ဇွန် ၁၉
မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ဦးတည်နေသည်ဟုဆိုသည်။

မတ်လ၂၈ ရက် နေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး မြန်မာ့ဂျီဒီပီ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသများရှိ လူနေအိမ် အဆောက်အအုံများ၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦးများနှင့် အမွေအနှစ်နေရာများ ပျ-က်စီးခဲ့ရသည်။
ငလျင်၏သက်ရောက်မှုသည် လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်နေစေပြီး “ဘေးဒဏ်သင့်ဒေသများရှိ ခက်ခဲသောအခြေအနေများကို ပိုမိုဆိုးရွားစေသည်” ဟု ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ရေးသားဖော်ပြထားသည်။
မြေငလျင်ကြောင့် ပျ-က်စီးဆုံးရှုံးမှုသည် ၂၀၂၆ ခုနှစ် မတ်လကုန် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ၏ ၄ ရာခိုင်နှုန်းခန့်နှင့် ညီမျှမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများနှင့် အခြေခံနိမ့်ကျမှုကြောင့် နောက်နှစ်တွင် တိုးတက်မှု ၃ ရာခိုင်နှုန်းသို့ ပြန်လည်မရောက်ရှိမီ စီးပွားရေးသည် ၂၀၂၅-၂၀၂၆ တွင် ၂.၅ % ကျဆင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့နယ်များတွင် လူပေါင်း ၃,၈၀၀ သေဆုံးပြီး လူပေါင်း ၂၀၇,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည့် ငလျင်မတိုင်မီက ကမ္ဘာ့ဘဏ်က ယခုနှစ်တွင် ၂ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။ အဆိုးရွားဆုံး ဒဏ်ခံရသော ဒေသများသည် ဧပြီလမှ စက်တင်ဘာလအတွင်း ၎င်းတို့၏ ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့် ဆုံးရှုံးဖွယ်ရှိကြောင်း ၎င်းက ပြောကြားထားသည်။
“ငလျင်ကြောင့် စီးပွားရေး နောက်ဆက်တွဲ လှုပ်ခတ်မှုတွေက ပဋိပက္ခတွေကနေ ဆက်ပြီး စိန်ခေါ်မှုတွေ ကြုံလာရပြီ” ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ယခုနှစ် ဧပြီလအထိ တစ်နှစ်အတွင်း ၃၄.၁% သို့ အမြန်ရောက်ရှိခဲ့သော ငွေကြေးဖောင်းပွမှုသည် ငလျင်လှုပ်ခတ်မှုနှင့် ပဋိပက္ခဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဆက်နွှယ်နေသော ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများကြောင့် လက်ရှိဘဏ္ဍာရေးနှစ်တွင် ငွေကြေးဖောင်းပွမှုသည် ၃၁% ဝန်းကျင်တွင် ဆက်လက်မြင့်မားနေနိုင်သည်။ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ယမန်နှစ်က ၃၁ ရာခိုင်နှုန်း မြင့်မားသောအချိုးမှ ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ပိုမိုတက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုသည် လာမည့်နှစ် မတ်လကုန်တွင် ၆ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးလာကာ ဗဟိုဘဏ်မှ လိုငွေပြမှု အများစုသည် ဘဏ္ဍာငွေများ ထောက်ပံ့မှုဖြင့် ယခင်နှစ်ထက် ၅.၁ ရာခိုင်နှုန်းအထိ တိုးလာသည်ဟု အစီရင်ခံစာက ဆိုသည်။
“မြေငလျင်ကြောင့် အသက်ဆုံးရှုံးမှုတွေ သိသိသာသာ များလာပြီး ခက်ခဲတဲ့ စီးပွားရေး အခြေအနေတွေ ပိုဆိုးလာနေချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်းကို စမ်းသပ်နေပါတယ်” ဟု ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနခွဲ ဒါရိုက်တာ မလင်ဒါ ဂွတ် က သတင်းထုတ်ပြန်ချက်တွင်ပြောကြားထားသည်။ “ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများသည် ထိခိုက်လွယ်သော လူဦးရေကို ကူညီရန် မရှိမဖြစ် အလိုအပ်ဆုံးဖြစ်ပါသည်။”
Source: Popular Myanmar

မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံများက ဆောင်ရွက်နေကြသလို သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိစေဘဲ ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ယနေ့ကာလတွင် ကမ္ဘာတစ်ဝန်း နှစ်စဉ်တိုးပွားလာသော လူဦးရေနှင့် လူမှုဘဝများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသောကြောင့် ပတ်ဝန်းကျင်ယိုယွင်းထိခိုက်မှုအန္တရာယ်မှာ တစ်စတစ်စ ကြီးထွားလာသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ အထူးသဖြင့် မြို့ပြဒေသများ၌ နေထိုင်ကြသည့် ပြည်သူများအသုံးပြုပြီး စွန့်ပစ်ကြသော အမှိုက်သရိုက်များကြောင့် နောက်ဆက်တွဲဖြေရှင်းနေရသည့် ပြဿနာများမှာ တစ်နေ့တခြား ကြီးထွားလာသည်။ အဆိုပါပြဿနာကို မြို့ပြ စည်ပင်သာယာရေးအဖွဲ့များက နေ့စဉ်ဖြေရှင်းပေးလျက်ရှိသော်လည်း ဖြေရှင်း၍ မဆုံးသည့် ကြီးမားသည့်စိန်ခေါ်မှုဖြစ်လာသည်။
နိုင်ငံတစ်ဝန်းမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်စေပြီး မြေဆီလွှာများ၊ မြစ်၊ ချောင်းများ၊ ရေအရင်းအမြစ်များပေါ်တွင် ထိခိုက်မှုများရှိနေသည်။ စုပုံစွန့်ပစ်ထားသည့်အရာများမှ ထွက်ရှိလာသော ရေဆိုးများနှင့် အမှိုက်သရိုက်များ မီးရှို့ဖျက်ဆီးမှုကြောင့် မြေထု၊ လေထုညစ်ညမ်းမှုကို ဆိုးဆိုးရွားရွားဖြစ်စေပြီး ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုများရှိနေသည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများမှာ တစ်ရက်လျှင် မက်ထရစ်တန် နှစ်သောင်းခန့်ရှိကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် လူတစ်ဦးစီအနေဖြင့် တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း သုည ဒသမ ၈ ကီလိုဂရမ်ရှိကြောင်း၊ ယခု ၂၀၂၅ ခုနှစ်တွင် လူတစ်ဦး တစ်နေ့လျှင် စွန့်ပစ်ပစ္စည်း တစ်ကီလိုဂရမ် ထွက်ရှိမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီက ခန့်မှန်းထားသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းပမာဏသည် တစ်နိုင်ငံလုံး စုစုပေါင်းပမာဏ၏ ထက်ဝက်ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ရန်ကုန်မြို့တွင် တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း တန် ၂၀၀၀ ခန့်၊ မန္တလေးတွင် တစ်ရက်လျှင် တန် ၉၀၀ ကျော်ခန့်၊ နေပြည်တော်တွင် တစ်ရက်လျှင် တန် ၂၀၀ ခန့်ထွက်ရှိသည်ဟု ခန့်မှန်းထားသည်။
အဆိုပါပမာဏသည် သက်ဆိုင်ရာဒေသအလိုက် စည်ပင်သာယာရေးအဖွဲ့များက သိမ်းဆည်းနိုင်သောပမာဏသာဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့က မသိမ်းဆည်းနိုင်သော စွန့်ပစ်ပစ္စည်းများ၊ အခြားနေရာများသို့ စွန့်ပစ်လိုက်သည့်ပစ္စည်းများနှင့် ပြန်လည်အသုံးပြု၊ ပြုပြင်သုံးစွဲလိုက်သည့်ပစ္စည်းများ မပါဝင်သေးပေ။ အမှန်တကယ်ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းပမာဏမှာ ခန့်မှန်းထားသည်ထက် ပိုမိုများပြားပေသည်။ စွန့်ပစ်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်မှသာ တစ်နေ့တခြား ကြီးမားလာသော စွန့်ပစ်ပစ္စည်းပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ယခုအခါ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်း၌ အသိပညာပေးလှုံ့ဆော်မှုများ ပြုလုပ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
အစီအစဉ်မှာ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်အသိပညာပေးခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို အစောပိုင်းကတည်းက အကောင်အထည်ဖော်လျက်ရှိသော်လည်း လိုက်နာဆောင်ရွက်မှုအားနည်းသဖြင့် အောင်မြင်မှုမရှိသေးပေ။ ယခုအခါ အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်များသတ်မှတ်၍ ခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြလေ့ကျင့်မှုများပြုလုပ်သည့် လှုပ်ရှားမှုများကို နယ်မြို့များမှ စတင်၍ ပြုလုပ်လာသည်ကို တွေ့ရသည်။ အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံး၊ အမှိုက်ခြောက်ဖြစ်သည့် ခြောက်သွေ့သောစက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သား စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ်အမှိုက်အတွက် အပြာရောင်အမှိုက်ပုံး၊ လျှပ်စစ်နှင့် ဓာတုဆိုင်ရာဘေးအန္တရာယ်ပစ္စည်းများအတွက် အနီရောင်အမှိုက်ပုံးစသည်ဖြင့် အမှိုက်ပုံးများကို အရောင်ခွဲခြား ၍ စွန့်ပစ်သည့် အလေ့အထဖြစ်လာအောင် နမူနာဆောင်ရွက်လျက်ရှိသည်။
မြို့ပြဒေသများတွင် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပြည်သူလူထုအနေဖြင့် အသိတရားဖြင့် ပူးပေါင်းပါဝင်လာမှုသည် အရေးကြီးသည်။ စွန့်ပစ်ပစ္စည်း အမှိုက်သရိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အသိအမြင် ဗဟုသုတနည်းပါးခြင်း၊ အစဉ်အဆက်ကတည်းက အလွယ်တကူလုပ်ကိုင်တတ်သည့် အလေ့အကျင့်ပါလာခြင်း၊ ထိုအလေ့အကျင့်ကြောင့် အမှိုက်များအားလုံးကို ရောနှောပေါင်းစပ် စွန့်ပစ်လေ့ရှိခြင်း၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်အားနည်းခြင်း တို့ကြောင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုနှင့် အခက်အခဲများ ရှိနေမည်ဖြစ်သည်။
သို့ဖြစ်ရာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်များသည် ပြည်သူများ၏ လူမှုဘဝနှင့် မြို့ပြဒေသများ ဖွံ့ဖြိုးတိုးတက်သာယာလှပရေးကို များစွာအထောက်အကူပြုသဖြင့် အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်များ သတ်မှတ်၍ ခွဲခြားစွန့်ပစ်ခြင်းအစီအစဉ် အောင်မြင်ရေးအတွက် အသိတရားကိုယ်စီဖြင့် အလေးထားပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
MNP

“အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုးအကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှုဒုစရိုက်တစ်ခုပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၂၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အဂတိလိုက်စားမှုကို ဒုစရိုက်မှုတစ်ခုအဖြစ် ရှုမြင်နိုင်သည့်တိုင်အောင် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာ၌ပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နာတာရှည်တစ်ခုသဖွယ် ကြိုးပမ်းဆောင်ရွက်နေရဆဲဖ
“အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုးအကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှုဒုစရိုက်တစ်ခုပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၂၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အဂတိလိုက်စားမှုကို ဒုစရိုက်မှုတစ်ခုအဖြစ် ရှုမြင်နိုင်သည့်တိုင်အောင် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာ၌ပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နာတာရှည်တစ်ခုသဖွယ် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်သည်။
မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တိုင်ကြားစာများအပေါ် အရေးယူမှုများဆောင်ရွက်ခဲ့ရာတွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ၆၇ ဦး၊ အဆင့်မြင့်အရာရှိ ၂၃ ဦး၊ အရာထမ်း ၁၀၁ ဦး၊ အမှုထမ်း ၈၆ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၈ ဦး၊ အခြားပုဂ္ဂိုလ် ၅၃ ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၃၀၃၀ ကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဝန်ထမ်းစည်းကမ်းအရ အရေးယူခဲ့သည်။ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ အဂတိလိုက်စားမှုပြုရာတွင် ငွေကြေးသို့မဟုတ် တံစိုးလက်ဆောင်ကို လက်ခံရယူသူသာမက ပေးသူပါအပြစ်ရှိပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ခံကြရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် ဥပဒေအရ စုံစမ်းစစ်ဆေးအရေးယူခြင်းနှင့်အတူ တစ်ဖက်တွင်လည်း ကိုယ်ကျင့်တရားစံနှုန်းများ မြင့်မားရေးဆောင်ရွက်ကြရန်လိုအပ်သည်။ အဂတိလိုက်စားမှုကို ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာ၊ ကိုယ်ကျင့်တရားပျက်ယွင်းခြင်းအဖြစ် သိမြင်နားလည်ပြီး အဂတိလိုက်စားမှုပြုရန်အတွက် ရှက်တတ်၊ ကြောက်တတ်လာစေရန်မှာ ငယ်စဉ်ကပင် အသိတရားပြည့်ဝလာကြရန်အတွက် သွန်သင်ဆုံးမမှု၊ အသိပညာပေးမှုများလိုသည်။ သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများအား အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ လုံးဝလက်မခံကြရန်နှင့် ကိုယ်ကျင့်တရားပျက်ယွင်းမှုအဖြစ် သိမြင်နားလည်လာစေရန် ပညာပေးမှုများကို ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမည်ဖြစ်သည်။
စင်စစ် နိုင်ငံ့ဝန်ထမ်းများတွင် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းကျောင်းထားပြီးဖြစ်ရာ ဝန်ထမ်းတိုင်းက မိမိတို့၏ ခါးဝတ်ပုဆိုး၊ ခါးဝတ်လုံချည်များကဲ့သို့ မြဲမြံစွာ စောင့်ထိန်းကြရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်များတွင် ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူ့ဘဏ္ဍာငွေ ယိုဖိတ်ဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်းတို့ကို ရှောင်ကြဉ်ရေး၊ တရားသဖြင့်ရရှိအပ်သော ဝင်ငွေမှတစ်ပါး မရိုးသားသောနည်းဖြင့် အခြားဝင်ငွေရှာခြင်းကို ရှောင်ကြဉ်ရေးစသော အချက်များပါဝင်ပြီး နိုင်ငံ့ဝန်ထမ်းတိုင်း ကျင့်ဝတ်လိုက်နာသူ၊ စာရိတ္တမြင့်မားသူများ ဖြစ်ရန်လိုသည်။
အဂတိလိုက်စားခြင်းသည် နိုင်ငံ၏အုပ်ချုပ်မှုစနစ်ကောင်းမွန်ရေးကို စိန်ခေါ်နေသည့် ပြဿနာတစ်ရပ်ဖြစ်ရာ ဝန်ထမ်းအဖွဲ့အစည်းများအတွင်း တစ်နည်းနည်းဖြင့် ကျူးလွန်နေသည့် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် ဖယ်ရှားကြရမည်ဖြစ်သည်။ အဂတိလိုက်စားမှုအသေးအဖွဲမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးတို့အထိ အရေးပါ၊ အရေးကြီးသည့် အဂတိလိုက်စားမှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်သွားကြရပါမည့်အကြောင်း။ ။
MOI
Photo - Goldberg & de Villiers

ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံလူ့အဖွဲ့အစည်းတစ်ခုအတွင်း လူတို့၏အပြုအမူများကို ထိန်းညှိပေးသည့် စည်းမျဉ်းစနစ်ဖြစ်သည်။ သာမန်စည်းမျဉ်းစည်းကမ်းများနှင့် ကွာခြားသည့်အချက်မှာ ဥပဒေတွင်ပြဋ္ဌာန်းထားသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုနှင့်ညီသည့် ပြစ်ဒဏ်ကိုပါ ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဥပဒေစိုးမိုးနေခြင်းက နိုင်ငံသူနိုင်ငံသားတို့ကို အဘက်ဘက်မှလုံခြုံမှုရရှိစေသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် ရရှိထားသောအခွင့်အရေးများကို လူပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ အစိုးရကိုယ်တိုင်ကဖြစ်စေ ကျူးလွန်ဖောက်ဖျက်ခြင်းမှလည်
ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံလူ့အဖွဲ့အစည်းတစ်ခုအတွင်း လူတို့၏အပြုအမူများကို ထိန်းညှိပေးသည့် စည်းမျဉ်းစနစ်ဖြစ်သည်။ သာမန်စည်းမျဉ်းစည်းကမ်းများနှင့် ကွာခြားသည့်အချက်မှာ ဥပဒေတွင်ပြဋ္ဌာန်းထားသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုနှင့်ညီသည့် ပြစ်ဒဏ်ကိုပါ ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဥပဒေစိုးမိုးနေခြင်းက နိုင်ငံသူနိုင်ငံသားတို့ကို အဘက်ဘက်မှလုံခြုံမှုရရှိစေသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် ရရှိထားသောအခွင့်အရေးများကို လူပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ အစိုးရကိုယ်တိုင်ကဖြစ်စေ ကျူးလွန်ဖောက်ဖျက်ခြင်းမှလည်း ကာကွယ်ပေးသည်။
ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေးသည် လွန်စွာအရေးကြီးသည့်အလျောက် လူတိုင်းတရားဥပဒေကို သိရှိနားလည်ရန်နှင့် လေးစားလိုက်နာရန်လိုသည်။ ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့တာဝန်ယူကိုင်တွယ်ဆောင်ရွက်ရသည့် တည်ဆဲဥပဒေများ နှင့်အညီ တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရန်လည်းလိုသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြင်ဦးလွင်ခရီးစဉ်အတွင်း တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ “တာဝန် ရှိသူများအနေဖြင့် ဥပဒေကသတ်မှတ်ပေးထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့လမ်းနယ်များ၌ကျူးကျော်၍ မြေအသုံးချမှုများရှိနေပြီး လမ်းမကြီးများဥပဒေနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများမရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိကြရန်၊ လိုက်နာကြရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတွင်ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို တာဝန်ရှိသူများကိုယ်တိုင်က သိရှိနားလည်ထားကြရန်နှင့် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကိုင်တွယ်ကျင့်သုံးကြရန်လည်းလိုသည်။ မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ဥပဒေကို မိမိတို့ကိုယ်တိုင်က မသိနားမလည်၍ဖြစ်စေ၊ အဂတိတစ်ပါးပါးကြောင့်ဖြစ်စေ ပျက်ကွက်ခြင်း၊ တာဝန်မကျေပွန်ခြင်းက ရေရှည်တွင် အပ်ဖြင့်ထွင်း၍မရတော့ဘဲ ပုဆိန်ဖြင့်ပေါက်ရသည့် အခြေအနေသို့ရောက်ရှိစေသည်။ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်တွင် လမ်းနယ်ကျူးကျော်မှုများသာမက အခြားလုပ်ငန်းနယ်ပယ်များလည်းပါရှိနေသည်ကို သတိချပ်ကြရန်လိုသည်။ ဥပဒေနှင့်အညီ ကိုင်တွယ်ထိန်းညှိရန်၊ အရေးယူဆောင်ရွက်ရန် လိုအပ်သော်လည်း မျက်ကွယ်ပြုနေခြင်း၊ လျစ်လျူရှုထားခြင်း၊ တာဝန်မကျေပွန်ခြင်း၊ အဂတိလိုက်စားခြင်းတို့က ဥပဒေကျူးလွန်ဖောက်ဖျက်မှုများကို ပိုမိုများပြားလာစေပြီး အစိုးရယန္တရားပေါ်တွင် အများပြည်သူ၏ ယုံကြည်မှုကို လျော့နည်းစေသည်။
နိုင်ငံတော်နှင့် နိုင်ငံ၏အဖွဲ့အစည်းအသီးသီးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားပြည်သူများ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေးအတွက် အစိုးရယန္တရားအတွင်း ပါဝင်လုပ်ကိုင်ကြရသူများမှာ မိမိတို့၏ အခွင့်အာဏာများကို ကောင်းမွန်မှန်ကန်စွာ ကျင့်သုံးကြရသည်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံကို ကောင်းသည်ထက်ကောင်းအောင် တည်ဆောက်နိုင်ရေးအတွက် တာဝန်ကျေပွန်သူများ၊ စည်းကမ်းလိုက်နာသူများ၊ ကျင့်ဝတ်စောင့်ထိန်းသူများဖြစ်ကြရန် လိုအပ်သကဲ့သို့ မိမိတို့၏ အရည်အသွေးကို မြင့်သည်ထက်မြင့်မားအောင် မြှင့်တင်ကြရန်လည်းလိုသည်။ မိမိတို့ထမ်းဆောင်ရမည့် တာဝန်များကိုလည်း အချိန်မဆိုင်းဘဲ ဥပဒေနှင့်ညီညွတ်စွာ ကျေကျေပွန်ပွန်ထမ်းဆောင်ကြရပါမည့်အကြောင်း။ ။
Photo - CIVIS

နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် မိုးခေါင်မှု ၂ ကြိမ်၊ ငလျင် ၉ ကြိမ်၊ ရေကြီးမှု ၃၂ ကြိမ်၊ မုန်တိုင်း ၃၄ ကြိမ်၊ မီးတောင်ပေါက်ကွဲမှု ၁ ကြိမ် နှင့် တောမီး ၉ ကြိမ် ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ် ၁၀ နှစ်ကို ပြန်ကြည့်မည်ဆိုပါက မိုးခေါင်ရေရှားမှု အနည်းဆုံး ၂ ကြိမ်မှ အများဆုံး ၁၂ ကြိမ်၊ ငလျင်ဘေး အနည်းဆုံး ၇ ကြိမ်မှ အများဆုံး ၁၉ ကြိမ်၊ ရေဘေးအနည်းဆုံး ၄၆ ကြိမ်မှ အများဆုံး ၉၇ ကြိမ်ဖြစ်ပွားခဲ့သည်။ ၎င်းတို့အနက် ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးအနေဖြင့် ရေဘေး ၇၁
နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် မိုးခေါင်မှု ၂ ကြိမ်၊ ငလျင် ၉ ကြိမ်၊ ရေကြီးမှု ၃၂ ကြိမ်၊ မုန်တိုင်း ၃၄ ကြိမ်၊ မီးတောင်ပေါက်ကွဲမှု ၁ ကြိမ် နှင့် တောမီး ၉ ကြိမ် ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ် ၁၀ နှစ်ကို ပြန်ကြည့်မည်ဆိုပါက မိုးခေါင်ရေရှားမှု အနည်းဆုံး ၂ ကြိမ်မှ အများဆုံး ၁၂ ကြိမ်၊ ငလျင်ဘေး အနည်းဆုံး ၇ ကြိမ်မှ အများဆုံး ၁၉ ကြိမ်၊ ရေဘေးအနည်းဆုံး ၄၆ ကြိမ်မှ အများဆုံး ၉၇ ကြိမ်ဖြစ်ပွားခဲ့သည်။ ၎င်းတို့အနက် ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးအနေဖြင့် ရေဘေး ၇၁ ကြိမ် ကျရောက်ခဲ့ပြီး မုန်တိုင်း အနည်းဆုံး ၂၁ ကြိမ်မှ အများဆုံး အကြိမ် ၆၀ အထိ ဖြစ်ပွားခဲ့သည်။ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်မှာ ၃ ကြိမ်မှ ၅ ကြိမ်နှင့် တောမီးလောင်မှု ၁ ကြိမ်မှ ၉ ကြိမ်အထိဖြစ်ပွားခဲ့သည်။ အဆိုပါအကြောင်းအချက်များကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရေဘေးအန္တရာယ်နှင့် မုန်တိုင်းအန္တရာယ်မှာ အများဆုံးဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ယခုအခါ မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဖြစ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို တွက်ချက်၍ ကြိုတင်ကာကွယ် တားဆီးခြင်းဖြင့် ထိခိုက်ပျက်စီးမှုအနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမျိုးသားအဆင့် စီမံချက်များလည်း ရေးဆွဲထားရှိပြီးဖြစ်သည့်အတွက် စီမံချက်များနှင့်အညီ ဇာတ်တိုက်လေ့ကျင့်ခြင်းများ လုပ်ဆောင်ရမည် ဖြစ်သည်။ ရေဘေးနှင့်အတူ မုန်တိုင်းဘေးအန္တရာယ်ကိုလည်း သတိထား ဆောင်ရွက်ရမည်ဖြစ်သည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ အနေဖြင့် ဇွန်လ ၆ ရက်အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၄ ဦး နှင့် ပျောက်ဆုံးသူ ၆၇ ဦး ရှိသည်။ ထို့ပြင် နေအိမ်အဆောက်အအုံ ၆၃၀၀၀ ကျော်နှင့် စာသင်ကျောင်းများ၊ ဘုရားကျောင်းကန်စေတီများ၊ လမ်းတံတားများ များစွာထိခိုက် ပျက်စီးခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းအတွင်း ဘေးဒုက္ခခံစားခဲ့ရသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို အမြန်ဆုံး ကယ်ဆယ်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။ အလားတူ ငလျင်ဒဏ်ခံခဲ့ကြရသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ် များကလည်း အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍ နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများကို ကြည့်မည်ဆိုပါက အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ကြသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့ဝင် ၂၆၈၈ ဦးကို စေလွှတ်ခဲ့သည်။ အစောဆုံးအနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များကလည်း နိုင်ငံတကာမှ အရေးပေါ်ကူညီ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် ငလျင်လှုပ်ခတ်ပြီး အချိန်ပိုင်းအတွင်း နိုင်ငံတကာသို့ အကူအညီ တောင်းခံမှုအကျိုးဆက်အဖြစ် ငလျင်ကြောင့်ဘေးဒုက္ခ ခံစားနေကြရပြီး ပိတ်မိနေကြသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို အတတ်နိုင်ဆုံးနှင့်အမြန်ဆုံး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။ ထို့ပြင် ထောက်ပံ့ရေးပစ္စည်းများ အနေဖြင့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ စာနာထောက်ထားမှုပစ္စည်းနှင့် ဆေးဝါးစုစုပေါင်း တန်ချိန် ၂၄၇၂ တန်ကို လေယာဉ်အစင်းပေါင်း ၁၀၀၊ ရေယာဉ်ပေါင်း ၈ စင်းနှင့် မော်တော်ယာဉ် ၂ စီးဖြင့် ပို့ဆောင်ထောက်ပံ့ပေးခဲ့ကြသည်။ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၏ လုပ်ငန်းအတွေ့အကြုံများနှင့် ဗဟုသုတများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တို့က ရရှိခဲ့သည့်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကိစ္စရပ်ပင်ဖြစ်သည်။ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသော နည်းပညာမြင့်မားသည့် ပစ္စည်းကိရိယာများ၏ သုံးစွဲပုံ၊ သုံးစွဲနည်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ခဲ့ရသည့်အတွက် အတွေ့အကြုံကောင်းများ ရရှိခဲ့သည်မှာ အဆိုးထဲက အကောင်းတစ်ခုဖြစ်သည်။ ထိုကဲ့သို့ စွမ်းစွမ်းတမံ အကူအညီများ ရရှိခဲ့သည့်အတွက် ငလျင်ကြောင့် ဘေးဒုက္ခခံစားရသူများကို အမြန်ဆုံး ကယ်ဆယ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆက်လက် ဆောင်ရွက်နိုင်ခဲ့သည်။
ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းမှုတွင်(ဇွန်လ ၆ ရက်နေ့အထိ) စာရင်းများအရ ပြည်တွင်း၊ ပြည်ပစေတနာရှင် ပြည်သူများက လှူဒါန်းမှုလေးကြိမ်အတွင်း ငွေကျပ် ၁၄၄ ဘီလီယံကျော် ရရှိခဲ့သည်။ ထို့အတူ နိုင်ငံတကာမှ အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံမှ ပြည်ပရောက်စေတနာရှင်များ လှူဒါန်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၆ သန်း၊ ထိုင်းဘတ် ၂ သန်း၊ စင်ကာပူဒေါ်လာ ၃၁၅၀၊ တရုတ်ယွမ် ၇၀၀ ၊ သီရိလင်္ကာရူပီး ၂ သိန်းခွဲ၊ နီပေါရူပီး ၃၇၀၀၀၊ ဘင်္ဂလားဒေ့ရှ် တာကာ ၃၁၆၀၊ ဗီယက်နမ်ဒေါင် ၉၇၉၀၀၀၊ အင်ဒိုနီးရှားရူပီး ၂၀၀၀၀၊ ကမ္ဘောဒီးယားရီရယ် ၇၁၆၅၀၀၊ လာအို ကစ် ၁ ဒသမ ၇ သန်းကျော်၊ ရုရှား ရူဘယ် ၂၆၃၀၀၀ ကျော် ရရှိခဲ့သည်။ ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်များ ပြန်လည်ထူထောင်နိုင်ရေးအတွက် လုပ်အား၊ ငွေအား၊ ပစ္စည်းအားဖြင့် ကူညီပေးလှူကြသူများကို ကျေးဇူးအထူးပင် တင်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD Web Portal

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက် စစ်ကိုင်းပညာရေးတက္ကသိုလ်အတွင်းရှိ Grade-12 စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများ အနီးကပ်စခန်းသွင်းလေ့ကျင့်နေမှုများနှင့် လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ဆောင်များကို ကျောင်းဖွင့်ရာသီအမီ ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည်ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းမြို့ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် နေအိမ်အဆောက်အအုံများ၌ အပျက်အစီးများအား စက်ယန္တရားကြီးများဖြင့် မိုးမကျမီအရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ စစ်ကိုင်းမြို့ရှိ ပြည်သူများအတွက် တပ်မတော်ရေသန့်စက်ဖြင့် ရေပေးဝေနေမှုနှင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်၊ ထင်းဝန်းရပ်ကွက်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံများ၌ ဖြိုချရှင်းလင်းရန် ကျန်အဆောက်အအုံများအား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု၊ ဖြိုချပြီးအပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု၊ ဖြိုချဖျက်စီးဆဲ အန္တရာယ်ရှိ အဆောက်အအုံများ၌ စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေးဆောင်ရွက်နေမှု၊ အများပြည်သူအသုံးပြုမှုများသည့် လမ်းမကြီးများ၌ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးဆောင်ရွက်ထားရှိမှုများနှင့် အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်နှင့် အောင်မြေသာစံရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများအား ကြည့်ရှုစစ်ဆေး၍ ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေများဆက်ကပ်လှူဒါန်းပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ရွှေလွန်းကျေးရွာနှင့် ဈေးချိုရပ်ကွက်တို့ရှိငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီများနှင့် သာသနိကအဆောက်အအုံများ၌ အပျက်အစီးများအား တပ်မတော်သားများက အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှု၊ စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည်တူးဖော်ရရှိသော ရှေးဟောင်းဌာပနာပစ္စည်းများအား စနစ်တကျထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ချမ်းမြသာစည်မြို့နယ်၊ သမ္ပဝတီရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးနေမှုများကို ကြည့်ရှုစစ်ဆေး၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပင်းယဆောင်တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားများ ပြောကြားသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်နှင့် ကြက်မင်းတွန်ရပ်ကွက်များရှိ ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဝန်ထမ်းအိမ်ရာအဆောက်အအုံများ၊ ဆူးကုန်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဆူးကုန်းရပ်ကွက်ရှိ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်ရှိ ကျောက်သေတ္တာစေတီပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများသယ်ယူရန် စတီးကြိုးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် နေအိမ်အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလူမွန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ ဇွန် ၅ ရက်မှ ၆ ရက်အထိ ပထမအကြိမ် ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်သို့ တက်ရောက်ခဲ့သည်။
ဇွန် ၅ ရက်က ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်မစ္စတာ Dmitry Yuryevich Grigorenko ၊ Nizhny ဒေသအုပ်ချုပ်ရေးမှူးမစ္စတာ Gleb Nikitin နှင့် တာဝန်ရှိသူများ၊ နိုင်ငံပေါင်း ၁၁၀ မှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ဖိုရမ်ကျင်းပစဉ်ကာလအတွင်း ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆက်သွယ်ရေးနှင့် မီဒီယာဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ Bella Cherkesova နှင့် အလုပ်သဘောသီးခြားတွေ့ဆုံ၍ ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန်၊ ဒေသတွင်း နည်းပညာကွာဟမှုလျှော့ချရေးအပါ အဝင်အဆင်သင့်ဖြစ်မှု၊ အားသာချက်နှင့် စိန်ခေါ်မှုတို့နှင့် ရုရှား - မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ Sergey Vershinin ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ကြီးအဆင့် သီးခြားဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက် ရောက်ပြီး ပြခန်းများကို ကြည့်ရှုလေ့လာခဲ့သည်။
ဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တက်ရောက်လာကြသည့်နိုင်ငံများမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။

ပူထရာဂျယာ၊ မေ ၂၂
ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို “ထူးထူးခြားခြား တိုးတက်မှု” အဖြစ် ဖော်ပြခဲ့ပြီး အဓိက ပါဝင်ပတ်သက်နေသူအားလုံးနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုကို ကိုးကားပြီး ပြောကြားခဲ့သည်။

မလေးရှားသည် အာဆီယံက ချမှတ်ထားသော အချက် ငါးချက်ပါ သဘောတူညီချက်နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံတွင်အားလုံးပါဝင်သောဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိုမိုကောင်းမွန်စွာရရှိရေးတို့အတွက် တက်ကြွစွာ တွန်းအားပေးလုပ်ဆောင်နေကြောင်း အန်ဝါက ပြောကြားခဲ့သည်။
ပဋိပက္ခဖြစ်ပွားရာဒေသတွင် မကြာသေးမီက ငလျင်လှုပ်ခတ်ရာ၌ ပူးပေါင်းညှိနှိုင်းမှုကို ဥပမာအနေဖြင့် ၎င်းက ဖော်ပြခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကိုပိုမိုရရှိလာနိုင်မှုသည် တိုးတက်ကောင်းမွန်လာမှု၏ သာဓကဖြစ်သည်။ သက်ဆိုင်သူအသီးသီးနှင့် ဆက်လက်ထိတွေ့ဆက်ဆံမှုရေးကို ၎င်းက တိုက်တွန်းခဲ့သည်။
“ဥပမာအားဖြင့် မြန်မာနိုင်ငံမှာတော့ ပထမ တစ်ချက်က သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံပြောဆိုနိုင်တယ်၊ ဒုတိယ အချက်အနေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်တယ်။ တတိယ တစ်ချက်ကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအားလုံးကို မည်သည့်အဖွဲ့က ချုပ်ကိုင်ထားသည် ဖြစ်စေ ဒေသအသီးသီးကို ရောက်အောင်ပေးပို့နိုင်တယ်၊ ယခုလက်ရှိတွင်အဖွဲ့သုံးဖွဲ့ရှိတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
“အခုချိန်ထိတော့ ဒါက ကောင်းတယ်။ ဒီအခွင့်အရေးကို အများဆုံးအသုံးချနိုင်ဖို့ အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ရဲ့ ဘောင်အတွင်းကနေ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကို ဆုပ်ကိုင်မထားရင်၊ အတူတူ ပူးပေါင်းမလုပ်ဆောင်ရင် အကုန်လုံးဆုံးရှုံးရမယ်” ဟု ၂၀၂၅ ခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် အကျဉ်းချုံးအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မလေးရှားအမျိုးသားသတင်းအေဂျင်စီ (Bernama) အမှုဆောင်အရာရှိချုပ် ဒတင် ပဒုက နူးအဲလ် အဖီဒါ ကမာလုဒင်၊ ဘနားမား (Bernama) အယ်ဒီတာချုပ် အာရု ရာဂျူး ဒူရာ ရာဂ် နှင့် ဘနားမား စီးပွားရေးသတင်းဌာန အမှုဆောင်အယ်ဒီတာ ဆာရာစဝါသီ မုနီယာပန် တို့လည်း တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်တွင်း မီဒီယာ ၄၂ ဦး၊ နိုင်ငံတကာမှ မီဒီယာ ၁၈ ဦးနှင့် တာဝန်ကျ တာဝန်ခံ ၂၃ ဦးတို့ ပါဝင်သော မီဒီယာ ကိုယ်စားလှယ် ၈၃ ဦး တက်ရောက်ခဲ့ကြသည်။
မလေးရှား၏ ပဏာမခြေလှမ်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပံ့ပိုးကူညီမှုကို ရရှိခဲ့ကြောင်းလည်း အန်ဝါက ပြောကြားခဲ့သည်။
“ကျုပ်ရဲ့ ညှိနှိုင်းတွေ့ဆုံမှုတွေက ဘရူနိုင်း ဆူလတန် ဟာဆနယ် ဘိုလ်ကီးက အစပြုပြီးတော့ ဖိလစ်ပိုင်သမ္မတ ဘောင်းဘောင်း ဖာဒ်နန်း မားကောစ့် ဂျူနီယာ၊ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်း၊ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘိအန်တို နဲ့ စင်္ကာပူဝန်ကြီးချုပ် လော်ရင်း ဝေါင်တို့ ရောအပါ ခေါင်းဆောင် ၉ ဦးကို တွေ့ဆုံပြီး တိုင်ပင်ခဲ့တဲ့အခါ လူတိုင်းက သတိပေးဖို့ ပြောဆိုတာမရှိခဲ့ပါဘူး” ဟု အန်ဝါ က ပြောကြားခဲ့သည်။
“သူတို့အားလုံးက ကောင်းပါတယ်၊ ဒီအခွင့်အရေးကို အသုံးချပြီး သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုစားပါ” ဟု ၎င်းက ဆိုသည်။
မလေးရှား၏ ကြိုးပမ်းမှုများသည် အပြုသဘောဆောင်သော ရလဒ်များကို မြင်တွေ့ခဲ့ရပြီး ယခုအခါတွင် မြန်မာနိုင်ငံရှိ စစ်ဘက်အဖွဲ့အစည်းများသည် သွယ်ဝိုက်သော ဆွေးနွေးပွဲများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။
“သူတို့ စကားပြောရမယ့်အချိန်ရောက်ပြီလို့ ထင်ပါတယ်။ မြန်မာပြည်သူတွေကလည်း သူတို့ ဘယ်လိုဖြစ်စေချင်လဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ့်အချိန်ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“နောက်နှစ်မှာ ဒီမိုကရေစီ ရရှိအောင် တင်းတင်းကျပ်ကျပ် တောင်းဆိုတာ၊ ဒါမှမဟုတ် ရွေးကောက်ပွဲကို ဘယ်လိုကျင်းပရမယ်ဆိုတဲ့ သတ်မှတ်ခြင်းလိုမျိုး တင်းကျပ်တဲ့ ကန့်သတ်တဲ့ ဘောင်တွေကို ကျနော်တို့ မချမှတ်ပါဘူး။ ဘယ်နိုင်ငံကမှလည်း တခြားနိုင်ငံတွေကို မှန်ကန်တဲ့ ရွေးကောက်ပွဲတွေကို ဘယ်လို ကျင်းပရမလဲဆိုတာကို ပြောပြပေးလို့ မရဘူး။ ဒါကြောင့် သူတို့ဘာသာ ဆုံးဖြတ်ခွင့်ပေးလိုက်ပါ” ဟု ၎င်းက ဆိုသည်။
တောင်တရုတ်ပင်လယ်အရေးတွင် အာဆီယံသည် တရုတ်နိုင်ငံနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို တိုးတက်အောင်ဆက်လက်လုပ်ဆောင်သင့်သည်ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။
“အာဆီယံအတွင်း အထူးသဖြင့် အာဆီယံနဲ့ တရုတ်တို့ကြား ညှိနှိုင်းဆောင်ရွက်မှုက တရားဝင်မဟုတ်ရင်တောင် အနည်းဆုံးတော့ အလွတ်သဘောအနေနဲ့ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အာဆီယံနှင့် တရုတ် ရိုးရိုးဆက်ဆံရေးကို မဖြုတ်ပစ်ဘဲ ဆက်လက်ထားသင့်သည်” ဟု လည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာမှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တာ ဒီကနေ့ဆိုရင် တစ်လတင်းတင်း ပြည့်ခဲ့ပါပြီ။
မန္တလေးငလျင်ကြီးလို့ အမည်ပေးထားတဲ့ ဒီငလျင်ကြောင့် လူ (၃၇၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရသလို (၅၀၀၀) ကျော် ထိခိုက်ဒဏ်ရာရပြီး လက်ရှိအချိန်ထိ လူ (၁၀၀) ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ နစက က မနေ့က ဧပြီ (၂၇) ရက်မှ ထပ်မံထုတ်ပြန်ထားပါတယ်။
ဒီ ငလျင်ကြောင့် စစ်ကိုင်း ပြတ်ရွေ့ကြောတစ်လျှောက်က ဒေသတွေ အထိနာခဲ့ပြီး ပြည်သူသန်းနဲ့ချီကာ ငလျင်ဒဏ်ကို အလူးအလဲ ခံခဲ့ကြရပါတယ်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေရဲ့ အဆိုအရတော့ စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော်အပါအဝင် ဒေသ (၆) ခုက ပြည်သူ (၆) သိန်း (၃) သောင်းဝန်းကျင် ငလျင်ဒဏ်ခံခဲ့ရတယ်လို့ဆိုပြီး ဒီအထဲက အများစုဟာ လက်ရှိအချိန်ထိ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂလက်အောက်ခံ UNDP အဖွဲ့အစည်းရဲ့အဆိုအရ ငလျင်ဒဏ်ခံရတဲ့ဒေသက ပြည်သူလူထုအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အချိန်အားဖြင့် နှစ်နဲ့ချီ ကြာမြင့်နိုင်ပြီး ဒါဟာ မြန်မာ့သမိုင်းမှာ အဆိုးဆုံးနဲ့ အကြီးမားဆုံးသော အိုးအိမ်များ ပြန်လည်ထူထောင်ပေးရမယ့် အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။
ငလျင် လှုပ်ခတ်ပြီး ချက်ချင်းဆိုသလို တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ အိန္ဒိယအပါအဝင် ဒေသတွင်း နိုင်ငံများကလည်း ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ခဲ့ပါတယ်။
တစ်ဘက်မှာလည်း ပြည်တွင်းအကူအညီပေးရေးအဖွဲ့တွေ ၊ တစ်ဦးချင်း စေတနာရှင်တွေ ၊ လူသိများတဲ့ထင်ပေါ်ကျော်ကြားသူတွေ ၊ လူမှုကူညီရေးအဖွဲ့တွေဟာ ငလျင်ဘေးသင့်ဒေသတွေက ပြည်သူတွေအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ချက်ချင်းဆိုသလို တုန့်ပြန်ဆောင်ရွက်သလို အစိုးရကလည်း နိုင်ငံတော်အဆင့် စီမံကိန်းတွေ ရေးဆွဲပြီး ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ကူညီရေးတွေ လုပ်နေတာကို တွေ့ရပါတယ်။
ဒါပေမဲ့ ပြည်သူအများစုမှာတော့ ဒီကနေ့အထိ အကူအညီတွေ လိုအပ်နေပြီး သူတို့ရဲ့ အနာဂါတ်ဟာ ဝေဝါးနေဆဲဖြစ်နေတဲ့အပြင် ငလျင်ငယ်များက မသိမသာတစ်မျိုး သိသိသာသာတစ်မျိုးလှုပ်ခတ်နေရာ တစ်လအတွင်းအကြိမ် ၁၅၀ ကျော်လာသဖြင့် ပြည်သူအားလုံးမှာ စိုးရိမ်စိတ်၊ မသေချာမရေရာမှုများ ရင်ဝယ်ပိုက်နေရသည့်အချိန်ဖြစ်သည်။
ငလျင်ဒဏ် အပြင်းအထန်ခံရတဲ့ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်က ပြည်သူတစ်ဦးက မနေ့က ဧပြီ (၂၇) ရက်မှာ ပေါ်ပြူလာနယူးစ်ကို တယ်လီဖုန်းက တဆင့် ပြောရာမှာ
” ဖြစ်ခါစတုန်းကဆို တကယ့်ကို သွေးပျက်စရာပဲလေ။ ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ ကံဆိုးမိုးမှောင်ကျမှုပေါ့။ အခုထိလည်း လက်ခံလို့ မရသေးသလို ဘယ်တော့မှလည်း မေ့ရမယ်မထင်ပါဘူး” ဟု ဆိုပါတယ်။
ငလျင်ကြောင့် အသက် (၅၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီအမျိုးသမီးကြီးရဲ့ နေအိမ်အခန်းအပါ သူတို့မိသားစုနေထိုင်ရာ တိုက်တစ်ခုလုံးပြိုကျသွားခဲ့ပြီး သားဖြစ်သူ၊ ချွေးမနဲ့ မြေးမ တစ်ဦး အသက်ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက် ပြိုကျမှုမှာ သူ့ရဲ့ မိသားစုတွေအပါအဝင် စုစုပေါင်း လူ (၁၂) ဦးအထိ အသက်ဆုံးရှုံးခဲ့တယ်လို့ သူက ထပ်ပြောပြပါတယ်။
” ဒီဟာတွေကို ဘယ်လိုမှ မေ့လိုရမှာ မဟုတ်ဘူးလေ ” လို့ သူမ ထပ်ခါထပ်ခါ ပြောပါတယ်။
ဒီ ငလျင်ကြောင့် ငလျင်ဗဟိုချက်ဖြစ်တဲ့ စစ်ကိုင်းနဲ့ မန္တလေး အပါအဝင် ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ ဒေသတွေက လူနေအိမ် (၆၃၈၅၄)လုံး၊ စာသင်ကျောင်း (၆၇၅၂)ကျော င်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း (၅၄၇၄) ကျောင်း၊ စေတီပုထိုး (၅၃၄၂) ဆူ၊ အခြားဘာသာရေးအဆောက်အဦ (၆၁၃) လုံး ၊ ဆေးရုံ/ဆေးခန်း (၅၇၆) လုံး အထိ ပျက်စီးခဲ့ရပါတယ်။
ဒီလိုပျက်စီးခဲ့မှုတွေနဲ့အတူ လူပေါင်း သိန်းနဲ့ချီကာ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့ခိုလုံနေကြရသလို အချို့လည်း ဆွေမျိုး မိတ်သင်္ဂများရှိရာမှာ တည်းခိုနေထိုင်ရဆဲဖြစ်ပါတယ်။ မိုးဦးရာသီနား ကပ်နေပြီဖြစ်တဲ့အတွက် လုံခြုံစိတ်ချရတဲ့ နေထိုင်စရာ နေရာထိုင်ခင်း လိုအပ်ချက်တွေ ၊ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်သုံးရေ၊ ဆေးဝါးနဲ့ အစားအသောက် ၊ ယင်လုံအိမ်သာ စတဲ့ အခြေခံ လိုအပ်ချက်တွေကလည်း လက်ရှိအချိန်ထိ မြင့်မားနေဆဲ ဖြစ်ပါတယ်။
အစိုးရရဲ့ သဘာဝဘေး အရေးပေါ်တုန့်ပြန်ရေး အစီအမံတွေ မြန်ဆန်ထိရောက်ဖို့ အဖွဲ့အစည်းအသီးသီးကလည်း မဟာဗျူဟာမြောက် အကြံဥာဏ်တွေပေးကြမှာဖြစ်ပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရတော့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ပြည်တွင်းပြည်ပ အလှူငွေတွေ ကျပ်ငွေ (၁၁၅.၈၇၆) ဘီလီယံ ရထားတဲ့အပြင် အမေရိကန်ဒေါ်လာ (၂.၄၃၇) သန်း၊ ကိုရီးယားဝမ် (၅) သန်း၊ အိန္ဒိယရူပီး (၁၅) သန်း၊ ထိုင်းဘတ် (၂) သန်းနဲ့ စင်ကာပူဒေါ်လာ (၃၁၅၀) လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက လှူဒါန်းတဲ့ ပစ္စည်းအနေနဲ့တော့ နိုင်ငံပေါင်း (၂၆) နိုင်ငံက ပေးပို့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်း တန်ချိန် စုစုပေါင်း ၄၀၀၀ နီးပါးရထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီအထဲက မန္တလေးတိုင်း ပြန်လည်ထူထောင်ရေးအတွက် ကျပ်ငွေ (၆၀) ဘီလီယံ ၊ စစ်ကိုင်းတိုင်းအတွက် ကျပ်ငွေ (၅၀) ဘီလီယံ ၊ နေပြည်တော်အတွက် (၁၀) ဘီလီယံနဲ့ ရှမ်း ပြည်နယ်အတွက် (၅) ဘီလီယံ ခွဲဝေပေးထားတယ်လို့ ဆိုပါတယ်။
မြေပြင်က ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ ပြည်သူတွေမှာတော့ ပြန်လည်ထူထောင်ရေးကိုမလှည့်နိုင်သေးဘဲ အပျက်အစီးတွေ ရှင်းလင်းဖို့အားစိုက်နေကြရပါတယ်။
ပြိုကျလုဆဲဆဲ နေအိမ်အဆောက်အဦတွေ ဖြိုချရှင်းလင်းဖို့ ယာဉ်ယန္တရား ငှားရမ်းခတွေ အဆမတန်ပေးနေရတဲ့အပြင် ရွှေငွေနဲ့ ပစ္စည်းတွေ ဝင်ယူဖို့အတွက်ခက်ခဲနေဆဲလို့ မန္တလေး ဒေသခံတွေက ဆိုပါတယ်။
မြန်မာမှာ သဘာဝဘေး တုန့်ပြန်ဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ အတွေ့အကြုံနည်းခဲ့တာကြောင့် အချိန်မီ ပြည်လည်ထူထောင်ရေးနဲ့ ကုစားမှုတွေလုပ်ဆောင်ဖို့ကြာနိုင်တာတွေမြင်ရမှာ ဖြစ်ပါတယ်။
တဆက်တည်း ဖြိုချရန်ကျန်နေတဲ့ အဆောက်အအုံတွေ ဖြိုချဖို့ ၊ လူပြန်နေထိုင်ရန် သင့်မသင့် စစ်ဆေးတိုင်းတာရဦးမယ့် အဆောက်အအုံတွေကို စနစ်တကျတိုင်းတာစစ်ဆေးနိုင်ဖို့ စတဲ့ အခြေခံလိုအပ်ချက်တွေကလည်း ရှိနေဆဲဖြစ်ပါတယ်။
ကောလာဟလနဲ့ သတင်းမှား ဖြန့်ဝေမှုတွေကြောင့် စိုးရိမ်ထိတ်လန့်ရမှုတွေနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့်လည်း ငလျင်သင့် ပြည်သူတွေဟာ တစ်ပူပေါ်နှစ်ပူဆင့်ရတဲ့အဖြစ်တွေ ရှိနေပြန်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကအစ ပြန်လည်ကုစားကြရဦးမယ့် သူ့တို့အတွက် အချိန်ကာလတစ်ခုတော့ ယူကြရဦးမယ့် အခြေအနေပါ။
အခုလို စူပါရှီးယား ငလျင်ကြီးလည်းဖြစ် ထပ်ဆင့် ငလျင်ကလည်း အင်အားပြင်း၊ ဗဟိုချက်ကလည်း မြေပြင်နဲ့ သိပ်မကွာတဲ့ အခါမှာ ပျက်စီးဆုံးရှုံးမှုဟာ အင်မတန်များပြားပြီး မြန်မာ့သမိုင်းတလျှောက် လူသေဆုံးမှုအများပြားဆုံး ငလျင်လို့တောင် သတ်မှတ်ရမလို ဖြစ်ခဲ့ရပါတယ်။
၂၀၀၈ ခုနှစ်က လူ ၉သောင်းကျော် အသက်ဆုံးရှုံးခဲ့ရတဲ့တရုတ်နိုင်ငံ၊ စီချွမ်ငလျင်ဟာလည်း သင်ခန်းစာယူစရာ အမြောက်အမြား ကျန်ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးကိုပင် တနိုင်တပိုင်လုပ်ဆောင်ခွင့်မပေးတော့ဘဲ အစိုးရက နိုင်နင်းအောင်စီမံခဲ့ကြရတယ်။သဘာဝဘေးဒဏ်ကြီးတဲ့အခါ သွားရောက်ကူညီကြသူများကို ပြန်ကယ်တင်ကူညီရသည့် ကိစ္စရပ်များဖြစ်လေ့ရှိတာမို့ စုပေါင်းအားကိုယူပြီး chain of command တခုထဲအောက်မှာ ဝိုင်းဝန်းလုပ်ဆောင်ခြင်းကပိုထိရောက်တာကို တွေ့ရှိထားကြပါတယ်။
တရုတ်ပြည်ရဲ့ ၁၉၇၆ ဇူလိုင်၂၈ က တန်ရှန်း ငလျင်ဆိုလည်း ၇.၈ နဲ့လှုပ်ပြီး ၁၅နာရီအကြာမှာ ၇.၁၊ ၃လခွဲအကြာမှာ ၆.၉ နဲ့ထပ်လှုပ်ပြီး လူပေါင်း ၂၄၀,၀၀၀ အသက်ဆုံးရှုံးခဲ့ရတဲ့ အသေအပျောက်အများဆုံး ငလျင်ဖြစ်ခဲ့ပါတယ်။
ငလျင်ဟာ ကမ္ဘာမှာ ဘယ်နည်းပညာနဲ့မှ ကြိုတင်တွက်ချက် တိုင်းတာနိုင်စွမ်း မရှိသေးတာကို ပညာရှင်တွေက ထပ်တလဲလဲ အသိပေးထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ အင်အားပြင်းငလျင် လှုပ်ခတ်နိုင်ချေရှိနေပြီဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်ကတည်းက ပညာရှင်တွေက သတိပေးထားပြီးသားဖြစ်ပါတယ်။
နောက်ဆက်တွဲငလျင်များ များပြားလွန်းတဲ့အတွက် ကောလာဟလနဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေပေါ်မှာ စိုးရိမ်ထိတ်လန့်တာကို ကိုယ်ချင်းစာသော်လည်း ဝေဝါးမနေကြဘဲ ဒီကနေ့ အခြေအနေကို သင်ခန်းစာယူပြီး သဘာဝဘေး ကြိုတင်ကာကွယ်ရေးအစီအမံတွေနဲ့ အရေးပေါ် တုန့်ပြန်မှုအစီအမံတွေကို ကိုယ်တိုင်ကလည်း စနစ်တကျ စီမံချမှတ်ထားကြဖို့ တိုက်တွန်းပြောကြားလိုက်ရပါတယ်။
မန္တလေးငလျင်ကြီးကပေးတဲ့သံဝေဂကိုအရင်းပြုပြီး ပြည်သူအပေါင်းပြုဖြစ်သော ဒါန၊ သီလ၊ ဘာဝနာကုသိုလ်များကိုလည်း ငလျင်ကြီးမှာ ကွယ်လွန်သွားကြသူတွေ အထူးရကြပါစေကြောင်း ဆုတောင်းရင်း ကုသိုလ်အဖို့အစုတို့ကိုမျှလိုက်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက သတင်းအရရှာဖွေစစ်ဆေးရာမှ မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်ရောင်းဝယ်သူများကို ဖမ်းဆီးရမိသည့်သတင်းများ ယခုရက်ပိုင်းတွင် ဆက်တိုက်တွေ့ရှိနေရသည်။ ဘိန်းကိုအခြေခံထုတ်လုပ်သည့် ဘိန်းဖြူနှင့် ဓာတုပစ္စည်းများကို အခြေခံထုတ်လုပ်သည့် စိတ်ပြောင်းဆေးဝါးများမှာ နယ်စွန်နယ်ဖျားဒေသများတွင် ထုတ်လုပ်နေကြခြင်းဖြစ်ပြီး ပြည်တွင်းကိုဖြတ်သန်းသယ်ဆောင်ကာ နိုင်ငံအနှံ့အပြားဒေသအသီးသီးနှင့် ပြည်ပဈေးကွက်များသို့ ပို့ဆောင်ရောင်းဝယ်နေကြခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းတို့အပါအဝင် မူးယစ်မှောင်ခိုလုပ်ငန်းမှာ ငွေကြေးအမြတ်အစွန်း လွန်စွာကြီးမားသည့်အလျောက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့်အတူ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များလည်း ပါဝင်ပတ်သက်နေလေ့ရှိသည်။ တစ်နည်းအားဖြင့် မူးယစ်မှောင်ခိုလုပ်ငန်းသည် အချို့သောလူမျိုးစုအမည်ခံထားသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းတို့၏ အားထားရသော ဝင်ငွေရလမ်းသဖွယ်ဖြစ်နေသည်။ မတ်လ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် အာရကန်အာမီ (AA) ခေါ် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့၏ စီးပွားရေးတာဝန်ခံ လင်မယားနှစ်ဦးတို့ပါဝင်နေကြောင်း တွေ့ရှိရသည်။
အဆိုပါ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကို ဖမ်းဆီးရာတွင် မြန်မာငွေကျပ် ၉၆ ဘီလီယံကျော် တန်ဖိုးရှိသည့် အိုက်စ် (မက်သ် အဖက်တမင်း) သုံးတန်ကျော်၊ ကက်တမင်းကီလို ၂၀၀ တို့နှင့်အတူ ဂိုဏ်းဝင်များကို ဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံအချို့ လွတ်မြောက်နေသေးသည်ဟု သိရှိရသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ သယ်ဆောင်လာသည့် အဆိုပါမူးယစ်ဆေးဝါးများမှာ ရန်ကုန်မြို့တွင် ရောင်းချရန်နှင့် ပင်လယ်ရေကြောင်းမှတစ်ဆင့် မလေးရှားသို့ပို့ဆောင်ရောင်းချရန်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့ရာ ပမာဏကြီးမားလှစွာသော မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်တွင်းအတွက်ရော ပြည်ပအတွက်ပါ တားဆီးနှိမ်နင်းကာကွယ်လိုက်နိုင်ခြင်းပင်ဖြစ်သည်။
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားထိန်းချုပ်ထားရာ နယ်မြေများသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ၏ ဗဟိုချက်ဖြစ်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ကသိရှိထားပြီးဖြစ်သကဲ့သို့ အာရကန်အာမီ (AA) ၏ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာဌာနတွင် မှုခင်းမှတ်တမ်းများရှိနေသည်။ AA သည် ရှမ်းပြည်နယ်ရှိ မူးယစ်မှောင်ခို လက်နက်ကိုင်အဖွဲ့များကထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို ပြည်တွင်းလမ်းကြောင်းများမှ ဖြတ်သန်းသယ်ဆောင်ကာ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်သို့လည်းကောင်း၊ ပင်လယ်ရေကြောင်းမှတစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံများသို့တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ယခင်ဖမ်းဆီးရမိခဲ့သည့် သာဓကများလည်း ရှိနေသည်။
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်တွင်းမတည်ငြိမ်မှုများက မူးယစ်ဆေးဝါးဖြင့် ဝင်ငွေရှာ၊ စီးပွားရှာနေကြသည့် မူးယစ်မှောင်ခိုများ၊ တိုင်းရင်းသားအမည်ခံလက်နက်ကိုင်သောင်းကျန်းသူများအတွက် အခွင့်အရေးတစ်ရပ်ရရှိနေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးများကို ပြည်တွင်း၌နှိမ်နင်းရာတွင် ကေတီဗီများ၊ ကလပ်များ၊ ဘားများနှင့် ကျောင်းသားကျောင်းသူလူငယ်များကို ပစ်မှတ်ထားရောင်းချမှုများကိုပါ အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်သည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသည် မိမိတို့နိုင်ငံအဖို့ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ နှိမ်နင်းရေးနှင့်ပါ ဆက်စပ်နေသည့်အလျောက် အလေးအနက်ထား၍ တားဆီးကာကွယ်တိုက်ဖျက်ကြရပါမည့်အကြောင်း။ ။
Source: https://www.moi.gov.mm
Photo Credit: Vajiram & Ravi