူဖြစ်စဉ်မျိုး ပြည်မနဲ့ မြေပြန့်မှာ စာမသင်ရ၊ အခွင့်အရေးမရ၊ အိုးအိမ်မဲ့လူဦးရေ သန်းပေါင်းများစွာနဲ့ချီရှိကြောင်း နားလည်စေချင်ပါတယ်။ အဲဒီအရာဟာ လက်နက်ကိုင်တွေ အမုန်းမှိုင်းတိုက်ထားသလို တိုင်းရင်းသားဒေသတွေမှာပဲ ရှိနေတာမဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိနေတဲ့ အားနည်းချက်ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာတစ်နိုင်ငံလုံး နယ်ပယ်အစုံက အောင်မြင်ထင်ရှားကျော်ကြားသူတွေထဲက စာရေးသူအထက်မှာဖော်ပြထားတဲ့ ပြည်မကမဟုတ်တဲ့ အောင်မြင်ကျော်ကြားသူတွေကိုဖယ်လိုက်ရင် ပြည်မက အောင်မြင်သူဆိုတာ လူနည်းစုသာကျန်ရှိပါတယ်။
နည်းတူ အဲဒီသူတွေ မြန်မာပြည်ရဲ့ ဘယ်အရပ်ဒေသသွားသွား ပြည်သူ့မေတ္တာခံစားရမှုကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ ပကတိအရှိတရားမှာ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံမှုမရှိကြောင်း၊ မြန်မာနိုင်ငံမှာ ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်မှုနဲ့ ရိုးသားပြီး စဉ်ဆက်မပြတ်ကြိုးစားသူ နိုင်ငံသားတိုင်းဟာ အောင်မြင်နိုင်ကြောင်း အမုန်းမဖက်ဘဲတွေးပါက လက်တွေ့သာဓကများစွာရှိပါတယ်။ မိမိတို့ စည်းစည်းလုံးလုံးနဲ့ ပကတိအရှိတရားအမှန်ကိုလက်ခံပြီး ပညာဉာဏ်၊ မေတ္တာ၊ ချစ်ခြင်းတရားတွေနဲ့ မိမိမှသည် ဒေသ၊ ဒေသမှသည် တိုင်းပြည်အထိ တိုးတက်လာအောင် တစ်ဦးတစ်ယောက်ချင်းစီမှစပြီး တစ်နိုင်ငံလုံးက ကြိုး စားကြရမှာဖြစ်ပါတယ်။ မြေခံမြေသားမှမကောင်းရင် အုတ်မြစ်ကောင်းချဖို့ ခက်ပါလိမ့်မယ်။ နည်းတူ ခိုင်မာတဲ့အိမ်ကောင်းဆောက်နိုင်ဖို့ ဆက်လက်အလှမ်းဝေးနေမှာလည်း ဖြစ်ပါတယ်။
(မှတ်ချက်။ ။ စာရေးသူ သုတေသနပြု အချက်အလက်ရှာဖွေရာမှာ အကန့်အသတ်တွေရှိတဲ့အတွက် အောင်မြင်သူများစွာရဲ့နာမည်တွေ ကျန်ခဲ့နိုင်ပြီး ဒေသနဲ့လူမကိုက်မှုရှိပါက နားလည်ပေးနိုင်ပါရန် တောင်းပန်အပ်ပါသည်။)
Source: လင်းမြတ် (NP News)

၁။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးပြဿနာများကို အေးချမ်းစွာပြီးဆုံးစေရန်အတွက် နိုင်ငံရေးနည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်းဖြေရှင်းရန်ကြိုးပမ်းခဲ့မှုကို လျစ်လျူရှု၍ နိုင်ငံတော်အာဏာကို မမှန်မကန်သောနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့၍သာ တပ်မတော်က နိုင်ငံတော်၏အာဏာအရပ်ရပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွှဲပြောင်းရယူထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

၂။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ဘက်၊ အရပ်ဘက် မျှတစွာဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို မမှိတ်မသုန် ဦးတည်ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင်အကြမ်းဖက်တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ၊ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမှုများစွာဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေခဲ့ရသည်။
၃။ ယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ကောက်ယူတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်နေချိန်လည်းဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အားဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်သူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့
Source- www.moi.gov.mm