နိုင်ငံတစ်ခု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးပါသည်။ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ပညာ သင်ကြားနိုင်ရေး၊ KG+9 အထိ မသင်မနေရသင်ကြားနိုင်ရေးတို့အတွက် သတ်မှတ်ဆောင်ရွက်လျက် ရှိပါသည်။ KG+9 ပြီးမြောက်ပါက KG+10 မှ KG+12 အထိ ၃ နှစ်တာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုဘာသာရပ်များ ဆက်လက်သင်ကြားနိုင်ပါက အခြေခံအလုပ်အကိုင်ကို ရရှိစေမည်ဖြစ်သကဲ့သို့ ဆက်လက်ပညာသင်နိုင်ရင်ကိုက်ညီသည့် ဒီပလိုမာ/ဘွဲ့များ ရရှိမည်ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှု ကျွမ်းကျင်သော လူသားအရင်းအမြစ်များ ရမည်ဖြစ်ပါသည်။ စနစ်သစ်
နိုင်ငံတစ်ခု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးပါသည်။ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ပညာ သင်ကြားနိုင်ရေး၊ KG+9 အထိ မသင်မနေရသင်ကြားနိုင်ရေးတို့အတွက် သတ်မှတ်ဆောင်ရွက်လျက် ရှိပါသည်။ KG+9 ပြီးမြောက်ပါက KG+10 မှ KG+12 အထိ ၃ နှစ်တာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုဘာသာရပ်များ ဆက်လက်သင်ကြားနိုင်ပါက အခြေခံအလုပ်အကိုင်ကို ရရှိစေမည်ဖြစ်သကဲ့သို့ ဆက်လက်ပညာသင်နိုင်ရင်ကိုက်ညီသည့် ဒီပလိုမာ/ဘွဲ့များ ရရှိမည်ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှု ကျွမ်းကျင်သော လူသားအရင်းအမြစ်များ ရမည်ဖြစ်ပါသည်။ စနစ်သစ်ပညာရေးအရ KG+12 အတန်းကို ရောက်ပါက အသက်အရွယ်အားဖြင့် အသက် ၁၇ နှစ်၊ ၁၈ နှစ်ဝန်းကျင်ရောက်ရှိသည့် အရွယ်ဖြစ်ပါသည်။ ၁၈ နှစ်ဆိုပါက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အရွယ်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်မည် ဆိုပါက ဥပဒေကိုနားလည်ရန်လိုပါသည်။ ထို့ကြောင့်အဆိုပါအတန်း၊ အဆိုပါအရွယ်ကတည်းက ဥပဒေ ဗဟုသုတများကြွယ်ဝနေအောင် ဆွေးနွေးသင်ကြားဆောင်ရွက်ရန်လိုပါသည်။
ယခုပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပျမ်းမျှ ၇၀ ရာခိုင်နှုန်းခန့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။အခြေခံပညာအဆင့် ကျောင်းတက်ရောက်မှုအနေဖြင့် မူလစာရင်းသွင်းထားသူများအနက်မှ ၉၂ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် ရာနှုန်းပြည့်ကျောင်းတက် နိုင်ရေးနှင့် ကျောင်းများဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများနှင့်လက်တွဲပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ လူဦးရေအသက်ပိုင်းခြားအရ ယခုထက်ပိုပြီး ကျောင်းတက်ရောက် သူဦးရေများရန် လိုအပ်မှုများရှိနေသေးပါသည်။ စာသင်ကျောင်းများဖွင့်လှစ်သည့် ဒေသများအားလုံးတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေးနှင့် ပညာရေးလမ်းကြောင်းပေါ်ကိုရောက်ရှိရေး ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ပါသည်။
၂၀၂၃ ခုနှစ်မှစပြီး ပညာရေးညီလာခံကိုကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ပြီးခဲ့သည့်လက ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ပညာရေးညီလာခံများမှရရှိသည့် ဖော်ထုတ်ချက်များကို မြန်မာနိုင်ငံပညာရေး ကဏ္ဍမြင့်မားရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ပညာရေးအပေါ်တွင်အခြေခံခြင်းကြောင့် ပညာရေးအဆင့်တိုးတက်လာရန် ပညာရေးဝန်ထမ်းများအပြင် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့်အုပ်ချုပ်သူအဖွဲ့အစည်းများကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်လိုပါသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” လို့ဆိုသည့်အတိုင်း ကျောင်းစည်း ကမ်းလိုက်နာခြင်းမှစပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာတတ်သည့်၊ နိုင်ငံကြီးသား ကောင်းပီသသည့် အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာအောင် သင်ကြားလေ့ကျင့်ပေးရန် လိုပါသည်။