သတင်းများ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အခမ်းအနားများ ကျင်းပ

ရန်ကုန် ဩဂုတ် ၈

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် မေတ္တာအခါတော်နေ့အခမ်း အနားများကို ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ဝင်များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ကပ်လှူပူဇော်ကြသည်။

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ မေတ္တာအခါတော်နေ့ အသံမစဲမေတ္တာပို့ အောင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက စိန်ရောင်ခြည်ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်အား ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှမ်းဂါထာ ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်း၊ ကမ္ဘာသူကမ္ဘာ သား၊ ဝေနေယျသတ္တဝါအပေါင်းတို့အား စုပေါင်းမေတ္တာပို့သခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ စုရပ်မှစတင်၍ ပန်းပေါင်း ၈၄၀၀၀ ဖြင့် ဆင်ယင်ပူဇော်ထားသည့် ပန်းစေတီများ လှည့်လည်ပူဇော်ပွဲ အခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာ ဝစ္စအသင်းများနှင့် ဝန်ထမ်းများက ပန်းစေတီ များပင့်ဆောင်၍ ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူတို့အား ရည်မှန်းပူဇော်သည့်အနေဖြင့် အရှေ့ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကကုသန္ဓရုပ်ပွားတော်၊ တောင်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကောဏာဂမန ရုပ်ပွားတော်၊ အနောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကဿပရုပ်ပွားတော်၊ မြောက်ဘက် အာရုံခံမုခ်ဦး အတွင်းရှိ ဂေါတမရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများက လည်းကောင်း၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက လည်းကောင်း ပန်းစေတီများကို ကပ်လှူပူဇော်ကြ သည်။

ဆက်လက်၍ ဝါတွင်းသီလခံယူပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချ အနုမောဒနာအခမ်း အနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြ ပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြ သည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညို ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်

နေပြည်တော် ဩဂုတ် ၃

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ဇနီး ဒေါ်ကြူကြူလှ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ ရောက်ရှိဖူးမြော်ကြပြီး မြသပိတ်ဆွမ်းတော်၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်သည်။

ယင်းနောက် စေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဆုတောင်းပြည့်ဘီလူးရန်နိုင် ဘုရားအား ဖူးမြော်ကြည်ညိုပြီး ရွှေသင်္ကန်းကပ်လှူပူဇော်သည်။

ထို့နောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး တာဝန်ရှိသူများကို စေတီတော်မြတ်ကြီးနှင့် ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဘုရားဖူးလာ မိဘပြည်သူများ နေပူဒဏ်သက်သာစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက စေတီတော်ရင်ပြင်တော်အပြည့် စကျင်ကျောက်ပြားခင်းကျင်း ကပ်လှူလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ရေဝင်ရေထွက်နေရာများ စနစ်တကျပါရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအား အမြန်ဆုံးပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားခဲ့ပြီး ဘုရားဖူးလာ မိဘပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ရွှေမော်ဓောစေတီတော် သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်များ၊ လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများကိုကြည့်ရှုပြီး စနစ်တကျ ထိန်းသိမ်းကြရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ရုံးအတွင်း၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး

ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် “ရှင်ပင်သာလျောင်း” ခေါ် “ရွှေသာလျောင်း” ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။

ယင်းနောက် ရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာလှပပြီး လာရောက်ဖူးမြော်သူများ ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို အမြဲမပြတ် ဆောင်ရွက်ရန်လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားကာ ဘုရားဖူးလာ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူ၍ ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ အာရုံခံတန်ဆောင်းအတွင်းရှိ သာသနာရေးဆိုင်ရာပစ္စည်းများနှင့် ရိုးရာလက်မှုပစ္စည်းအရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးသည်။

ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့မဇင်း ရပ်ကွက်ရှိ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တော်မူခဲ့သော ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီးကိုယ်တော်တိုင် တည်ထားကိုးကွယ်ခဲ့သည့် ဆုတောင်း ပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ သစ်သီး ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စေတီတော်မြတ်ကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူ၍ ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့်ပြုပြင်မွမ်းမံ ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ယနေ့သည် အများပြည်သူရုံး ပိတ်ရက်ဖြစ်သည်နှင့်အညီ ပဲခူးမြို့ရှိ တန်ခိုးကြီးဘုရားစေတီများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သတင်းရရှိသည်။

MOI

မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ အောင်မြင်တော်မူခဲ့သည့် စာအောင်သံဃာတော်များအား အောင်လက်မှတ် နှင့် စာအောင်ဆုများ ဆပ်ကပ်လှူဒါန်း

ကျောက်ဆည်၊ ဩဂုတ်-၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ၊ မဟာရွှေသိမ်တော် ဆုတောင်းပြည့်ဘုရား ကေသီဦးဓမ္မရုံ၌ ဩဂုတ်လ ၁ ရက်နေ့၊ နေ့လယ်(၁၂)နာရီက မြို့နယ်လုံးဆိုင်ရာ ဝိနည်း စာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက  နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တာမောက္ခာ ရွှေစေတီကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာသာမိ မဟာဂန္ဓဝါစကကဏ္ဍိတ ရွှေစေတီကျောင်းတိုက် ဆရာတော် မှ အောင်လက်မှတ်ဆပ်ကပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းမိန့်ကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ခေတ္တခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းနှင့်တာဝန်ရှိသူများက ပင့်သံဃာဆရာတော်ကြီး များနှင့် စာအောင်သံဃာတော်များအား  ဝတ္ထုငွေ၊ သင်္ကန်းခြင်းများနှင့် စာအောင် လက်မှတ်၊ စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဩဝါဒါစရိယရွှေကူညီကျောင်း ဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသ ဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာ တရားနာယူကြည်ညိုခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲတွင် အဋ္ဌမအဆင့်၊ သတ္တမအဆင့်၊ ဆဋ္ဌအဆင့်၊ ပဉ္စမအဆင့်၊ စတုတ္ထအဆင့်၊ တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့်နှင့် မူလအဆင့် စုစုပေါင်း စာအောင် သံဃာ (၂၀၀)ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

ထိုင်းရဲတပ်ဖွဲ့က သံဃာတော်များကို သွေးဆောင်ပြီး ခြိမ်းခြောက် ငွေညှစ်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီး

ထိုင်းရဲတပ်ဖွဲ့က ဗုဒ္ဓဘာသာရဟန်းတော်များကို လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုများဖြင့် သွေးဆောင်ပြီး ထိုအချက်များကို အသုံးချကာ ခြိမ်းခြောက်ငွေညှစ်တောင်းဆိုခဲ့သည်ဟုဆိုသည့် အမျိုးသမီးတစ်ဦးအား အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ဖမ်းဆီးခဲ့သည်။

ရဟန်းတော်များ၏ သီလရှောင်ကြဉ်ရမည့်စည်းကမ်းကို ချိုးဖောက်မှု ဖြစ်စေသည့် အဆိုပါဖြစ်ရပ်သည် မကြာသေးမီသီတင်းပတ်များအတွင်း ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းများကို လှုပ်ခတ်စေခဲ့ပြီး ပြည်သူ လူထု၏ အာရုံစိုက်မှုကို ရယူခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့၏ ဗဟိုစုံစမ်း စစ်ဆေးရေးဌာန (CIB) က အဆိုပါအရှုပ်တော်ပုံနှင့် ပတ်သက်နေသည့် အနည်းဆုံး ဘုန်းတော်ကြီး ၉ ပါးအပါအဝင် ရဟန်းများအား သာသနာ့ဘောင်မှ ထုတ်ပယ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အသက် ၃၀ ကျော် Wilawan Emsawat အား ဘန်ကောက်မြောက်ဘက်ရှိ Nonthaburi ခရိုင်တွင် ၎င်း၏နေအိမ်၌ ငွေညှစ်ခြင်း၊ ငွေကြေးဆိုင်ရာ လိမ်လည်ခြင်းနှင့် ခိုးယူထားသောပစ္စည်းများ လက်ခံခြင်းစသည့် စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ သူမနှင့် ပတ်သက်ခဲ့သော သံဃာတစ်ပါး၏ ကျောင်းဘဏ်အကောင့်မှ Wilawan ထံသို့ လွှဲပြောင်းပေးခဲ့သည့် ငွေကြေးစီးဆင်းမှုလမ်းကြောင်းကို ခြေရာခံ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ရဟန်းများပါဝင်သည့် အရှုပ်တော်ပုံများသည် တစ်နှစ်လျှင် အနည်းငယ်မျှသာ ပေါ်ပေါက်လေ့ရှိသော်လည်း ထေကြီးဝါကြီးများ ပါဝင်မှုမှာ ရှားပါးသည်။ အဆိုပါဖြစ်ရပ်သည် ဘုန်းတော်ကြီးများ ထိန်းချုပ်သည့် ကျောင်းများသို့ လှူဒါန်းသည့် မြောက်မြားသော ငွေကြေးပမာဏ ကိုလည်း သိသာစေခဲ့သည်။ 

ရဲတပ်ဖွဲ့က Wilawan သည် ငွေကြေးအမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် သံဃာတော်များကို ဦးတည်ပစ်မှတ်ထားခဲ့ကြောင်း၊ သူမနှင့် အချစ်ရေးဆက်ဆံမှုစတင်ပြီးနောက် ရဟန်းများစွာက ငွေကြေးအမြောက်အမြား လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

CIB ဒုတိယကော်မရှင်နာ Jaroonkiat Pankaew က ဘန်ကောက်ရှိ ကျော်ကြားသည့် ဘုန်းကြီးကျောင်းတစ်ခုမှ ဘုန်းတော်ကြီးတစ်ပါး ရဟန်း ဘဝမှ ရုတ်တရက် လူဝတ်လဲသွားပြီးနောက် စုံစမ်းစစ်ဆေးမှုကို လွန်ခဲ့သည့် လက စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးသူများက ထိုဘုန်းတော်ကြီးအား Wilawan က ၎င်းတို့၏ အချစ်ရေးနှင့်ပတ်သက်၍ ခြိမ်းခြောက်ငွေညှစ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ Jaroonkiat က အင်္ဂါနေ့တွင် ဘန်ကောက်၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် Wilawan က ထိုရဟန်းအား ၎င်းတွင်ကိုယ်ဝန်ရှိကြောင်း ပြောဆိုကာ ဘတ်ငွေ ၇.၂ သန်း (အမေရိကန်ဒေါ်လာ ၂၂၂,၀၀၀) ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုင်းမီဒီယာများက Wilawan ၏ မိုဘိုင်းဖုန်းများတွင် ဓာတ်ပုံနှင့် ဗီဒီယို ထောင်ချီရှိပြီး ရဟန်းများစွာနှင့် ရင်းနှီးမှုကို ဖော်ပြသည့် အချက်အလက်များစွာကို တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုင်းရဟန်းတော်အများစုမှာ ထေရဝါဒဂိုဏ်းဝင်များဖြစ်ပြီး၊ သီလစောင့်ထိန်းရန် လိုအပ်ကာ အမျိုးသမီးများကို ထိတွေ့ခြင်းပင် ရှောင်ကြဉ်ရသည်။

ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုပြန်လည်ရရှိရန် ရဟန်းနှင့်ကျောင်းများနှင့်သက်ဆိုင်သည့် ဥပဒေများကို ပြန်လည်သုံးသပ်ပြီး တင်းကျပ်စွာ အကောင်အထည်ဖော်ရန်၊ အထူးသဖြင့် ကျောင်းငွေကြေးများ ပွင့်လင်းမြင်သာမှုကို စိစစ်ရန် အာဏာပိုင်များအား အမိန့်ပေးခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပါမောက္ခချုပ်ဆရာတော်ကြီး ဝါဆိုဝါကပ်တော်မူ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ ဓမ္မသဟာယသာသနစင်တာ၌ ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး အမှူးပြုသည့် ရဟန်းတော်(၂၄)ပါး၊ ရှင်သာမဏေ(၁၇၆)ပါးနှင့် သီလ ရှင်(၁၈)ပါး(စုစုပေါင်း ၂၁၈ ပါး) ဝါဆိုဝါကပ်တော်မူကြသည်။

Popular Myanmar

နေပြည်တော် ဇူလိုင် ၉

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ပြည်သူများသည် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်းနှင့် တရားဘာဝနာပွားများခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ဗုဒ္ဓဘာသာ အစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှု ပြုလုပ်၍ သီတင်းသီလဆောက်တည်ကြသူ ရဟန်းရှင်လူ၊ ပြည်သူများဖြင့် စည်ကားခဲ့သည်။

နံနက်ပိုင်းမှစတင်၍ ပြည်ထောင်စုနယ်မြေ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါပွားများစွာဖြင့် လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။

ထို့ပြင် ဘုရားဖူးလာပြည်သူများသည် အံ့မခန်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြား သာသနိကအဆောက် အအုံများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြကာ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျတည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုအလိုက်နှင့် မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့အလိုက် ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်နေကြသည့် မြင်ကွင်းကိုလည်း ကြည်နူးဖွယ်ရာတွေ့မြင်ရသည်။

အလားတူ နေပြည်တော်ရှိ လက်လုပ်တောင်၊ ရွှေနန်းသွင်းစေတီတော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့နယ်ရှိ ဖောင်တော်ချက်မစေတီတော်၊ ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် "ဖွား၊ ပွင့်၊ ဟော၊ စံ" သံဝေဇနိယ (၄) ဌာန အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ပြီး ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်းတို့ဖြင့် ပြည်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

ထို့အတူ ဝါဆိုလပြည့်နေ့သည် အများပြည်သူ ရုံးပိတ်ရက်လည်းဖြစ်သည့်အတွက် နေပြည်တော်အတွင်း အပန်းဖြေအနားယူရာနေရာများ၌လည်း လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ အနားယူအပန်းဖြေကြသည့် ပြည်သူများဖြင့်လည်း စည်ကားခဲ့သည်။

ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေ တည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော် မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံ သောနေ့နှင့် ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းစသည့် ထူးကဲမွန်မြတ်လှ သည့်ဂုဏ်အင်တို့နှင့် ပြည့်စုံသောနေ့ထူးနေ့မြတ်ဖြစ်ကြောင်း သိရသည်။

မင်းကျော်စွာ၊ ဓာတ်ပုံ- ဖိုးပြည့်စုံ

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

ရန်ကုန် ဇူလိုင် ၉

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများကို ယနေ့ နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များက စိန်ရောင်ခြည် ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများ အား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော် ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှမ်း ဂါထာရွတ်ဆို ပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ကို ဆောင်ရွက် ကြသည်။

ယင်းနောက် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာ သင်္ကန်း လှည့်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပ ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဝါဆိုရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်ကာ ရင်ပြင်တော်တစ်ပတ် လက်ယာရစ် လှည့်လည်ပူဇော်ကြရာ ဘုရားဖူးလာပြည်သူများက အလှူတော်ငွေများလှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက စေတီတော်ရင်ပြင် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရားအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များနှင့် အလှူရှင်များက အာရုံခံတန်ဆောင်းမုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမ မြတ်စွာဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြသည်။

ထို့နောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (ဓမ္မစကြာအခါတော်နေ့) ရေစက်ချမင်္ဂလာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း ၌ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိဦးဘိုးသင်းက အဖွင့်မင်္ဂလာစကား လျှောက်ထားကာ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ဝါဆိုရွှေကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော်သံဃာ့ ဝန်ဆောင်ဘဒ္ဒန္တသုစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့ပြင် ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဆူးလေစေတီတော်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၊ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတ ဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်၊ ဆုတောင်းပြည့် မယ်လမုစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရားနှင့် တိလောကဥသျှောင်မုနိရာဇ အောင်မြေသဗ္ဗညုပုထိုးတော်ကြီး (ရန်ကုန်) တို့၌လည်း သက်ဆိုင်ရာစေတီတော် ဂေါပကအဖွဲ့ဝင်များကြီးမှူး၍ သြဝါဒါစရိယဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်နှင့် ရေစက်ချတရား များနာယူခြင်း၊ ဝါတွင်းကာလသီလခံယူခြင်းစသည်ဖြင့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများကို ကျင်းပကြသည်။

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ရန်ကုန်မြို့ရှိ ဘုရားစေတီပုထိုး၌ ပြည်တွင်း/ပြည်ပ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော်ကြည်ညိုကြကာ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်များ ကပ်လှူပူဇော်ခြင်း၊ တရားနာယူခြင်း၊ တန်ဆောင်းများ၌ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်းနှင့် အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းမှုများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း တွေ့မြင်ရသည်။

ဇော်မင်းလတ်-MNA

ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် မန္တလေးမြို့နှင့်အနီးဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိ

မန္တလေး ဇူလိုင် ၉

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိဘုရား၊ စေတီ၊ ပုထိုးများအား ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ရပ်ကွက်၊ လမ်းများရှိ ဓမ္မာရုံများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

ကုသိုလ်ကောင်းမှုပြု

နံနက်ပိုင်းမှစတင်၍ မန္တလေး မြို့၏အထင်ကရဖြစ်သော မဟာ မုနိရုပ်ရှင်တော်မြတ်ကြီးသို့ ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူအပေါင်းတို့ လာရောက်ဖူးမြော် ကြည်ညိုကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်းများအပြင် ဥပုသ်သီတင်းသီလဆောက်တည်၍ တရားဘာဝနာ အားထုတ်ခြင်းနှင့် ဘာသာရေး၊ လူမှုရေးဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်တို့ကို အဖွဲ့လိုက်၊ မိသားစုလိုက်ရွတ်ဖတ်ခြင်း များဆောင်ရွက်ကြပြီး ကုသိုလ်ကောင်းမှုပြုကြသည်။ 

စည်ကားလျက်ရှိ

အလားတူ မန္တလေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် နံနက်အရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာအခါတော်နေ့ ပူဇော်ပွဲ၊ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းလောင်းလှူဒါန်းခြင်း၊ ဇီဝိတ ဒါနဘေးမဲ့လွတ်ခြင်း စသည့် ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင် ရသည်။

ထို့အတူမန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မန္တလေးမြို့ပေါ် ကျောင်းတိုက်အသီးသီး၌ ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်အရှင်သူမြတ်များအားရည်မှန်း၍ ပင့်သံဃာ ၂၇ ပါးတို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အလှူအဖြစ် ကျင်းပသည်။

ထို့ပြင် မြို့၊ ရွာ၊ ရပ်ကွက်ရှိ ဓမ္မာရုံများတွင် ဝါဆိုသင်္ကန်း၊ ဆွမ်း၊ ခဲဖွယ်ဘောစဉ်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်း ခြင်း၊ သံဃာတော်များက သီလပေးတရားတော်များနှင့် နိဗ္ဗာန် ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်ခြင်းစသည့် တရားဓမ္မသံများဖြင့်လည်း ထုံမွမ်းလျက်ရှိသည်။ 

အလားတူ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်တော်၊ ဝေရောစနကျောက် စိမ်းစေတီတော်၊ အောင်တော်မူဘုရားနှင့် အခြားဘုရား၊ စေတီတို့တွင်လည်း လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စေတနာရှင်အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်း ဒါနပြုကြသည်။ 

ထို့အတူ မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အပန်းဖြေ စခန်းများ၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား၊ တောင်သမန်မယ်ဇယ်လွင်ပြင်အပန်းဖြေစခန်း တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနား ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မောင်အေးချမ်း

ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွေသိမ်တော် တန်ခိုးကြီးဘုရားတွင် ဝါဆိုလပြည့်နေ့၌ ဘုရားဖူး ပြည်သူများစည်ကား

ကျောက်ဆည်၊ ဇူလိုင်-၉

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဝါဆိုလပြည့်နေတွင် ဘုရား၊ ကျောင်းကန်များ တွင် သီတင်းသီလဆောက်တည်သူများနှင့် စည်ကားလျက်ရှိပြီး ဆုတောင်းပြည့်မဟာရွှေသိမ်တော် တန်ခိုးကြီး ဘုရားတွင်လည်း စတုဒီသာကျွေးခြင်း၊ အချိုရည်ဝေငှ ကုသိုလ်ယူခြင်းနှင့် ရပ်နီး၊ရပ်ဝေးမှ ဘုရားဖူး ပြည်သူများ၊ အဓိဋ္ဌာန်ပြု ဆုတောင်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားကြီးအား (၃၉၅)ခုနှစ်တွင် ရှင်အရဟံရဟန်းကြီးကိုယ်တိုင် သိမ်သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် သစ္စာအဓိဋ္ဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူးများ နေ့စဉ်စည်ကားလျက်ရှိပြီး ဌာနဆိုင်ရာ ရုံးပိတ်ရက်များနှင့် အခါကြီးနေ့ကြီးများတွင် စတုဒီသာကျွေးကုသိုလ်ရှင်များ၊ ဘုရားဖူးပြည်သူများနှင့် ပိုမို စည်ကားကြောင်း မဟာ ရွှေသိမ်တော်ဆုတောင်းပြည့် ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြသည်။

ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့မြောက်ဘက် (၁) မိုင်ခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး သင်တောင်းကျေးရွာအနီးတွင်တည်ရှိကာ သွားလာရလွယ်ကူပြီး နေ့စဉ် ဘုရားဖူး ပြည်သူများနှင့် အမြဲစည်ကားလျက်ရှိကြောင်း သိရသည်။ 

ကျောက်ဆည်မြို့၌ ဝါဆိုလပြည့်နေ့ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကား

ကျောက်ဆည် ၊ ဇူလိုင်-၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလပြည့်နေ့၌ စတုဒီသာကျွေးမွေး၍ ကုသိုလ်ယူသူများ၊ ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကားလျက် ရှိရာ ယနေ့နက် (၈) နာရီခွဲက ထန်းတော်ကျေးရွာတွင် ဥပုသ်သီလ စောင့်ထိန်းသူများနှင့် စည်ကားလျက် ရှိကြောင်း သိရသည်။

ဥပုသ်သီလစောင့်ထိန်းခြင်းများနှင့်ပတ်သက်၍ ဝါတွင်းကာလ အခါကြီးရက်ကြီးများနှင့် နှစ်သစ်ကူးသင်္ကြန် ဥပုသ်ရက်များတွင် အမြဲသီလယူ ဥပုသ်စောင့်ထိန်းကြောင်း၊ ဥပုသ်သည်များအတွက် ဗုဒ္ဓဘာသာ နေ့ထူးနေ့ရက် များ၌ စတုဒီသာထမင်းများ၊ အခြားအဟာရဖြစ် ကုသိုလ်ရှင်များနှင့် စည်ကားလျက်ရှိပြီး ဥပုသ်စောင့်ထိန်းခြင်း ဖြင့် မိမိစိတ်တွင် ကြည်လင်တည်ငြိမ်မှုများ ရရှိကြောင်း ဥပုသ်သီလစောင့်ထိန်းသူ ဒေါ်နုနုက ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရား၊ ရွှေဂူကြီးဘုရား၊ ရွှေဆပ်သွားဘုရားများနှင့် အခြားသော ဘုရားကျောင်းကန်များတွင်လည်း ကုသိုလ်ယူသူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။           

သက်မောင် (ခရိုင်၊ပြန်/ဆက်)                                                  