သတင်းများ

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ဇနီး ဒေါ်ကြူကြူလှ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကမ္ဘောဇသာဒီရွှေနန်းတော်သို့ ရောက်ရှိကြပြီး ရွှေနန်းတော်အတွင်း ယခင်မြေနန်းပြာသာဒ်ဆောင်နေရာမှ တူးဖော်ရရှိသည့် ကျွန်းတိုင်လုံးကြီးများပြသထားရှိမှု၊ ရှေးခေတ်မြန်မာမင်းတို့၏ ကန်တော့ခံအခမ်းအနားပုံစံအား ရေးဆွဲပြသထားရှိမှု၊ အနော်ရထာမင်းတရားကြီး၏ သီရိဇေယျဘူမိ ရွှေနန်းတော်(ပုဂံခေတ်)၊ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီရွှေနန်းတော်(ဟံသာဝတီခေတ်)၊ အလောင်းမင်းတရားကြီး၏ ရွှေဘုံရတနာမင်္ဂလာရွှေနန်းတော်(ကုန်းဘောင်ခေတ်)၊ မင်းတုန်းမင်းတရားကြီး၏ မြနန်းစံကျော်ရွှေနန်းတော်(ရတနာပုံခေတ်) စသည့် နန်းတော်ကြီးများအား နဂိုမူလပုံစံအတိုင်း တည်ဆောက်ပြုပြင်ထိန်းသိမ်းထားရှိမှု မှတ်တမ်းဓာတ်ပုံများ၊ ကမ္ဘောဇသာဒီရွှေနန်းတော်အား ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရှေးဘုရင်များ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများပြသထားရှိမှု၊ မြေနန်းပြာသာဒ် တော်ကြီးထိန်းသိမ်းထားရှိမှု၊ ကမ္ဘောဇသာဒီရွှေနန်းတော်အား ပြန်လည်ဖော်ထုတ်ခြင်းမှတ်တမ်း ဓာတ်ပုံများပြသထားရှိမှု စသည့်ပြခန်းအသီးသီးအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

အမြဲမပြတ်ထိန်းသိမ်း

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်း ခင်းကျင်းပြသထားရှိသည့် ရှေးဟောင်းကျွန်းလုံးတိုင်ကြီးများ၊ ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှု၊ သမိုင်းကြောင်းအထောက်အထားများသည် ငွေကြေးဖြင့်တန်ဖိုးဖြတ်၍ မရနိုင်သည့် အဖိုးတန်အမွေအနှစ်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစိတ်စနစ်တကျဖြင့် တန်ဖိုးထားလက်ဆင့်ကမ်းထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ ဓာတ်ပုံများ၊ပန်းချီများကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ကြည်လင်ပြတ်သားမှုနှင့် ဓာတ်ပုံအရည်အသွေးကောင်းမွန်မှုရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးမြန်မာမင်းတို့လက်ထက် မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ အနုသုခုမပညာရပ်များ၊ ဘုရင့်နန်းတော်ကြီးများ၏ ကြီးကျယ်ခမ်းနားစွာဖြင့် တည်ဆောက်ထားရှိမှုများနှင့် ဩဇာတိက္ကမကြီးမားကျယ်ပြန့်ခဲ့မှုများကို ပုံပေါ်အောင် ခင်းကျင်းပြသထိန်းသိမ်းသွားရန်လိုကြောင်း၊ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်း သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ထိန်းသိမ်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ အလားတူ ဟံသာဝတီမြို့တော်ဟောင်းနေရာအား ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်းတော်၏ ကျုံးကိုလည်း တစ်ဆက်တစ်စပ်တည်းဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်မင်းတရားကြီး စီးနင်းအသုံးပြုခဲ့သည့် မြင်း ၁၆ ကောင်ကသော ရထားတော်ကြီး မူလအရွယ်အစားပုံစံတူပြဆောင်အား ရှေးမူမပျက်ပြန်လည်တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ဟံသာဝတီမြို့ရိုးရှိ သိန္နီတံခါးနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပဲခူးမြို့ ဟံသာဝတီမြို့ဟောင်း၊ ကျုံး၊ မြို့ရိုးနှင့် မြို့တံခါးများဆိုင်ရာ အချက်အလက်များနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မိမိတို့အနေဖြင့် ရှေးမူမပျက်စေဘဲ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ထားရှိခြင်းသည် အနာဂတ်လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုထွန်းကားလာအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်၍ ရှေးဟောင်းသမိုင်းဝင် အထင်ကရအမွေအနှစ်များဖြစ်သည့်အတွက် စနစ်တကျဖြင့် ပုံစံတကျဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဟံသာဝတီမြို့ဟောင်း မြို့ရိုးတစ်လျှောက်တွင် ရှေးယခင်ကတည်းကရှိပြီးဖြစ်သည့် ရှေးဟောင်းကျုံးနေရာများအား ပြန်လည်တူးဖော်ထိန်းသိမ်းသွားရန် လိုကြောင်း၊ သိန္နီတံခါးရှိတံတားကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ရှေးမူလက်ရာများအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်သွားရန်လိုကြောင်း၊ ကျုံးဘေးဝန်းကျင်၌ ပြည်သူများအေးချမ်းစွာဖြင့် အနားယူအပန်းဖြေရန်နေရာများ၊ ကိုယ်လက်ကြံ့ခိုင်ရေး ဆောင်ရွက်နိုင်သည့်နေရာများကို ဆောင်ရွက် ပေးသွားရန်လိုသကဲ့သို့ ကျုံးဘေး၌ မျက်စိပသာဒဖြစ်စေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားသည်။

ဆက်လက်၍ ဟံသာဝတီမြို့ရိုး၊ ကျုံးဘေးတစ်လျှောက်နှင့် ပဲခူးမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပဲခူးမြို့အတွင်း ဖြတ်သန်းစီးဆင်းသွားသည့် ပဲခူးမြစ်အား ကျောက်စီနံရံများပြုလုပ်၍ ရေစီးဆင်းမှုများကောင်းမွန်စေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။

စည်ကားလျက်ရှိ

မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃)ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာဝတီဒေသ၌ အကျယ်အဝန်း ၃၄၀၀ စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မြို့တံခါးငါးပေါက် ပါရှိပြီး စုစုပေါင်း မြို့တံခါး ၂၀ ဖြင့် တည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသည့် နန်းတော်သစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး “ကမ္ဘောဇသာဒီ”ဟု ခေါ်တွင်စေခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၉၄၃ ခုနှစ်(အေဒီ ၁၅၈၁)ခုနှစ်၊ သက်တော် ၆၆ နှစ်တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံခဲ့ပြီး သားတော်နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီမြို့ ပျက်စီးခဲ့ရကာ “ကမ္ဘောဇသာဒီ” နန်းတော်ကြီးမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ထို့နောက် နှစ်ပေါင်း ၄၀၀ ကျော်ခန့် အပျက်အစီးများအောက်တွင် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့် “ကမ္ဘောဇသာဒီ” နန်းတော်ကြီးကို ရှေးဟောင်းသုတေသနဦးစီးဌာနက ၁၉၉၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ ၁၉၉၇ ခုနှစ်အထိ သုတေသနပြုတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မြေနန်းပြာသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် စတင်သုတေသနပြုတူးဖော်ခဲ့ရာ မြေနန်းပြာသာဒ်ဆောင်၊ စနုဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကိုတွေ့ရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှ ကျွန်းတိုင်လုံး အကြွင်းအကျန်များကို တွေ့ရှိခဲ့ရပြီး အချို့ကျွန်းတိုင်များတွင် ပေးပို့ဆက်သသူများ၏ အမည်များကို ရေးထိုးထားသည်ကို တွေ့ရှိရကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝင်းဆောင်၊ လက်ယာဝင်းဆောင်နှင့် စနုဆောင်တို့ကို ပုံစံတူပြန်လည်တည်ဆောက်ရေးအတွက် တူးဖော်တွေ့ရှိရသည့် ပန္နက်ပုံ၊ မှတ်တမ်းအထောက်အထားများနှင့်ညှိနှိုင်း၍ ပုံစံတူ ပြန်လည်တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

MOI

ဂျပန်နိုင်ငံ၌ ကျင်းပသည့် BRIDGE Summer Camp - 2025 တွင် ယဉ်ကျေးမှုဖလှယ်ခြင်းများ ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၁

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ ဇူလိုင် ၁၂ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် (၃၇) နှစ်မြောက် နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ- ၂၀၂၅ (BRIDGE Summer Camp - 2025) သို့ မြန်မာကျောင်းသားလူငယ် ကိုယ်စားလှယ်ခြောက်ဦးက Junior Ambassador များအဖြစ် ပါဝင်တက်ရောက်၍ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာကျောင်းသား လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၂ ရက်မှ ၁၄ရက်အထိ ဂျပန်နိုင်ငံ Fukuoka Marine House Camp ၌ အာရှ - ပစိဖိတ်ဒေသ ၄၂ နိုင်ငံမှ Junior Ambassador များနှင့်အတူ စခန်းချ၍ စုပေါင်းနေထိုင်ကြပြီး တွေ့ဆုံပွဲအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၁၅ ရက်တွင် “မိုင်းအိမတ်ဆုဘာရ” ဂျပန်အလယ်တန်းကျောင်းသို့ သွားရောက်လေ့လာ၍ ကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ဆုံခြင်း၊ ဂျပန်ကလေးငယ်များနှင့် အမေးအဖြေပြုလုပ်ခြင်း၊ ကျောင်းခန်းမ၌ နွေဦးကဗျာသင်္ကြန်သီချင်းဖြင့် ကပြခြင်း၊ ဂျပန်ကလေးများအား မြန်မာသနပ်ခါးလိမ်းခြယ်ပေးခြင်းတို့ကို ဆောင်ရွက်သည်။

ထို့နောက် ဇူလိုင် ၁၅ ရက် ညပိုင်းမှစ၍ ၂၀ ရက် ညပိုင်းအထိ ဂျပန်မိသားစုနေအိမ်များသို့ Home Stay အဖြစ် တစ်ဦးချင်းလိုက်ပါနေထိုင်ပြီး အိမ်ရှင်ကျောင်းသားများ၏ ကျောင်းများသို့ တစ်နေ့တာ အတူလိုက်ပါတက်ရောက်ခြင်း၊ လူငယ်တွေ့ဆုံပွဲ၏ အဓိကအစီအစဉ်ဖြစ်သည့် “We are the BRIDGE Festival” သို့ အိမ်ရှင်မိသားစုများအား မြန်မာဝတ်စုံဝတ်ဆင်စေ၍အတူ ပါဝင်ဆင်နွှဲခြင်း၊ နွေဦးကဗျာ သင်္ကြန်သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ပွဲတော်သို့ လာရောက်သည့် ဧည့်သည်များအား မြန်မာသနပ်ခါးလိမ်းခြယ်ပေးခြင်း၊ အိမ်ရှင်မိသားစုများနှင့်အတူ Fukuoka Tower အပါအဝင် ဖူကူအိုကာ၏ အထင်ကရနေရာများကို လည်ပတ်ခြင်း စသည့်အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလူငယ်တွေ့ဆုံပွဲအစီ အစဉ်ကို ဂျပန်နိုင်ငံဖူကူအိုကာမြို့၌ အခြေစိုက်သည့် အာရှ-ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်း (Asian Pacific Children's Convention - APCC) က “We are the BRIDGE” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး APCC မှ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ၄၂ နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် ကျောင်းသား ကျောင်းသူ ၁၉၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။

မြန်မာကျောင်းသား လူငယ်များ အဆိုပါနွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ- ၂၀၂၅ သို့ ပါဝင်တက်ရောက်ခွင့်ရရှိခြင်းဖြင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ လူငယ်များနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံခွင့်ရရှိခြင်း၊ ယဉ်ကျေးမှုများ အပြန်အလှန်ပိုမိုသိရှိခွင့်ရရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများ ရရှိခြင်း၊ မိမိပတ်ဝန်းကျင်တိုးတက်မှုအတွက် အထောက်အကူရရှိခြင်း၊ တစ်ဦးချင်းယုံကြည်မှုနှင့် အားထုတ်မှုများရရှိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် “BRIDGE Summer Camp 2026” အတွက် တရားဝင်ကမ်းလှမ်းဖိတ်ကြားမှုကို လက်ခံရရှိပါက မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်း (MJA) အနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှ အခြေခံပညာကျောင်းသား လူငယ်များအား အဆိုပြုလွှာခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်း ရုရှားနိုင်ငံသားများ အထူးစိတ်ဝင်စားမှုရှိခဲ့ပြီး လာရောက်သူများဖြင့် စည်ကား

နေပြည်တော် ဇူလိုင် ၁၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ “In Siberia-THERE is!” ခေါင်းစဉ်ဖြင့်ကျင်းပသော အစားအစာနှင့် ခရီးသွားပြပွဲတွင် ပါဝင်ခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်းသည် ရုရှားနိုင်ငံသားများနှင့် နိုဗိုစီဗစ်မြို့သူမြို့သားများ၏ အထူးစိတ်ဝင်စားမှုကိုရရှိခဲ့ပြီး လာရောက်သူများဖြင့် စည်ကားခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်းသို့ လာရောက်ကြသူများသည် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများကို စိတ်ဝင်တစား မေးမြန်းလေ့လာခဲ့ကြသည်။

ပြခန်းတွင် မြန်မာနိုင်ငံမှပညာတော်သင် ကျောင်းသားများ၊ ကောင်စစ်ဝန်ရုံးမိသားစုများက မြန်မာ့ရိုးရာ သူငယ်တော်အက၊ တစ်ပင်တိုင် မင်းသားအက၊ ဦးရွှေရိုးနှင့် ဒေါ်မိုးအက၊ မြန်မာ့ရိုးရာရုပ်သေးအက၊ မြန်မာ့စောင်း၊ မြန်မာ့ရိုးရာခြင်းလုံးတို့ဖြင့် ဖျော်ဖြေတင်ဆက်ပေးကြသည့်အတွက် နိုဗိုစီဗစ်မြို့သူ မြို့သားများက တစ်ခဲနက်အားပေးကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူရုရှားနိုင်ငံသား ပရိသတ်များဖြင့် ပြခန်းသည် အထူးစည်ကားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံမှ ဝါရင့်စားဖိုမှူးကြီးနှင့် မြန်မာမိသားစုများက မြန်မာ့အစားအစာများကို ချက်ပြုတ်တည်ခင်း ပြသဧည့်ခံခဲ့ရာ ပြပွဲလာရောက်ကြသူများ နှစ်သက်စွာအားပေးခဲ့ကြပြီး တည်ခင်းဧည့်ခံသည့် အစားအစာများထဲမှ မြန်မာ့မုန့်ဟင်းခါးနှင့် လက်ဖက်ကို အထူးနှစ်သက်စွာအားပေးခဲ့ကြသည့်အပြင် မြန်မာ့ဝိုင်ကိုလည်း စိတ်ဝင်စားမှုများပြားခဲ့ကြောင်း သိရသည်။

အဆိုပါအစားအစာနှင့် ခရီးသွားပြပွဲကို နိုဗိုစီဗစ်မြို့ အော့မြစ်ဘေးရှိ မီခါရိလော့ဖ်စကားရားပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲကျင်းပသည့် သုံးရက်တာကာလအတွင်း မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းသို့ လာရောက်လည်ပတ်သူ သိန်းဂဏန်းဝန်းကျင်ရှိခဲ့သည်။

ပြပွဲလာရောက်သူများ၏ စိတ်ဝင်စားအားပေးမှုသာမက နိုဗိုစီဗစ်အစားအစာနှင့် ခရီးသွားပြပွဲ ကျင်းပရေးကော်မတီက ပြုလုပ်သည့် အစားအစာ၊ အချက်အပြုတ်၊ အပျော်တမ်းပြိုင်ပွဲ၌လည်း မြန်မာ့ အစားအစာများကို ချက်ပြုတ်ပြသခဲ့ရာ ပြိုင်ပွဲဝင်များအကြား စိတ်ဝင်စားမှုများပြားခဲ့သည်။

ထိုသို့ ပါဝင်ပြသခြင်းဖြင့် မြန်မာ့ရိုးရာ အစားအစာများ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာများနှင့် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးစဉ်ဒေသများအကြောင်း ပြပွဲသို့လာရောက်သူများထံ တိုက်ရိုက် ဖြန့်ဝေဆောင်ရွက်နိုင်ခြင်း၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိကာလာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ပြပွဲလာနိုင်ငံတကာနှင့် ရုရှားနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းများ၊ ရုရှားနိုင်ငံသားများ အထူးသဖြင့် နိုဗိုစီဗစ်မြို့သူ မြို့သားများထံ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေမိတ်ဆက်နိုင်ခဲ့သောကြောင့် ရုရှားခရီးသွားဈေးကွက်မြှင့်တင်နိုင်ရန် များစွာအထောက်အကူဖြစ်စေခဲ့သည်။

မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၄ 

အစဉ်အလာကြီးမားသော မန္တလေးတက္ကသိုလ်ကြီး၏ နှစ် ၁၀၀ ပြည့်မြောက်ခဲ့သည့် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV Auditorium) ခန်းမ၌ ကျင်းပသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71868

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၌ “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှု ပြိုင်ပွဲကျင်းပ

သန်လျင် ဇူလိုင် ၁

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအား​ဖြင့် “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အမှာစကားပြောကြားသည်။

ဦးစွာပြိုင်ပွဲကို ပထမနှစ်နှင့် အထူးပြုဘာသာရပ်ငါးခုမှ ကျောင်းသူများက “မြစိမ်းရောင်လွှမ်း အေးချမ်းစေမည်မြန်မာပြည်” အဖွင့်သီချင်းဖြင့် ကပြဖျော်ဖြေကြ သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသူ ၂၈ ဦးက ခါးနံပါတ် (၁) မှ (၁၄) အထိ တစ်ဖွဲ့၊ ခါးနံပါတ် (၁၅) မှ (၂၈) အထိ တစ်ဖွဲ့၊ အဖွဲ့နှစ်ဖွဲ့ခွဲ၍ တစ်ဦးချင်းယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသူ ၂၈ ဦးအနက် အမှတ်ပေးအကဲဖြတ်ဒိုင်အဖွဲ့က ကျောင်းသူ ၁၀ ဦးအား ရွေးချယ်၍ တစ်ဦးချင်းထပ်မံယှဉ်ပြိုင်ခဲ့ကြပြီး ဆန်ခါတင်ငါးဦးအား ရွေးချယ်၍ မေးခွန်းများ မေးမြန်းကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု နှစ်ဆုကို ရွေးချယ်ခဲ့ကြသည်။

ထို့နောက် “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲတွင် ဆုရရှိကြသူများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သည်။ ထို့နောက် ပြိုင်ပွဲတွင် အစီအစဉ်အလိုက် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည့် ပထမနှစ်နှင့် အထူးပြုဘာသာရပ်ငါးခုမှ ကျောင်းသူအဖွဲ့ ခုနစ်ဖွဲ့အား ပါမောက္ခချုပ်က ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။ အဆိုပါပြိုင်ပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု “ယဉ်ကျေးဝေဆာမေမြန်မာ၊ မျိုးဂုဏ်မပျက်ဝတ်ဆင်လျက်” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲသို့ တက်ရောက်အားပေး

နေပြည်တော် ဇူလိုင် ၁

“ယဉ်ကျေးဝေဆာမေမြန်မာ၊ မျိုးဂုဏ်မပျက်ဝတ်ဆင်လျက်” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးသည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူးပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က အဆိုပါဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို စီစဉ်တင်ဆက်ခြင်းဖြစ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ အမျိုးသမီးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် အမျိုးသမီးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ အဆိုတော်များ၊ ဒီဇိုင်နာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖျော်ဖြေတင်ဆက်

အခမ်းအနားတွင် “မြန်မာအမျိုးသမီးများနေ့” တေးသီချင်း၊ “ဗမာမလေးပါရှင်” “အင်အားသစ်များနှင့်အတူ” တေးသီချင်းများနှင့် သုံးရာသီချစ်သူတေးသီချင်းများ၊ “နွေဂိမာန်အလှမေမြတ်ဝါဆိုက”၊ “ယုံးယုံးလက်ရာဝဿန်ခါ” နှင့် “ဟေမာန်ဆောင်း အသွင်ပိုးမင်းကြီးအဆင်” ခေါင်းစဉ်တို့ဖြင့် နာမည်ကျော်ဝတ်စုံဒီဇိုင်နာများ ဖန်တီးဆန်းသစ်ထားသော ဝတ်စုံများ ဝတ်စားဆင်ယင်ပြသမှု၊ တစ်ခန်းရပ်ပြဇာတ်များ တင်ဆက်မှု၊ “ကမ္ဘာတည်သရွေ့” တေးသီချင်းနှင့် နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးတို့က ဂုဏ်ပြုပန်းစည်းများ ချီးမြှင့်ရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့ကလည်းကောင်း၊ ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို စီစဉ်တင်ဆက်သော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး ဒါရိုက်တာဒေါ်မြတ်မြတ်ဦးနှင့် ပါဝင်ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များကိုယ်စား အကယ်ဒမီများရှင် ရန်အောင်နှင့် စိုးမြတ်သူဇာတို့ကလည်းကောင်း လက်ခံရယူကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ တာဝန်ရှိသူများက အနုပညာရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံ၏ အကြီးဆုံးသော ထိုင်းသီချင်း ဆို ပြိုင်ပွဲကြီးနှင့် ထိုင်းရိုးရာအစားအစာနှင့်ပစ္စည်းများရောင်းချသည့် ပွဲတော် ပြုလုပ်

ဇွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Semi Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့် Film Thanapat ၊ Perth TanponTanpon ၊ Santa Pongsapak တို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဦးစွာ ထိုင်းသံအမတ်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်၊ ထိုင်းမင်းသား Film Thanapat နှင့် တွေ့ဆုံမေးမြန်းခြင်း၊ Thai Festival 2025 in Yangon ဖွင့်ပွဲအခမ်းအနားပြီးနောက် ထိုင်းရိုးရာအကများနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သည်။

ထို့‌ေနာက် T-Pop Star Challenge Myanmar Season 2 Semi-Finalist (၈)ယောက်၏ ယှဉ်ပြိုင်မှုအပြီးတွင် T-POP Star Challenge Season 1 (2024) Winner Baron Hayne မှ ဖျော်ဖြေခဲ့ကာ ထိုင်းနာမည်ကြီးအနုပညာရှင်များဖြစ်သည့် Perth-Santa ၊ Num Kala တို့မှ ပရိသတ်များကို ဖျော်ဖြေတင်ဆက်ခဲ့သည်။

T-Pop Star Challenge Myanmar Season 2 တွင် ဒိုင်အဖြစ် ထိုင်းနိုင်ငံမှ Dome Jaruwat, Gam Wichayanee, Num Kala တို့အပြင် Special Guest အဖြစ် Perth-Santa, Film Thanapat တို့မှ Semi-Finalists (၈) ဦးအား အကဲဖြတ်အမှတ်ပေးခဲ့ပြီးနောက် T-POP Star Challenge Myanmar Season 2 ရဲ့ Finalists (၃) ဉီးမှာ T3 Naw Sydney, T4 Zea, T8 Chris တို့ဖြစ်သည်။

T-POP Star Challenge Myanmar Season 2 Final အား ဇွန်လ ၂၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

Thai Festival 2025 in Yangon ပွဲတော်ကြီး၌ ထိုင်းအစားအစာများနှင့် အဖျော်ရည်များ၊ အလှကုန်ပစ္စည်းများနှင့် ဖက်ရှင်များ၊ ခရီးသွားဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးဆိုင်ရာ ရရှိနိုင်မည့် Package များနှင့် ထိုင်းအနုပညာဆိုင်ရာပစ္စည်းများကို ဆိုင်ခန်းပေါင်း (၆၀) ဝန်းကျင်ဖြင့် ခင်းကျင်းပြသထားသည်။

Popular Myanmar

ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်သည့်တံဆိပ်​ခေါင်းဘလောက်အုပ်စုသစ်ထွက်​တော့မည်

တံဆိပ်​ခေါင်းဘလောက်အုပ်စုတစ်ခုသည် လေးခု သို့မဟုတ် ထို့ထက်ပိုသော တွဲရက်တံဆိပ်ခေါင်းများအုပ်စုဖြစ်သည်။ ဘလောက်များသည် တစ်ခုချင်းတံဆိပ်ခေါင်းများထက် ရှားပါးပြီးသမိုင်း အချက်အလက်များပါဝင်​လေသည်။

ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု အထိမ်းအမှတ် Block of Stamp အထူးထုတ် (၂,၄ဝဝ) ကျပ်တန် စာပို့တံ ဆိပ်ခေါင်းသစ် (၁) မျိုးအား ဇွန်လ (၂ဝ) ရက်မှ စတင်ပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံဆိပ်ခေါင်းသစ်ကို နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထား မှတ်သားနိုင်စေရန် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ တစုတစည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်၍ ရောင်းချပေးခြင်း ဖြစ်သည်။

တံဆိပ်ခေါင်းများကို အဖိုးတန်ပစ္စည်းများအဖြစ် ယူဆသော  ရှေးဟောင်းသုတေသီဆန်သူများဖြစ်သည့်တံဆိပ်ခေါင်းစုသူများ အထူးနှစ်သက်ကြပြီး စုဆောင်း​လ့ရှိကြသည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇွန် (၂၀) ရက် (သောကြာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည့် အထူးအစီအစဉ်လည်းပါဝင်သည်။

Source: Popular Myanmar

မြန်မာ - တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနား ကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၈

မြန်မာ - တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်းတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှ သံတမန်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် မြန်မာ - တရုတ် နှစ်နိုင်ငံ၏ သံတမန် ဆက်ဆံရေးသမိုင်းတွင် အဓိပ္ပါယ်ပြည့်ဝပြီး ဂုဏ်ယူစရာကောင်းသည့် အခါသမယဖြစ်သကဲ့သို့ သမိုင်းတစ်လျှောက် ကာလကြာမြင့်စွာ တည်တံ့ခိုင်မြဲခဲ့သည့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားယုံကြည်မှု၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်အတွက် တူညီသည့် သန္နိဋ္ဌာန်ရှိနေကြသည်ကိုလည်း ဖော်ညွှန်းပြသသည့်အခမ်းအနား ဖြစ်ကြောင်း။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/70843

ငလျင်ကြောင့် ပျက်စီးခဲ့သည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများကို ဦးစားပေး အဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်မည်

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ ပျက်စီးခဲ့သည့်အတွက် ဦးစားပေးအဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ (၆၀) ရာခိုင်နှုန်း ပျက်စီးခဲ့သည့်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်သည်။

အင်းဝမြို့ဟောင်းတွင် ရှေးဟောင်းအဆောက်အဦးပေါင်း (၉၆၁)ခုရှိသည့်အနက် ငလျင်ကြောင့် (၆၀၀) ဝန်းကျင်ခန့်ပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး ငလျင်မလှုပ်မီ ပြုပြင်ထိန်းသိမ်းနေသည့် ရှေးဟောင်းအဆောက်အဦးများလည်း ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

ယခုအခါ မူလအလှူရှင်များကို ကနဦးဆက်သွယ်ထားပြီး ၎င်းတို့မလှူနိုင်ပါက နောက်အလှူရှင်ကို ဆက်သွယ်မည်ဖြစ်ကာ ယင်းအပြင်နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ရန် တင်ပြထားကြောင်းလည်း သိရသည်။

အင်းဝမြို့ဟောင်း၏ ရှေးဟောင်းနယ်မြေဧရိယာမှာ (၇) စ တုရန်းမိုင်ကျယ်ဝန်းပြီး အင်းဝခေတ် လွန်ခဲ့သည့် နှစ်ပေါင်း (၄၀၀) ခန့်က တည်ရှိခဲ့သည့် မြို့တစ်မြို့ဖြစ်သည်။